ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

150

5K 1K 22
By Vanilla_IceCream61

အပြင်ဘက်မှ ချင်းမိသားစု၏ဖြစ်ရပ်များနှင့်တကွ ဟုန်ရန်နှင့်အခြားလူများ၏လုပ်ရပ်အား ချင်းယွင်က ရှင်းရှင်းလင်းလင်းမြင်နေရသည်။

အလေးအမြတ်ကျင့်ကြံသူဂိုဏ်းက ကောင်းကင်ဘုံသို့ကြွမြန်းသည့်လမ်းကြောင်းအား ချုပ်ကိုင်ထားသဖြင့် အတော်အင်အားကြီးသော်လည်း ကျင့်ကြံရေးလောက၌ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းနှင့်ပက်သက်၍ ဝေဖန်ချက်များစွာ ရှိနေပြီးဖြစ်သည်။ ထို့ကြောင့်ယခုအခါတွင် စုမိသားစုပျက်သုဉ်းမှုက အလေးအမြတ်ကျင့်ကြံသူဂိုဏ်းနှင့် များစွာပက်သက်နေသည်ဟု ကြားကြသောအခါ လျှို့ဝှက်တိမ်တောင်ကြားထဲရောက်နေသော ဂိုဏ်းအသီးသီးမှတပည့်များအားလုံးက ထိုအကြောင်းပြောနေကြပြီး သူတို့၏စကားလုံးများမှာ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းအား သံသယဝင်သည်ထက်ပိုနေသည်။

နှစ်တစ်ထောင်မျှ ကျိန်ဆဲခံခဲ့ရသော မကောင်းဆိုးဝါးချင်းယွင်က တကယ်ကိုဘာအကြောင်းပြချက်မှမရှိဘဲ အပြစ်တင်ခံနေခဲ့ရခြင်းလား။

ရှိနေသောစုမိသားစုဝင်များ၏ မျက်နှာများသည်လည်း ကြည့်မကောင်းပေ။ အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သောနှစ်များတွင် စုမိသားစုက အလေးအမြတ်ကျင့်ကြံသူဂိုဏ်းနှင့် အလွန်အမင်းနီးကပ်ခဲ့သည်။ သို့ရာတွင် မိသားစုအားတကယ်ပျက်သုဉ်းစေခဲ့သည့် တရားခံမှာ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းဟု အပြောခံလိုက်ရသည်။

ထို့အပြင် သူတို့ဓားချက်တစ်ထောင်ဖြင့် သတ်ချင်ခဲ့သော ချင်းယွင်က သူတို့၏စုမိသားစုမှကလေးတစ်ယောက်ကို ကယ်တင်ရန်အတွက်ကြားဝင်ခဲ့သည်။

ကျေးဇူးရှင်ကို လူသတ်သမားအဖြစ် ဆက်ဆံခဲ့သော်လည်း တကယ့်ရန်သူအား ကျေးဇူးတင်နေခဲ့သည်။ စုမိသားစုဝင်အားလုံးမှာ မျက်နှာများပူလောင်ကာ ရှက်ရွံ့မိရုံသာမက အလေးအမြတ်ကျင့်ကြံသူဂိုဏ်းကိုလည်း အလွန့်အလွန်ဒေါသထွက်မိသည်။

အချို့လူများပင် ချင်းယွင်ထမ်းပိုးထားသော ကျန်သွေးထွက်သံယိုကိစ္စများထံတွင် တစ်စုံတစ်ခု မရေမရာ ကလိမ်ကကျစ်ကျမှုများရှိနေမလား တွေးနေကြသည်။ မည်သို့ပင်ဆိုစေ ထိုအချိန်က ချင်းယွင်အား တိုက်ခိုက်ရန် တပ်ဖွဲ့တစ်ခုချင်းစီအား ဦးဆောင်ခဲ့သည်မှာ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းမှ အလေးအမြတ်ကျင့်ကြံသူသားတော်များပင်။

*****

ဤလူများက အလေးအမြတ်ကျင့်ကြံသူဂိုဏ်းအား သံသယဝင်နေကြသည်ကို တွေ့သောအခါ ချင်းယွင်၏အကြည့်က တည်ငြိမ်နေပြီး ဘာခံစားချက်မှမပြပေ။ ကူးပြောင်းတိုင်းတွင် ချင်းယွင်က မူလပိုင်ရှင်၏ မတရားခံရမှုကို ရှင်းလင်းရသည့်တာဝန်အား လုပ်ဆောင်ခဲ့ရသည်။ ချင်းယွင်ကူးပြောင်းသွားသည့် မူလပိုင်ရှင်တိုင်းက သူ့စိတ်ဝိညာဉ်၏အစိတ်အပိုင်းများဖြစ်သော်လည်း ချင်းယွင်သည် သူကိုယ်တိုင်ပေါ်တွင် အမည်းစက်ထင်သောအခါ များစွာဂရုမစိုက်ပေ။

အဘယ့်ကြောင့်ဆိုသော် သူက၎င်းနှင့်အသားကျနေပြီး ကနဦးတွင် အသည်းအသန်ရုန်းကန်ခဲ့သေးသော်လည်း ယခုအခါတွင် ဥပေက္ခာပြုတတ်နေပြီဖြစ်သည်။

လူများက သူ့အားမုန်းတီးကာ ကျိန်ဆဲနေကြသော်လည်း ထပ်တူထပ်မျှပင် ကြောက်နေကြသည်။ လျှို့ဝှက်တိမ်တောင်ကြားပြန်အသက်ဝင်လာခြင်းကြောင့် ကမ္ဘာပေါ်ရှိလူတိုင်းက ချင်းယွင်အား ရန်သူတော်ကြီးအဖြစ် ယူဆနေခြင်းသည်ပင် ချင်းယွင်၏စွမ်းအားကိုပြသရန်လုံလောက်သည်။

ထို့ကြောင့်...အားလုံးကို ယခုဖွင့်ချပြလိုက်လျှင် ဘာအကျိုးရှိမည်နည်း။ ထိုအချိန်က စုမိသားစုပျက်သုဉ်းခြင်း၏ အမှန်တရားကို ဖော်ထုတ်၍ သူနှင့်ပက်သက်သည့် လူတိုင်း၏သဘောထားအားပြောင်းလဲရန် လိုအပ်သလား။

"သွားရအောင်။" ချင်းယွင်က သူ့အနောက်မှ မင်းရန်အားပြောလိုက်သည်။ "ဒီမှာ ရှိသင့်တဲ့လူအားလုံး ရောက်နေပြီ။"

အလေးအမြတ်ကျင့်ကြံသူဂိုဏ်းက လူအင်အားသုံးကာ သူ၏လျှို့ဝှက်တိမ်တောင်ကြားကို ဝင်မွှေချင်နေရာ ချင်းယွင်က ထိုဂိုဏ်းအားဘာကြောင့် သက်သက်သာသာ ကျရှုံးစေရမည်နည်း။

ချင်းယွင်၏အငွေ့အသက်ပါသော ပစ္စည်းအားယူဆောင်လာသည့် ကျင့်ကြံသူတိုင်းကို မူလစိတ်ဝိညာဉ်ပေးမည်ဟု အလေးအမြတ်ကျင့်ကြံသူဂိုဏ်းက ကတိမပေးထားပေဘူးလား။ ထိုသို့ဆိုလျှင် သူကလျှို့ဝှက်တိမ်တောင်ကြားသို့ရောက်လာသော ကျင့်ကြံသူထောင်ပေါင်းများစွာကို ဤခရီးနှင့်ထိုက်တန်ရန် ခွင့်ပြုပေးလိုက်မည်။

"ခဏလေး" ချင်းယွင် နေရာကူးပြောင်းတော့မည်ကို တွေ့သောအခါ မင်းရန်က ချင်းယွင်၏ခါးကိုဖက်၍ဆွဲထားသည်။ ထိုလူက ပြုံးရင်း အနားတိုးလာကာ ချင်းယွင်၏မျက်ခွံအားနမ်းလိုက်သည်။ "ကလေး၊ ဟုန်ရန် ကျေးဇူးတင်တာပဲဖြစ်ဖြစ်၊ စုမိသားစုဆီက တောင်းပန်တာပဲဖြစ်ဖြစ် အခုဖြစ်ပျက်နေတာတွေအားလုံးက ကလေးနဲ့ထိုက်တန်တာတွေပဲနော်။"

သူ့ကလေး၏ ရောင်ဝါက ကောင်းကင်ဘုံကျင့်ကြံသူ၏ လျှို့ဝှက်ကြံစည်ချက်ဖြင့် ဖုံးကွယ်ခံထားရသော်လည်း တစ်နေ့နေ့တွင် ထိုအလင်းရောင်သည် တလက်လက်တောက်ပလာလိမ့်မည်။

ထို့နောက် မင်းရန်သည် လူသိများသောမင်းရန်ဓားရှည်အဖြစ်ပြောင်းလဲကာ ပျောင်းနွဲ့သော ဓားသံထုတ်၍ လျှို့ဝှက်တောင်ကြားတွင်းမှလူအုပ်၏ရှေ့၌ အမည်းရောင် လျှပ်စီးက အဆုံးမရှိသောကောင်းကင်အား ဖြတ်နေသကဲ့သို့ ပြန်ပေါ်လာသည်။

ထိုယောက်ျား၏စကားများကြောင့် ချင်းယွင်၏သူငယ်အိမ်များကျုံ့သွားသော်လည်း ခဏအကြာတွင် နှုတ်ခမ်းကော့၍ပြုံးလိုက်သည်။ စောစောပိုင်းက သူ့နှလုံးသားထဲ၌ ပေါ်လာခဲ့သော ဒေါသမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

စုမိသားစုကိစ္စ ပြောင်းပြန်ဖြစ်သွားခြင်းပင်ဖြစ်စေ၊ သို့မဟုတ် လူတိုင်း၏သဘောထားပင်ဖြစ်စေ မလွဲဧကန်ထွက်လာမည့်ရလဒ်ပင်။ ထိုအချိန်က သူသည် ဟုန်ရန်အား ကယ်တင်ခဲ့ကာ ယနေ့တွင် ဟုန်ရန်၏ကလေးကို ကယ်တင်ခဲ့သည်။ သို့သော် သူသည် ဆန္ဒရှိသည့်အတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းပင်။

ခဏအကြာတွင် ချင်းယွင်က ယွင်ချင်းကဲ့သို့ရုပ်ဖျက်ကာ တောင်ကြားထဲသို့ နေရာကူးပြောင်းမှုဖြင့် ရောက်သွားသည်။

*****

မင်းရန်ဓားရှည်ပေါ်လာမှုကြောင့် ယခုအခါတွင် တောင်ကြားထဲမှအခြေအနေမှာ ထပ်မံပွက်လောရိုက်နေသည်။ ရိုက်ချက်ကြီးခံစားခဲ့ရသော စုမိသားစုဝင်များမှလွဲ၍ ကျန်လူအားလုံးမှာ မင်းရန်ဓားရှည်ကိုသာအကြည့်မလွှဲနိုင်ဖြစ်နေကြသည်။

လျှို့ဝှက်တောင်ကြားထဲ၌ စုဝေးနေကြသောအင်အားကြီးသူများက မင်းရန်ဓားရှည်ထံသို့ ချက်ချင်းပျံသွားသည်။ ဆယ်ချီမျှသော အတိဒုက္ခအဆင့်ကျင့်ကြံသူများက မင်းရန်ဓားရှည်အားရရန်အတွက် တစ်ပြိုက်နက်တည်းတိုက်ခိုက်ကြသည်။

ကျင့်ကြံဆင့်မလုံလောက်သော ကျန်တပည့်များက စွမ်းအားကြီးသူများ၏တိုက်ပွဲ၌ မပါဝင်နိုင်သဖြင့် နောက်ဆုတ်ကာသာ တိုက်ပွဲကိုကြည့်နေကြသည်။

ထိုအချိန်တွင် မူလကောင်းကင်ဂိုဏ်းမှ တပည့်များက ချင်းယွင်ကိုတွေ့သွားသဖြင့် ချက်ချင်းလက်ဝှေ့ယမ်းပြသည်။ "ဂိုဏ်းတူအစ်ကိုကြီးယွင်။ အစ်ကိုအဆင်ပြေတယ်မဟုတ်လား။ အခုဆို တောင်ကြားမှာရှိတဲ့ အစီအရင်က အန္တရာယ်များလွန်းတယ်။"

ချင်းယွင်က သူတို့ကို ခေါင်းညှိတ်ပြပြီး မင်းရန်၏ဓားရှည်အား လူတိုင်းကဲ့သို့ ကြည့်နေလိုက်သည်။

သခင်ပင်မရှိသည့် ဓားရှည်တစ်ချောင်းက အတိဒုက္ခအဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်၏ တိုက်ခိုက်မှုကို ခုခံနိုင်ရုံသာမက အသာစီးပင်ရနေသည်ကို သူတို့မြင်နေရသည်။

"ဒီဓားရှည်က တကယ့်ကို အသက်ဝင်နေတာပဲ။"

"ငါ့ အဘိုးလည်း တိုက်ပွဲထဲမှာပါတယ်။ အံ့ဩစရာကောင်းတာက သူဒီဓားရှည်ကိုတစ်ချက်တည်းနဲ့ အနိုင်မတိုက်နိုင်ဘူး။"

တိုက်ပွဲထဲမှ အတိဒုက္ခအဆင့်ကျင့်ကြံသူများ၏ မျက်နှာထားမှာ ဆိုးရွားနေကြပြီး ဘေးမှထိုင်ကြည့်နေကြသော တပည့်များသည်လည်း မှင်တက်နေကာ ဤဓားရှည်က မည်မျှသန်မာသည်ကို လုံးဝမတွက်ဆနိုင်ကြပေ။

ချင်းယွင်အား ဒဏ္ဍာရီလာပုံပြင်အဖြစ် မှတ်ယူထားကြသော ငယ်ငယ်ရွယ်ရွယ်တပည့်များ၏ရင်ထဲ၌ မရေမရာထင်မြင်ချက်တစ်ခုပေါ်လာသည်။ နတ်ဆိုးဓားမှ လိုလားထက်သန်စွာ အညံ့ခံအောင် စွမ်းဆောင်နိုင်ခဲ့သည့် ချင်းယွင်က အံ့ချီးလောက်သောဖြစ်တည်မှုပေလား။

သို့သော် သူတို့အား အတိုင်းထက်အလွန် တုန်လှုပ်သွားအောင်လုပ်ဆောင်နိုင်ခတောက်ပလင်းလက်စွာ မတ်တပ်ရပ်နေသည်ဟု လုံးဝမထင်ထားကြပေ။

အရေအတွက်ဆယ်ယောက်ကျော်မျှရှိသော အတိဒုက္ခအဆင့်မှကျင့်ကြံသူများ တောင့်ထားနေရစဉ်တွင် အလေးအမြတ်ကျင့်ကြံသူဂိုဏ်းက သတင်းရသွားပြီး စုယွမ်၊ ကျန်းရုန်နှင့် ကျန်းချန်တို့အား အစားထိုးမည့် အစွမ်းထက်အတိဒုက္ခအဆင့်ကျင့်ကြံသူများရောက်လာသည်။

ဤအတိဒုက္ခအဆင့်ကျင့်ကြံသူများမှာ ဒေါသထွက်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က အလေးအမြတ်ကျင့်ကြံသူဂိုဏ်းဝင်များဖြစ်ပြီး ကျန်းချန်နှင့်ကျန်းရုန်တို့ ဆုံးပါးသွားမှု၊ စုယွမ် စွန့်ခွာသွားမှုနှင့် ထိုအချိန်ကစုမိသားစု၏ဖြစ်ရပ် အမှန်တရားပေါ်ပေါက်လာမှုတို့ကိုကြားသောအခါ အလေးအမြတ်ကျင့်ကြံသူဂိုဏ်း၏ ဂုဏ်သိက္ခာအတွက် စိုးရိမ်နေကြသည်။

မျက်ခုံးမွေးပင်ဖြူနေသော အဖိုးကြီးတစ်ဦးက သူ့ဘေးမှလူများကို မှာကြားလိုက်သည်။ "ငါတို့ လာတာက အလေးအမြတ်ကျင့်ကြံသူဂိုဏ်းရဲ့ အမိန့်အရ မင်းရန်ဓားရှည်ကို ဖမ်းဖို့ဖြစ်သလို တစ်ချိန်ထဲမှာပဲ လျှို့ဝှက်တောင်ကြားထဲက အခြေအနေကို ထိန်းချုပ်ရမယ်။ မှတ်ထားပါ။ နောက်ဆုံးမှာ မူလစိတ်ဝိညာဉ်ကို ပြန်ယူသွားနိုင်မဲ့လူက သုံးယောက်ထက်မပိုရဘူး။"

နဂိုက အလေးအမြတ်ကျင့်ကြံသူဂိုဏ်းသည် ချင်းယွင်အသက်ရှင်နေသေးသလားကို ရှာဖွေမည်ဟု ကတိပေးခဲ့သည်။ အလေးအမြတ်ကျင့်ကြံသူ သားတော်ကပင် ချင်းယွင်သည် အခြားလူတစ်ယောက်အဖြစ်ဟန်ဆောင်ကာ သူ၏စိတ်ဝိညာဉ်အား ပြန်လာယူလိမ့်မည်ဟု ထင်ထားသဖြင့် အရည်အချင်းမှီလာသူများအားလုံးကို သတ်ရန် ပြင်ဆင်ထားခဲ့သည်။

အရည်အချင်းမှီသူများနေပါက ပြဿနာတက်လိမ့်မည်။

စုမိသားစု၏ ဖြစ်ရပ်ပြီးနောက် လူအုပ်က အလေးအမြတ်ကျင့်ကြံသူဂိုဏ်းအား အလွန်အမင်း ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်နေကြသော်လည်း ရင်ထဲတွင်မျှော်လင့်နေကြသေးသည်။ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းက အကောင်းတကာ့အကောင်းဆုံး အတိဒုက္ခအဆင့်ကျင့်ကြံသူများကို စုဆောင်းထားသည်။ ဤလူများက တိုက်ပွဲတွင် ပါဝင်လာရာ မင်းရန်ဓားရှည်မှာ တောင့်မခံနိုင်လောက်ဘူးမဟုတ်လား။

မည်သို့ပင်ဆိုစေကာမူ အံ့အားသင့်စရာကောင်းသည်မှာ မင်းရန်ဓားရှည်က အလေးအမြတ်ကျင့်ကြံသူဂိုဏ်းမှ ဤစွမ်းအားကြီးသူများကိုတွေ့သောအခါ ဝိညာဉ်စွမ်းအားကြီးမားသည့် ထေ့ငေါ့ဓားသံကိုထုတ်လိုက်သည်။ ယင်းက တောင်ကြားအတွင်းမှ လူအားလုံးကို သူ့ထံဆွဲခေါ်ချင်ပုံဖြင့် အထက်စီးဆန်စွာ ရွှစ်ခနဲလှည့်ပတ်နေသည်။

ချင်းယွင်က မျက်ခုံးဖြူဖြင့်အဖိုးမှ ယခုလေးတင်ပြောလိုက်သောစကားကိုကြားကာ မျက်ဝန်းများထဲ၌ လှောင်ပြောင်ရိပ်ပေါ်လာသည်။ ဤတောင်ကြားထဲ၌ စိတ်ဝိညာဉ်အခြေတည်စအဆင့်နှင့်အထက် ကျင့်ကြံသူအရေအတွက်မှာ သုံးရာထက်မနည်းပေ။

ဤလူများကသာ မူလစိတ်ဝိညာဉ်ကို တစ်ချိန်တည်း ယူမည်ဆိုပါက အလေးအမြတ်ကျင့်ကြံသူဂိုဏ်းတွင် မည်မျှပြဿနာတက်သွားမည်နည်း။

ချင်းယွင်၏အတွေးများကို အာရုံခံမိပုံဖြင့် မင်းရန်ဓားရှည်၏ ထိပ်ဖျားကလှည့်လာသည်။ အတိဒုက္ခအဆင့်ကျင့်ကြံသူများအား ရွယ်နေသောဓားရှည်က လျှို့ဝှက်တိမ်တောင်ကြား၏ အတွင်းပိုင်းသို့ တည့်တည့်ချိန်ထားသည်။

တောင်ကြားထဲမှ လူအားလုံးမှာ ဓားရှည်က ဘာလုပ်ရန်ကြိုးစားနေသည်ကို မသိသဖြင့် မှင်တက်သွားကြသည်။

အလေးအမြတ်ကျင့်ကြံသူဂိုဏ်းမှ စွမ်းအားကြီးသူများ၊ အစောင့်များရောက်လာကာ ဤကမ္ဘာရှိကျင့်ကြံသူအများစုက လျှို့ဝှက်တိမ်တောင်ကြားထဲ၌ သိပ်သည်းစွာစုဝေးနေကြစဉ်တွင် မင်းရန်ဓားရှည်ထံမှ အလင်းတန်းကကြီးမားလာပြီး လျှို့ဝှက်တိမ်တောင်ကြားရှိ ဓားခန်းမကို ခွဲချလိုက်သည်။

တစ်ကမ္ဘာလုံးရှိ ကျင့်ကြံသူများအား အပြေးအလွှားရောက်လာစေခဲ့သော မှော်လက်နက်အမျိုးမျိုးနှင့် ဝိညာဉ်ဆေးဝါးများက မင်းရန်ဓားရှည်၏ချီစွမ်းအားဖြင့် အရိုက်ခံလိုက်ရပြီး ကောင်းကင်ပေါ်သို့ရုတ်တရက် လွင့်သွားကြသည်။

သူတို့အိပ်မက်မက်ခဲ့ရသော အရာများက သူတို့၏လက်တွင်းသို့ အလွယ်တကူရောက်လာသည်ကို တွေ့သောအခါ အတိဒုက္ခအဆင့် ကျင့်ကြံသူများနှင့် ရွှေတန်အဆင့် ကျင့်ကြံသူများ အခိုက်အတန့်မျှ မှင်တက်သွားသည်။ ထို့နောက် သူတို့သည် အလေးအမြတ်ကျင့်ကြံသူဂိုဏ်း၏ ကတိကို ချက်ချင်းသတိရသွားကာ လျှို့ဝှက်တောင်ကြားထဲ၌ ပြန့်ကြဲနေသောပစ္စည်းအမျိုးမျိုးကို အရူးအမူးကောက်ယူကြတော့သည်။

"ဒါ မကောင်းဆိုးဝါးအိုကြီးချင်းယွင် သုံးလေ့ရှိတဲ့ ဆေးမီးပြင်းဖိုပဲ။ အဲ့ဒါမှာ သူ့အငွေ့အသက် ရှိလိမ့်မယ်။"

"အာ။ ငါ ဒီကျောက်စိမ်းဖြူခွက်ကိုလည်း ယူသွားချင်တယ်..."

အချိန်ကိုက်ရောက်လာသော မျက်ခုံးဖြူဘိုးတော်မှာ ကျလာသော မှော်ပစ္စည်းများ၊ သက်စောင့်ဆေးများဖြင့် မျက်နှာတည့်တည့် ဖြတ်ရိုက်ခံလိုက်ရသည်။ သူက လက်ထဲမှ မှော်ကိရိယာများ၊ တောင်ကြားထဲ၌ နေရာအနှံ့ပြန့်ကြဲနေသော ပစ္စည်းအမျိုးမျိုးနှင့်တကွ များပြားလှသောကျင့်ကြံသူများအား ကြောင်ကြည့်နေမိသည်။ သူက အလေးအမြတ်ကျင့်ကြံသူဂိုဏ်းမှ ပေးထားသော ကတိကို တွေးမိကာ နှုတ်ခမ်းများတုန်လာသည်။ "သွားပြီ..."

ယခုအခါတွင် မူလစိတ်ဝိညာဉ်အား ရရန်အရည်အချင်းမှီသူက အရေအတွက်ရာကျော်နေပြီး သူတို့အားလုံးသည် ချင်းယွင်၏အငွေ့အသက်ပါသော ပစ္စည်းများကို ကိုင်ဆောင်ထားရာ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းမှာ မည်သူသည် တကယ့်ချင်းယွင်ဖြစ်သည်ဟု ဘယ်ခွဲခြားနိုင်မည်နည်း။ သူတို့အားလုံးကို မည်သို့သတ်ဖြတ်နိုင်မည်နည်း။

ထိုသို့သာဖြစ်သွားပါက စုမိသားစုကိစ္စနှင့်ပက်သက်၍ အလေးအမြတ်ကျင့်ကြံသူဂိုဏ်းအား မကျေမနပ်ဖြစ်နေသူများက များစွာဆန့်ကျင်ကြလိမ့်မည်။

အလေးအမြတ်ကျင့်ကြံသူဂိုဏ်းသားများမှာ တစ်ယောက်ပြီးတစ်ယောက်ကြည့်ရဆိုးလာသော်လည်း မကြာမီတွင် အလေးအမြတ်ကျင့်ကြံသူဂိုဏ်း၏ အစွန်အဖျားမှ အစောင့်များသည်လည်း ပစ္စည်းများကို အတူဝင်ကောက်ကြတော့သည်။ ဘယ်လိုပင်ဖြစ်ဖြစ် လူတိုင်းသည် မူလစိတ်ဝိညာဉ်အားပြန်ရယူကာ ကောင်းကင်ဘုံသို့ကြွမြန်းရန်အစီအစဉ်ရှိကြသည်။

ချင်းယွင်သည်လည်း ကောက်ယူဟန်ဆောင်နေသည်။ သူ၏ ဇာစ်မြစ်အားဖုံးကွယ်ရန်အတွက် ထပ်ကာထပ်ကာ စဉ်းစားပြီးနောက် အမြစ်ဖြတ်ချေမှုန်းသုတ်သင်သည့် ဓားရှည်အား တိုက်ရိုက်မကောက်ယူတော့ပေ။ ၎င်းကထင်ပေါ်လွန်းသည်။

သူကမှော်ကိရိယာတစ်ခုအားရကာ နောက်ပြန်ဆုတ်တော့မည့်အချိန်တွင် မျက်ခုံးဖြူဘိုးတော်က လေထဲ၌ မှင်တက်နေရာမှ သတိပြန်ဝင်လာသည်။ သူငုံကြည့်လိုက်သောအခါ စိတ်ဝိညာဉ်အခြေတည်စအဆင့်အောက်ကျင့်ကြံသူများသည်လည်း မှော်လက်နက်များအား ယူဝံ့သည်ကိုတွေ့ကာ အင်ကျီလက်အားခါယမ်းလိုက်သည်။

"စိတ်ဝိညာဉ်အခြေတည်စအဆင့်တောင်မရောက်သေးတဲ့ ကလေးက မှော်လက်နက်ကို ယူဖို့ကြိုးစားနေတယ်။ မင်းကလည်း မူလစိတ်ဝိညာဉ်ကို လိုချင်နေတာလား။"

တကယ်ဆိုလျှင် မျက်ခုံးဖြူဘိုးတော်၏ လုပ်ဆောင်ချက်က အဖြစ်အပျက်ကို ထိန်းချုပ်ရန်သာဖြစ်သည်။ စိတ်ဝိညာဉ်အခြေတည်စအဆင့်နှင့် အထက် ကျင့်ကြံသူများကပင် လုံလောက်သည်ထက်ပိုနေသည်။ အခြေခံအဆင့်နှင့် ရွှေတန်အဆင့်မှ အငယ်တန်းများ ပါလာပါက ပို၍ပရမ်းပတာဖြစ်သွားလိမ့်မည်။
"အိုး၊ သူတို့တောင် ကောက်လို့ရတာ ကျွန်တော်ကဘာလို့ကောက်လို့မရတာလဲ။ အကြီးအကဲက ကျွန်တော်တို့မူလကောင်းကင်ဂိုဏ်းမှာ အတိဒုက္ခအဆင့်ကျင့်ကြံသူမပါလာလို့ ကျွန်တော်တို့မူလကောင်းကင်ဂိုဏ်းသားတွေကို အနိုင်ကျင့်တာလား။" ချင်းယွင်က မျက်လုံးမှေးကြည့်နေပြီး ထိုအဖိုးကြီးနှင့် ကျင့်ကြံဆင့်ကွာခြားနေသည့်အတွက် သတ္တိမကြောင်နေပေ။

ဤပြန်လည်ချေပချက်ကိုကြားသောအခါ မျက်ခုံးဖြူဘိုးတော်က 'ဟမ့်' ခနဲတစ်ချက် လုပ်ကာ ထိုဂိုဏ်းသားငယ်ကို အနီးကပ်ကြည့်လိုက်သည်။

ချင်းယွင်၏အနောက်မှ ကျန်မူလကောင်းကင်ဂိုဏ်းသားများသည်လည်း စတင်၍ တီးတိုးပြောနေကြသည်။ "ဟုတ်တယ်။ ငါတို့ရဲ့အစ်ကိုကြီးယွင်ကို ဘာလို့ပစ်မှတ်ထားတာလဲ။"

"ယွင် ဟုတ်လား။ မင်းရဲ့ မျိုးရိုးနာမည်က ယွင်လား။ မင်းက မူလကောင်းကင်ဂိုဏ်းက ပါရမီရှင်ယွင်ချင်းများလား။" မျက်ခုံးဖြူနှင့်ဘိုးတော်က ရုတ်တရက်ထရယ်သည်။ " သတ္တိသိပ်ကောင်းတယ်။ ကြည့်ရတာ ငါက မင်းဆရာအစား ကောင်းကောင်းသင်ပေးရမဲ့ပုံပဲ။"

ဘာ ပါရမီရှင်လဲ။ ပါရမီရှင်ဆိုတာ သူတို့ရဲ့အလေးအမြတ်ကျင့်ကြံသူဂိုဏ်းမှာပဲ ရှိရမယ်။

ထိုယွင်ချင်းက သူတို့အလေးအမြတ်ကျင့်ကြံသူဂိုဏ်း၏ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့သည့်အတွက် ဤအငယ်တန်းများကို မူလစိတ်ဝိညာဉ်ကိစ္စတွင် ဝင်မစွက်ဖက်ရန် သတိပေးသည့်အနေဖြင့် ဤယွင်ချင်းအား ဥပမာပြ၍သတ်လိုက်မည်။

Continue Reading

You'll Also Like

3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
332K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
53.2K 5.3K 92
This fic is coherence of system one o six. So you should read System one o six (Season1). It has in my profile so you can check and read it. Love you...
424K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...