ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

Vanilla_IceCream61 द्वारा

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... अधिक

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

121

7.6K 1.4K 84
Vanilla_IceCream61 द्वारा

မလိမ်မိုးမလိမ်မ္မာ ဆယ်ကျော်သက်ကောင်လေးအား ဝေ့ချန်းရှုစိုက်ကြည့်ကာ ဆူပူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ စိတ်ပျက်မိသည်။ မျက်နှာပြင်အား သူဘာကြောင့်ခပ်မြင့်မြင့်လုပ်ခဲ့သနည်း။

သို့သော် ကိုယ်ပိုင်းဆိုင်ရာ ထိတွေ့မှုနှင့် နွေးထွေးသောအထိအတွေ့က ဝေ့ချန်းရှု၏ စိတ်ထဲ ချက်ချင်းနေရာယူလိုက်သဖြင့် အခြားအရာများအား မတွေးနိုင်တော့ပေ။

အွန်လိုင်း၌ ဆယ်ကျော်သက်ကောင်လေးနောက်သို့ သူရက်ပေါင်းများစွာ နောက်ယောင်ခံလိုက်ဖူးသော်လည်း၊ မျက်နှာပြင်ခြားကာ ရက်အနည်းငယ် ဖြတ်သန်းဖူးသော်လည်း ကိုယ်ပိုင်လက်များနှင့် ကိုယ်ပိုင်ရင်ခွင်အားသုံး၍ ကောင်လေးကို ထိတွေ့ခံစားဖူးသည်မှာ ဝေ့ချန်းရှုအတွက် ပထမဆုံးအကြိမ်ပင်။

ယခုအချိန်တွင် ဝေ့ချန်းရှု၏ ခန္ဓာကိုယ်ထဲမှ ဆဲလ်တိုင်း ပျော်ရွှင်နေကြပုံပေါ်သည်။

လူငယ်လေး၏ ပါးက သူ့ရင်ဘတ်နှင့်ထိနေသည်။ သူတို့က အလွန်နီးကပ်နေသည်။ နောက်ဆုံးတွင်တော့ သူတို့နှစ်ယောက်ကြား၌ သောက်မျက်နှာပြင်ကြီး မရှိတော့ချေ။ ဝေ့ချန်းရှုက စိုးရိမ်ပူပန်မှုအားလုံးကို ချောင်ထိုးထားလိုက်သည်။ သူကောင်လေးကိုသာ ချီထားချင်သည်။ သူ့ကလေးကိုသာ ကောင်းကောင်းပွေ့ထားချင်သည်။

သူ့ကလေးလေးအား ရင်ခွင်ထဲပွေ့ထားရင်း ဝေ့ချန်းရှု မျက်ရည်ပူများကျလာသည်။ သူတို့က မျက်နှာပြင်တစ်ချပ်သာ ခြားနေခြင်းမဟုတ်ပဲ အဆုံးမရှိသော ဟင်းလင်းပြင်နှင့်အချိန်တို့ ကွာဝေးနေခဲ့ပုံပေါ်သည်။

ချင်းယွင်က လက်ချောင်းတစ်ချောင်းဆန့်လိုက်ပြီး ထိုယောက်ျား၏ ရင်ဘတ်ကို ဖိလိုက်သည်။ သူက ကိုယ်ကိုအနည်းငယ်နောက်ဆုတ်လိုက်ပြီး ဝေ့ချန်းရှုအား မျက်ခုံးပင့်၍ ကြည့်သည်။ " ကျွန်တော့်ကို အမြဲတားထားရမယ်လို့ ခင်ဗျားကို ဘယ်သူပြောတာလဲ။ ခင်ဗျားက ကိုယ့်ဘာသာကိုယ် အကျဉ်းချထားချင်တာလား။ ဒါမှမဟုတ် ကျွန်တော့်ကို အန္တရာယ်ကောင်လို ဆက်ဆံနေတာလား။"

လူငယ်လေး၏ စကားများကို ကြားပြီးနောက် ဝေ့ချန်းရှု လုံးဝအကူအညီမဲ့သွားသည်။ သူက တကယ်ကို မိုက်မဲလွန်းသဖြင့် ဘာလုပ်ရမည်ကို မသိချေ။ ဤသို့သော စကားများပြောမည်ကို မဆိုထားနှင့်၊ ဆယ်ကျော်သက်ကောင်လေးက မျက်နှာပြင်ပေါ်သို့ ရုတ်တရက်တွယ်တက်လာမည်ဟု ဝေ့ချန်းရှု စိတ်ပင်မကူးဖူးချေ။

"မင်း ကိုယ့်အနား မလာသင့်ဘူးဆိုတာ သိရဲ့လား။ ကိုယ်က အန္တရာယ်များတယ်။ ကိုယ်ဘယ်တော့ စိတ်လွတ်သွားမလဲ ကိုယ်မသိဘူး။ ကိုယ်သာ မင်းကို နာကျင်စေမိရင်..." ဝေ့ချန်းရှုက ချင်းယွင်အား စိတ်ရှည်စွာရှင်းပြနေသည်။ သို့သော် သူ့ရင်ခွင်အား ဖြေလျှော့လိုက်ရန် မလိုလားချေ။

"ကျွန်တော် မကြောက်ဘူး။" ချင်းယွင်က ခပ်ပေါ့ပေါ့ ရယ်လိုက်သည်။ ထို့နောက် လက်ဆန့်လိုက်ကာ ထိုယောက်ျား၏ လည်ပင်းအား ဖက်၍ အားနည်းနည်းစိုက်ပြီး ဆွဲချလိုက်သည်။ ထိုယောက်ျားနှင့် နှဖူးချင်းထိထားပြီး စိတ်ဝိညာဉ်မှ ဒဏ်ရာအားဂရုတစိုက်စစ်ဆေးလိုက်သည်။

ဤဘဝ၌ ထိုယောက်ျား အလွန်တောင့်ခံနိုင်မည်ဟု ချင်းယွင်မမျှော်လင့်ထားပေ။ သူ နည်းလမ်းများပြောင်းကာ ၎င်းအား နေ့တိုင်းစနောက်နေသော်လည်း ထိုယောက်ျားက ခုခံနေဆဲပင်။ သူနှင့် နီးကပ်လိုသည့် ဆန္ဒအား ထိန်းချုပ်ထားရပုံပေါ်သော်လည်း နှစ်ယောက်သားကြားမှ မျက်နှာပြင်ကို ဖယ်ရှားရန် မလိုလားပေ။

ဝေ့ချန်းရှု၏ ယနေ့အခြေအနေက သိပ်မကောင်းသဖြင့် ချင်းယွင် ၎င်း၏ဒဏ်ရာများအား အနီးကပ်ကြည့်ရန် တွယ်တက်ခဲ့ခြင်းပင်။

ထိုယောက်ျား၏ စိတ်ဝိညာဉ်မှ ဒဏ်ရာက ယခင်ကမ္ဘာကနှင့်ယှဉ်လျှင် ပိုမဆိုးသွားသည်ကို ခံစားမိမှသာ ချင်းယွင်အနည်းငယ် စိတ်သက်သာရာရသွားသည်။

သို့သော် ကောင်လေး၏ ပွတ်သီးပွတ်သပ်လှုပ်ရှားမှုကြောင့် ဝေ့ချန်းရှု၏ ခန္ဓာကိုယ်ကြီး တောင့်သွားသည်။ ဆယ်ကျော်သက်ကောင်လေးနှင့်ထိတွေ့နေသော အရေပြားက ပူလောင်လာပြီး အသက်ရှူသံများ ပြင်းလာသည်။

ကောင်လေး၏ ပွင့်လင်းကာ ချစ်စရာကောင်းသော အပြုအမူများကို နေ့တိုင်းကြည့်ရင်း သူမည်မျှသည်းခံခဲ့ရသည်ကို ဘုရားသိသည်။ သူက အနားမကပ်နိုင်ပေ။ သို့သော် ကောင်လေးက သူ့အား စနောက်ရသည်ကို အလွန် နှစ်သက်သည်။ အကြိမ်တိုင်းတွင် ထိုကောင်လေးက အစွမ်းကုန်စနောက်ပြီးမှ လက်လျှော့သွားလေ့ရှိသည်။

ဝေ့ချန်းရှု၏ ကိုယ်ကာယပိုင်းဆိုင်ရာ တုန့်ပြန်မှုကို ချက်ချင်းသတိထားမိသွားသော ချင်းယွင်က ခပ်ကျယ်ကျယ်ရယ်လိုက်သည်။ ဘဝတိုင်းတွင် ဤယောက်ျား၏ စိတ်ထဲ၌ အပြာရောင်အညစ်အကြေးများဖြင့် ပြည့်နေရာ မည်သို့ ရုတ်တရက် တည်ကြည်လေးနက်သွားမည်နည်း။

သူ တော်တော်မအောင့်ထားရလောက်ပါဘူးနော်၊ ဟုတ်တယ်မလား။

"ဟေး။ ခင်ဗျား စိတ်ဓာတ်ကျနေတဲ့အချိန်ကျရင် ဘာမှမလုပ်ချင်တော့ဘူးလို့ ကျွန်တော်ကြားတယ်။ အဲ့ဒါ အမှန်လား။ " ချင်းယွင်က ထိုယောက်ျား၏ ပါးအနားသို့ ပြုံးရင်း ကပ်သွားကာ ညင်သာစွာပြောလိုက်သည်။ " ခင်ဗျားတကယ်ကို ဘာမှမလုပ်ချင်တော့တာလား။ ကျွန်တော် မယုံဘူး။"

ထို့နောက် သူက ဝေ့ချန်းရှု၏ အနည်းငယ်စေ့ထားသော နှုတ်ခမ်းပါးများပေါ်သို့ ခပ်ဖွဖွနမ်းလိုက်ပြီး ဝေ့ချန်းရှု၏ခေါင်းထဲ၌ မီးရှူးမီးပန်းများ ပေါက်ကွဲသွားစေလိုက်သည်။

ဝေ့ချန်းရှုက ချင်းယွင်အား မျက်နှာပြင်ပေါ်သို့ ဘန်းခနဲ ဖိချလိုက်ပြီး နွေးထွေးသော လေငွေ့များနှင့်အတူ နှုတ်ခမ်းများအားနမ်းကာ ချင်းယွင်၏ခံတွင်းကို စိုးမိုးခြယ်လှယ်နေသည်။

ဝေ့ချန်းရှု၏ နှလုံးသားထဲ၌ ရက်ပေါင်းများစွာ ထိန်းချုပ်ခံထားရသည့် သားရဲကောင်ကြီးက နောက်ဆုံးတွင်တော့ အချုပ်အနှောင်မှ လွတ်မြောက်လာပြီး သူ၏ကြင်နာကာ တည်ငြိမ်သောအသွင်အပြင်ကို အပိုင်းပိုင်းအစအစ ဆုတ်ဖြဲလိုက်သည်။

ဤသည်မှာ သူ့နှလုံးသားထဲမှ ပကတိဆန္ဒပင်။ ကောင်လေး၏ တေးသံအား ပထမဆုံးအကြိမ်အဖြစ် ကြားရစဉ်တွင် ဝေ့ချန်းရှုသည် ဤဆယ်ကျော်သက်ကောင်လေးက မည်သို့သောပုံစံ ဖြစ်နိုင်ကြောင်းကို ဂရုတစိုက်ပုံဖော်ဖူးသည်။ ဆယ်ကျော်သက်ကောင်လေးနှင့် ပထမဆုံးအကြိမ်တွေ့ဆုံစဉ်ကလည်း ဝေ့ချန်းရှု ၎င်းအား နမ်းရှုပ်ကာ မျက်ရည်ကျလောက်သည်အထိ အနိုင်မကျင့်မိစေရန် ကိုယ့်ကိုယ်ကိုယ် ခက်ခက်ခဲခဲ ထိန်းချုပ်ထားရသည်။

သို့သော်...သူမလုပ်နိုင်ပေ။ အလားအလာကောင်းနေသော ဤကောင်လေးကို သူကဲ့သို့ စိတ်ကြွစိတ်ကျရောဂါရှိနေသူနှင့် မချည်နှောင်နိုင်ပေ။ ကောင်လေး၏ အတောင်များအား ချိုးကာ သူ့ဘေး၌မချည်နှောင်ထားချင်ပေ။

"မင်းဘာလုပ်နေတယ်ဆိုတာ သိရဲ့လား။ ဟမ်။ မင်းသိရဲ့လား။" ဝေ့ချန်းရှုက ပင့်သက်ရှိုက်လိုက်ကာ နီရဲနေသောမျက်လုံးများကို ဖွင့်လိုက်ပြီး သူ့အနမ်းကြောင့်မောဟို​က်နေသည့် ကောင်လေးအား ငေးစိုက်ကြည့်နေသည်။

" ကိုယ့်မှာ စိတ်ကြွစိတ်ကျရောဂါ ရှိနေတယ်လေ။ ကုသလိုက်လို့ ပျောက်ဆုံးနိုင်ချေလည်း မရှိဘူး။ ကိုယ်က ဘယ်တော့မှ သာမန်လူလို နေနိုင်မှာ မဟုတ်ဘူး။ မင်းကိုယ့်နောက်...လိုက်ချင်သေးလား..."

ဝေ့ချန်းရှုက သူ့ရောဂါကြောင့် ဘယ်တုန်းကမှ အခက်အခဲမရှိဖူးခဲ့သကဲ့သို့ သိမ်လည်းမသိမ်ငယ်ဖူးပေ။ အဘယ့်ကြောင့်ဆိုသော် မည်သူကမှ သူ၏စိတ်အခြေအနေအပေါ် သက်ရောက်မှုမရှိနိုင်ပေ။ မည်သူ၏ တန်ဖိုးဖြတ်မှုကမှ သူ့အတွက် အရေးမပါချေ။

သို့သော် သူ့ငှက်မွေးလေး၏ ထင်မြင်ချက်ကို လစ်လျူမရှုနိုင်ပေ။

"ခင်ဗျားက ဘာလို့ အဓိပ္ပါယ်မရှိတာတွေချည်း ပြောနေတာလဲ။" ထိုယောက်ျား၏ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသောစကားများကို ကြားသောအခါ ချင်းယွင် အပြင်းအထန် မျက်မှောင်ကြုတ်မိသည်။ သူ့လက်က ထိုယောက်ျား၏ ရှပ်အင်ကျီထဲသို့ ချင်းနင်းဝင်ရောက်သွားကာ ဝမ်းဗိုက်ကြွက်သားများအား မကျေမနပ်ညှစ်လိုက်သည်။ "ခင်ဗျားက ခင်ဗျားပဲ။ ကျွန်တော်က ခင်ဗျားကို ကြိုက်လို့မရဘူးလား။"

လူငယ်လေးက ဝန်ခံနေသောအချိန်မှာပင် အထက်စီးဆန်သော အကျင့်စရိုက်ကို မပြောင်းလဲနိုင်ပေ။ သူက အန္တရာယ်ရှိသောအသံဖြင့် ပြောနေသော်လည်း ပါးအို့နီနီနှင့် မျက်ဝန်းများထဲမှ တောက်ပမှုက ချင်းယွင်၏နှလုံးသားထဲမှ နူးညံ့မှုကို ဖော်ပြနေသည်။

သူချစ်ရသူ၏ အရိုးသားဆုံး ဝန်ခံချက်ကို ကြားရသောအခါ ဝေ့ချန်းရှူသည် သူ၏ငှက်မွေးလေးအား မြတ်နိုးစွာကြည့်လိုက်သည်။ သူ့ရင်ထဲမှ ဖိစီးနေမှုက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နွေးထွေးမှုများသာ အပြည့်ကျန်ခဲ့သည်။

ဝေ့ချန်းရှုက ခေါင်းငုံ့လိုက်ပြီး ချင်းယွင်၏နှဖူးအား ကြင်နာစွာနမ်းလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ နောက်ပြန်ဆုတ်လိုက်ပြီး စာကြည့်ခန်းထဲမှ ထွက်သွားရန်ပြင်သည်။

ချင်းယွင်က ထိုယောက်ျား၏ လုပ်ဆောင်ချက်ကြောင့် မှင်တက်သွားသည်။ သူသတိပြန်ဝင်လာသောအခါ ထိုယောက်ျား၏ နောက်ကျော ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ "ဟေး..."

ဆိုဖာပေါ်တွင် တောင့်တောင့်ကြီးထိုင်နေရင်း ခန္ဓာကိုယ်၏ တုန့်ပြန်မှုလျော့ပါးပျောက်ကွယ်သွားရန် စောင့်နေသောချင်းယွင်က ထိုယောက်ျားထံမှ ယခုလေးတင် အနမ်းခံထားရသောနှဖူးအား အုပ်လိုက်သည်။ သူ့မျက်နှာ နီရဲလာသည်။

ဘာတွေဖြစ်နေတာလဲ။ တဏှာစိတ်ကြီးတဲ့အရူးက လျှိုရှားဟွေးဖြစ်သွားတာလား။ ( လျှိုရှားဟွေး- အရင်တုန်းကပါဖူးတယ်နော်။ မြို့အဝင်ဝမှာ အိမ်ခြေမဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ပေမဲ့ သူမချမ်းပြီးသေသွားမှာစိုးလို့ ဖက်ထားပေးခဲ့တာ။ တစ်ညလုံးဘာမဖွယ်မရာအပြုအမူမှ မလုပ်ခဲ့ဘူး။)

အံ့ပါ့ကွာ။ ဤယောက်ျား၏ လက်ရှိသိက္ခာရှိသော အသွင်အပြင်က ချင်းယွင်အား အကြိမ်တစ်သောင်းမျှ ကသိကအောက်ဖြစ်စေသည်။ ယခင်ကဆိုလျှင် စိတ်ထဲ၌ အိပ်ရာကိစ္စသာရှိသောယောက်ျားက ဤအခြေအနေမျိုးမှာပင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကာ ထွက်သွားသည်လား။

အဓိကအချက်မှာ ယခုတစ်ကြိမ်သည် ချင်းယွင်က အရင်ဆုံးအစပျိုးသော ရှားပါးသည့်အကြိမ်အနည်းငယ်ထဲမှ တစ်ကြိမ်ပင်။

မာနကြီးသော မကောင်းဆိုးဝါးအိုကြီး ချင်းယွင် ပေါက်ကွဲချင်လာသည်။ ထိုယောက်ျား၏ အနမ်းကြောင့် သူအနည်းငယ် စိတ်လှုပ်ရှားသွားသည်ကို ဝန်ခံမည်မဟုတ်ပေ။

"သေပြီ။ ဝေ့ချန်းရှု၊ ခင်ဗျား သေပြီ။" ချင်းယွင် ခက်ထန်သောပုံစံဖြင့် အံကြိတ်လိုက်သည်။ သူ၏ နားရွက်ထိပ်ဖျားများမှာ သွေးစို့လောက်အောင် နီရဲနေသည်။

နံရံတစ်ဖက်မှ အိပ်ခန်းထဲ၌ ဝေ့ချန်းရှုသည် ရေအေးဖြင့် ရေမချိုးပေ။ သူကအလွန်တည်ငြိမ်နေသည်။ တိတိကျကျပြောရလျှင် ဝေ့ချန်းရှု ဘယ်တုန်းကမှ ဤမျှမတည်ငြိမ်ဖူးပေ။

သူက ဆယ်ကျော်သက်ကောင်လေး၏ ဝန်ခံချက်ကို ငြင်းပယ်မည်လား။ ဝေ့ချန်းရှု မည်သို့လိုလားမည်နည်း။

သို့သော် ယခုအချိန်မျိုး၌ သူသဘောမတူနိုင်သေးပေ။ သူ၏ရတနာအား ထိုပရမ်းပတာစာဖတ်ခန်းထဲ၌ ကမူးရှူးထိုး ရယူလိုက်ခြင်းက ပိုဆိုးသေးသည်။

သူ၏ ငှက်မွေးလေးက ပို၍ဂရုတစိုက်ဆက်ဆံမှုနှင့် ထိုက်တန်သည်။ ခန္ဓာကိုယ်အခြေအနေနှင့်ပက်သက်၍ ဘယ်တုန်းကမှ လေးလေးနက်နက် မဖြစ်ဖူးသူ ဝေ့ခန်းရှုက ငှက်မွေးလေး၏ယခုဝန်ခံမှုအားလက်ခံရန် အရည်အချင်းမပြည့်မှီသေးပေ။

ထို့အပြင် သူ၏ကလေးလေးက အရွယ်ရောက်ကာစသာရှိသေးသည်။ ကောင်လေးက အချစ်ကြောင့် သူ့ဘေး၌နေရန် ရွေးချယ်နိုင်သော်လည်း ဝေ့ချန်းရှုက မရချေ။ သူ၏ငှက်မွေးလေးအတွက် အရာအားလုံးကို သေသေချာချာတွေးတောရမည်။

သူနှင့်သာ တွဲလိုက်လျှင် ဂီတလောက၌ ငှက်မွေးလေး၏ ဂုဏ်သတင်းအပေါ် သက်ရောက်မှုရှိလာမည်လား။ သူ၏စိတ်ကြွစိတ်ကျရောဂါက ဆယ်ကျော်သက်ကောင်လေး၏ အနာဂတ်အား ထိခိုက်နိုင်သလား။

ဤစိုးရိမ်ပူပန်မှုအားလုံးက ဝေ့ချန်းရှုအား ကောင်လေး၏ ဝန်ခံမှုကို ချက်ချင်းမတုန့်ပြန်စေရန် တားဆီးထားသည်။

ဝေ့ချန်းရှုက သူ့ဖုန်းအား ကောက်ကိုင်ကာ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။ "ဟေး၊ ငါ့ကို Gတိုင်းပြည်က ဒေါက်တာမီရှယ်နဲ့ မြန်နိုင်သမျှ မြန်မြန် ရက်ချိန်းလုပ်ပေး။

သူ့ကလေးအား ပြီးပြည့်စုံကာ ခိုင်မာသော အဖြေတစ်ခုကိုသာ ပေးချင်သည်။

******

နောက်တစ်နေ့တွင် ဝေ့မိသားစု ကားမောင်းသမားက ချင်းယွင်အား ကျောင်းလိုက်ပို့သည်။ ဝေ့ချန်းရှု၏နောက်လိုက် ဝေ့မင်းသည်လည်း ကားထဲ၌ ရှိနေသည်ကို ချင်းယွင်မမျှော်လင့်စွာ တွေ့လိုက်ရသည်။

ချင်းယွင် မျက်ခုံးပင့်၍ အဆင်မပြေသောအသံဖြင့် မေးလိုက်သည်။ "ခင်ဗျားက ဒီမှာ ဘာလုပ်နေတာလဲ။"

မနေ့ညက ဝေ့ချန်းရှု၏ စာကြည့်ခန်းထဲ၌ ဖြစ်သွားသောဖြစ်ရပ်များကို ဝေ့မိသားစုလက်အောက်ခံများသည်လည်း အနည်းငယ်ကြားမိကြသဖြင့် ယခုအခါ ဝေ့မင်းက ချင်းယွင်အားပိုရိုသေနေသည်။ ချင်းယွင်၏ မျက်နှာကိုပင် တည့်တည့်မကြည့်ရဲပေ။

"သခင်လေးရှန်း၊ သူဌေးက လတ်တလောရက်ပိုင်းအတွင်း ဝေ့စံအိမ်မှာ ရှိနေမှာမဟုတ်တဲ့အတွက် သူ့အတွက်ထပ်တီးခတ်ပေးစရာမလိုတော့ဘူးလို့ ကျွန်တော့်ကို ပြောခိုင်းလိုက်ပါတယ်။ ဒါပေမဲ့၊ ဝေ့စံအိမ်က သခင်လေးအတွက် အမြဲတမ်း တံခါးဖွင့်ပေးထားပါတယ်..."

ဝေ့မင်း ပြော၍မဆုံးခင်မှာပင် ချင်းယွင် နှာမှုတ်လိုက်သည်။ " ကျွန်တော်က ဝေ့အိမ်မှာ ဘာပြန်လုပ်ရမှာလဲ။ ကျွန်တော် ဒီနေ့ ကျောင်းမှာပဲနေမယ်။ လာမကြိုနဲ့တော့။"

ချင်းယွင် သိသိသာသာစိတ်တိုနေသည်ကို တွေ့သောအခါ ဝေ့မင်းထပ်မပြောရဲတော့ချေ။

ယနေ့မနက်တွင် ချင်းယွင်အလွန် စိတ်ဆိုးနေသည်။ ထိုလူသည် မနေ့ညက ရုတ်တရက်ထွက်သွားရုံသာမက ဤမနက်တွင်လည်း သူ့အားရှောင်နေပြန်သည်။ ကောင်းပြီလေ။ ဒီနေ့က ခြောက်ရက်မြောက်ပဲ ရှိသေးတာ။ ခင်ဗျားအတွက် တီးပေးစရာမလိုတော့ဘူးမဟုတ်လား။

ချင်းယွင် ဒေါသထွက်နေချိန်တွင် ဖုန်းကနှစ်ကြိမ်တုန်သွားသည်။ သူဖွင့်လိုက်သောအခါ ၎င်းကဝေ့ချန်းရှုထံမှ စာတိုဖြစ်နေသည်။ "ကလေး၊ ကိုယ်မနေ့ညက မတုန့်ပြန်ဖြစ်တာ တောင်းပန်ပါတယ်။ မင်း အဲ့ဒိကိစ္စနဲ့ပက်သက်ပြီး လေးလေးနက်နက် စဉ်းစားမယ်လို့ ကိုယ်မျှော်လင့်ပါတယ်။မင်းက ငယ်သေးတော့ အလားအလာတွေ အများကြီးရှိသေးတယ်။ ကိုယ်နဲ့တကယ်တွဲချင်တာလား။"

ထိုယောက်ျား၏ အသက်ပိုကြီးသူကဲ့သို့ ပြောနေပုံကို ကြည့်ကာ ချင်းယွင် မနေ့ညက အရှက်ရမှုအား ပြန်တွေးမိပြီး ဒေါသထွက်လာသည်။ သူစာပြန်မပို့ဘဲ ချက်ချင်းဖုန်းပိတ်လိုက်သည်။

ချင်းယွင်က လက်တစ်ဖက်ဖြင့် ပါးကိုထောက်ထားပြီး ပြတင်းပေါက်အပြင်ဘက်အား ခံပြင်းစွာကြည့်မိသည်။ ဤယောက်ျားက သူ့အားအကြီးတစ်ယောက်ကဲ့သို့ ဘာကြောင့်အမြဲတမ်းဂရုစိုက်နေကြောင်းကို သူနားမလည်ချေ။ သူက ဥက္ကဋ္ဌ တစ်ယောက်ဖြစ်လျှင်ပင် လွှမ်းမိုးချုပ်ကိုင်တတ်သော အခြားဥက္ကဋ္ဌများ၏ ပုံစံနှင့်ကွဲပြားနေသည်မဟုတ်လား။

ဤသည်ကို တွေးမိသောအခါ ချင်းယွင်၏မျက်ဝန်းများ၌ အပြုံးရိပ်အနည်းငယ် ထင်ဟပ်လာသည်။ တကယ်တမ်းတွင် သူ၏ပင်ကိုယ်အကျင့်စရိုက်က သန်မာပြီးသားပင်။ ထိုယောက်ျားက ဇာတ်ကောင်အရ လွှမ်းမိုးချုပ်ကိုင်တတ်သော ဥက္ကဋ္ဌဖြစ်နေလျှင် ချင်းယွင်သည် သူဤကဲ့သို့ဖြစ်နေသည်အား ဘယ်တော့မှလက်ခံမည်မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော ထိုယောက်ျားက မည်မျှ မြင့်မြတ်သောအနေအထား၌ ရှိနေသည်ဖြစ်စေ ၎င်းက သူ့ကိုယ်သူ နှိမ့်ချကာ ချင်းယွင်ရှေ့တွင် ရူးကြောင်ကြောင်ပြုမူမည်ဖြစ်သည်။ ဤသည်မှာ သူချင်းယွင်အပေါ်ထားရှိသော မရှင်းပြနိုင်သည့် ဂရုစိုက်မှုနှင့်ခံနိုင်ရည်တို့ကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် ချင်းယွင်က နှလုံးသားတံခါးကိုဖွင့်ကာ ထိုယောက်ျားအား ဝင်လာခွင့်ပြုခြင်းပင်။

သို့သော် ယခုတစ်ကြိမ်၌ ဘာအကြောင်းကြောင့်ပင်မဆို ချင်းယွင် ၎င်းအားကောင်းကောင်းရိုက်ပစ်ဦးမည်။

သူ့အား တစ်ဦးတည်းချန်ထားရဲခြင်းမှာ ခွင့်လွှတ်ပေး၍မရသော အပြစ်ပင်။

******

ကျောင်းရောက်သောအခါ ဝေ့မင်းက သူ့အနောက်လိုက်လာနေသေးသည်ကို တွေ့သဖြင့် ချင်းယွင်လှည့်မေးလိုက်သည်။ "ခင်ဗျား ကျွန်တော့်နောက်ကို ဘာလို့လိုက်နေတာလဲ။"

ဝေ့မင်းက ရိုရိုသေသေ ပြန်ဖြေသည်။ "သခင်လေးသာ ဝေ့စံအိမ်ကို ပြန်မလာချင်ရင် သခင်လေးသွားသမျှ နေရာတိုင်းမှာ တစ်ဖဝါးမှမကွာပဲ ကာကွယ်ပေးဖို့ ကျွန်တော့်ကို သူဌေးမှာသွားပါတယ်။"

ဝေ့မင်း၏ စကားများကို ကြားသောအခါ ချင်းယွင်၏ နှုတ်ခမ်းထောင့်များကော့လာသည်။

အိုး။ တော်တော် အတွေးကောင်းတာပဲ။ နောက်ပိုင်းတွင် ဝေ့မိသားစု၏ကားသာ သူ့ကိုလာမကြိုပါက 'ငြီးငွေ့ခံလိုက်ရသည်' ဟူသော ကောလဟာလမှာ ကျောင်း၌ ပျံ့နှံ့သွားလိမ့်မည်။ ရှန်ချန်ယွီ၏ ကျောင်းမှဂုဏ်သတင်းနှင့်ဆိုလျှင် အတန်းဖော်များထံမှ ထပ်မံအနိုင်ကျင့်ခံရလိမ့်မည်။

ဝေ့ချန်းရှုက ဤသည်ကို နားလည်သဖြင့် သူ့အားကိုယ်စားပြုသော ဝေ့မင်းကိုပို့၍ ချင်းယွင်၏နောက်သို့လိုက်ခိုင်းလိုက်သည်။

"ကျွန်တော် မလိုဘူး။ ခင်ဗျား ဝေ့မိသားစုဆီကို ပြန်သွားတော့။"ချင်းယွင်က ငြင်းပယ်လိုက်သည်။

ချင်းယွင်၏ စကားများကို ခန့်မှန်းထားသည့် ဝေ့မင်းက ပြန်မပြောပဲ ဝေ့ချန်းရှု၏ အမိန့်ကိုသာ အလုံးစုံနာခံမည့်ပုံဖြင့် တိတ်နေပြီး ချင်းယွင်အနောက်သို့ အချိန်ပြည့်လိုက်နေသည်။

ချင်းယွင်က ဝေ့မင်း၏ ပုံစံအားကြည့်ကာ လှောင်လိုက်သည်။ " ခင်ဗျားကို သတိမေ့အောင်လုပ်ပြီး ဘယ်သူမှရှာမတွေ့နိုင်တဲ့နေရာမှာပစ်ထားဖို့ ကျွန်တော့်မှာ နည်းလမ်းရာချီရှိတယ်။ ဒီတော့ ခင်ဗျား ကျွန်တော့်နောက်လိုက်နေတာ အသုံးမဝင်ဘူး။"

လူငယ်လေးက ကျောင်း၌ တည်ကြည်နေပြီး ဝေ့မိသားစု၌ ရှိနေသကဲ့သို့ အသက်မဝင်နေပေ။ ယခုအခါ သူ၏မျက်ဝန်းများ၌ အေးစက်သောအလင်းတန်းတစ်ခု လင်းလက်နေပြီး သန်မာသောအရှိန်အဝါတစ်ခု လွှင့်ထားရာ သူကအရွယ်ရောက်သေးခါစသာရှိသေးသည်ကို လူများသတိမမူမိလောက်ပေ။

ချင်းယွင်ထံမှ အကြည့်ခံရရုံနှင့်ပင် ဝေ့မင်းချွေးစေးများထွက်လာသည်။ ဤလူငယ်လေးက ထိုသို့ကြည့်တတ်မည်ဟု သူမမျှော်လင့်ထားသကဲ့သို့ အရှိန်အဝါသည်လည်း သူဌေးနှင့်တန်းတူပင်။

သူဌေးထံမှ နှစ်သက်ခံရရန် ထိုက်တန်သူပင်။ ဝေ့မင်း သူ့နှဖူးမှ ချွေးစေးများအား သုတ်ကာ တင်းခံနေသည်။ "ဒါက သူဌေးရဲ့ အမိန့်ပါ။ ကျွန်တော် လိုက်နာရပါမယ်။"

"ကျွတ်" ချင်းယွင်က ဝေ့မင်းအားကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျား ကျွန်တော့်နောက် လိုက်လာချင်ရင်လည်းရတယ်။ ဒါပေမဲ့ ကျွန်တော့်အမိန့်မရပဲ မပေါ်လာရဘူး။"

ဝေ့မင်း မှင်တက်သွားသော်လည်း ခေါင်းညိတ်ကာ ဆယ်ကျော်သက်ကောင်လေး၏ တောင်းဆိုမှုကို သဘောတူလိုက်သည်။

ချင်းယွင်က သန်းဝေပြီးနောက် နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခုနှင့်အတူ အခန်းထဲဝင်သွားသည်။ ထိုယောက်ျားက သူ့အား ကာကွယ်ခံရမည့် အားနည်းသူ ယောက်ျားတစ်ယောက်အဖြစ် အမြဲတမ်းဆက်ဆံနေသည်မဟုတ်လား။ သို့ဖြစ်ရာ သူက မည်မျှ သနားစရာကောင်းပြီး ချန်ထားခြင်းခံရလျှင် မည်သို့အနိုင်ကျင့်ခံရမည်ကို ထိုလူသိစေရမည်။

*****

ကျောင်းဝင်ပေါက်သို့ နေ့တိုင်းလာကြိုတတ်သည့် ကားအမည်း ရောက်မလာသည်မှာ နှစ်ရက်မျှရှိပြီဖြစ်ကြောင်းကို ဂီတကျောင်းမှကျောင်းသားများ အံ့ဩဖွယ်သိရှိလိုက်ရသည်။

ထိုကားဖြင့် လာကြိုခံရသူ ရှန်ချန်ယွီက ယခင်ကဲ့သို့ သနားစဖွယ်ပြန်တိတ်ဆိတ်သွားသည်။

ကျော်ကြားသော ဝေ့မိသားစုက ရှန်ချန်ယွီနှင့် အဆက်အသွယ် ထပ်မလုပ်တော့သည့်ပုံပင်။ ယခင်က ရှန်ချန်ယွီအား မကျေနပ်သူများက ထိုကိစ္စအကြောင်းကို စတင်ပြောဆိုနေကြသည်။

သို့သော် ရှန်ချန်ယွီနှင့် ချက်ချင်းပြဿနာမတက်စေရန်အတွက်လည်း သူတို့သတိထားကြသည်။ ထိုအစားသူတို့က ရှန်ချန်ယွီ တစ်စုံတစ်ခုသောလုပ်ရပ်အားလုပ်ကာ ဝေ့မိသားစုထံမှ လုံးဝစွန့်ပစ်ခံရမည့်နေ့ကို အတည်ပြုနိုင်သည်အထိစောင့်နေကြသည်။

မည်သို့ပင်ဆိုစေ ရှန်ချန်ယွီ၏ အမူအရာက လူများအား မလှည့်ဖြားနိုင်ပေ။ ဝေ့မိသားစုနှင့် အဆက်အသွယ်ရှိစဉ်က သူသည်ကျောင်း၌ တိတ်ဆိတ်နေမြဲ ဖြစ်သော်လည်း အခြေအနေကောင်းကြောင်းကို နေ့စဉ်အပြုအမူများမှ ပြသနေသည်။

ဝေ့ချန်းရှုအကြောင်း တွေးမိသောအခါမျိုး၌ ချင်းယွင်ပြုံးမိသော်လည်း မနာလိုသူများ၏ အမြင်တွင် အသေးငယ်ဆုံးအပြုံးသည်ပင် သိသာစွာကြွားဝါနေခြင်းပင်။

သဘာဝကျစွာပင် ရှန်ချန်ကျင်းမှာ ရှန်ချန်ယွီအား အာရုံစိုက်နေသူများထဲမှ တစ်ယောက်ပင်။ ဝေ့ရှီအန်းက အလွန်အသုံးဝင်သည်ကို သူအံ့အားသင့်မိသည်။ သူဝေ့ရှီအန်းအား ထိုအကြောင်းပြောပြီးနောက်တစ်နေ့မှာပင် ရှန်ချန်ယွီက ဝေ့မိသားစုနှင့် အဆင်မပြေတော့ဘူး မဟုတ်လား။

ဤသို့တွေးမိသည်နှင့် ရှန်ချန်ကျင်း စိတ်ထဲ၌ လှောင်ရယ်မိသည်။ မနေ့တစ်နေ့ကပင် ရှန်ချန်ယွီသည် သူ့အားရှန်မိသားစု၌ မောက်မောက်မာမာ ဆက်ဆံခဲ့သော်လည်း နောက်တစ်နေ့တွင် ဝေ့မိသားစုထံမှ မောင်းထုတ်ခံလိုက်ရသည်။ ဒင်း၏စိတ်ထဲ၌ မည်သို့ဖြစ်နေမည်ကိုပင် သူသိချင်မိသည်။

မင်း ဝေ့မိသားစုထံ တွယ်တက်ချင်လျှင်ပင် အဆုံးတွင် မောင်းထုတ်ခံရမည်။

စိတ်ထဲ၌ ဤသို့တွေးနေလျှင်ပင် ရှန်ချန်ကျင်းက ရှေ့ထွက်၍ ရှန်ချန်ယွီအား ခက်ခဲအောင်မလုပ်ပေ။ ဘယ်လိုပင်ဖြစ်စေ သူကကျောင်း၌ဂုဏ်သတင်းကောင်းရှိသဖြင့် မည်သို့ကိုယ်တိုင်ရှေ့ထွက်၍ ရှန်ချန်ယွီအား အရှက်ခွဲနိုင်မည်နည်း။

ရှန်ချန်ကျင်းက ညီအစ်ကိုကောင်းဟု လူတိုင်းသိကြသည်။ သို့သော် သူ့မိသားစု၏မွေးစားသားရှန်ချန်ယွီက သူ့အားအမြဲတမ်းပြဿနာရှာနေခဲ့သည်။

သို့ဖြစ်ရာ အခြားလူများအတွက် ရှန်ချန်ယွီအား လှောင်ပြောင်ခြင်းမှာ စံသတ်မှတ်ချက်တစ်ခုဖြစ်လာသည်။ အရင်နေ့များတွင် ဝေ့မိသားစုကြောင့် သူတို့ခေတ္တမျှ ထိန်းချုပ်ထားကာ အနိုင်ကျင့်ချင်စိတ်အား နှလုံးသားထဲ၌ မျိုသိပ်ထားလိုက်သည်။

ယခုအခါ သူတို့အခွင့်အရေးတစ်ခုရပြီဖြစ်ရာ ရှန်ချန်ယွီအား ဘယ်လွှတ်ပေးနိုင်မည်နည်း။

ထုံးစံအတိုင်း လှောင်ပြောင်သရော်သံတစ်သံက ချင်းယွင်နားထဲရောက်လာသည်။ သို့သော် ပါဝင်သောအကြောင်းအရာမှာ ပို၍ကသိကအောက်ဖြစ်ဖွယ်ကောင်းသည်။

"ကျွတ်။ 'စီးဆင်းနေသောရေ' ကိုတီးနိုင်တာနဲ့ သူ့ကိုယ်သူ ကြီးကျယ်တဲ့ဖျော်ဖြေသူကြီးလို့ ထင်နေတာလား။ ဒါပေမဲ့အခု အရင်နေရာကိုပဲ ပြန်ရိုက်ချခံလိုက်ရတယ် မဟုတ်လား။"

"နောက်နှစ်ရက်ကျရင် ပြိုင်ပွဲရှိတယ်မဟုတ်လား။ ဒီတစ်ကြိမ်မှာ သူဘာတွေ လွန်လွန်ကျူးကျူး တောင်းဆိုလိုက်လို့ ဝေ့မိသားစုဆီကနေ ကန်ထုတ်ခံလိုက်ရလဲမသိဘူး။ မင်းသိလား၊ နိုင်ငံတကာဂီတပွဲတော်မှာ ဝေ့မိသားစုက အဓိကထောက်ပံ့သူလေ။"

"ဟား ဟား ဟား။ မင်းတို့မှတ်မိတယ်မလား။ သူအရင်တုန်းက ဝေ့ရှီအန်းကို ကြိုက်ဖူးတယ်လေ။ ဒီတစ်ကြိမ်မှာလည်း သူအဲ့အကြောင်းပြချက်ကြောင့် ကန်ချခံလိုက်ရတာ မဟုတ်လောက်ပါဘူးနော်။"

"ရှူး။ အဲ့ဒိအကြောင်း မပြောနဲ့။ ဒီစကားတွေကို ရှီအန်းကြားသွားရင် ဒေါသထွက်နေဦးမယ်။"














पढ़ना जारी रखें

आपको ये भी पसंदे आएँगी

64.9K 4.8K 141
I do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင...
4.4K 568 6
Title : [အပျင်းကြီးတဲ့ 'ဂျင်းနီ' က ချစ်မိသွားပြီ] [SYSTEM] [အပ်င္းႀကီးတဲ့ 'ဂ်င္းနီ' က ခ်စ္မိသြားၿပီ] [SYSTEM] ************** အပျင်းကြီးပြီး အားနွဲ့ဟန...
System One O Six ( S - 2 ) Pulsar द्वारा

कथेतर साहित्य

53.2K 5.3K 92
This fic is coherence of system one o six. So you should read System one o six (Season1). It has in my profile so you can check and read it. Love you...
10.8K 1.2K 5
Main title: God Plz!Grab me!Love me!Save me! Arc-4.(I used to love you) started date:15/7/2022 End: ???????