ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

De Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... Mais

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
159.1 (Extra)
159.2 (Extra)

158 (Extra)

5.9K 1K 22
De Vanilla_IceCream61

"ရတယ်လေ။ မင်းကြိုက်တဲ့ မနက်ခင်းလက်ဖက်ရည်ဆိုင်မှာ သွားသောက်ရအောင်။"

ချင်းယွင်၏ အရှေ့တွင် ယန်လင်ဟောက်က အမြဲတမ်း ဣန္ဒြေရသည်။ ယနေ့မနက်မှ မူမမှန်သည့်လုပ်ရပ်မှာ ရုတ်တရက်အိမ်ပြန်ရောက်လာသော ကုချင်းကြောင့် လန့်သွား၍ဖြစ်လိမ့်မည်။ ထို့ကြောင့် ချင်းယွင်ထိုနေရာ၌ မရှိခဲ့သော်လည်း သံသယမဝင်ပေ။ သူယန်လင်ဟောက်၏ ပြောစကားကို မြန်မြန်လက်ခံလိုက်သည်။

ကုချင်းက ဟိုဟိုဒီဒိကြည့်နေရင်း ရုတ်တရက်မေးလာသည်။ "အစ်ကိုချန်း၊ ညီမအခန်းကဘယ်မှာလဲ။ ညီမတစ်ချက်လောက်ပြန်ကြည့်ချင်တယ်။"

ကုချန်း၏ သူမအပေါ်သဘောထားက တကယ်ပြောင်းလဲသွားသလား၊ သို့မဟုတ် စိတ်ဆိုးနေရုံပဲလားဆိုသည်ကို စောင့်ကြည့်ရန်အတွက် ကုချင်း ဤအိမ်တွင် ရက်အနည်းငယ်မျှနေချင်သည်။ သူမ ကုချန်းအား ယခင်ကကဲ့သို့ ချော့မော့လိုက်လျှင် ကုချန်းသည် သူမအား ပြန်ချစ်ခင်လာလိမ့်မည်။

မမျှော်လင့်ထားသည်မှာ သူမ၏အမေးကိုကြားပြီးနောက် ကုချင်းပြန်မဖြေရသေးစဉ်မှာပင် သူမအားဤမနက်ကလေးတင် မောင်းထုတ်ခဲ့သည့် ကောင်လေးက အေးစက်စက်ပြောလာသည်။ "ဟင့်အင်း။ မြေညီထပ်ကဧည့်ခန်းပဲ။ ဒုတိယထပ်မှာ ကျွန်တော်နဲ့ကိုကို့အတွက် အခန်းကလွဲပြီး အားလုံးကိုသေနတ်ပစ်ခန်းနဲ့ အားကစားခန်းအဖြစ်ပြောင်းလိုက်ပြီ။ တတိယထပ်က ကိုကို့ရဲ့စာကြည့်ခန်းပဲ။"

ကုချင်း၏စကားများကို ကြားသောအခါ ယန်လင်ဟောက်၏ခေါင်းကြီးထူပူသွားသည်။ ဒီမိန်းမက ဘာပြောချင်နေတာလဲ။ သူမက ဒီအိမ်မှာ နေချင်သေးတာလား။

ကုချင်း မှင်တက်နေချိန်တွင် ချင်းယွင်၏အေးစက်စက်ပြောသံကို ကြားလိုက်ရသည်။ "မင်းပြန်မလာတာ ဆယ်နှစ်လောက်ရှိပြီ။ "

ထိုသို့ပြောပြီးသည်နှင့် ချင်းယွင်ဧည့်သည်အားပြန်ပို့သည့် လက်အမူအရာမျိုး လုပ်ပြလိုက်သည်။ သူဂျက်ကတ်အား ကိုင်ထားရင်း ဘယ်ကထွက်လာမှန်းမသိသည့် ကောင်လေးအား မနက်စာလိုက်ကျွေးရဦးမည်။

သူ ကုမိသားစုအိမ်ကနေထွက်သွားပြီး ကုချန်း၏ကားက အဝေးသို့ ရောက်သွားသည်ကို တွေ့ပြီးမှ ကုချန်းတကယ်ပြောင်းလဲသွားသည်ကို ကုချင်းသဘောပေါက်သွားသည်။ သူက ယန်ယိရှန်ထက် ပိုသန်မာကာ ကိုင်တွယ်ရန်ခက်ခဲသည်။

မည်သို့ပင်ဆိုစေ မိဘမဲ့ဂေဟာရှိနေသေးသမျှ ကုချန်းနှင့် ကုတစ်မိသားစုလုံးသည် သူမ ဆိုသောကုချင်း၏ လက်ထဲမှာပင်။

ကားထဲတွင် ယန်လင်ဟောက်က ဧည့်သည်ထိုင်ခုံ၌ထိုင်ကာ ချင်းယွင်အား ဘေးတစောင်းကြည့်နေသည်။

"ဘာဖြစ်လို့လဲ။" ယနေ့မနက်တွင် ယန်လင်ဟောက်၏စိတ်ခံစားချက် မှားယွင်းနေကြောင်းကို ချင်းယွင်သတိထားမိသဖြင့် ထုတ်မေးလိုက်သည်။

"အစ်ကို သူမက ဆယ်နှစ်လောက် ပြန်မလာခဲ့ဘူးလေ။ အစ်ကိုကများ...." ယန်လင်ဟောက်က ပြောနေရင်း နှုတ်ခမ်းစေ့လိုက်သည်။ ကုချန်းကအခြားတစ်ယောက်နှင့် လက်ထပ်တော့မလားဟူသည့် ခန့်မှန်းချက်အား သူထုတ်မပြောနိုင်ပေ။

ယန်လင်ဟောက်၏စကားများကို ကြားသောအခါ ချင်းယွင်ခပ်ကျယ်ကျယ်ရယ်မောလိုက်တော့သည်။ ကုချင်းအပေါ် ဤကလေးက ထူးထူးဆန်းဆန်း ဆန့်ကျင်နေသည်ကို သူသတိထားမိခဲ့သည်။ အသက်ကိုးနှစ်အရွယ်က ချင်းယွင်၏ရုံးခန်းထဲ၌ ကုချင်း၏ဓာတ်ပုံကိုမြင်သောအခါကပင် သူမျက်နှာပျက်သွားခဲ့သည်။ ယခုဆယ့်ကိုးနှစ်အရွယ်၌ အမူအရာပျက်သွားသည်မှာလည်း လုံးဝမပြောင်းလဲသွားပေ။

ဤကလေးက မည်မျှမလုံမခြုံခံစားနေခဲ့ရသနည်း။

"အင်းပါ။ သူမနဲ့ပက်သက်တဲ့ကိစ္စတွေကို အစ်ကိုသေချာကိုင်တွယ်လိုက်ပါ့မယ်။ မင်းရဲ့အထက်တန်းတတိယနှစ်မှာ ဒီလိုအသေးအမွှားကိစ္စတွေကို ဂရုမစိုက်နဲ့။"

ချင်းယွင်၏အမြင်တွင် ကုချင်း၏ကိစ္စမှာ ဘာမှကိုမဟုတ်ချေ။ ယန်လင်ဟောက်က ဤကိစ္စများကို လုံးဝဂရုစိုက်စရာမလိုချေ။

သို့သော် ချင်းယွင်၏စကားကိုကြားချိန်တွင် ယန်လင်ဟောက် သက်တောင့်သက်သာဖြစ်သွားသည်ဟု လုံးဝမခံစားရပေ။

အဘယ့်ကြောင့်ဆိုသော် ချင်းယွင်ကသူ့ကို ကလေးကဲ့သို့ဆက်ဆံနေသေးပြီး သူကုချင်းအား ဆန့်ကျင်နေခြင်းမှာ သဝန်တိုသောကြောင့်ဟုမတွေးဘဲ စိတ်မလုံမခြုံဖြစ်နေသည်ဟုသာ ထင်နေသည်။

ထို့ကြောင့် ယန်လင်ဟောက် စိတ်ဓာတ်ကျနေသည်။ သူကားမောင်းသူနေရာမှ တစ်စုံတစ်ယောက်ကိုပင် လှဲချကာ သူကုချင်းအား ဘာကြောင့်မုန်းနေရသည်ကို ပြောပြချင်မိသည်။

ယန်လင်ဟောက်၏လက်များမှာ လက်သီးကျစ်ကျစ် ဆုပ်ထားသော်လည်း သူ့မျက်ဝန်းထဲ၌ အရှိန်ယူနေသောမုန်တိုင်းတစ်ခုပျောက်ကွယ်သွားပြီး မထင်မရှားဒေါသလေးသာ ပုန်းကွယ်နေတော့သည်။

သူ...ချင်းယွင်၏မျက်ဝန်းထဲမှ အနည်းငယ်မျှသော စက်ဆုပ်ရွံရှာမှုကိုပင် ရင်မဆိုင်ရဲပေ။

******

ကုချင်းက မိသားစုသို့တစ်ခါမျှလာပြီးသည်နှင့် ယန်လင်ဟောက် ကုချင်းအားခဏခဏထပ်တွေ့ရတော့သည်။ လွန်ခဲ့သည့်ဆယ်နှစ်အတွင်း အလုပ်များနေခဲ့ပုံပေါ်သော ရုပ်ရှင်ဧကရီကြီးက ယခုအခါအနားယူနေသည့်ပုံပေါ်သည်။ သူမက ကုချန်းအား တစ်နေ့နှစ်ခါမျှ လာမတွေ့ရလျှင်မနေနိုင်ချေ။

နယ်မြေအားကျူးကျော်ခံလိုက်ရသည့် ဝံပုလွေကြီးယန်လင်ဟောက်မှာ စိတ်တိုလာပြီး ကုချင်းအား လွှင့်ပစ်ချင်မိသည်။

သို့သော် ကျောင်းစတက်ရသည်နှင့် ယန်လင်ဟောက်က ကျောင်းတွင်သာ တစ်နေ့လုံးနေရမည်ဖြစ်ပြီး ကုချင်း ကုအိမ်သို့ရောက်လာမလား၊ ကုချန်းက သူမအပေါ်စိတ်ယိုင်သွားမလား ဆိုသည်ကို စိတ်ထဲမှသာခန့်မှန်းနိုင်တော့မည်။

ကုချင်းအပေါ် ချင်းယွင်၏သဘောထားက အမြဲတမ်းအေးစက်နေသော်လည်း ယန်လင်ဟောက်စိတ်မချနိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော် လူတိုင်းအပေါ်ချင်းယွင်၏သဘောထားက ဤအတိုင်းသာဖြစ်သည်ကို သူသိသည်။ သူက ကုချင်းအား ဆယ်နှစ်မျှပင် စောင့်ဆိုင်းနိုင်ရာ သူ၏ရင်ထဲ၌ ကုချင်း၏အနေအထားက ခြားနားသည်ဟု ဆိုလိုသည်။

အင်ဂါနေ့တွင် ချင်းယွင်က ယန်လင်ဟောက်အား ကျောင်းလိုက်ပို့သည်။

ဤသည်မှာ ယန်လင်ဟောက် အထက်တန်းကျောင်းတက်စဉ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ချင်းယွင်ကျောင်းလိုက်ပို့ခြင်းပင်။ ကျောင်းက ကုမိသားစုနှင့်နီးသဖြင့် ယန်လင်ဟောက်သည် သာမန်ဆိုလျှင် လမ်းလျှောက်သွားလေ့ရှိသည်။

သို့သော် ယနေ့က ခြားနားသည်။ အဘယ့်ကြောင့်ဆိုသော် ယန်လင်ဟောက်က ချင်းယွင်အနားမှ လုံးဝမခွာချင်ပေ။

ကျောင်းပေါက်ဝသို့ ကားရောက်သွားသည်ကို တွေ့သောအခါ ယန်လင်ဟောက်မှာ ဧည့်သည်ထိုင်ခုံတွင် ထိုင်နေပြီး ကားထဲမှထွက်ရန်ဝန်လေးနေသည်။ "အစ်ကို ကျွန်တော် ဒီနေ့ကျောင်းမတက်ချင်ဘူး။ ကျွန်တော်နားချင်တယ်။"

ကလေးဆိုး၏အမူအရာကို တွေ့သောအခါ ချင်းယွင်စကားမပြောပေ။ ကားမောင်းသူထိုင်ခုံတွင်သာထိုင်ပြီး အေးစက်စက်ဖြင့် လှည့်ကြည့်ပေးလိုက်သည်။

မကြာခင်တွင် ယန်လင်ဟောက် နှုတ်ခမ်းစေ့၊ ခေါင်းငုံ့ပြီး ကျောပိုးအိတ်ကို လေးလေးပင်ပင်သယ်ကာ ထွက်သွားသည်။ ထို့နောက်ခပ်တိုးတိုးပြောလာသည်။ "အစ်ကို၊ လမ်းမှာ ဂရုစိုက်ပါ။"

"အတွေးမလွန်နဲ့။" ချင်းယွင်က သူ့ကိုကြည့်နေသည်။ ထို့နောက် ပြတင်းပေါက်ကိုပိတ်ကာ မောင်းထွက်သွားသည်။

ယန်လင်ဟောက်က သူ့အား အမြဲတမ်းတွယ်ကပ်နေသော်လည်း နာခံတတ်ပြီး အရွယ်ရောက်သည်အထိ ဘာထကြွသောင်းကျန်းမှုမှမလုပ်ခဲ့ပေ။ ချင်းယွင်၏အမြင်၌ သူက ကလေးဆိုးပင်မဟုတ်ချေ။

သို့သော် ဤနှစ်ရက်ထဲမှာမှ သူကချင်းယွင်၏ကိစ္စကိုစိတ်ပူကာ ကျောင်းမသွားချင်ဘူးလား။

ထိုအခါမှသာ ယန်လင်ဟောက်ပေါ်၌ ကုချင်းက မည်မျှဆိုးဆိုးရွားရွားသက်ရောက်နေသည်ကို ချင်းယွင်သဘောပေါက်သွားသည်။ ဤရက်ပိုင်းအတွင်းတွင် ယန်လင်ဟောက်က အလွန်ဆတ်ဆတ်ထိမခံဖြစ်နေပြီး သူ့အား ပို၍ပင်တွယ်ကပ်ကာ တစ်နေ့လုံး သူ့အနည်းတွင်သာ နေချင်နေသည်။

မကြာမီတွင် ယန်လင်ဟောက်က ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရတော့မည်။ ချင်းယွင်ထိုအကြောင်းတွေးမိသောအခါ ကုချင်း၏ကိစ္စအားမြန်မြန်အပြီးသတ်ရန် ဆုံးဖြတ်လိုက်သည်။

ယခင်အစီအစဉ်အရ သူကုချင်းဘက်မှ ကိုယ်တိုင်လာအဆက်ဖြတ်ရန် တွန်းအားပေးချင်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ ဤကိစ္စအတွက်နှင့် သူ့မိသားစုဝင် စိတ်ငြိုငြင်၍မဖြစ်ပေ။

ကားထဲတွင် ချင်းယွင် ကုချင်းအားဆက်သွယ်လိုက်သည်။

ချင်းယွင်ထံမှ ပထမဆုံးအကြိမ်အဖြစ် ဖုန်းလက်ခံရခြင်းဖြစ်ရာ ကုချင်းအံ့ဩကျေနပ်သွားသည်။ သူမ၏ယခင်ရက်ပိုင်းအတွင်း အပြုအမူက ကုချန်းအား နူးညံ့သွားစေသည်ဟု ကုချင်းထင်နေချိန်တွင် ဖုန်း၏အခြားတစ်ဖက်မှလူက အလေးမထားသည့်လေသံဖြင့် ပြောလာသည်။ " ငါတို့စေ့စပ်ထားတာကို ဖျက်သိမ်းမယ်။"

ဤသည်မှာ ကြေငြာချက်စကားဖြစ်ပြီး ကုချင်းအား ငြင်းဆန်ခွင့်မပေးပေ။

"အစ်ကိုချန်း ဘာတွေပြောနေတာလဲ။" ကုချင်းမှာ နေရာတွင်သာ ကြက်သေသေနေမိသည်။ ယခင်ရက်ပိုင်းအတွင်းတွင် သူမအလုပ်ကြိုးစားခဲ့ပြီး ယန်ယိရှန်ပင် အအေးတောထဲ အပစ်ခံထားရသည်။ နောက်ဆုံးမှာ ကုချန်းက 'စေ့စပ်ထားတာဖျက်သိမ်းမယ်' ဆိုတဲ့ စကားတစ်ခွန်းပဲပြောလာတာလား။

ကုချင်းပြင်ပရောက်နေသော နှစ်တိုင်းတွင် စေ့စပ်မှုကို ဖျက်သိမ်းချင်ခဲ့သော်လည်း အားလုံးမှာ ကုချင်း၏စီစဉ်မှုအောက်မှာပင်။ သူမတောင်းဆိုပါက ကုချန်းသည် သူမနှင့်ဆက်ပက်သက်နိုင်ရန်အတွက် နာခံစွာလိုက်လာလိမ့်မည်။ ဤသည်မှာ ကုချင်းလိုချင်သောရလဒ်ပင်။

ဆန့်ကျင်ဘက်အနေဖြင့် ယခုအခါတွင် ဖုန်း၏အခြားတစ်ဖက်မှယောက်ျားက စောဒကမတက်နိုင်သောစကားမျိုးကို အလေးမထားဟန်ဖြင့် ဆိုလာသည်။

ထို့အပြင် ကုမိသားစုသို့ပြန်လာကာ ကုချန်းအားကိုယ်တိုင်မြင်တွေ့ပြီးနောက် ကုချင်းနှလုံးသားထဲမှ မျှခြေမှာ မတည်မငြိမ်ဖြစ်လာသည်။ ကုချန်းသာ သူမအပေါ်ကြင်နာမည်ဆိုပါက...

"အစ်ကိုချန်းက ဘာလို့ဒီလိုပြောတာလဲ။ ဆယ်နှစ်လောက်ကြာသွားပေမဲ့ ညီမအခုပြန်လာပြီလေ။ အစ်ကို..."

ချင်းယွင်က ယန်လင်ဟောက် ကျောင်းထဲသို့ တကယ်ဝင်သွားသလားဆိုသည်ကို သေချာစေရန် နောက်ကြည့်မှန်မှတစ်ဆင့်ကြည့်လိုက်သည်။ ထို့နောက် သူကပြောလိုက်သည်။ "လင်ဟောက်က ဒီတစ်လောမှာ ကောလိပ်စာမေးပွဲဝင်ခွင့်​ဖြေဖို့ ပြင်ဆင်နေတာ။ မင်းက သူ့အတွက် အနှောင့်အယှက်ဖြစ်နေတယ်။"

အဲ့ဒိ အယုတ်တမာလေးကြောင့်ပဲလား။ ကုချင်းမှာ အသက်ရှူပင်ကျပ်လာသကဲ့သို့ ခံစားရသည်။ သူမက ရုပ်ရည်လှပပြီး အသက်မွေးလမ်းကြောင်းမှာလည်း အောင်မြင်သူ ရုပ်ရှင်ဧကရီဖြစ်သည်။ ကုချန်း၏ နှလုံးသားထဲ၌ သူမက ရိုင်းစိုင်းကာဒေါသကြီးသည့်ကောင်လေးတစ်ယောက်နှင့်ပင် မယှဉ်နိုင်ဘူးလား။

သိပ်ကောင်းတယ်။ ကုချန်းက သူမကို ဤသို့စွန့်ပစ်နိုင်မှတော့ သူမ ကုမိသားစုကို သိက္ခာချသည့်အတွက် လာအပြစ်မတင်နှင့်။

"မင်းနဲ့ ယန်ယိရှန်တို့ရဲ့ လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက ပက်သက်မှုကိုလည်း ငါသိထားတယ်။"

အခြားတစ်ဖက်မှ စကားများက ဒေါသထွက်နေသော ကုချင်းအား အအေးခန်းထဲသို့ ချက်ချင်းပို့လိုက်သည်။

ကုချန်း သိနေတာလား။ လွန်ခဲ့သည့် ဆယ်နှစ်အကြာကတည်းက သိနေတာလား။ သူ့လက်ထဲ၌ သူမကိုကိုင်တွယ်ရန် သက်သေမည်မျှပင်ရှိနေမည်နည်း။

ဤနှစ်များတွင် သူမအပေါ် ကုချန်း၏သဘောထား များစွာပြောင်းလဲသွားသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ ကုချန်းက မည်သို့ဤမျှသည်းခံနိုင်ခဲ့သနည်း။ သူဘာလုပ်ရန် စီစဉ်နေသနည်း။ သူမ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းအား လုံးဝဖျက်ဆီးမလို့လား။

ဟင့်အင်း။ ကုချင်း ထိုသို့ဖြစ်ခွင့်ပြုမည်မဟုတ်ပေ။

"အစ်ကိုချန်း၊ ညီမပြောတာကိုနားထောင်ပါဦး။ ယန်ယီရှန်နဲ့ ညီမတို့က ဒီအတိုင်း..."

ကုချင်းပြော၍မဆုံးသေးခင်မှာပင် တစ်ဖက်က ဖုန်းချသွားသည်။

ကုချန်း၏ နှလုံးသားထဲ၌ ကြောက်စိတ်ပေါ်လာသည်။ ယန်ယိရှန်နှင့်သူမတို့တွဲနေသည့်သက်သေကိုသာ ကုချန်းထုတ်ပြလိုက်လျှင် ပရိသတ်၏အမြင်၌ ကုမိသားစုထံမှ မွေးစားခံရပြီး  'ဘဝမမေ့သူ' ဟု ပရိသတ်များထံမှ ချီးကျူးခံရသည့် သူမသည် မည်မျှပင်လှောင်ပြောင်ခံရမည်နည်း။

မကြာခင်တွင် သူမက ကုမိသားစု၏ချွေးမလောင်းဟူသည့် နာမည်ရှိနေစဉ်၌ ယန်ယိရှန်နှင့် သွားပက်သက်သော မိန်းမပျက်ဖြစ်လာလိမ့်မည်။

ကုချင်း ဆယ်နှစ်ကျော်မျှ ဂရုတစိုက်စီမံလာသော ဂုဏ်သတင်းမှာ ပျက်စီးသွားလောက်သည်။

ကုချင်း လက်ထဲမှဖုန်းအား ရိုက်ခွဲမိတော့မလိုပင်။ မဖြစ်ပေ။ ကုချန်းအား ထိိုသို့လုပ်ခွင့် မပေးနိုင်ပေ။ ထို့ကြောင့် သူမဖုန်းတစ်ချက်ဆက်လိုက်သည်။ "ဟေး၊ နင့်ကို သွားစစ်ခိုင်းတဲ့ မိဘမဲ့ဂေဟာအကြောင်း မှတ်မိလား။ သတင်းတိုက်ကြီးတွေကို ဆက်သွယ်ပြီး သတင်းလွှင့်လိုက်။...ငါ့ကို ထိခိုက်မှာလား။ ရတယ်၊ ငါကအကောင်းဆုံးမျက်မြင်သက်သေပဲ။ လတ်တလောငါ့အကြောင်းသတင်းတွေကိုလည်း အာရုံစိုက်ပေး။ ဝယ်လို့ရသမျှ သတင်းတိုင်းကိုဝယ်လိုက်။"

ဖုန်းချပြီးနောက် ကုချင်းစိတ်တည်ငြိမ်သွားသည်။

သူမ၏အပြစ်ကို ကုချန်းမှမဖော်ထုတ်ခင်တွင် ကုမိသားစုမှ မွေးစားခံရသည့် သူမအားလူထုမှသနားလာစေရန် ကုမိသားစု၏ဂုဏ်သတင်းကို အလွန်ဆိုးရွားသည်အထိဆွဲချရမည်။ တစ်ချိန်ထဲမှာပင် ကုချန်း၏ စကားများက အဓိပ္ပါယ် မရှိဟု သူမတွေးမိသည်။

******

အခြားတစ်ဖက်တွင် ယန်လင်ဟောက်က ချင်းယွင်ထင်သကဲသို့ ကျောင်းထဲနာခံစွာမဝင်သွားပေ။

ကျောင်းဘေးမှ လမ်းကြားထဲတွင် သူက လျှာထိုးဦးထုပ်ဝတ်ထားသော ယောက်ျားတစ်ယောက်၏လည်ပင်းကိုညှစ်ကာ ၎င်း၏လက်ထဲမှကင်မရာအား လက်တစ်ဖက်တည်းဖြင့် လုယူလိုက်သည်။

ဤလူက လွန်ခဲ့သည့်နှစ်ရက်အတောအတွင်းတွင် ချင်းယွင်၏အနောက်သို့လိုက်နေသဖြင့် သူက၎င်းကိုဖမ်းရန် အမြဲတမ်းချောင်းနေခဲ့သည်။

"ကယ်ကြပါဦး၊ ကယ်ကြပါဦး။" ထိုယောက်ျားက ရုန်းနေပြီး အကူအညီတောင်းရန် ကြိုးစားသော်လည်း မသဲမကွဲလေသံသာထွက်နိုင်သည်။

သူက အရပ်ရှည်ရှည်ဖြင့်လူငယ်လေးအား ကြည့်မိသည်။ ဤလူငယ်က လက်တစ်ဖက်ဖြင့် သူ့လည်ပင်းကိုညှစ်ကာ ပင့်မထားပြီး အခြားလက်တစ်ဖက်က သူ့ကင်မရာထဲမှ ဓာတ်ပုံများအား စစ်ဆေးနေသည်။

ချင်းယွင်အား အန္တရာယ်ဖြစ်စေမည့် ဘာဓာတ်ပုံမှမတွေ့သောအခါမှ ယန်လင်ဟောက် လှည့်မေးလိုက်သည်။ "မင်းကို ဘယ်သူခိုင်းလိုက်တာလဲ။"

လွန်ခဲ့သည့်နှစ်အနည်းငယ်ကလည်း သူချင်းယွင်အား နောက်ယောင်ခံလိုက်သည့်လူများစွာကို ဖမ်းမိခဲ့သည်။ လာစုံစမ်းသူပင်ဖြစ်စေ၊ အပျော်တမ်း ဓာတ်ပုံရိုက်သူကိုပင်ဖြစ်စေ ဓာတ်ပုံအားလုံးကို ဖျက်ရန် သူခြိမ်းခြောက်ခဲ့သည်။ ချင်းယွင်က စီးပွားရေးလောက၌ ရန်သူများစွာရှိပြီး သူ့အားစွဲလမ်းနေသောမိန်းမများကလည်း အသည်းအသန်လိုက်နေရာ ယန်လင်ဟောက် မေးပင်မမေးခဲ့ပေ။

သို့သော် ယခုတစ်ကြိမ်တွင် ယန်လင်သောက်က အချို့သောအကြောင်းပြချက်များကြောင့် မေးလိုက်သည်။

ထိုလူက ပါးစပ်ပိတ်နေပြီး ဖြေရန်ငြင်းဆန်နေသည်။

ဤသည်ကိုတွေ့သောအခါ ယန်လင်ဟောက် အကြင်နာမဲ့စွာပြုံးကာ လမ်းထောင့်အားညွှန်ပြလိုက်သည်။  " ငါ့ကိုမပြောရင် ငါမင်းကို သူတို့ပျော်ဖို့ ပစ်ပေးလိုက်မယ်။ ဟုတ်ပြီလား။"

လမ်းထောင့်တွင် ရက်စက်သောအကြည့်များဖြင့် လူအနည်းငယ် ထိုင်နေသည်။ သူတို့ကလူကောင်းမဟုတ်သည်ကို တစ်ချက်ကြည့်ရုံနှင့်ပင် မြင်နိုင်သည်။ ခေါင်းငုံ့လိုက်၊ ခေါင်းမော့လိုက်ဖြစ်နေသူက ဘာဆိုလိုသည်ကို ချက်ချင်းသိကာ တုန်ယင်လာပြီး အမှန်ကိုထုတ်ပြောလာသည်။ "ငါပြောမယ်၊ ငါပြောပါ့မယ်။ ငါ့ကို ကုချင်းရဲ့ကိုယ်စားလှယ်က လွှတ်လိုက်တာ။ ဒီကိုအခုတလောကမှ ပြန်လာတဲ့မင်းသမီးလေ။ သူက ကုချန်းနဲ့ အခြားအမျိုးသမီးတွေ ရင်းရင်းနှီးနှီးနေတဲ့ပုံမျိုးရိုက်ပြီး ပို့လာခိုင်းတာ။"

ကုချင်းလား။ ယန်လင်ဟောက် မျက်မှောင်ကြုတ်လိုက်သည်။

သူ ကင်မရာထဲမှ ဓာတ်ပုံများအား ထပ်စစ်ကြည့်သောအခါ နောက်ဆုံးနားတွင် ကုချင်းနှင့်အမျိုးသားတစ်ယာက်၏ နီးနီးကပ်ကပ်ဓာတ်ပုံအားတွေ့လိုက်သည်။ ထိုယောက်ျား၏မျက်နှာအား မမြင်ရသည်မှာကြာပြီဖြစ်သော်လည်း ယန်လင်ဟောက် ၎င်းကိုတစ်ချက်ကြည့်ရုံနှင့်ပင် မှတ်မိသေးသည်။

သူက ယခုအခါ ယန်မိသားစု၏ လက်ရှိတာဝန်ရှိသူ၊ သူ့ဒုတိယဦးလေး၏သားယန်ယိရှန်ပင်။

"ဒီဓာတ်ပုံထဲကကော ဒီကိစ္စနဲ့ ဘာဆိုင်လဲ။" ယန်လင်ဟောက် မေးလိုက်သော်လည်း သူ့ရင်ထဲ၌ ကုချင်းအား ဒေါသထပ်ထွက်လာသည်။

ဤဓာတ်ပုံအရ ကုချင်းနှင့် ယန်ယိရှန်တို့မှာ ချစ်သူများဖြစ်မှန်း သိသာသည်။ ထိုမိန်းမက ကုချန်းနှင့်စေ့စပ်ထားသော်လည်း အခြားယောက်ျားများနှင့် ပွေရှုပ်နေသည်လား။

ထိုသို့သာဆိုလျှင် ဤမိန်းမသည် ကုချန်းနှင့် ဝေးနိုင်သမျှဝေးဝေးနေရန် ယန်လင်ဟောက်မျှော်လင့်သည်။ ပြန်လာပြီးနောက် ကုချင်းက ကုချန်းနှင့်စေ့စပ်ထားသူဟူသည့် နာမည်အားဘာကြောင့်ပြောရဲသေးသနည်း။

"ငါ ဒါကိုမတော်တဆ ရိုက်မိသွားလို့ ပိုက်ဆံနည်းနည်းရအောင် ရောင်းချင်ခဲ့တာ။ ဒါပေမဲ့ ငါကုချင်းရဲ့အရိပ်အောက်ကနေ မလွတ်နိုင်ဘူး။" ဤကောင်လေးမှာ ကုချင်းဘက်ကလား၊ ကုချန်းဘက်ကလားဆိုသည်ကို သူ မသိသဖြင့် ဤသို့သာပြောလိုက်သည်။ သူက ကတိပေးထားရာ နှစ်ဖက်စလုံးအား မလွန်ဆန်ရဲပေ။

"ငါ့ဆီ ဒီတစ်ပုံပေးပြီး ကျန်တဲ့ ကုချန်းနဲ့ဆိုင်တာတွေကို ဖျက်လိုက်၊ အရန်ဖိုင်တွေကိုရောပဲ။" ယန်လင်ဟောက် တည်ငြိမ်စွာခိုင်းလိုက်သည်။

ထိုယောက်ျားမှာ ပုံအားလုံးကို နာကျင်စွာ ဖျက်လိုက်ရသည်။ သူ့အားခြိမ်းခြောက်သောကောင်လေးက အထက်တန်းကျောင်းသားသာဖြစ်သော်လည်း ၎င်း၏မျက်ဝန်းများနှင့် အကြည့်ဆုံတိုင်းတွင် သူ့ရင်ထဲအေးစက်သွားပြီး ခိုးကြောင်ခိုးဝှက်မလုပ်ရဲတော့ပေ။

ကုချင်းအားကိုင်တွယ်စရာရပြီးနောက် ယန်လင်ဟောက် စိတ်အခြေအနေကောင်းသွားကာ ကျောင်းထဲဝင်သွားသည်။

ယနေ့တွင် ချင်းယွင်က သူ့ကို ကိုယ်တိုင်ကျောင်းလိုက်ပို့ပေးခဲ့သည်။ သူသာ ကျောင်းပြေးသွားပါက အစ်ကို တကယ်ဒေါသထွက်သွားလိမ့်မည်။

ယန်လင်ဟောက်က ချင်းယွင်ဒေါသထွက်မည်ကို အလိုမရှိပေ။ တစ်ခါတစ်ရံတွင် အလုပ်ကိစ္စကြောင့် အစ်ကိုမျက်မှောင်ကြုတ်လျှင်ပင် သူသောကဖြစ်မိသည်။ ထို့အတူပင် သူ့အစ်ကို ဝမ်းမနည်းဘဲ ကုချင်းအကြောင်းသိသွားရန် သူနည်းလမ်းတစ်ခုရှာရမည်။

ယန်လင်ဟောက် လက်ထဲမှဓာတ်ပုံအား ကြည့်နေရင်း ရုတ်တရက်ရပ်လိုက်သည်။

အစ်ကိုက... ကုချင်းနဲ့ ယန်ယိရှန်တို့ရဲ့အကြောင်းကို တကယ်မသိလောက်ပါဘူးနော်။

ယန်လင်ဟောက်၏အမြင်တွင် ချင်းယွင်က အရာအားလုံးကိုသိနေသည်။ အဘယ့်ကြောင့်ဆိုသော် ချင်းယွင်က ဘေးပတ်ဝန်းကျင်ရှိလူအားလုံးကို လုံးဝထိန်းချုပ်ထားသည်။ သူမသိသည့်တစ်ခုတည်းသောအရာသည်ကား ယန်လင်ဟောက်၏ခံစားချက်များပင် ဖြစ်လောက်သည်။

ဤသို့တွေးမိသောအခါ ယန်လင်ဟောက်၏ခြေလှမ်းများနှေးသွားပြီး လက်ထဲမှဓာတ်ပုံအားကြည့်ကာ မျက်လုံးများစူးရှလာသည်။

အစ်ကိုက ကုချင်းအကြောင်း သိပြီးသားဆိုလျှင် သူမအားဘာကြောင့်ဆယ်နှစ်မျှ စောင့်ဆိုင်းနေခဲ့သနည်း။

ဤအတွေးက ယန်လင်ဟောက်အား အနည်းငယ်မူးဝေသွားစေသည်။ သူက ချင်းယွင်၏မာနနှင့် လုပ်နိုင်စွမ်းအကြောင်း သိသည်။ စုံထောက်ငယ်လေးကပင် ဓာတ်ပုံတစ်ပုံရိုက်လာနိုင်ရာ ချင်းယွင်၏လက်ထဲ၌ ဓာတ်ပုံရာချီမျှရှိလောက်သည်။

သို့ရာတွင် ချင်းယွင်က ကုချင်းကို လွှတ်ပေးထားပြီး စာကြည့်ခန်းထဲ၌ လက်ထပ်ပွဲကိစ္စကိုပင် ဆွေးနွေးလိုက်သေးသည်။

ကုချင်းအတွက်လား။ ဒီဟာတွေအကုန် အမှန်တွေပဲလား။

ယန်လင်ဟောက်၏မျက်ဝန်းထဲ၌ နိုင်လိုမင်းထက်ဆန်မှုနှင့် အကြောက်တရားတို့ ရောသွားကာ အဆုံးစွန် စိတ်ဓာတ်ကျနာကျင်စေသည်။ သူက စာသင်ခန်းထဲသို့ တစ်လှမ်းချင်းဝင်လာပြီး သူ၏မှောင်မိုက်နေသောမျက်နှာသည် သူ့ဒေါသကိုသိပြီးသား အတန်းဖော်များအား ငြိမ်ကျသွားစေသည်။

ယန်လင်ဟောက်ထံမှ အရိုက်ခံရဖူးသော ကျန်းမျိုးရိုး ကျန်းယွင်သည် သူ၏ခုံနှင့်အဝေးဆုံး ထောင့်တစ်နေရာမှနေ၍ ခိုးကြည့်နေသည်ကို ယန်လင်ဟောက်မသိပေ။

သူက ယန်လင်ဟောက်အားကြည့်လိုက်သည်။ ထို့နောက်သူ့ဖုန်းထဲမှ ဓာတ်ပုံဟောင်းတစ်ပုံအားငုံကြည့်ကာ နှိုင်းယှဉ်လိုက်သည်။

တူသည်။ တူလွန်းသည်။

သူတို့အတန်းထဲမှ ကုလင်ဟောက်သည် သူ့အဒေါ်တို့ ယန်မိသားစု၏ယခင်ခေါင်းဆောင်နှင့် အတိအကျတူနေသည်။

ယန်လင်ဟောက်က အတွေးတောထဲ နစ်မျောနေသည်ကို တွေ့သောအခါ ကျန်းယွင်ခေတ္တမျှတွေးပြီးနောက် စာသင်ခန်းထဲမှ သတိထား၍ထွက်ကာ သန့်စင်ခန်းသို့သွားပြီး ယန်မိသားစု၏လက်ရှိပိုင်ရှင်ယန်ယိရှန်အား ဖုန်းဆက်လိုက်သည်။

"ဟေး၊ ဝမ်ကွဲအစ်ကို။ အရင်နှစ်ရက်တုန်းက ကျွန်တော်ပြောခဲ့တာကို မှတ်မိသေးလား။ ကျွန်တော့်အတန်းထဲမှာ ဦးလေးရဲ့အစ်ကိုနဲ့ တအားတူတဲ့ အတန်းသားတစ်ယာက်ရှိတဲ့အကြောင်းလေ။ အဲ့ဒါတကယ်ပဲ။ သူတို့က အတိအကျကိုတူနေတာ။"

"သူ့နာမည်က ဘယ်သူလဲ ဟုတ်လား။ သူကမိဘမဲ့လေ။ သူ့မျိုးရိုးနာမည်က ကု၊ ကုလင်ဟောက်။ သူက ကုမိသားစုနဲ့ နည်းနည်းပက်သက်တဲ့ပုံပဲ။"

"ဟုတ်တယ်။ ကုချန်းးရဲ့ ကုမိသားစု။"

Continue lendo

Você também vai gostar

74.5K 9.1K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
449K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
3.6M 362K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
65K 4.8K 141
I do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင...