伪装学渣
Wei Zhuang Xue Zha
UNICODE
ငါက အဲ့လိုလူမဟုတ်ဘူး
ရှဲ့ယွီ၏ အကုန်တိတ်ဆိတ်သွားအောင်လုပ်နိုင်တဲ့အရည်အချင်းကတော့ ပထမတန်းစားပင်။ လွန်လွန်ကျူးကျူးကို အေးစက်စက်နိုင်သည့်အပြုံးအီမိုဂျီပို့လာတာကစလို့ ထွက်ပေါ်လာတိုင်း နောက်ကလိုက်စကားဆက်ဖို့ရာက ဟယ့်ကျောင်းသာလျှင်တတ်နိုင်ပြီး ကျန်သူများကတော့ဖြင့်မတတ်နိုင်။
Groupကြီးတစ်ခုလုံး ချက်ချင်းပဲတိတ်ဆိတ်လို့သွားလျက် မိနစ်အနည်းငယ်ကျော်သွားသည့်တိုင် မည်သူမှစကားမဆိုကြတော့။
[လျှိုချွိင်ဟောက်] : . . . . . .
[ဝမ့်သာ] : . . . . . .
[လော်ဝိန်ချန်] : . . . . . .
ရွှီကျင့်တစ်ယောက်သာလျှင် စောနကတင်တရစပ်ပြောနေကြသည့်လူတွေက ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီးငြိမ်ကျသွားကြသလဲအား နားမလည်ရှိရရင်း တစ်ခွန်းလှမ်းမေးလာပါသည် - အစ်ကိုယွီ နင်ကဘယ်လိုသိတာလဲ?
ရှဲ့ယွီသည် ပို့တုန်းကများများစားစားမတွေးမိလိုက် ၊ ဟယ့်ကျောင်း၏အဲ့အမှတ်ကလေးကြောင့်နဲ့ ထိုအုပ်စုစိတ်လှုပ်ရှားတက်ကြွနေတာကိုမြင်ပြီး စိတ်အေးလက်အေးပင်ရှိလာလျက် လောကဝတ်အရစာတစ်ကြောင်းပြန်လိုက်ပြီးကာမှ ကိုယ်တိုင်လည်းမူမမှန်သလိုခံစားလာရသည်။
". . . . . ."
ရှဲ့ယွီသည် လက်ဖြင့်မျက်နှာအားအုပ်ကွယ်လိုက်ရင်း ကိုယ့်ကိုယ်ကိုယ်တစ်ချက်ကျိန်ဆဲမိ၏။
ဝမ့်သာမှာ ပြောပြီးတာနှင့် စိတ်နှစ်ပြီးဂိမ်းသွားဆော့မလိုလုပ်နေတုန်းမှာပဲ ရှဲ့ယွီ၏ထိုစာကြောင်းကထွက်ပေါ်လာရာ လက်ပင်တုန်ပြီးဂိမ်းထဲမှနေထွက်မိတော့မလိုရှိသည်။
သူသည် ရွှီကျင့်ပြောလာသည်ကိုကြည့်ရင်း စိတ်ထဲမှနေအသံတိတ်အော်ဟစ်မိ၏ - သူကသေချာပေါက်သိမှာပေါ့!
ပြောမရဘူး ရေအတူတူချိုးကြတာတောင်ဖြစ်နိုင်သေးတယ်!
အဲ့ဒီနှစ်ယောက်. . . . . . အဲ့နှစ်ယောက်. . . . . . သတိလေးထားမနေနိုင်ကြဘူးလား ၊ ပေါ်တင်ကြီးတွေကိုချနေတော့တာဟေ့။
အတော်ကြာတိတ်ဆိတ်လျက်ရှိနေပြီးနောက် လျှိုချွိင်ဟောက်ကအရင်ဆုံးအသိပြန်ကပ်ကာ လော်ဝိန်ချန်ကခပ်သွက်သွက်နောက်ကလိုက်သည်။
[လျှိုချွိင်ဟောက်] : ဘာလို့ဆို သူတို့က ညီအစ်ကိုအရင်းကြီးတွေလိုကိုဖြစ်နေလို့လေ။
[လော်ဝိန်] : မှန်တယ် ၊ ငါတောင် ဟောက်ကျစ်ဘယ်အချိန်ဘယ်လိုရေချိုးလည်းသိတယ် ၊ ပျမ်းမျှအားဖြင့် နှစ်ရက်မှာရေတစ်ခါချိုးတယ် ၊ တစ်ခါချိုး(၁၀)မိနစ် ၊ အချိန်ကတော့ ပုံမှန်ဆိုည(၈)နာရီနဲ့(၉)နာရီကြားပဲ။
[ရှဲ့ယွီ] : . . . . . .
[ဝမ့်သာ] : မင်းတို့တယ်ဟုတ်တာပဲ။
[ရွှီကျင့်] : ⊙ 0 ⊙
စကားလမ်းကြောင်းမှာ 'ရေချိုး'တဲ့အကြောင်းတခဏရောက်သွားခဲ့ပြီးနောက် ခဏချင်းတွင်းပဲ 'နောက်ဆုံးစာမေးပွဲအမှတ်စာရင်း'ထံပြန်ရောက်လို့သွားသည်။ ဟယ့်ကျောင်းရေချိုးပြီးလို့ရောက်လာချိန်မှာတော့ အခန်း(3)ကျောင်းသားများမှာ မည်သို့မည်ပုံအောင်ပွဲခံဖို့ရာ ဆွေးနွေးနေကြပြီဖြစ်သည်။
[ဟယ့်ကျောင်း] : ဘာအောင်ပွဲခံမှာလဲ?
ထိုအောင်ပွဲခံရခြင်းရဲ့ အကြောင်းအရင်းက ထူးဆန်းသလိုခံစားရသော်ငြား ရှဲ့ယွီသည် ခေါင်းငုံ့စာရိုက်၍ စာပြန်လိုက်ပါသည် - မင်းသင်္ချာ(၄၉)မှတ်ရတာကို ဂုဏ်ပြုမလို့တဲ့။
[လျှိုချွိင်ဟောက်] : ငါးဆယ်နားကပ်နေမှာတော့ အမှတ်(၅၀)ပဲပေါ့ ၊ အစ်ကိုကျောင်း မင်းကြမ်းလှချည်လား ၊ ဒါကမင်းဘဝသစ်စတင်လိုက်တာပဲ။
[ဟယ့်ကျောင်း] : . . . . . . ထမင်းလိုက်ကျွေးစေချင်တာဆိုလည်း တဲ့တိုးသာပြောစမ်းပါ။
[လျှိုချွိင်ဟောက်] : သဘောပေါက်သားပဲ!
[လျှိုချွိင်ဟောက်] : ငါဖြင့်အရိပ်အမြွက်တောင်မပြောရသေးဘူး မင်းကကြိုတောင်သိနေတယ်။
ဟယ့်ကျောင်း အမှတ်များများရလို့ဆိုသည်မှာ အကြောင်းပြချက်သက်သက်သာလျှင်ဖြစ်၏ ၊ အခန်း(3)ကျောင်းသားများမှာ ဒါကိုအကြောင်းပြပြီး ထွက်လည်ချင်တာကမှအစစ်အမှန်ပင်။ ကျောင်းပိတ်ပြီးနောက် အိမ်ထဲပဲအောင်းနေကြရတာ ငြီးငွေ့လာရပြီး အတန်းထဲရှိစည်းစည်းကားကားအခြေအနေကိုလည်း လွမ်းလာကြသည်။
ဤသို့ဖြင့် သူတို့လည်းအချိန်ရွေးကာ ရက်အားသဘက်ခါဟုသတ်မှတ်ပြီး ဆုံကြဖို့ရန်ဆုံးဖြတ်လိုက်ကြပါသည်။
ရှဲ့ယွီသည်လည်း နောက်နှစ်ရက်ထဲတခြားဘာကိစ္စမှမရှိ၍ ရွေးလိုက်ကြသည့်အချိန်အား ငြင်းစရာမရှိပါ။
ရှဲ့ယွီ မဒမ်ကုထံအပြင်သွားဖို့ကိစ္စပြောချိန်၌ သူ(မ)မှာသိုလှောင်ခန်းထဲ ပစ္စည်းတွေစီလို့နေသည်။
ကုရွှယ်လန်မှာ အဖြူရောင်သိုးမွေးအင်္ကျီဝတ်လို့ထားပြီး မကြာသေးခင်ကမှမီးဖိုခန်းထဲကထွက်လာ၍ ခါးထက်၌အေပရွန်ပတ်လို့ထားလျက် သိုလှောင်ခန်းအတွင်ခြေဖျားထောက်ကာပစ္စည်းရှာနေ၏။
"ဘာလဲ?"
ရှဲ့ယွီ ဆိုလိုက်၏။
"ကျွန်တော်အပြင်သွားမလို့ ညစာအိမ်မှာမစားတော့ဘူး။"
"ဘယ်သွားမလို့လဲ?"
ကုရွှယ်လန်က သေတ္တာထဲမှနေဓာတ်ပုံအယ်လဘမ်တစ်အုပ်အားထုတ်ယူလိုက်ပြီး ဘေးတွင်ချထားရင်းမှ လှည့်ကြည့်လို့လာသည်။
"ငါ မင်းကိုစာများများဖတ်ခိုင်းထားတာ ဒီရက်ပိုင်းထဲဖတ်ပြီးပြီလား ၊ တစ်နေ့တစ်နေ့အခန်းထဲအောင်းပြီး ဘာတွေလုပ်နေမှန်းမသိဘူး. . . . . ."
သိုလောင်ခန်းအတွင်း၌ အများစုကပစ္စည်းဟောင်းများသာ။
လွန်ခဲ့တဲ့(၃)နှစ် ဟေးရွှေလမ်းမှပြောင်းလာစဉ်က ပစ္စည်းတော်တော်များများမှာအသုံးလည်းမဝင်တော့ပေမယ့် ပစ်ရမှာလည်းနှမြော၍ အကုန်လုံးထိုအထဲသာထည့်လို့ထားထားလိုက်သည်။ ရှဲ့ယွီသည် မဒမ်ကုလက်ထဲကအယ်လဘမ်အဟောင်းကိုကြည့်ရင်းမှ ပြောင်းလာကစအချိန်က သူထိုသိုလှောင်ခန်းထဲသို့ မကြာခဏလာဖြစ်ကြောင်းသတိရမိလာ၏။
အသားကိုမကျဘူး ၊ နည်းနည်းလေးမှအသားမကျ။
ကျုံးကျယ်မှာ သူ့အားမျက်ထောက်နီဖြင့်ကြည့်လျက် အော်ကာပြောလာသည်။
"မင်းထွက်သွား ဒါကငါ့အိမ်။"
သူသည် ကျုံးကျယ်ကိုပတ်ရှောင်ရင်း အဆုံးမှာတော့ထိုသိုလှောင်ခန်းထဲတွင်သာ ရှောင်နေမိ၏။ တံခါးကိုမှီကာအောက်သို့ထိုင်ချရင်း အဝတ်ဖြူအုပ်ထားသည့်ပစ္စည်းဟောင်းများကိုကြည့်ကာ ကြက်သေသေနေမိခဲ့သည်။
တစ်ခါတစ်ရံလည်း အရင်ကပစ္စည်းများကိုပြန်ရှာကြည့်ရင်းမှ သာ့လေသူ့အားလာရှာပြီး လေမား(သာ့လေအမေ) လက်မှတ်အားအတုထိုးခိုင်းလေသည့်စာမေးပွဲစာရွက်နှင့် သာ့မေတစ်ယောက်သွားခါနီးတွင် သူ့အတွက်ရေးပေးသွားသည့် 'ကျောင်းသားဘဝမှတ်တမ်း'ဆိုသည်တို့အား ပြန်ရှာတွေ့၏။
--- --- ရှဲ့ဘော့စ် နေ့ရက်တိုင်းပဲပျော်ရွှင်ပါစေ!
ရှဲ့ယွီသည် ခဏမျှငြိမ်နေပြီးမှ ပြောလိုက်သည်။
"ကျောင်းသားတွေ့ဆုံပွဲ။"
ကုရွှယ်လန်မှာ ထိုသို့အတန်းလှုပ်ရှားမှုပွဲများကိုတော့ အလွန်အားပေးလေပြီး ရှဲ့ယွီအားလည်း အပြင်များများထွက်ကာလူအများနှင့်တွေ့ဆုံစကားတွေပြောစေချင်၏ ၊ အိမ်ထဲပဲအောင်းဘာတွေလုပ်နေမှန်းမသိတာထက်စလျှင် ပိုလည်းကောင်းသည်။
မဒမ်ကုမှာ ဘယ်အတန်းဖော်တွေပါမှာလဲမေးလာပြီးနောက်မှာတော့ ဂရုစိုက်ဖို့အထပ်ထပ်မှာကြားလာသည်။
"လည်ပတ်တာအရမ်းလည်းနောက်မကျနဲ့ ၊ အတန်းဖော်တွေနဲ့ ကောင်းကောင်းပေါင်း ၊ ပြဿနာပေါ်ရင် စိတ်အေးအေးထားပြီးတွေး ၊ မင်းလည်းအရွယ်ရောက်နေပြီ ပြဿနာကိုဖြေရှင်းရာမှာ နည်းနည်းပါးပါးရင့်ကျက်တော့ မဆိုင်းမတွမလုပ်နဲ့. . . . . ."
ရှဲ့ယွီသည် ဘောင်းဘီအိတ်ကပ်ထဲ လက်ထိုးထားရင်းမှ 'အင်း'တစ်ခွန်းသာပြန်ဖြေလိုက်ပါသည်။
ကြည့်တာနဲ့ သေချာနားမထောင်မှန်းသိ၍ ကုရွှယ်လန်လည်း သက်ပြင်းသာချကာ ဆက်မပြောတော့။
ကုရွှယ်လန်သည် အရင်ကပစ္စည်းတို့ကိုပြန်ရှာနေခြင်းဖြစ်သည်။ ချက်လက်မှတ်စာအုပ်ထက် ဘဏ်နံပါတ်မှတ်ထားသည်ကို အမှတ်ရ၍ ရှာပေမယ့်ရှာလို့မတွေ့ဘဲ သေတ္တာထဲမွှေနောက်ရင်းမှ ရှဲ့ယွီငယ်ငယ်ကဓာတ်ပုံအယ်လဘမ်ကိုသာတွေ့မိသည်။
ရှဲ့ယွီအပြင်ထွက်သွားချိန်မှာတော့ သူသည်ငုံ့၍ ဓာတ်ပုံအယ်လဘမ်အားလှန်မိ၏ ၊ ပထမဆုံးပုံမှာဆို ရှဲ့ယွီမွေးခါစတုန်းကရိုက်ထားသည့်ပုံပင်။
မျက်မှောင်ကုတ်ကုတ် ရှုံ့မဲ့မဲ့ကလေးဖြင့် ပုခက်ထဲမှာဖြစ်သည်။
ဓာတ်ပုံ၏ညာဘက်အောက်ထောင့်နားတွင်တော့ အနက်ရောင်မင်စိုဖြင့်ညီညီညာညာရေးလို့ထားထား၏ - ၃ လပိုင်း ၁၄ရက် ၊ မနက်(၂)နာရီ။
ကုရွှယ်လန်သည် ခဏမျှကြည့်ရင်းမှ အမှတ်မဲ့ဖြင့်မီးဖိုခန်းထဲစွပ်ပြုတ်အိုးတည်ထားသည်ကိုပင်မေ့ကာ တစ်ရွက်ပြီးတစ်ရွက်လှန်ရင်း အယ်လဘမ်တစ်ခုလုံးပြန်လို့ကြည့်မိသည်။
သူသည်ကြည့်ပြီးနောက် အယ်လဘမ်ကိုပြန်ထားရင်းမှ အမှတ်တမဲ့ဖြင့်အောက်ဆုံးက စက္ကူပုံးအားထိမိသွား၏။
စက္ကူးပုံးထဲ၌ အရင်မူလတန်းအလယ်တန်းတို့ကစာအုပ်တွေရှိပြီး မျက်နှာဖုံးထက်၌ 'ရှဲ့ယွီ'ဟူသည့်စာလုံးနှစ်လုံးအား လှလှပပရေးထိုးလို့ထားသည်။ စာအုပ်ကြားထဲ၌ စာမေးပွဲအဖြေလွှာတချို့ပင်ညှပ်လျက်ရှိသည်။
ကုရွှယ်လန်မှာကြည့်ရင်း အာရုံကလွင့်လို့နေရာ အိမ်အကူရဲ့တံခါးခေါက်၍ သူ့အားအော်ခေါ်နေသံကိုပင် မကြားမိ။
အရင်တုန်းကဆို ရှဲ့ယွီ၏အဆင့်မှာမဆိုးလှပဲရှိသော်ငြား ဟေးရွှေအလယ်တန်းကျောင်း၏ သင်ကြားရေးကညံ့လွန်းလှသည်--- --- ဟေးရွှေလမ်းရှိလူများမှာ အလယ်တန်းအားသက်မွေးမှုအတွက်သာမှတ်ယူပြီး တက်တူးထိုး၊ ဆေးလိပ်သောက် ၊ အရက်သောက် ၊ ဆံပင်တွေဆေးဆိုးဖြင့် ပုံစံတွေအားလုံးတစ်ထေရာတည်း။
ကျောင်းထဲ၌ စာကောင်းကောင်းလုပ်တဲ့သူဆိုလို့ ဘယ်လောက်မှမရှိ ၊ ဟေးရွှေအလယ်တန်းကျောင်း ကျောင်းပေါက်ဝ၌ ရှဲ့ယွီကိုသွားကြိုတိုင်း ရှဲ့ယွီလျှောက်ထွက်လာသည်နှင့်အတူ အနားတစ်ဝိုက်ကအုပ်စုလိုက်ရဲ့လွယ်အိတ်ပင်မပါဘဲ လက်ကြားထဲ၌စီးကရက်ညှပ်ကာ ထွက်လာကြသည့်ကလေးတွေကိုပါ မြင်တွေ့ရသည်။
သူ(မ)မနည်းပဲတွေးခဲ့ဖူး၏ ၊ ရှဲ့ယွီအားဒီနေရာကနေစောစောခေါ်ထုတ်ပြီး ပိုမိုကောင်းမွန်တဲ့ပတ်ဝန်ကျင်အနေအထားမျိုးအားပေးရန်. . . . . .
ကုရွှယ်လန်၏အကြည့်တို့က ထိုစာအုပ်များထံဝေ့ကြည့်ရင်းမှ အရင်ကအချိန်တွေကိုပြန်လို့အောက်မေ့မိရသည်။
သူ(မ)သည် အတော်ကြာတွေဝေနေခဲ့ပြီးမှ တဖန်သက်ပြင်းကိုချကာ စာအုပ်များအားသေချာပြန်စီ၍နေရာတကျပြန်ထားလိုက်ပါ၏။
ရှဲ့ယွီတစ်ယောက် မြေအောက်ရထားဂိတ်မှထွက်လာပြီး ခဏမျှလျှောက်လှမ်းပြီးချိန်၌ ဘယ်ကိုသွားရမည်မှန်းသိပ်မမှတ်မိတော့၍ ဖုန်းကိုထုတ်ကာလမ်းညွှန်အားကြည့်ရန်ပြင်ခိုက်မှာပဲ ဟယ့်ကျောင်းပို့လို့ထားသည့်စာအားမြင်မိသည်။
-ဘယ်ရောက်ပြီလဲ?
-ကျန်းပေလမ်း။
ဟယ့်ကျောင်းက ခပ်သွက်သွက်ပဲစာပြန်လို့လာသည်။
-ကိုယ်လာကြိုမယ်။
အခန်း(3)ကအုပ်စုမှာ ဆုံကြမည့်နေရာအားသတ်မှတ်ရွေးချယ်ရာ၌ Aမြို့မြေပုံကိုသာအလေးထားရွေးလိုက်ကြပြီး လာမည့်သူများအားလုံး၏အိမ်နေရာအသီးသီးကိုပါမြေပုံထက်မှတ်သားကာ နောက်ဆုံးရှုပ်ရှုပ်ပွပွမျဉ်းတွေဆက်ဆွဲလို့ အားလုံးနှင့်နီးမည့်နေရာအားရှာဖွေပြီးသတ်မှတ်လိုက်ပါ၏ -
ဒီနေရာပဲဘော်ဒါတို့ ၊ ဖျော်ဖြေရေးလမ်းလိုခေါ်တာပဲ ငါတို့အားလုံးတစ်ယောက်မှမရောက်ဖူးတော့ လည်လို့ကောင်းမကောင်းတော့မသိဘူး. . . . . .
ဟယ့်ကျောင်းက ရောက်တာစောပြီး ဆုံကြမည့်နေရာမှာပင် လျှိုချွိင်ဟောက်တို့နှင့်စကားပြောရင်း ကြားထဲလည်းဖုန်းကိုခဏခဏငုံ့ကြည့်နေမိသည်။ မက်ဆေ့ချ်မှစာပြန်လာသည်ကိုတွေ့ချိန်မှာတော့ ပါးစပ်ထဲကိုက်ထားသည့် ချိုချဉ်တုတ်တံအားထုတ်ကာ အမှိုက်ပုံးထဲပစ်ထည့်လိုက်ပြီး ထရပ်ကာဆိုလိုက်ပါသည်။
"ငါ လောင်ရှဲ့ကိုသွားကြိုလိုက်ဦးမယ်။"
လျှိုချွိင်ဟောက်တို့တစ်တွေမှာတော့ ဖုန်းထဲမှနေ အနီးအနားလည်လို့ကောင်းမည့်နေရာတို့ကိုရှာရင်း ကော်ဖီဆိုင်လေးထဲ အနွေးဓာတ်ရအောင်စုထိုင်နေကြရာမှ ထိုစကားအားကြားချိန်မှာတော့ မော့ပင်မကြည့်ဘဲပြောလိုက်တော့သည်။
"အင်းပါ အင်းပါ မင်းရဲ့လောင်ရှဲ့ကိုသာ သွားကြိုချေပါ။"
လော်ဝိန်ချန် : "ပြန်လာပြီး ငါတို့အတွက်ပိုက်ဆံရှင်းပေးဖို့လည်း သတိရဦးနော်။"
ဝမ့်သာ : "လောင်ရှဲ့ရှိသွားပြီဆိုတာနဲ့ ဘော်ဒါတွေကိုမေ့မပစ်လိုက်နဲ့ဦး။"
'မင်းရဲ့လောင်ရှဲ့' ဆိုသည့်လေးလုံးက အသုံးဝင်သွားမှန်းသိသာလှ၏ ၊ ဟယ့်ကျောင်းမှာ ရယ်လျက် တံခါးကိုတွန်းဖွင့်ပြီးထွက်လို့သွားသည်။
"ငါကအဲ့လိုလူမို့လို့လား။"
အားလုံးလိုလိုမှာ နှစ်သစ်ကူးဖို့အတွက်ပြင်ဆင်နေကြပြီး လမ်းမထက်၌လူတွေများပြားလျက်ရှိ၏။ လမ်းဘေးက အင်္ကျီဆိုင်တချို့မှာ သီချင်းတို့ဖွင့်ထားလျက် တစ်ဆိုင်နှင့်တစ်ဆိုင်သီချင်းအမျိုးအစားမတူသည့်ကြာ ဘယ်ဆိုင်ကမှန်းမသိသည့် 'တစ်ဆိုင်လုံး20% လျှော့စျေး'ဆိုသည့်အသံကိုပါကြားနေရသည်။
ရှဲ့ယွီဘယ်နှစ်လှမ်းမှမလျှောက်ရသေး ရှေ့စီမှနေဟယ့်ကျောင်းလျှောက်လှမ်းလာသည်အား တွေ့မြင်လိုက်ရပါသည်။
ထိုလူမှာ ယနေ့တွင်တော့ကုတ်အင်္ကျီဝတ်လို့ထားပြီး ပုံပန်းသွင်ပြင်ကထင်းထွက်နေရာ လူအုပ်ထဲ၌ တစ်ချက်ကြည့်တာနှင့် မြင်တွေ့ရ၏။
ထို့နောက်တွင်တော့ ဟယ့်ကျောင်းနှုတ်ခမ်းပါးထက် အပြုံးတို့ဖြစ်ထွန်းလာလျက် အကြည့်တို့က ရှဲ့ယွီထံဆိုက်ရောက်ခိုက်မှာပဲ မျက်ဝန်းအရောင်တို့သည်လည်း ရွှန်းလဲ့လာကာ ရှဲ့ယွီထံလက်နှစ်ဖက်ကိုခပ်ကျယ်ကျယ်ဖွင့်ဟ၍ကြိုဆိုသည်။
"တစ်ခါလောက်ဖက်ပါဦး?"
ဘေးဘီ၌လူတွေများကာ ဟယ့်ကျောင်းကားထင်းထွက်လျက်ရှိ၍ ဖြတ်သွားဖြတ်လာများမှာဆို အမှတ်မဲ့သူတို့ရှိရာဘက် လှမ်းလှမ်းကြည့်သွားကြ၏။
ရှဲ့ယွီမှာ အဲ့လောက်အကဲပိုတဲ့အပြုအမူတွေလုပ်လို့မထွက် ၊ တံခါးနဲ့ခေါင်းနဲ့ချပြီးဦးနှောက်ချောင်မှပဲ ဖက်ရင်ဖက်ဖြစ်ဦးမည်ဖြစ်၍ ယခုတွင်တော့ ချက်ချင်းပဲလှမ်းကန်လိုက်ပါသည်။
"ဝေးဝေးသွား။"
ရှဲ့ယွီမှာ အတည်ကြီးတော့မကန်ပါ ၊ နေရာနည်းနည်းခြားပြီး ကန်ဟန်သာပြုလာပြီးနောက် မညှာမတာဘဲ ချစ်သူကောင်လေးအားချန်ထားရစ်ပြီး ရှေ့သို့လျှောက်လို့သွားသည်။
ဟယ့်ကျောင်းသည် ပြုံးလျက်ဖြင့် နောက်မှလိုက်၏။
"ကလေးလေး အဲ့လောက်ရက်စက်ရလားကွာ မင်းရင်မနာဘူးလား။"
ရက်စက်လှသည့်ကလေးလေးမှာ နှစ်လှမ်းမျှလျှောက်ပြီးနောက်တွင် ခြေလှမ်းတို့ကတုံ့နှေးသွားလျက် လက်အားနောက်သို့ဆန့်ကာ အသိမပေးဘာမပေးဖြင့် ဟယ့်ကျောင်းလက်အားလှမ်းတွဲလာပါသည်။
ရှဲ့ယွီ၏လက်ချောင်းကလေးတွေက အေးစက်နေပြီး လာရောက်ထိစဉ်၌ရေခဲတုံးတမျှရှိပေမယ့် ထိုအအေးဓာတ်ကလေးမှာ ဖြည်းဖြည်းချင်းနှင့်ပင် သူ့လက်ဖမိုးထက်ပျံ့လွင့်နွေးထွေးလို့လာ၏။
လမ်းမထက်၌ လူတွေသွားသွားလာလာဖြင့် ခပ်သုတ်သုတ်လျှောက်လှမ်းနေကြသည်။
နှစ်သစ်ကူးနီးကပ်လာပြီဲဖြစ်၍ ကုန်သွယ်လမ်းတစ်လျှောက်လုံး မီးပလုံးများပန်းဆိုင်းများဖြင့် တန်ဆာဆင်ထားပြီး ဆိုင်၏အရှေ့မျက်နှာစာ ပြတင်းမှန်များထက်လည်း နှစ်ချိုးဆက်စာတမ်းများကပ်လို့ထားကြပြီဖြစ်သည်။ မြင်ကွင်းတစ်ခုလုံး အနီရောင်ဖြင့်အပြည့်လွှမ်းခြယ်ထား၏ ၊ အပူချိန်ကလည်းလျှော့ကျလွန်းနေ၍ သွားလာနေကြလူများ၏ပါးစပ်မှနေ အဖြူရောင်အခိုးအငွေ့လေးများထွက်လျက်ရှိသည်။
နှစ်ဦးသားမှာ ထိုအတိုင်းလက်ချင်းတွဲထားလျက်ဖြင့်ပဲ လျှောက်လာခဲ့ကြ၏။
တစ်ဝက်ခန့်မျှလျှောက်လာအပြီးမှာတော့ ဟယ့်ကျောင်းခြေလှမ်းတို့ တုံ့နှေးလာသည်ကို ရှဲ့ယွီသတိထားမိပေမယ့် မသိကျိုးကျွံသာပြုထားလျက်မှ မေးလိုက်ပါသည်။
"ဟောက်ကျစ်တို့ရောက်နေကြပြီလား?"
"သူတို့ကအစောကတည်းက ရောက်နေကြတာ. ."
ဟယ့်ကျောင်းက တွဲထားသည့်သူ့လက်အား ခပ်တင်းတင်းဆုပ်ကိုင်လို့လာသည်။
"ကိုယ်ရောက်တော့ အားကစားကိုယ်စားလှယ်ဆို ကော်ဖီသောက်တာလေးခွက်မြောက်ရောက်နေပြီ။"
လော်ဝိန်ချန်မှာ အရင်ကတည်းက စားနိုင်သူဖြစ်ပြီး စားကောင်းသောက်ကောင်းတွေအလကားစားဖို့အခွင့်သာကြုံပါက ထိုအတွက်တမင်ကိုမျိုစို့ဖို့နေရာချန်လို့ထားထားသည်။ ရှဲ့ယွီသည် ရယ်ရမလိုငိုရမလိုဖြင့် လှမ်းမေးမိ၏။
"သူမနေ့က ထမင်းမစားထားဘူးနဲ့တူတယ်။"
ဟယ့်ကျောင်း : "ကိုယ်ကြည့်ရတာတော့ ဒီတစ်ခေါက်သူထမင်းမစားထားရုံတင်မကဘူး ရေတောင်မသောက်ထားဘူးနဲ့တူတယ်။"
". . . . . ."
ကော်ဖီဆိုင်မှာ ရှေ့နားကလေးတင်ဖြစ်၏ ၊ ဟယ့်ကျောင်းမှာ လျှောက်နေရင်းနဲ့ရုတ်တရက်ကြီးရပ်ချပစ်၍ ရှဲ့ယွီမှာ 'ဘာလုပ်တာလဲ'မေးမည်အပြုမှာပဲ ချစ်သူကောင်လေး၏အလေးအနက်ဆိုလာသံအား ကြားလိုက်ရပါသည်။
". . . . . . ကိုယ်တို့ အဲ့ကောင်တွေကိုထားပစ်ခဲ့ရင်ရော။"
လော်ဝိန်ချန်တစ်ယောက် ငါးခွက်မြောက်ကော်ဖီအားမှာနေချိန်၌ သွားခါနီးသူတို့အား 'ငါကအဲ့လိုလူမျိုးမဟုတ်ဘူး' ဟုအတည်ပေါက်ပြောသွားသည့် ဟယ့်ကျောင်းမှာဆို တကယ်ပဲသူတို့ကိုထားပစ်ခဲ့ဖို့တွေးနေလေကြောင်း မသိဘဲရှိကြသည်။
ရွှီချင်ချင်တို့မိန်းကလေးအုပ်စုကတော့ နောက်ကျမှရောက်လာကြပြီး တစ်စားပွဲထဲနေရာမလောက်၍ နောက်တစ်ဝိုင်းမှာပဲစုထိုင်ကာတိုင်ပင်နေကြသည်။
"ငါ့အထင်တော့ ဒီတစ်ခုမဆိုးဘူး ၊ ကြည့်ရတာ လည်လို့ကောင်းမယ့်ပုံပဲ။"
လော်ဝိန်ချန်မှာ ကော်ဖီအားအရသာခံသောက်လို့နေရင်းမှ သောက်ရင်းလျှိုချွိင်ဟောက်အား လှမ်းလို့ပြောလိုက်သည်။
"ဒီကော်ဖီတော်တော်မဆိုးဘူးပဲ အနံ့အရသာနဲ့ကြိုင်လှိုင်နေရော. . . . . . ဒါနဲ့ အစ်ကိုကျောင်းဘာလို့ပြန်မလာသေးတာပါလိမ့်? ပိုက်ဆံကရှင်းရတော့မှာ။"
ZAWGYI
အခန္း(၈၅)
ငါက အဲ့လိုလူမဟုတ္ဘူး
ရွဲ႕ယြီ၏ အကုန္တိတ္ဆိတ္သြားေအာင္လုပ္ႏိုင္တဲ့အရည္အခ်င္းကေတာ့ ပထမတန္းစားပင္။ လြန္လြန္က်ဴးက်ဴးကို ေအးစက္စက္ႏိုင္သည့္အျပံဳးအီမိုဂ်ီပို႔လာတာကစလို႔ ထြက္ေပၚလာတိုင္း ေနာက္ကလိုက္စကားဆက္ဖို႔ရာက ဟယ့္ေက်ာင္းသာလွ်င္တတ္ႏိုင္ၿပီး က်န္သူမ်ားကေတာ့ျဖင့္မတတ္ႏိုင္။
Groupႀကီးတစ္ခုလံုး ခ်က္ခ်င္းပဲတိတ္ဆိတ္လို႔သြားလ်က္ မိနစ္အနည္းငယ္ေက်ာ္သြားသည့္တိုင္ မည္သူမွစကားမဆိုၾကေတာ့။
[လွ်ိဳခၽြိင္ေဟာက္] : . . . . . .
[ဝမ့္သာ] : . . . . . .
[ေလာ္ဝိန္ခ်န္] : . . . . . .
ရႊီက်င့္တစ္ေယာက္သာလွ်င္ ေစာနကတင္တရစပ္ေျပာေနၾကသည့္လူေတြက ဘယ္လိုျဖစ္လို႔ ႐ုတ္တရက္ႀကီးၿငိမ္က်သြားၾကသလဲအား နားမလည္ရွိရရင္း တစ္ခြန္းလွမ္းေမးလာပါသည္ - အစ္ကိုယြီ နင္ကဘယ္လိုသိတာလဲ?
ရွဲ႕ယြီသည္ ပို႔တုန္းကမ်ားမ်ားစားစားမေတြးမိလိုက္ ၊ ဟယ့္ေက်ာင္း၏အဲ့အမွတ္ကေလးေၾကာင့္နဲ႔ ထိုအုပ္စုစိတ္လႈပ္ရွားတက္ႂကြေနတာကိုျမင္ၿပီး စိတ္ေအးလက္ေအးပင္ရွိလာလ်က္ ေလာကဝတ္အရစာတစ္ေၾကာင္းျပန္လိုက္ၿပီးကာမွ ကိုယ္တိုင္လည္းမူမမွန္သလိုခံစားလာရသည္။
". . . . . ."
ရွဲ႕ယြီသည္ လက္ျဖင့္မ်က္ႏွာအားအုပ္ကြယ္လိုက္ရင္း ကိုယ့္ကိုယ္ကိုယ္တစ္ခ်က္က်ိန္ဆဲမိ၏။
ဝမ့္သာမွာ ေျပာၿပီးတာႏွင့္ စိတ္ႏွစ္ၿပီးဂိမ္းသြားေဆာ့မလိုလုပ္ေနတုန္းမွာပဲ ရွဲ႕ယြီ၏ထိုစာေၾကာင္းကထြက္ေပၚလာရာ လက္ပင္တုန္ၿပီးဂိမ္းထဲမွေနထြက္မိေတာ့မလိုရွိသည္။
သူသည္ ရႊီက်င့္ေျပာလာသည္ကိုၾကည့္ရင္း စိတ္ထဲမွေနအသံတိတ္ေအာ္ဟစ္မိ၏ - သူကေသခ်ာေပါက္သိမွာေပါ့!
ေျပာမရဘူး ေရအတူတူခ်ိဳးၾကတာေတာင္ျဖစ္ႏိုင္ေသးတယ္!
အဲ့ဒီႏွစ္ေယာက္. . . . . . အဲ့ႏွစ္ေယာက္. . . . . . သတိေလးထားမေနႏိုင္ၾကဘူးလား ၊ ေပၚတင္ႀကီးေတြကိုခ်ေနေတာ့တာေဟ့။
အေတာ္ၾကာတိတ္ဆိတ္လ်က္ရွိေနၿပီးေနာက္ လွ်ိဳခၽြိင္ေဟာက္ကအရင္ဆံုးအသိျပန္ကပ္ကာ ေလာ္ဝိန္ခ်န္ကခပ္သြက္သြက္ေနာက္ကလိုက္သည္။
[လွ်ိဳခၽြိင္ေဟာက္] : ဘာလို႔ဆို သူတို႔က ညီအစ္ကိုအရင္းႀကီးေတြလိုကိုျဖစ္ေနလို႔ေလ။
[ေလာ္ဝိန္] : မွန္တယ္ ၊ ငါေတာင္ ေဟာက္က်စ္ဘယ္အခ်ိန္ဘယ္လိုေရခ်ိဳးလည္းသိတယ္ ၊ ပ်မ္းမွ်အားျဖင့္ ႏွစ္ရက္မွာေရတစ္ခါခ်ိဳးတယ္ ၊ တစ္ခါခ်ိဳး(၁၀)မိနစ္ ၊ အခ်ိန္ကေတာ့ ပံုမွန္ဆိုည(၈)နာရီနဲ႔(၉)နာရီၾကားပဲ။
[ရွဲ႕ယြီ] : . . . . . .
[ဝမ့္သာ] : မင္းတို႔တယ္ဟုတ္တာပဲ။
[ရႊီက်င့္] : ⊙ 0 ⊙
စကားလမ္းေၾကာင္းမွာ 'ေရခ်ိဳး'တဲ့အေၾကာင္းတခဏေရာက္သြားခဲ့ၿပီးေနာက္ ခဏခ်င္းတြင္းပဲ 'ေနာက္ဆံုးစာေမးပြဲအမွတ္စာရင္း'ထံျပန္ေရာက္လို႔သြားသည္။ ဟယ့္ေက်ာင္းေရခ်ိဳးၿပီးလို႔ေရာက္လာခ်ိန္မွာေတာ့ အခန္း(3)ေက်ာင္းသားမ်ားမွာ မည္သို႔မည္ပံုေအာင္ပြဲခံဖို႔ရာ ေဆြးေႏြးေနၾကၿပီျဖစ္သည္။
[ဟယ့္ေက်ာင္း] : ဘာေအာင္ပြဲခံမွာလဲ?
ထိုေအာင္ပြဲခံရျခင္းရဲ႕ အေၾကာင္းအရင္းက ထူးဆန္းသလိုခံစားရေသာ္ျငား ရွဲ႕ယြီသည္ ေခါင္းငံု႔စာ႐ိုက္၍ စာျပန္လိုက္ပါသည္ - မင္းသခၤ်ာ(၄၉)မွတ္ရတာကို ဂုဏ္ျပဳမလို႔တဲ့။
[လွ်ိဳခၽြိင္ေဟာက္] : ငါးဆယ္နားကပ္ေနမွာေတာ့ အမွတ္(၅၀)ပဲေပါ့ ၊ အစ္ကိုေက်ာင္း မင္းၾကမ္းလွခ်ည္လား ၊ ဒါကမင္းဘဝသစ္စတင္လိုက္တာပဲ။
[ဟယ့္ေက်ာင္း] : . . . . . . ထမင္းလိုက္ေကၽြးေစခ်င္တာဆိုလည္း တဲ့တိုးသာေျပာစမ္းပါ။
[လွ်ိဳခၽြိင္ေဟာက္] : သေဘာေပါက္သားပဲ!
[လွ်ိဳခၽြိင္ေဟာက္] : ငါျဖင့္အရိပ္အႁမြက္ေတာင္မေျပာရေသးဘူး မင္းကႀကိဳေတာင္သိေနတယ္။
ဟယ့္ေက်ာင္း အမွတ္မ်ားမ်ားရလို႔ဆိုသည္မွာ အေၾကာင္းျပခ်က္သက္သက္သာလွ်င္ျဖစ္၏ ၊ အခန္း(3)ေက်ာင္းသားမ်ားမွာ ဒါကိုအေၾကာင္းျပၿပီး ထြက္လည္ခ်င္တာကမွအစစ္အမွန္ပင္။ ေက်ာင္းပိတ္ၿပီးေနာက္ အိမ္ထဲပဲေအာင္းေနၾကရတာ ၿငီးေငြ႕လာရၿပီး အတန္းထဲရွိစည္းစည္းကားကားအေျခအေနကိုလည္း လြမ္းလာၾကသည္။
ဤသို႔ျဖင့္ သူတို႔လည္းအခ်ိန္ေရြးကာ ရက္အားသဘက္ခါဟုသတ္မွတ္ၿပီး ဆံုၾကဖို႔ရန္ဆံုးျဖတ္လိုက္ၾကပါသည္။
ရွဲ႕ယြီသည္လည္း ေနာက္ႏွစ္ရက္ထဲတျခားဘာကိစၥမွမရွိ၍ ေရြးလိုက္ၾကသည့္အခ်ိန္အား ျငင္းစရာမရွိပါ။
ရွဲ႕ယြီ မဒမ္ကုထံအျပင္သြားဖို႔ကိစၥေျပာခ်ိန္၌ သူ(မ)မွာသိုေလွာင္ခန္းထဲ ပစၥည္းေတြစီလို႔ေနသည္။
ကုရႊယ္လန္မွာ အျဖဴေရာင္သိုးေမြးအကၤ်ီဝတ္လို႔ထားၿပီး မၾကာေသးခင္ကမွမီးဖိုခန္းထဲကထြက္လာ၍ ခါးထက္၌ေအပရြန္ပတ္လို႔ထားလ်က္ သိုေလွာင္ခန္းအတြင္ေျခဖ်ားေထာက္ကာပစၥည္းရွာေန၏။
"ဘာလဲ?"
ရွဲ႕ယြီ ဆိုလိုက္၏။
"ကၽြန္ေတာ္အျပင္သြားမလို႔ ညစာအိမ္မွာမစားေတာ့ဘူး။"
"ဘယ္သြားမလို႔လဲ?"
ကုရႊယ္လန္က ေသတၱာထဲမွေနဓာတ္ပံုအယ္လဘမ္တစ္အုပ္အားထုတ္ယူလိုက္ၿပီး ေဘးတြင္ခ်ထားရင္းမွ လွည့္ၾကည့္လို႔လာသည္။
"ငါ မင္းကိုစာမ်ားမ်ားဖတ္ခိုင္းထားတာ ဒီရက္ပိုင္းထဲဖတ္ၿပီးၿပီလား ၊ တစ္ေန႔တစ္ေန႔အခန္းထဲေအာင္းၿပီး ဘာေတြလုပ္ေနမွန္းမသိဘူး. . . . . ."
သိုေလာင္ခန္းအတြင္း၌ အမ်ားစုကပစၥည္းေဟာင္းမ်ားသာ။
လြန္ခဲ့တဲ့(၃)ႏွစ္ ေဟးေရႊလမ္းမွေျပာင္းလာစဥ္က ပစၥည္းေတာ္ေတာ္မ်ားမ်ားမွာအသံုးလည္းမဝင္ေတာ့ေပမယ့္ ပစ္ရမွာလည္းႏွေျမာ၍ အကုန္လံုးထိုအထဲသာထည့္လို႔ထားထားလိုက္သည္။ ရွဲ႕ယြီသည္ မဒမ္ကုလက္ထဲကအယ္လဘမ္အေဟာင္းကိုၾကည့္ရင္းမွ ေျပာင္းလာကစအခ်ိန္က သူထိုသိုေလွာင္ခန္းထဲသို႔ မၾကာခဏလာျဖစ္ေၾကာင္းသတိရမိလာ၏။
အသားကိုမက်ဘူး ၊ နည္းနည္းေလးမွအသားမက်။
က်ံုးက်ယ္မွာ သူ႔အားမ်က္ေထာက္နီျဖင့္ၾကည့္လ်က္ ေအာ္ကာေျပာလာသည္။
"မင္းထြက္သြား ဒါကငါ့အိမ္။"
သူသည္ က်ံုးက်ယ္ကိုပတ္ေရွာင္ရင္း အဆံုးမွာေတာ့ထိုသိုေလွာင္ခန္းထဲတြင္သာ ေရွာင္ေနမိ၏။ တံခါးကိုမွီကာေအာက္သို႔ထိုင္ခ်ရင္း အဝတ္ျဖဴအုပ္ထားသည့္ပစၥည္းေဟာင္းမ်ားကိုၾကည့္ကာ ၾကက္ေသေသေနမိခဲ့သည္။
တစ္ခါတစ္ရံလည္း အရင္ကပစၥည္းမ်ားကိုျပန္ရွာၾကည့္ရင္းမွ သာ့ေလသူ႔အားလာရွာၿပီး ေလမား(သာ့ေလအေမ) လက္မွတ္အားအတုထိုးခိုင္းေလသည့္စာေမးပြဲစာရြက္ႏွင့္ သာ့ေမတစ္ေယာက္သြားခါနီးတြင္ သူ႔အတြက္ေရးေပးသြားသည့္ 'ေက်ာင္းသားဘဝမွတ္တမ္း'ဆိုသည္တို႔အား ျပန္ရွာေတြ႕၏။
--- --- ရွဲ႕ေဘာ့စ္ ေန႔ရက္တိုင္းပဲေပ်ာ္ရႊင္ပါေစ!
ရွဲ႕ယြီသည္ ခဏမွ်ၿငိမ္ေနၿပီးမွ ေျပာလိုက္သည္။
"ေက်ာင္းသားေတြ႕ဆံုပြဲ။"
ကုရႊယ္လန္မွာ ထိုသို႔အတန္းလႈပ္ရွားမႈပြဲမ်ားကိုေတာ့ အလြန္အားေပးေလၿပီး ရွဲ႕ယြီအားလည္း အျပင္မ်ားမ်ားထြက္ကာလူအမ်ားႏွင့္ေတြ႕ဆံုစကားေတြေျပာေစခ်င္၏ ၊ အိမ္ထဲပဲေအာင္းဘာေတြလုပ္ေနမွန္းမသိတာထက္စလွ်င္ ပိုလည္းေကာင္းသည္။
မဒမ္ကုမွာ ဘယ္အတန္းေဖာ္ေတြပါမွာလဲေမးလာၿပီးေနာက္မွာေတာ့ ဂ႐ုစိုက္ဖို႔အထပ္ထပ္မွာၾကားလာသည္။
"လည္ပတ္တာအရမ္းလည္းေနာက္မက်နဲ႔ ၊ အတန္းေဖာ္ေတြနဲ႔ ေကာင္းေကာင္းေပါင္း ၊ ျပႆနာေပၚရင္ စိတ္ေအးေအးထားၿပီးေတြး ၊ မင္းလည္းအရြယ္ေရာက္ေနၿပီ ျပႆနာကိုေျဖရွင္းရာမွာ နည္းနည္းပါးပါးရင့္က်က္ေတာ့ မဆိုင္းမတြမလုပ္နဲ႔. . . . . ."
ရွဲ႕ယြီသည္ ေဘာင္းဘီအိတ္ကပ္ထဲ လက္ထိုးထားရင္းမွ 'အင္း'တစ္ခြန္းသာျပန္ေျဖလိုက္ပါသည္။
ၾကည့္တာနဲ႔ ေသခ်ာနားမေထာင္မွန္းသိ၍ ကုရႊယ္လန္လည္း သက္ျပင္းသာခ်ကာ ဆက္မေျပာေတာ့။
ကုရႊယ္လန္သည္ အရင္ကပစၥည္းတို႔ကိုျပန္ရွာေနျခင္းျဖစ္သည္။ ခ်က္လက္မွတ္စာအုပ္ထက္ ဘဏ္နံပါတ္မွတ္ထားသည္ကို အမွတ္ရ၍ ရွာေပမယ့္ရွာလို႔မေတြ႕ဘဲ ေသတၱာထဲေမႊေနာက္ရင္းမွ ရွဲ႕ယြီငယ္ငယ္ကဓာတ္ပံုအယ္လဘမ္ကိုသာေတြ႕မိသည္။
ရွဲ႕ယြီအျပင္ထြက္သြားခ်ိန္မွာေတာ့ သူသည္ငံု႔၍ ဓာတ္ပံုအယ္လဘမ္အားလွန္မိ၏ ၊ ပထမဆံုးပံုမွာဆို ရွဲ႕ယြီေမြးခါစတုန္းက႐ိုက္ထားသည့္ပံုပင္။
မ်က္ေမွာင္ကုတ္ကုတ္ ရႈံ့မဲ့မဲ့ကေလးျဖင့္ ပုခက္ထဲမွာျဖစ္သည္။
ဓာတ္ပံု၏ညာဘက္ေအာက္ေထာင့္နားတြင္ေတာ့ အနက္ေရာင္မင္စိုျဖင့္ညီညီညာညာေရးလို႔ထားထား၏ - ၃ လပိုင္း ၁၄ရက္ ၊ မနက္(၂)နာရီ။
ကုရႊယ္လန္သည္ ခဏမွ်ၾကည့္ရင္းမွ အမွတ္မဲ့ျဖင့္မီးဖိုခန္းထဲစြပ္ျပဳတ္အိုးတည္ထားသည္ကိုပင္ေမ့ကာ တစ္ရြက္ၿပီးတစ္ရြက္လွန္ရင္း အယ္လဘမ္တစ္ခုလံုးျပန္လို႔ၾကည့္မိသည္။
သူသည္ၾကည့္ၿပီးေနာက္ အယ္လဘမ္ကိုျပန္ထားရင္းမွ အမွတ္တမဲ့ျဖင့္ေအာက္ဆံုးက စကၠဴပံုးအားထိမိသြား၏။
စကၠဴးပံုးထဲ၌ အရင္မူလတန္းအလယ္တန္းတို႔ကစာအုပ္ေတြရွိၿပီး မ်က္ႏွာဖံုးထက္၌ 'ရွဲ႕ယြီ'ဟူသည့္စာလံုးႏွစ္လံုးအား လွလွပပေရးထိုးလို႔ထားသည္။ စာအုပ္ၾကားထဲ၌ စာေမးပြဲအေျဖလႊာတခ်ိဳ႕ပင္ညႇပ္လ်က္ရွိသည္။
ကုရႊယ္လန္မွာၾကည့္ရင္း အာရံုကလြင့္လို႔ေနရာ အိမ္အကူရဲ႕တံခါးေခါက္၍ သူ႔အားေအာ္ေခၚေနသံကိုပင္ မၾကားမိ။
အရင္တုန္းကဆို ရွဲ႕ယြီ၏အဆင့္မွာမဆိုးလွပဲရွိေသာ္ျငား ေဟးေရႊအလယ္တန္းေက်ာင္း၏ သင္ၾကားေရးကညံ့လြန္းလွသည္--- --- ေဟးေရႊလမ္းရွိလူမ်ားမွာ အလယ္တန္းအားသက္ေမြးမႈအတြက္သာမွတ္ယူျပီး တက္တူးထိုး၊ ေဆးလိပ္ေသာက္ ၊ အရက္ေသာက္ ၊ ဆံပင္ေတြေဆးဆိုးျဖင့္ ပံုစံေတြအားလံုးတစ္ေထရာတည္း။
ေက်ာင္းထဲ၌ စာေကာင္းေကာင္းလုပ္တဲ့သူဆိုလို႔ ဘယ္ေလာက္မွမရွိ ၊ ေဟးေရႊအလယ္တန္းေက်ာင္း ေက်ာင္းေပါက္ဝ၌ ရွဲ႕ယြီကိုသြားႀကိဳတိုင္း ရွဲ႕ယြီေလွ်ာက္ထြက္လာသည္ႏွင့္အတူ အနားတစ္ဝိုက္ကအုပ္စုလိုက္ရဲ႕လြယ္အိတ္ပင္မပါဘဲ လက္ၾကားထဲ၌စီးကရက္ညႇပ္ကာ ထြက္လာၾကသည့္ကေလးေတြကိုပါ ျမင္ေတြ႕ရသည္။
သူ(မ)မနည္းပဲေတြးခဲ့ဖူး၏ ၊ ရွဲ႕ယြီအားဒီေနရာကေနေစာေစာေခၚထုတ္ၿပီး ပိုမိုေကာင္းမြန္တဲ့ပတ္ဝန္က်င္အေနအထားမ်ိဳးအားေပးရန္. . . . . .
ကုရႊယ္လန္၏အၾကည့္တို႔က ထိုစာအုပ္မ်ားထံေဝ့ၾကည့္ရင္းမွ အရင္ကအခ်ိန္ေတြကိုျပန္လို႔ေအာက္ေမ့မိရသည္။
သူ(မ)သည္ အေတာ္ၾကာေတြေဝေနခဲ့ၿပီးမွ တဖန္သက္ျပင္းကိုခ်ကာ စာအုပ္မ်ားအားေသခ်ာျပန္စီ၍ေနရာတက်ျပန္ထားလိုက္ပါ၏။
ရွဲ႕ယြီတစ္ေယာက္ ေျမေအာက္ရထားဂိတ္မွထြက္လာၿပီး ခဏမွ်ေလွ်ာက္လွမ္းၿပီးခ်ိန္၌ ဘယ္ကိုသြားရမည္မွန္းသိပ္မမွတ္မိေတာ့၍ ဖုန္းကိုထုတ္ကာလမ္းၫႊန္အားၾကည့္ရန္ျပင္ခိုက္မွာပဲ ဟယ့္ေက်ာင္းပို႔လို႔ထားသည့္စာအားျမင္မိသည္။
-ဘယ္ေရာက္ၿပီလဲ?
-က်န္းေပလမ္း။
ဟယ့္ေက်ာင္းက ခပ္သြက္သြက္ပဲစာျပန္လို႔လာသည္။
-ကိုယ္လာႀကိဳမယ္။
အခန္း(3)ကအုပ္စုမွာ ဆံုျကမည့္ေနရာအားသတ္မွတ္ေရြးခ်ယ္ရာ၌ Aၿမိဳ႕ေျမပံုကိုသာအေလးထားေရြးလိုက္ၾကျပီး လာမည့္သူမ်ားအားလံုး၏အိမ္ေနရာအသီးသီးကိုပါေျမပံုထက္မွတ္သားကာ ေနာက္ဆံုးရႈပ္ရႈပ္ပြပြမ်ဥ္းေတြဆက္ဆြဲလို႔ အားလံုးႏွင့္နီးမည့္ေနရာအားရွာေဖြၿပီးသတ္မွတ္လိုက္ပါ၏ -
ဒီေနရာပဲေဘာ္ဒါတို႔ ၊ ေဖ်ာ္ေျဖေရးလမ္းလိုေခၚတာပဲ ငါတို႔အားလံုးတစ္ေယာက္မွမေရာက္ဖူးေတာ့ လည္လို႔ေကာင္းမေကာင္းေတာ့မသိဘူး. . . . . .
ဟယ့္ေက်ာင္းက ေရာက္တာေစာၿပီး ဆံုၾကမည့္ေနရာမွာပင္ လွ်ိဳခၽြိင္ေဟာက္တို႔ႏွင့္စကားေျပာရင္း ၾကားထဲလည္းဖုန္းကိုခဏခဏငံု႔ၾကည့္ေနမိသည္။ မက္ေဆ့ခ်္မွစာျပန္လာသည္ကိုေတြ႕ခ်ိန္မွာေတာ့ ပါးစပ္ထဲကိုက္ထားသည့္ ခ်ိဳခ်ဥ္တုတ္တံအားထုတ္ကာ အမိႈက္ပံုးထဲပစ္ထည့္လိုက္ၿပီး ထရပ္ကာဆိုလိုက္ပါသည္။
"ငါ ေလာင္ရွဲ႕ကိုသြားႀကိဳလိုက္ဦးမယ္။"
လွ်ိဳခၽြိင္ေဟာက္တို႔တစ္ေတြမွာေတာ့ ဖုန္းထဲမွေန အနီးအနားလည္လို႔ေကာင္းမည့္ေနရာတို႔ကိုရွာရင္း ေကာ္ဖီဆိုင္ေလးထဲ အေႏြးဓာတ္ရေအာင္စုထိုင္ေနၾကရာမွ ထိုစကားအားၾကားခ်ိန္မွာေတာ့ ေမာ့ပင္မၾကည့္ဘဲေျပာလိုက္ေတာ့သည္။
"အင္းပါ အင္းပါ မင္းရဲ႕ေလာင္ရွဲ႕ကိုသာ သြားႀကိဳေခ်ပါ။"
ေလာ္ဝိန္ခ်န္ : "ျပန္လာၿပီး ငါတို႔အတြက္ပိုက္ဆံရွင္းေပးဖို႔လည္း သတိရဦးေနာ္။"
ဝမ့္သာ : "ေလာင္ရွဲ႕ရွိသြားၿပီဆိုတာနဲ႔ ေဘာ္ဒါေတြကိုေမ့မပစ္လိုက္နဲ႔ဦး။"
'မင္းရဲ႕ေလာင္ရွဲ႕' ဆိုသည့္ေလးလံုးက အသံုးဝင္သြားမွန္းသိသာလွ၏ ၊ ဟယ့္ေက်ာင္းမွာ ရယ္လ်က္ တံခါးကိုတြန္းဖြင့္ၿပီးထြက္လို႔သြားသည္။
"ငါကအဲ့လိုလူမို႔လို႔လား။"
အားလံုးလိုလိုမွာ ႏွစ္သစ္ကူးဖို႔အတြက္ျပင္ဆင္ေနၾကၿပီး လမ္းမထက္၌လူေတြမ်ားျပားလ်က္ရွိ၏။ လမ္းေဘးက အကၤ်ီဆိုင္တခ်ိဳ႕မွာ သီခ်င္းတို႔ဖြင့္ထားလ်က္ တစ္ဆိုင္ႏွင့္တစ္ဆိုင္သီခ်င္းအမ်ိဳးအစားမတူသည့္ၾကာ ဘယ္ဆိုင္ကမွန္းမသိသည့္ 'တစ္ဆိုင္လံုး20% ေလွ်ာ့ေစ်း'ဆိုသည့္အသံကိုပါၾကားေနရသည္။
ရွဲ႕ယြီဘယ္ႏွစ္လွမ္းမွမေလွ်ာက္ရေသး ေရွ႕စီမွေနဟယ့္ေက်ာင္းေလွ်ာက္လွမ္းလာသည္အား ေတြ႕ျမင္လိုက္ရပါသည္။
ထိုလူမွာ ယေန႔တြင္ေတာ့ကုတ္အကၤ်ီဝတ္လို႔ထားၿပီး ပံုပန္းသြင္ျပင္ကထင္းထြက္ေနရာ လူအုပ္ထဲ၌ တစ္ခ်က္ၾကည့္တာႏွင့္ ျမင္ေတြ႕ရ၏။
ထို႔ေနာက္တြင္ေတာ့ ဟယ့္ေက်ာင္းနႈတ္ခမ္းပါးထက္ အျပံဳးတို႔ျဖစ္ထြန္းလာလ်က္ အၾကည့္တို႔က ရွဲ႕ယြီထံဆိုက္ေရာက္ခိုက္မွာပဲ မ်က္ဝန္းအေရာင္တို႔သည္လည္း ရႊန္းလဲ့လာကာ ရွဲ႕ယြီထံလက္ႏွစ္ဖက္ကိုခပ္က်ယ္က်ယ္ဖြင့္ဟ၍ႀကိဳဆိုသည္။
"တစ္ခါေလာက္ဖက္ပါဦး?"
ေဘးဘီ၌လူေတြမ်ားကာ ဟယ့္ေက်ာင္းကားထင္းထြက္လ်က္ရွိ၍ ျဖတ္သြားျဖတ္လာမ်ားမွာဆို အမွတ္မဲ့သူတို႔ရွိရာဘက္ လွမ္းလွမ္းၾကည့္သြားၾက၏။
ရွဲ႕ယြီမွာ အဲ့ေလာက္အကဲပိုတဲ့အျပဳအမူေတြလုပ္လို႔မထြက္ ၊ တံခါးနဲ႔ေခါင္းနဲ႔ခ်ၿပီးဦးေႏွာက္ေခ်ာင္မွပဲ ဖက္ရင္ဖက္ျဖစ္ဦးမည္ျဖစ္၍ ယခုတြင္ေတာ့ ခ်က္ခ်င္းပဲလွမ္းကန္လိုက္ပါသည္။
"ေဝးေဝးသြား။"
ရွဲ႕ယြီမွာ အတည္ႀကီးေတာ့မကန္ပါ ၊ ေနရာနည္းနည္းျခားၿပီး ကန္ဟန္သာျပဳလာၿပီးေနာက္ မညႇာမတာဘဲ ခ်စ္သူေကာင္ေလးအားခ်န္ထားရစ္ၿပီး ေရွ႕သို႔ေလွ်ာက္လို႔သြားသည္။
ဟယ့္ေက်ာင္းသည္ ျပံဳးလ်က္ျဖင့္ ေနာက္မွလိုက္၏။
"ကေလးေလး အဲ့ေလာက္ရက္စက္ရလားကြာ မင္းရင္မနာဘူးလား။"
ရက္စက္လွသည့္ကေလးေလးမွာ ႏွစ္လွမ္းမွ်ေလွ်ာက္ၿပီးေနာက္တြင္ ေျခလွမ္းတို႔ကတံု႔ေႏွးသြားလ်က္ လက္အားေနာက္သို႔ဆန္႔ကာ အသိမေပးဘာမေပးျဖင့္ ဟယ့္ေက်ာင္းလက္အားလွမ္းတြဲလာပါသည္။
ရွဲ႕ယြီ၏လက္ေခ်ာင္းကေလးေတြက ေအးစက္ေနၿပီး လာေရာက္ထိစဥ္၌ေရခဲတံုးတမွ်ရွိေပမယ့္ ထိုအေအးဓာတ္ကေလးမွာ ျဖည္းျဖည္းခ်င္းႏွင့္ပင္ သူ႔လက္ဖမိုးထက္ပ်ံ႕လြင့္ေႏြးေထြးလို႔လာ၏။
လမ္းမထက္၌ လူေတြသြားသြားလာလာျဖင့္ ခပ္သုတ္သုတ္ေလွ်ာက္လွမ္းေနၾကသည္။
ႏွစ္သစ္ကူးနီးကပ္လာၿပီဲျဖစ္၍ ကုန္သြယ္လမ္းတစ္ေလွ်ာက္လံုး မီးပလံုးမ်ားပန္းဆိုင္းမ်ားျဖင့္ တန္ဆာဆင္ထားၿပီး ဆိုင္၏အေရွ႕မ်က္ႏွာစာ ျပတင္းမွန္မ်ားထက္လည္း ႏွစ္ခ်ိဳးဆက္စာတမ္းမ်ားကပ္လို႔ထားၾကၿပီျဖစ္သည္။ ျမင္ကြင္းတစ္ခုလံုး အနီေရာင္ျဖင့္အျပည့္လႊမ္းျခယ္ထား၏ ၊ အပူခ်ိန္ကလည္းေလွ်ာ့က်လြန္းေန၍ သြားလာေနၾကလူမ်ား၏ပါးစပ္မွေန အျဖဴေရာင္အခိုးအေငြ႕ေလးမ်ားထြက္လ်က္ရွိသည္။
ႏွစ္ဦးသားမွာ ထိုအတိုင္းလက္ခ်င္းတြဲထားလ်က္ျဖင့္ပဲ ေလွ်ာက္လာခဲ့ၾက၏။
တစ္ဝက္ခန္႔မွ်ေလွ်ာက္လာအၿပီးမွာေတာ့ ဟယ့္ေက်ာင္းေျခလွမ္းတို႔ တံု႔ေႏွးလာသည္ကို ရွဲ႕ယြီသတိထားမိေပမယ့္ မသိက်ိဳးကၽြံသာျပဳထားလ်က္မွ ေမးလိုက္ပါသည္။
"ေဟာက္က်စ္တို႔ေရာက္ေနၾကၿပီလား?"
"သူတို႔ကအေစာကတည္းက ေရာက္ေနၾကတာ. ."
ဟယ့္ေက်ာင္းက တြဲထားသည့္သူ႔လက္အား ခပ္တင္းတင္းဆုပ္ကိုင္လို႔လာသည္။
"ကိုယ္ေရာက္ေတာ့ အားကစားကိုယ္စားလွယ္ဆို ေကာ္ဖီေသာက္တာေလးခြက္ေျမာက္ေရာက္ေနၿပီ။"
ေလာ္ဝိန္ခ်န္မွာ အရင္ကတည္းက စားႏိုင္သူျဖစ္ၿပီး စားေကာင္းေသာက္ေကာင္းေတြအလကားစားဖို႔အခြင့္သာၾကံဳပါက ထိုအတြက္တမင္ကိုမ်ိဳစို႔ဖို႔ေနရာခ်န္လို႔ထားထားသည္။ ရွဲ႕ယြီသည္ ရယ္ရမလိုငိုရမလိုျဖင့္ လွမ္းေမးမိ၏။
"သူမေန႔က ထမင္းမစားထားဘူးနဲ႔တူတယ္။"
ဟယ့္ေက်ာင္း : "ကိုယ္ၾကည့္ရတာေတာ့ ဒီတစ္ေခါက္သူထမင္းမစားထားရံုတင္မကဘူး ေရေတာင္မေသာက္ထားဘူးနဲ႔တူတယ္။"
". . . . . ."
ေကာ္ဖီဆိုင္မွာ ေရွ႕နားကေလးတင္ျဖစ္၏ ၊ ဟယ့္ေက်ာင္းမွာ ေလွ်ာက္ေနရင္းနဲ႔႐ုတ္တရက္ႀကီးရပ္ခ်ပစ္၍ ရွဲ႕ယြီမွာ 'ဘာလုပ္တာလဲ'ေမးမည္အျပဳမွာပဲ ခ်စ္သူေကာင္ေလး၏အေလးအနက္ဆိုလာသံအား ၾကားလိုက္ရပါသည္။
". . . . . . ကိုယ္တို႔ အဲ့ေကာင္ေတြကိုထားပစ္ခဲ့ရင္ေရာ။"
ေလာ္ဝိန္ခ်န္တစ္ေယာက္ ငါးခြက္ေျမာက္ေကာ္ဖီအားမွာေနခ်ိန္၌ သြားခါနီးသူတို႔အား 'ငါကအဲ့လိုလူမ်ိဳးမဟုတ္ဘူး' ဟုအတည္ေပါက္ေျပာသြားသည့္ ဟယ့္ေက်ာင္းမွာဆို တကယ္ပဲသူတို႔ကိုထားပစ္ခဲ့ဖို႔ေတြးေနေလေျကာင္း မသိဘဲရွိၾကသည္။
ရႊီခ်င္ခ်င္တို႔မိန္းကေလးအုပ္စုကေတာ့ ေနာက္က်မွေရာက္လာၾကၿပီး တစ္စားပြဲထဲေနရာမေလာက္၍ ေနာက္တစ္ဝိုင္းမွာပဲစုထိုင္ကာတိုင္ပင္ေနၾကသည္။
"ငါ့အထင္ေတာ့ ဒီတစ္ခုမဆိုးဘူး ၊ ၾကည့္ရတာ လည္လို႔ေကာင္းမယ့္ပံုပဲ။"
ေလာ္ဝိန္ခ်န္မွာ ေကာ္ဖီအားအရသာခံေသာက္လို႔ေနရင္းမွ ေသာက္ရင္းလွ်ိဳခၽြိင္ေဟာက္အား လွမ္းလို႔ေျပာလိုက္သည္။
"ဒီေကာ္ဖီေတာ္ေတာ္မဆိုးဘူးပဲ အနံ့အရသာနဲ႔ႀကိဳင္လႈိင္ေနေရာ. . . . . . ဒါနဲ႔ အစ္ကိုေက်ာင္းဘာလို႔ျပန္မလာေသးတာပါလိမ့္? ပိုက္ဆံကရွင္းရေတာ့မွာ။"