ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...
By Vanilla_IceCream61
1.5M 248K 16.1K
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More
1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)
123
7.5K 1.5K 72
By Vanilla_IceCream61
ချင်းယွင် လဲကျသွားသည်နှင့် ဘေးမှကျောင်းသားများ ရယ်ချင်နေကြသည်။ သို့သော် သူတို့လှည့်ကြည့်လိုက်သောအခါ အမည်းရောင်ဝတ်ထားသော ယောက်ျားအချို့က သူတို့ဘက်သို့ ခပ်မြန်မြန်ပြေးလာနေသည်ကို တွေ့လိုက်ရသည်။
သူတို့၏ကြီးကျယ်သော ဌာနမှုးသည်လည်း ချွေးသုတ်ရင်း နီးကပ်စွာလိုက်ပါလာသည်။ ဦးဆောင်လာသူ၏ မျက်ဝန်းများက လူသားစားချင်နေသော သားရဲကောင်ကဲ့သို့ နီရဲနေရာ သူတို့အား ချက်ချင်းတိတ်သွားစေသည်။
သူမည်သို့လျှောက်လာမိမှန်း ဝေ့ချန်းရှုမသိသော်လည်း သတိပြန်ဝင်လာသောအခါ သူသည် မြေကြီးပေါ်၌ထိုင်ကျနေသော လူငယ်လေးအား ဖက်ထားပြီးဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့် ချင်းယွင်အားဝိုင်းထားသူများမှာ ထိတ်လန့်နေကာ သူတို့ကို ရှောင်နေကြသည်။ မြေကြီးပေါ်၌ သတိမေ့နေသူ အနည်းငယ်ပင် ရှိသေးသည်။
" အရာအားလုံး အဆင်ပြေရဲ့လား၊ ဟမ်။ မင်း အဆင်ပြေတယ်လို့ ကိုယ့်ကို ပြောစမ်းပါ ငှက်မွေး...."
လူငယ်လေး၏ ပုခုံးအား ထိခိုက်သွားနိုင်သော ဒဏ်ရာများအား စစ်ဆေးနေရင်း ဝေ့ချန်းရှု ရူးသွပ်သွားသည်။ ချည်းကပ်လာသူမှန်သမျှမှာ အတားခံလိုက်ရသည်။ သူ့အနောက်လိုက်လာသူ ဝေ့မင်းသည်ပင် ပြင်းထန်စွာအတွန်းခံလိုက်ရသည်။
သူက အပြင်ကမ္ဘာမှ သက်ရောက်မှုအားလုံးကို လစ်လျူရှုလိုက်ပုံပေါ်ပြီး သူ၏နှလုံးသားနှင့်မျက်လုံးထဲ၌ ရင်ခွင်ထဲမှ လူငယ်လေးသာရှိနေပုံပေါ်သည်။
ဆယ်ကျော်သက်ကောင်လေး၏ ဒဏ်ရာများအား စိုးရိမ်ပူပန်နေရင်း ဝေ့ချန်းရှု၏ စိတ်အခြေအနေမကောင်းတော့သည်ကို ဝေ့မင်းတွေ့လိုက်ရသည်။ သူကခေါင်းလှည့်ကာ အနောက်မှလူများအား ဝေ့မိသားစု၏ မိသားစုဆရာဝန်ကိုခေါ်ရန် စီစဉ်ခိုင်းလိုက်သည်။
စောနကလေးတင် မောက်မာထောင်လွှားနေခဲ့သော ဒုတိယမျိုးဆက်လူငယ်များမှာ လည်လိမ်ခံထားရသော ကြက်များကဲ့သို့ တုန်ယင်နေကြသည်။ အေးစက်စက်သက်တော်စောင့်များအုပ်စု ပြေးလာသည်ကို တွေ့ကတည်းက သူတို့ချက်ချင်းထိတ်လန့်သွားသည်။
သူတို့မည်မျှ မောက်မာသည်ဖြစ်စေ၊ သူတို့၏မိသားစုက မည်မျှအထက်တန်းကျသည်ဖြစ်စေ သူတို့မှာဂီတကျောင်းမှကျောင်းသားများသာဖြစ်ရာ ဤမျှကြီးမားသော တိုက်ပွဲကိုဘယ်မြင်ဖူးမည်နည်း။
ကျန်းလင်းနှင့် အခြားဦးဆောင်သူများက ဝေမိသားစု၏ကိုယ်စားပြုကားကိုတွေ့သောအခါ ခြေထောက်များ တုန်လာပြီး လူအုပ်နောက်သို့ ခိုးကြောင်ခိုးဝှက် ဆုတ်လိုက်ကြသည်။ သို့သော် အမည်းရောင်ဝတ်ဆင်ထားသော သက်တော်စောင့်များက သူတို့အားချက်ချင်းဝိုင်းလိုက်ပြီး ဤဖြစ်ရပ်၌ ပါဝင်သူမည်သူမျှ မလွတ်ပေ။
ဗရုတ်ကျသောကျောင်းသားများမှာ ရုတ်တရက် တိတ်ဆိတ်သွားကြသည်။ သူတို့ကရှန်ချန်ယွီအား ယခင်ကအတိုင်း အနိုင်ကျင့်နေစဉ်တွင်မှ ဤလူများမည်သို့ရောက်လာကြောင်းကို သူတို့မစဉ်းစားနိုင်ပေ။
သူတို့က ဝေ့မိသားစုမှ သက်တော်စောင့်များ ဖြစ်ပုံပေါ်သည်။ ဂီတကျောင်းသို့ တက်နိုင်သူများမှာ ဂီတပါရမီ မြင့်မား၍ သို့မဟုတ် သူတို့၏မိသားစုက ချမ်းသာ၍ဖြစ်သည်။ ဤလူအုပ်စုမှာ အနောက်မှ အုပ်စုမှန်း သိသာရာ ဝေ့မိသားစု၏ အဆင့်အတန်းအား သူတို့နက်နက်ရှိုင်းရှိုင်း နားလည်ကြသည်။
ယခုအချိန်တွင် လူတိုင်း၏ နှလုံးသားထဲ၌ ထိတ်လန့်နေကြပြီး ကျန်းလင်းမှာ ပိုဆိုးသည်။ ဝေ့မိသားစု၏ခေါင်းဆောင်က လူထုအမြင်အောက်သို့ မကြာခဏမပေါ်လာသော်လည်း ကျန်းလင်းမှာ ကံကောင်းစွာဖြင့် ဝေ့ချန်းရှုအား တစ်ကြိမ်မြင်ဖူးသည်။ ထိုယောက်ျား၏ စွမ်းအားကြီးသော အေးစက်စက်အကြည့်က ကျန်းလင်း၏နှလုံးသားထဲ ချက်ချင်းစွဲသွားရာ ယခုရောက်လာသူမှာ အခြားလူမဟုတ်ပဲ ဝေ့ချန်းရှုဆိုသည်ကို သူသိလိုက်သည်။
ဘာတွေဖြစ်နေတာလဲ။ ရှန်ချန်ယွီက ဝေ့မိသားစုဆီကနေ ကန်ထုတ်ခံလိုက်ရပြီ မဟုတ်ဘူးလား။ အခုဘာလို့ ဝေ့ချန်းရှုပါ ပါလာတာလဲ။
ရှန်ချန်ယွီကို ဝေ့မိသားစုမှ လာကြိုလေ့ရှိသည်။ သို့ရာတွင် ရှန်ချန်ယွီအား ဖိတ်ခေါ်သူမှာ ဝေ့ချန်းရှုမှန်း ဤလူများ မမျှော်လင့်ထားကြပေ။
ဝေ့ချန်းရှု၏ ရှန်ချန်ယွီအပေါ် သဘောထားကိုကြည့်ရင်း ယနေ့ကိစ္စကိုသာ သူစီစဉ်ထားမှန်းသိသွားလျှင် ကျန်းတစ်မိသားစုလုံးသည်....
ဝေ့ချန်းရှုထံမှ အထိုးခံရသောကြောင့် မြေကြီးပေါ်လဲကျသွားသော ဝေ့ရှီအန်းမှာ လူးလဲထနေသည်။ မြေကြီးပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ ရှန်ချန်ယွိအား နွေးထွေးစွာ မေးမြန်းနေသောယောက်ျားအား တွေ့သောအခါ သူ၏မျက်လုံးများ ကျွတ်ထွက်တော့မလိုပင်။ တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ဝေ့ရှီအန်း၏ စိတ်ထဲ၌ ခံစားလိုက်ရသည်။ သူ၏ဒုတိယဦးလေးက ဘာကြောင့်ရုတ်တရက်ရောက်လာသနည်း။
ထို့အပြင် ဒုတိယဦးလေး၏ လက်ရှိစိတ်အခြေအနေမှာ...
"ဒု...ဒုတိယဦးလေးက ဂျာမနီကို သွားနေတာမဟုတ်ဘူးလား။" ဝေ့ရှီအန်း မထိန်းနိုင်ဘဲ ခြေနှစ်လှမ်းမျှ ရှေ့တိုးသွားကာ ဗလုံးဗထွေးမေးလိုက်သည်။
သို့သော် ရှန်ချန်ယွီကိုသာ အပြည့်အဝအာရုံစိုက်နေသော ယောက်ျားက ဝေ့ရှီအန်း၏မေးခွန်းအား မကြားပေ။ သူက လူငယ်လေး၏ ရှပ်အင်ကျီကြယ်သီးကို ညင်သာစွာဖြုတ်ကာ ပုခုံးပေါ်အရိုက်ခံလိုက်ရသည့်အတွက် ရသည့် ဒဏ်ရာအားကြည့်ချင်နေသည်။
သို့သော် ဝေ့ချန်းရှုထံမှ ညင်သာစွာ ဆက်ဆံခံနေရသော ကောင်လေးသည် ထိုလက်ကို ရက်ရက်စက်စက် ရိုက်ချပစ်လိုက်သည်။ "ဖယ်စမ်း။"
ဆယ်ကျော်သက်ကောင်လေး၏ လုပ်ရပ်ကိုကြည့်ကာ ဝေ့မင်း၊ ဝေ့ရှီအန်းနှင့် ဝေ့ချန်းရှု၏ စိတ်အခြေအနေဖြင့် ရင်းနှီးသူများမှာ နှလုံးသားများ တွန့်သွားပြီး ဝေ့ချန်းရှု စိတ်လွတ်သွားမည်ကို ကြောက်ရွံ့နေကြသည်။ ယခုလေးတင်ပင် ကောင်လေး၏ ဒဏ်ရာက ဝေ့ချန်းရှုအား အာရုံစိုက်စေခဲ့ပြီး ယခုအခါတွင်...
သို့သော် လူငယ်လေးက ဝေ့မင်းနှင့်အခြားလူများ၏ စိုးရိမ်ပူပန်မှုကို လုံးဝသတိမထားမိပုံပင်။ ချင်းယွင်က မြန်မြန်မတ်တပ်ရပ်လိုက်ပြီး ဝေ့ချန်းရှုအား အထက်စီးမှ ကြည့်လိုက်သည်။ "ခင်ဗျားကျွန်တော့်ကို မလိုချင်တော့ဘူး မဟုတ်လား။ ခင်ဗျားကျွန်တော့်ကိစ္စတွေထဲ ဝင်မပါနဲ့တော့။"
လူငယ်လေး၏ နီရဲနေသောမျက်ဝန်းများနှင့် ဂရုမစိုက်ဟန်သဘောထားက ဝေ့ချန်းရှုအား စိတ်သောကဖြစ်စေပြီး စိုးရိမ်ထိတ်လန့်လာစေသည်။ သို့သော် အံ့အားသင့်စရာကောင်းသည်မှာ သူဒေါသမထွက်လာပေ။ သူ၏စိတ်ထဲ၌ ဝုန်းဒိုင်းကြဲနေသော ဒေါသများမှာ 'ဖုတ်ခနဲ' မီးငြှိမ်းသတ်ခံလိုက်ရသော မီးတောက်များနှင့်ပင် တူနေသည်။
ဝေ့ချန်းရှုက အထိတ်တလန့် မတ်တပ်ထရပ်လိုက်ကာ ချင်းယွင်၏လက်မောင်းကို ဆွဲချင်နေသည်။ သို့သော် သူအားပြင်းသွားပါက နာသွားမည်ကိုလည်း စိုးရိမ်သဖြင့် အရပ်ရှည်ရှည်နှင့်ယောက်ျားမှာ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေသည်။
"မဟုတ်ပါဘူး။ ကိုယ်က မင်းကို ဘာကြောင့်မလိုချင်ရမှာလဲ။ ကလေးလေး။ ကိုယ့်စကားနားထောင်နော်။ ဒါမင်းတွေးသလိုမဟုတ်ဘူး။"
လူငယ်လေးအား ထိချင်သော်လည်း တွန့်ဆုတ်နေသော သဘောထားပျော့ပျော့နှင့် ဝေ့ချန်းရှုအားကြည့်ကာ ဝေ့မင်းနှင့်အခြားလူများ မေးရိုးပြုတ်ကျတော့မလိုပင်။ သက်တော်စောင့်များဖြင့် အဝိုင်းခံထားရသော တရားခံများသည်လည်း ထိုယောက်ျားအား အထက်စီးဆန်စွာ တွန်းသွားသောရှန်ချန်ယွီအားကြည့်ကာ အကုန်လုံး မယုံကြည်နိုင်စွာဖြင့် စိုးရိမ်လာကြသည်။
ရှန်ချန်ယွီက ဘယ်လိုတောင် အတင့်ရဲတာလဲ။ အဲ့ဒါ ဝေ့မိသားစုရဲ့ခေါင်းဆောင် ဝေ့ချန်းရှုလေ။ သူ့​ရဲ့ အကျီကြယ်သီးတစ်လုံးကတောင် ရှန်ချန်ယွီရဲ့အသက်ထက် ပိုအဖိုးတန်လောက်တယ်။
သို့သော် ယခုအခိုက်အတန့်၌ မည်သူမှ ထိုသို့သောစကားမျိုးကို မပြောရဲပေ။ ဝေ့ချန်းရှု၏အနောက်သို့ လိုက်လာသော ဌာနမှူးသည်ပင် ရှန်ချန်ယွီ၏ ပုံစံကိုကြည့်ကာ ဘာမှမဆူပူပေ။
ဌာနမှူး၏ လက်ကိုင်ပုဝါမှာ ချွေးများရွှဲနေပြီး သူ၏နှလုံးသားထဲ၌ နောင်တများအပြည့်ပင်။ ဤသို့ပြုလုပ်သူမှာ ဝေ့ရှီအန်းဟု သူသိထားသဖြင့် ရှန်ချန်ယွီထံ၌ ဘာကိစ္စဖြစ်နေသည်အား သူဘာကြောင့်လစ်လျူရှုမိခဲ့သနည်း။
ရှန်ချန်ယွီ၏ နောက်၌ရှိနေသူမှာ ဝေ့မိသားစု၏ တကယ့်ခေါင်းဆောင်ပင်။ ဝေ့ချန်းရှုနှင့်ယှဉ်ပါက ဝေ့ရှီအန်းသည် ဘာမှမဟုတ်ချေ။
သို့သော် ကောင်လေးက သူတို့စိတ်ထဲမှ အတွေးကိုပြောင်းပြန်လှန်ပစ်ချင်ပုံပေါ်သည်။ ဝေ့ချန်းရှု၏ နိမ့်ကျစွာလျှောက်လဲချက်က သူ၏သဘောထားကို အနည်းငယ်မျှပင် မပြေလျော့စေပေ။
"ကျွန်တော့်ကို အဲ့လိုမခေါ်နဲ့။ ကျွန်တော်တို့က ဘာမှမဆိုင်ဘူး။" ချင်းယွင်က သူဘေးမှယောက်ျားအား လစ်လျူရှူသွားသည်။ သူက သီချင်းစာရွက်များကို ဖြုတ်ရန်အတွက် သတင်းဘုတ်သို့ လျှောက်သွားသည်။ "ကျွန်တော်က ကျောင်းမှာအနိုင်ကျင့်ခံရတော့ကော ဘာဖြစ်လဲ။ အဲ့ဒါ ခင်ဗျားရဲ့ဝေ့မိသားစုနဲ့ ဘာမှမဆိုင်ဘူး။"
"ဒါကိုယ့်အမှားပါကွာ။ ကိုယ်ကောင်းကောင်းမတွေးလိုက်မိဘူး။" ဆယ်ကျော်သက်ကောင်လေး၏ စကားများကိုကြားသောအခါ ဝေ့ချန်းရှုမှာ အခြားလူများထင်ထားသကဲ့သို့ ဒေါသမထွက်လာပေ။ ထိုအစား သူက ကိုယ့်ကိုယ်ကိုယ်သာ ပို၍အပြစ်တင်ကာ စကားလုံးများမှာ အနည်းငယ်စိတ်ရှုပ်ထွေးစရာကောင်းသည်။ သူက ခေါင်းငုံ့ထားကာ သနားစဖွယ်တအီအီအော်နေသောခွေးကြီးကဲ့သို့ ပြုမူပြီး ဆယ်ကျော်သက်ကောင်လေးနောက်သို့ လိုက်သွားသည်။
ရှန်ချန်ယွီ၏ အထက်စီးဆန်သောသဘောထားကိုတွေ့ကာ ဝေ့ချန်းရှုဒေါသထွက်သွားစေရန်အတွက် စိတ်ပါလက်ပါမျှော်လင့်နေကြသော ကျန်းလင်းနှင့်အခြားသူများမှာ လုံးဝအေးခဲသွားသည်။ ဝေ့ချန်းရှုကသာ ရှန်ချန်ယွီကိုဒေါသမထွက်လျှင် ခံစားရမည့်သူများမှာ သူတို့ပင်။
လူငယ်လေးက ဝေ့ချန်းရှု၏ တောင်းပန်စကားများကို နားထောင်နေပုံမပေါ်ဘဲ သတင်းဘုတ်ပေါ်မှ သီချင်းစာရွက်များကိုသာ တိတ်တဆိတ် ဖြုတ်နေသည်။
ဝေ့ချန်းရှုသည်လည်း မတတ်နိုင်တော့ပဲ သတင်းဘုတ်ပေါ်၌ မလိုတမာစိတ်ဖြင့် အတင်ခံထားရသော သီချင်းစာရွက်များကိုသာ လူငယ်လေးအတွက် ကူဖြုတ်ပေးနေသည်။ စာရွက်များကို တစ်ရွက်ချင်းစီဖြုတ်ပြီးနောက် ဝေ့ချန်းရှု၏ ဗျာများနေသောအာရုံကြောများက နောက်ဆုံးတွင်တော့ တည်ငြိမ်သွားသည်။ သို့သော် သူ၏မျက်နှာထားမှာ ပိုဆိုးရွားလာသည်။ ထိုမျက်နှာထားအား မြင်သည်နှင့် တည်ငြိမ်အေးဆေးသော ဝေ့ချန်းရှုပြန်လာပြီဖြစ်ကြောင်းကို ဝေ့မင်းသိလိုက်သည်။ သူ၏ဤအခြေအနေက ကြောက်စရာအကောင်းဆုံးပင်။
ဝေ့ချန်းရှုက သတင်းဘုတ်ပေါ်၌ အတင်ခံထားရသော သီချင်းစာရွက်များအား စိုက်ကြည့်နေသည်။ ရက်အနည်းသာ ရှိသေးသော်လည်း သူ၏ကလေးလေးက ကျောင်း၌ ဤသို့မလိုမုန်းထားခံနေရပြီလား။ သူက ကျောင်း၌ နေ့တိုင်း မည်သို့နေနေရသနည်း။ လူမည်မျှ၏ အငြိုးထားမှုကို သူတောင့်ခံနေရသနည်း။
သူခေါင်းလှည့်လိုက်သောအခါ ဝေ့မင်းက လာတင်ပြသည်။ "ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ကျောင်းကို ဆက်သွယ်ပြီးပါပြီ။ ခြေလုံလက်လုံလုပ်ဆောင်ထားတဲ့အတွက် ယနေ့ညမှာရှိနေသူတွေကသာ ဖြစ်ရပ်ကိုနားလည်မှာပါ။ ဒါ့ကြောင့် ဒီညဖြစ်ပျက်သမျှက သခင်လေးရှန်းရဲ့ပညာရေးအပေါ်မှာ ဘာမှသက်ရောက်မှု ရှိလာမှာမဟုတ်ပါဘူး။ ကျောင်းမှာအနိုင်ကျင့်ခံတဲ့ဖြစ်ရပ်မျိုး ထပ်မရှိစေရဘူးလို့လဲ ဌာနမှူးက အာမခံထားပါတယ်။"
ထိုအခါမှ ဝေ့ချန်းရှုက အနည်းငယ် ခေါင်းညှိတ်ပြလိုက်သည်။ သို့သော် သူ့မျက်ဝန်းများထဲမှ သုန်မှုန်နေမှုမှာ မပျောက်ကွယ်သွားပေ။ ကျောင်းသားတစ်ယောက်ကို ဤသို့အစီအစဉ်တကျ အနိုင်ကျင့်နိုင်ခြင်းမှာ ရိုးရိုးကျောင်းတွင်းအနိုင်ကျင့်မှုတစ်ခု ဖြစ်နိုင်သလား။ လူငယ်လေး ဒဏ်ရာရသွားသည်ကိုသာ သူအရင်ဆုံးမြင်လိုက်ရသဖြင့် ပျာယာခတ်သွားကာ မည်သူကတကယ့်ခေါင်းဆောင်ဆိုသည်အား သူသတိမထားမိပေ။
မည်သို့ပင်ဖြစ်စေကာမူ ဝေ့ချန်းရှုသည် ဉာဏ်ကောင်းကာ အတွက်အချက်တော်သော စီးပွားရေးသမားပင်။ ထိုတစ်ယောက်သည် ကျောင်းမှ လူချမ်းသာကလေးများကိုပင် သူ့အတွက်လှုပ်ရှားခိုင်းနိုင်သည်။ ထို့အပြင် သူထိုသို့လုပ်ဆောင်ရာတွင်လည်း ကျောင်းကပင်ဝင်မစွက်ဖက်ရဲပေ။ မြို့တော်ဂီတကျောင်း၌ ဝေ့မိသားစုမှလွဲ၍ မည်သူက ဤသို့လုပ်နိုင်မည်နည်း။
ဘေးတစ်ဖက်မှ ဝေ့ရှီအန်းအားကြည့်ကာ ဝေ့ချန်းရှု၏အကြည့်များ မှောင်ရိပ်သန်းလာသည်။ ဖြစ်ရပ်၌ပါဝင်သူ ကျောင်းသားအားလုံးကို ဝေ့မင်းနှင့်အခြားလူများမှ ယခုလေးတင် အဝေးခေါ်သွားသဖြင့် ဝေ့ရှီအန်းသာကျန်တော့သည်။
သူရောက်ကာစတွင် ငှက်မွေးလေးကို ဝေ့ရှီအန်း၏ ပါးစပ်မှ ချိုးချိုးဖဲ့ဖဲ့ပြောနေသည်အား မလွတ်သွားပေ။
ခံစားချက် ဟုတ်လား။ ရွံစရာကောင်းတယ်ဟုတ်လား။ သူက လူငယ်လေး၏ ချစ်မြတ်နိုးမှုနှင့် ထိုက်တန်ရလောက်အောင် ဘာကောင်ဖြစ်သနည်း။ ထို့အပြင် 'ရွံစရာကောင်းသည်' ဟုပြောရလောက်အောင် ဘယ်ကသတ္တိရလာသနည်း။ သူ၏တူဖြစ်သူအား ကြည့်ကာ ဝေ့ချန်းရှု၏နှလုံးသားထဲ၌ နွေးထွေးမှုကို လုံးဝမခံစားရပေ။ ဤကောင်ကို တိုင်းပြည်မှ မည်သို့မောင်းထုတ်၍၊ ငှက်မွေးလေးရှေ့သို့ ဘယ်တော့မှ မပေါ်လာစေရန် မည်သို့ ဖြတ်တောက်ထားရမည်ကိုပင် ဝေ့ချန်းရှုစိတ်ထဲ၌ ရှင်းရှင်းလင်းလင်း အစီအစဉ်ဆွဲပြီးဖြစ်သည်။
ဝေ့မိသားစု၏ခေါင်းဆောင်၊ တစ်တိုင်းပြည်လုံး၏ စီးပွားရေးအသက်သွေးကြောအား ထိန်းချုပ်ထားသူက ရှန်ချန်ယွီ၏အနား၌ ရှင်းပြအသနားခံနေသည်ကို တွေ့ကာစတွင် ဝေ့ရှီအန်းမှာ ကိုယ့်မျက်လုံးများကိုပင် မယုံနိုင်ပေ။
သို့သော် ကျေညက်သွားပြီနောက် ဝေ့ရှီအန်း၏ နှလုံးသားထဲ၌ မြင့်တက်လာသည်မှာ အကြီးမားဆုံးအကြောက်တရားပင်။ ဝေ့ချန်းရှုက သူ့အားကြည့်နေသည်ကိုတွေ့သောအခါ ဝေ့ရှီအန်းမှာ တုန်ယင်သွားပြီး အရှေ့တိုးကာ ဝေ့ချန်းရှုအား ခေါ်လိုက်သည်။" ဒုတိယဦးလေး...."
ဤတစ်ကြိမ်တွင် ဝေ့ချန်းရှုက သူ့အား အနည်းငယ်အာရုံစိုက်လာသော်လည်း ဝေ့မင်းထံသို့သာ လှည့်ပြောလိုက်သည်။ "သူ့ကို ခေါ်သွားတော့။"
ဤစကားများကိုကြားသောအခါ ဝေ့ရှီအန်းမှင်တက်သွားပြီး တစ်ကိုယ်လုံးတောင့်တင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမော့ကြည့်လိုက်သောအခါ ဝေ့ချန်းရှု၏ အမည်းရောင်မှိုင်းမှိုင်းမျက်ဝန်းများကိုမြင်ပြီး ကြက်သေသေသွားရာ ဘာမှမပြောနိုင်တော့ချေ။
သူ့ဒုတိယဦးလေး၏ မျက်ဝန်းများထဲ၌ သိသာသော မနာလိုမှုများကို မြင်လိုက်သည်လား။ ဘာကြောင့်နည်း။ ရှန်ချန်ယွီက သူ့အပေါ်၌ ခံစားချက်ရှိနေ၍လား။
သို့သော် ဤမေးခွန်းများကို မေးရန်အတွက် သူအခွင့်အရေးမရှိတော့ချေ။ သက်တော်စောင့်နှစ်ယောက်က သူ့အားကြက်ကဲ့သို့ သယ်သွားသည်။ သူ့ကို ဝေ့မိသားစု၏ ဆက်ခံသူကဲ့သို့ လုံးဝမဆက်ဆံပေ။
ဝေ့ရှီအန်း အခေါ်သွားခံလိုက်ရသည်ကို တွေ့သောအခါ ချင်းယွင်၏နှုတ်ခမ်းထောင့်များကော့လာသည်။ သူခေါင်းလှည့်လိုက်သောအခါ ဆံပင်များဖွေးနေသောပါမောက္ခအိုကြီးတစ်ယောက်က သူ့အနောက်၌ရပ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်း၏တစ်ကိုယ်လုံးက သတင်းဘုတ်ပေါ်တွင် ကပ်နေပြီး မှတ်စုစာအုပ်ပေါ်၌ သဲသဲမဲမဲရေးနေကာ ဂီတသင်ကေတအသံများကိုလည်း ခဏခဏရွတ်နေသည်။
သူ၏တေးသွားကို ဓာတ်ပုံရိုက်နေသော ဤပါမောက္ခအိုကြီးအား ချင်းယွင်သတိထားမိသည်မှာကြာပြီဖြစ်သည်။ သို့သော် ယခုကြည့်ရသည်မှာ ဤတစ်ယောက်က ထိုအပေါ်အလွန်စွဲလမ်းနေပြီး ဖြစ်ပျက်သွားသော ဆူဆူညံညံကိစ္စများကိုပင် သတိမထားမိသည့်ပုံပေါ်သည်။
ဤပါမောက္ခအိုကြီးက သူ၏သီချင်းစာရွက်အားကြည့်နေသည်ကို တွေ့သောအခါ ချင်းယွင်အနည်းငယ်တန့်သွားပြီးမှ ရှေ့ဆက်လျှောက်သွားကာ စာရွက်ကိုညင်သာစွာဖြုတ်လိုက်သည်။
"ဟေး၊ ခဏလေး။ မလုပ်နဲ့ဦး...." သူ့အရှေ့မှ တေးသွားစာရွက် အဖယ်ခံလိုက်ရသည်ကိုတွေ့သောအခါ ပါမောက္ခအိုကြီးက ချင်းယွင်၏လုပ်ရပ်ကို ချက်ချင်းရပ်ခိုင်းလိုက်သည်။
"တစ်ဆိတ်လောက်၊ ဒါကျွန်တော့်ရဲ့ တေးသွားပါ။ ကျွန်တော်ယူလို့မရဘူးလား။"
ချင်းယွင်၏ စကားများကိုကြားသောအခါမှ ပါမောက္ခအိုကြီး သတိဝင်လာသည်။ သူက အရင်ဆုံး ရှက်ရွံ့မှုဖြင့် ပြုံးလိုက်ပြီးမှ သူ့အရှေ့မှလူငယ်လေး၏ မျက်နှာကိုတွေ့သောအခါ အံ့အားတကြီးအော်မိသည်။ "ဘုရားရေ၊ မင်းပြောတာတကယ်လား။ မင်းဒီတေးသွားကို ရေးခဲ့တယ်ဆိုတာ တကယ်လား။"
အံ့အားသင့်စွာပြောပြီးနောက် မှားယွင်းသကဲ့သို့ ခံစားလိုက်ရသဖြင့် ရှင်းပြလိုက်သည်။ "တောင်းပန်ပါတယ်။ ငါက မင်းရဲ့အရည်အချင်းကို မေးခွန်းထုတ်နေတာမဟုတ်ပါဘူး။ မင်းက ငယ်လွန်းတော့ ငါအံ့ဩသွားတာ။"
ပါမောက္ခအိုကြီးက တစ်စုံတစ်ခုအား ရုတ်တရက်မှတ်မိသွားသဖြင့် ပြောလိုက်သည်။ "မင်းက 'စီးဆင်းနေသောရေ' ကိုတီးခဲ့တဲ့ လူငယ်လေးမဟုတ်လား။ ဘုရားရေ၊ မင်းကတကယ်ကို ဉာဏ်ကြီးရှင်ပဲ။ ရိုဆဖ်တောင် မင်းအရွယ်တုန်းက မင်းလိုပါရမီမရှိခဲ့ဘူးဆိုတာ ငါပြောရဲတယ်။"
ဤတစ်ယောက်က မည်သူနည်း။ ရိုဆဖ်အား ဤကဲ့သို့ပေါ်ပေါ်ထင်ထင်ဝေဖန်ရဲသူမှာ များစွာ မရှိပေ။ ချင်းယွင်၏ မျက်ဝန်းများထဲ၌ အတွေးပေါ်လာသော်လည်း အပေါ်ယံတွင်တော့ သူက ကျောင်းတွင်လုပ်ထားလေ့ရှိသော အကျင့်အတိုင်း တိတ်တဆိတ်ခေါင်းညှိတ်ပြလိုက်သည်။ ရှက်ကိုးရှက်ကန်း မဖြစ်နေသကဲ့သို့ ဤပါမောက္ခနှင့် ရင်းနှီးရန်လည်း မလုပ်ဆောင်ပေ။
ထိုအချိန်တွင် ပါမောက္ခ၏ဖုန်းက မြည်လာသည်။ သူက ၎င်းကိုခပ်မြန်မြန်ကြည့်ကာ ချင်းယွင်အား အကူအညီမဲ့စွာ ပုခုံးတွန့်ပြသည်။ "ငါမင်းရဲ့ တေးသွားမှာ မျောပါသွားလို့ အစည်းအဝေးရှိတာတောင် မေ့သွားတယ်။ အခု ငါသွားရတော့မယ်။ မင်းရဲ့တေးသွားတွေကို ငါ့ဖုန်းထဲမှာ သိမ်းထားခွင့်ပြုဖို့ မျှော်လင့်ပါတယ်။ ငါဒါကို တကယ်စိတ်ဝင်စားတယ်။"
ချင်းယွင်က လူအိုကြီး ကမ်းပေးသော လိပ်စာကတ်ပြားကို ယူလိုက်သည်။ ကတ်ပြားပေါ်မှ နာမည်ကို ဖတ်ပြီးနောက် သူညင်သာစွာခေါင်းညှိတ်ပြလိုက်သည်။
ချင်းယွင်ထံမှ ခွင့်ပြုချက်ကို ရပြီးနောက် ပါမောက္ခအိုကြီးက ဖုန်းကိုလက်ထဲကိုင်ထားရင်း ခပ်မြန်မြန်ထွက်သွားသည်။
ဂီတကျောင်း၏ ဂုဏ်ထူးဆောင် ပို့ချသူဖြစ်သော ပါမောက္ခဂယ်ရီသည် တယောပညာရှင်ရိုဆဖ်၏ နည်းပြလည်းဖြစ်သည်။ လိပ်စာကတ်ကို ဂရုတစိုက်သိမ်းဆည်းပြီးနောက် နိုင်ငံတကာဂီတပွဲတော်၏ ဗိုလ်လုပွဲ၌ ကိုယ်တိုင်ရေးစပ်ထားသောသီချင်းဖြင့် တီးခတ်ပြရမည်အား ချင်းယွင်တွေးမိသည်။ ထို့ကြောင့် ၎င်းသည် သူတို့၏ဖျော်ဖြေမှုအဆင့်ကိုသာမက ပြိုင်ပွဲဝင်တိုင်း၏ ရေးစပ်သီကုံးနိုင်မှု စွမ်းရည်ကိုလည်း ပေါင်းစပ်အကဲဖြတ်မည်ဖြစ်သည်။
နှလုံးသားထဲ၌ ခပ်ရေးရေးမျှ တွက်ချက်ပြီးနောက် ချင်းယွင်သူ၏ သီချင်းစာရွက်များအား ထုပ်ပိုးရန်ပြင်သည်။ သို့သော် သူနောက်လှည့်လိုက်သည်နှင့် သန်မာသောလက်မောင်းတစ်ဖက်က သူ၏ခါးအား တင်းတင်းကြပ်ကြပ် ဖက်ထားသည်ကို သိလိုက်ရသည်။
ဝေ့ချန်းရှုက ချင်းယွင်အား လက်မောင်းတစ်ဖက်ဖြင့် တင်းကြပ်စွာ ဖက်ထားပြီး သူစီရီထားသောသီချင်းစာရွက်များကို အခြားလက်တစ်ဖက်ဖြင့် ကမ်းပေးသည်။
"လွှတ်ပေး။" ချင်းယွင်က သူ၏ပွေ့ဖက်မှုမှ ရုန်းနေသော်လည်း ဤတစ်ကြိမ်တွင် ဝေ့ချန်းရှုသည် အလိုမလိုက်ချေ။ သူက သီချင်းစာရွက်များအား ဘေးမှလူတစ်ယောက်ထံ ကမ်းပေးလိုက်ပြီး သူကိုယ်တိုင်ကမူ ရုန်းနေသော လူငယ်လေးအားဖက်ထားလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို ငြင်းပြီးသားလေ။ ဘာလို့အခုထိ စနောက်နေသေးတာလဲ။" ချင်းယွင်က သူ၏နီရဲနေသောမျက်ဝန်းများကို ပွတ်လိုက်ပြီး လုံးဝအသနားခံနေသောယောက်ျားအား မကြည့်ပေ။ သူက ရက်ရက်စက်စက် တွေးလိုက်သည်။ ထိုယောက်ျားက သူ၏အကျိုးအတွက် သူ့အားလက်လွှတ်ချင်ပုံပေါ်သော်လည်း ယခုအခါကျ အပြေးထပ်ရောက်လာပြန်သည်။ ထိုနေ့က သူ့အားတစ်ယောက်တည်းချန်ထားခဲ့ခြင်းသည် ဘာအဓိပ္ပါယ် ရှိတော့မည်နည်း။
အချိန်အခါက ဤမျှတိုက်ဆိုင်သွားမည်ဟု သူမမျှော်လင့်ထားပေ။ ကနဦးတွင် ဤယောက်ျားအား စိုးရိမ်ရရုံသာ ချင်းယွင်ဖြစ်စေချင်ခဲ့သော်လည်း အဖြစ်အပျက်အားမှီသွားမည်ဟု မထင်ခဲ့ချေ။
ဝေ့ချန်းရှုက ကြေကွဲစွာဖြင့် ခေါင်းငုံ့လိုက်ပြီး ချင်းယွင်၏မျက်လုံးထောင့်စွန်းလေးများအား ခပ်ဖွဖွနမ်းကာ ခါးသီးစွာပြုံး၍ပြောလိုက်သည်။ "ကိုယ်က မင်းကိုဘယ်လိုလုပ် ငြင်းပယ်နိုင်မှာလဲ။ ကိုယ်ကမင်းကို ကျန်းမာရေးပိုကောင်းလာမှ တုန့်ပြန်ချင်တာ။"
သူက လူငယ်လေး၏ မေးစေ့အား ကြင်နာစွာအုပ်ကိုင်ကာ သူနှင့်မျက်လုံးချင်းဆုံစေရန်လှည့်လိုက်သည်။ "ကလေးလေး၊ ကိုယ်ပြောတာကိုနားထောင်ဦး။ မင်းက ကိုယ့်ရဲ့ရောဂါကို ဂရုမစိုက်ပေမဲ့ ကိုယ်ကတော့ အဲ့လိုမလုပ်နိုင်ဘူး။ အစတုန်းက ကိုယ် ဂျာမနီကို ဒီနေ့ သွားပြီး အဲ့ဒိကအကောင်းဆုံးဆရာဝန်တွေဆီမှာ ဆေးသွားစစ်မလို့။"
ဝေ့ချန်းရှု၏ စကားများကို ကြားသောအခါ ချင်းယွင်၏မျက်ဝန်းများ ခက်ထန်လာပြီး ထိုယောက်ျား၏ နက်ကတိုင်ကို ဆွဲလိုက်သည်။ "ပြီးတော့ကော ဘာဖြစ်မှာလဲ။ ခင်ဗျား သက်သာလာနိုင်တယ်လို့ ဆရာဝန်ကပြောရင် ခင်ဗျားက ကျွန်တော့်ကို လက်ခံမှာပေါ့။ အဲ့လိုမဟုတ်ရင်ကျ ခင်ဗျားတိတ်တိတ်လေးထွက်သွားပြီး ကျွန်တော့်ကို တစ်ယောက်တည်းထားခဲ့မှာလား။"
ဝေ့ချန်းရှု မှင်တက်သွားသည်။ ကောင်လေးက သူ၏ရည်ရွယ်ချက်များကို အလုံးစုံခန့်မှန်းနိုင်သည်။
'ဖြန်း' ချင်းယွင်က ထိုယောက်ျားအား ရိုက်လိုက်သည်။ သူတို့၏ သခင်က အတိုက်ခိုက်ခံလိုက်ရသည်ကို တွေ့သောအခါ ဘေးမှသက်တော်စောင့်များ ချက်ချင်းရှေ့တိုးလာချင်သည်။ သို့သော် ယခုလေးတင် သူတို့၏သခင်က မည်သို့ပြုမူနေသည်ကို တွေးမိသဖြင့် အလိုအလျောက်တုန့်ပြန်မှုအား ထိန်းချုပ်လိုက်ရသည်။
ချင်းယွင်က သူ့ဘေးမှ သက်တော်စောင့်များအား လုံးဝဂရုမစိုက်ပေ။ သူက ထိုယောက်ျား၏ နက်ကတိုင်ကိုဆွဲကာ အနောက်မှသတင်းဘုတ်အပေါ်သို့ ပြင်းထန်စွာဖိချလိုက်ပြီး သူ့အားကြည့်ခိုင်းလိုက်သည်။ "ဝေ့ချန်းရှု၊ ခင်ဗျားအတွေးကသာ အမှန်လို့ထင်နေတာမျိုး ရပ်နိုင်မလား။ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ ထင်နေတာလဲ။ ခင်ဗျား လက်ခံချင်တဲ့အချိန်ကျတော့ ကျွန်တော့်ရဲ့ ခံစားချက်တွေကို လက်ခံနိုင်ပြီး၊ ခင်ဗျား ထွက်သွားချင်တဲ့အချိန်ကျတော့ တိတ်တိတ်လေး ထွက်သွားမှာလား။"
Continue Reading
You'll Also Like
280K 10.1K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.1M 57.2K 48
71.5K 8.8K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...