ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

Oleh Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... Lebih Banyak

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

157 (Extra)

5.8K 1K 107
Oleh Vanilla_IceCream61

"ကုချန်းက သတင်းကင်းရှင်းပါတယ်။ ဥက္ကဋ္ဌဟောင်းကုကလည်း လတ်တလောကလေးတင် ကွယ်လွန်သွားပါတယ်။" ကိုယ်စားလှယ်ကထိုသို့ပြောလိုက်သော်လည်း လတ်တလောတွင် ကုချင်းက ယန်ယိရှန်နှင့်အလွန်အနီးကပ် ပက်သက်နေသော်ငြား ကုချန်းတွင်အခြားအမျိုးသမီးရှိနေသလားဟု ဘာကြောင့်မေးခိုင်းသနည်းဟု တွေးနေသည်။ သူမက လုံးဝကို မှန်ကန်သည့်ပုံဖြင့် ယုံကြည်မှုလည်းရှိနေသေးသည်။

ကိုယ်စားလှယ်၏စကားကို ကုချင်းမယုံနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုအခါ သူမအပေါ် ကုချန်း၏သဘောထားက ပြောင်းပြန်ဖြစ်နေသည်။

ယခင်က ကုချန်းမှ သူမကို အရင်ဖုန်းစဆက်ပြီး သူမက စိတ်မရှည်စွာဖုန်းချတတ်သော်လည်း ယခုအခါ ကုချန်းက သူမ၏ဖုန်းကို ဘာကြောင့် အရင်ချလိုက်သနည်း။

သူမဤသို့မေးခွန်းထုတ်နေချိန်တွင် ကုချင်း၏နှလုံးသားထဲ၌ ကုချန်းအား တကယ်အရာမသွင်းပေ။ ကုချန်းက ကုမိသားစုရှိ သူမ၏အနေအထားမြဲမြံစေမည့် ကိရိယာတစ်ခုသာဖြစ်သည်။ ဤကိရိယာက ရုတ်တရက် မနာခံတော့ရာ သူမသံသယဝင်လာမိသည်။

ယခုအခါ ကုဖေဖေကွယ်လွန်သွားပြီးနောက် ကုချင်းမိသားစုရှိရာသို့ ပြန်မသွားသော်လည်း ကုဖေဖေ၏အမွေများအား လိုချင်နေဆဲပင်။သို့သော် ထိုအကြောင်းတွေးမိသောအခါတွင်မူ သူမကုမိသားစုထဲသို့ မင်ဂလာဆောင်၍ ဝင်လာပြီးမှ ကုဖေဖေက သူမအား အမွေပေးမလားဟု စိုးရိမ်နေသည်။ ယခုအခါ ယန်ယိရှန်အား ချစ်နေမိသော ကုချင်းက မည်သို့သဘောတူနိုင်မည်နည်း။ ထို့ကြောင့် စတင်ရန်အကောင်းဆုံးနည်းလမ်းမှာ ကုချန်းဖြစ်သော်လည်း ကုချန်း၏လုပ်ဆောင်မှုမှာ သံသယဝင်စရာပင်။

"ဘာပဲဖြစ်ဖြစ် အစ်မ ကုချန်းနောက်ကို လူတစ်ယောက်လွှတ်ထားပေး။ သူနဲ့ အခြားမိန်းကလေးတစ်ယောက်နဲ့ အတူရှိနေတဲ့ ပုံရရင် ဝယ်လိုက်။" ကုချင်း မှာလိုက်သည်။ သူမ ကုချန်းအား လုံးဝဆုပ်ကိုင်ထားနိုင်ရမည်။ သူမ မပြန်ခင်တွင် ယန်ယိရှန်၏နှလုံးသားကို အပြည့်အဝဖမ်းဆုပ်ရမည်။ ထို့နောက် ကုမိသားစုအား အပေါ်စီးမှဆက်ဆံနိုင်ရမည်။

*****

ဆယ်နှစ်ကြာပြီးနောက်...

ကုမိသားစုရုံးအဆောက်အဦးအတွင်းတွင် ယန်ယိရှန်က မီးခိုးရောင်အနောက်တိုင်းဝတ်စုံနှင့် ယောက်ျားတစ်ယောက်အား လက်ဆွဲနှုတ်ဆက်နေသည်။ "မစ္စတာကု၊ ကျေနပ်ဖွယ်ရာ ဖက်စပ်လုပ်ငန်းပါပဲ။"

"ကျေနပ်ဖွယ်ရာ ဖက်စပ်လုပ်ငန်းပါ။" ချင်းယွင်က ခေါင်းညှိတ်ပြလိုက်ပြီး ဧည့်သည်အား ဗြုန်းစားကြီးပြန်ခိုင်းလိုက်သည်။

ယန်ယိရှန်မှာ ပြုံးနေရသော်လည်း နောက်လှည့်လိုက်သည်နှင့် မျက်လုံးများမီးဟုန်းဟုန်းတောက်သွားသည်။ သူက ကုကုမ္ပဏီအဆောက်အဦးထဲမှ ထွက်လာကာ ကားထဲရောက်သည်အထိ သည်းခံနေပြီးမှ ကားတံခါးအား ကျယ်လောင်စွာဆွဲပိတ်လိုက်သည်။

ယခုအခါ ယန်မိသားစု၏အမွေစားအမွေခံဖြစ်သည့်သူက ကုချန်းနှင့် စာချုပ်ချုပ်ရန် မြို့တော်မှပင်လာရသည်။ ယခင်က မထင်မရှားကုမိသားစုလေးမှာ ဆယ်နှစ်အတွင်းတွင် ယန်မိသားစုထက် သာလွန်သွားပြီး တိုင်းပြည်အတွင်း၌ဦးဆောင်နေသည်။

ဤအချက်ကို ယန်ယိရှန်လုံးဝလက်မခံနိုင်ပေ။ အထူးသဖြင့် ထိုပုဂ္ဂိုလ်က ကုချင်းနှင့်စေ့စပ်ထားသူဖြစ်နေသည်။

သို့သော် ကုချန်းနှင့် ကုချင်းတို့ကြားမှ ပက်သက်မှုအကြောင်း တွေးမိသောအခါ ယန်ယိရှန်ထူးထူးဆန်းဂုဏ်ယူမိသည်။ ကုချန်းအား မာနကြီးခွင့် ပြုထားလိုက်မည်။ သူနှင့်စေ့စပ်ထားသူက ယန်ယိရှန်၏ရင်ခွင်ထဲမှာပင် မဟုတ်လား။

ရုံးခန်းအတွင်းတွင် ချင်းယွင်က ယန်ယိရှန်ထင်သကဲ့သို့ အေးအေးဆေးဆေး မနေရပေ။ သူကပစ္စည်းများကို အမြန်သိမ်းကာ အတွင်းရေးမှူးအား ပြောလိုက်သည်။ "ဒီနေ့ ငါရုံးစောစောဆင်းမယ်။ အရေးကြီးကိစ္စရှိရင် ဖုန်းဆက်လိုက်။"

"ဟုတ်ကဲ့ပါ။ မစ္စတာကု။" အတွင်းရေးမှူးက ငေးကြည့်နေသည်။ ချင်းယွင်၏ အသွင်းအပြင်ကိုကြည့်ကာ သူအံ့ဩသွားသည်။ အဘယ့်ကြောင့်ဆိုသော် မစ္စတာကုက အမြဲတမ်းအချိန်မှန်ပြီး အလုပ်စွဲလမ်းသူတစ်ယောက်နှင့်ပင်တူသည်။ ယနေ့ကဲ့သို့ အလုပ်စောစောဆင်းသည်မှာ အလွန်ရှားပါးသည်။

သို့သော် မစ္စတာကု၏အချိန်စာရင်းအကြောင်း တွေးမိသောအခါ အတွင်းရေးမှူး၏မျက်လုံးများ လင်းလက်သွားသည်။ ယနေ့သည် သခင်လေးလင်ဟောက်၏ အားလပ်ရက်ဖြစ်ရာ မစ္စတာကု စောစောပြန်သွားခြင်းအား အံ့ဩစရာမလိုတော့ပေ။

ယန်လင်ဟောက်က အထက်တန်းကျောင်းတက်နေရစဉ်ကတည်းကပင် ကျောင်းအိပ်ကျောင်းစားလျှောက်ခဲ့ပြီး တစ်ပတ်တစ်ကြိမ်သာ အိမ်ပြန်လာသည်။

တကယ်တမ်းတွင် ချင်းယွင်က ယန်လင်ဟောက် အားလပ်ရက်ရသော အချက်တစ်ချက်တည်းကြောင့် စိုးရိမ်နေခြင်းမဟုတ်ပေ။ အကြောင်းရင်းမူကား ယနေ့သည် ယန်လင်ဟောက်၏ အသက်ဆယ့်ကိုးနှစ်ပြည့်မွေးနေ့ဖြစ်ပြီး စားဖိုမှူးက ခွင့်ယူသွားကာ အိမ်ထိန်းသည်လည်း လွန်ခဲ့သောနှစ်နှစ်ကတည်းကပင် အနားယူသွားသဖြင့် ယနေ့ ယန်လင်ဟောက်၏မွေးနေ့ကို ချင်းယွင်တစ်ဦးတည်း စီစဉ်ရမည်ဖြစ်သည်။

ချင်းယွင် ချက်ပြုတ်နိုင်သလား။ ရိုးရိုးသားသား ပြောရလျှင် ချင်းယွင် ထိုကိစ္စနှင့်ပက်သက်၍ မစမ်းသပ်ဖူးပေ။ သို့သော် ဤကမ္ဘာတွင် ကလေးတစ်ယောက်ကိုပင် ပြုစုပျိုးထောင်ခဲ့ရာ တစ်ကြိမ်မျှ စမ်းသပ်ကြည့်လျှင်လည်း အဆင်ပြေသည်။

မကြာခင်တွင် ချင်းယွင်သည် ကုမိသားစုအိမ်သို့ ပြန်ရောက်ကာ မီးဖိုချောင်၌ အလုပ်လုပ်ရန်ဝင်သွားသည်။ သူက အလွန်အသန့်ကြိုက်တတ်ပြီး ထိန်းချုပ်နိုင်စွမ်းမှာလည်း ကောင်းမွန်ကာ မီးဖိုချောင်သို့စဝင်ခါစ တစ်ယောက်ကဲ့သို့ အလုပ်မရှုပ်ပေ။

ချင်းယွင်၏ အမြင်တွင် သူကအရာအားလုံးကို ချောချောမွေ့မွေ့ လုပ်ဆောင်နေခြင်းပင်။

ယခုအခါ ချင်းယွင်မှာ မီးဖိုချောင်ထဲ၌ ကိတ်မုန့်ဖုတ်နေသော်လည်း စူးရှရှမျက်ဝန်းများနှင့် လူငယ်လေးတစ်ယောက်က ကုမိသားစုအိမ်တံခါးကိုဖွင့်ကာ ဝင်လာသည်။

ထိုကောင်လေးသည် ဆယ်နှစ်အရွယ်ပုံပန်းသွင်ပြင်နှင့်မတူတော့ပေ။ သူက ကျောင်းယူနီဖောင်းကို လက်ထဲ၌ ပေါ့ပေါ့ပါးပါး သယ်လာပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတွင် စွပ်ကျယ်တစ်ထည်သာဝတ်ထားရာ ခန္ဓာကိုယ်၌ဖောင်းထွက်နေသောကြွက်သားများမှာ ရှင်းရှင်းလင်းလင်း ပေါ်လွင်နေသည်။

သူက စိုစွတ်နေသော ဆံပင်များအား ခါရင်း ဧည့်ခန်းထဲသို့ အနည်းငယ်တက်ကြွစွာ ဝင်လာသည်။

ယခုလေးတင် ယန်လင်ဟောက် ဘတ်စကတ်ဘော ကစားလာခြင်းပင်။ သူက ချင်းယွင်၏အသန့်ကြိုက်ပုံကို သိထားရာ ပြန်မလာခင် ရေချိုးခဲ့သည်။

သို့သော် သူအစောကြီးပြန်လာမိပုံပင်။ ကုချန်းက အလုပ်မဆင်းသေးဘူးမဟုတ်လား။

အသံနောက်လိုက်ရင်း သူမီးဖိုချောင်ထဲသို့ဝင်လာသောအခါ ထိုအထဲမှ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ယခုနှစ်များတွင် ယန်လင်ဟောက် အတော်တည်ငြိမ်လာသော်လည်း ယခုမျက်တောင်နှစ်ချက်ခတ်မိသည်။

မီးဖိုချောင်ထဲမှ လူမှာအလွန်သပ်ရပ်သည်။ ၎င်းက အေပရွန်တစ်ခုဝတ်ထားပြီး ခါးကုန်းကာ ဂရုတစိုက်ကိတ်အလှအဆင်နေသော်လည်း ဘာမီးခိုးနံ့မှ မစွဲနေပေ။ ထိုအစားသူက ကိုယ့်အလုပ်ကိုသာ ဂရုတစိုက်ထုဆစ်နေသော အနုပညာရှင်တစ်ယောက်နှင့် တူသည်။

ယန်လင်ဟောက်က မီးဖိုချောင်ထဲသို့ တစ်လှမ်းချင်းဝင်သွားကာ ချင်းယွင်ကိုသာ ဆက်တိုက်စိုက်ကြည့်နေသည်။ ဤအမည်းရောင်မျက်ဆန်များ၌ ထိန်းချုပ်ခံထားရသော တမ်းတလွမ်းဆွတ်မှုများ ဆက်တိုက်ပေါ်လွင်နေရာ ကလေးအရွယ်ကကဲ့သို့ လူငယ်လေး၏ကျောပေါ် ခုန်တက်ကာ ခါးအားတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားချင်ပုံပေါ်စေသည်။

မတွေ့ရတာ တစ်ပတ်လောက်ကြာနေပြီ။ မဟုတ်ဘူး။ တိတိကျကျပြောရလျှင် ငါးရက်သာ။

သို့သော် ဤငါးရက်က ယန်လင်ဟောက်အတွက် အလွန့်အလွန်ခက်ခဲသည်။

ယန်လင်ဟောက် အနားတိုးသွားပြီး သူ၏တောင့်တောင့်တင်းတင်းရင်ဘတ်နှင့် ချင်းယွင်၏ကျောတို့ထိတော့မည့်အချိန်တွင် သူရပ်လိုက်ကာ ခေါင်းငုံ၍ ချင်းယွင်၏ပုခုံးပေါ်သို့ မျက်နှာအပ်လိုက်သည်။

"အစ်ကို..."

ယန်လင်ဟောက် ခေါင်းစောင်းလိုက်သည်။ သူ၏နှာခေါင်းက ချင်းယွင်၏ ဖြူဖွေးသောလည်တိုင်နှင့်ထိလုနီးပါးဖြစ်သွားကာ သူလူငယ်လေး၏ရုပ်ကို မျက်လုံးပင့်၍စိုက်ကြည့်နေမိသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကာလတွင် အချိန်က ချင်းယွင်၏မျက်နှာပေါ်၌ ဘာအကြွင်းအကျန်မှ မချန်ခဲ့သော်လည်း ယန်လင်ဟောက်မှာမူ ခေါင်းအစခြေအဆုံးပြောင်းလဲသွားသည်။ သူက ယခင်တုန်းကကဲ့သို့ ချင်းယွင်အားမော့သာကြည့်နိုင်သောကောင်ကလေး မဟုတ်တော့ပေ။ တိတိကျကျပြောရလျှင် ယန်လင်ဟောက်က ချင်းယွင်ထက် ခန္ဓာကိုယ်အရွယ်အစားပိုထွားလာသည်။ သူအလိုရှိပါက ချင်းယွင်အား ရင်ခွင်ထဲ၌ အပြည့်ဖက်ထားနိုင်သည်။

သူက တကယ့်ယောက်ျားတစ်ယောက်အဖြစ် ကြီးပြင်းလာပြီဖြစ်သော်လည်း ချင်းယွင်၏ သူ့အပေါ်သဘောထားမှာ လုံးဝမပြောင်းလဲသွားပေ။ ယန်လင်ဟောက် မည်သို့ပြောင်းလဲပါစေ ချင်းယွင်အတွက်မူ ယခင်ခေါ်လာစဉ်ကကဲ့သို့ ကလေးတစ်ယောက်ပင်။

ယန်လင်ဟောက်က ချင်းယွင်အား အစ်ကိုဟု ခေါ်သော်လည်း ချင်းယွင်သည် သူ့ကိုသားတစ်ယောက်အဖြစ် ပျိုးထောင်ပေးခဲ့သည်။

"လာမရှုပ်နဲ့။" ချင်းယွင်၏ ယန်လင်ဟောက်၏ ခပ်ဖွာဖွာဆံပင်နှင့်ခေါင်းကို လက်တစ်ဖက်ဖြင့် တွန်းလိုက်ပြီး အခြားလက်တစ်ဖက်က ကိတ်၏နောက်ဆုံးအလှဆင်ပုံကို မတုန်မယင်ဖြင့် အဆုံးသတ်လိုက်သည်။

"အင်းပါ။ ကျွန်တော်အဲ့ဒါကို စားလို့ရပြီလား။ အစ်ကိုကျွန်တော့်အတွက် လုပ်ပေးထားတာမလား။" ယန်လင်ဟောက်က သူပြောသကဲ့သို့ နောက်မဆုတ်သွားပေ။ ထိုအစားသူက နှလုံးသားမှ အလိုရှိသည့်အတိုင်း ချင်းယွင်၏ခါးကိုဖက်ကာ လည်တိုင်ဘေးကိုပွတ်သပ်နေရင်း ကလူ၏သို့မြှူ၏သို့ အသံဖြင့် ပြောလိုက်သည်။

"မရဘူး၊ မင်း ညရောက်တဲ့အထိစောင့်ရမယ်။ ဖယောင်းတိုင်တွေတောင် မစိုက်ရသေးတာကို။"

ချင်းယွင်မှာ ကလေးကြီးကြောင့် ငိုရမလားရယ်ရမလား မသိတော့ချေ။ ယန်လင်ဟောက်မည်မျှ အသက်ကြီးလာပါစေ  သူ့အားတွယ်ကပ်နေပြီး ကလေးပေါက်စကဲ့သို့ ပြုမူချင်နေသော ကလေးတစ်ယောက်သာဖြစ်သေးသည်ဟု သူခံစားရသည်။

"ဟင့်အင်း။ ကျွန်တော်အဲ့ဒါကို အခုစားတော့မှာ။ အဲ့ဒါကို ပြင်လို့ပြီးသွားပြီပဲ။" ယန်လင်ဟောက် လက်များကို ပိုတင်းကြပ်လိုက်ပြီး မသိသာမမြင်သာသောကျေနပ်မှုတစ်ခုမှာ သူ့အမည်းရောင်မျက်ဝန်းများ၌ ပေါ်လာသည်။ ဤအခိုက်အတန့်တွင် သူ၏ခံစားချက်များကို ကလေးတစ်ယောက်ကဲ့သို့ ပြုမူရင်းထွက်ပေါက်ရှာနေပြီး ချင်းယွင်နှင့်ပို၍ပင်နီးကပ်လာချင်သဖြင့် ချင်းယွင်၏နားအနီးသို့ကပ်သွားမိသည်။ သူ၏အသက်ရှူငွေ့များကြောင့် ချင်းယွင်၏နားရွက်များပင်ရဲသွားသည်။

ယန်လင်ဟောက်က ရှက်သွေးဖြာနေပုံကိုကြည့်ကာ အသံတိုးတိုးဖြင့် တောင်းဆိုလိုက်သည်။ "အစ်ကို ကျွန်တော် စားချင်တယ်။"

"အင်း၊ အင်း။ "ချင်းယွင်မှာ ဤကပ်စေးနည်းကြောင့် နေရခက်လာသဖြင့် ယန်လင်ဟောက်၏ခေါင်းအား ဝေးဝေးတွန်းလိုက်သည်။ "မင်းစားချင်စားလေ။"

ဘယ်လိုပဲဖြစ်ဖြစ် အိမ်မှာ သူတို့နှစ်ယောက်ပဲရှိတာ မဟုတ်လား။

ယန်လင်ဟောက်မှာ ချင်းယွင်၏စကားကြောင့် အံ့ဩသွားသည်။ သူ၏မျက်ဝန်းများ၌ ခံစားချက်များ မပေါ်လာစဉ်တွင်ပင် ချင်းယွင်က ခရင်းတစ်ချောင်းကို ကောက်ကိုင်လိုက်သည်။

ယန်လင်ဟောက်၏ခေါင်းထဲမှ လွတ်ထွက်လုနီးနီးသားရဲကောင်ကြီး နောက်ပြန်ဆုတ်သွားကာ ဘာဖုံးကွယ်ထားစရာမှ မရှိပုံပေါ်ပြီး ချင်းယွင်သည်ပင် ၎င်းကိုသတိမထားမိပေ။

ယန်လင်ဟောက်၏ မျက်ဝန်းများ၌ ဘာဖုံးကွယ်ထားသည်ကို သူကိုယ်တိုင်မှလွဲ၍ မည်သူမှမသိချေ။

အပြင်လူများ၏ အမြင်တွင် သူတို့က ချစ်ခင်ကြသော ညီအစ်ကိုများဖြစ်ပြီး ချင်းယွင်၏အမြင်တွင် ယန်လင်ဟောက်သည် သူပျိုးထောင်ခဲ့သောကလေးပင်။

သို့သော် ယန်လင်ဟောက်အတွက်မူ ၎င်းကခြားနားသည်။ သူကချင်းယွင်နှင့်ပက်သက်၍ အရူးအမူးစွဲလမ်းနေပြီး ထိုစွဲလမ်းမှုမှာ သူကလေးအရွယ်ကတည်းက နှလုံးသားထဲ၌ ပုန်းအောင်းနေခြင်းဖြစ်သည်။ ယင်းက ပျောက်ကွယ်သွားရမည့်အစား သူကြီးပြက်းလာသည်နှင့် ပိုကြောက်စရာကောင်းလာသည်။

အမည်းရောင်မျက်ဆန်များတွင် ခံစားချက်များလျှံကျနေချင်သော်လည်း အပြင်ဘက်တွင် ယန်လင်ဟောက်သည် နူးညံ့သောကိတ်မုန့်အား ဇွန်းဖြင့်စားလိုက်သည်။

ကိတ်က အလွန့်အလွန်နူးညံ့သော်လည်း စားစားချင်း ယန်လင်ဟောက် အနည်းငယ်မှင်တက်သွားသည်။

သူ၎င်းကိုကောင်းကောင်းဖုံးထားသော်လည်း ယန်လင်ဟောက်၏အမူအရာအား သေချာကြည့်နေသည့် ချင်းယွင်က သတိထားမိဆဲပင်။ ချင်းယွင်ခရင်းတစ်ချောင်းယူကာ ကိတ်တစ်ပိုင်းစားကြည့်ပြီး ချက်ချင်းမျက်မှောင်ကြုတ်သွားသည်။

အဘယ့်ကြောင့်ဆိုသော် ကိတ်၏အရသာက တကယ်ကိုဆိုးရွားသည်။

"အဲ့ဒါကို ထားလိုက်တော့။ အပြင်ကပဲ မှာစားရအောင်။" ချင်းယွင် ဆုံးဖြတ်ချက်ချကာ ယန်လင်ဟောက်၏လက်ထဲမှခရင်းကို ဆွဲယူလိုက်ပြီး စားစရာမှာရန် ဖုန်းလှမ်းယူလိုက်သည်။

"ဟင့်အင်း။" ယန်လင်ဟောက်က ချင်းယွင်၏လုပ်ဆောင်ချက်ကိုတားလိုက်သည်။ "အစ်ကိုလုပ်သမျှ အရာအားလုံးကို ကျွန်တော်စားချင်တယ်။"

ကိတ်က အလွန်မကြီးပေ။ အစားကြီးသောယန်လင်ဟောက်က ကိတ်တစ်ခုလုံးအား အလုတ်ရေအနည်းငယ်ဖြင့်ပင် ဗိုက်ထဲသွင်းလိုက်သည်။

ကိတ်အား ပါးစပ်ထဲထိုးသိပ်ထည့်နေသော ကလေးကြီးအားကြည့်ကာ ချင်းယွင်အနည်းငယ်မျက်ခုံးပင့်မိပြီး သူ၏မျက်ဝန်းများထဲ၌ သူကိုယ်တိုင်ပင် သတိမထားမိသော ကြင်နာမှုတစ်ခုပေါ်လာသည်။

ဟုတ်သည်။ သူ့ကို ဒီလိုကြည့်ပါ။ သူ့ကိုဒီလိုသာ ကြည့်နေပါ။ ယန်လင်ဟောက်က ချင်းယွင်၏အကြည့်အားခံစားမိကာ စိတ်ထဲ၌ဆန္ဒပိုပြင်းပြလာသော်လည်း အပြုအမူများမှာ ပိုတည်ငြိမ်သွားသည်။

"ကျွန်တော် ညစာချက်လိုက်မယ်။" ကိတ်မုန့်အားစားပြီးနောက် ယန်လင်ဟောက် ချင်းယွင်၏အေပရွန်ကို ချွတ်လိုက်ပြီး လူကိုအပြင်တွန်းထုတ်လိုက်သည်။

သူ့အစ်ကိုကသူ့အဖို့ ကိတ်မုန့်ပြင်ဆင်ပေးလိုခြင်းသည်ပင် ယန်လင်ဟောက်အတွက် အလွန်ကျေနပ်စရာဖြစ်သည်။ သူ၏အမြင်တွင် ချင်းယွင်ကအေးအေးဆေးဆေးနေရာ ကိစ္စသေးအမွှားလေးများကို မထိသင့်ပေ။ ဒါပေါ့ မီးဖိုချောင်ထဲမှကိစ္စများက သူ့အတွက်ပင်။

ယန်လင်ဟောက်က စားဖိုမှူးထံမှ အချက်အပြုတ်သင်ထားရာ ဤညစာမှာအလွန်အရသာရှိသည်။

"ဒီည ကျွန်တော် အစ်ကိုနဲ့တူတူအိပ်လို့ရလား။" ညစာစားပြီးနောက် ယန်လင်ဟောက်က မျှော်လင့်ချက်ကြီးစွာ မေးလိုက်သည်။

တကယ်တမ်းတွင် သူဤသို့မေးနေချိန်၌ အနည်းငယ်နောင်တရမိသည်။ သူ မမေးခဲ့သင့်ပေ။ ယန်လင်ဟောက်က သူ့ကိုယ်သူအမြဲတမ်း တင်းကြပ်စွာ ထိန်းချုပ်ထားခဲ့သည်။ သို့သော် ချင်းယွင်၏မီးဖိုချောင်မှ အသွင်အပြင်ကြောင့်ဖြစ်မည်။ ယန်လင်ဟောက် ယနေ့အံ့အားသင့်ကာ ဆန္ဒအား အနည်းငယ်အလိုလိုက်မိသည်။

ကောင်လေး၏ တောင်းဆိုချက်ကိုကြားသောအခါ ချင်းယွင်မျက်ခုံးပင့်မိသည်။

အဘယ့်ကြောင့်ဆိုသော် ယန်လင်ဟောက် ငယ်ရွယ်စဉ်က ညဘက်တွင် သူ့အားတွယ်ကပ်နေရသည်ကို နှစ်သက်သော်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်ကပင် သူကထိုအကျင့်အားရပ်တန့်ခဲ့သည်။ သူအထက်တန်းကျောင်းသားဖြစ်လာသောအခါ ကျောင်းတွင်သွားနေမည်ဟု ကိုယ်တိုင်အဆိုပြုလာသည်။ ယနေ့ထိုသို့တောင်းဆိုမည်ဟု သူ မထင်ထားခဲ့ပေ။ ဟုတ်သည်။ ထိုအချိန်များကို ချင်းယွင်အနည်းငယ်လွမ်းဆွတ်မိသည်။

ချင်းယွင်၏မျက်လုံးထဲတွင် ယန်လင်ဟောက်သည် ထိုအချိန်က မလုံမခြုံခံစားနေရသောကလေးဟုပင် အမြဲတမ်းမြင်နေရာ ယန်လင်ဟောက်တောင်းဆိုသော 'မွေးနေ့လက်ဆောင်'ကို တွေးပင်မတွေးဘဲ ခေါင်းညှိတ်သဘောတူလိုက်သည်။

ချင်းယွင်ခေါင်းညှိတ်ပြသည်ကိုတွေ့သောအခါ ယနေ့ညကိုဘယ်လိုဖြတ်သန်းရမလဲဟုတွေးပြီး ယန်လင်ဟောက်ဝမ်းနည်းလာသည်။

*****

ညအချိန်မှာပင် လေဆိပ်က မီးထိန်ထိန်လင်းနေသည်။ ပရိသတ်တစ်စုက အလင်းချောင်းများ၊ အလင်းဆိုင်းဘုတ်များကိုကိုင်ကာ တက်တက်ကြွကြွစောင့်ဆိုင်းနေကြသည်။

အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုများစွာကိုရရှိထားသော မင်းသမီးကုချင်းက အိမ်ပြန်လာလေပြီ။

လူပုံရိပ်အချို့ကို မြင်သောအခါ ပရိသတ်များ စိတ်လှုပ်ရှားလာကြသည်။

အလယ်မှမိန်းကလေး၏မျက်နှာကိုမြင်သောအခါ အော်သံများထွက်လာသည်။ "အား။ ကုချင်း၊ ချင်းချင်း ဒီကိုကြည့်။"

သူတို့ထံမှ နွေးထွေးစွာကြိုဆိုခံရသည့်မိန်းကလေးက နောက်ဆုံးတွင်တော့အနားရောက်လာသည်။ သူမက ဖျော်ဖြေရေးလောက၌ ပထမတန်းစားပင်။ အဓိကအချက်မှာ သူမကအသက်သုံးဆယ်နားကပ်နေသော်လည်း သူမ၏ခန္ဓာကိုယ်က ကောင်မလေးတစ်ယောက်ကဲ့သို့ဖြစ်နေရာ အသက်အရွယ်ကိုပင်မခန့်မှန်းနိုင်ချေ။

ယခုအချိန်၌ ကုချင်းက အပြစ်ကင်းသောအထက်တန်းကျောင်းသူအဖြစ် သရုပ်ဆောင်လျှင်ပင် လုံးဝပရမ်းပတာမဖြစ်ပေ။

လမ်းတစ်လျှောက်လုံးတွင် ကုချင်းကပရိသတ်များနှင့် ကျွမ်းကျင်စွာနှုတ်ဆက်လာသည်။ သူမ၏ပရိသတ်များကိုနှစ်သိမ့်ပြီးနောက် ကားထဲသို့ဝင်ကာ ဖုန်းဖွင့်ကြည့်လိုက်သောအခါ ယန်ယိရှန်ပို့ထားသောစာတိုများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။

လွန်ခဲ့သည်ဆယ်နှစ်က ကုချင်းသည် ကုချန်းနှင့်စေ့စပ်ထားသော်လည်း ယန်ယိရှန်နှင့်တွဲခဲ့သည်။ သူမသာသဘောတူလိုက်လျှင် ယန်ယိရှန်သည်သူမအားလက်ထပ်ကာ အိမ်ခေါ်သွားလောက်သည်။

သို့သော် ကုချင်းက သဘောမတူသေးပေ။ သူမ ယန်ယိရှန်အားကြိုးရှည်ရှည်ဖြင့်လှန်ထားခြင်းမှာ လွန်ခဲ့သည့်နှစ်များအတောအတွင်းတွင် သူမကိုဂရုမစိုက်တော့သည့် ကုချန်းကြောင့်လည်းပါသည်။

ကားထဲတွင် ကုချင်း စီးပွားရေးမဂ္ဂဇင်းတစ်အုပ် ထုတ်ဖတ်လိုက်သည်။

စာအုပ်အဖုံးပေါ်မှယောက်ျားက ခဲငွေရောင် ဝတ်စုံဝတ်ဆင်ထားကာ မျက်ခုံးများမှာ တည်ငြိမ်အေးစက်နေပြီး အသောက်အစားအပျော်အပါးရှောင်ပုံပေါ်သည်။ ဤသို့သောအရှိန်အဝါမျိုးက လူများ၏နှလုံးသားထဲရှိ အလျှို့ဝှက်ဆုံးဆန္ဒအားနှိုးဆွကာ ထိုယောက်ျား၏အခွံမာအားဖယ်၍ ချစ်စိတ်ပြင်းပြသောအသွင်အပြင်ပေါ်လာအောင် ပြုလုပ်စေချင်လာသည်။

လွန်ခဲ့သည့် နှစ်များအတွင်းတွင် ကုမိသားစုက ပိုသန်မာလာကာ ယန်မိသားစုကိုပင် မသိမသာကျော်လွန်သွားသည်။ အမျိုးမျိုးသောမိန်းကလေးများက လက်မထပ်ရသေးသော ရွှေသတိုးသား ကုချန်းကို နှစ်သက်နေကြသည်။ ကုချန်းတွင်စေ့စပ်ထားသူရှိနေသည့်အချက်အား လစ်လျူရှုထားပြီး ကုချန်းအား ပိုးဖလံမျိုးမီးကိုတိုးသကဲ့သို့ ချဉ်းကပ်နေကြသည်။

ကုချင်းက ကုချန်းနှင့်အခြားအမျိုးသမီးတစ်ယောက် အတူတူရှိနေသည့်ဓာတ်ပုံအားရိုက်ရန် နည်းလမ်းမျိုးစုံဖြင့်ကြိုးစားခဲ့သော်လည်း ကျေနပ်လောက်စရာဘာဓာတ်ပုံမှမရချေ။

ကုချန်းက အလွန်အေးစက်စက်နေတတ်သည့်အတွက် အမျိုးသမီးတစ်ယောက်နှင့်အတူဓာတ်ပုံအရိုက်ခံရလျှင်ပင် ကုချန်းမျက်နှာပေါ်မှ အမူအရာကြောင့် အခြားလူများ တလွဲမတွေးနိုင်လောက်ပေ။

ကုချင်း သူမ၏ဖုန်းအား မွှေနှောက်ရှာဖွေလိုက်သည်။ အားလုံးမှာ ယန်ယိရှန်ထံမှစာတိုများသာဖြစ်ပြီး ကုချန်းက ဘာစာတစ်စောင်မှမပို့ပေ။

သူမ လှောင်ပြောင်လိုက်သည်။ ယခုအခါ ကုချန်းက မည်သူမြင်ရန်အယောင်ဆောင်နေသနည်း။ အခြားမိန်းကလေးများက သူ၏စရိုက်ကို မသိကြသော်လည်း ကုချင်းမသိဘဲနေမလား။

ကုချင်းက ငယ်စဉ်ကတည်းကပင် ကုချန်းနှင့်အတူ ကြီးပြင်းခဲ့သည်။ ကုချန်းက သည်းခံကြင်နာတတ်သောအဖေ၏ ပြုစုပျိုးထောင်ခံရသည်ကို သူမ ရှင်းလင်းစွာမြင်ခဲ့သည်။ သူက တစ်နေ့လုံးရယ်မောနေကာ ဘာယောက်ျားပီသမှုမှ မရှိသည့် ကုဖေဖေနှင့် အတူတူပင်။

ဆန့်ကျင်ဘက်အနေဖြင့် ကုချင်းက သန်မာရုံသာမက သူမအားချစ်သော ယန်ယိရှန်းကိုသာ ပိုနှစ်သက်သည်။

သို့သော် ကုချန်း၏လက်ရှိအနေအထားနှင့် သူမအပေါ်သဘောထားက ကုချင်းအားသက်ရောက်မှုရှိဆဲပင်။

သူမအချော့မခံရခဲ့ပေ။ သူမနှစ်သက်သောယန်ယိရှန်က ဘာကြောင့်ကုချန်း၏ လွှမ်းမိုးခံရပြီး အမျိုးသမီးများနှင့်လည်း မပွေမရှုပ်သော ကုချန်းက ယခုအချိန်တွင် သူမအားဘာကြောင့် လစ်လျူရှုထားသနည်း။

ကုချင်း၏လက်ချောင်းများက မဂ္ဂဇင်းပေါ်မှပြီးပြည့်စုံသောယောက်ျားအား တို့ထိလိုက်သည်။ ကုချန်းက သူမ၏အနောက်တွင်နေ၍ သူမလှည့်ကြည့်လာမည်ကိုသာ စောင့်ဆိုင်းနေရသင့်သည်။ ယခုကဲ့သို့မဖြစ်နေသင့်ပေ။

"မိဘမဲ့ဂေဟာက အဲ့နေရာမှာပဲလား။" ကုချင်းမေးလိုက်သည်။

"ဂေဟာက အဲ့နေရာမှာပဲ ရှိပါသေးတယ်။ မရွှေ့သွားကြဘူး။ အပြင်ဘက်ကတော့ ပုံစံမပြောင်းပေမဲ့ အထဲကို ဝင်မကြည့်လိုက်ရဘူး။" ဘေးမှ အကူကပြောသည်။

ကုချင်းက လှောင်ပြောင်လိုက်သည်။ "ရှင်ဝင်သွားရင်လည်း ဘာကိုမှမြင်ရမှာမဟုတ်ဘူး။ ဂေဟာမှူးက ဟန်ဆောင်ထားလိမ့်မယ်။ အပြင်လူတွေ မတွေ့သင့်တဲ့ဟာတွေကို သူဘယ်တော့မှမြင်ခွင့်ပြုမှာမဟုတ်ဘူး။"

ကုချင်းက မိဘမဲ့ဂေဟာ၌နေဖူးသည်။ ကလေးအရွယ်တွင် ဂေဟာမှူးက သူမအားရောင်းရန်ရွေးချယ်လိုက်သောအခါ သူမကုဖေဖေ၏အာရုံစိုက်မှုကိုရရန်လှည့်စားခဲ့ရာ ကုဖေဖေထံမှမွေးစားခံရပြီး ဒုက္ခမှလွတ်မြောက်သွားသည်။

သို့သော် သူမက ကုဖေဖေကိုလည်းမကျေနပ်ပေ။ ဤလူကသာ ဂေဟာမှူး၏တကယ့်မျက်နှာကို ပို၍ဂရုတစိုက် ဖော်ထုတ်နိုင်ပါက သူမ၏အစောပိုင်းအရွယ်၌ များစွာခက်ခဲခဲ့မည်မဟုတ်ပေ။

ယန်ယိရှန်၏စာတိုကို ပြန်ပြောနေရင်း ကုချင်းမှာလိုက်သည်။ "ဟိုတယ်ကို အရင်သွားမယ်။ ကျွန်မကို မနက်ဖြန်မနက်မှ လာကြိုပေး။"

*****

ကုမိသားစုတွင်

အချိန်က ညဉ့်နက်နေပြီဖြစ်ကာ ယန်လင်ဟောက်သည် ချင်းယွင်၏အိပ်ယာပေါ်၌ လူးလှိမ့်နေသည်။

ချင်းယွင်၏အသက်ရှူသံမှာ သူ၏နားနှင့်အလွန်ကပ်နေပြီး ချင်းယွင်၏ရနံ့က သူ့တစ်ကိုယ်လုံးပေါ်၌ တရစ်ရစ်ဝဲနေသည်။ ဤသို့သောအခြေအနေမျိုးက ကလေးအရွယ် ယန်လင်ဟောက်အားအလွန်သက်တောင့်သက်သာဖြစ်စေသော်လည်း ယခုအခါတွင် သူ၏ခံစားချက်များအား နမော်နမဲ့ဖော်ပြမိမည်ကို ကြောက်နေသဖြင့် သူစိုးရိမ်ပူပန်နေသည်။

ယန်လင်ဟောက်၏ ကြက်မျက်သင့်ရောဂါ ပျောက်သွားသည်မှာ ကြာပြီဖြစ်ရာ သူ့ခေါင်းအုံးဘေးမှလူ၏ ကောက်ကြောင်းကို အမှောင်ထဲ၌ သူရှင်းရှင်းလင်းလင်းမြင်နေရသည်။

ချင်းယွင်က သူ့ဘေး၌ဘေးတစောင်းလှဲကာ ခပ်မှန်မှန်အသက်ရှူနေသည်။ နူးညံ့သောနှုတ်ခမ်းပါးများမှာ အိပ်နေချိန်တွင်ပင် အနည်းငယ်စေ့နေသည်။

'ဂလု' ယန်လင်ဟောက်၏ လည်စလုတ် အထက်အောက်လှုပ်သွားသည်။

သူအနည်းငယ် ကိုင်းလိုက်သည်။ သူ့လက်များတုန်နေသော်လည်း ချင်းယွင်ရှူထုတ်လိုက်သော လေငွေ့လေးကိုခံစားမိပြီးနောက် ယန်လင်ဟောက် ပြန်လှဲချလိုက်သည်။ သူက လက်ဆန့်ထုတ်ကာ ချင်းယွင်၏ခါးကိုဖက်ထားလိုက်ပြီး ချင်းယွင်၏လည်တိုင်ဘေးကို ကလေးအရွယ်တုန်းကကဲ့သို့ မျက်နှာအပ်ထားလိုက်သည်။

သို့သော် ဤအနေအထားမှာ ယန်လင်ဟောက်ငယ်စဉ်ကနှင့် ကွာခြားနေသည်။ ယခုအခါ သူက ချင်းယွင်တစ်ကိုယ်လုံးကို ရင်ခွင်ထဲပွေ့ဖက်ထားပုံပေါ်သည်။

ချင်းယွင်က အအိပ်ဆတ်မှန်း သူသိသည့်အတွက် ယန်လင်ဟောက်ထူးခြားသောဘာအပြုအမူမှ မလုပ်ရဲပေ။ သူငယ်စဉ်ကဆိုလျှင် အနည်းငယ်လှုပ်လိုက်သည်နှင့် ချင်းယွင်က သူ၏လက်ကိုအမှောင်ထဲမှာပင် တိတ်ဆိတ်တိကျစွာ ဖမ်းနိုင်သည်။

သို့သော် ယန်လင်ဟောက်သည် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှုအား လျှော့တွက်မိခဲ့သည်။ သူက အားနှင့်မာန်နှင့် လူငယ်လေးတစ်ယောက်ပင်။ သူမက်မောသောလူအား ရင်ခွင်ထဲဖက်ထားရသောအခါ ခန္ဓာကိုယ်မှ အပူရှိန်ကတဖြည်းဖြည်းမြင့်တက်လာသည်။

"သေစမ်း။" ယန်လင်ဟောက် ရင်ထဲ၌ ကျိန်ဆဲမိသည်။ သူအိပ်ရာပေါ်မှ မြန်မြန်ထကာ ရေချိုးခန်းထဲဝင်သွားသည်။

ရေချိုးခန်းထဲတွင် အပေါ်ပိုင်းအဝတ်မရှိသည့် လူငယ်လေးက ငယ်ရွယ်မှုပျောက်ကွယ်သွားပြီး ရင့်ကျက်ပြီးယောက်ျားတစ်ယောက်၏ သန်မာသောအရှိန်အဝါကို လွှတ်ထုတ်နေသည်။

သူက ရေချိုးခန်းထဲမှ အေးစက်စက်ကြွေပြားများကို လက်တစ်ဖက်ဖြင့်ကိုင်ရင်း အခြားလက်တစ်ဖက်ဖြင့် ပြင်းထန်သောအသက်ရှူသံအား ဖုံးထားရသည်။ အောင့်အည်းနေရမှုကြောင့် သူ့နောက်ကျောနှင့်လက်မောင်းမှ ကြွက်သားများမှာ ဆွဲဆောင်မှုရှိရှိ ဖောင်းကြွနေကြသည်။

သူ့နှလုံးသားထဲ၌ သားရဲကောင်တစ်ကောင် ပုန်းအောင်းနေသည်ကို ယန်လင်ဟောက်သိထားသည်။ ထိုသားရဲကောင်က ယန်လင်ဟောက်မသိခင်အချိန်ကတည်းကပင် နှလုံးသားထဲ၌ ရောက်နေရာ သူကြောက်လန့်မိသည်။

သူ၏ပထမဆုံးနွေဦးအိပ်မက်၌ ပေါ်လာသည်မှာ အလွန်အေးစက်သောမျက်လုံးများပင်။ လူငယ်လေး၏မျက်လုံးများကို သူချင်းယွင်အကြိုက် အပြာရင့်ရောင်နက်ကတိုင်ဖြင့် ကြောက်ကြောက်လန့်လန့်၊ စိတ်လှုပ်ရှားစွာ စည်းလိုက်ပြီး လုံးဝအနိုင်ကျင့်ခဲ့သည်။ ချင်းယွင်ငိုယိုကာ သူ့အားအသနားခံသည်ကို ကြည့်နေခဲ့သည်။

ထိုအလွန်အပျော်အပါးရှောင်သောမျက်နှာ၌ ဆန့်ကျင်ဘက်အရိပ်အယောင်များရှိနေပြီး အရောင်ဖျော့ဖျော့နှုတ်ခမ်းပါးများမှာ သူကိုက်ထားသောကြောင့် နီရဲနေသည်။ ဤသို့သောမြင်ကွင်းမျိုးက ယခုအထိပင် ယန်လင်ဟောက်၏ဦးရေပြားကို လွယ်လွယ်ကူကူ ထုံထိုင်းစေဆဲပင်။

အိပ်မက်မှ နိုးလာသောအခါ ယန်လင်ဟောက် ကြက်သေသေနေမိသည်။ နောက်တစ်ခါတွေးမိလျှင်ပင် ပေါ်ပေါက်လာသည်မှာ အကြောက်တရားပင်။

အဘယ့်ကြောင့်ဆိုသော် ချင်းယွင်က ဘေးမှလူများကို စက်ဝိုင်းတစ်ခုပြီးတစ်ခုဖြင့် ခွဲခြားထားကြောင်း သူသိသည်။ စက်ဝိုင်းအပြင်ဘက်ရှိမည်သူမှ သူ့နှလုံးသားထဲသို့ မဝင်ရောက်နိုင်ပေ။ သူကကံကောင်းသဖြင့် ဤစက်ဝိုင်းကိုချိုးဖျက်ကာ အထဲဝင်နိုင်ခဲ့သော်လည်း နောက်စက်ဝိုင်းတစ်ခုဖြင့်အတားခံလိုက်ရသည်။

ချင်းယွင်၏နှလုံးသားထဲတွင် ယန်လင်ဟောက်သည် အမြဲတမ်းကလေးတစ်ယောက်ပင်။ သူ့ညီငယ်လေး သို့မဟုတ် သူ့မွေးစားသားဖြစ်နိုင်သော်လည်း သူ့ချစ်သူမဖြစ်နိုင်ပေ။

ဒီ့ထက်ပိုဆိုးသည်မှာ ချင်းယွင်၏နှလုံးသားထဲ၌ နေရာတစ်နေရာရှိနေသည်ဟု ယန်လင်ဟောက်ခံစားနေရခြင်းပင်။ ထိုနေရာကို တစ်ဦးတည်းသောသူအတွက်သာ တစ်နှစ်ပတ်လုံးချန်လှပ်ထားပြီး သူကထိုလူနှင့်လုံးဝယှဉ်နိုင်မည်မဟုတ်ပေ။

ယန်လင်ဟောက်သာ ချင်းယွင်နှင့်သူ့ကြားမှအကွာအဝေးကို အလျင်စလိုဖယ်ရှားလိုက်ပါက သူ့အား စောင့်ဆိုင်းနေမည်မှာ ချင်းယွင်၏ဂရုမစိုက်မှုပင်။ ချင်းယွင်က ထင်ယောင်ထင်မှားဖြစ်မှုအားလုံးကို ရိုးရိုးရှင်းရှင်းဖြင့် သေသေသပ်သပ်ဖြတ်ချကာ သူ့အားအဝေးသို့ပို့ပြီး ဘယ်တော့မှမတွေ့ရအောင် လုပ်လိုက်နိုင်သည်။

ဤသို့တွေးမိသောအခါ ယန်လင်ဟောက် နာကျင်စွာ ခွေနေမိသည်။

ဘာကြောင့်လဲ။ သူကဘာကြောင့်မရတာလဲ။ သူက ကိုယ်တိုင်ပြုစုပျိုးထောင်ခံရတဲ့ တစ်ချက်တည်းအတွက်နဲ့လား။

ယန်လင်ဟောက်မှာ ချင်းယွင်၏ရင်ထဲမှလူအား ပို၍မနာလိုဖြစ်လာသည်။ အစ်ကိုကသူ့အကြောင်းတွေးကာ စောင့်နေစဉ်တွင် ထိုလူဘာကြောင့်လုံးဝမပေါ်လာသနည်း။

ယန်လင်ဟောက်၏ရင်ထဲ၌ အတွေးမျိုးစုံရောယှက်နေပြီး ကိုယ့်ကိုယ်ကိုယ်ပင် ထိန်းချုပ်၍မရတော့လုနီးပါးပင်။ သူတံခါးဖွင့်ကာ အိပ်ရာပေါ်မှ လူငယ်လေးပေါ်ခုန်အုပ်ပြီး အိပ်မက်ထဲကကဲ့သို့ သူလုပ်ချင်တာမှန်သမျှကို လုပ်ပစ်လိုက်ချင်သည်။

ယန်လင်ဟောက် အန္ဒပြင်းပြနေသော်လည်း သတ္တိမရှိပေ။ နောက်ဖြစ်လာမည့်အကျိုးဆက်အား သူရင်မဆိုင်ရဲပေ။

ချင်းယွင်ထံမှ အလိုလိုက်ခံရသည့် ယန်လင်ဟောက်မှာ ယခုကဲ့သို့ရုန်းကန်နေရသောကြောင့် မျက်လုံးများနီရဲလာပြိး ခန္ဓာကိုယ်သည်လည်း ပိုပူလောင်လာသည်။

တစ်ခါပဲ...တစ်ခါပဲ...

ဤတစ်ကြိမ်ကျူးလွန်ပြီးလျှင် သူဘတ်စကတ်ဘောအသင်းအားအကြောင်းပြချက်ပေးကာ မနက်ဖြန်ကျောင်းပြန်သွားတော့မည်။ အနာဂတ်တွင့ သူဤခံစားချက်ကို နှလုံးသားထဲတွင်သာ လုံးဝမြှုပ်နှံလိုက်မည်။ ချင်းယွင်က သူ၏အစ်ကိုကြီးသာဖြစ်ပြီး ဘယ်တော့မှပြောင်းလဲလာမည်မဟုတ်ချေ။

ရေချိုးခန်းထဲ၌ ထိန်းချုပ်ထားသော ပသ့်သက်ရှိုက်သံများထွက်လာသည်။ ထိုအခိုက်အတန့်မှာပင် ရေချိုးခန်းတံခါးခေါက်သံထွက်လာသည်။

"လင်ဟောက်ရေ" မူမမှန်စွာကြည်လင်နေသော အသံက မှန်တံခါးအနောက်အားဖြတ်ကာ ယန်လင်ဟောက်၏နားထဲ ရှင်းရှင်းလင်းလင်းဝင်လာရာ သူ့တစ်ကိုယ်လုံးတောင့်၍တုန်ယင်လာသည်။

ပြန်တုန့်ပြန်သံအားမကြားသောအခါ ချင်းယွင်မျက်မှောင်ကြုတ်ကာ တံခါးဖွင့်ရန်ပြင်သည်။ ယခုညတွင် ထိုကလေးကိတ်အများကြီးစားကာ အစာအိမ်အောင့်နေမည်ကို သူစိုးရိမ်မိသည်။

တံခါးလက်ကိုင်လှည့်သံအားကြားသောအခါ ပြေလျော့ခါနီး ယန်လင်ဟောက်၏ဝိညာဉ်မှာ ချက်ချင်းပြန်တောင့်တင်းသွားသည်။ သူသော့ခတ်ဖို့ မေ့သွားတာလား။

"အစ်ကို...မဝင်လာနဲ့ အစ်ကို" အစ်ကို ဤကိစ္စများကို တွေ့၍မရပေ။ ဤဖြစ်ရပ်ကို အစ်ကို့အား လုံးဝသိခွင့်မပြုနိုင်ပေ။

ယန်လင်ဟောက်က ချင်းယွင်အား အလောတကြီးတားလိုက်သည်။ သူ၏အသံမှာ အသနားခံနေပုံပင်ပေါ်သည်။ "အစ်ကို မဝင်လာနဲ့နော်။"

ချင်းယွင် ခဏကြာ မှင်တက်သွားပြီး လက်လွှတ်လိုက်သည်။ ယနေ့ယန်လင်ဟောက်က ကိုးနှစ်သားအရွယ်ကလေးမဟုတ်တော့ဟု သူတွေးလိုက်သည်။ ရေချိုးခန်းထဲ၌ ယန်လင်ဟောက် ချော်လဲမည်ကို၊ သို့မဟုတ် ရေချိုးကန်ထဲ၌ ရေနစ်နေမည်ကို သူစိုးရိမ်စရာမလိုတော့ချေ။

ထို့အပြင် ...ဤအရွယ်ကလေးက...

ချင်းယွင်ခေတ္တမျှတွေးပြီးနောက် အနောက်လှည့်ကာ အိပ်ရာသို့ပြန်သွားသည်။ နောက်ဆုံးတွင်တော့ ယန်လင်ဟောက်လည်း လုံးဝစိတ်လျှော့နိုင်လိုက်သည်။

ရေချိုးခန်းထဲမှ မှန်တံခါးအနောက်က အတွင်းနှင့်အပြင်ကိုလွယ်ကူစွာ ကန့်သတ်ပေးနိုင်သည်။ ရေချိုးခန်းထဲ၌ ချင်းယွင်နှင့်ရင်းနှီးသောအနံ့တစ်ခုပြည့်နေသည်။ ထိုယောက်ျားမိတ်လိုက်ကာလတွင် ရှိတတ်သည့်အနံ့ပင်။

သို့သော် ယန်လင်ဟောက်က လေဝင်လေထွက်ပန်ကာအားဖွင့်လိုက်သည့်အတွက် ရနံ့မှာချက်ချင်းပျောက်ကွယ်သွားသည်။

ယန်လင်ဟောက်က ရေချိုးပြီးနောက် ထွက်လာသည်။ သူ့အားစိတ်သက်သာရာရစေသည်မှာ ချင်းယွင်ကဘာမှမမေးလာခြင်းပင်။

နောက်ဆုံးတွင် ယန်လင်ဟောက်စိတ်အေးသွားပြီး အိပ်ရာပေါ်၌ တောင့်တောင့်ကြီးလှဲချလိုက်သည်။ သူ ချင်းယွင်အားလုံးဝမထိရဲပေ။

*****

နောက်တစ်နေ့မနက်တွင် ကုချင်းက ကုမိသားစုအိမ်သို့ရောက်လာသည်။

လွန်ခဲ့သည့်ဆယ်နှစ်အတွင်းတွင် ကုစံအိမ်၏အသွင်အပြင်က မပြောင်းလဲပေ။ ၎င်းက ကုဖေဖေအသက်ရှင်စဉ်ကကဲ့သို့ ကျန်ရစ်နေသော်လည်း လက်ရှိပိုင်ရှင်၏အေးစက်စက်အငွေ့အသက်လည်း ရောယှက်နေသည်။ ဤအေးစက်မှုတွင်လည်း ဖော်မပြနိုင်သောအရောအနှောတစ်ခုရှိနေသည်။ ခြံဝန်းထောင့်ရှိ အနည်းငယ်အိုဟောင်းနေသော အရုပ်ကားကို ကြည့်ရုံဖြင့်နွေးထွေးစေသည်။

ကုချင်း အရုပ်ကားနှင့် ၎င်း၏ဘေးမှ ကလေးပစ္စည်းများအားကြည့်ကာ ကိုယ့်ဘာသာတွေးကြည့်မိသည်။ ကုချန်းက အိမ်မှာ ကလေးတစ်ယောက်မွေးစားထားပုံပင်။

ကုချန်းက တကယ်ကို....

ထို့နောက် သူမရှေ့ဆက်သွားလိုက်သည်။ ကုချင်းဒေါသထွက်နေဟန်ဆောင်၍ ဝင်သွားလိုက်သည်။ သူမလျှပ်စစ်သော့အား နံပါတ်ရိုက်၍ဖွင့်လိုက်ပြီး စိတ်မရှည်စွာဝင်သွားသည်။

ကုချင်း လွန်ခဲ့သည့်နှစ်များတွင် ဤမြို့သို့အကြိမ်များစွာပြန်လာဖူးပြီး သတင်းသမားများ၏အမြင်တွင် သူမကကုမိသားစုနှင့် အနီးကပ်ဆက်ဆံရေးရှိသော်လည်း တကယ်တမ်းတွင် ကုချင်းကသူမ၏အိမ်သို့လုံးဝပြန်လှည့်မကြည့်ခဲ့ပေ။

သူမဤနေရာသို့ ရောက်သည်နှင့် ကုချန်းအားဆွဲဆောင်ခဲ့ပုံများကို ပြန်တွေးမိသဖြင့် ကသိကအောက်ဖြစ်လာသည်။

ကုမိသားစုအိမ်၏ သော့နံပါတ်ကလုံးဝမပြောင်းလဲသွားဟု ကုချင်းမထင်ထားမိခဲ့ပေ။

ကုဖေဖေမသေခင်တွင် သူ့သမီးကုချင်းအတွက် တွေးခဲ့ရာ ချင်းယွင်က ၎င်း၏နောက်ဆုံးဆန္ဒအားလေးစားသောအားဖြင့် ကုချင်းကိုမမောင်းထုတ်ပေ။

သို့သော် အရုပ်ကားအားတွေ့သောအခါ ကုချင်းသည် ကိုယ့်ကိုယ်ကိုယ် နှစ်ပေါင်းများစွာကြာမှ အိမ်ပြန်လာသူနှင့်မတူတော့ချေ။ ထိုအစား သူမက ဖောက်ပြန်မှုကို လက်ပူးလက်ကြပ်ဖမ်းမည့် အမျိုးသမီးတစ်ယောက်အနေဖြင့် အပေါ်ထပ်သို့ယုံကြည်မှုရှိရှိတက်သွားသည်။

ချင်းယွင်က အပြင်လူများရှိခြင်းကို မနှစ်သက်ပေ။ အိမ်တွင် စားဖိုမှူးတစ်ယောက်နှင့် အချိန်အလိုက် လာသန့်ရှင်းသော အလုပ်သမားများသာရှိရာ ယခုအခိုက်အတန့်တွင် မည်သူကမှ ကုချင်းအားမတားပေ။

*****

ချင်းယွင်၏အခန်းထဲ၌ ယန်လင်ဟောက်ရေချိုးနေသည်။ မနေ့ညကတစ်ညလုံး သူချင်းယွင်၏ဘေးတွင်လှဲကာ အိပ်မပျော်နိုင်ဘဲ ချွေးစေးများထွက်နေခဲ့သည်။ ယခုအချိန်တွင် သူကျောင်းသို့ပြန်သွားရန် ဆုံးဖြတ်ထားသော်လည်း ချင်းယွင် သဘောမကျမည်ကိုစိုးရိမ်သဖြင့် မထွက်သွားခင်ရေချိုးရန်ပြင်လိုက်သည်။

ဤအချိန်တွင် ကုချင်းကအိမ်အပေါ်ထပ်သို့ ဒေါက်မြင့်ဖိနပ်ဖြင့်တက်လာပြီး ကုချန်း၏အခန်းသို့တည့်တည့်သွားကာ တံခါးအားရင်းနှီးကျွမ်းဝင်စွာဖွင့်လိုက်သည်။

သို့ရာတွင် အခန်းထဲသို့သူမဝင်လိုက်သည်နှင့် ရေချိုးခန်းထဲမှထွက်လာသော အရပ် ၁.၉မီတာခန့်ရှိသည့် သန်သန်မာမာယောက်ျားတစ်ယောက်အား တွေ့လိုက်ရသည်။ ဤယောက်ျားက ရေချိုးဝတ်စုံကိုသာဝတ်ထားသည်။ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်း၌ အလွန်ချောမွေ့သောကြွက်သားများ ပေါ်လွင်နေသည်။ ဣန္ဒြေရသောအမည်းရောင်မျက်ဝန်းများမှာ သူမအားတွေ့ပြီးနောက် ချက်ချင်းကြမ်းကြုတ်သွားရာ ကုချင်းအလန့်တကြားတုန်သွားပြီး နေရာမှပင် အော်လိုက်သည်။

"မင်း...မင်းကဘယ်သူလဲ။"

ယန်လင်ဟောက်က စွဲမက်ဖွယ်ကောင်းသောအမျိုးသမီးတစ်ယောက်ကို သူအစ်ကိုအခန်းထဲ၌ တွေ့လိုက်ရသဖြင့် သူ့တစ်ကိုယ်လုံးမှ ဆူးများထောင်လာပုံပင်။ " ခင်ဗျားကို ဘယ်သူကဝင်ခိုင်းလို့လဲ။ ထွက်သွား။"

ချင်းယွင်တစ်ဦးတည်း၏ အမြင်တွင်သာ ယန်လင်ဟောက်က ကလေးပင်။ ကုချင်း၏အမြင်တွင် ယန်လင်ဟောက်က အလွန်ခြိမ်းခြောက်နိုင်သော ယောက်ျားတစ်ယောက် ဖြစ်နေသည်။

ထိုယောက်ျားက သူမအားစူးစိုက်ကြည့်ရင်း တစ်လှမ်းပြီးတစ်လှမ်းတိုးလာသည်။ ထို့နောက် သူမ၏လည်ပင်းမှကိုင်ကာ အခန်းအပြင်ကိိို အမှိုက်ထုပ်ကဲ့သို့ လွှင့်ပစ်လိုက်သည်။

"ထွက်သွားစမ်း။" ဤအခန်းက သူနှင့်ချင်းယွင်တို့နှစ်ယောက်တည်း၏အခန်းဖြစ်ပြီး ယန်လင်ဟောက်မည်သူ့ကိုမှ ဝင်ခွင့်မပြုချေ။ ဤမိန်းမ၏ရေမွှေးနံ့က အခန်းထဲမှအငွေ့အသက်ကို နှောင့်ယှက်လိုက်သည်။

ဤအချိန်တွင် ချင်ယွင်ရှေ့၌ ယန်လင်ဟောက်၏လိမ္မာပုံအားလုံး ပျောက်သွားသည်။ သူကကျောင်းတွင်လည်း သန်မာသောအသွင်ရှိပြီး ထိုအချိန်ကအနိုင်ကျင့်ခံရသော မိဘမဲ့ကလေးမဟုတ်တော့ချေ။

"ဘာကိစ္စလဲ။" သုံးလွှာရှိစာကြည့်ခန်းထဲမှ ဆင်းလာသောချင်းယွင်က သူ့အခန်းရှေ့၌ ဒေါသထွက်နေသူအားကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ကုချင်းက လည်ချောင်းအားအုပ်ကာ ချောင်းဆိုးနေသည်။ သူမ စောနက ယောက်ျားအားအပြစ်တင်တော့မည့်အချိန်တွင် ထိုယောက်ျားသည် သူမကဲ့သို့ ပညာရှင်ဘုရင်မထက် မျက်နှာထားမြန်မြန်ပြောင်းလိုက်သည်ကို တွေ့လိုက်ရသည်။ သူက ကုချန်းထံသို့ နစ်နာသွားပုံဖြင့် ချက်ချင်းလျှောက်သွားသည်။

"အစ်ကို ကျွန်တော်ရေချိုးနေတုန်း ဒီအမျိုးသမီး ရုတ်တရက်ဝင်လာပြီး လာခြောက်တယ်။"

ယန်လင်ဟောက်၏စကားများကို ကြားသောအခါ ကုချင်းပိုနင်သွားသည်။ "အဟမ်း။ ငါနဲ့စေ့စပ်ထားတဲ့လူအခန်းထဲ ငါဝင်တာ ဘာဖြစ်လဲ။"

စေ့စပ်ထားတဲ့လူ ဟုတ်လား။

ယန်လင်ဟောက် မယုံကြည်နိုင်စွာဖြင့် ကုချင်းအားလှည့်ကြည့်သည်။ ချင်းယွင်၏ရုံးခန်းထဲ၌ တွေ့ဖူးသောဓာတ်ပုံအား သူရုတ်တရက်တွေးမိသွားသည်။

ကောင်မလေးက ကုချန်း၏လက်မောင်းအား ဖက်ကာ ပျော်ရွှင်စွာပြုံးနေပြီး ထိုမိန်းကလေးအပေါ် ကုချန်း၏အကြည့်မှာလည်း ချစ်ခင်အလိုလိုက်မှုအပြည့်ပင်။

ဒီမိန်းမလား။ ကုချန်းက ဒီမိန်းမကို ဆယ်နှစ်မျှ စောင့်ဆိုင်းနေခြင်းလား။

ယန်လင်ဟောက်၏ အသက်ရှူသံများမြန်လာပြီး အသက်ရှူခြင်းနှင့်အတူ ပြင်းထန်သောနာကျင်မှုက ရင်ဘတ်တစ်ခုလုံးသို့ပျံ့နှံ့သွားသည်။ ကုချင်းအပေါ် သူ့အကြည့်က ရက်ရက်စက်စက်သတ်ပစ်ချင်နေပုံပင်။

သူက ဤသို့ထွက်သွားရပြီး သူ့အစ်ကိုကို ဤအမျိုးသမီးထံ ဆုံးရှုံးလိုက်ရမည်လား။

အိပ်မက်ဆက်မက်နေလိုက်။

"ကောင်းပြီ။ မင်းရေဆက်ချိုးလေ။ " ချင်းယွင် ယန်လင်ဟောက်၏ ပုခုံးကိုပုတ်လိုက်ပြီး ကုချင်းဘက်လှည့်သွားသည်။ "မင်းက ငါနဲ့အတူ စာကြည့်ခန်းထဲလိုက်ခဲ့။"

ယခင်ညကတင် ထိန်းချုပ်လိုက်ရသော လင်ဟောက်၏ ရူးသွပ်မှုက အတူတကွအပေါ်တက်သွားသော ချင်းယွင်နှင့်ကုချင်းတို့အားကြည့်ကာ ပိုမိုပြင်းထန်လာသည်။

"ကုချန်း သူကဘယ်သူလဲ။ အဲ့လိုလူမျိုးကို အိမ်မှာဘာလို့နေခိုင်းထားတာလဲ။" စာကြည့်ခန်းထဲရောက်ပြီးနောက် ကုချင်းလည်ပင်းကို အုပ်ထားရသေးသည်။ ယန်လင်ဟောက်၏အပြုအမူများကသူမအား တကယ်ထိတ်လန့်စေခဲ့သည်။ ထိုအချိန်ကဆိုလျှင် ထိုယောက်ျားထံမှ လည်ပင်းညှစ်သတ်ခံလိုက်ရပြီဟုပင် ထင်ခဲ့သည်။

"လင်ဟောက်က ဘာဖြစ်နေလို့လဲ။" ယန်လင်ဟောက်အား အိမ်ရှင်မပုံစံဖြင့်ထိပါးပြောဆိုသံကို ကြားလိုက်ရသောအခါ ချင်းယွင်၏အေးစက်စက်မျက်လုံးများ ပိုမှုန်မှိုင်းလာသည်။

"ဘာဖြစ်ရမှာလဲ။ ရှင် သူ့စရိုက်ကိုမတွေ့လိုက်ဘူးလား..." ကုချန်း၏ ထိန်းချုပ်ထားသော သဘောထားအား တွေ့သောအခါ ကုချင်းဒေါသမထွက်နိုင်ပေ။ "သူက သူစိမ်းတစ်ယောက်ပေါ်မှာတောင်..."

"အဲ့ဒါ မင်းကသူ့ကိုသွားခြောက်လို့လေ။ " ချင်းယွင်က မျက်ခုံးပင့်သည်။ "သူက ငယ်သေးတယ်။ ဒီလိုအပြုအမူက သာမန်ပဲ။"

ယန်လင်ဟောက်မှားယွင်းသည်ဟု ချင်းယွင်လုံးဝမထင်ပေ။ သူရေချိုးနေစဉ် သူစိမ်းတစ်ယောက်ဝင်လာလျှင်လည်း ယန်လင်ဟောက်ထက်အခြေအနေပိုဆိုးလိမ့်မည်။

တစ်စုံတစ်ယောက်ကို လည်ပင်းညှစ်ပြီးလွှင့်ပစ်တာက သာမန်လား။

ကုချင်းမှာ ကုချန်း၏စကားကြောင့် မှင်တက်သွားသည်။ ထိုလူသည် မည်သူဖြစ်ကြောင်း  သူမနောက်ဆုံးတွင်တော့ သဘောပေါက်သွားသည်။ ယန်လင်ဟောက်က ကုချန်းအိမ်၌ မွေးစားထားသောကလေး မဟုတ်လောက်ဘူးမလား။

ကုချန်းက ကလေးတစ်ယောက်ကို ထိုသို့စည်းမရှိကမ်းမရှိ အလိုလိုက်မည်ဟု သူမစိတ်ကူးပင်မယဉ်နိုင်ချေ။ သူမအား ဆက်ဆံပုံထက်ပင် ပိုသာလွန်နေသည်။

ထို့အပြင် ကုချန်းကအလွန်ပြောင်းလဲသွားသည်။ ကုချန်းလှေကားပေါ်မှဆင်းလာသည်ကို သူမ မြင်ခါစတွင် ကုချင်းမှာမမှတ်မိလုနီးပါးပင်။

သူမဤယောက်ျားနှင့် ကိုယ်တိုင်ကိုယ်ကျ မျက်နှာချင်းဆိုင်သောအခါတွင်မှ ကုမိသားစုသည် ယန်မိသားစုအား ဘာကြောင့်လျင်မြန်စွာ ကျော်တက်သွားနိုင်သည်ကို သဘောပေါက်သွားသည်။ ကုချင်းမှာ ကုချန်းအားကြည့်၍ မှင်တက်နေမိသည်။ ဤနှစ်ပိုင်းအတွင်း သူမယန်ယိရှန်၏နှလုံးသားအား ဖမ်းဆုပ်ရန်ကြိုးစားနေခဲ့ခြင်းမှာ တန်ရဲ့လားဟု တွက်ချက်နေမိသည်။

ချင်းယွင်က သူမနှင့်အတူ ယန်လင်ဟောက်အကြောင်းမပြောချင်တော့ပေ။ ထို့ကြာင့် ဆယ်နှစ်နီးပါးပျောက်ကွယ်နေသော ဇာတ်လိုက်မင်းသမီးအား ကြည့်၍ပြောလိုက်သည်။ "မင်း အဖေ့ကိုအရင်သွားတွေ့သင့်တယ်။"

ထိုသို့သော စကားက ကုချင်းအား တောင့်တင်းသွားစေသည်။ သူမ အဖေအားသွားတွေ့ရန် မတွေးခဲ့ဖူးပေ။

ကုချန်း၊ ကုဖေဖေနှင့် ကုတစ်မိသားစုလုံးအပေါ် ကုချင်း၏သဘောထားက အလွန်ရှုပ်ထွေးသည်။ သူမက ဖျော်ဖြေရေးလောက၌ ချောမွေ့စွာ လွှမ်းမိုးနိုင်ရန်အတွက် ကုမိသားစု၏ဩဇာကိုအသုံးချခဲ့သည်။ နစ်နာသူတစ်ယောက်အသွင်ယူပြီး ကိုယ်ကိုယ်ကိုယ် နှစ်သိမ့်ခဲ့သည်။

အခုလေးတင် ချင်းယွင်မှ ကုဖေဖေအကြောင်း ပြောလိုက်သောအခါ ကုချင်း၏နှလုံးသားထဲ၌ သံသယဝင်လာသည်။

ကုချင်း ဘာဆိုလိုချင်တာလဲ။ ကုဖေဖေအကြောင်းပြောတာ သူတို့နှစ်ယောက်ရဲ့ လက်ထပ်မဲ့ရက်ကို တိုင်ပင်ချင်လို့လား။

"အစ်ကိုချန်း၊ ညီမရဲ့ အလုပ်သဘောအရ လက်ထပ်ဖို့ကို..."

ကုချင်းက ကုချန်း၏သဘောထားအား စမ်းသပ်ချင်သော်လည်း ချင်းယွင်အနေဖြင့် ကုချင်း၏ပုံစံအပေါ် စိတ်မရှည်တော့ပေ။

သူအချိန်ဆယ်နှစ်မျှ စောင့်ပေးခဲ့သော်လည်း ဤကမ္ဘာမှ ဇာတ်လိုက်မင်းသမီးမှာ မပြောင်းလဲသေးပုံပင်။

သဘာဝကျစွာပင် ချင်းယွင်က ကုချင်းအားလက်ထပ်ရန်မဖြစ်နိုင်ပေ။ ကုချင်းက ယန်ယိရှန်နှင့် တွဲနေသော်လည်း ကုချန်းအားလမ်းမခွဲသေးပေ။

ဟုတ်သည်။ ချင်းယွင်ဘက်မှ စဖြတ်၍ရသည်။ သို့သော် ထိုအခါ ကုချန်းနှင့်ကုမိသားစုအပေါ် မျှတပါ့မလား။

ကုချင်းမှ ကုချန်းနှင့်စေ့စပ်ချင်သည်ဟု ပြောသောအခါ ကုမိသားစုက သဘောတူပေးခဲ့ရသည်။ ယခုအခါ သူမနှင့် ယန်ယိရှန်တို့ လက်ထပ်နိုင်ရန်အတွက် ကုချန်းကလက်လွှတ်ပေးရမည်လား။

ကုချင်းက ကုချန်းအား တောင်းပန်သင့်သည်။

ထို့အပြင် ကုချင်း၏လက်ရှိအပြုအမူအရ သူ့ဘက်မှစ၍ သဘောတူညီချက်ဖျက်လျှင်ပင် လက်ခံမည်မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ကုမိသားစု၏လက်ရှိအခြေအနေက ယခင်ကကဲ့သို့မဟုတ်တော့သဖြင့် ကုချင်းအတွက် ပိုအကူအညီပေးနိုင်သည်။ ထို့ကြောင့် ယခုအခါတွင် ကုချင်းက ကုမိသားစုအားကန်ထုတ်တော့မည်မဟုတ်ပေ။

ချင်းယွင်၏မျက်လုံးများ လုံးဝအေးစက်နေပြီး သူကုချင်းအား အချိန်ထပ်ပေးရန်အစီအစဉ်မရှိတော့ပေ။

သူယခုသဘောတူညီချက်အား ဖျက်ရန်ပြောလျှင်ပင် ကုချင်းသည် ပရိသတ်အားသုံးကာ ကုမိသားစုကို အညစ်အကြေးစွန်းထင်စေလိမ့်မည်။ သို့သော် လွန်ခဲ့သည့်နှစ်များအတွင်း ကုချင်းနှင့် ယန်ယိရှန်းတို့ ချိန်းတွေ့နေသောပုံများကို ချင်းယွင်ရထားသည်။ ဤအချိန်တွင် မည်သူကအပြစ်သားဖြစ်မည်မှာ မသေချာတော့ပေ။

"လက်ထပ်ဖို့ သဘောတူညီချက်ကတော့ မင်း..." ချင်းယွင် တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူ့စကားမဆုံးခင်မှာပင် ယန်လင်ဟောက်က ရုတ်တရက်ဝင်ပြောလာသည်။

"အစ်ကို" ယန်လင်ဟောက်က တံခါးဖွင့်ကာ တန်းဝင်လာသည်။ သူကချင်းယွင်၏ စာကြည့်ခန်းထဲသို့ ဘယ်တုန်းကမှမကျူးကျော်ဖူးပေ။ ဤတစ်ကြိမ်မှာ ပထမဆုံးအကြိမ်ပင်။

သို့သော် သူထပ်၍သည်းမခံနိုင်တော့ပေ။ ကုချန်းက ထိုမိန်းမနှင့် နှစ်ယောက်တည်းအတူနေနေသည်မှာ အတော်ကြာနေပြီး စာကြည့်ခန်းထဲ၌ သူတို့နမ်းနေလျှင်၊ သို့မဟုတ် ပို၍လွန်ကျူးသောကိစ္စများ လုပ်နေလောက်သည်ဟု သူတွေးမိရုံနှင့်ပင် ရူးတော့မလိုဖြစ်လာသည်။

"ဘာဖြစ်လို့လဲ။" သူပျိုးထောင်ထားသောကလေး ဝင်လာသည်ကို တွေ့သောအခါ ချင်းယွင်ကြင်နာစွာ မေးမိသည်။

"ကိုကို ကျွန်တော်ဗိုက်ဆာတယ်။ စာဖိုမှူးလင်းက ဒီနေ့လည်းပြန်မလာသေးဘူးဆိုတော့ ကျွန်တော်တို့ အပြင်မှာတစ်ခုခုသွားစားကြမလား။" ယန်လင်ဟောက် သက်ပြင်းချကာ ချင်းယွင်အားအနောက်မှဖက်၍ ကလူ၏သို့မြှူ၏သို့ပြောလိုက်သည်။ အလွန်စူးရှသောမျက်ဝန်းများမှာ မျက်နှာချင်းဆိုင်မှ ကုချင်းအား စိုက်ကြည့်နေသည်။

တကယ်တမ်းတွင် ယန်လင်ဟောက်က စကားစလာဖြတ်သည့်အတွက် ကုချင်းစိတ်သက်သာရာရသွားသည်။ အဘယ့်ကြောင့်ဆိုသော် မည်သူ့​ကိုရွေးချယ်ရမည်မှန်း သူမမတွေးရသေးပေ။ ယန်ယိရှန်ကို သူမနှစ်သက်ပြီး ကုချန်းသည် စိတ်သဘောထားအေးစက်သော်လည်း အနာဂတ်မှာ အတိုင်းအဆမဲ့သည်။ သူတို့နှစ်ယောက်လုံးကို သူမလက်မလွှတ်ပေးချင်ပေ။

ချင်းယွင် ခေတ္တမျှတွေးပြီးနောက် ယန်လင်ဟောက်၏ဗိုက်ကိုသာ အရင်အာရုံစိုက်လိုက်သည်။ သူခေါင်းမော့၍မေးလိုက်သည်။ "မင်း ဘတ်စကတ်ဘောအသင်းကြောင့် ကျောင်းပြန်သွားရမယ်ဆို။ လမ်းမှာစားသွားရင်ကော ဘယ်လိုနေလဲ။"

"ဟင့်အင်း။" ယန်လင်ဟောက်က ချင်းယွင်၏လည်ပင်း၌ မျက်နှာအပ်ထားသည်။ သူကမျက်နှာပင်မနီ၊ နှလုံးခုန်ပင်မမြန်လာဘဲ လိမ်လိုက်သည်။ "အဲ့မှာ အစားထိုးတစ်ယောက် ရောက်နေပြီတဲ့။ ကျွန်တော်မသွားတော့ဘူး။ ကျွန်တော်ကိိုကိုနဲ့ပဲ အိမ်မှာနေတော့မယ်။"

ယခု ကုချင်းပြန်ရောက်နေပြီဖြစ်ရာ ယန်လင်ဟောက် ကျောင်းသို့ပြန်သွားရမည်လား။ သူမရှုံးချင်ပေ။ ယန်လင်ဟောက်မှာ ကျောင်းသို့သွားပင်မသွားချင်တော့ပေ။ သူအဝေးရောက်နေချိန်တွင် ကုချင်းအိမ်သို့ပြန်လာ၊မလာကို မည်သူကြိုသိမည်နည်း။

Lanjutkan Membaca

Kamu Akan Menyukai Ini

10.8K 1.2K 5
Main title: God Plz!Grab me!Love me!Save me! Arc-4.(I used to love you) started date:15/7/2022 End: ???????
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
421K 10K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
267K 13.9K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...