ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

130

7.5K 1.4K 54
By Vanilla_IceCream61

အဖေရှန်က ခြေလက်များ အချည်ခံထားရသော လူငယ်လေးကို ကားထဲသို့ ခိုးကြောင်ခိုးဝှက် ရွှေ့နေသည်။ သူအပြင်ထွက်ရန်ပြင်သောအခါ ယခုလေးတင် တံခါးမှဝင်လာသော ရှန်ချန်ကျင်းနှင့်တွေ့ကာ နှလုံးတုန်သွားသည်။

သို့ရာတွင် ထိုလူသည် သူ၏သားမှန်းသိသည်နှင့် လေသံပြောင်းလိုက်သည်။ "လာမကူပေးသေးဘူးလား။"

"အဖေက..." ရှန်ချန်ကျင်းသည်လည်း အဖေရှန်၏လုပ်ရပ်ကြောင့် မှင်တက်သွားသည်။ သူက အိပ်ပျော်နေသော ရှန်ချန်ယွီကိုကြည့်ပြီးနောက် အဖေရှန်အား မရေမရာကြည့်လိုက်သည်။

အဖေရှန်၏မျက်နှာက မှောင်ရိပ်သန်းနေသည်။ "မြန်မြန်လာစမ်းပါ။ ဒီကလေးကို ရောင်းလိုက်ရင် ငါတို့မိသားစု အသက်ရှူချောင်သွားလိမ့်မယ်။ မင်းက ရှန်မိသားစုရဲ့ အငယ်ဆုံးသားနော်။ ဒီကလေးနိုးလာရင် မင်းရောငါရော သေပြီပဲ။"

ရှန်ချန်ကျင်းက ဆက်လက်ငြိမ်သက်နေသောအခါ အဖေရှန်က အေးစက်သောလေသံဖြင့် ပြောလိုက်သည်။ " မင်းက သူ့သီချင်းခိုးသွားတယ်ဆိုပြီး သူ့ဆီကနေ ထောက်ပြခံချင်နေတာလား။"

နောက်ဆုံးတွင်တော့ ထိုစကားများက ရှန်ချန်ကျင်း၏နှလုံးသားကို ထိသွားသဖြင့် လက်ထဲမှ တယောအားပစ်ချကာ ယာဉ်မောင်းထိုင်ခုံသို့ ဝင်သွားသည်။ အဖေရှန်ကမူ နောက်ထိုင်ခုံတွင်သာနေပြီး ရှန်ချန်ယွီ ရုတ်တရက်မနိုးလာစေရန် ကာကွယ်နေသည်။

*****

ဤဖြစ်ရပ်ဖြစ်သွားသည့်ညတွင် ရှန်ချန်ယွီနှင့် ရှန်ချန်ကျင်းတို့အကြောင်း အငြင်းပွားပှုက ပို၍ပို၍ လှုပ်ရှားလာကာ ပျောက်ကွယ်သွားမည့်အရိပ်အယောင်မရှိပေ။

ပါဝင်ပက်သက်နေသူတစ်ယောက်ဖြစ်သည့် ရှန်ချန်ယွီက ထိုအချိန်တွင် ကိုယ်ပိုင်စာမျက်နှာပေါ်၌ သူ၏အပြစ်များကိုဝန်ခံခဲ့သည်။ ထိုဖော်ပြချက်တွင် သူက ပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန်အတွက် ရှန်ချန်ကျင်း၏တေးသွားကို ယူခဲ့ရုံသာမက ရှန်မိသားစု၏သင်ပြပေးမှုအတွက် အားနာသဖြင့် ဂီတနယ်ပယ်၌ ထပ်မနေရဲတော့ကြောင်း ရေးထားသည်။

သူက ဂီတလောကမှ နုတ်ထွက်ချင်ပြီး တယောတီးခြင်းကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း ပြောထားသည်။

ဤဖော်ပြချက်ထွက်လာသည်နှင့် ထိုဖြစ်ရပ်က အဖေရှန်ထင်ထားသကဲ့သို့ မငြိမ်သက်သွားဘဲ ခဲတစ်လုံးထဲဖြင့် လှိုင်းထောင်ပေါင်းများစွာ ပွက်လာစေသည်။

အဘယ့်ကြောင့်ဆိုသော် ကျော်ကြားသောတယောပညာရှင် ရိုဆဖ်မှ  ရှန်ချန်ယွီသည် ထိုလက်ရာ၏တကယ့်ပိုင်ရှင်ဖြစ်ကြောင်းကို လွန်ခဲ့သောမိနစ်အနည်းငယ်ကပင် မရှင်းမလင်းစာတိုတစ်ခု မျှဝေခဲ့သည်။

သတင်းအချက်အလက်က ဂီတကျောင်း၏ ပါမောက္ခအိုကြီးထံမှ လာခြင်းပင်။ ထိုပါမောက္ခက နိုင်ငံတကာတွင် ဂုဏ်သတင်းကြီးသော်လည်း တရုတ်မှလူများမှာ သူ့နာမည်ကိုသာသိပြီး သူနှင့် အနီးကပ်ဆက်သွယ်မှုမရှိပေ။

မည်သို့ပင်ဖြစ်စေကာမူ ထိုပါမောက္ခက အလွန်ထူးချွန်သော ဂီတပညာရှင်ဖြစ်ပြီး ကျော်ကြားသောတယောပညာရှင်နှစ်ယောက်ဖြစ်သည့် ရိုဆဖ်နှင့် တူရစ်တို့အား သင်ကြားပေးခဲ့ကြောင်းကို လူတိုင်းသိသည်။ သူအသက်ကြီးလာသောအခါ ဂီတသီအိုရီများအား လေ့လာသည့်ဘက်သို့ လှည့်သွားပြီး ရေပန်းစားမှုလျော့သွားသည်။ သို့ရာတွင် မကြာသေးမီကပင် သူကဂီတကျောင်း၏ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ငှားရမ်းခံရပြီး နိုင်ငံထဲ၌ တစ်လမျှနေခဲ့သည်။

ဤပါမောက္ခ၏ စကားများက လုံးဝဩဇာညောင်းသော်လည်း အပူရှိန်ကင်းမဲ့နေသဖြင့် ရိုဆဖ်ထံမှ ပြန်မျှဝေခံရမှသာ လူထု၏အာရုံစိုက်မှုကို ရရှိခဲ့သည်။

ဤပါမောက္ခ၏ ကိုယ်ပိုင်စာမျက်နှာပေါ်၌ ပုံတစ်ခုအရင်တင်ထားသည်။ ၎င်းက သီချင်းရေးစာအုပ်ထဲမှ အကြမ်းပတမ်း ဆွဲဖြဲခံထားရပြီး သတင်းဘုတ်ပေါ်၌ သနားစဖွယ် အတင်ခံထားရသည့် မပြီးမစီး တေးသွားစာရွက်ရွက်၏ပုံဖြစ်သည်။

နောက်ခံအရ ၎င်းသည် ဂီတကျောင်းမှ ဇာတ်ရုံ၏ရှေ့ရှိ သတင်းဘုတ်ဖြစ်လောက်သည်။ ထို့အပြင် သတင်းဘုတ်ပေါ်ရှိမှန်ပေါ်တွင် မသိလိုက်မသိဘာသာဖြင့် ပြုံးနေသည့် ကျောင်းသားအချို့၏အရိပ်များက ထူးထူးခြားခြား ကြည်လင်နေသည်။

ရိုဆဖ်တွင် ပရိသတ်များစွာရှိသည်။ သူကိုယ်တိုင်ကပင် ဂီတပြိုင်ပွဲ၏ ဒိုင်လူကြီးတစ်ယောက်ဖြစ်ရာ ဤကူးချမှုဖြစ်ရပ်နှင့် ပက်သက်နေသည်။ ရှန်ချန်ယွီအပေါ် သူ၏လှုပ်ရှားမှုနှင့် မှတ်ချက်အကြောင်း စိုးရိမ်နေသူများစွာရှိသည်။

ထို့ကြောင့် ရိုဆဖ်မှ ဤစာတိုကို ပြန်မျှဝေလိုက်သောအခါ မိနစ်အနည်းငယ်အတွင်းမှာပင် ကြည့်သူအရေအတွက်က ခပ်မြန်မြန်တိုးလာသည်။

အင်တာနက်သုံးစွဲသူများက ပါမောက္ခတင်လိုက်သည့်ပုံကို တွေ့သောအခါ အနည်းငယ်ရှုပ်ထွေးသွားသော်လည်း ပြိုင်ပွဲ၌ ရှန်ချန်ကျင်းနှင့် ရှန်ချန်ယွီ တို့တင်ဆက်ခဲ့သည့် တေးသွားနှင့် ဤပုံပေါ်ရှိတေးသွားကို နှိုင်းယှဉ်ပြီးနောက် ၎င်းတို့သည် ဗိုလ်လုပွဲ၌ ပြိုင်ပွဲဝင်နှစ်ယောက် တင်ဆက်ခဲ့သည့် လက်ရာနှင့်တူနေကြောင်း ချက်ချင်းသဘောပေါက်သွားသည်။

ဤဘလော့၏ စာပိုင်းတွင်လည်း ပါမောက္ခက သူ၏တပည့်ဖြစ်သူတူရစ်အား ရှန်ချန်ကျင်းသည် သူ၏စိတ်ကွန့်မြူးမှုကို ဇူလိုင်တစ်ရက်နေ့မှ ဖော်ပြခဲ့ပြီး သူ၏အကူအညီနှင့်အတူ ရေးဖွဲ့ခဲ့သလား အတည်ပြုခိုင်းထားသည်။ ထို့နောက် ပါမောက္ခက ထိုအပြီးမသတ်ရသေးသည့် တေးသွားအား သူဇွန်လ ၂၀ ရက်နေ့ကတည်းက ဇာတ်ရုံတွင် ဓာတ်ပုံရိုက်ခဲ့ကြောင်း ကိုယ်တိုင်အခိုင်အမာပြောထားသည်။

သို့ရာတွင် ၎င်းသည်ဓာတ်ပုံတစ်ခုသာဖြစ်သည်။ အချိန်တိတိကျကျနှင့် ဖန်တီးသူ၏ လက်မှတ်ပင်မပါရာ ဘာသက်သေပြနိုင်မည်နည်း။

အင်တာနက်သုံးစွဲသူများက မေးခွန်းထုတ်ကြသော်လည်း ပါမောက္ခက ဤသို့တုန့်ပြန်လိုက်သည်။

"ငါအချိန်ကို ပြောင်းလိုက်တယ်လို့ မင်းတို့သံသယမဝင်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ ငါဒီတေးသွားကို ဂီတကျောင်းကကျောင်းသားတိုင်း သိသင့်တဲ့ အင်မတန်အုတ်အော်သောင်းတင်းဖြစ်ရပ်မှာ ကံကောင်းပြီး ဓာတ်ပုံရိုက်မိသွားတာ။ အဲ့ဒါက ကျောင်းတွင်းအနိုင်ကျင့်မှုပဲ။ ဒီတေးသွားရဲ့ပိုင်ရှင် ရှန်ချန်ယွီက အကျင့်မကောင်းတဲ့ ကျောင်းသားတွေဆီကနေ ပစ်မှတ်ထားခံနေရတာ။ သူတို့က သူ့ရဲ့သီချင်းစာအုပ်ကိုယူစုတ်ဖြဲပြီး သတင်းဘုတ်ပေါ်တင်ထားတယ်။ တစ်ချိန်ထဲမှာပဲ သူတို့က သူ့တယောကိုယူသွားပြီး စော်ကားခဲ့တယ်။"

ပါမောက္ခ၏စကားများက အုတ်အုတ်ကျက်ကျက်ဖြစ်နေမှုကို သွေးထိုးလိုက်၍ ရှန်ချန်ယွီ၏ပရိသတ်များ ချက်ချင်းပေါက်ကွဲလာသည်။

အဘယ့်ကြောင့်ဆိုသော် ထိုပါမောက္ခက တေးသွား၏မူရင်းဖန်တီးသူအတွက် ရှင်းချက်ထုတ်ပေးခဲ့ရုံသာမက ချစ်စဖွယ်ငှက်မွေးလေးသည် ကျောင်း၌အနိုင်ကျင့်ခံနေရကြောင်း ပြောထားသောကြောင့်ပင်။

သို့ရာတွင် ပါမောက္ခ၏စကားများက ထိုတွင်မရပ်သေးပေ။ သူက ရှန်ချန်ကျင်း၏ ဖျော်ဖြေမှုထဲမှ သင်ကေတအချို့ကို ရွေးထုတ်လိုက်ပြီး သူဓာတ်ပုံရိုက်ထားသည့်ထဲမှ သင်ကေတများဖြင့် နှိုင်းယှဉ်ပြလိုက်ရာ ပြိုင်ပွဲအတွက် ရှန်ချန်ကျင်း အသုံးပြုခဲ့သည့် လက်ရာဖြစ်သော 'ငရဲ' သည် ဤတစ်ပိုင်းတစ်စလက်ရာထဲမှ တစ်ခုလုံးကူးချထားခြင်းပင်။

သူ၏စကားလုံးများက မည်မျှပွက်လောရိုက်သွားစေသည်ကို ဂရုမစိုက်သည့်အလား ပါမောက္ခက အခြားအရာတစ်ခုကို ထပ်ထုတ်ဖော်လိုက်သည်။ ကျောင်းက ကျောင်းတွင်းအနိုင်ကျင့်မှုဖြစ်ရပ်ကို စုံစမ်းသောအခါ ကျောင်းသားအချို့က သူတို့သည် ရှန်ချန်ကျင်းထံမှ တိုက်တွန်းခံရသည်ဟု ပြောကြသည်။

သို့ရာတွင် ကျောင်းက ရှန်ချန်ကျင်းအား စည်းကမ်းအရအရေးယူမည်ပြုသောအခါ နစ်နာသူရှန်ချန်ယွီသည် ကျောင်းထံကိုယ်တိုင်အသနားခံခဲ့သဖြင့် ကျောင်းသားရှန်ချန်ကျင်း၏ ဂုဏ်သတင်းမပျက်စီးခြင်းပင်။

ယခုအချိန်တွင် ထိုခေါင်းစဉ်၏အောက်၌ အဖေရှန်၏ထုတ်ပြန်ချက်၊ ရှန်ချန်ကျင်း၏ နာကျင်မှုအား ဖော်ပြထားသောစကားများနှင့် ရိုတဖ်ပြန်ဝေမျှထားသော ပါမောက္ခ၏ရှင်းချက်တို့က သုံးပွင့်ဆိုင်နေသည်။

လူတိုင်းက အဖေရှန်နှင့် ရှန်ချန်ကျင်းတို့ကြောင့် အယုံသွင်းခံရလုဆဲဆဲတွင် အမှန်တရားကဤသို့ပေါ်ပေါက်လာမည်ဟု မမျှော်လင့်ထားကြပေ။

ဤလက်ရာ၏ မူရင်းဖန်တီးသူမှာ ၎င်းအားဇွန် ၂၀ရက်တွင်ပင် ပထမတစ်ပိုင်းပြီးထားသူ ရှန်ချန်ယွီ ပင်။ ထို့အပြင် တကယ်ကူးချခဲ့သူ ရှန်ချန်ကျင်းက တစ်ဝက်တစ်ပျက်သာပြီးထားသော လက်ရာကို စင်ပေါ်သို့တိုက်ရိုက်ယူသွားရုံသာမက သူ၏အဖေနှင့်လည်း ပူးပေါင်းကာ တကယ့်ခံရသူကို စွပ်စွဲခဲ့သည်လား။

ဗိုလ်လုပွဲတွင် စင်ပေါ်သို့ ပြေးတက်လာသော ရှန်ချန်ကျင်း၏ နည်းလမ်းကျကာ အပြစ်ကင်းပုံပေါ်သော စကားများကို ပြန်သတိရသောအခါ သူ့ထောက်ခံသူများက အလိမ်ခံခဲ့ရသည့်အတွက် ဒေါသတလိပ်လိပ်ထွက်လာသည်။

အဖေရှန်၏ ထုတ်ပြန်ချက်အား အရင်ဆုံးဖတ်မိကာ ရှန်ချန်ယွီကို မျက်လုံးဖြူမြေခွေးဟု ဒေါသတကြီးခေါ်ခဲ့သော အင်တာနက်သုံးစွဲသူများမှာ ပါမောက္ခဖော်ပြသည့်အမှန်တရားကို မြင်သောအခါ မျက်နှာများပူလောင်နာကျင်လာသည်။

လေထုက သိသိသာသာ ပြောင်းလဲသွားသည်။ ရှန်မိသားစုနှင့် ရှန်ချန်ကျင်းဘက်သို့ အလေးသာနေသော ဝေဖန်ချက်များက ပြောင်းပြန်လန်သွားသည်။

ရှန်ချန်ကျင်းက သူ့အစ်ကိုအား ကျောင်းတွင်းအနိုင်ကျင့်မှုပြုလုပ်ရန် အစီအစဉ်ချပေးခဲ့ပြီး တစ်ချိန်ထဲမှာပင် သူ့အစ်ကို၏ ပြိုင်ပွဲအတွက် တေးသွားစာရွက်ကို ယူသွားသည်။ သို့သော်လည်း ခံရသူ ရှန်ချန်ယွီက ရှန်ချန်ကျင်း၏ ဂုဏ်သတင်းအား ထိန်းသိမ်းရန်အတွက် အသနားခံခဲ့ရသည်လား။

ချစ်ပေးတတ်သောအဖေပုံပေါက်သည့် အဖေရှန်က သူ့သားအရင်းအတွက် တိုက်ရိုက်ထောက်ခံပြောဆိုပေးပြီး မွေးစားသားအတွက် တကယ်မနှစ်မြို့စရာပုံစံဖြင့် ဟန်ဆောင်ပြောဆိုပေးခဲ့သည်။

သူယခင်က ကိုယ်တိုင်ကြံစည်ထားသည်များသည် သူ၏နောက်ဆုံးဟန်ဆောင်မှုကို ဖော်ထုတ်လိုက်မည်ဟု ရှန်ချန်ကျင်း ဘယ်တုန်းကမှအိပ်မက်မမက်ဖူးလောက်ပေ။ ရှန်ချန်ကျင်းသာ ကျောင်းတွင်းအနိုင်ကျင့်မှုကို ကိုယ့်ဘာသာမစီစဉ်ထားလျှင် ပါမောက္ခသည်လည်း ထိုတေးသွားစာရွက်အား မြင်မည်မဟုတ်ပေ။ ဤလက်ရာကို ရှန်ချန်ယွီရေးထားသည်ဟု သက်သေပြနိုင်မည့်သူလည်း ရှိလာမည်မဟုတ်ပေ။

အဖေရှန်နှင့် ရှန်ချန်ကျင်းတို့ နှစ်ပေါင်းများစွာ တည်ဆောက်ထားသော ပုံရိပ်သည် မွစာကြဲသွားသည်။

ရှန်ချန်ကျင်းနှင့် နီးစပ်သောသူငယ်ချင်းများက စတင်စိုးရိမ်ပူပန်လာပြီး သူတို့၏သံသယများကို အင်တာနက်ပေါ်၌ အားလုံးတင်လိုက်ကြသည်။

(ရှန်ချန်ကျင်းက ညီလိမ္မာလေးဖြစ်ခဲ့တယ်...အား...ရှန်ချန်ယွီကိုလည်း အရင်က ကူညီဖူးတယ်။ ယီး...အားလုံးက ဟန်ဆောင်တာတွေပဲ။...)

(ဒီ့မတိုင်မီကလည်း ရှန်ချန်ကျင်းက သူ့သီချင်းကို ယူသွားတယ်လို့ ရှန်ချန်ယွီ ပြဿနာရှာဖူးတယ်။ ဒါ ဟုတ်လား၊ မဟုတ်လားဆိုတာ ငါသိချင်တယ်။)

ဖြစ်ရပ်၏အပူရှိန်က ဆက်တိုက်တက်နေပြီး ရှန်မိသားစုနှင့်ပက်သက်၍ အငြင်းပွားဖွယ်ရာကို ဂီတနယ်ပယ်၏အပြင်လူများပါ ပျော်ပျော်ကြီးလာကြည့်ကြသည်။ သို့ရာတွင် အဖြစ်မှန်သိသွားပြီးနောက် ရှန်ချန်ယွီ၏ ကိုယ်ပိုင်စာမျက်နှာသို့သွားကာ နှစ်သိမ့်ကြသော ပရိသတ်များမှာ သူ၏ ဝန်ခံစာတက်လာပြီးနောက် သေလောက်အောင်ကြောက်လန့်သွားသည်။

အတည်စိတ်ဓာတ်ကျနေသော စကားများနှင့် ဤတင်ပြချက်က ပြဿနာအကြောင်းကို စိတ်ပူနေသော အင်တာနက်သုံးစွဲသူများအား အလုံးစုံခေါင်းခြောက်သွားစေပြီး ထိုအထဲမှ လန့်စရာကောင်းသော အရိပ်အငွေ့များကိုပင် သတိပြုမိကြသည်။

( ဘာတွေဖြစ်နေတာလဲ။ မင်းအပြစ်ကင်းတာကို သက်သေပြပြီးသွားပြီမဟုတ်လား ငှက်မွေးလေးရေ။ မင်းမှားပါတယ်လို့ ဘာကြောင့်ပြောချင်ရတာလဲ။)

(ငှက်မွေးလေးရေ ထွက်လာပြီး ငါတို့ကို အဖြေပေးပါ။)

(ဒီစာကိုရေးတာက တကယ်ငှက်မွေးလေးလား။ တယောက သူ့ရဲ့အလှပဆုံးအရာဆိုပြီး တစ်ခုတည်းသောမေးမြန်းမှုမှာ ပြောခဲ့တယ်လေ။ သူဘယ်လိုလုပ် လက်လျှော့နိုင်မှာလဲ။)

(မိသားစုက သူ့ကို ဖိအားပေးနေတာလား။ ဘယ်လိုပဲဖြစ်ဖြစ် မွေးစားသားက မွေးစားသားပဲလေ။ ရှန်လီယန်က သူ့ရဲ့အရင်ကြေငြာချက်မှာတောင် ရှန်ချန်ကျင်းကို ကာကွယ်ပေးထားတာမဟုတ်လား။)

ရှန်ချန်ယွီ၏ ပရိသတ်များက သူတင်ခဲ့သော စာ၌လျင်လျင်မြန်မြန် နေရာယူလိုက်ကာ ယခင်တင်ဖူးသည့်စာအချို့နှင့် နှိုင်းယှဉ်လိုက်သည်။ ထိုအခါတွင် ဗြောင်ကျကျပူးပေါင်းကြံစည်မှုက ထင်ရှားလာသည်။

ဤပြဿနာ၌ ပါမောက္ခ ပါလာသည်မှာ မမျှော်လင့်ထားစရာမှန်း သိသာသည်။ သူသာ အမှန်တရားကို မဖော်ထုတ်လျှင် အဖေရှန်က ရှန်ချန်ယွီ၏အမှားကို အရင်ဆုံးဖော်ထုတ်ကာ ရှန်ချန်ယွီအား ကိုယ်တိုင်တောင်းပန်စေပြီး ဂီတလောကမှအနားယူရန် ကြေငြာရလိမ့်မည်။

ထို့နောက် ဤလူငယ်လေးက လူထုအမြင်အောက်မှ လုံးဝပျောက်သွားလိမ့်မည်။

(အာာာာား ဘာတွေဖြစ်နေတာလဲ။ သူ့ပေါ် လာသွန်တဲ့ ရေညစ်တွေကို ဝန်ခံလိုက်ရတဲ့အထိ ငှက်မွေးလေးဘာတွေကြုံနေရတာလဲ။)

(ငှက်မွေးလေး မကြောက်နဲ့နော်။ မင်းထွက်လာလို့ ရပါတယ်။ ရှန်မိသားစုက မင်းကိုမလိုချင်ပေမဲ့ ငါတို့မင်းကို ပံ့ပိုးပေးမယ်။)

သို့သော် ပရိသတ်များက မည်သို့ပင်ခေါ်ထုတ်နေပါစေ တင်ပြချက်တစ်ခုသာ ရေးသွားခဲ့သော လူငယ်လေးက အငွေ့ပျံသွားပုံပေါ်ပြီး ဘယ်နေရာတွင်မှ မပေါ်လာပေ။ တစ်ချိန်ထဲမှာပင် ရှန်ချန်ကျင်းနှင့် သူ့အဖေတို့က အင်တာနက်သုံးစွဲသူများ၏ တိုက်ခိုက်ချက်များကို မတုန့်ပြန်ပေ။

ရှန်ချန်ကျင်းနှင့် အဖေရှန်တို့က အင်တာနက်ပေါ်၌ ဖြစ်နေသော ကိစ္စများကို သတိမထားမိသေးပေ။ သူတို့က ကောင်လေး၏တန်ဖိုးအား လုံးဝလျှော့ချလိုက်ကာ မှောင်မိုက်သော မြေအောက်လောင်းကစားရုံတွင် ရောင်းရန် စိုးရိမ်ပူပန်ရင်း စိတ်လှုပ်ရှားနေသည်။

လောင်းကစားရုံသို့ ရောက်သည်နှင့် အဖေရှန်က ကားနောက်ခန်းမှ ကောင်လေးကို ရွှေ့ရန်အတွက် ဘေးဝင်ပေါက်တစ်ပေါက်အား ရှာလိုက်သည်။ သူနှင့် ရှန်ချန်ကျင်းတို့က ကောင်လေးအား လောင်းကစားရုံထဲသို့ ရွှေ့ရန်ကြိုးစားနေသော်လည်း မနီးမဝေးမှ တစ်စုံတစ်ယောက်က အရိပ်များထဲ၌ ပုန်းကွယ်နေကြောင်းကို မမြင်ခဲ့ပေ။ ၎င်းက မြင်ကွင်းကို အပြည့်အစုံ ရိုက်ကူးထားပြီး ရှန်ချန်ကျင်းနှင့် အဖေရှန်တို့၏ မျက်နှာများမှာ ကြည်လင်ပြတ်သားနေသည်။

ကောင်လေးအား လောင်းကစားရုံထဲသို့ သယ်သွားပြီးနောက် လောင်းကစားရုံဝန်ထမ်းရောက်လာသောအခါ ရှန်ချန်ကျင်းက ခပ်မြန်မြန်နောက်ဆုတ်သွားသည်။ သူက သူ့အဖေအတွက် လုံးဝဂရုမစိုက်ဘဲ ကားစက်နှိုးကာထွက်သွားသည်။

ဤအချိန်တွင် ရှန်ချန်ကျင်း၏နှလုံးသားမှာ ခုန်ပေါက်ထွက်လာတော့မလိုပင်။ သူက ရှန်ချန်ယွီအား မည်မျှစက်ဆုပ်ပါစေ သူသည်အသက်နှစ်ဆယ်အောက် လူငယ်တစ်ယောက်သာ ဖြစ်ပြီး ယခုအခါတွင် ဤကဲ့သို့သော ပြစ်မှုကို ကျူးလွန်နေရသည်။

သို့ရာတွင် သူ့စိတ်ထဲ၌ ရှင်းမပြနိုင်လောက်အောင် သက်တောင့်သက်သာဖြစ်သွားသဖြင့် နှုတ်ခမ်းကော့နေခြင်းမှ မရပ်နိုင်တော့ပေ။

ယခုအချိန်မှစ၍ ဤကမ္ဘာတွင် ရှန်ချန်ယွီ မရှိတော့ပေ။ မည်သူကမှ သူ့ပစ္စည်းများကို လာမလုတော့ပေ။

အခြားတစ်ဖက်တွင် အဖေရှန်နှင့် လောင်းကစားရုံဝန်ထမ်းတို့က ရှန်ချန်ယွီအား ဘေးတံခါးပေါက်မှတစ်ဆင့် အပေါ်ထပ်သို့ သယ်သွားသည်။ သို့ရာတွင် သူတို့ဝင်လာသောလမ်းက မလုံခြုံကြောင်းကို အဖေရှန်တွေ့လိုက်ရသည်။ ဘေးပတ်လည်မှ လောင်းကစားသမားများက သူတို့အားဆက်တိုက် စပ်စုနေကြသည်။

သို့သော် လောင်းကစားရုံဝတ်ထမ်းက ဘာမှမထူးခြားသကဲ့သို့ တည်ငြိမ်နေသဖြင့် အဖေရှန်စိတ်ငြိမ်သွားသည်။

ထိုအချိန်တွင် လျှောက်လမ်းမှ လူငယ်နှစ်ယောက်က တစ်စုံတစ်ခုအကြောင်းကို ပြောနေရင်း လျှောက်လာသည်။

" မင်း သတင်းကြားပြီးပြီလား။ ကြီးကြီးမားမား ကပြောင်းကပြန်တစ်ခု ဖြစ်သွားတယ်။ စိုးရိမ်နေတဲ့ ပရိသတ်တွေက ရဲခေါ်လိုက်တယ်ဆိုပဲ။"

အခြားတစ်ယောက်က ပြန်ပြောသည်။ "ကျွတ်၊ ဒီလို ပေါက်တတ်ကရတွေ ဖြစ်သွားတာပဲ။ ဒီမိသားစုက တော်တော်ကောင်းတယ်။"

အဖေရှန်က လူငယ်နှစ်ယောက် ပြောနေသည်ကို စပ်စပ်စုစု နားထောင်နေသော်လည်း ကြားခဲ့ရသည့်အကြောင်းအား ဘာမှမသိချေ။ သို့သော် အိပ်ပျော်နေသောလူငယ်လေး နိုးလာသည်။ သူက လက်အားချည်ထားသော ကြိုးအားတစ်နည်းနည်းဖြင့် ဖြေလိုက်ကာ ဘေးမှဖြတ်သွားသောလူငယ်နှစ်ယောက်ထဲမှ တစ်ယောက်ကို လှမ်းဆွဲလိုက်သည်။

"ကယ်ကြပါ။ " လူငယ်လေးက မျက်လုံးပြူးကာ အကူအညီတောင်းနေသော်လည်း သူ့အနောက်ရှိ လောင်းကစားရုံလူမိုက်ထံမှ လက်ချုပ်ကာ ချက်ချင်းအကွယ်ခံလိုက်ရသည်။

"အာ့" လူငယ်လေးက အားကြိုးမာန်တက်ရုန်းနေသဖြင့် သူ့အားဖမ်းထားရသောလူမိုက်၏ နှလုံးသားထဲ၌ ခါးသီးနေသည်။

သေစမ်းကွာ။ ဤလူငယ်လေးက တန်ဖိုးရှိသည်ဟု သူသတင်းကြားထားသည်။ ဆံတစ်မျှင်ပင် လျော့၍မရပေ။ ထိုသို့မဟုတ်လျှင် သူဌေးက သူ့ကိုသတ်လိမ့်မည်။

သို့ရာတွင် သူကကောင်လေးအား ခေါ်သွားရပြီး ထိုသို့လုပ်ရန်မှာ သူ့အတွက်မခက်ခဲပေ။

ထိုအချိန်တွင် ရှန်ချန်ယွီ ဆူညံနေခြင်းကို မကြိုက်သောအဖေရှန်က လူငယ်လေး၏မျက်နှာအား ရိုက်ချလိုက်သည်။ "မင်း ဘာတွေအော်နေတာလဲ။ မင်းက ဒါနဲ့ပဲတန်တယ်။ အခုမင်း အကြွေးဆပ်ရမယ့်အချိန်ပဲ။"

လူမိုက်က အလွန်ထိတ်လန့်သွားသဖြင့် ချက်ချင်းလှည့်လာကာ အဖေရှန်၏ရိုက်ချက်ကို တားဆီးလိုက်သည်။ သူက အဖေရှန်အား ဒေါသတကြီး အော်လိုက်သည်။ "ခင်ဗျား ဘာလုပ်နေတာလဲ။ ကျုပ်အနောက်ကိုပဲ လိုက်လာခဲ့။ ခင်ဗျား လူတွေကိုအာရုံထပ်စိုက်အောင်လုပ်ရင် ကျုပ်ခင်ဗျားကို သတ်မယ်။"

သုံးယောက်သားက အလောတကြီး ထွက်သွားပြန်သည်။ သို့သော် ရှန်ချန်ယွီထံမှ အဆွဲခံလိုက်ရသော လူငယ်နှစ်ယောက်က နေရာတွင်ပင် မှင်တက်နေပြီး အချိန်အတော်ကြာမျှ စိတ်မထိန်းနိုင်ပေ။

"ဖာ့ခ်၊ မင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရလား။ အဲ့ဒါ ရှန်ချန်ယွီပဲ။" နှစ်ယောက်ထဲမှ တစ်ယောက်က မိန်းမောနေရင်း ပြောလိုက်သည်။ သူက လက်ရှိအခြေအနေကို လက်မခံနိုင်သေးပုံပင်။

"အမ်။ ငါတွေ့လိုက်တယ်။ အခြားတစ်ယောက်က ရှန်ချန်ယွီရဲ့ မွေးစားအဖေ ရှန်လီယန်ပဲ။"

ထိုသို့ပြောပြီးနောက် နှစ်ယောက်သား အပြန်အလှန် ကြည့်ကာ အံ့အားသင့်စွာပြောသည်။ "သူ့ကို ရောင်းလိုက်တာလား။"

"မြန်မြန်၊ မြန်မြန်၊ သတင်းတင်လိုက်။ ဒါသတင်းကြီးပဲ။"

ရှန်ချန်ယွီကို ရှာဖွေနေသူများက 'ငှက်မွေးလေးအား ရှာဖွေနေသည်' ဟူသောခေါင်းစဉ်အား ထိပ်ဆုံးရောက်အောင် လုပ်လိုက်ပြီး ထိုခေါင်းစဉ်အောက်မှ သတင်းများအား ခဏခဏ ကြည့်နေသည်။

သတင်းအသစ်တစ်ခု ရုတ်တရက်တက်လာကာ လူများ၏မျက်လုံးများအား ချက်ချင်းဖမ်းစားလိုက်သည်။

(ရှန်ချန်ယွီရဲ့ မွေးစားအဖေက သူ့ကို လောင်းကစားရုံဆီ ရောင်းစားလိုက်တယ်။)

ထိုစာတွင် တည်နေရာကိုပါ ဂရုတစိုက်တွဲတင်ထားပြီး ထိုအကြောင်းသိသူများက သတင်းအား ထိပ်ပိုင်းသို့တင်လိုက်သည်။

(ဒီနေရာလား။ အဲ့ဒါ ဖြစ်နိုင်တယ်။ ဒီလောင်းကစားရုံမှာ ဂီတပြိုင်ပွဲတစ်ခုလုပ်နေတယ်လို့ ရောက်ဖူးသူတိုင်းသူသိတယ်။ ပြိုင်ပွဲဝင်တွေလည်း ရှားနေတယ်လို့ကြားတယ်။)

(ငါအခု အဲ့နေရာမှာပဲ။ တစ်စုံတစ်ယောက်က သတိမေ့နေတဲ့သူတစ်ယောက်ကို ခေါ်လာတာ ငါတွေ့လိုက်သလိုပဲ။)

(ငါ ရှန်လီယန်ကို ဒီနေရာမှာ တစ်ကြိမ်ထက်မကတွေ့ဖူးတယ်လို့ ပြောချင်တယ်။)

အဆုံးမရှိတက်လာသော သတင်းများက ရှန်ချန်ယွီ၏ပရိသတ်များအား သေလာက်အောင်လန့်သွားစေသည်။ သူတို့၏ အသည်းစွဲက သူ၏မွေးစားအဖေထံမှ လောင်းကစားရုံသို့ ရောင်းစားခံလိုက်ရသည်မဟုတ်လား။ ဤကဲ့သို့သော ဇာတ်ကွက်မျိုးက တီဗီဇာတ်လမ်းများထဲတွင်သာ ရှိသည်မဟုတ်လား။

ယခင်ကဆိုလျှင် ရှန်လီယန်ကအပြစ်ကင်းပြီး သူ၏သားအရင်းရှန်ချန်ကျင်းထံမှ အညာခံလိုက်ရသည်ဟု သံသယဝင်နေသူများရှိသေးသည်။ သို့သော် ယခုအခါတွင် အရာအားလုံးကို သိက္ခာကြီးသော ထိုမွေးစားအဖေက စီစဉ်ထားမည်ကိုပင် စိုးရိမ်ရသည်။

(ဖာခ့်၊ လောင်းကစားရုံဆီ တကယ်အရောင်းခံလိုက်ရတာလား။ အဲ့ဒါ ပြစ်မှုမဟုတ်လား။ တစ်ယောက်က တကယ်ကြီး အဲ့လိုလုပ်ရဲတယ်လား။)

(ဒါ ဆူညံအောင်လုပ်ချင်တဲ့သူ တင်ထားတာဖြစ်ပါလိမ့်မယ်။ အားလုံးက အတုတွေပဲ။ အဲ့ဒါ ပြက်လုံးပဲဖြစ်ရမယ်။ ငှက်မွေးလေးက အခုဘေးကင်းနေမှာပါ။...ဘုရားရေ၊ သူတကယ်လုံခြုံနေမယ်လို့ ငါမျှော်လင့်ပါတယ်။)

(သတင်း ကြားပြီး ငါလန့်သွားတယ်။ အခုစာရိုက်နေရင်းနဲ့တောင် လက်တုန်နေတုန်းပဲ။)

(ဒါသတင်းအတုဖြစ်မယ်လို့ ငါမျှော်လင့်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက အမှန်ဖြစ်နေမှာစိုးလို့ ငါရဲခေါ်လိုက်ပြီ။)

(ငှက်မွေးလေးက မျက်လုံးဖြူ မြေခွေးနဲ့ ခိုးကူးသူလို့ အခေါ်ခံရပြီးပြီ။ အခုတော့ သူ့မွေးစားအဖေဆီကနေ လောင်းကစားရုံဘက်ကို အရောင်းခံလိုက်ရတယ်။ သူ 'သုခဘုံအကြောင်းအိပ်မက်' လိုလက်ရာမျိုးကို ဘာကြောင့်ရေးစပ်နိုင်သလဲဆိုတာ ငါတကယ်နားလည်သွားပြီ။ သူလုံခြုံအဆင်ပြေနေမယ်လို့ ငါမျှော်လင့်ပါတယ်။)

(ငါလည်း ရဲခေါ်ထားတယ်။ ငှက်မွေးလေးအကြောင်းကို လူတွေ၊ ရဲတွေ အာရုံပိုစိုက်လာရင်ကောင်းမယ်။ ငှက်မွေးလေးအတွက် ဆုတောင်းပါတယ်။)

ရှန်ချန်ကျင်းနှင့် ရှန်ချန်ယွီ တို့ကြောင့်ဒေါသထွက်နေသော မှတ်ချက်များပျောက်သွားကာ မျက်နှာပြင်ပေါ်မှ မှတ်ချက်များက အမျိုးမျိုးသောဆုတောင်းစာများဖြစ်လာသည်။ လူအချို့က သူအပိုလုပ်နေသည်ဟု ထင်နေကြသေးသော်လည်း လူအများအပြားက ရှန်ချန်ယွီအတွက် ရိုးရိုးသားသား ဆုတောင်းပေးနေကြသည်။

သူတို့က သူ၏တေးသွားကို ကြိုက်နှစ်သက်သည်။ သူတို့က နွေးထွေးကာ သနားစရာကောင်းသော ဤလူငယ်လေးအား ချစ်သည်။

အင်တာနက်ပေါ်တွင် ပရမ်းပတာဖြစ်နေသည်။ အခြေအနေအား စိုးရိမ်နေသူ အမေရှန်က ရှန်လီယန်အား ခေါ်နေသည်။ သို့သော် ယခုအချိန်တွင် အဖေရှန်က အခြားဘာမှမတွေးနိုင်သေးပေ။ သူ၏မျက်လုံးများက ပိုက်ဆံကိုသာမြင်နိုင်သည်။ သူကရှန်ချန်ယွီအား ရွှေဒင်းဂါးတစ်ပုံကိုတွေ့ရသကဲ့သို့ ကြည့်နေသည်။

"မင်းရဲ့ သူဌေးကို ဒီလာဖို့ခေါ်လိုက်။ ငါ သူ့ကိုဈေးအကြောင်း ပြောရမယ်။" အဖေရှန်က စီးကရက်တစ်လိပ်ကို သောက်ကာ လူမိုက်ကိုပြောနေရင်း ရှန်ချန်ကျင်းအား လက်ညှိုးထိုးပြသည်။ "အဲ့ဒါကို တွေ့ပြီးပြီလား။သူက 'စီးဆင်းနေသောရေ' နဲ့ 'ဒီမေဂျာဂီတ' ကိုတီးခဲ့တဲ့သူပဲ။ ဒါကတကယ်ကို တန်ဖိုးရှိတဲ့ပစ္စည်းလေ။ မင်းတို့သူ့ကိုခေါ်သွားရင် ပိုက်ဆံအများကြီးရနိုင်တယ်။"

လုမိုက်က အဖေရှန်အား သနားမှုရောနှောနေသော စိတ်ပျက်မှုဖြင့် ကြည့်လိုက်သည်။ သူက သေခါနီးနေသော်လည်း ဘာမှမသိသေးသော သနားစရာကံဆိုးသူကို ကြည့်နေသည့်ပုံပေါ်သည်။

သို့သော် အပြင်ပိုင်းတွင်မူ သူကသဘောတူညီစွာ ခေါင်းညှိတ်ပြလိုက်ပြီး သူဌေးအား တကယ်သွားရှာတော့မည့်ပုံဖြင့် အခန်းထဲမှ ထွက်သွားသည်။

"ခင်ဗျားက ပြစ်မှုကျူးလွန်နေတာပဲ။" ထိုင်ခုံပေါ်၌ တည်ငြိမ်အေးဆေးစွာထိုင်နေသော ရှန်ချန်ယွီက အဖေရှန်အား ပြောလိုက်သည်။ "ကျွန်တော့်ကို ဒီလိုနေရာမှာ ရောင်းစားရလောက်တဲ့အထိ ခင်ဗျားကျွန်တော့်ကိုမုန်းနေအောင် ကျွန်တော်ဘာအနှောက်အယှက်ပေးမိလို့လဲ။"

"စိတ်အနှောင့်အယှက်ပေးတယ်လား။" ဆေးလိပ်သောက်နေသော အဖေရှန်က ရယ်သည်။ ရယ်သံက ဂီတပညာရှင်တစ်ယောက်၏ ပါးစပ်မှထွက်လာသည်နှင့်မတူဘဲ မုန်းတီးအက်ကွဲနေသည်။ "မင်းငါ့ကို စိတ်အနှောင့်အယှက်မပေးခဲ့ပါဘူး။ မင်းက မင်းရဲ့အကြွေးကိုပဲ လာဆပ်ရတာ။"

" ရှန်မိသားစုက မင်းကိုနှစ်တွေအများကြီး ပျိုးထောင်ပေးခဲ့တာလေ။ အခုမင်းပြန်ပေးဆပ်ရမယ့်အချိန်ပဲ။ မင်းကိုမွေးစားတုန်းက မိဘမဲ့ဂေဟာမှာ ငါဘယ်လောက်လှူခဲ့ရတယ်ဆိုတာ မေ့သွားပြီလား။"

အဖေရှန်ထံမှ မိဘမဲ့ဂေဟာအကြောင်းပြောသံကို ထပ်ကြားရသောအခါ နောက်ဆုံးတွင်တော့ ဆယ်ကျော်သက်ကောင်လေးက သည်းမခံနိုင်တော့သလိုပင်။ သူက မယုံကြည်နိုင်သောအသံဖြင့်ပြောသည်။ သူက အနည်းငယ်ဒေါသထွက်နေသော်လည်း မုန်းမုန်းတီးတီး မဟုတ်သေးပေ။ "မစ္စတာရှန်းက ကျွန်တော့်ရဲ့ ဘယ်ဘက်နားကို ကန်းသွားအောင်လုပိခဲ့တယ်၊ ကျွန်တော် အချိန်ပိုင်းအလုပ်လုပ်ပြီးရတဲ့ ပိုက်ဆံတွေကိုလည်း ယူသွားတယ်လေ။ ဒါတောင်မလုံလောက်သေးဘူးလား။ ခင်ဗျားကျွန်တော့်အတွက် သုံးခဲ့သမျှငွေတွေကို ကျွန်တော်ပြန်ပေးနိုင်ပါတယ်။"

"ဘယ်ဘက်နား ကန်းနေတာ..." ရှန်ချန်ယွှီထံမှ ထိုအကြောင်းပြောသံကို ကြားသောအခါ အဖေရှန်ကကျယ်လောင်စွာရယ်လိုက်သည်။ "ငါအဲ့အကြောင်းမေ့နေတာပဲ။ မင်းအဲ့ဒါနဲ့တောင် အောင်မြင်အောင်လုပ်နိုင်တာ တကယ်ကံကောင်းတယ်။ မင်းကိုအဲ့တုန်းကမသတ်လိုက်မိတာ တော်သေးတယ်။ မဟုတ်ရင် ငါအခုပိုက်ဆံရတော့မှာမဟုတ်ဘူး။"

ထို့နောက်သူက ခေါင်းငုံ့ကာ ရှန်ချန်ယွီအား ခြိမ်းခြောက်လိုက်သည်။ "နားထောင်၊ မင်းရဲ့ဘယ်ဘက်နားအကြောင်းကို ဒီကသူဌေးဆီမပြောနဲ့။ မဟုတ်လို့ မင်းရဲ့ဈေးလျော့သွားရင် မင်းငါ့အကြောင်းသိမယ်။"

အဖေရှန်က ရှန်ချန်ယွီထံ လမ်းလျှောက်သွားကာ ဆံပင်ဆွဲ၍ ခြိမ်းခြောက်လိုက်သည်။ "မင်းကို ရောင်းလိုက်ရင်တောင် မင်းနောက်ကနေအကျိုးအမြတ်ရမယ့်သူက ငါဆိုတာ မင်းသိရမယ်။ အခုကစပြီး မင်းငါ့အတွက် အလုပ်လုပ်ပေးရမယ်။ မင်းကျန်တစ်ဘဝလုံးပဲ၊ ဒီတော့ ငါ့ကိုလေးလေးစားစား ဆက်ဆံချေ။"

ယခုအချိန်တွင် အဖေရှန်က အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူက စက်ပိုင်းပတ်လျှောက်နေကာ တံခါးဘက်သို့ အော်ပြောလိုက်သည်။ "သူဌေးက ဘယ်မှာလဲ။ မင်းတို့ရဲ့သူဌေးကို ဒီခေါ်လာခဲ့။"

ရုတ်တရက်ပင် ယောက်ျားတစ်ယောက်၏အသံ ထွက်လာသည်။ ဤအသံက အဆိုးရွားဆုံးဒေါသအား ထိန်းချုပ်ထားရပုံပင်။ ၎င်းကငရဲမှထွက်လာသကဲ့သို့ အသက်အန္တရာယ်ပြုနိုင်ပြီး အဖေရှန်အား တုန်ယင်သွားစေသည်။

"မင်း ငါ့ကိုရှာနေတာလား။"

အခန်းထဲမှ ချောမွေ့သောနံရံတစ်ခုက တဖြည်းဖြည်း အပေါ်တက်သွားသည်။ အဖေရှန်အံ့ဩသွားပြီး ကြည့်လိုက်သောအခါ ထိုနံရံ၏နောက်တွင် သီးသန့်ခန်းနောက်တစ်ခန်းရှိနေသည်ကို တွေ့လိုက်ရသည်။ အခန်းထဲ၌ လူများက စီစီရီရီရပ်နေကြပြီး ဆိုဖာပေါ်၌ တစ်ဦးတည်းထိုင်နေသူက သူ့အား ပြောမပြနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့်ကြည့်နေသည်။

Continue Reading

You'll Also Like

319K 7.9K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
53.1K 5.3K 92
This fic is coherence of system one o six. So you should read System one o six (Season1). It has in my profile so you can check and read it. Love you...
207K 27.1K 26
Title-He Doesn't Know I'm Dead Original Author-时崽 Type-Web Novel 21 Chapters + 4 Extras Eng Translator-SweetLiesBL From Foxaholic https://www.foxahol...