ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.7M 255K 16.9K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

108

6.9K 1.4K 56
By Vanilla_IceCream61

မောရစ်က တောင်တန်းများဆီသို့ ပြန်ရောက်လာသည်။ သူဤနေရာ၌ အိပ်ရန်ရွေးလိုက်ရခြင်းမှာ ၎င်း၏အောက်၌ အေးစက်သော ဧရာမရေကန်တစ်ခုရှိသောကြောင့်ပင်။ သူ့စိတ်ဝိညာဉ်ထဲမှ ရက်စက်မှုကို မထိန်းနိုင်သည့်အချိန်တိုင်းတွင် သူရေကန်ထဲသို့ ထိုးဆင်းကာ အပြင်ကမ္ဘာမှစွမ်းအားကိုသုံးပြီး သူ့ကိုယ်သူထိန်းလေ့ရှိသည်။

ယခုတစ်ကြိမ်တွင်လည်း မောရစ်အေးစက်သောရေကန်ထဲသို့ အသံတစ်ချက်မထွက်ဘဲ ထိုးဆင်းရာ စူးရှသောလေအေးများက သူ့အကြေးခွံများကြား ဖြတ်သွားကာ သူ့စိတ်ဝိညာဉ်ထဲမှ လောင်ကျွမ်းမှုနှင့် သောင်းကြမ်းလိုစိတ်အား ချေဖျက်နေသည်။

သူ့စိတ်ဝိညာဉ်ထဲမှ တည်ငြိမ်မှုကို ခံစားနေရင်း နောက်ဆုံးတွင်တော့ မောရစ် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ သူသတိရှိစကတည်းက ပြဿနာတစ်ခုရှိခဲ့သည်။ မကြာမကြာတိုင်းတွင် သူ့စိတ်ဝိညာဉ်ထဲမှ နာကျင်မှုကြောင့် သူရူးသွပ်သွားလေ့ရှိသည်။ ထို့ကြောင့် နဂါးမျိုးနွယ်တစ်ခုလုံးတွင် နိုင်လိုမင်းထက်ဆန်သည်ဟူသော ဂုဏ်ပုဒ်တစ်ခုကျန်ခဲ့သည်။

သူသာ သူ့ကိုယ်သူမထိန်းနိုင်လျှင် ဂျွိုက်အားနာကျင်စေမည်ကို တကယ်စိုးရိမ်သည်။

သို့သော် သူ့ကလေးထံမှ ခွဲခွာခဲ့ရခြင်းကလည်း သူ့နှလုံးသားထဲ၌ ပြောပြ၍မရနိုင်လောက်အောင် တမ်းတလာစေသည်။

"မြန်မြန်ပြီးသွားမှာပါ။ ခုနစ်ရက်ပဲ။ မဟုတ်ဘူး...သုံးရက်လောက်ဆို အဆင်ပြေပြီ။" ဤသို့စိတ်ချစေရန်အားပေးနေသော်လည်း မောရစ် သောကမကင်းသေးပေ။ သူ့စိတ်ဝိညာဉ်၏ စွမ်းအားကို ထပ်စုစည်းလိုက်သည်။

*****

အဝေးမှ နတ်သူငယ်တောအုပ်ထဲတွင် မကောင်းဆိုးဝါးဘုရင်အိုင်နို၊ နတ်သူငယ်ဘုရင်နှင့် တောအုပ်အနက်ပိုင်းမှ သားရဲကောင်ဘုရင်တို့အားလုံးက မောရစ်၏ထူးခြားသောအသံကို သူတို့ခေါင်းထဲ၌ ကြားလိုက်ရသည်။ "ငါ့ ရတနာကို ကာကွယ်ထား။ သူမနည်းနည်းလေးတောင် ထိခိုက်သွားရင် ဒီကုန်းမြေတိုက်ပေါ်က သက်ရှိတွေအကုန်သူမနဲ့အတူ မြေမြှုပ်ခံရမယ်။ သူမက စတူဒီယန်နိုင်ငံတော်ရဲ့ မင်းသမီးဖြစ်ပြီး နတ်သူငယ်တောအုပ်ထဲ ဝင်တော့မယ်။"

လေးနက်သောမျက်နှာထားဖြင့် ထိုဘုရင်များက စိတ်ထဲမှ တရိုတသေ ပြန်ဖြေလိုက်သည်။ "ကျွန်တော်မျိုးက အရှင့်အတွက် ဆောင်ရွက်ပေးဖို့ရာ လိုလားပါတယ်။"

လက်ခံသည့်အဖြေကို ရပြီးနောက်မှ မောရစ် ရေကန်အောက်ခြေသို့ ဖြည်းဖြည်းချင်းနစ်ဝင်သွားသည်။ သလင်းကဲ့သို့ကြည်လင်သောရေခဲက သူ၏ဧရာမခန္ဓာကိုယ်ကို ချက်ချင်းလွှမ်းခြုံလိုက်သည်။

စိတ်ထဲ၌ နဂါး၏အမိန့်ကို ရရှိပြီးနောက် အိုင်နို၏မျက်နှာ၌ ပျော်ရွှင်မှုပေါ်ပေါက်လာကာ နတ်သူငယ်မိခင်သစ်ပင်အောက်၌ ထိုင်နေသော လှပသည့်မိန်းမပျိုအား တဝင်းဝင်းတလက်လက်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူ့ခန့်မှန်းချက်က မှန်ကန်သည်။ နဂါးမောရစ်က ဤမင်းသမီးလေဒီယာကို တကယ်ဂရုစိုက်သည်။

နဂါး၏အားနည်းချက်ကို ဖမ်းဆီးကာ ခြိမ်းခြောက်ရမည်လား။ ကနဦးတွင် အိုင်နိုထိုကဲ့သို့ တွေးဖူးသည်။ သို့သော် ထိုအကြံက တစ်စွန်းတစ်စမကျန် ပြန်ပျောက်ကွယ်သွားသည်။ နဂါးမောရစ်က စွမ်းအားကြီးလွန်းသည်။ အိုင်နိုမတုန့်ပြန်နိုင်စဉ်တွင်ပင် သူက မကောင်းဆိုးဝါး တစ်မျိုးနွယ်လုံးကို တစ်ချက်ထဲနှင့်ဖျက်ဆီးနိုင်သဖြင့် အိုင်နိုထိုသို့မစွန့်စားရဲပေ။

မည်သူကမှ မောရစ်အား ရန်မဆွရဲပေ။ သမိုင်းတွင် သူဒေါသထွက်ခဲ့သော အကြိမ်အချို့သည် ဘေးဒုက္ခပင်။

နဂါးမီးလျှံက မကောင်းဆိုးဝါးများနေရာ အသူတစ်ရာချောက်တစ်ခုလုံးကို ပျံ့နှံ့ခဲ့သည်။ ယခုအိုင်နို အထူးမျှော်ကိုးနေသည်မှာ ဤမင်းသမီးမှတစ်ဆင့် ကြောက်စရာနဂါးကိုကျေနပ်စေကာ သူ့မျိုးနွယ် သက်ညှာခံရရန်ပင်။

ထိုအချိန်မှာပင် နတ်သူငယ်မျိုးနွယ်၏ အလယ်ဗဟိုရှိ ခန်းမထဲမှ ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသောနတ်သူငယ်တစ်ယောက် ထွက်လာပြီး ၎င်းမှာ နတ်သူငယ်မျိုးနွယ်တစ်ခုလုံး၏ ဘုရင်ပင်။ သူကဘုရင်ဖြစ်သော်လည်း မကောင်းဆိုးဝါးဘုရင်အိုင်နိုကဲ့သို့ပင် နဂါး၏ဩဇာအရှိန်အဝါအောက်တွင် နေရသည်။

အောက်မကျို့လိုသော နတ်သူငယ်များသည် နဂါးမောရစ်အား တစ်ခါကဖီဆန်ဖူးသည်။ သို့သော် ထိုပုန်ကန်မှုသည် မျိုးနွယ်၏ ထာဝရဒဏ်ရာပင်။ သူတို့ရှင်သန်ရေးအတွက်အားထားရာ နတ်သူငယ်မိခင်သစ်ပင်သည်ပင် နဂါး၏မီးတောက်ကြောင့် အချိန်အတော်ကြာ ညှိုးနွမ်းနေခဲ့ပြီး နှစ်ထောင်ပေါင်းများစွာကြာမှ ပြန်အသက်ရှင်လာသည်။

နတ်သူငယ်ဘုရင် ထွက်လာသည်နှင့် မကောင်းဆိုးဝါဘုရင်အိုင်နိုကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်လုံးက အခြားတစ်ယောက်၏မျက်လုံးများထဲမှ တောက်ပမှုများကိုတွေ့လိုက်သဖြင့် တစ်ဖက်သူသည်လည်း နဂါးထံမှအမိန့်ပေးခံထားရကြောင်း သိလိုက်သည်။

လေဒီယာ၏ ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်မှုကြောင့် မောရစ်ပြောသည်မှာ မင်းသမီးက နတ်သူငယ်တောအုပ်ထဲသို့ဝင်ခါစသာ ရှိသေးကာ မရောက်ရှိသေးသည့်အကြောင်းကို ထိုနှစ်ယောက် သတိလွတ်သွားသည်။

ထိုအချိန်တွင် နတ်သူငယ်နှစ်ယောက်က အပြေးလာကာသတင်းပို့သည်။ "ဘုရင်ကြီးခင်ဗျ၊ တောအုပ်အစွန်မှာ ပြဿနာတက်နေပါတယ်။ စီရိုဒီခေါ်လာတဲ့ သူတွေက အပြင်အစောင့်တွေနဲ့ တကယ်တိုက်ခိုက်နေပါတယ်။"

"ဘာ။" နတ်သူငယ်ဘုရင် မျက်မှောင်ကြုတ်မိသည်။

နတ်သူငယ်နှစ်ယောက်က ထပ်ပြောသည်။ "ကျေးဇူးပြု၍ မင်းသမီးလေဒီယာလည်း တစ်ချက်လောက်သွားကြည့်ပေးပါခင်ဗျ၊ အဲ့ဒိမှာ မင်းသမီးလို့ပြောနေတဲ့တစ်ယောက် ရောက်နေပါတယ်။"

"အာ။ အဲ့ဒါသူပဲ။" လေဒီယာက ချက်ချင်းမတ်တပ်ထရပ်ကာ နှာခေါင်းရှုံ့၍ ရှင်းပြသည်။ " တစ်စုံတစ်ယောက်ကိုရှာပြီး ဒီမင်းသမီးရဲ့နေရာမှာ အစားထိုးလိုက်တာ လန်ဆာ့အမှားပဲ။ ကြည့်၊ အခုတော့ ပြဿနာတက်ပြီ။"

"ရှင်တို့တွေ လန်ဆာကို သွားရှာချေ။" လေဒီယာက သူမဘေးမှ နတ်သူငယ်များကို အမိန့်ပေးပြီးနောက် သူမရင်ဘတ်ပေါ်လက်တင်၍ ရိုးသားပုံဖြင့်ဆုတောင်းပြောဆိုနေသည်။ " ဒီ ပဋိပက္ခက အပြစ်ကင်းသူတွေကို မထိခိုက်ဖို့ မျှော်လင့်ပါတယ်။"

လေဒီယာ၏ ကြင်နာသောအမူအရာကို တွေ့သောအခါ သတင်းလာပို့သည့် နတ်သူငယ်နှစ်ယောက် ချက်ချင်းစိတ်ချမ်းသာသွားသည်။ တကယ့်မင်းသမီးက လေဒီယာသာဖြစ်သည်ဟု သူတို့မခံမရပ်နိုင်တွေးမိသည်။ သူမက လှပကာကြင်နာတတ်ပြီး စီရိုဒီအားတွန်းပို့လိုက်သည့် အယောင်ဆောင်နှင့် ဘာမှမတူချေ။ စီရိုဒီက အတုအယောင်တစ်ယောက်ကို ဘာကြောင့်သစ္စာရှိနေမှန်း သူတို့တကယ်နားမလည်ချေ။

မကြာခင်တွင် လန်ဆာသည်လည်း ဤဘက်သို့ရောက်လာသည်။ မင်းသမီးလေဒီယာ မျက်မှောင်ကြုတ်နေသည်ကို တွေ့သည်နှင့် ချက်ချင်းလာရောက်ချော့မော့တော့သည်။ "ဘာဖြစ်လို့လဲ၊ လေဒီယာ။ ဘယ်သူက ငါတို့ရဲ့ ချစ်စရာလေဒီယာလေးကို ဒေါသထပ်ထွက်အောင် လုပ်လိုက်တာလဲ။"

"ကျွန်မ ဒေါသထွက်နေတာမဟုတ်ဘူး။" လေဒီယာက စိတ်ပူစွာပြောသည်။ "အရင်က ရှင်ရှာလာတဲ့လူက နတ်သူငယ်တောအုပ်ကိုလာပြီး ပြဿနာရှာနေတယ်။ သူ ဒီကနတ်သူငယ်တွေကို အန္တရာယ်ပေးမှာ ကျွန်မစိုးရိမ်တယ်။"

"ပြီးတော့ သူက နတ်သူငယ်တောအုပ်ကို မရောက်လာသေးကတည်းက အဲ့ဒိဆိုးဝါးတဲ့ကိစ္စတွေအားလုံးကို စလုပ်ပြီးပြီ။ လမ်းတစ်လျှောက်မှာလဲ  သူဘာအပိုတွေ လုပ်လာမလဲ မသိဘူး။" ထိုသို့ပြောနေရင်း လေဒီယာထပ်ပြုံးကာ ခေါင်းခါလိုက်သည်။ " ဒါပေမဲ့ သူက မင်းသမီးမဟုတ်ဘူးဆိုတာကို နဂါးချက်ချင်းသိသွားမယ်လို့ ကျွန်မသေချာတယ်။"

သူမက နဂါးကို တကယ်မျက်နှာချင်းဆိုင်ကာ နှုတ်ခမ်းဆူ၍အသနားခံနေပုံဖြင့် မျက်လုံးမှိတ်ပြီးတီးတိုးပြောနေသည်။

မကောင်းဆိုးဝါးဘုရင် အိုင်နိုနှင့် နတ်သူငယ်ဘုရင်တို့က ဤသည်ကိုတွေ့ကာ လေဒီယာ၏ ဆုတောင်းနေမှုအား မဖျက်ဆီးပဲ ထိုအစား စိတ်ထက်သန်စွာကြည့်နေသည်။

လေဒီယာ နတ်သူငယ်တောအုပ်သို့ ရောက်လာစဉ်က နတ်သူငယ်ဘုရင်သည် သူမ၏စကားများအား မယုံခဲ့ချေ။ မဟာမှော်ဆရာရောက်လာပြီးနောက် မင်းသမီးလေဒီယာအတွက် တိုက်ရိုက်သက်သေခံပေးသောအခါတွင်ပင် သူမကနဂါး၏ရတနာဟု ပြောနေခြင်းအပေါ် သံသယရှိနေသေးသည်။

သို့သော် ဤမှော်ဆန်ကာကြင်နာသာ မိန်းကလေးက ယခုအခါ နဂါးသည် မောရစ်တောင်တန်းများပေါ်၌ ရှိမနေတော့ကြောင်း အသေအချာပြောနေသည်။ ဤသည်က နတ်သူငယ်ဘုရင်အား အလွန်အံ့အားသင့်သွားစေသည်။ အဘယ့်ကြောင့်ဆိုသော် နဂါးက တောင်တန်းများထဲ၌ အမြဲတမ်းအိပ်နေကာ သူ့ရတနာအား စောင့်ဆိုင်းနေသည်ကို တစ်ကမ္ဘာလုံးသိသည်။ မည်သို့ပင်ဆိုစေ ယခုအချိန်တွင် မည်သူကမှ ကြောက်မက်ဖွယ်နဂါးအား မနှောက်ယှက်ရဲပေ။

သို့သော် လေဒီယာ၏ယုံကြည်ချက်ရှိသောပုံစံကြောင့် နတ်သူငယ်ဘုရင်က တောအုပ်အစွန်အဖျားများသို့ ကင်းထောက်လွှတ်ကာ သေသေချာချာ စုံစမ်းစေသည်။ တောင်တန်းများပေါ်မှ 'ရတနာ' ဟူသောစကားလုံး လုံးဝပျောက်ကွယ်သွားသည်ကို သူတို့အံ့ဩဖွယ်ရှာတွေ့လိုက်သည်။ ဆိုလိုသည်မှာ နဂါး၏မှော်အစွမ်းပျောက်ကွယ်သွားကာ နဂါးတကယ်ထွက်သွားခြင်းပင်။

ဇွဲကောင်းသောနဂါးက နောက်ဆုံးတွင်တော့ ဘာကြောင့်ထွက်ခွာသွားသနည်း။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သူ့ရတနာအား ရှာတွေ့သွားသောကြောင့်ပင်။ ထိုအချက်ကြောင့် နတ်သူငယ်ဘုရင်က မင်းသမီးလေဒီယာကို ချက်ချင်းလေးစားလာပြီး နတ်သူငယ်တစ်မျိုးနွယ်လုံးက မိန်းကလေးအား သူတို့၏ ဧည့်သည်အဖြစ်ဆက်ဆံကြသည်။

ထို့အပြင် မကောင်းဆိုးဝါးဘုရင်အိုင်နို၏ ရောက်ရှိမှုက လေဒီယာ၏စကားများအား ထပ်မံထောက်ပံ့ပေးလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က မကောင်းဆိုးဝါးများ နယ်စပ်မြို့ကို ကျူးကျော်စဉ်တွင် နဂါးသည်တကယ်ဟိန်းဟောက်လိုက်ကာ မကောင်းဆိုးဝါးများအား ခြောက်လှန့်လွှတ်လိုက်သည်ဟုပင် ပြောသည်။

နယ်စပ်မြို့ ကျူးကျော်ခံရသည့်အချိန်ကို တွက်ဆကြည့်ပါက ထိုညတွင်လေဒီယာသည် တစ်ညလုံးဆုတောင်းနေခဲ့သည်။

ယနေ့ သူ့ခေါင်းထဲပေါ်လာသော နဂါးအသံက ဤမိန်းကလေးသည် နဂါး၏ရတနာဖြစ်ကြောင်း လုံးဝအတည်ပြုလိုက်သည်။

" မစိုးရိမ်ပါနဲ့၊ မင်းသမီး ။ နဂါးက မင်းသမီးကိို အရမ်းနှစ်သက်တဲ့အတွက် အယောင်ဆောင်တစ်ယောက်ကြောင့်နဲ့ မင်းသမီးကိုဒေါသထွက်မှာမဟုတ်ပါဘူး။" အိုင်နိုက လေဒီယာဆုတောင်း၍ပြီးသွားသည်ကို တွေ့သောအခါ ချက်ချင်း နှစ်သိမ့်လိုက်သည်။ " အခုလေးတင် အင်အားကြီးနဂါးက မင်းသမီးကို ကာကွယ်ဖို့အတွက် ကျွန်တော့်ခေါင်းထဲမှာ အမိန့်ပေးလိုက်ပါတယ်။"

အိုင်နို၏စကားများကို ကြားသောအခါ လေဒီယာ၏မျက်ဝန်းများထဲ၌ ဖုံးကွယ်ထားသော အံ့အားသင့်မှုပေါ်လာသည်။ သို့သော် ၎င်းမှာ ချက်ချင်းဖုံးကွယ်ခံလိုက်ရသည်။ သူမက နဂါး၏လှုပ်ရှားမှုတိုင်းကို သိနေပုံဖြင့် နှစ်လို့ဖွယ်ပြုံးပြသည်။

သူမ၏ အမူအရာက အိုင်နိုနှင့် နတ်သူငယ်ဘုရင်တို့ကို ဘဝင်ကျသွားစေပြီး နတ်သူငယ်ဘုရင်က ရှေ့တိုး၍ နွေးထွေးစွာပြောလိုက်သည်။ "ဘယ်သူကမှ မင်းသမီးရဲ့ ဂုဏ်သတင်းကို မပျက်စီးစေပါဘူး။ နတ်သူငယ်တစ်မျိုးနွယ်လုံးက မင်းသမီးကို အသက်ထက်ဆုံး ကာကွယ်ပေးမှာပါ။ မင်းသမီးနေရာမှာ ဟန်ဆောင်နေတဲ့သူကို သွားကြည့်ရအောင်။"

ယောက်ျားများ၏ ချီးမွမ်းစကားက လေဒီယာ၏နှလုံးသားအား အလွန့်အလွန်လှုပ်ရှားစေသည်။ သူမက လုပ်ပိုင်ခွင့်မြင့်သော ယောက်ျားအချို့ခြံရံ၍ ပျော်မြူးစွာပြုံးရင်း နတ်သူငယ်မျိုးနွယ်စု၏ဝင်ပေါက်သို့ လျှောက်လာသည်။

*****

ဝင်ပေါက်မှ အခြေအနေမှာ တင်းမာနေသည်။

သူ့ဓားရှည်ဖြင့် သူ့မျိုးနွယ်များအား ပြန်ရွယ်ရမည့်နေ့ရှိလာမည်ဟု စီရိုဒီမထင်ထားပေ။ သူ့မျက်ဝန်းများထဲ၌ တုန့်ဆိုင်းမှုများထင်ဟပ်လာသော်လည်း ခက်ထန်စွာ ပြောလိုက်သေးသည်။ "မင်းသမီးကို မရိုင်းပျနဲ့။"

"စီရိုဒီ၊ မင်းကတကယ် လှည့်ဖြားခံနေရတာပဲ။" စီရိုဒီနှင့်စတင်အငြင်းပွားသော နတ်သူငယ်နှစ်ယောက်က ဒေါသထွက်လွန်းသဖြင့် ခြေထောက်ပင်ဆောင့်လိုက်သည်။ "မင်းသမီးက နတ်သူငယ်မျိုးနွယ်စုထဲမှာရှိတာ။ ရထားလုံးထဲက တစ်ယောက်မဟုတ်ဘူး။"

"သူမက နတ်သူငယ်မျိုးနွယ်ထဲမှာပဲ တစ်ချိန်လုံးနေနေတာလား။" ချင်းယွင်အနောက်လိုက်လာသော ကြေးစားစစ်သားတစ်ယောက်က နောက်ဆုံးတွင်တော့ သည်းမခံနိုင်တော့ဘဲ လှောင်ပြောင်လိုက်သည်။ "မကောင်းဆိုးဝါးတွေရဲ့ တိုက်ခိုက်မှုကြောင့် စတူဒီယန်တစ်နိုင်ငံလုံး အန္တရာယ်ဖြစ်နေပေမဲ့ မင်းပြောတဲ့မင်းသမီးက နတ်သူငယ်မျိုးနွယ်ထဲမှာပဲ သက်တောင့်သက်သာ နေနေတာလား။ ပြောင်ချော်ချော်လုပ်နေတာတွေ ရပ်စမ်းပါ။ မင်းသမီးကို နာမည်လာမဖျက်နဲ့။"

ဤကြေးစားစစ်သားများက နယ်စပ်မြို့မှတိုက်ပွဲတွင် ပါဝင်ခဲ့သဖြင့် သူတို့မှာ ချင်းယွင်၏အသန်မာဆုံးထောက်ခံသူများပင်။ သူတို့၏နှလုံးသားထဲတွင် ချင်းယွင်က သူတို့ကိုအားပေးကာ ခုခံတတ်ရန်သင်ပေးပြီး ဘဝအသစ်ပေးသည့် နတ်ဘုရားကဲ့သို့ပင်။ မည်သူကိုမှ သူတို့နှလုံးသားထဲရှိ ယုံကြည်ချက်အား စော်ကားခွင့်ပြုမည်မဟုတ်ပေ။

" အဓိပ္ပါယ် မရှိတာ။" ဒေါသထွက်နေသော နတ်သူငယ်နှစ်ယောက်က ဂုဏ်ယူစွာလည်ဆန့်၍ ပြောလိုက်သည်။ "မင်းသမီးက သူမနှလုံးသားတစ်ခုလုံး၊ စိတ်ဝိညာဉ်တစ်ခုလုံးနဲ့ ဆုတောင်းပေးနေတာ။"

"ဆုတောင်းပေးနေတာ၊ ဟုတ်လား။" ကျားကျားလျားလျား ကြေးစားစစ်သားတစ်စုက  သူတို့၏ဓားရှည်များအား စိတ်ဆိုးမာန်ဆိုးဖြင့် မြှောက်လိုက်သည်။ "နယ်စပ်မြို့က ဝမ်းနည်းစရာတိုက်ပွဲတစ်ခုကို ကြုံပြီးရုံပဲရှိသေးတာလေ။ မင်းသမီးက စစ်ပွဲထဲမှ ကိုယ်တိုင်ဝင်ပါပြီး ငါတို့ကို သူမရဲ့ကုသရေးမှော်နဲ့ ထောက်ပံ့ပေးခဲ့တာ။ သူမရဲ့ မှော်အစွမ်းက တစ်ညလုံး တောက်ပခဲ့ပေမဲ့၊ မင်းတို့ပြောတဲ့ မင်းသမီးကကျတော့ နတ်သူငယ်တွေနဲ့ပဲနေပြီး ဆုတောင်းနေတာလား။ အဲ့လိုမင်းသမီးမျိုးရှိတာ ဘာအသုံးဝင်မှာလဲ။"

"ကုသရေးစွမ်းအင်ဟုတ်လား။ တစ်ညလုံး ဟုတ်လား။ အဲ့ဒါ မဖြစ်နိုင်ဘူး။" ကြေးစားစစ်သား၏ စကားများကို ကြားသောအခါ ဝိုင်းရံနေသောနတ်သူငယ်များ ချက်ချင်း အံ့ဩသွားပြီး တီးတိုးသံများထွက်လာသည်။ "ဒါက လုံးဝကို အလိမ်အညာပ ဘယ်သူကမှ မှော်စွမ်းအားကို တစ်ညလုံး မထုတ်နိုင်ဘူး။ မဟာမှော်ဆရာတောင် အဲ့လိုမလုပ်နိုင်ဘူး။"

ထိုအခိုက်အတန့်တွင် စီရိုဒီကမတ်တပ်ရပ်လိုက်ပြီး တစ်ခါကသူနှင့် များစွာစကားပြောဖူးများထံသို့ လျှောက်သွားသည်။ "မင်းသမီးရဲ့ မှော်အစွမ်းက အရမ်းသန့်စင်တယ်ဆိုတာ ငါသက်သေခံနိုင်တယ်။ မှော်အလင်းတန်းရောက်တဲ့နေရာတိုင်းကို အသက်သွင်းပေးနိုင်တယ်။ မှောင်မိုက်တဲ့အသူတစ်ရာချောက်ထဲမှာနေတဲ့ မကောင်းဆိုးဝါးတွေက မင်းသမီးရဲ့မှော်အစွမ်းကို ထိလိုက်ရုံနဲ့ဒဏ်ရာရလိမ့်မယ်။"

"စတူဒီယန်နိုင်ငံတော်ရဲ့ မင်းသမီးက အလွန်အကျူးလှပရုံသာမကဘူး၊ တန်ဖိုးအရှိဆုံးကုသရေးမှော်အစွမ်းလည်းရှိတယ်ဆိုတာ တစ်ကမ္ဘာလုံးသိတယ်။ ဒီအချက်တွေကတောင် မင်းသမီးဆိုတာကို သက်သေပြဖို့ မလုံလောက်ဘူးလား။"

စီရိုဒီက ထိုသို့ပြောလိုက်သော်လည်း နတ်သူငယ်များကို မစည်းရုံးနိုင်ချေ။ သူနှင့်အငြင်းပွားနေသော နတ်သူငယ်နှစ်ယောက်က ခေါင်းများကိုပင် မြင့်မြင့်မော့ကာ သူတို့အား အထင်သေးစွာကြည့်နေသည်။ "ငါတို့က မင်းသမီးကို ဘယ်တော့မှ မှားမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်းသမီးလေဒီယာက နဂါးရဲ့ရတနာပဲ။"

"အဲ့ဒိနေ့က တိုက်ပွဲမှာ မင်းတို့နိုင်ခဲ့တာ ရထားလုံးထဲက အဲ့ဒိအယောင်ဆောင်ကြောင့်လို့ ထင်နေတာလား။ နယ်စပ်မြို့ ရှင်သန်နေတာက မင်းသမီးတစ်နေ့လုံး ဆုတောင်းနေတာကြောင့်ပဲ။ သူမကိုနှစ်သက်တဲ့ နဂါးက သဘာဝကျကျပဲ မင်းသမီးရဲ့တောင်းဆိုချက်ကို မငြင်းဆန်နိုင်လို့ မကောင်းဆိုးဝါးတွေကို မောင်းထုတ်လိုက်တာ။"

နတ်သူငယ်၏ထိုစကားထွက်လာသည်နှင့် တိုက်ပွဲအတွင်းပါဝင်ခဲ့သော ကြေးစားစစ်သားများနှင့် သူရဲကောင်းများအားလုံး ဒေါသထွက်လာသည်။ ဒါဘာဆိုလိုချင်တာလဲ။ ရိုးရှင်းတဲ့စကားတစ်ခွန်းက သူတို့စစ်သည်တော်တွေရဲ့သွေးနဲ့ပေးဆပ်မှုကို ဘယ်လိုလုပ် လုံးဝချေဖျက်နိုင်မှာလဲ။

ထိုနေ့တွင် သူတို့သိသိသာသာ အနိုင်ရရှိခဲ့ကာ ဘယ်တော့မှ ကြောက်၍နောက်ဆုတ်မည်မဟုတ်ပေ။ နဂါး မပေါ်ထွက်လာလျှင်ပင် မကောင်းဆိုးဝါးများကို ရပ်တန့်နိုင်ရန်အတွက် သူတို့ယုံကြည်ချက်ရှိသည်။

ဤအချိန်မှာပင် တောအုပ်ထဲမှနေ၍ လူတစ်စုထွက်လာသည်။ ဦးဆောင်လာသော ကိုယ်လုံးကိုယ်ပေါက် ကျစ်လျစ်သွယ်လျသည့် ပုံရိပ်လေးကိုတွေ့သောအခါ နတ်သူငယ်များ ချက်ချင်း အားတက်သွားသည်။ "ကြည့်၊ မင်းသမီးက ဒီမှာ။ သူမကိုကြည့်ရင် နဂါးရဲ့တကယ့်ရတနာက ဘယ်လိုလှပပြီး ကြင်နာတတ်တဲ့နှလုံးသားရှိတယ်ဆိုတာ သိလိမ့်မယ်။ အဲ့ဒိအယောင်ဆောင်နဲ့ လုံးဝကိုမယှဉ်နိုင်ဘူး။"

ဦးဆောင်လာသော မိန်းကလေး၏ အသွင်အပြင်ကိုမြင်ပြီးနောက် စီရိုဒီနှင့်အုပ်စု မှင်တက်သွားသည်။ သူတို့အလိုအလျောက် ထိတ်လန့်တုန်လှုပ်လာပြီး အနောက်မှ ရထားလုံးအား ချက်ချင်း လှည့်ကြည့်မိသည်။

ဒီမိန်းကလေးက သူတို့ရဲ့မင်းသမီးနဲ့ ဘာလို့တကယ်တူနေတာလဲ။"

ထိုအချိန်တွင် ရထားလုံး၏တံခါးသည်လည်း ပွင့်လာပြီး အဝါရောင်မင်းသမီးဂါဝန်ကားကားကိုဝတ်ထားသော မိန်းကလေးတစ်ယောက်က တိတ်ဆိတ်စွာ ဆင်းလာသည်။ သူမဖြည်းဖြည်းချင်းခေါင်းမော့လိုက်သောအခါ နေရောင်ထဲရောက်လာသော အပြာရောင်မျက်ဝန်းတစ်စုံက ပတ်ဝန်းကျင်မှ နတ်သူငယ်များကို အသက်ရှူရပ်သွားစေသည်။ နတ်သူငယ်ဘုရင်နှင့် မကောင်းဆိုးဝါးဘုရင်အိုင်နိုတို့၏ သူငယ်အိမ်များပင် အခိုက်အတန့်မျှ ကျုံ့သွားသည်။

တူတယ်။ အရမ်း တူလွန်းတယ်။

တူရုံတင်သာမကဘဲ ရထားလုံးပေါ်မှဆင်းလာသောမိန်းကလေး၌ လူများအားသူမထံနာခံလာစေသော သိမ်မွေ့နက်နဲသည့်အရှိန်အဝါတစ်ခုရှိသည်။ သူမ၏ကျယ်ပြန့်သောဂါဝန်ကိုမကာ လူအုပ်ထံသို့ တစ်လှမ်းချင်း ကျက်သရေရှိရှိ လျှောက်လာစဉ်တွင် တစ်ကမ္ဘာလုံးမှအလင်းတန်းက သူမအပေါ်တွင်သာ ဆုံချက်ကျနေသည်ဟု သူတို့ခံစားရသည်။

အရာအားလုံး၊ အထူးသဖြင့် သူမ၏လှပသိမ်မွေ့သော အသွင်အပြင်က မြင့်မြတ်သောအရှိန်အဝါကို ဘက်ပေါင်းစုံမှ ပြသနေသည်။

လေဒီယာက သူမနှင့်တူသော်လည်း နှိုင်းယှဉ်ကြည့်ပါက လေဒီယာသည် မိသားစုထံမှအလိုလိုက်ခံရသည့် မိန်းကလေးငယ်တစ်ယောက်နှင့်သာတူနေသည်။ သို့သော်ထိုမြင့်မြတ်သောမိန်းကလေးက ခြားနားသည်။ သူမက ဂုဏ်သိက္ခာအရှိဆုံးယဉ်ကျေးမှုဖြင့် ပျိုးထောင်ခံရပြီး  နိုင်ငံတော်တစ်ခု၏စွမ်းအားကို ပြသနေသော၊  ကြီးမြတ်သောပြည်ထောင်စုတစ်ခု၏ ဆက်ခံသူနှင့်တူသည်။

အဘယ့်ကြောင့်ဆိုသော် သူမက ရုပ်ရည်လှပရုံသာမက သူမ၏ပါးလျသောပုခုံးများဖြင့် တိုင်းပြည်တစ်ခုလုံး၏ လေးလံသည့်တာဝန်ကို ထောက်ပံ့ပေးနိုင်အောင်အထိ ဖော်မပြနိုင်သည့် ခံနိုင်ရည်တစ်ခုရှိသည်။

"မင်း...မင်းက ဂျွိုက်လား။" အချိန်နှစ်နှစ်ယူကာ ဂျွိုက်အား ပြောင်းလဲပေးခဲ့သောလန်ဆာက ယခုအခါ မရေမရာဖြစ်နေပြီး လူငယ်လေး၏မျက်မှာကိုကြည့်ရန်အတွက် ခြေနှစ်လှမ်းတိုးလာသည်။

ရထားပေါ်မှ ဆင်းလာသော ချင်းယွင်က လေဒီယာ၊ နတ်သူငယ်ဘုရင်နှင့် အခြားလူများကို လစ်လျူရှူထားကာ အခုလေးတင် အော်လိုက်သော နတ်သူငယ်အား မျက်လုံးမှေးကြည့်လိုက်သည်။ သူကနူးညံ့သောမေးစေ့လေးကို အနည်းငယ်ငေါ့ကာ အေးစက်စက်မေးလိုက်သည်။" မင်း ဘာပြောလိုက်တာလဲ။ ဘယ်သူက နဂါးရဲ့ ရတနာလဲ။ ပြီးတော့ နယ်စပ်မြို့မှာ နဂါးဟိန်းသံထွက်လာဖို့အတွက် ဘယ်သူက ဆုတောင်းပေးခဲ့တာလဲ။"

တကယ်တမ်းတွင် ချင်းယွင်၏နှလုံးသားထဲ၌ ဒေါသများဆူပွက်နေသည်။ ထိုရူးကြောင်ကြောင်နဂါးက သူ့အနောက်ကိုသာ လိုက်နေခဲ့သည်။ ထိုမင်းသမီးနှင့် ဘာကြောင့်ပက်သက်နေသေးသနည်း။ နတ်သူငယ်အားလုံးကို လေဒီယာကတကယ့်ရတနာဟု တွေးမိအောင် ဘာကြောင့်လုပ်ရဲသနည်း။

နဂါးဟိန်းသံကိစ္စ ရှိခဲ့သည်။ သူ့ချစ်သူက သူပင်ပန်းမည်ကို စိုးရိမ်သလို တစ်ချိန်ထဲမှာပင် သူ့ခန္ဓာကိုယ်ကိုပြသကာ ခြောက်လှန့်မိမည်ကို စိုးရိမ်သဖြင့် နဂါးဟိန်းသံတစ်ချက်ကိုသာ မကောင်းဆိုးဝါးများအား မောင်းထုတ်ရန် ဟိန်းခဲ့ခြင်းမှာ ထင်ရှားသည်။

ဤသည်က မင်းသမီးအတွက် နဂါး၏အကူအညီဟူ၍ မည်သို့ဖြစ်သွားသနည်း။

ထိုအချိန်တွင် မင်းသမီးလေဒီယာ၏ ကြည်လင်ချိုသာသောအသံထွက်လာသည်။ "ဒါပေါ့ အဲ့ဒါငါပဲ။ အဲ့ဒိညတုန်းက ငါရုတ်တရက်ထိတ်လန့်လာလို့ ငါ့နဂါးဆီမှာ ဆုတောင်းလိုက်တာ။ ငါအရမ်းစိုးရိမ်ပူပန်နေမှာကြောက်လို့ နဂါးက ကိုယ်တိုင်ထွက်လာပြီး မကောင်းဆိုးဝါးတွေကို မောင်းထုတ်လိုက်တာ။"

သူမ၏ အသံက အလွန်တည်ငြိမ်နေသည်။ လေဒီယာက သူမနှင့်ဆင်တူသော်လည်း သူမထက် ပို၍ခံ့ညား၊ ပို၍လှပကာ၊ ပို၍ကြော့ရှင်းသော မိန်းကလေးအား ဆက်ကြည့်နေသည်။

တူညီသော ဂါဝန်ပုံစံက ထိုဆယ်ကျော်သက်၏ ကိုယ်ပေါ်တွင် သူမထက်ပိုလိုက်ဖက်နေသည့်အတွက် လေဒီယာ၏နှလုံးသား၌ မနာလိုမှုများမြင့်တက်လာသည်။

အဘယ့်ကြောင့်ဆိုသော် သူ၏ခပ်မတ်မတ်အနေအထားက ခမ်းနားထည်ဝါသောအဝတ်များနှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေသည်။

မည်သို့ပင်ဆိုစေ ထိုဂျွိုက်ကမိုက်ရိုင်းသောကလေးဟု တွေးမိသည့်အတွက် လေဒီယာသည် ဂျွိုက်ကို ထိပ်တိုက်တွေ့ရန် ဘယ်တုန်းကမှ မကြောက်ဖူးပေ။ သူမ၏အရှေ့တွင် ဂျွိုက်က ဘာမှမဟုတ်ဟု သေချာသိနေသည်။

သူက ဆင်းရဲသားဖြစ်ပြီး ဘယ်တုန်းကမှ ပညာမသင်ခဲ့သည့်အပြင် ယောက်ျားတစ်ယောက်လည်း ဖြစ်နေသေးသည်။

သို့သော် တကယ်တွေ့ဆုံရသောအခါ ထိုအယောင်ဆောင်က သူမ၏တောက်ပမှုကို လုံးဝခိုးသွားကာ လူတိုင်း၏မျက်လုံးက သူ့အပေါ်တွင်သာ အံ့အားသင့်စွာဖြင့် အလိုအလျောက်ရောက်နေကြောင်း လေဒီယာ သိလိုက်ရသည်။

ဤသည်က လေဒီယာအား အလွန်ထိတ်လန့်စေသည်။ ဤသာမညောင်ညဆယ်ကျော်သက်က သူမထံမှအရာအားလုံးကိုခိုးယူသွားမည်ဟု သူမအမြဲတမ်းခံစားရသည်။

"အိုး။ မင်း နဂါးကို ခေါ်နိုင်တယ်ဆိုရင် မကောင်းဆိုးဝါးတွေကို ဘာလို့အပြီးသတ် မမောင်းထုတ်ခိုင်းလိုက်တာလဲ။ ပြီးတော့ နဂါးဟိန်းသံတစ်ချက်ပဲ ဘာလို့ ထွက်လာတာလဲ။" လေဒီယာ၏စကားထဲမှ ရင်းနှီးမှုကိုကြားသောအခါ ချင်းယွင် ထေ့ငေါ့မေးလိုက်သည်။

ဤအဖြစ်မှာ သင်နှင့်နီးကပ်သောချစ်သူသည် လူတစ်ယောက်နှင့်အတင်းအဖျင်းထွက်လာပြီး သူတို့ပတ်ဝန်းကျင်မှလူများက သူတို့ကို အတွဲဟု ယုံနေရုံသာမက သင့်ဆီသေသေချာချာလာကြွားနေပုံနှင့်တူသည်။ ထို့အပြင် ဤလူက သင်နှင့်လူမှားယွင်းမှုပြဿနာပင် အငြင်းပွားစရာရှိနေသေးသည်။

မည်သူက သည်းခံနိုင်မည်နည်း။ ကောင်းပြီ၊ အနည်းဆုံးတော့ ချင်းယွင် သည်းမခံနိုင်ပေ။



Continue Reading

You'll Also Like

397K 16.1K 46
ကြယ်ကလေးတွေလည်း လင်းလက်နေပါသေးသည်။ လမင်းကြီးလည်း ထိန်ထိန်လင်းနေပါသေးသည်။ ငှက်ကလေးတွေလည်း ပျံဝဲနေပါသေးသည်။ လေကလေးတွေလည်း တိုက်နေဆဲသာ။ ချစ်သေးရဲ့လားတဲ့...
578K 4.9K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
531K 12.3K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
109K 17.4K 15
Neighbors အိမ္နီးခ်င္းခ်စ္သူ Title - 邻居 Author - 青端 Raws - http://www.jjwxc.net/onebook.php?novelid=4059518 Translated from English with the permissi...