ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

Autorstwa Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... Więcej

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

115

7.5K 1.5K 79
Autorstwa Vanilla_IceCream61

ဘဝတစ်ခုလုံးကို ဖြတ်သန်းလိုက်ရသကဲ့သို့ ခံစားနေကြသော နားဆင်သူများမှာ အချိန်အတော်ကြာအထိ စိတ်မတည်ငြိမ်နိုင်သေးဘဲ ယခုမှသာ အသေးစိတ်ဆွေးနွေးနိုင်ကြသည်။ "အခုလေးတင်တီးသွားတာ ဘာလဲ။"

" 'စီးဆင်းနေသောရေ'၊ အဲ့ဒါ 'စီးဆင်းနေသောရေ' ပဲ။"

"လူလိမ်၊ ဒါ 'စီးဆင်းနေသောရေ ' အတုပဲ ဖြစ်ရမယ်။ 'စီးဆင်းနေသောရေ' က ရေသံတွေကိုပဲ စုစည်းထားတာမဟုတ်ဘူးလား။ အဲ့ဒိမှာ ဒီလိုခံစားချက်မျိုး ဘယ်လိုလုပ် ပါမှာလဲ။ မင်းသိလား၊ ငါ လူတစ်ယောက် မွေးကင်းစကနေ သေဆုံးတဲ့အထိ ဘဝဖြတ်သန်းပုံကို ကြည့်ခဲ့ရသလိုပဲ။ သူဖြတ်သန်းခဲ့ရတာတွေအားလုံးကို ငါတွေ့ခဲ့ရလို့ သူ့အတွက် ခံစားပြီး၊ သူ့အတွက် ပျော်ရွှင်ရတယ်။ ဒီသီချင်းကို 'စီးဆင်းနေသောရေ ' လို့ မခေါ်သင့်ဘူး။ သူ့ကို 'ဘဝ' လို့ခေါ်သင့်တာ။"

"အဲ့ဒါ ကြောက်စရာကောင်းတယ်။ အခုလေးတင်တီးသွားတာ ရှန်ချန်ကျင်းလား။"

"အိုး၊ မဟုတ်ဘူး။ မဟုတ်ဘူး။ အချစ်လေး မင်းမှားနေပြီ။ အဲ့ဒါ ရှန်ချန်ယွီ။ သူကသာ 'စီးဆင်းနေသောရေ' ကိုတီးသွားတာ။ သူမဖျော်ဖြေခင်ကဆို တကယ့် 'စီးဆင်းနေသောရေ' က ဒီလိုသီချင်းဆိုတာတောင် ငါမသိခဲ့ဘူး။"

ထိုအချိန်တွင် အနောက်မှ အစီအစဉ်မှူး၏ ထိန်းချုပ်မရသော အသံကျယ်ကျယ်က ပရိသတ်၏ နားထဲသို့ မတော်တဆ ရောက်လာသည်။ "ဘုရားရေ၊ ဒါ သိပ္ပံနည်းကျ မဆန်ဘူး။ သူကဂီတကျောင်းက ပထမနှစ်ကျောင်းသားပဲရှိသေးတာလေ၊ အဲ့ဒါကို 'စီးဆင်းနေသောရေ' တစ်ပုဒ်လုံး တီးပြသွားတယ်။ 'စီးဆင်းနေသောရေ' ကိုနောက်ဆုံးတီးပြသွားတာ ထိပ်တန်းတယောပညာရှင် ရိုဆဖ်မဟုတ်လား။ သူသာ ရှန်ချန်ယွီရဲ့ တီးသံကိုကြားရင် နံရံကိုခေါင်းနဲ့ ဆောင့်နေလောက်တယ်။"

မမျှော်လင့်ထားသော အသံကျယ်ကျယ်က ပရိသတ်ကို ကျယ်လောင်စွာရယ်မောစေသည်။ သို့သော် သူတို့ရယ်မောပြီးသောအခါမှ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ အစီအစဉ်မှူး ဘာပြောသွားသည်အား သဘောပေါက်သွားသည်။

အံ့ပါ့ကွာ၊ ရှန်ချန်ယွီက ဒီနှစ်မှာ ဆယ့်ရှစ်နှစ်ကျော်ရုံပဲရှိသေးပေမဲ့ 'စီးဆင်းနေသောရေ' တစ်ပုဒ်လုံးကို တကယ်တီးနိုင်ခဲ့တယ်လား။ သူတို့ အိပ်မက်မက်နေတာတော့ မဟုတ်လောက်ပါဘူးနော်။

မြို့တော်ပြဇာတ်ရုံတွင် အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။ ပရိသတ်နှင့် ဒိုင်လူကြီးများအပြင် ကျန်ပြိုင်ပွဲဝင်များသည်ပင် ထိုအကြောင်းပြောနေကြသည်။ ထို့ကြောင့် ချင်းယွင်နောက်မှ စင်ပေါ်တက်လာသော လင်း၏ဖျော်ဖြေသံက လုံးဝသတိထားမခံရပေ။

ကျန်ရှိသော ဒါဇင်မျှ ပြိုင်ပွဲဝင်များသည်လည်း မထူးမခြားနားပင်။ အဘယ့်ကြောင့်ဆိုသော် ရှန်ချန်ယွီဟူသောလူငယ်လေးက ပရိသတ်ထံသို့ အံ့အားသင့်စရာယူဆောင်လာပေးပြီး ထင်မြင်ချက်များမှာ အလွန်ကောင်းမွန်သည်။ စိတ်ဝိညာဉ်ပင် တုန်ခါသွားစေသော 'စီးဆင်းနေသောရေ' ကိုယ်တိုင်ပင်ဖြစ်စေ၊ 'စီးဆင်းနေသောရေ' အား အလွယ်တကူ တီးပြသွားသော လူငယ်လေးပင်ဖြစ်စေ၊ သူတို့ထံသို့ ထိုလက်ရာ၏အစစ်အမှန် အဓိပ္ပါယ်ကို ပေးခဲ့သည်။

******

မြို့တော်ပြဇာတ်ရုံ၏ အပြင်ဘက်၌ အမည်းရောင်ကားတစ်စီးရပ်ထားသည်။ ကားထဲမှ ဖြူဖျော့ဖျော့နှင့် ဂရုမစိုက်တတ်ဟန်ပေါ်သော ယောက်ျားတစ်ယောက်က သူ့ဖုန်းပေါ်မှ ဂီတပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုကိုပိတ်လိုက်ပြီး အရှေ့မှ ကားမောင်းသူကို ညင်သာစွာပြောလိုက်သည်။ "သွားရအောင်။"

သူ၏ အမည်းရောင်မျက်ဆန်များ၌ အလင်းရောင်လုံးဝမရှိဘဲ တစ်ကိုယ်လုံးက အသက်ရှင်သန်ရန်မျှော်လင့်ချက်ကင်းမဲ့နေပြီး အလွန့်အလွန် စိတ်ဓာတ်ကျနေပုံပေါ်သည်။

သို့သော် ထိုအခြေအနေမှာပင် ဤယောက်ျား၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသောအန္တရာယ်ကို မဖုံးကွယ်နိုင်ပေ။ သူက ဒဏ်ရာရနေသော သားကောင်နှင့်တူသည်။ အားပျော့မှုကို ပြသထားသော်လည်း သေသည်အထိ တိုက်ခိုက်သွားမည့် မိုက်မဲမှုအချို့ ရှိနေသည်။

ထိုယောက်ျား၏ အခြေအနေက အားနည်းကျဆင်းနေသည်ဟု ပြောရသည်မှာ မတိမကျဖြစ်လျှင် ဖြစ်နေလောက်သည်။ ဘယ်အရာမှ၊ ဘယ်သူကမှ သူ၏စိတ်ဝင်စားမှုကို မနှိုးဆွနိုင်လောက်အောင် ထိုယောက်ျားက ဆန္ဒကင်းမဲ့နေပုံပေါ်သည်။

ရှေ့ထိုင်ခုံမှ သက်တော်စောင့်က ခေါင်းလှည့်ပြီး သူ့သူဌေးကို တုန့်ဆိုင်းနေသော မျက်နှာထားဖြင့်ကြည့်သည်။ "သူဌေး၊ အဲ့ဒိ တယောပညာရှင်ကို တကယ်မခေါ်လာချင်ဘူးလား။ သူ့တေးသံကို နားထောင်နေရင်းနဲ့ သူဌေးရဲ့အခြေအနေက သိသိသာသာ ပိုကောင်းလာတယ်။"

ဝေ့ချန်းရှု၏ ရေသေကဲ့သို့ တည်ငြိမ်နေခဲ့သော မျက်ဝန်းများ အခိုက်အတန့်မျှ လှုပ်ခတ်သွားသလိုပင်။ သို့သော် သူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ "မလိုဘူး။"

သက်တော်စောင့်က အကူအညီမဲ့စွာ ခေါင်းပြန်လှည့်လိုက်ရသည်။ သူဌေး၌ စိတ်ကြွရောဂါရှိနေသည်မှာ ကြာပြီဖြစ်သည်။ သူက ဆရာဝန်မျိုးစုံဖြင့် ကုသဖူးသော်လည်း အကြောင်းမထူးပေ။ ယခုအခါ ဆေးဝါးများပင် သက်ရောက်မှုလျော့နည်းလာသည်။

ဝေ့ချန်းရှု စိတ်ဓာတ်ကျနေချိန်တွင် မည်သည်ကမှ သူ့အာရုံကို မဆွဲဆောင်နိုင်ချေ။

ယနေ့ သူတို့သူဌေးအား လိုက်ပါပို့ဆောင်နေသည့်အချိန်တွင် နဂိုဂရုမစိုက်တတ်သူက ကားကို ရုတ်တရက်ရပ်ခိုင်းသည်။ ထို့နောက်သူက ပြဇာတ်ရုံထဲမှ ခပ်တိုးတိုးထွက်လာသော သာယာသည့်တယောသံကို နားထောင်နေသည်။ သူ၏ နှုတ်ခမ်းထောင့်၌ အနည်းငယ်ပင်ပြုံးသွားသလား မသိချေ။

ဤသည်က သက်တော်စောင့်များအား အံ့အားသင့်စေသည်။ သူတို့က ဖုန်းများအား ချက်ချင်းထုတ်လိုက်ကာ နိုင်ငံတကာဂီတပွဲတော်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို  ဝေ့ချန်းရှု သေသေချာချာကြည့်နိုင်ရန်အတွက် ဖွင့်လိုက်သည်။

သူတို့သူဌေး၏ အခြေအနေသက်သာစေရန်အတွက် တေးဂီတကိုလည်း သူတို့ကြိုးစားသုံးဖူးသည်။ အကျော်ကြားဆုံး ရိုဆဖ်ကိုပင် ခေါ်ဆောင်လာဖူးသော်လည်း ဝေ့ချန်းရှုအား မည်သို့မျှ မသက်သာစေပေ။

မမျှော်လင့်ထားသည်မှာ စင်ပေါ်မှလူငယ်လေး၏ ဖျော်ဖြေသံကိုကြားသောအခါ  သူဌေးက သိသိသာသာတုန့်ပြန်သည်။

တေးသံရပ်သွားပြီးနောက် သူဌေးက စိတ်ဓာတ်ပြန်ကျသွားသော်လည်း ၎င်းကသူတို့အား မျှော်လင့်ချက်ရှိလာစေသည်။ ထိုဆယ်ကျော်သက်ကောင်လေးကို သွားရှာမည့် တောင်းဆိုချက်အား သူဌေးထံမှ အငြင်းခံလိုက်ရသော်လည်း သက်တော်စောင့်နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ စိတ်ထဲတွက်ချက်ပြီးဖြစ်သည်။

ကားစက်နိုးလာသည်။ ဝေ့ချန်းရှုက ပြတင်းပေါက်အပြင်ဘက်သို့ ဂရုမစိုက်ဟန်ဖြင့် ကြည့်နေသော်လည်း သူ့အတွေးများ စတင်ပြောင်းလဲလာသည်။

ဝေ့ချန်းရှုကိုယ်တိုင်သည်လည်း အံ့အားသင့်နေသည်။ စိတ်ဓာတ်ကျနေသော အခြေအနေဖြစ်သွားပါက သူသည်အခြားအရာများအား လုံးဝအာရုံမစိုက်တော့ပေ။ သို့သော်...ထိုတေးသံကိုကြားသည်နှင့် ဝေ့ချန်းရှု ရှင်းပြ၍မရအောင် ပျော်ရွှင်လာသည်။

*****

ပြိုင်ပွဲဝင်အားလုံး၏ ဖျော်ဖြေမှုမပြီးဆုံးသွားခင်အထိ ပြဇာတ်ရုံထဲမှ ပရိသတ်အားလုံးမှာ ယခုလေးတင်ဖျော်ဖြေသွားသော 'စီးဆင်းနေသောရေ 'အကြောင်းကိုသာ အမျှင်မပြတ်ပြောနေကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာစာတွင်လည်း မှတ်ချက်များ တစ်ခုပြီးတစ်ခုတက်လာကာ စင်ပေါ်၌ရှိနေသောပြိုင်ပွဲဝင်များအား လုံးဝဖုံးကွယ်လိုက်သည်။

ဤသည်က ချင်းယွင်နောက်မှ ထွက်လာသော ရှန်ချန်ကျင်းကို မပျော်မရွှင်ဖြစ်စေသည်။ ရှန်ချန်ယွီက 'စီးဆင်းနေသောရေ ' တစ်ပုဒ်လုံးကို မည်သို့တီးနိုင်မှန်း သူမတွေးတတ်ချေ။ သူက အမှားမလုပ်သွားရုံသာမက ယခင်လူများနှင့်ပင်မတူဘဲ 'စီးဆင်းနေသောရေ' ၏ ခံစားချက်အသစ်ကို ပေးနိုင်ခဲ့သည်။

လတ်တလော ရှန်ချန်ယွီအိမ်မပြန်လာတာ ဒီလက်ရာကို ကျောင်းမှာလေ့ကျင့်နေလို့များလား။

လူတိုင်း၏ အနောက်တွင် ရပ်နေကာ ခေါင်းငုံ့ထားပြီး တိတ်ဆိတ်ကြေကွဲဖွယ်ကောင်းပုံပေါ်နေသော လူငယ်ကို ရှန်ချန်ကျင်း သည်းမခံနိုင်ပဲ ကြည့်မိသည်။ ရှန်ချန်ကျင်း၏ အကြည့်က တဖြည်းဖြည်းစူးရှလာသည်။ ရှန်ချန်ယွီက နားတစ်ဖက်ကန်းနေမှန်းကို သူထက်ပို၍ မည်သူမှမသိချေ။

ဒီနေ့မှာ သူကနားထိုင်းကောင်ကို ရှုံးတော့မှာလား။

ပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်ကာ အစီအစဉ်မှူးက ရမှတ်များကို စတင်ကြေငြာနေသည်။ နောက်ဆုံးရလဒ်က သူတို့၏နှလုံးသားများအား တုန်ယင်စေမည်မှန်းသိသော်လည်း ပြိုင်ပွဲဝင်အားလုံးသည် သူတို့အနောက်မှ မျက်နှာပြင်ကြီးအား ခေါင်းလှည့်ကြည့်မိကြသည်။

မည်သို့ပင်ဆိုစေ ရှန်ချန်ယွီ၏ 'စီးဆင်းနေသောရေ' နှင့်ဆိုလျှင် သူတို့၏တင်ဆက်မှုက ထည့်ပြောစရာပင်မလိုချေ။ ယခင်က တောက်တောက်ပပလင်းလက်နေသော ရှန်ချန်ကျင်းသည်ပင် ယနေ့တွင် ရှန်ချန်ယွီကြောင့် သေးနုပ်သွားသည်။

အောက်ဘက်မှ ပရိသတ်များသည်ပင် တက်ကြွစွာစောင့်ဆိုင်းနေကြသော်လည်း သူတို့က ထိုပြိုင်ပွဲဝင်အုပ်စုထဲမှ ရှန်ချန်းယွီ၏ပုံရိပ်ကိုသာ ပိုရှာဖွေမိကြသည်။ သူစင်ပေါ်၌ ဖျော်ဖြေနေစဉ်က သူတို့ထဲမှအများစုသည် တေးသံတွင်သာ နစ်မျောနေခဲ့သဖြင့် လူအုပ်အားအံ့အားသင့်စေခဲ့သည့် ပါရမီထူးသော လူငယ်လေးအား ကောင်းကောင်းမမြင်လိုက်ရပေ။

သို့သော် အယောက်နှစ်ဆယ်ကျော်သော ပြိုင်ပွဲဝင်များကြားထဲတွင် ရှန်ချန်ယွီကို ရှာရသည်မှာ မလွယ်ကူချေ။ အဘယ့်ကြောင့်ဆိုသော် လူငယ်လေးက တကယ်ကိုသေးငယ်ပါးလျားပြီး နောက်ဆုံးသို့သာ မထင်မရှား ဆုတ်နေသည်။

ဘုရားရေ၊ သူက အားလုံးရဲ့အနောက်မှာ ပုန်းနေရမယ့်အစား အရှေ့မှာ ရဲရဲရင့်ရင့်ရပ်နေပြီး လူတွေရဲ့ချစ်ခင်တဲ့အကြည့်တွေကို ခံယူနေရမှာလေ။

ဘယ်လိုပင်ဖြစ်စေ သူက 'စီးဆင်းနေသောရေ' ကို အသက်ဆယ့်ရှစ်နှစ်အရွယ်မှာပင် တီးခတ်နိုင်ခဲ့သဖြင့် ဂီတနယ်ပယ်မှ ကျော်ကြားသော တယောပညာရှင်များစွာကို အနိုင်ပိုင်းလိုက်နိုင်ခဲ့သည်။

ဒိုင်လူကြီးများက ထိပ်ဆုံးငါးယောက်ထဲ မဝင်သူများကိုသာ တစ်ယောက်ပြီးတစ်ယောက် အရင်ဆုံးမှတ်ချက်ပေးနေကြသည်။ အခြားဒိုင်လူကြီးများက သူတို့၏ ထက်မြသောလျှာများအား စတင်ပြသနေသည်ကို တွေ့သောအခါ ချင်းယွင်အား စောနကသုညပေးခဲ့သည့် နော်ရဒ်မှာ မျက်နှာပြင်ကြီးကိုသာ စိုးရိမ်ပူပန်စွာ ကြည့်နေမိသည်။

နောက်ဆုံးတွင်တော့ မျက်နှာပြင်ကြီးပေါ်တွင် ထိပ်ဆုံးငါးယောက်ထဲပါလာသူ ပြိုင်ပွဲဝင်ငါးယောက်၏နာမည် ပေါ်လာသည်။

သို့သော် လူတိုင်းအား အံ့အားသင့်စေသည်မှာ ဒိုင်လူကြီးများ၏ အမှတ်တွင်ပင်ဖြစ်စေ၊ ပရိသတ်၏ အမှတ်ပေးမှုတွင်ပင်ဖြစ်စေ ရှန်ချန်ယွီ၏ အမှတ်က ငါးယောက်ထဲ၌အနိမ့်ဆုံးဖြစ်နေခြင်းပင်။

ရှန်ချန်ယွီက ထိပ်ဆုံးငါးယောက်ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။

ပထမနေရာ၌ရှိသော သူ့နာမည်ကိုကြည့်ကာ ရှန်ချန်ကျင်း သက်ပြင်းချမိသည်။

ထိပ်ဆုံးငါးယောက်ထဲ ဝင်သောအခြားပြိုင်ပွဲဝင်များသည်ပင် ထိုရလဒ်ကြောင့် အံ့ဩသွားပြီး ဒိုင်လူကြီးများအား ကြည့်မိကြသည်။ပရိသတ်များသည်လည်း အုတ်အုတ်ကျက်ကျက်ဖြစ်နေရာ ပြဇာတ်ရုံကြီး၏ အမိုးပင်လန်သွားနိုင်သည်။

"ဘာတွေဖြစ်နေတာလဲ။ သူက ဘယ်လိုလုပ် ငါးနေရာမြောက်ဖြစ်နိုင်မှာလဲ။"

"ဒါ နည်းလမ်းမကျဘူး။ ရှန်ချန်ယွီရဲ့ 'စီးဆင်းနေသောရေ' က ဂီတလောကထဲ အခြေခိုင်နေတဲ့ ဂီတပညာရှင်တွေကိုတောင် ရိုက်ချနိုင်တယ်လေ။ အခုဘာလို့ အဆင့်ငါးပဲရတာလဲ။"

ဒိုင်လူကြီးများ နေရာတွင်လည်း နော်ရဒ်က မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ အခြားဒိုင်လူကြီးများထံမှ ဒေါသတကြီးအကြည့်ခံနေရသည်။

ဒိုင်လူကြီးဆယ်ယောက်ထဲတွင် ရှစ်ယောက်ကချင်းယွင်အား ဆယ်မှတ်ပေးခဲ့ပြီး တစ်ယောက်က ကိုးမှတ်ပေးခဲ့ကာ နော်ရဒ်က သုညပေးခဲ့သည်။ ဤအမှတ်ကို နော်ရဒ် မည်မျှပြောင်းလဲချင်မှန်း ဘုရားသိသည်။ သို့သော် ဒိုင်တစ်ယောက်ချင်းစီ၏ ကတ်ပြားပေါ်မှ အမှတ်များကို ပြောင်းလဲ၍မရဟု အမှတ်စာရင်းကောက်သူ ဝန်ထမ်းကပြောသည်။

ထို့ကြောင့်ပင် ရှန်ချန်ယွီ၏ ရမှတ်က နည်းနေခြင်းပင်။

ကင်မရာက ရှန်ချန်ယွီကို အနီးကပ်ရိုက်ပြသည်။ မျက်နှာပြင်ပေါ်ရှိ ဆယ်ကျော်သက်ကောင်လေးက ပြသထားသောရမှတ်ကိုကြည့်ကာ အခိုက်အတန့်မျှ မျက်လုံးပြူးသွားသည်။ တိတ်တဆိတ်ဖြင့် ခေါင်းပြန်မငုံ့လိုက်ခင်တွင် သူ့မျက်ဝန်းများ၌ မျက်ရည်လည်နေပုံပင်။

သူကိုယ်တိုင်အတွက် တရားမျှတမှုရှာရန် ဒေါသဖြစ်မနေသကဲ့သို့ မခံမရပ်နိုင်စွာဖြင့်လည်း တီးတိုးမပြောဆိုနေပေ။ သူက ခေါင်းကိုသာ လေးတွဲ့စွာငုံ့ထားကာ ကင်မရာကိုရှောင်ရန်အတွက်ပင် ခေါင်းလှည့်လိုက်သေးသည်။

တိုက်ရိုက်ကြည့်ရှုနေသူများသည်လည်း စတင်မှတ်ချက်ပေးကြတော့သည်။

(အမ်၊ ငါ့ရဲ့နတ်ဘုရားရေ၊ အရမ်း သဘောမကောင်းနဲ့နော်။)

(ဟီးဟီး၊ ဒါသူ့အမှားလား။ ငါမေးပါဦးမယ်။ ရှန်ချန်ယွီ တီးနေတုန်း သန့်စင်ခန်းသွားပေမဲ့ အမှတ်ပေးနိုင်ခွင့်ကို မဆုံးရှုံးချင်တဲ့အတွက် သူစမတီးခင်ကတည်းက သုညပေးခဲ့တဲ့ ငါ့လိုခေါင်းထဲရေပဲရှိနေတဲ့သူ ဘယ်နှယောက်ရှိလဲ။ သန့်စင်ခန်းထဲကနေ ပြန်ထွက်လာပြီးမှ သူ့တယောတီးသံကိုကြားတော့ ငါဘယ်လောက်ယူကျုံးမရဖြစ်သွားမှန်း ဘုရားသိတယ်။)

(ငါလည်း ခေါင်းထဲ ရေရောက်နေတယ်။ +1)

(ငါ့ဦးနှောက်ရေနစ်နေပြီ။ +1)

(ယီးပဲ။ အနည်းဆုံးတော့ မင်းတို့နားထောင်သင့်တယ်လေ။ ဒါပေမဲ့ ငါလည်းထွက်သွားမိတယ်။ အဲ့တုန်းက ဘာဖြစ်သွားတယ်ဆိုတာ ငါ့ကိုဘယ်သူပြောပြမလဲ။ ငါသန်းတစ်ထောင်လောက် ပျောက်သွားသလိုခံစားနေရတယ်။)

(ငါ့ကိုယုံ၊ မင်း တကယ်ကို သန်းတစ်ထောင် လွတ်သွားတာ။)

ရှန်ချန်ယွီ၏ တင်ဆက်ပုံအတွက် ပရိသတ်အများစုက အမှတ်နိမ့်နိမ့်ပေးခဲ့သကဲ့သို့ ရှိနေသော ပရိသတ်များသည်လည်း သူ့အပေါ်မျှော်လင့်ချက်မထားသဖြင့် သူ၏ပရိသတ်ပေးမှတ်မှာ တကယ်ကိုနည်းနေသည်။

(ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ငါတို့က တကယ်ကို သုံးစားမရပေမဲ့ သူထိပ်ဆုံးငါးယောက်ထဲ တက်သွားနိုင်ခဲ့တယ်။ သူပြိုင်ပွဲထဲက ထွက်သွားရမယ်လို့ တွေးမိရုံနဲ့ ငါ့ခေါင်းငါ တိုဖူးပုပ်နဲ့ ရိုက်ချချင်တယ်။)

ချင်းယွင်၏ တင်ဆက်မှုကို မှတ်ချက်ပေးရသောအခါ ဒိုင်လူကြီးများက သူတို့အံ့အားသင့်သွားကြောင်း ပြောပြကာ ချီးကျူးကြသည်။ နော်ရဒ်သည်လည်း ကြောင်နေပြီး ရှင်းပြသည်။ "အိုး၊ မင်းငါ့ကို ခွင့်လွှတ်ပေးပါကွာ။ ငါအရမ်းစိတ်ကြီးဝင်မိသွားတယ်။ မင်း 'စီ​ဆင်းနေသောရေ' ကို တစ်ပုဒ်လုံး တီးပြပြီး ဒီလိုတောင်တီးနိုင်မယ်လို့ ငါမထင်ထားမိဘူး။ အဲ့ဒါက ငါ့ရဲ့ 'စီးဆင်းနေသောရေ' အပေါ်သဘောထားကို ပြောင်းပြန်လှန်ပစ်လိုက်တယ်။ မင်းရဲ့တီးခတ်ပုံကိုကြားမှ ဒါကဒီလိုဖြစ်သင့်ပါလား၊ ခရူတဖ်ရဲ့နောက်ဆုံးလက်ရာက ဒီလိုပုံစံဖြစ်သင့်ပါလား၊ သူက ထိုးဖောက်အောင်မြင်သွားတာပဲလို့ ငါတွေးမိတယ်။ မင်းက ငါတို့ဆီမှာ ပြီးပြည့်စုံစွာ တင်ဆက်သွားတယ်။ ဒါက ဂီတလောကအတွက် အကြီးမားဆုံးအထောက်အပံ့ပဲ။"

ထို့နောက် နော်ရဒ်က ကင်မရာအား ဒေါသတကြီးဖြင့် တည့်တည့်စိုက်ကြည့်ကာပြောသည်။ "ဒီအကျိုးအကြောင်းမဆီလျော်တဲ့ အမှတ်ပေးစည်းမျဉ်းကိုလည်း ငါရှုတ်ချချင်တယ်။ ဒိုင်လူကြီးတွေက ဘာလို့ အမှတ်ပြန်ပြင်လို့မရတာလဲ။အိုး၊ မဟုတ်သေးဘူး။ ပြိုင်ပွဲဝင်တွေရဲ့ ဖျော်ဖြေမှုကို မကြားရသေးခင်အထိ ဒိုင်လူကြီးတွေက အမှတ်မပေးရဘူးဆိုတဲ့ စည်းမျဉ်းမျိုး ရှိသင့်တာ။"

အင်တာနက်ပေါ်မှလူများမှာ ဤလူအိုလေးကို သဘောကျမိသည်။ သူတို့ထဲမှ အများစုကပင် သူ၏မှတ်ချက်အား ထောက်ခံကာ ပရိသတ်များသည်လည်း ပြိုင်ပွဲဝင်များ ဖျော်ဖြေပြီးမှသာ အမှတ်ပေးရသင့်သည်ဟု ပြောကြသည်။

ထိုစည်းမျဉ်းကိုသာ စောစောကတည်းက ချမှတ်ထားလျှင် သူတို့ ယခုကဲ့သို့ အပြစ်ရှိစိတ်ဖြင့် နံရံကိုဒေါသတကြီး ခေါင်းတိုက်နေရမည်မဟုတ်ပေ။

"ငါ့ရဲ့အမြင်ကတော့ နော်ရဒ်နဲ့ ကွဲပြားတယ်။" ချင်းယွင်အား ကိုးမှတ်ပေးခဲ့သော ပထမဆုံးဒိုင်လူကြီး တူရစ်က မိုက်ခွက်ကို သပ်ရပ်ကျနစွာကိုင်ကာ ပြောသည်။ " မင်းရဲ့ တင်ဆက်မှုက တကယ်ကောင်းမွန်ပြီး ကျေနပ်စရာပဲ။ မင်းရဲ့ဖျော်ဖြေမှုအရဆိုရင် ငါ့ဆီကနေ ဆယ်မှတ်ရဖို့ ထိုက်တန်တယ်။ ဒါပေမဲ့ မင်းတီးတာက စိတ်အာရုံခံစားချက်တွေကို အမြဲလှောင်ပြောင်ခဲ့တဲ့ ခရူတဖ်ရဲ့လက်ရာဆိုတာမေ့သွားတာလား။ သူက တခြားလူတွေ သူ့သီချင်းကို ဒီလိုမတင်ဆက်စေချင်လောက်ဘူး။ မင်းတင်ဆက်ခဲ့တဲ့ဟာက မင်းရဲ့ကိုယ်ပိုင်ထင်ကြေးသက်သက်ပဲ။"

ချင်းယွင်က တူရစ်ကို ဖြည်းဖြည်းချင်း ကြည့်သည်။ တူရစ်က ကမ္ဘာ့အကောင်းဆုံး တယောပညာရှင်များထဲမှတစ်ဦး ဖြစ်ပြီး ရိုဆဖ်နှင့်တန်းတူပင်။ သူ့တွင် အလွန်တစ်မူထူးသောစရိုက်ရှိသည်။ သူက အာရုံခံစားမှုအသားပေးသောအုပ်စုထဲပါသော်လည်း အစွန်းရောက်သောနည်းပညာဒိုင်လူကြီးများထက် ပိုပြင်းထန်သည်။ သူက နည်းပညာအရတီးခတ်ပုံကို အလိုအမင်းမလိုမုန်းထားတတ်သည်။

ဤကမ္ဘာ၏ မူရင်းဇာတ်ကြောင်းတွင် တူရစ်၏ ပြင်းထန်သောဝေဖန်မှုကြောင့် စင်ပေါ်မှ ရှန်ချန်ယွီ အလွန်စိုးရိမ်ပူပန်ခဲ့ရသည်။ ကြီးမားလေးလံသော စိတ်ဖိအားအောက်တွင် ရှန်ချန်ယွီက စင်ပေါ်၌အမှားများ လုပ်မိရုံသာမက တယောကြိုးများကိုလည်းဖြတ်မိသဖြင့် လူတိုင်းထံမှလှောင်ပြောင်သရော်ခံခဲ့ရသည်။

ရှန်ချန်ကျင်းက နည်းမျိုးစုံကိုသုံးပြီးနောက် တူရစ်၏တပည့်ဖြစ်လာသည်။

''ဆရာတူရစ်၊ ဆရာ့ရဲ့စကားတွေကို ကျွန်တော် သဘောမတူနိုင်ပါဘူး။"

ပရိသတ်များက လူငယ်လေး၏ ကြည်လင်ပြတ်သားသောအသံကို အာရုံစိုက်မိကြပြီး ဤဆယ်ကျော်သက်ကောင်လေး၏ အသံမှာ သူ၏တေးဂီတသံကဲ့သို့ သာယာကြောင်းသိလိုက်ရသည်။

ထို့အပြင် အမြဲလိုလို တိတ်ဆိတ်နေတတ်သော ဤလူငယ်လေးက သူ၏တေးဂီတကို ခုခံကာကွယ်ရာတွင် ရဲရင့်မှုအပြည့်ပင်။

ရှန်ချန်ယွီက အမည်းရောင်မျက်လုံးများကိုပြူး၍ တူရစ်အားစိုက်ကြည့်နေသည်။ သူက ကမ္ဘာ့ထိပ်သီးဂီတပညာရှင်နှင့် ရင်ဆိုင်နေရသည်ဟု လုံးဝမခံစားနေရသည့်ပုံပင်။ "ဆရာ၊ လူတွေက တစ်သမတ်တည်း မဟုတ်ပါဘူး။ ဆရာခရုတဖ် ဆွေမျိုးတွေရဲ့ ပြောစကားအရ ဆရာခရူတဖ် နေမကောင်းဖြစ်တာကနေ ပြန်သက်သာလာပြီးတော့ အကျင့်စရိုက်တွေ ပြောင်းလဲသွားတယ်လို့ အတည်ပြုနိုင်ပါတယ်။ ပြီးတော့ ဆရာခရူတဖ်က 'နည်းပညာဟာ ပြီးပြည့်စုံသောကိရိယာဖြစ်တယ်' လို့ နောက်ဆုံးစကားချန်ခဲ့ပါတယ်။"

"လူတိုင်းက သူဂီတနည်းပညာကိုပဲ ချီးမွမ်းခဲ့တယ်လို့ ထင်ကြပေမဲ့ ကျွန်တော်ကတော့ သူအကောင်းဆုံးနည်းလမ်းကို ရှာတွေ့သွားတာလို့ထင်ပါတယ်။ နည်းပညာရဲ့ အမြင့်ဆုံးအဆင့်က အပြင်းပြဆုံးခံစားချက်တွေကို ဖော်ပြနိုင်ဖို့ပါပဲ။"

ဆယ်ကျော်သက်လေး၏ စကားဆုံးသည်နှင့် တူရစ် အံ့အားသင့်စွာ မျက်ခုံးပင့်မိကာ ကျန်ဒိုင်လူကြီးများနှင့်ပရိသတ်များသည်လည်း စိတ်ပါလက်ပါ လက်ခုပ်တီးကြသည်။

ရှန်ချန်ယွီကို မှတ်ချက်ပေးပြီးနောက် ဒိုင်လူကြီးများ၏ တုန့်ပြန်မှုက အားမပါတော့ပေ။ အစက သူတို့အားလုံးထံမှ ချီးကျူးခံခဲ့ရသော ရှန်ချန်ကျင်းသည်ပင် ဒိုင်လူကြီးများထံမှ မှတ်ချက်အနည်းငယ်သာ ရရှိခဲ့သည်။

သက်တူရွယ်တူတွေထဲမှာ မင်းရဲ့ဖျော်ဖြေမှုက တော်တော်ကောင်းနေပါပြီ။ မင်းက မင်းအရွယ်နဲ့ဆိုရင် ကောင်းကောင်းတိုးတက်နေပါတယ်။ စသည်ဖြင့်....

ဤစကားလုံးများက ရှန်ချန်ကျင်း၏ နှလုံးသားထဲ၌ ဆက်တိုက်ခုန်ပေါက်နေပြီး ၎င်းတို့ကို ဒိုင်များက ရှန်ချန်ကျင်းအတွက် ပေးခဲ့သောမှတ်ချက်များနှင့်နှိုင်းယှဉ်မိသည်။ သူတို့က ရှန်ချန်ယွီကို မိုးထိအောင် ချီးကျူးခဲ့ကြပြီး ရှန်ချန်ယွီသည် များစွာချီးကျူးခံခဲ့ရသောကာလသို့ ပြန်ရောက်သွားပုံပေါ်သည်။

ဟုတ်တာပေါ့ ၊ ကံအဆိုးဆုံးသူမှာ ရှန်ချန်ယွီပြီးနောက် စင်ပေါ်ချက်ချင်းတက်လာရသော လင်းပင်။ သူဘာတင်ဆက်ခဲ့သည်ကို မည်သူမှမသိချေ။

Czytaj Dalej

To Też Polubisz

332K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
349K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
448K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
425K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...