ငါ့တပည့်တွေ အကုန် ဗီလိန်တွေချ...

By Mortal-Edge

378K 53.9K 447

အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ... More

အကျဉ်းချုပ်
အခန်း (၁) မိစ္ဆာတို့ရဲ့ သခင်
အခန်း (၂) ရန်သူများကို ပြန်လည်မောင်းထုတ်ရန် နည်းဗျူဟာ
အခန်း (၃) သွန်သင်ဆုံးမမှု မပြုဘဲ အတတ်ပညာသာ သင်ပြခြင်းက ဆရာ ပျင်းရိခြင်းမည်၏
အခန်း (၄) ဆိုးယုတ်သောတပည့်များ၏ သဘောထား
အခန်း (၅)အထွတ်အထိတ်သဏ္ဍာန်
အခန်း (၆) အစွမ်းတန်​ခိုးထက်​ဆုံး သိုင်းကွက်​များသာ သိသည်
အခန်း (၇) စတင်ပဲ့ပြင်
အခန်း (၈) ကံစမ်းမဲနှင့် စျေးဆိုင်
အခန်း (၉) ချမှတ်ပေးထားသော တာဝန်များ
အခန်း (၁၀) သေစေနိုင်သော တိုက်ခိုက်မှု
အခန်း (၁၁) ဆက်လက် ဖျော်ဖြေ
အခန်း (၁၂) လမ်းစဥ်အသစ်လား
အခန်း (၁၃) အလုပ်တာဝန် ချပေးခြင်း
အခန်း (၁၄) အလုပ်တာဝန် ပြီးမြောက်ခြင်း
အခန်း (၁၅) တပည့်ဆိုးများ၏ စိတ်ဓာတ်
အခန်း (၁၆) တပည့်ဆိုးများ၏ စိတ်ဓာတ်
အခန်း (၁၈) မင်ရှစ်ရင်၏ စူးစမ်းမှု
အခန်း (၁၉) လောကတစ်ခွင် အဖြစ်အပျက်များ
အခန်း (၂၀) ထွက်ပြေးသွားသောတပည့်
အခန်း (၂၁) ကံအမှတ်၏ မှော်ဝင်အစွမ်း
အခန်း (၂၂) တဖန် နုပျိုလာခြင်း
အခန်း (၂၃) ကောင်းကင်ကျမ်း၏ အတိုင်းထက်အလွန်စွမ်းအား
အခန်း (၂၄) ရှစ်စွင်းနှင့်အတူ နတ်ခြင်္သေ့ကို စီးခြင်း
အခန်း (၂၅) အဘိုးကြီးက ကြည့်ရ မဆိုးဘူး
အခန်း (၂၆) ပြန်ပေးဆွဲမှုကို စုံစမ်းခြင်း
အခန်း (၂၇) မင်းက ဆိုးသွမ်းတဲ့ ခေါင်းဆောင်တစ်ယောက်
အခန်း (၂၈) မနာခံမှု
အခန်း (၂၉) ခွန်အားကြီးသော ကျွမ်းကျင်သူများ
အခန်း (၃၀) ကျုပ်စကားနားထောင်ပါ သူတို့ကို ရန်မစမိစေနဲ့
အခန်း(၃၁) လင်းဟူအဖွဲ့အစည်း
အခန်း (၃၂) ဒါက ထောင်ချောက်လို့ ပြောသားပဲ
အခန်း (၃၃) အသက်ရှင်ဖို့ သုံးလပဲ အချိန် ကျန်တော့တယ်
အခန်း (၃၄) အခုမှ အစပဲ
အခန်း (၃၅) ရှစ်စွင်း ထောင်ချောက်ထဲ ကျသွားပြီ
အခန်း (၃၆) ထိပ်ဆုံးသို့ တဖန်ပြန်ရောက်ခြင်း
အခန်း (၃၇) မိစ္ဆာတပည့်
အခန်း (၃၈) မင်းဆီမှာ ရှိတာ အားလုံး ပြန်ယူမယ်
အခန်း (၃၉) ယဲ့ထျန်းရှင်းရဲ့ အစီအစဉ်လား
အခန်း (၄၀) မင်းသတ္တိကောင်းလှချည်လား
အခန်း(၄၁) မိစ္ဆာကြီး ပြန်လာခြင်း
အခန်း (၄၂) အသက်ကြီးလေ ဉာဏ်ပိုကြီးလေ
အခန်း (၄၃) လျှို့ဝှက်ကတ်တွေ မရှိဘဲ ဘာလုပ်မှာလဲ
အခန်း (၄၄) ဝှက်ဖဲများကို ပြန်လည်စုစည်းခြင်း
အခန်း (၄၅) တိုက်ခိုက်ခြင်းက အကောင်းဆုံးခုခံမှု
အခန်း (၄၆) ကံဆိုးခြင်း
အခန်း (၄၇) ရာရာစစ
အခန်း (၄၈) ဆက်ကံစမ်းမယ်
အခန်း (၄၉) အသစ်ရောက်လာသူ
အခန်း (၅၀) ခိုလှုံခွင့် တောင်းခံခြင်း
အခန်း (၅၁) အဓိပ္ပာယ် မရှိတာ
အခန်း (၅၂) အခု အရည်အချင်းပြည့်မီပြီလား
အခန်း ( ၅၃ ) မဖော်ပြနိုင်လောက်သော စွမ်းအား
အခန်း (၅၄) ဓားနတ်ဆိုး၏ ကံကြမ္မာ
အခန်း (၅၅) ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ
အခန်း (၅၆) အရာအားလုံးက သူ့လက်ထဲမှာပဲ
အခန်း (၅၇) ကျောင်းယွဲ့၏တည်နေရာ
အခန်း (၅၈) ပိအန်း
အခန်း (၅၉) အထက်ဆုံးဓား
အခန်း (၆၀) ဓားချစ်သူ
အခန်း (၆၁) မဟာသမာဓိဓာရနီ
အခန်း (၆၂) မဟာနတ္ထိဘုရားကျောင်း၏ အင်အား
အခန်း (၆၃) ဗြဟ္မာသားချော့တေး
အခန်း (၆၄) ပိုကောင်းတဲ့လူဆိုတာ အမြဲရှိတယ်
အခန်း (၆၅) ဝါရင့်ကိုယ်တော်ကို ဉာဏ်အလင်းပွင့်စေတာလား
အခန်း (၆၆) ကျောင်းယွဲ့ကို ခေါ်ဆောင်သွားခြင်း
အခန်း (၆၇) လိမ်ရဲတယ်ပေါ့
အခန်း (၆၈) နန်းတော်မှ ပညာရှင်
အခန်း (၆၉) တပည့်ဆိုးက ပြဿနာထပ်တက်ပြန်ပြီ
အခန်း (၇၀) အိတ်ထဲမှာ
အခန်း (၇၁) အခုထွက်ပြေးဖို့အတွက် သိပ်နောက်ကျသွားပြီလား
အခန်း (၇၂) လိမ်လည်လှည့်ဖြားခြင်း
အခန်း (၇၃) ကျင့်ကြံဆင့် မြှင့်တင်ခြင်း အပိုင်း ၁
အခန်း (၇၄) ကျင့်ကြံဆင့် မြင့်တင်ခြင်း အပိုင်း ၂
အခန်း (၇၅) ထူးဆန်းသောစွမ်းအား
အခန်း (၇၆) ယဲ့ထျန်းရှင်း၏ ဆန်းကြယ်မှု
အခန်း (၇၇) လှောင်အိမ်
အခန်း (၇၈) မဟူရာစစ်သည်တော်များ၏ ခေါင်းဆောင်
အခန်း (၇၉) ဉာဏ်ထက်မြတ်သော မင်ရှစ်ရင်
အခန်း (၈၀) ပေနက်လွှာစာရင်း၌ ထိပ်ဆုံး
အခန်း (၈၁) အစွမ်းထက်သောကူညီသူ
အခန်း (၈၂) ရှစ်စွင်းပြောပြီ
အခန်း (၈၃) ဖန်းရှုဝမ်
အခန်း (၈၄) ထွက်သွားဖို့ မစဉ်းစားနဲ့
အခန်း (၈၅) တပည့်က ကြမ်းတမ်း
အခန်း (၈၆) တပည့်များက ကြမ်းတမ်းမြဲ ကြမ်းတမ်းနေခြင်း
အခန်း (၈၇) တပည့်က ထပ်မံကြမ်းတမ်း
အခန်း (၈၈) မရည်ရွယ်ပါဘူး
အခန်း (၈၉) ပါဝင်ပတ်သက်ခြင်း
အခန်း (၉၀) ရှစ်ရှိုး သက်ညှာပေးပါ
အခန်း (၉၁) မင်းက ငါ့တပည့် မဟုတ်ဘူး
အခန်း (၉၂) မင်ရှစ်ရင် ပြဿနာတက်နေပြီ
အခန်း (၉၃) စုန်းပညာ၏စွမ်းအား
အခန်း (၉၄) ခွဲခွာချိတ်ကောက်
အခန်း (၉၅) မိစ္ဆာအိုကြီးရဲ့ပုံစံလား
အခန်း (၉၆) အမှန်တရားနှင့် အလိမ်အညာများ
အခန်း (၉၇) ချိုင့်ဝင်နေသော အရိုးများ
အခန်း (၉၈) အမှန်တရားလား
အခန်း (၉၉) ကောင်မလေး သိပ်နောက်မကျခင်သွားကြရအောင်
အခန်း (၁၀၀) တင်းဖန်ချိုး၏ စွမ်းအား
အခန်း (၁၀၁) နန်းတော်မှ တစ်စုံတစ်ယောက်
အခန်း (၁၀၂) နတ်လေးသည်တော် သုံးယောက်ထဲမှ တစ်ယောက်
အခန်း (၁၀၃) တုံးအခြင်း၏တန်ကြေး
အခန်း (၁၀၄) ငါက အမြဲတမ်း သက်ညှာပေးပါတယ်
အခန်း (၁၀၅) လာကူကြသော တပည့်များ
အခန်း (၁၀၆) ကျောက်စိမ်းယဇ်ပလ္လင်
အခန်း (၁၀၇) လောင်ပါ့ လူလိမ်
အခန်း (၁၀၈) ဖမ်းဆီးမှုနှင့် ကံစမ်းမဲ
အခန်း (၁၀၉) နှမြောစရာပဲ
အခန်း (၁၁၀) ရန်သူဟောင်း
အခန်း (၁၁၁) ခွဲခွာခြင်းချိတ် မင်းကို ချီးမြှင့်မယ်
အခန်း (၁၁၂) မင်းက ငါ့ကို မကြောက်ဘူးလား
အခန်း (၁၁၃) စွမ်းအင်ငါးဖြာစကြဝဠာ သစ်ပင်ကို ကာကွယ် ဟွားဝူတောက်ကို စောင့်ဆိုင်း
အခန်း (၁၁၄) ငါက အရင်ကလို မဟုတ်တော့ဘူး
အခန်း (၁၁၅) အတိတ်တုန်းက တာ့ယန်မှာ မတူညီတဲ့လမ်းစဉ်မရှိဘူး
အခန်း (၁၁၆) လျို့ဟယ် တာအိုစည်းတံဆိပ်
အခန်း (၁၁၇) မိုးကြိုးသွား
အခန်း (၁၁၈) မင်း ရွေးချယ်မှု လုပ်ရမယ်
အခန်း (၁၁၉) အစွမ်းအထက်ဆုံးအကြီးအကဲ ဟွားဝူလား ဝူဟွားလား
အခန်း (၁၂၀) နှလုံးသားစေရာ လိုက်တဲ့သူက သာမန်မဟုတ်ဘူး
အခန်း (၁၂၁) ကျောင်းယွဲ့ကို ထုတ်ပေးခြင်း
အခန်း (၁၂၂) ကျန်းအိုက်ကျန့်နှင့် ထပ်မံ တွေ့ဆုံခြင်း
အခန်း (၁၂၃) နန်းတော်၏ ပဋိပက္ခများနှင့် ပိုင်လူမျိုးတို့၏ အရိုးများ
အခန်း (၁၂၄) ဓားကောင်းလေး
အခန်း (၁၂၅) ယဲ့ထျန်းရှင်း၏ သေခြင်းတရား
အခန်း (၁၂၆) အကြွေးဆပ်ရန်
အခန်း (၁၂၇) သေတ္တာကို ဖွင့်ရန်နည်းလမ်း
အခန်း (၁၂၈) ရှစ်ယောက်မြောက် တပည့်ကို ဆုံးမခြင်း
အခန်း (၁၂၉) သတ္တမမြောက်တပည့်၏အတွေးများ
အခန်း (၁၃၀) အမြင်မတူခြင်းနှင့် မပြောဘဲ သိသော သဘောတူညီချက်
အခန်း (၁၃၁) ဒုတိယမြောက်တပည့်၏ ရွေးချယ်မှု
အခန်း (၁၃၂) မင်းက ငါ့ကို ကောင်းကောင်းသိတာပဲ ... ရှစ်တိ ဝူယာ့
အခန်း (၁၃၃) ကျင့်စဉ်များပြီးစီးခြင်း
အခန်း (၁၃၄) တာ့ရှစ်ရှိုးရဲ့ မိတ်ဆွေရင်း
အခန်း (၁၃၅) မဟာအမှောင်ကောင်းကင်အောက်မေ့ရာ
အခန်း (၁၃၆) ဝတ်ရုံနီ၏ လာရောက်တွေ့ဆုံမှု
အခန်း (၁၃၇) လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုတာက မဟာကံခေမှုကြီးပဲ
အခန်း (၁၃၈) ဈေးနှုန်းမြင့်မြင့်ဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း
အခန်း (၁၃၉) ခြင်္သေ့သားရဲတွင်းသို့သွားပြီး ခြင်္သေ့မုတ်ဆိတ်မွေးကို ဆွဲခြင်း
အခန်း (၁၄၀) ပါ့ရှစ်တိ မတွေ့ရတာကြာပြီ
အခန်း (၁၄၁) ငါက အလွယ်တကူအနိုင်ယူလို့ရတဲ့လူမဟုတ်ဘူး
အခန်း (၁၄၂) ရှစ်တိ မကြောက်နဲ့
အခန်း (၁၄၃) သေတ္တာ၏ လျှို့ဝှက်ချက်
အခန်း (၁၄၄) သဘောထားကြီးသည့် တာ့ရှစ်ရှိုး
အခန်း(၁၄၅) သေတ္တာကိုဖွင့်ဖို့အတွက် အနီရောင်လက်တစ်ဖက်လိုအပ်
အခန်း (၁၄၆) အလဲအလှယ်ကောင်း
အခန်း (၁၄၇) လျစ်လျူရှုထားသောရတနာ
အခန်း (၁၄၈) တိမ်ခွင်းရထားလုံး
အခန်း (၁၄၉) ရွှေနန်းဥယျာဉ်တောင်ကို ရာရာစစ အကွက်ချရဲတယ်ပေါ့
အခန်း (၁၅၀) တမင်တကာ
အခန်း (၁၅၁) နတ်ဆရာဆယ်ပါး၏စွမ်းအား
အခန်း (၁၅၂) ဓားသူတော်စင် လော့ရှစ်စန်း
အခန်း (၁၅၃) နတ်ဆရာဆယ်ပါးရောက်လာပြီ။ ခံတပ်ကိုထိန်းထား
အခန်း (၁၅၄) ထင်မှတ်မထားသော
အခန်း (၁၅၅) ကိုးပါးဖြတ်တောက်ခြင်းလက်ဟန်များ
အခန်း (၁၅၆) အချင်းချင်း ဖျက်ဆီးနေသည်အား အဆုံးသတ်ရန် ဘိုးဘေးများ၏ ဆုံးဖြတ်ချက်
အခန်း (၁၅၇) ဖန်းရှုဝမ်၏ရွေးချယ်မှု
အခန်း (၁၅၈) ပျင်းစရာကောင်းလောက်အောင် အားနည်းတာပဲ
အခန်း (၁၅၉) ချန်ဟွမ်းလား ယဲ့ထျန်းရှင်း အသက်ရှင်လာပြီ။
အခန်း (၁၆၀) ဝေ့ကျိုးယန်က ဒီလိုမျိုး ဆုံးဖြတ်ထားတာလား
အခန်း (၁၆၁) မင်းရဲ့စီမံမှုကို သိတယ်
အခန်း (၁၆၂) အံ့ဩဖွယ် ပိုင်လူမျိုး
အခန်း (၁၆၃) ပိုးအိမ်ကိုဖောက်ထွက်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုချုပ်နှောင်ခြင်း
အခန်း (၁၆၄) အားအကောင်းဆုံး လက်အောက်ငယ်သား
အခန်း (၁၆၅) မင်းရဲ့ ဆယ်နှစ်အကန့်အသတ်
အခန်း (၁၆၆) ဘယ်သူမှ ငါ့ကို ဘာမှမလုပ်နိုင်ဘူး
အခန်း (၁၆၇) ဒီလိုကံကြမ္မာမျိုး
အခန်း (၁၆၈) ပါ့ရှစ်တိ ... ဒါက မင်း ကောင်းဖို့ပဲ
အခန်း (၁၆၉) လူမိုက်က ပြေးစရာနေရာမရှိ
အခန်း (၁၇၀) ဟေးမုလျန်
အခန်း (၁၇၁) ကျွန်တော့်ရဲ့စစ်မှန်တဲ့နှလုံးသားက နေနဲ့လလိုတောက်ပနေပါတယ်
အခန်း (၁၇၂) လူသစ်လေးက လူသစ်လေးရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသင့်တယ်
အခန်း (၁၇၃) ပွင့်ချပ်ခုနစ်လွှာ ဟွားဝူတောက် သင်္ကေတကိုးခု လျှို့ဟယ်တာအိုစည်းတံဆိပ
အခန်း (၁၇၄) ဓားနတ်ဆိုး၏ အကျင့်
အခန်း (၁၇၅) ပြန်ရောက်လာခြင်း၊ ဝိညာဉ်သုံးခုထဲဝင်ရောက်ခြင်း
အခန်း (၁၇၆) ခြွင်းချက်
အခန်း (၁၇၇) အညံ့ခံမလား။ အရိုက်ခံမလား
အခန်း (၁၇၈) မတန်တဆဈေး
အခန်း (၁၇၉) ရွေးချယ်စရာမရှိ
အခန်း (၁၈၀) ငါက အမြဲတမ်း အကျိုးအကြောင်းသင့်တဲ့သူပါ
အခန်း (၁၈၁) မျဉ်းတစ်ကြောင်း
အခန်း (၁၈၂) မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်
အခန်း (၁၈၃) အံ့ဖွယ်ကိုယ်တော်ကြီးလေးပါး ဝမ်ကျွယ်ကျိကျန်း
အခန်း (၁၈၄) အနန္တလေးလေးပါး၊ ကိုယ်တော်များ ပေါင်းစည်းခြင်း
အခန်း (၁၈၅) မိသားစုတိုင်းမှာကိုယ်ပိုင်ပြဿနာရှိကြတယ်
အခန်း (၁၈၆) ကောင်းကင်အပိုင်းအစ
အခန်း (၁၈၇) ခုနစ်စင်ကြယ်ဝိညာဉ်
အခန်း (၁၈၈) နောက်ထပ် အမှိုက်လား
အခန်း (၁၈၉) နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်
အခန်း (၁၉၀) ထွက်ခွာခြင်း
အခန်း (၁၉၁) နိဗာနခါးစည်း
အခန်း (၁၉၂) မင်းဘာသာ လွတ်မြောက်လာပြီးတော့ အရှင်သခင် ဖြစ်လာ
အခန်း (၁၉၃) သူကလေးတစ်ယောက် မဟုတ်တော့ဘူး
အခန်း (၁၉၄) ပူးပေါင်းခြင်း
အခန်း (၁၉၅) ဆယ့်ခြောက်နှစ်တွင်
အခန်း (၁၉၆) အန်းယန်ဆီ တစ်ခေါက်ပြန်လာခြင်း၊ မြို့အတူတူ၊ ဖြစ်သော်ငြား ကွဲပြားနေသော
အခန်း (၁၉၇) အာ့ရှစ်ရှိုးနှင့် ပထမဆုံးအကြိမ်တွေ့ဆုံချိန်

အခန်း (၁၇) အသင်အပြ အဆုံးအမ

2.6K 418 4
By Mortal-Edge

Burmese Translation of {我的徒弟都是大反派} by author 谋生任转蓬

Translator - ME 

အခန်း (၁၇) အသင်အပြ

_________

မင်ရှစ်ရင် ကျားတောင်ရိုးမှ ထွက်သွားလျှင် သွားချင်း၊ ကျူးဟုန်ကုန်းတစ်ယောက် ကျောချမ်းမှုကို မထိန်းနိုင်တော့ဘဲ မျက်နှာမှ ချွေးစေးများကို သုတ်လိုက်လေသည်။ သူ့ခြေနှစ်ဖက်ကလည်း ထိန်းချုပ်မရနိုင်အောင် တုန်ယင်နေတော့၏။ 

'ကပ်သီလေးပဲ... ချီရှစ်ရှိုး ပြောတာမှန်တယ်' 

သူ့အခြေအနေကို တွေ့တော့ လက်အောက်ငယ်သားတစ်ယောက်က အော်တော့လေသည်။ "ဂိုဏ်းချုပ် အဆင်ပြေရဲ့လား" 

"ငါ- ငါ... ငါ အဆင်ပြေတယ်၊ မင်းတို့အားလုံး ထိတ်ထိတ်ပျာပျာဖြစ်မနေဘဲ စိတ်ထိန်းကြစမ်း" 

ထိုစဉ်…

လုကျိုးကတော့ မျှော်နန်းတွင် ခြေပလ္လင်ခွေချိတ်ကာ ထိုင်နေသည်။ နေ့ဝက်ခန့်မျှ ကျင့်ကြံအားထုတ်ရန် ကြီုးစားခဲ့သော်လည်း သူ့တပည့်များ၏ ကျင့်ကြံခြင်းနည်းလမ်းက သူ့အတွက် အသုံးမဝင်သည်ကို သိလာရ၏။ ထိုကျင့်ကြံနည်းများဖြင့် မည်သည့် အတွင်းစွမ်းအားကိုမှ ထုတ်မရ။ သူ့အတွင်းအားကြောများက အိုမင်းမစွမ်းရှိနေပြီ။ တန်ထျန်းနှင့် ချီပင်လယ်ကလည်း သက်ဝင်မှု ကင်းမဲ့နေသောကြောင့် သူ့မှာ စွမ်းအား စုဆောင်းရန် လွန်စွာ ခက်ခဲနေလေသည်။ 

သူ မတတ်သာတော့ဘဲ ခေါင်းသာ အသာ ခါယမ်းလိုက်တော့သည်။ သူ့စိတ်ထဲ မှတ်မိနေသော သူ့တပည့်များ၏ ကျင့်ကြံခြင်းနည်းလမ်းများနှင့် အတွေ့အကြုံများမှာ သူ့အတွက်တော့ အသုံးမဝင်ကြဟန် ရှိလေသည်။ 

ကိုယ်ခန္ဓာကာယ၏ အခြေအနေများကြောင့်ဟု လုကျိုး ခန့်မှန်းကြည့်မိလိုက်သည်။ လက်ရှိ ကျင့်ကြံခြင်းလောကမှာ ပြဿနာအခက်အခဲတစ်ရပ်ကို ရင်ဆိုင်နေကြရပြီး အနှီ ပြဿနာမှာ အဖြေရှာရခက်နေသည်။ ကျင့်ကြံသူများ အသက်အရွယ် အိုမင်းလာသည်နှင့်အမျှ ချီအတွင်းအားကြောများ ယိုယွင်းလာသည်။ တန်ထျန်းက အသက်ဓာတ်ယုတ်လျော့လာပြီး ချီပင်လယ်ကလည်း ခန်းခြောက်လာသည်။ ၎င်းကျင့်ကြံသူ၏ အစွမ်းတန်ခိုးများ ကျဆင်းသွားရလေသည်။ ဤပြဿနာမှာ ကျိထျန်းတောက် ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာပေ။ 

ထိုမျှမက မလွဲမသွေ ဖြစ်တန်ဆုံးသော ပြဿနာလည်း ဖြစ်၏။ 

ကျိထျန်းတောက် အိုမင်းလာပြီး အစွမ်းတန်ခိုးက တဖြည်းဖြည်း ကျဆင်းလာသောကြောင့် သူ့တပည့်များအပေါ် သြဇာလွှမ်းမိုးနိုင်ခြင်း တဖြည်းဖြည်း နည်းသွားရခြင်းဖြစ်၏။ ထို့ကြောင့် ထိုတပည့်များက သစ္စာဖောက်သွားကြခြင်းပင်။ 

"အင်း ငါ့လို အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်က ကျောက်တုံးကြီးလို အိုဟောင်းပြီး ငြိမ်သက်တည်မြဲဟန် ဆောင်ရတာ လွယ်မနေဘူး" 

သို့သော် သူ လုပ်ရပေမည်။ သူ၏ လက်ရှိရုပ်ရည်သွင်ပြင်နှင့် ကလေးသူငယ်တစ်ယောက်ပမာ ခုန်ပေါက်နေ၍ မရချေ။ 

"ကြည့်ရတာ ငါ အသက်ဓာတ်တွေ ထပ်စုမှပဲ" လက်ရှိအခြေအနေနှင့် ကြုံတွေ့နေရသည်မှာ အသက်ရှည်လွန်းသောကြောင့်ဟု လုကျိုး ယူဆမိလေသည်။

"ငါ့မှာ ကုသိုလ်မှတ် ဘယ်လောက်ရှိနေပြီလဲ ကြရအောင်" 

လုကျိုး စနစ် စာမျက်နှာကို ဖွင့်လိုက်တော့သည်။ 

အမည်။    ။ လုကျိုး

အမျိုး။     ။ လူသား

ကျင့်ကြံခြင်း အဆင့်။     ။ စိတ်နက်နဲမှု အလင်းပွင့်ခြင်းနယ်ပယ်၏ စက္ခုဒွါရအဆင့်။ 

ကုသိုလ်မှတ်။      ။ ၁၀၀၄ 

ကျန်ရှိသော သက်တမ်း။        ။ ၁၂၀၉ ရက်

ပစ္စည်းများ။       ။ ကျိထျန်းတောက်၏ အထွတ်အထိပ်သဏ္ဌာန်ကတ် ၂ ကတ်၊ အတိုက်ခိုက်ဒဏ်ပြင်း ကာကွယ်ကတ် (အလိုအလျောက်သုံး) ၅ ကတ်၊ မှော်နတ်ခြင်္သေ့

သူ့မှာ ကုသိုလ်မှတ် ၁၀၀၀ ကျော်ရှိသေးသော်လည်း ပမာဏအားဖြင့် နည်းပါးလွန်းသေးသည်။ သူ ကုသိုလ်မှတ်စုဆောင်းနိုင်သည့် နှုန်းထားအရဆိုလျှင် သူ ငယ်ရွယ်ပျိုမြစ်မှုရအောင် ပြန်လုပ်ရန် ခက်ခဲလှပေမည်။ 

လောင်စစ်(လေးယောက်မြောက်)က အနှီလက်နက်ကိုင်ဓားပြသူခိုးများကို သတ်၍ လူအများ၏ ကြည်ညိုလေးစားမှုကို ရယူလိုက်နိုင်သည့် အဖြစ်ကို သူ စဉ်းစားမိသွားသည်။ ထိုအကြောင်းကြောင့် သူ ကုသိုလ်မှတ် အများအပြား ရလိုက်သည် မဟုတ်ပါလား။ ဤတာဝန်ကလေးများမှနေ၍ ကုသိုလ်မှတ်များ မြိုးမြိုးမြက်မြက် ရလိုက်လေခြင်း။ 

"ယွမ်အာ" 

"ဟုတ်ကဲ့ ရှစ်စွင်း" 

"ဒီနေ့ကစပြီး အပြင်မှာ ထူးခြားတဲ့ ကိစ္စကြီးတွေဖြစ်တိုင်း ဆရာ့ကို ချက်ချင်း သတင်းပို့ပေးရမယ်"

လုကျိုး အသာပြောလိုက်လေသည်။ 

ထိုစကားက ယွမ်အာလေးအား ပဟေဠိဖြစ်သွားရစေသည်။ 'ရှစ်စွင်းက လောကအရေးကို ဂရုမစိုက် အလေးမထားခဲ့သူပါ၊ ဘာပြုလို့ ရုတ်တရက်ကြီး အပြင်လောကအရေးတွေ စိတ်ဝင်စားသွားတာလဲ' 

"ရှစ်စွင်း၊ တပည့်က ရွှေနန်းဥယျာဉ်တောင်ပေါ်မှာပဲ အမြဲနေတာဆိုတော့ အပြင်လောကမှာ ဘာတွေ ဖြစ်ပျက်နေသလဲ မသိနိုင်ဘူးရယ်၊ ဒါက ချီရှစ်ရှိုး ကျွမ်းကျင်ပိုင်နိုင်မဲ့ အပိုင်းပဲ၊ သူ့စုံစမ်းရေး ကွန်ယက်က တစ်လောကလုံးကို ဖြန့်ကျက်နိုင်တာ၊ နေရာတိုင်းမှာ သူ့သတင်းပေးတွေ ရှိနေပြီ" 

ဤသည်ကမှ ပြဿနာဖြစ်လေသည်။ 

လုကျိုး ပြောလိုက်သည်။

"ရွှေဥယျာဉ်တောင်နန်းနဲ့ အနီးဆုံး မြို့ ထန့်ဇီမှာ မြင်းနားစခန်း တစ်ခုရှိတယ်၊ ကျင့်ကြံသူအများစုက အဲ့ဒီမှာ စခန်းတစ်ထောက်နားပြီး သတင်းအချက်အလက် ဖလှယ်လေ့ရှိကြတယ်... သတင်းတွေ သိချင်သူက သူတို့ကို အသပြာပေးလိုက်ရင် ရပြီ၊ မင်း အဲ့ဒီကို သွားပြီး အပြင်တွေမှာ ဘာဖြစ်နေသလဲ စနည်းနာလာခဲ့"

ရွှေဥယျာဉ်တောင်နန်းမှ သူမ ထွက်ခွာသွား၍ ရမည်ကို ကြားရသောအခါ ယွမ်အားကလေး ပြုံးပန်းပွင့်လာတော့လေသည်။ သူမ ဝမ်းသာအားရ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ဆိုတော့၏။

"တကယ်ပြောတာလား ရှစ်စွင်း" 

"ဘာလို့ သိပ်ပျော်သွားတာလဲ၊ မင်းကတောင်ပေါ်မှာနေရတာကို မကျေနပ်တာလား" လုကျိုး သူမကို စူးစိုက်ကြည့်လိုက်လေသည်။ 

"မဟုတ်၊ မဟုတ်ပါဘူး ရှစ်စွင်း၊ ယွမ်အာက အပြင်မထွက်ရတာကြာတော့ ပျင်းနေလို့ရယ်" 

"ဒါဆို သွားတော့... မှတ်ထား၊ မင်းက ဘယ်သူဆိုတာ ထုတ်ဖော်မပြောရဘူး၊ သဘောရှိတိုင်း လူလျှောက် မသတ်ရဘူး" 

"သူများက ကျွန်မကို အနိုင်ကျင့်ရင်ကျတော့ရော" ယွမ်အာလေးက အသံတိုးကလေးဖြင့် ပြန်ပြောတော့သည်။ 

လုကျိုးက သူမ ခေါင်းကို လက်ဆစ်ဖြင့် ခေါက်လိုက်ရင်း ပြောလေသည်။ "သွားစရာရှိတာသွား ပြောတဲ့ အတိုင်းလုပ်၊ ဆင်ခြေဆင်လက်တွေ လာမပေးနဲ့" 

"အို့" 

"သွားလေ" ယွမ်အာလေးကို အဘယ်သူက အနိုင်ကျင့်နိုင်မည်တဲ့လဲ။ 

"ဟုတ် ရှစ်စွင်း" 

ယွမ်အာလေးသည် ရွှေနန်းဥယျာဉ်တောင်ပေါ်မှ ပျော်ရွှင်ကျေနပ်စွာ ပျံဆင်းသွားတော့လေသည်။ သူမကို ကြည့်ရင်း လုကျိုးကတော့ အားကျနေမိ၏။ သူလည်း သူမနည်းတူ ကောင်းကင်ပေါ် ပျံလျက် သွားချင်သည်။ ဘယ်အခါများ ထိုသို့ ပျံနိုင်မည်လဲ တွေးနေမိတော့လေ၏။ 

သူ၏ နောက်ခြေတစ်လှမ်း မည်သို့ ရွှေ့ရမည်ကို စဉ်းစားရင်း မျှော်နန်းတစ်ခုလုံး ဆိတ်ငြိမ်နေတော့သည်။ ရွှေနန်းဥယျာဉ်တောင်မှာ ယုတ်မာဆိုးသွမ်းသူတို့အတွက် ဌာနေ ဖြစ်နေသော်လည်း ကျိုးကျစ်ဖုန်းကဲ့သို့ လုပ်ကြံသူများ ဝင်မလာနိုင်ဟု အာမ မခံနိုင်ပေ။ 

ထိုစဉ် သူ၏ တတိယတပည့် တွမ့်မူရှန်းသည် မျှော်နန်းဆီ တက်လာရသော လှေကားရင်းသို့ ရောက်လာကာ ဒူးထောက်ချလိုက်ပြီး ဆိုလာချေသည်။ "ရှစ်စွင်း၊ ကျွန်တော် အင်းအကာအကွယ်အစီရင် သုံးခုကို ပြင်ပြီးသွားပါပြီ၊ ပြင်ဖို့ ကျန်နေသေးတာ ငါးခုတော့ ရှိပါသေးတယ်..." 

"ငါးခု ကျန်သေးတယ်" လုကျိုး ရေရွတ်လိုက်လေသည်။ 

မူလက သူတို့ သုံးယောက် အတူတကွ အစီအရင်ကို ပြန်ပြင်သည်ကို လုကျိုး လိုလားခဲ့သည်။ သို့သော် ယခု နှစ်ယောက်က သူ ခိုင်းစေသည့် တာဝန်များ သွားလုပ်နေရပြီဖြစ်၍ တွမ့်မူရှန်းတစ်ယောက်တည်း အပြီးပြင်နိုင်ရန် မလွယ်ကူတော့ချေ။ 

စင်စစ် တကယ်တမ်း အကာအကွယ်အစီရင်တစ်ခုကို ပြင်နိုင်ရန်မှာ များစွာ အင်အားစိုက်ထုတ်ရသည့် အရာဖြစ်လေသည်။ တွမ့်မူရှန်း၏ ကျင့်ကြံဆင့်က မြင့်မားနက်နဲနေသည့်တိုင် အစီအရင် ၈ ခု၏ စုပ်ယူမှုကို တစ်ချိန်လုံး ခံနိုင်မည် မဟုတ်ပေ။ 

"ရှစ်စွင်း၊ ဒီနှုန်းတိုင်းသာဆိုရင် ကျွန်တော်တစ်ယောက်တည်း ဒီအစီအရင်တွေ အကုန် ပြန်ပြင်နိုင်ဖို့ မပြီးနိုင်မှာ စိုးမိပါတယ်..." တွမ့်မူရှန်းက အမှန်အတိုင်းဆိုလေသည်။ တစ်ချိန်တည်းမှာပင် သူ့ဆရာသခင်၏ မျက်နှာရိပ်ကဲကို တစ်ချက်ခိုးကြည့်လိုက်လေ၏။ 

"လုကျိုး အသံနက်နက်သြသြဖြင့် ပြန်ပြောလိုက်တော့သည်။ "မင်းကို အပြစ်ပေးတဲ့အနေနဲ့ အစီအရင်ကို ပြန်ပြင်ခိုင်းတာလေ၊ မကျေနပ်ဘူးလား" 

"မဟုတ်ပါဘူး၊ ဒီတပည့် မဝံ့ရဲပါဘူး" 

"တစ်နှစ်အတွင်း မင်း ပြင်လို့ မပြီးနိုင်ရင် နှစ်နှစ် သုံးနှစ် အချိန်ပေးပြီး ပြင်ရမယ်၊ ထပ်ပြီး စောဒကတက်ရဲရင် မင်းကို အလွယ်တကူ သက်ညှာပေးနေတော့မှာ မဟုတ်ဘူး" 

"ကျွန်တော် နားလည်ပါပြီ ရှစ်စွင်း၊ ကျွန်တော် ပျင်းရိခဲ့မိပါတယ်၊ ရှစ်စွင်း ခွင့်လွှတ်ပေးပါ၊ အခုပဲ ကျွန်တော် အစီအရင်တွေ သွားပြင်နေပါတော့မယ်" 

လုကျိုး ထိပ်သီးဆယ်ယောက်နှင့် ရင်ဆိုင်နေရချိန်တွင်တော့ သူတို့သည် ဝင်မကူညီခဲ့ဘဲ ဘေးမှ လက်ပိုက်ကြည့်နေခဲ့ကြသည်။ ယခု သူက ၎င်းတို့ကို အကာအကွယ် အစီအရင် ပြန်ပြင်ရုံမျှဖြင့် အပြစ်ပေးသည်ကို စောဒက လာတက်ပြနေကြသေး။ 

ဤကဲ့သို့သော အရေးကြီးချိန်မျိုး၌ သူ စိတ်ပျော့သွား၍ မဖြစ်သည်ကို သိသည်။ တပည့်များကို စည်းကမ်းတင်းကျပ်သည်မှာ ယခင်ဘဝမှာတုန်းက လက်အောက်ငယ်သားများကို စီမံခန့်ခွဲရခြင်းနှင့် မခြားနားပေ။ 

တွမ့်မူရှန်း ထွက်သွားသောအခါမှ လုကျိုး စနစ် စာမျက်နှာကို ပြန်ထုတ်ကြည့်လိုက်လေသည်။ 

"ကံစမ်းမဲ" 

"တင်း၊ ကံစမ်းမဲ ဆွဲရာမှ ကုသိုလ်ရမှတ် ၅၀ ကုန်ကျပါသည်၊ ကံစမ်းမှုအတွက် ကျေးဇူးတင်ပါသည်၊ ကံအမှတ် တစ်မှတ် ရရှိပါသည်"

"နောက်တစ်မဲ" 

"တင်း၊ ကံစမ်းမဲ ဆွဲရာမှ ကုသိုလ်ရမှတ် ၅၀ ကုန်ကျပါသည်၊ ကံစမ်းမှုအတွက် ကျေးဇူးတင်ပါသည်၊ ကံအမှတ် တစ်မှတ် ရရှိပါသည်"

". . ." 

သူ ဆယ်ကြိမ်ဆက်တိုက် ကံစမ်းဖြစ်လိုက်သည်။ သို့သော် အကြိမ်တိုင်း၌ 'ကံစမ်းမှုအတွက် ကျေးဇူးတင်ပါသည်'ကိုသာ ရလေသည်။ တစ်ဆက်တည်းမှာပင်၊ သူ့ကုသိုလ်မှတ် ၅၀၀ ဆုံးရှုံးသွားလေသည်။ အသားတင်အနေဖြင့် ကံ အမှတ် ၁၈ မှတ်သာ တက်လာခဲ့၏။ 

သူ မျက်မှောင်ကြုတ်ကာ ပြောလိုက်တော့သည်။ "စနစ်၊ နည်းနည်းပါးပါး အားနာတတ်ပါဦးလား၊ ကျုပ်ရဲ့ ကုသိုလ်မှတ်တွေ လိမ်ယူသွားရတာ အပြစ်ရှိသလို မခံစားရဘူးလား" 

စနစ်က ပြန်မဖြေပေ။ 

ကျန်ရှိနေသေးသော ကုသိုလ် ၅၀၀ ကို ကြည့်ရင်း သူ ကံစမ်းရန် လက်လျှော့လိုက်ပြီး ဈေးဆိုင်တန်းကိုသာ ဖွင့်လိုက်တော့သည်။ 

"အကြောင်းပြန်လှန်ကတ်တစ်ကတ် ဝယ်မယ်" 

"တင်း၊ ကုသိုလ်မှတ် ၅၀၀ နုတ်လိုက်ပါပြီ၊ သင် အကြောင်းပြန်လှန်ကတ် တစ်ကတ်ရရှိပါသည်" 

ယခုတော့ သူ့မှာ ကုသိုလ်မှတ် အကုန် သုံးမိလျက်သားဖြစ်သွားလေပြီ။ ၄ မှတ်သာ ကျန်၏။ 

"အဲ့ကတ် သုံးမယ်"

ယခင်က အကြောင်းပြန်လှန်ကတ်များ သုံးဖူးသည်ဖြစ်၍ ယခုတစ်ခါမှာတော့ လုကျိုး တည်ငြိမ်နေပြီဖြစ်သည်။ သူ စာမျက်နှာပေါ်မှ ကျန်ရှိ သက်တမ်းနေရာကိုသာ စိုက်ကြည့်နေခဲ့သည်။ အမှန်ပင်၊ သက်တမ်းက ၁၅၀၉ ရက်အထိ တိုးသွားလေ၏။

"ရှိသမျှကို သုံးဖြုန်းပစ်လိုက်ပြီဆိုတော့ အဲ့ဆီကိုပဲ အတွေးရောက်နေတော့မှာ မဟုတ်ဘူး၊ ဆိုတော့ကာ... ငါ အခု လုပ်ဖို့ကျန်တာဆိုလို့ ကျောခင်း ခြေဆင်းပြီး သေမဲ့နေ့ စောင့်ဖို့ပဲလား" လုကျိုး ပျင်းရိငြီးငွေ့လာတော့၏။ 

အိုမင်း၍ မစွမ်းဖြစ်နေသော ခန္ဓာဖြင့် တစ်စုံတစ်ခု လုပ်နိုင်ရန် ခဲယဉ်းလှသည်။ သူ့ယခင်ဘဝမှာတော့ အသက်ကြီးလာလျှင်လည်း စစ်တုရင်ထိုး၊ ဖဲရိုက်၍ ရသည်။ သို့မဟုတ်ပါကလည်း ခွေးကျောင်းထွက်နိုင်သေးသည်။ 

"တင်း...! ကျိုးကျစ်ဖုန်း ဘက်ပြောင်းမှုကို လှုံ့ဆော်ခြင်း အရံတာဝန် အောင်မြင်ပါသည်၊ ကုသိုလ်မှတ် ၂၀၀ ရရှိသွားပါသည်" 

"တင်း၊ ကျိုးကျစ်ဖုန်း၏ ရန်လိုမှု အဆင့် သုညဖြစ်သွားပါပြီ၊ သစ္စာစောင့်သိမှု ၁၀ ရာခိုင်နှုန်း ဖြစ်သွားပါသည်" 

"တင်း၊ အကြီးအကဲ နှစ်ဦးကို သတ်လိုက်သည်၊ သင် ကုသိုလ်မှတ် ၂၀၀ ရပါသည်" 

လုကျိုး မျက်ဝန်းများ အရောင်တောက်ပသွားတော့လေ၏။ 

"ကျောင်းယွဲ့ တော်သားပဲ" 

ဆုလာဘ်ရလာသဖြင့် သူ ပျော်နေစဉ်မှာပင် တောင်ခြေမှနေ၍ လူရိပ်တစ်ခု ပျံတက်လာလေသည်။ 

လုကျိုး ထိုအရိပ်ကို ကြည့်လိုက်သည်။ မင်ရှစ်ရင် ဖြစ်လေ၏။ 

"ရှစ်စွင်း ဒီတပည့်က တာဝန်ပြီးမြောက်သွားပါပြီ၊ ရှစ်စွင်းကို အစီရင်ခံတင်ပြပါတယ်"

......

Zawgyi

အခန္း (၁၇) အသင္အျပ

_________

မင္ရွစ္ရင္ က်ားေတာင္ရိုးမွ ထြက္သြားလွ်င္ သြားခ်င္း၊ က်ဴးဟုန္ကုန္းတစ္ေယာက္ ေက်ာခ်မ္းမႈကို မထိန္းနိုင္ေတာ့ဘဲ မ်က္ႏွာမွ ေခြၽးေစးမ်ားကို သုတ္လိုက္ေလသည္။ သူ႕ေျခႏွစ္ဖက္ကလည္း ထိန္းခ်ဳပ္မရနိုင္ေအာင္ တုန္ယင္ေနေတာ့၏။ 

'ကပ္သီေလးပဲ... ခ်ီရွစ္ရွိုး ေျပာတာမွန္တယ္' 

သူ႕အေျခအေနကို ေတြ႕ေတာ့ လက္ေအာက္ငယ္သားတစ္ေယာက္က ေအာ္ေတာ့ေလသည္။ "ဂိုဏ္းခ်ဳပ္ အဆင္ေျပရဲ႕လား" 

"ငါ- ငါ... ငါ အဆင္ေျပတယ္၊ မင္းတို႔အားလုံး ထိတ္ထိတ္ပ်ာပ်ာျဖစ္မေနဘဲ စိတ္ထိန္းၾကစမ္း" 

ထိုစဥ္…

လုက်ိဳးကေတာ့ ေမွ်ာ္နန္းတြင္ ေျခပလႅင္ေခြခ်ိတ္ကာ ထိုင္ေနသည္။ ေန႕ဝက္ခန့္မွ် က်င့္ႀကံအားထုတ္ရန္ ႀကီဳးစားခဲ့ေသာ္လည္း သူ႕တပည့္မ်ား၏ က်င့္ႀကံျခင္းနည္းလမ္းက သူ႕အတြက္ အသုံးမဝင္သည္ကို သိလာရ၏။ ထိုက်င့္ႀကံနည္းမ်ားျဖင့္ မည္သည့္ အတြင္းစြမ္းအားကိုမွ ထုတ္မရ။ သူ႕အတြင္းအားေၾကာမ်ားက အိုမင္းမစြမ္းရွိေနၿပီ။ တန္ထ်န္းႏွင့္ ခ်ီပင္လယ္ကလည္း သက္ဝင္မႈ ကင္းမဲ့ေနေသာေၾကာင့္ သူ႕မွာ စြမ္းအား စုေဆာင္းရန္ လြန္စြာ ခက္ခဲေနေလသည္။ 

သူ မတတ္သာေတာ့ဘဲ ေခါင္းသာ အသာ ခါယမ္းလိုက္ေတာ့သည္။ သူ႕စိတ္ထဲ မွတ္မိေနေသာ သူ႕တပည့္မ်ား၏ က်င့္ႀကံျခင္းနည္းလမ္းမ်ားႏွင့္ အေတြ႕အႀကဳံမ်ားမွာ သူ႕အတြက္ေတာ့ အသုံးမဝင္ၾကဟန္ ရွိေလသည္။ 

ကိုယ္ခႏၶာကာယ၏ အေျခအေနမ်ားေၾကာင့္ဟု လုက်ိဳး ခန့္မွန္းၾကည့္မိလိုက္သည္။ လက္ရွိ က်င့္ႀကံျခင္းေလာကမွာ ျပႆနာအခက္အခဲတစ္ရပ္ကို ရင္ဆိုင္ေနၾကရၿပီး အႏွီ ျပႆနာမွာ အေျဖရွာရခက္ေနသည္။ က်င့္ႀကံသူမ်ား အသက္အ႐ြယ္ အိုမင္းလာသည္ႏွင့္အမွ် ခ်ီအတြင္းအားေၾကာမ်ား ယိုယြင္းလာသည္။ တန္ထ်န္းက အသက္ဓာတ္ယုတ္ေလ်ာ့လာၿပီး ခ်ီပင္လယ္ကလည္း ခန္းေျခာက္လာသည္။ ၎က်င့္ႀကံသူ၏ အစြမ္းတန္ခိုးမ်ား က်ဆင္းသြားရေလသည္။ ဤျပႆနာမွာ က်ိထ်န္းေတာက္ ရင္ဆိုင္ႀကဳံေတြ႕ေနရေသာ ျပႆနာေပ။ 

ထိုမွ်မက မလြဲမေသြ ျဖစ္တန္ဆုံးေသာ ျပႆနာလည္း ျဖစ္၏။ 

က်ိထ်န္းေတာက္ အိုမင္းလာၿပီး အစြမ္းတန္ခိုးက တျဖည္းျဖည္း က်ဆင္းလာေသာေၾကာင့္ သူ႕တပည့္မ်ားအေပၚ ၾသဇာလႊမ္းမိုးနိုင္ျခင္း တျဖည္းျဖည္း နည္းသြားရျခင္းျဖစ္၏။ ထို႔ေၾကာင့္ ထိုတပည့္မ်ားက သစၥာေဖာက္သြားၾကျခင္းပင္။ 

"အင္း ငါ့လို အသက္ႏွစ္ဆယ္ေက်ာ္ လူငယ္တစ္ေယာက္က ေက်ာက္တုံးႀကီးလို အိုေဟာင္းၿပီး ၿငိမ္သက္တည္ၿမဲဟန္ ေဆာင္ရတာ လြယ္မေနဘူး" 

သို႔ေသာ္ သူ လုပ္ရေပမည္။ သူ၏ လက္ရွိ႐ုပ္ရည္သြင္ျပင္ႏွင့္ ကေလးသူငယ္တစ္ေယာက္ပမာ ခုန္ေပါက္ေန၍ မရေခ်။ 

"ၾကည့္ရတာ ငါ အသက္ဓာတ္ေတြ ထပ္စုမွပဲ" လက္ရွိအေျခအေနႏွင့္ ႀကဳံေတြ႕ေနရသည္မွာ အသက္ရွည္လြန္းေသာေၾကာင့္ဟု လုက်ိဳး ယူဆမိေလသည္။

"ငါ့မွာ ကုသိုလ္မွတ္ ဘယ္ေလာက္ရွိေနၿပီလဲ ၾကရေအာင္" 

လုက်ိဳး စနစ္ စာမ်က္ႏွာကို ဖြင့္လိုက္ေတာ့သည္။ 

အမည္။    ။ လုက်ိဳး

အမ်ိဳး။     ။ လူသား

က်င့္ႀကံျခင္း အဆင့္။     ။ စိတ္နက္နဲမႈ အလင္းပြင့္ျခင္းနယ္ပယ္၏ စကၡဳဒြါရအဆင့္။ 

ကုသိုလ္မွတ္။      ။ ၁၀၀၄ 

က်န္ရွိေသာ သက္တမ္း။        ။ ၁၂၀၉ ရက္

ပစၥည္းမ်ား။       ။ က်ိထ်န္းေတာက္၏ အထြတ္အထိပ္သဏၭာန္ကတ္ ၂ ကတ္၊ အတိုက္ခိုက္ဒဏ္ျပင္း ကာကြယ္ကတ္ (အလိုအေလ်ာက္သုံး) ၅ ကတ္၊ ေမွာ္နတ္ျခေသၤ့

သူ႕မွာ ကုသိုလ္မွတ္ ၁၀၀၀ ေက်ာ္ရွိေသးေသာ္လည္း ပမာဏအားျဖင့္ နည္းပါးလြန္းေသးသည္။ သူ ကုသိုလ္မွတ္စုေဆာင္းနိုင္သည့္ ႏႈန္းထားအရဆိုလွ်င္ သူ ငယ္႐ြယ္ပ်ိဳျမစ္မႈရေအာင္ ျပန္လုပ္ရန္ ခက္ခဲလွေပမည္။ 

ေလာင္စစ္(ေလးေယာက္ေျမာက္)က အႏွီလက္နက္ကိုင္ဓားျပသူခိုးမ်ားကို သတ္၍ လူအမ်ား၏ ၾကည္ညိုေလးစားမႈကို ရယူလိုက္နိုင္သည့္ အျဖစ္ကို သူ စဥ္းစားမိသြားသည္။ ထိုအေၾကာင္းေၾကာင့္ သူ ကုသိုလ္မွတ္ အမ်ားအျပား ရလိုက္သည္ မဟုတ္ပါလား။ ဤတာဝန္ကေလးမ်ားမွေန၍ ကုသိုလ္မွတ္မ်ား ၿမိဳးၿမိဳးျမက္ျမက္ ရလိုက္ေလျခင္း။ 

"ယြမ္အာ" 

"ဟုတ္ကဲ့ ရွစ္စြင္း" 

"ဒီေန႕ကစၿပီး အျပင္မွာ ထူးျခားတဲ့ ကိစၥႀကီးေတြျဖစ္တိုင္း ဆရာ့ကို ခ်က္ခ်င္း သတင္းပို႔ေပးရမယ္"

လုက်ိဳး အသာေျပာလိုက္ေလသည္။ 

ထိုစကားက ယြမ္အာေလးအား ပေဟဠိျဖစ္သြားရေစသည္။ 'ရွစ္စြင္းက ေလာကအေရးကို ဂ႐ုမစိုက္ အေလးမထားခဲ့သူပါ၊ ဘာျပဳလို႔ ႐ုတ္တရက္ႀကီး အျပင္ေလာကအေရးေတြ စိတ္ဝင္စားသြားတာလဲ' 

"ရွစ္စြင္း၊ တပည့္က ေ႐ႊနန္းဥယ်ာဥ္ေတာင္ေပၚမွာပဲ အၿမဲေနတာဆိုေတာ့ အျပင္ေလာကမွာ ဘာေတြ ျဖစ္ပ်က္ေနသလဲ မသိနိုင္ဘူးရယ္၊ ဒါက ခ်ီရွစ္ရွိုး ကြၽမ္းက်င္ပိုင္နိုင္မဲ့ အပိုင္းပဲ၊ သူ႕စုံစမ္းေရး ကြန္ယက္က တစ္ေလာကလုံးကို ျဖန့္က်က္နိုင္တာ၊ ေနရာတိုင္းမွာ သူ႕သတင္းေပးေတြ ရွိေနၿပီ" 

ဤသည္ကမွ ျပႆနာျဖစ္ေလသည္။ 

လုက်ိဳး ေျပာလိုက္သည္။

"ေ႐ႊဥယ်ာဥ္ေတာင္နန္းနဲ႕ အနီးဆုံး ၿမိဳ႕ ထန့္ဇီမွာ ျမင္းနားစခန္း တစ္ခုရွိတယ္၊ က်င့္ႀကံသူအမ်ားစုက အဲ့ဒီမွာ စခန္းတစ္ေထာက္နားၿပီး သတင္းအခ်က္အလက္ ဖလွယ္ေလ့ရွိၾကတယ္... သတင္းေတြ သိခ်င္သူက သူတို႔ကို အသျပာေပးလိုက္ရင္ ရၿပီ၊ မင္း အဲ့ဒီကို သြားၿပီး အျပင္ေတြမွာ ဘာျဖစ္ေနသလဲ စနည္းနာလာခဲ့"

ေ႐ႊဥယ်ာဥ္ေတာင္နန္းမွ သူမ ထြက္ခြာသြား၍ ရမည္ကို ၾကားရေသာအခါ ယြမ္အားကေလး ၿပဳံးပန္းပြင့္လာေတာ့ေလသည္။ သူမ ဝမ္းသာအားရ လက္ႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္ၿပီး ဆိုေတာ့၏။

"တကယ္ေျပာတာလား ရွစ္စြင္း" 

"ဘာလို႔ သိပ္ေပ်ာ္သြားတာလဲ၊ မင္းကေတာင္ေပၚမွာေနရတာကို မေက်နပ္တာလား" လုက်ိဳး သူမကို စူးစိုက္ၾကည့္လိုက္ေလသည္။ 

"မဟုတ္၊ မဟုတ္ပါဘူး ရွစ္စြင္း၊ ယြမ္အာက အျပင္မထြက္ရတာၾကာေတာ့ ပ်င္းေနလို႔ရယ္" 

"ဒါဆို သြားေတာ့... မွတ္ထား၊ မင္းက ဘယ္သူဆိုတာ ထုတ္ေဖာ္မေျပာရဘူး၊ သေဘာရွိတိုင္း လူေလွ်ာက္ မသတ္ရဘူး" 

"သူမ်ားက ကြၽန္မကို အနိုင္က်င့္ရင္က်ေတာ့ေရာ" ယြမ္အာေလးက အသံတိုးကေလးျဖင့္ ျပန္ေျပာေတာ့သည္။ 

လုက်ိဳးက သူမ ေခါင္းကို လက္ဆစ္ျဖင့္ ေခါက္လိုက္ရင္း ေျပာေလသည္။ "သြားစရာရွိတာသြား ေျပာတဲ့ အတိုင္းလုပ္၊ ဆင္ေျခဆင္လက္ေတြ လာမေပးနဲ႕" 

"အို႔" 

"သြားေလ" ယြမ္အာေလးကို အဘယ္သူက အနိုင္က်င့္နိုင္မည္တဲ့လဲ။ 

"ဟုတ္ ရွစ္စြင္း" 

ယြမ္အာေလးသည္ ေ႐ႊနန္းဥယ်ာဥ္ေတာင္ေပၚမွ ေပ်ာ္႐ႊင္ေက်နပ္စြာ ပ်ံဆင္းသြားေတာ့ေလသည္။ သူမကို ၾကည့္ရင္း လုက်ိဳးကေတာ့ အားက်ေနမိ၏။ သူလည္း သူမနည္းတူ ေကာင္းကင္ေပၚ ပ်ံလ်က္ သြားခ်င္သည္။ ဘယ္အခါမ်ား ထိုသို႔ ပ်ံနိုင္မည္လဲ ေတြးေနမိေတာ့ေလ၏။ 

သူ၏ ေနာက္ေျခတစ္လွမ္း မည္သို႔ ေ႐ႊ႕ရမည္ကို စဥ္းစားရင္း ေမွ်ာ္နန္းတစ္ခုလုံး ဆိတ္ၿငိမ္ေနေတာ့သည္။ ေ႐ႊနန္းဥယ်ာဥ္ေတာင္မွာ ယုတ္မာဆိုးသြမ္းသူတို႔အတြက္ ဌာေန ျဖစ္ေနေသာ္လည္း က်ိဳးက်စ္ဖုန္းကဲ့သို႔ လုပ္ႀကံသူမ်ား ဝင္မလာနိုင္ဟု အာမ မခံနိုင္ေပ။ 

ထိုစဥ္ သူ၏ တတိယတပည့္ တြမ့္မူရွန္းသည္ ေမွ်ာ္နန္းဆီ တက္လာရေသာ ေလွကားရင္းသို႔ ေရာက္လာကာ ဒူးေထာက္ခ်လိဳက္ၿပီး ဆိုလာေခ်သည္။ "ရွစ္စြင္း၊ ကြၽန္ေတာ္ အင္းအကာအကြယ္အစီရင္ သုံးခုကို ျပင္ၿပီးသြားပါၿပီ၊ ျပင္ဖို႔ က်န္ေနေသးတာ ငါးခုေတာ့ ရွိပါေသးတယ္..." 

"ငါးခု က်န္ေသးတယ္" လုက်ိဳး ေရ႐ြတ္လိုက္ေလသည္။ 

မူလက သူတို႔ သုံးေယာက္ အတူတကြ အစီအရင္ကို ျပန္ျပင္သည္ကို လုက်ိဳး လိုလားခဲ့သည္။ သို႔ေသာ္ ယခု ႏွစ္ေယာက္က သူ ခိုင္းေစသည့္ တာဝန္မ်ား သြားလုပ္ေနရၿပီျဖစ္၍ တြမ့္မူရွန္းတစ္ေယာက္တည္း အၿပီးျပင္နိုင္ရန္ မလြယ္ကူေတာ့ေခ်။ 

စင္စစ္ တကယ္တမ္း အကာအကြယ္အစီရင္တစ္ခုကို ျပင္နိုင္ရန္မွာ မ်ားစြာ အင္အားစိုက္ထုတ္ရသည့္ အရာျဖစ္ေလသည္။ တြမ့္မူရွန္း၏ က်င့္ႀကံဆင့္က ျမင့္မားနက္နဲေနသည့္တိုင္ အစီအရင္ ၈ ခု၏ စုပ္ယူမႈကို တစ္ခ်ိန္လုံး ခံနိုင္မည္ မဟုတ္ေပ။ 

"ရွစ္စြင္း၊ ဒီႏႈန္းတိုင္းသာဆိုရင္ ကြၽန္ေတာ္တစ္ေယာက္တည္း ဒီအစီအရင္ေတြ အကုန္ ျပန္ျပင္နိုင္ဖို႔ မၿပီးနိုင္မွာ စိုးမိပါတယ္..." တြမ့္မူရွန္းက အမွန္အတိုင္းဆိုေလသည္။ တစ္ခ်ိန္တည္းမွာပင္ သူ႕ဆရာသခင္၏ မ်က္ႏွာရိပ္ကဲကို တစ္ခ်က္ခိုးၾကည့္လိုက္ေလ၏။ 

"လုက်ိဳး အသံနက္နက္ၾသၾသျဖင့္ ျပန္ေျပာလိုက္ေတာ့သည္။ "မင္းကို အျပစ္ေပးတဲ့အေနနဲ႕ အစီအရင္ကို ျပန္ျပင္ခိုင္းတာေလ၊ မေက်နပ္ဘူးလား" 

"မဟုတ္ပါဘူး၊ ဒီတပည့္ မဝံ့ရဲပါဘူး" 

"တစ္ႏွစ္အတြင္း မင္း ျပင္လို႔ မၿပီးနိုင္ရင္ ႏွစ္ႏွစ္ သုံးႏွစ္ အခ်ိန္ေပးၿပီး ျပင္ရမယ္၊ ထပ္ၿပီး ေစာဒကတက္ရဲရင္ မင္းကို အလြယ္တကူ သက္ညွာေပးေနေတာ့မွာ မဟုတ္ဘူး" 

"ကြၽန္ေတာ္ နားလည္ပါၿပီ ရွစ္စြင္း၊ ကြၽန္ေတာ္ ပ်င္းရိခဲ့မိပါတယ္၊ ရွစ္စြင္း ခြင့္လႊတ္ေပးပါ၊ အခုပဲ ကြၽန္ေတာ္ အစီအရင္ေတြ သြားျပင္ေနပါေတာ့မယ္" 

လုက်ိဳး ထိပ္သီးဆယ္ေယာက္ႏွင့္ ရင္ဆိုင္ေနရခ်ိန္တြင္ေတာ့ သူတို႔သည္ ဝင္မကူညီခဲ့ဘဲ ေဘးမွ လက္ပိုက္ၾကည့္ေနခဲ့ၾကသည္။ ယခု သူက ၎တို႔ကို အကာအကြယ္ အစီအရင္ ျပန္ျပင္႐ုံမွ်ျဖင့္ အျပစ္ေပးသည္ကို ေစာဒက လာတက္ျပေနၾကေသး။ 

ဤကဲ့သို႔ေသာ အေရးႀကီးခ်ိန္မ်ိဳး၌ သူ စိတ္ေပ်ာ့သြား၍ မျဖစ္သည္ကို သိသည္။ တပည့္မ်ားကို စည္းကမ္းတင္းက်ပ္သည္မွာ ယခင္ဘဝမွာတုန္းက လက္ေအာက္ငယ္သားမ်ားကို စီမံခန့္ခြဲရျခင္းႏွင့္ မျခားနားေပ။ 

တြမ့္မူရွန္း ထြက္သြားေသာအခါမွ လုက်ိဳး စနစ္ စာမ်က္ႏွာကို ျပန္ထုတ္ၾကည့္လိုက္ေလသည္။ 

"ကံစမ္းမဲ" 

"တင္း၊ ကံစမ္းမဲ ဆြဲရာမွ ကုသိုလ္ရမွတ္ ၅၀ ကုန္က်ပါသည္၊ ကံစမ္းမႈအတြက္ ေက်းဇူးတင္ပါသည္၊ ကံအမွတ္ တစ္မွတ္ ရရွိပါသည္"

"ေနာက္တစ္မဲ" 

"တင္း၊ ကံစမ္းမဲ ဆြဲရာမွ ကုသိုလ္ရမွတ္ ၅၀ ကုန္က်ပါသည္၊ ကံစမ္းမႈအတြက္ ေက်းဇူးတင္ပါသည္၊ ကံအမွတ္ တစ္မွတ္ ရရွိပါသည္"

". . ." 

သူ ဆယ္ႀကိမ္ဆက္တိုက္ ကံစမ္းျဖစ္လိုက္သည္။ သို႔ေသာ္ အႀကိမ္တိုင္း၌ 'ကံစမ္းမႈအတြက္ ေက်းဇူးတင္ပါသည္'ကိုသာ ရေလသည္။ တစ္ဆက္တည္းမွာပင္၊ သူ႕ကုသိုလ္မွတ္ ၅၀၀ ဆုံးရႈံးသြားေလသည္။ အသားတင္အေနျဖင့္ ကံ အမွတ္ ၁၈ မွတ္သာ တက္လာခဲ့၏။ 

သူ မ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္ေတာ့သည္။ "စနစ္၊ နည္းနည္းပါးပါး အားနာတတ္ပါဦးလား၊ က်ဳပ္ရဲ႕ ကုသိုလ္မွတ္ေတြ လိမ္ယူသြားရတာ အျပစ္ရွိသလို မခံစားရဘူးလား" 

စနစ္က ျပန္မေျဖေပ။ 

က်န္ရွိေနေသးေသာ ကုသိုလ္ ၅၀၀ ကို ၾကည့္ရင္း သူ ကံစမ္းရန္ လက္ေလွ်ာ့လိုက္ၿပီး ေဈးဆိုင္တန္းကိုသာ ဖြင့္လိုက္ေတာ့သည္။ 

"အေၾကာင္းျပန္လွန္ကတ္တစ္ကတ္ ဝယ္မယ္" 

"တင္း၊ ကုသိုလ္မွတ္ ၅၀၀ ႏုတ္လိုက္ပါၿပီ၊ သင္ အေၾကာင္းျပန္လွန္ကတ္ တစ္ကတ္ရရွိပါသည္" 

ယခုေတာ့ သူ႕မွာ ကုသိုလ္မွတ္ အကုန္ သုံးမိလ်က္သားျဖစ္သြားေလၿပီ။ ၄ မွတ္သာ က်န္၏။ 

"အဲ့ကတ္ သုံးမယ္"

ယခင္က အေၾကာင္းျပန္လွန္ကတ္မ်ား သုံးဖူးသည္ျဖစ္၍ ယခုတစ္ခါမွာေတာ့ လုက်ိဳး တည္ၿငိမ္ေနၿပီျဖစ္သည္။ သူ စာမ်က္ႏွာေပၚမွ က်န္ရွိ သက္တမ္းေနရာကိုသာ စိုက္ၾကည့္ေနခဲ့သည္။ အမွန္ပင္၊ သက္တမ္းက ၁၅၀၉ ရက္အထိ တိုးသြားေလ၏။

"ရွိသမွ်ကို သုံးျဖဳန္းပစ္လိုက္ၿပီဆိုေတာ့ အဲ့ဆီကိုပဲ အေတြးေရာက္ေနေတာ့မွာ မဟုတ္ဘူး၊ ဆိုေတာ့ကာ... ငါ အခု လုပ္ဖို႔က်န္တာဆိုလို႔ ေက်ာခင္း ေျခဆင္းၿပီး ေသမဲ့ေန႕ ေစာင့္ဖို႔ပဲလား" လုက်ိဳး ပ်င္းရိၿငီးေငြ႕လာေတာ့၏။ 

အိုမင္း၍ မစြမ္းျဖစ္ေနေသာ ခႏၶာျဖင့္ တစ္စုံတစ္ခု လုပ္နိုင္ရန္ ခဲယဥ္းလွသည္။ သူ႕ယခင္ဘဝမွာေတာ့ အသက္ႀကီးလာလွ်င္လည္း စစ္တုရင္ထိုး၊ ဖဲရိုက္၍ ရသည္။ သို႔မဟုတ္ပါကလည္း ေခြးေက်ာင္းထြက္နိုင္ေသးသည္။ 

"တင္း...! က်ိဳးက်စ္ဖုန္း ဘက္ေျပာင္းမႈကို လႈံ႕ေဆာ္ျခင္း အရံတာဝန္ ေအာင္ျမင္ပါသည္၊ ကုသိုလ္မွတ္ ၂၀၀ ရရွိသြားပါသည္" 

"တင္း၊ က်ိဳးက်စ္ဖုန္း၏ ရန္လိုမႈ အဆင့္ သုညျဖစ္သြားပါၿပီ၊ သစၥာေစာင့္သိမႈ ၁၀ ရာခိုင္ႏႈန္း ျဖစ္သြားပါသည္" 

"တင္း၊ အႀကီးအကဲ ႏွစ္ဦးကို သတ္လိုက္သည္၊ သင္ ကုသိုလ္မွတ္ ၂၀၀ ရပါသည္" 

လုက်ိဳး မ်က္ဝန္းမ်ား အေရာင္ေတာက္ပသြားေတာ့ေလ၏။ 

"ေက်ာင္းယြဲ႕ ေတာ္သားပဲ" 

ဆုလာဘ္ရလာသျဖင့္ သူ ေပ်ာ္ေနစဥ္မွာပင္ ေတာင္ေျခမွေန၍ လူရိပ္တစ္ခု ပ်ံတက္လာေလသည္။ 

လုက်ိဳး ထိုအရိပ္ကို ၾကည့္လိုက္သည္။ မင္ရွစ္ရင္ ျဖစ္ေလ၏။ 

"ရွစ္စြင္း ဒီတပည့္က တာဝန္ၿပီးေျမာက္သြားပါၿပီ၊ ရွစ္စြင္းကို အစီရင္ခံတင္ျပပါတယ္"

......

Continue Reading

You'll Also Like

1.6M 201K 162
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
2.1M 162K 36
No descriptions here
271K 22K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
651K 56.6K 51
အိမ်တော်မှာ မင်းသားတစ်ပါးလိုနေရတဲ့ အနွယ်တော်လေးက နယ်မြေတစ်ခုရဲ့ခေါင်းဆောင်ဆီကို ရောက်ရှိလာတဲ့အခါ ... ငယ်စဉ်ကတည်းက နှစ်သက်မြတ်နိုးခဲ့ရသော ကောင်လေးဖြစ်...