ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...
By Vanilla_IceCream61
1.6M 249K 16.2K
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More
1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)
145.1
7.3K 1.4K 157
By Vanilla_IceCream61
ဖေးလ်က ရွေးချယ်ပွဲ၌ လိမ်လည်သည်ဟု မသင်ကာမှု၊ ကိုယ့်အဖော်သားရဲကောင်အား သတ်ဖြတ်မှုတို့ကြောင့် ဖမ်းဆီးခံလိုက်ရသည်။
အခြားတစ်ဖက်မှ အီလော့စ်ကမူ ထူးချွန်ပြောင်မြောက်ကာ သာမန်ထက်ထူးခြားသော လုပ်ဆောင်ချက်ကြောင့် ကြယ်ကွန်ယက်ပေါ်၌ ကျော်ကြားနေသည်။ သူ့လှုပ်ရှားမှု Screenshot များကို လူများကဆက်တိုက်တင်နေပြီး အကာအကွယ်အား လက်သီးတစ်ချက်တည်းဖြင့် ဖောက်ခွဲလိုက်သည့် လှုပ်ရှားမှုပုံသည်လည်း ပျံ့နှံ့နေကာ ပြည်ထောင်စုသားများထံမှ အားကျလေးစားခံနေရသည်။
သို့သော် လေယာဉ်ပေါ်သို့ သူမတက်သွားခင်တွင်ပြောခဲ့သောစကားများက အန်ဒရီယာအားတိုက်ရိုက်ညွှန်ပြနေသည်။ ဤသည်ကြောင့် အန်ဒရီယာ၏ ပရိသတ်များခုန်ဆွခုန်ဆွဖြစ်သွားကြကာ များစွာတိုးပွားလာသော အီလော့စ်၏ပရိသတ်များနှင့် ကောင်းကင်ကွဲသွားသည်။
ထိုဖြစ်ရပ်များထဲမှ မည်သည်ကိုမှ ချင်းယွင်မသိပေ။ သူက လေယာဉ်ပေါ်၌ ထိုင်နေရင်း နန်းတော်သို့ရောက်လုပြီဖြစ်သည်။
လက်ထဲမှအကြေးခွံကို ရလိုက်သည်နှင့် ဤကမ္ဘာမှစည်းမျဉ်းများ၏ တွန်းကန်မှုက ပျောက်ကွယ်သွားသည်အား ချင်းယွင်ခံစားမိသည်။ စည်းမျဉ်းများက သူ့အားကနဦးတွင် တွန်းကန်ခဲ့သည်မှာ ထိုယောက်ျားအားကာကွယ်ရန်ဖြစ်လောက်သည်ဟု သူတွေးမိသည်။
ယခုအခါတွင် ချင်းယွင်က လက်ထဲ၌တလက်လက်တောက်ပနေသော အကြေးခွံကို ချစ်သူအားတွေ့သကဲ့သို့ကြည့်နေသည်။ သူကအကြေးခွံကို နှဖူးနှင့်ကပ်ထားကာ ညင်သာစွာမေးလိုက်သည်။ " ခင်ဗျား အသက်ရှင်နေသေးတယ် မဟုတ်လား။ ခင်ဗျားက ကျွန်တော့်ကို စောင့်နေမှာမဟုတ်လား။"
အကြေးခွံက ပို၍လင်းလက်ကာ တုန့်ပြန်သည်။
ဤတုန့်ပြန်မှုကြောင့် ချင်းယွင်မှာ အခိုက်အတန့်မျှ မျက်ရည်လည်လာသည်။
အကြေးခွံအား စကားပြောနေသည့် ဤကောင်လေးကိုကြည့်ကာ ဘေးမှစစ်သားများမှာ ထူးဆန်းသည်ဟု မခံစားရဘဲ နှလုံးသားအခြေမှပင် စိတ်လှုပ်ရှားမိသည်။
ဤတစ်ကြိမ်တွင် အရှင်ဧကရာဇ်၏ဆက်နွယ်သူကို တကယ်ရှာတွေ့လေပြီဟု လူတိုင်း၏ရင်ထဲ၌ ခံစားနေရသည်။
မကြာခင်တွင် လေယာဉ်က ခရီးပန်းတိုင်ဖြစ်သည့် အဒ်မန်၏နန်းတော်သို့ ရောက်လာသည်။ ချင်းယွင်က အပြင်ဘက်၌စောင့်ဆိုင်းနေသည့် နန်းတော်ထိန်းအားကြည့်ကာ ဤနန်းတော်အား ထပ်မံလေ့လာသုံးသပ်သည့်အနေဖြင့် မျက်လုံးမှေးကြည့်မိသည်။
နောက်ဆုံးတစ်ကြိမ် သူနန်းတော်သို့လာကာ ရှာဖွေစူးစမ်းစဉ်တွင် စည်းမျဉ်းများသည် အားများစွာစိုက်ထုတ်ခဲ့ပုံမပေါ်ပေ။ ချင်းယွင်က နန်းတော်ကိုဗြောင်းဆန်အောင်ရှာဖွေခဲ့သော်လည်း ထိုယောက်ျားနှင့်ပက်သက်သည့် ဘာသံလွန်စမှမရရှိခဲ့ပေ။
သို့သော် ယခုအခါတွင် အကြေးခွံကို ကိုင်ထားသောအခါ ကွာခြားချက်တစ်ခုအား ခံစားမိသည်။ နန်းတော်၏နက်ရှိုင်းသောနေရာရှိ ပုံမမှန်သောနေရာအား သွားနိုင်မည့် အပေါက်ဝတစ်ခုမှာရှင်းလင်းစွာပွင့်နေသည်။
ချင်းယွင်က လေယာဉ်ပေါ်မှ ဆင်းဆင်းချင်းပင် မရပ်တန့်တော့ဘဲ နန်းတော်အတွင်းပိုင်းသို့ တည့်တည့်လျှောက်သွားသည်။
"သခင်လေး အီလော့စ်၊ ကျေးဇူးပြု၍ ခေါ်သွားခွင့်ပြု...သခင်လေးအီလော့စ်ခင်ဗျ..." ဂုဏ်သတင်းလုံးဝပြောင်းလဲသွားသော လူငယ်လေးက သူ၏စကားများကို လုံးဝအာရုံမစိုက်ဘဲ သူ၏ကိုယ်ပိုင်အိမ်တွင် လျှောက်နေရသကဲ့သို့ လျှောက်သွားကာ ဆက်နွယ်သူတစ်ယောက်ချင်းစီ ကူးပြောင်းရမည့်နေရာသို့တိတိကျကျ သွားနေကြောင်း နန်းတော်ထိန်းတွေ့လိုက်ရသည်။
နန်းတော်ထိန်းမှာ အသစ်ရွေးချယ်ခံထားရသော ဆက်နွယ်သူအနောက်သို့ သူ၏အိုမင်းနေသောခန္ဓာကိူယ်ကြီးကိုဆွဲကာ လိုက်ရတော့သည်။
ချင်းယွင်၏ခြေလှမ်းများက ဓာတ်ပုံတစ်ပုံချိတ်ဆွဲထားသော နံရံတစ်ခုရှေ့၌ ဖြည်းဖြည်းချင်း ရပ်သွားသည်။ ၎င်းပေါ်တွင် ခရမ်းပြာရောင်ဆံပင်များနှင့် ယောက်ျားတစ်ယောက်က ကင်မရာကို ခံ့ညားထည်ဝါစွာကြည့်နေသည်။ နက်ရှိုင်းသောထိုမျက်ဝန်းများက ညကောင်းကင်ယံမှကြယ်ပွင့်များအလားပင်။
နောက်ဆုံးတစ်ကြိမ် သူရောက်လာစဉ်က ဤဓာတ်ပုံကို သတိမထားမိပေ။
ချင်းယွင် ဓာတ်ပုံထဲမှယောက်ျားအား တမ်းတခြင်းများပြည့်နေသော ဖော်ပြ၍မရနိုင်သည့်အကြည့်ဖြင့် ငေးနေသည်။ ထိုယောက်ျား၏စိတ်ဝိညာဉ်က သူ့အရှေ့မှ ပျောက်ကွယ်သွားသည်မှာ အတော် အတော်ကြာလေပြီ။
သူက ထိုယောက်ျားသည် မည်သို့သောပုံပန်းသွင်ပြင်ရှိကြောင်း သိရန်အတွက် ဟင်းလင်းပြင်တစ်ခုလုံး၌ရှာဖွေဖူးသည်။
ဓာတ်ပုံထဲမှ ယောက်ျားမှာ ချင်းယွင်၏ထင်မြင်ချက်နှင့် အလွန်ကွာခြားနေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုယောက်ျားက ချင်းယွင်၏ အရှေ့၌ တက်တက်ကြွကြွနေတတ်သည်။ သူ၏ဇာတ်မြစ်နှင့် မှတ်ဉာဏ်များကိုပင် စွန့်ပစ်ကာ ချင်းယွင်အားချစ်ရေးဆိုသူအဖြစ်သာ ပေါ်လာခဲ့သည်။
ထိုကြောင့် ဤယောက်ျားက သူ၏ဘေးတွင် အနည်းငယ်ရူးသွပ်စွာကပ်နေပြီး အခွင့်အရေးရရန်အတွက် ပေါတောတောပြုံးနေလိမ့်မည်။ သို့သော် ဤနေရာတွင် ကမ္ဘာ၏အောက်ခြေနေရာမှ အခြေတည်ကာ ဧကရာဇ်ဖြစ်လာရန် မြောက်များစွာသော ခက်ခဲမှုများကို ကျော်ဖြတ်ခဲ့ရသော ယောက်ျားတစ်ယောက်အနေဖြင့်၊ သို့မဟုတ် ကမ္ဘာတစ်ခု၏ အရှင်သခင်တစ်ယောက်အနေဖြင့် အင်အားကြီးကာ လိမ္မာပါးနပ်ပြီး တစ်ချိန်ထဲမှာပင် အေးစက်စက်နှင့်ခံ့ညားထည်ဝါနေသည်။
ချင်းယွင်က လက်ဆန့်ကာ ထိုယောက်ျား၏ပါးကိုခပ်ဖွဖွထိရန် ပြင်သော်လည်း ဓာတ်ပုံအား သူထိမိသည်နှင့် တစ်ကိုယ်လုံးက သီးခြားအာကာသထဲသို့ စုပ်ယူခံလိုက်ရသည်။
ဤအာကာသက ဟင်းလင်းပြင်ထဲ၌ ချင်းယွင်ဖွင့်ဖူးသော အာကာသနှင့်အလွန်အမင်း ဆင်တူသော်လည်း အပြင်လွှာနှင့် အတွင်းလွှာဟူ၍ နှစ်လွှာရှိသည်။
ယခုအခါတွင် ချင်းယွင်ကအပြင်ဘက်အစွန်းပိုင်း၌ ရပ်နေသည်။ အတိတ်ကဆက်နွယ်သူများသည် ဤအာကာသသို့ဝင်နိုင်လျှင်ပင် လိုအပ်ချက်များမပြည့်မှီသဖြင့် အပြင်ဘက်စွန်းတွင်သာ သုံးနှစ်နေရပြီး စည်းမျဉ်းများအတိုင်း မှတ်ဉာဏ်ဖျောက်ခံရကာ ထွက်လာကြသည်။
သို့သော် ဤအာကာသတွင် ချင်းယွင်အတွက် ဘာအတားအဆီးမှမရှိချေ။ သူကအတွင်းပိုင်းအလွှာ၏ဝင်ပေါက်ကို လွယ်လွယ်ကူကူရှာတွေ့ကာ ဝင်လာခဲ့သည်။
ချင်းယွင်ဝင်သွားသည်နှင့် အရှေ့မှ အိပ်ပျော်နေသောသားရဲကောင်ကြီးအား ချက်ချင်းအာရုံစိုက်မိသည်။ သူက မျောသွားကာ သားရဲကောင်ပေါ်မှ အကြေးခွံများကို ကိုယ်ပိုင်လက်ဖြင့်ထိမိသည်။ ထိုအခါမှသာ ထိုယောက်ျားအား တကယ်ရှာတွေ့သည့်ခံစားချက်က ချင်းယွင်၏နှလုံးသားထဲ၌ပေါ်လာသည်။
ချင်းယွင်၏လက်က သားရဲကောင်၏ကိုယ်ပေါ်သို့ ရောက်သွားသည်နှင့် အဖြူရောင်အလင်းတန်းတစ်ခုလင်းလာကာ ဧရာမကြယ်သားရဲကောင်ကြီးပျောက်ကွယ်သွားပြီး ကိုယ်လုံးတီး ယောက်ျားတစ်ယောက်က အစားထိုးပေါ်လာသည်။
အရွယ်အစားက များစွာကျုံ့သွားသော်လည်း ထိုယောက်ျား၏ ခန္ဓာကိုယ်က ဖော်ပြ၍မရသော ခြိမ်းခြောက်မှုတစ်မျိုးကို ပေးနေသေးသည်။
" နောက်ဆုံးတော့ ကျွန်တော်ခင်ဗျားကိုတွေ့ပြီ။" ချင်းယွင်သည် ခံစားချက်များကို ထပ်မထိန်းထားနိုင်တော့ဘဲ ထိုယောက်ျား၏ဖြူဖျာ့သောနှုတ်ခမ်းများအား ငုံ့နမ်းလိုက်သည်။
ချစ်ချစ်တောက်ပူသော မျက်ရည်တစ်စက်က ထိုယောက်ျား၏ မျက်ခွံပေါ်သို့ကျသွားကာ ပါးဘက်သို့စီးဆင်းသွားသည်။ ရုတ်တရက်ပင် အဖြူရောင်အလင်းစက်လေးများက ချင်းယွင်၏ခန္ဓာကိုယ်ထဲမှ ထွက်လာကာ အိပ်နေသောယောက်ျား၏ ခန္ဓာကိုယ်ဆီသို့ အားလုံးပြုံတိုးသွားသည်။
ချင်းယွင် မှင်တက်သွားသည်။ သူက ခန္ဓာကိုယ်ကို နောက်ဆုတ်လိုက်ကာ ထိုယောက်ျား၏ခန္ဓာကိုယ်ထဲ မြုပ်ဝင်သွားသော အဖြူရောင်အလင်းစက်များအား မယုံကြည်နိုင်စွာကြည့်မိသည်။
ဒီဟာတွေက...ထိုယောက်ျား၏ စိတ်ဝိညာဉ်အပိုင်းအစများလား။ သူ၏ စိတ်ဝိညာဉ်က မပျက်စီးသွားဘဲ ချင်းယွင်၏ကိုယ်ပိုင်စိတ်ဝိညာဉ်ထဲတွင် တစ်လျှောက်လုံးပုန်းနေခဲ့သည်။
အရူးကြီး။ သူ့ကို စိုးရိမ်ပြီး အချိန်အကြာကြီး ရှာခဲ့ရတယ်။
အဖြူရောင်အလင်းစက်များက ထိုယောက်ျား၏ခန္ဓာကိုယ်ထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်သွားသည်။ ချင်းယွင်၏မျှော်လင့်နေသော အကြည့်အောက်မှာပင် ထိုယောက်ျား၏ တင်းကြပ်စွာပိတ်ထားသော မျက်လုံးများပွင့်လာကာ ကြယ်လင်းလက်သောကောင်းကင်နှင့်တူစွာ တောက်ပသောမျက်ဝန်းတစ်စုံနှင့် ချင်းယွင်အကြည့်ဆုံသွားသည်။
ဤမျက်ဝန်းများ၏ ဒေါင်လိုက်သူငယ်အိမ်အမည်းရောင်ထဲ၌ သိပ်မသိသာသောအဖြူရောင်အလင်းစက်များ ရှိသည်။ ကမ္ဘာ့တစ်ဦးတည်းသော ကြယ်သားရဲကောင်ထံတွင်သာ ထိုသို့သောမျက်ဝန်းတစ်စုံ ရှိလိမ့်မည်။
သို့သော် ချင်းယွင်၏အပျော်များ ပြည့်လျှံမလာခင်တွင် ဤမျက်ဝန်းများထဲမှ မရင်းနှီးသောအကြည့်များဖြင့် ကြားဖြတ်ခံလိုက်ရသည်။
ဤမျက်ဝန်းများတွင် သားရဲကောင်ကဲ့သို့ စေ့စေ့စပ်စပ်စစ်ဆေးခြင်းပြည့်နေသည်။ ဒီ့ထက်ပိုဆိုးသည်မှာ ၎င်းကဧကရာဇ်တစ်ပါး၏ မျက်ဝန်းတစ်စုံဖြစ်သဖြင့် အေးစက်ကာခုခံရန်အသင့်အနေအထား ဖြစ်နေရာ ချင်းယွင်၏နှလုံးသားအား တဖြည်းဖြည်း ဝမ်းနည်းသွားစေသည်။
ထိုယောက်ျားက ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ အရပ်ရှည်သောခန္ဓာကိုယ်ကိုသုံး၍ ချင်းယွင်အား အထက်စီးမှ အေးစက်စက်လေ့လာနေသည်။
"မင်းက ဘယ်သူလဲ။ မင်းက ငါ့ရဲ့ အာကာသထဲကို ဘာလို့ရောက်နေတာလဲ။" နောက်ဆုံးတွင်တော့ ထိုယောက်ျား ပါးစပ်ပွင့်လာသည်။ အသံကဩကာ အက်ရှရှဖြစ်နေသော်လည်း မေးလိုက်သည့်စကားလုံးများက ချင်းယွင်အား ဒေါသတခြောင်းခြောင်းထွက်လာစေသည်။
"ခင်ဗျား တကယ်...ထပ်မေ့သွားပြန်ပြီပေါ့။" ချင်းယွင်က ခေါင်းမော့ကာ သူရောက်နေသည့်ဖိနှိပ်ခံထားရသော အနေအထားမှ ချက်ချင်းနောက်ဆုတ်လိုက်သည်။
သူက ရှေ့တိုးကာ ထိုယောက်ျား၏ကော်လံကို ဆွဲချင်သော်လည်း ထိုယောက်ျားမှာ တကယ်ကိုကိုယ်လုံးတီးဖြစ်နေသည်ကို သတိရသွားသည်။ ဘာအဝတ်တစ်ပိုင်းမှပင် မရှိဘဲ၊ ကိုယ်လုံးတီး။ ထိုယောက်ျား၏ရင်ဘတ်ပေါ်မှ ကြွက်သားများသည်လည်း သူ့ခန္ဓာကိုယ်ပေါ်မှ အထိအတွေ့ကြောင့် ဆန့်ငင်ဆန့်ငင်ဖြစ်နေသည်။
ချင်းယွင်က ထိုယောက်ျားကို လည်ပင်းသာညှစ်လိုက်ပြီး အကာအရံ၌ ရက်စက်စွာဖိထားလိုက်သည်။
ကနဦးတွင် ထိုယောက်ျားပျောက်ကွယ်သွားသည်ကို မြင်ခဲ့ရသည့်အတွက် ထိတ်လန့်တုန်လှုပ်သွားမှု၊ ထို့နောက် ဒေါသကနောက်မှလိုက်လာပြီး တစ်ကမ္ဘာတိုင်း၌ ကိုယ့်ချစ်သူမှတ်ဉာဏ်ပျောက်သွားသည်ကို ကြည့်နေရသဖြင့် မွန်းကျပ်မှုတို့က ထိုယောက်ျားသည် ပကတိမထိမခိုက်ရှိနေပြီး ယခင်ကအတိုင်း မှတ်ဉာဏ်ပျောက်ဆုံးနေကြောင်းသိပြီးနောက် ပေါက်ကွဲလာကြသည်။
"သိပ်ကောင်းတယ်။ ကျွန်တော့်ကို အချိန်တိုင်း မေ့နေတော့မှာလား။ ပျောက်ကွယ်သွားတယ်လို့တောင် အကြောင်းပြပြီး ကျွန်တော့်စိတ်ဝိညာဉ်ထဲမှာ ပုန်းနေတာလား။"
ထိုယောက်ျားက ချင်းယွင်၏အသွင်အပြင်ကြောင့် ကြောက်ရွံ့သွားပုံမပေါ်ဘဲ ထိုအစား ချင်းယွင်ဒေါပွနေသည်ကို တွေ့သောအခါ သူ၏မျက်ဝန်းများ၌ စိတ်ဝင်စားမှုအလင်းရောင်နှင့် မသိမသာ တသလွမ်းဆွတ်ခြင်းတစ်မျိုးတို့ ပေါ်လာသည်။
သူက အချုပ်ခံထားရမှုမှ မရုန်းပေ။ ထိုအစား ဒေါသကြောင့် ပို၍ပင်တောက်ပနေသော အရှေ့မှလူငယ်လေးအား အလွန်အမင်းအလိုလိုက်သောအကြည့်ဖြင့် အကဲဖြတ်နေသည်။
"ကိုယ် မမှတ်မိဘူးလို့ ဘယ်သူပြောလဲ။" သူက ခေါင်းငုံ့ကာ လူငယ်လေးအနားသို့ ငုံ့ကိုင်းသွားပြီး သူ၏နှုတ်ခမ်းထောင့်များမှာ ကစားကျီစယ်ပုံဖြင့် ကော့တက်နေသည်။
ချင်းယွင်က သူ၏စကားများကြောင့် မျက်လုံးမှေးကာ မေးလိုက်သည်။ "ခင်ဗျား မှတ်မိတယ်ပေါ့။ ခင်ဗျား ဘာကို မှတ်မိလဲ။"
အဒ်မန်က ခပ်တိုးတိုးရယ်ကာ ချင်းယွင်၏နားအနီးသို့ တိုးလာသည်။ "ကိုယ်တို့ အဲ့ဒါလုပ်တာလေ...ခပ်ကျဉ်းကျဉ်းရေချိုးကန်ထဲမှာ၊ ကွင်းပြင်ထဲမှာ၊ ရထားလုံးတစ်ခုထဲမှာ။ အိုး၊ ဟုတ်သားပဲ ကိုယ်မင်းကို နဂါးပုလ္လင်ထဲမှာ အားပါပါဖိထားပြီး...အမ်း"
ထိုယောက်ျား၏စကားများက အလွန်အကျူး အရှက်မဲ့လွန်းပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ် စနောက်မှုလည်း ပါဝင်နေသည်။ သူစကားမဆုံးခင်တွင်ပင် ချင်းယွင်ထံမှ အထိုးခံရကာ လဲကျသွားသည်။
သွေးများ နှုတ်ခမ်းထောင့်မှ ယိုစိမ့်လာသော်လည်း သူသည်ဒေါသမထွက်ပေ။ သို့သော် မေးစေ့ကိုပွတ်ကာ သူကိုယ်တိုင်၏ဖြစ်ရပ်နှင့် စိတ်ထဲပေါ်လာသော မရေမရာမှတ်ဉာဏ်များကို နှိုင်းယှဉ်ကာ ရေရွတ်လိုက်သည်။ "တကယ်ကို ဒေါသကြီးတာပဲ။"
ဤသို့သောလေသံက ချင်းယွင်အားပို၍ ဒေါသထွက်လာစေသည်။ ထိုယောက်ျားက နှစ်ရာချီသတိလစ်ရာမှ ထလာကာစသာရှိသေးသည်ကိုပင် မေ့လုနီးပါးဖြစ်သွားကာ သည်းမခံတော့ဘဲ ပြင်းထန်စွာရိုက်နှက်တော့သည်။
မာနကြီးသောယောက်ျားက ကနဦးနှစ်ခါမျှသာ ခုခံခဲ့သည်။ ထို့နောက် အပြုံးမျက်လုံးများဖြင့် ခေါင်းကိုကွယ်ထားကာ ချင်းယွင်ထံမှ ရိုက်နှက်ခံနေသည်။ ချင်းယွင်၏ မကျေနပ်ချက်များ လျော့သွားသည်ကို သတိထားမိမှသာ မတ်တပ်ရပ်ကာ ချင်းယွင်အား ရင်ခွင်ထဲ ဖက်ထားလိုက်ပြီး နှုတ်ခမ်းများကို အသည်းအသန် လိုက်ဖမ်းတော့သည်။
ချင်းယွင်က အခိုက်အတန့်မျှ မှင်တက်သွားပြီးမှ ထိုယောက်ျား မြေကြီးပေါ်သို့လဲကျအောင် ထိုးချလိုက်သည်။
အဒ်မန်က ပြုံးကာမတ်တပ်ရပ်ပြီး ချင်းယွင်အား သူ့ရင်ခွင်ထဲသို့ အားရပါးရ ဖက်လိုက်ပုံမှာ ကနဦးတွင် သူပြသခဲ့သော ထူးဆန်းနေမှုနှင့် တခြားစီပင်။
ဤသည်ကို တွေ့သောအခါ ချင်းယွင်၏မျက်လုံးများမှေးသွားသည်။ သူက လက်မြှောက်ကာ ထိုယောက်ျား၏ ခရမ်းပြာရောင်ဆံပင်ရှည်များကို ဆွဲ၍ အနားတိုးခိုင်းပြီး အန္တရာယ်များသောအကြည့်ဖြင့် ဂရုတစိုက်စစ်ဆေးနေသည်။ "ခုနက ခင်ဗျား ဟန်ဆောင်နေတာလား။ ကျွန်တော်က ဘယ်သူလဲ ပြော။"
"ကလေးလေးလေ၊ အင်းက ကိုယ့်ရဲ့ကလေးလေး၊ ကိုယ့်ချစ်သူ၊ ကိုယ့်...အသက်။" အဒ်မန်က ချင်းယွင်နှင့် နီးကပ်လိုသော ဆန္ဒကို မထိန်းနိုင်တော့ဘဲ ချင်းယွင်၏ မျက်ခွံများ၊ မျက်တောင်ကော့များကိုနမ်းကာ တယုတယပြောသည်။ "ကိုယ်တောင်းပန်ပါတယ်။ မင်းကို စိုးရိမ်အောင်လုပ်ခဲ့မိလို့ တောင်းပန်ပါတယ်။ မင်းကို ခဏခဏ မေ့သွားမိလို့ တောင်းပန်ပါတယ်။ ဘယ်တော့မှ အဲ့လိုထပ်မဖြစ်စေရဘူး၊ ကိုယ့်ကိုယုံ..."
ချင်းယွင်က ဒေါသကိုနှလုံးသားထဲ၌ သိမ်းဆည်းထားကြောင်း သူသိသည်။ထို့ကြောင့် ချင်းယွင်ဒေါသထွက်စေရန် သူတမင်သက်သက်လုပ်ဆောင်ကာ သူ့ကလေး၏ စိတ်အားငယ်ခြင်းများ လျော့ပါးသွားစေရန်အတွက် သဲအိတ်အဖြစ်ခံခဲ့ခြင်းပင်။
အဘယ့်ကြောင့်ဆိုသော် သူပျောက်ကွယ်သွားချိန်တွင် ချင်းယွင်အလွန်ထိတ်လန့်ခဲ့ရမည်။ ချင်းယွင်၏ မသိစိတ်က သူပျောက်ကွယ်သွားမှုနှင့်ပက်သက်သည့် ကြောက်ရွံ့မှုကို ဖုံးကွယ်လိုက်လိမ့်မည်။ ဤအမှောင်စွမ်းအင်သာ မပျောက်ကွယ်သွားပါက အနာဂတ်တွင် မကောင်းသည့်ကိစ္စများဖြစ်လာလိမ့်မည်။
ထိုယောက်ျား၏ရင်ခွင်ထဲတွင် ချင်းယွင်က အဝေးသို့ ရှက်ကိုးရှက်ကန်းဖြင့် ကြည့်နေသည်။ သူ၏အမူအရာက ကသိကအောက်ဖြစ်နေသော်လည်း ထိုယောက်ျား၏ပွေ့ဖက်မှုမှ ရုန်းမထွက်ချေ။ သူကနှုတ်ခမ်းကိုက်ကာ ဟွန်းခနဲနှာမှုတ်လိုက်သည်။ " ကျွန်တော်က ခင်ဗျားအဲ့လို ကူညီတာကို လိုမယ်ထင်နေလား။"
အရူးကြီး။ ခင်ဗျားရဲ့ ခန္ဓာကိုယ်က တောင့်ခံနိုင်သလားဆိုတာကိုတောင် မတွေးဘူး။
ချင်းယွင် ဘာကို စိုးရိမ်နေကြောင်း သိသဖြင့် အဒ်မန်က သူ့ကလေးလေး၏ နေရခက်နေမှုကို သိသာအောင်မထောက်ပြပေ။ သူ၏ခန္ဓာကိုယ်က နန်းတော်သို့ ချင်းယွင်ပထမဆုံးလာရောက်စဉ်ကတည်းကပင် လျင်မြန်သောအရှိန်ဖြင့် အလိုအလျောက် သက်သာလာပြီး သူကဤစကြဝဠာရှိ အရာအားလုံးထံမှ စွမ်းအင်စုပ်ယူနိုင်ရာ ယခုအခါတွင် သူ၏ခန္ဓာကိုယ်မှာ လုံးဝသက်သာလုနီးပါးဖြစ်နေလေပြီ။
"ကလေးလေး၊ မင်းရဲ့ဝမ်းနည်းနေတဲ့မျက်နှာထက် ဒေါသထွက်နေတဲ့မျက်နှာကိုပဲ ကိုယ်မြင်ချင်တာ သိလား။ ရန်ဖြစ်တာက နမ်းနေတာ၊ ဆူပူတာက ချစ်လို့ ဆိုပြီးတော့တောင် ဆိုရိုးရှိတယ်မဟုတ်လား။" အဒ်မန်က သူ၏ရင်ခွင်ကျယ်ကြီးကိုသုံးကာ ချင်းယွင်အားပွေ့ဖက်ထားပြီး နှစ်ယောက်သားကြားတွင် ကွာဟချက်မရှိလောက်အောင် တင်းတင်းကြပ်ကြပ် ဖက်နေကြသည်။ ချင်းယွင်၏ နှလုံးသားထဲ၌ ခဲနေသော ထိတ်လန့်ကာအထီးကျန်မှုများကို သူ၏ကိုယ်ငွေ့ကိုသုံးကာ ဖြေဖျောက်နေပြီး သူ့နှလုံးသားထဲမှ ရူးသွပ်ဖွယ်တမ်းတမှုကိုလည်း ဖြည့်ဆည်းနေသည်။
နှစ်ယောက်လုံးက ထိတွေ့မှုကိုလိုလားနေရာ နှလုံးသားများထဲမှ ဆန္ဒမီးတောင်သည်လည်း သဘာဝကျစွာပေါက်ကွဲလာသည်။ အဒ်မန်က ချင်းယွင်ကို ခါးမှမချီလိုက်ကာ နှုတ်ခမ်းလေးများကိုနမ်းပြီး သူမည်မျှလွမ်းနေကြောင်း ချင်းယွင်အားထပ်တွေ့ရသဖြင့် မည်မျှပျော်ရွှင်နေကြောင်းပြောသည်။
ချင်းယွင်က အဒ်မန်၏ မရိုးသားသောလက်များကို ရိုက်ချလိုက်ရာ ၎င်း၏မျက်နှာကြီးချက်ချင်းညှိုးကျသွားသည်။ သူက ချင်းယွင်နှင့်လည်ပင်းချင်းပွတ်သပ်နေရင်း ပြောသည်။ "ဟင့်အင်း၊ မင်းကိုယ့်ကို ရိုက်ရင်တောင် ကိုယ်ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းက ကိုယ့်ကိုမလုပ်ခိုင်းသေးဘူး။ ကလေး၊ ဒါကိုယ်တို့ ပထမဆုံးအကြိမ် တကယ်တွေ့တာလေ။ စိတ်မလှုပ်ရှားဘူးလား။ ကိုယ်တို့ ပျားရည်ဆမ်းခရီးထွက်သင့်တယ် ထင်တယ်။"
"ပထမဆုံးအကြိမ်တွေ့တာလား။" ချင်းယွင်က မျက်ခုံးပင့်ကာ ထိုယောက်ျားကို လှည့်ကြည့်လိုက်သည်။ "အိုး၊ ဒီဟာက ပထမဆုံးအကြိမ် တွေ့တာဆိုတာ ခင်ဗျားသေချာလား။"
ချင်းယွင်၏အကြည့်ကိုတွေ့သောအခါ အဒ်မန်ကြက်သေသေသွားပြီး သူ၏အခြားအသွင်သဏ္ဍာန်ကိုတွေးမိသည်။
ချင်းယွင်က လက်ဆန့်က ထိုယောက်ျား၏လည်ပင်းကို ဖက်လိုက်သည်။ သူကတစ်ဖက်လူ၏နားအနီးသို့တိုးသွားကာ ပြောလိုက်သည်။ "အိုး၊ ကျွန် တော့်အချစ်၊ ခင်ဗျားက ဘယ်သူလဲဆိုတာ၊ ခင်ဗျားက အဲ့ဒိကောင်းကင်ဘုံကျင့်ကြံသူနဲ့ ဘယ်လိုသက်ဆိုင်နေသလဲဆိုတာ ကောင်းကောင်းရှင်းပြရမဲ့အချိန်ပဲ။"
အဒ်မန်က ခေတ္တမျှ တောင့်တောင့်ကြီး ဖြစ်နေပြီး သူ့အားပိုစိုးရိမ်လာစေသည့် ချင်းယွင်၏မျက်ဝန်းထဲမှအပြုံးက ပိုပီပြင်လာကာ သတိလက်လွတ်ဖြစ်နေစဉ်တွင် ချင်းယွင်ကို ပုခုံးပေါ်သို့ကောက်ချီလိုက်ပြီး ကိုယ်ပိုင်အာကာသထဲမှ မြန်မြန်ထွက်လာသည်။
သူ့ခန္ဓာကိုယ်မှ အကြေးခွံများက ချက်ချင်းပင် သံချပ်ကာပုံစံဖြစ်သွားကာ သိက္ခာကြီးမားသောဗယ်လန့်ဧကရာဇ်က ကိုယ်လုံးတီးဖြင့်လျှောက်ပြေးနေသည်ဟူသည့် အရှက်ရမှုမဖြစ်စေရန့် ကာကွယ်လိုက်သည်။
"အချစ်ကလေး၊ မင်းကမေးမှတော့ ကိုယ့်အတွက် အကျိုးအမြတ်ကို အရင်ရဖို့ ပိုအရေးကြီးတယ်။"
ထိုသို့သာမလုပ်ပါက သူမည်သူဖြစ်ကြောင်း သူ့ကလေးလေးသိသွားပြီးလျှင် အတူမအိပ်ခိုင်းပါက မည်သို့လုပ်မည်နည်း။ အဒ်မန်က စိတ်ထဲ၌ ငိုကြွေးနေသည်။
*****
ယခုက ညအချိန်ရောက်နေပြီဖြစ်ပြီး နန်းတော်အတွင်း၌ တိတ်ဆိတ်နေသည်။ သို့သော် နန်းတော်ထိန်းက နောက်ကျမှအိပ်တတ်သူဖြစ်သည်။ နန်းတော်၏ နောက်ဆုံးထောင့်တစ်နေရာကို စစ်ဆေးပြီးနောက် ပြန်လှည့်လာသောအခါ ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရရာ ရာစုနှစ်တစ်ခုမျှ နောက်ပြန်ရောက်သွားသလိုပင်။
"အရှင်၊ အရှင်ဧကရာဇ်။" နန်းတော်ထိန်းအိုကြီးမှာ စိတ်ချောက်ချားနေသည်ဟု ထင်မိလုဆဲဆဲပင်။
လက်ရှိဆက်နွယ်သူပျောက်သွားပြီ ရက်အနည်းငယ်အတွင်းမှာပင် အရှင််မည်သို့ပြန်ထွက်လာနိုင်သနည်း။
သို့သော်နန်းတော်ထိန်းက အဒ်မန်၏ပုခုံပေါ်မှ လူငယ်လေးကို တွေ့လိုက်ရသည်။ အရင်ရက်ကပင် 3Sအဆင့်သားရဲကောင်ကို ဆွဲဖြဲပစ်နိုင်လောက်အောင် ရက်စက်ခဲ့သော အီလော့စ်က ယခုအခါတွင် ဧကရာဇ်၏ပုခုံးပေါ်၌ ရုန်းနေပြီး ပါးများပင် အနည်းငယ်ရဲနေသည်။
အဒ်မန်က လက်အောက်ငယ်သားတစ်ယောက်နှင့် တွေ့သော်လည်း ယခုအခါတောင့်ခံထားရရာ အခြားဘာကိုမှ အာရုံမစိုက်နိုင်ဘဲ နန်းတော်ထဲမှ အခန်းလွတ်တစ်ခုကိုတွန်းဖွင့်ကာ ဝင်သွားသည်။
နန်းတော်ထိန်းက သူ၏ပညာရှိကာ အင်အားကြီးသော ဧကရာဇ်၏ခေါင်းထဲ၌ ဘာတွေးနေသည်ကို သဘောမပေါက်နိုင်သဖြင့် တွေဝေစွာလျှောက်တင်လိုက်သည်။ "အရှင်ဧကရာဇ်ခင်ဗျ၊ အရှင့်ရဲ့အခန်းက အပေါ်ထပ်မှာပါ။"
သို့သော် တုန့်ပြန်မှုအဖြစ် သူပြန်ရရှိသည်မှာ 'ဘန်းခနဲ' တံခါးပိတ်သွားသံပင်။
အဒ်မန်၏တုန့်ပြန်မှုက သူတို့နှစ်တစ်ထောင်မျှ မတွေ့ခဲ့ရသကဲ့သို့ အလွန့်အလွန် တက်ကြွနေသည်။ တကယ်တမ်းတွင် သူမျက်လုံးဖွင့်၍ ချင်းယွင်အားတွေ့သော အခိုက်အတန့်ကတည်းကပင် တစ်ဖက်လူအားဖိချချင်နေခြင်းပင်။
အဘယ့်ကြောင့်ဆိုသော် သူ၏စိတ်ဝိညာဉ်က ချင်းယွင်၏စိတ်ဝိညာဉ်ထဲ၌ ပုန်းကွယ်နေသော်လည်း သူကတစ်စစီပြိုကွဲကာ သတိမေ့နေသည်။ ထို့ကြောင့်သူအတွက်မူ သူ၏ကလေးလေးထံမှအချိန်အတော်၊ အတော်ကြာအောင် ခွဲခွာနေခဲ့ရသည်ဟု ခံစားရသည်။
ထို့အပြင် အဒ်မန်က တကယ်ကိုစိတ်လှုပ်ရှားနေသည်။ ချင်းယွင်က အာကာသကန့်သတ်ချက်ကိုကျော်လွန်ကာ သူ့အားရှာဖွေနိုင်မည်ဟု သူမမျှော်လင့်ထားပေ။ထို့ထက်ပိုသည်မှာ ချင်းယွင်က သူ့နှလုံးသားထဲမှ အမုန်းတရားကို လက်လျှော့ကာ မူလကမ္ဘာသို့အရင်ပြန်မသွားဘဲ ဤနေရာ၌သူ့ကိုအရင်လာရှာမည်ဟု မထင်ထားခဲ့ပေ။
ဤအချက်များအားလုံးကြောင့် အဒ်မန်ပျော်လွန်း၍ရူးတော့မလိုပင်။
"ကလေး၊ ကလေး ခံစားရလား။ ကိုယ့်ရဲ့ စိတ်ဝိညာဉ်၊ ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးက မင်းကိုလွမ်းနေတာ။" ထိုယောက်ျားက သူ၏သားရဲကောင်အကျင့်စရိုက်နှင့်အညီ ပို၍တည့်တိုးဆန်စွာ ပြုမူနေစဉ်တွင် သူ့အချစ်အကြောင်းကိုလည်း စကားကြောရှည်နေသည်။
ကနဦးတွင် ချင်းယွင်က တစ်စုံတစ်ခုအကြောင်း မေးချင်နေသဖြင့် ထိုယောက်ျားတက်ကြွနေသည်ကို အနည်းငယ်ခုခံခဲ့သော်လည်း နောက်ပိုင်းတွင်တော့ ထိုယောက်ျား၏ ဆံပင်ရှည်ကို အလောတကြီးဆောင့်ဆွဲလိုက်သည်။ "အမ်း၊ သနားစရာအရူးကြီး၊ အိပ်နေရင်းနဲ့ စွမ်းအင်တွေကုန်သွားတာလား။"
အဒ်မန်က ခပ်တိုးတိုးရယ်ကာ သူ့၌ခွန်အားရှိသလား၊ မရှိသလားကို သူ့ကလေးလေးအား ကိုယ်ထိလက်ရောက်ပြသလိုက်သည်။
Continue Reading
You'll Also Like
447K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
280K 55.9K 163
424K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
348K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...