ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

Autorstwa Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... Więcej

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

96

11.3K 1.6K 414
Autorstwa Vanilla_IceCream61

ဤနန်းတက်ပွဲ အခမ်းအနား၌ အဖြစ်အပျက်စုံနေသည်ဟု ပြော၍ရသည်။ သို့သော် အန္တရာယ်တစ်ခုမှပင် မဖြစ်ခဲ့ပဲ နောက်ဆုံးရလဒ်မှာ အနည်းငယ်ပင် ရယ်စရာကောင်းသေးသည်။

မည်သို့ပင်ဆိုစေ အကြီးဆုံးမင်းသားက နောက်ဆုံးတွင်တော့ ပလ္လင်ပေါ်၌ မြဲမြံသွားသည်ကိုကြည့်ကာ ဝေ့လင်းနှင့်အခြားလူများ သက်ပြင်းချမိသည်။ နန်းတက်ပွဲ ပြီးဆုံးသွားပီးနောက် ဝန်ကြီးများအားလုံးက ပျော်ရွှင်နေသော မျက်နှာများဖြင့် အိမ်ပြန်သွားကြသည်။

ဟုတ်တာပေါ့၊ ဗိုလ်ချုပ်ကြီး ချီယူကတော့ ခြွင်းချက်ပင်။ နန်းတက်ပွဲ မပြီးဆုံးခင်အထိ သူကချင်းယွင်ကို အရာအားလုံး ရှင်းပြရန်မဆိုထားနှင့် အနားပင်ကပ်၍ မရချေ။ အုပ်ချုပ်သူနှင့် လက်အောက်ခံကြားမှ နယ်နိမိတ်က သူနှင့်လူငယ်လေးကြား၌ ပိတ်ဆီးနေသော ကွက်လပ်ဖြစ်သွားပုံပေါ်သည်။

ထိုညတုန်းက ချန့်ကျိုးတွင် သူတီု့အလွန်နီးကပ်ခဲ့သော်လည်း...

*****

ညဉ့်သန်းခေါင်ယံတွင် မီးခိုးဖြင့် ရုတ်တရက်တိုက်ခိုက်ခံရပြီး ဧကရာဇ်အိပ်ခန်းအပြင်ဘက်မှ အစောင့်အကြပ်များ မြေကြီးပေါ်သို့ လဲကျသွားသည်။

အမဲရောင်အရိပ်တစ်ခုက တိတ်တဆိတ် ခိုးဝင်လာသည်။

ဤအမဲရောင်အရိပ်မှာ ကျော်ကြားသော ဗိုလ်ချုပ်ကြီးချီယူပင်။ မြို့တော်သို့သွားရန် ယနေ့တွင် အမိန့်ပေးခံလိုက်ရစဉ်ကတည်းကပင် သူစိတ်ချလက်ချမနေနိုင်သေးပေ။

သူက မြောက်ပိုင်းနယ်စပ်၌ ရေထဲမှငါးကဲ့သို့ ပျော်ပျော်ကြီးနေခဲ့သည်။ ထို့ကြောင့် ဤအမိန့်သည် သူ့အားမထိခိုက်စေသော်လည်း သူကြောက်သည်မှာ လူငယ်လေး၏ သဘောထားပင်။

ဒီနေ့ သူတပ်ဖွဲ့တွေခေါ်လာလို့ လူငယ်လေး ခြိမ်းခြောက်ခံလိုက်ရသလို ခံစားသွားရတာလား။ သူ့လက်ထဲမှ စစ်တပ်က လူငယ်လေးကို ကြောက်ရွံ့စေခဲ့သလား။ သူအလွန်နှစ်သက်သော ရှန့်ဖုန်းက သူ့အားခုခံကာကွယ်ချင်နေသည်လား။

ချီယူ၏ စိတ်ထဲ၌ အတွေးအမျိုးမျိုး ရောထွေးနေသဖြင့် နန်းတော်ထဲသို့ ညဘက်ကြီး၌ အလောတကြီး ဖောက်ဝင်လာမိသည်။ လူငယ်လေးက သူ့လက်ထဲမှ အင်အားကို အနည်းငယ်မကျေမနပ်ဖြစ်နေလျှင် သူ၎င်းကို လူငယ်လေး၏ ခါတိုင်း ဒေါသအကြည့်ဖြင့် လဲပေးနိုင်သည်။

သူဧကရာဇ်၏ အိပ်ခန်းအတွင်းသို့ ခြေချမိသည်နှင့် ကြည်လင်သောပျင်းရိရိအသံလေး ထွက်လာသည်။ "ဗိုလ်ချုပ်ကြီးချီက နန်းတော်ထဲကို ညဘက်ကြီး ခိုးဝင်လာပြီး ကိုယ်တော့်ရဲ့ အစောင့်တွေကိုတောင် သတိမေ့အောင် လုပ်လိုက်တယ်။ ဒီနေ့ ကိုယ်တော်ချမှတ်လိုက်တဲ့ အမိန့်ကို မကျေနပ်လို့လား။"

ထိုအသံလေးကြားပြီးနောက် ထိုင်ခုံ၌ထိုင်ကာ စာလွှာများကို ပြင်ဆင်နေသော ဧကရာဇ်ကို တွေ့လိုက်ရသောအခါ အကြောင်းပြချက်အချို့ကြောင့် ချီယူ၏နှလုံးသား တည်ငြိမ်သွားသည်။ သို့သော် အနည်းငယ်နစ်နာသလိုလည်း သူခံစားရသည်။ ထိုညတွင် သူတို့နှစ်ယောက် အလွန်အမင်း သဟဇာတဖြစ်ကာ ရင်းနှီးခဲ့သည်။ ဤတစ်ယောက်က ဘာကြောင့် သူ့ကို မသနားမညှာတာဘဲ နယ်စပ်သို့ မောင်းထုတ်နိုင်ရသနည်း။

သူ မပုန်းကွယ်နေပေ။ သူ့မျက်နှာကို ကာထားသော အမဲရောင်အဝတ်စကို လက်မြှောက်၍ ဆွဲဖယ်လိုက်ပြီး ဧကရာဇ်ငယ်လေးကို ကြည့်ကာပြောလိုက်သည်။ "ကိုယ်နဲ့မင်းက ခင်ပွန်းနဲ့ဇနီးလိုဖြစ်သွားပြီလေ။ ကိုယ့်ကို ဘာကြောင့် နယ်စပ်ဆီ မောင်းထုတ်ချင်နေတာလဲ။"

ဤတစ်ယောက်၏ နစ်နာနေပုံပေါ်သော စကားများကို ကြားသောအခါ ချင်းယွင် မတတ်သာစွာ ပြုံးမိသည်။ "အိုး၊ ဗိုလ်ချုပ်ကြီးချီက ဘာဆိုလိုချင်တာလဲ။ ကိုယ်တော်က ခင်ဗျားကို ဧကရီမြှောက်ရဦးမှာလား။"

၎င်းက စနောက်ပြောဆိုခြင်းသာဖြစ်သည်။ သို့သော် ထိုယောက်ျား၏ မျက်ဝန်းများ ဝင်းလက်သွားကာ အတည်ပေါက်ကြီး ခေါင်းညိတ်ပြသည်ကို ချင်းယွင်တွေ့လိုက်ရသည်။ " အဲ့လိုဆိုရင်လည်း ကောင်းတာပဲ။"

ချီယူ၏ မျက်နှာက လေးနက်မှုအပြည့်ပင်။ လက်ထဲအင်အားရှိနေသည့် ကြီးမြတ်သော ဗိုလ်ချုပ်ကြီးတစ်ယောက်သည် ဤအမျိုးသမီးနေရာက သူ့အား စော်ကားသည်ဟု မခံစားရပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူငယ်လေး၏ အဆိုပြုချက်က ကောင်းမွန်သည်ဟု သူရိုးရိုးသားသားတွေးမိသေးသည်။ သူသာဧကရီဖြစ်သွားလျှင် ဤလူငယ်လေးနှင့် နေ့တိုင်း အချိန်ကုန်ဆုံးနိုင်လိမ့်မည်။

ချင်းယွင်က ထပ်ကာထပ်ကာ သည်းခံနေကာ ထိုယောက်ျားကို အကူအညီမဲ့စွာ ငေးကြည့်နေသည်။ ဒီအရူးကြီးကတော့။ ဒီလောက် အရှက်မဲ့နေတာ၊ ဒီဘဝမှာ ဘယ်လိုလုပ် ဗိုလ်ချုပ်ကြီး ဖြစ်လာတာလဲ။

သူ့မျက်နှာက အေးစက်သွားကာ ခပ်ပြတ်ပြတ်ပြောလိုက်သည်။ "ဗိုလ်ချုပ်ကြီးချီက ငါကိုယ်တော်ယန်ဆာကို ခေါင်းဆောင်ကောင်းမဖြစ်မှာ စိုးရိမ်နေတာလား။ ကိုယ်တော်က အဲ့ဒိကျန်းလင်းထက် အနိုင်ကျင့်တတ်ပြီး စက်ဆုပ်ဖွယ်ကောင်းတယ်လေ။"

သူ၏ပါးစပ်မှ ထွက်လာသော အသရေဖျက်သည့်စကားများကို ကြားသောအခါ ချီယူ၏ အရှိန်အဝါက အနည်းငယ်အားနည်းသွားပြီး မျက်နှာ၌ စိုးရိမ်ကြောင့်ကြမှုနှင့် အရှက်ရမှု နှစ်မျိုးလုံး ပေါ်လာသည်။

လူငယ်လေးက မာနကြီးကာ အာဃာတထားတတ်ကြောင်းကို သူမေ့သွားမိသည်။ ယခုအခါ သူ၏ အပြစ်များကို အသေးစိတ် ရေတွက်ရင်း ချစ်စဖွယ် မျက်လုံးမှေးကြည့်နေပုံကို ကြည့်ပါဦး။ အစကတည်းကပင် သူက ချီယူအား အပြစ်ပေးရန် တွေးပြီးဖြစ်လိမ့်မည်။

လူငယ်လေး၏ မျက်ဝန်းများထံမှ ကြောင်ကကြွက်ကို ကစားနေပုံနှင့်တူသည့် ဉာဏ်နီဉာဏ်နက်များဖြင့် ဝင်းလက်မှုကြောင့် ချီယူ သူ၏အသက်ဝင်နေသော အသွင်အပြင်ကို မြတ်နိုးမိရသည်။ နောက်ဆုံးတွင်တော့ သူအရာအားလုံးကို အရှုံးပေးကာ ကြမ်းပြင်ပေါ်ကျသွားသည်။ သူဧကရာဇ်အရှေ့တွင် ဒူးထောက်ကာ နဂါးဝတ်ရုံတော်ထဲမှ ခြေသလုံးကိုဖက်လိုက်သည်။ "ရှန့်ဖုန်း ဒေါသမထွက်ပါနဲ့။ ဒါကိုယ့်အမှားပါ။ ကိုယ်က မဟုတ်မမှန်ကောလဟာတွေကို နားထောင်မိပြီး အခြေအနေကို သေသေချာချာ မစစ်ဆေးဘဲ ကောက်ချက်ချလိုက်မိတယ်။ ဒါ့ကြောင့် ရှန့်ဖုန်းက ကိုယ့်ကို အပြစ်ပေးပါ။ ကိုယ့်ကို အကျဉ်းထောင်ထဲထည့်ပြီး အပြစ်မျိုးစုံပေးလေ၊ နော်။ ဒါပေမဲ့ ကိုယ့်ကို မထွက်သွားခိုင်းပါနဲ့။"

အခြားလူများ၏ အရှေ့၌ အင်အားကြီးကာ ခံ့ညားပြီး သူနှင့်ဆိုလျှင် အသနားခံနေသော ယောက်ျားကို ကြည့်ကာ ချင်းယွင်ခပ်တိုးတိုးညည်းမိသွားပြီး ခြေထောက်မကာ ထိုယောက်ျား၏ ဗိုက်ကိုနင်းလိုက်သည်။ "ခင်ဗျား အပြစ်ပေးခံချင်ရင် နန်းတွင်းအပြစ်ပေးလိုက်မယ်။"(သင်းကွပ်မှာ)

ချီယူ၏ ဝမ်းဗိုက်တောင့်သွားပြီးနောက် ပြုံးသည်။ "ရှန့်ဖုန်းက အဲ့လိုဖြစ်ခွင့်ပြုမှာမဟုတ်ဘူး။"

"အိုး၊ ဟုတ်လား။ ခင်ဗျား စမ်းကြည့်ချင်လား။ " ချင်းယွင်၏ အေးစက်စက်အကြည့်က ထိုယောက်ျား၏ ကိုယ်ပေါ်မှ တစ်နေရာပေါ်ရောက်သွားသည်။ ချီယူ၏ ခွကြား၌ အေးစက်သွားသဖြင့် ချက်ချင်းပါးစပ်ပိတ်လိုက်ရသည်။

နောက်ဆုံးတွင် ထိုယောက်ျား တိတ်ဆိတ်သွားသည်ကို တွေ့သောအခါမှ ချင်းယွင်က စာရွက်စာတမ်းများကို ဆက်လက်စစ်ဆေးနေသည်။

ချီယူက အသံတစ်ချက်မှ မထွက်သော်လည်း ဧကရာဇ်၏ ဖိနပ်နှင့်ခြေအိတ်များအား ချွတ်ကာ သူ့လက်မှအတွင်းအားကိုသုံး၍ ချင်းယွင်၏ခြေဖဝါးကို ကြင်နာစွာ ပွတ်သပ်ပေးနေသည်။ ယနေ့တွင် ဤလူငယ်လေးက လှေကားထစ်တစ်ရာကို တစ်ယောက်ထဲတက်ရသည်ကိုကြည့်ကာ သူ့နှလုံးသား နာကျင်လာခဲ့ပြီး ချီမသွားချင်မိခဲ့သည်။

အိမ်ခန်းထဲမှ အခြေအနေက တဖြည်းဖြည်း တည်ငြိမ်လာပြီး ချီယူ၏နှလုံးသားထဲမှ ကျန်ရစ်သောစိုးရိမ်ကြောင့်ကြမှုများသည်လည်း ပျောက်ကွယ်သွားသည်။ လူငယ်လေး၏ အနေအထားကို သူပထမဆုံး သိသွားကာ အမိန့်အား ကြားလိုက်ရစဉ်က ချီယူကြောက်လန့်ခဲ့သည်။ နောက်ပိုင်းတွင် လူငယ်လေးက သူ့အား ခုခံကာကွယ်သောအကြည့်ဖြင့် ကြည့်တော့မည်ဟု တွေးမိသောအခါ သူ၏စိတ်ဝိညာဉ်က နာကျင်စွာပြိုကွဲတော့မလို ချီယူခံစားလိုက်ရကာ သူ၏နှလုံးသားကိုပင် ဖြတ်ထုတ်၍ လူငယ်လေးအား ပေးချင်မိသည်။

၎င်းက အယုံအကြည်ကင်းမဲ့ခြင်း မဟုတ်ပေ။ သို့သော် အလွန် အလေးထားသောကြောင့် ပေါ်လာသော အကြောက်တရားပင်။

ချီယူက သူ့လက်ထဲမှ အဖြူရောင်ကျောက်စိမ်းကဲ့သို့ ခြေချင်းဝတ်ကလေးကို နမ်း၍ တီးတိုးပြောလိုက်သည်။ "ရှန့်ဖုန်း၊ ကိုယ်မင်းကို စစ်တပ်ပေးရင် အဆင်ပြေလား။"

သူဘယ်ပြန်ညာပြန်တွေးမိသော်လည်း သူကမ်းလှမ်းနိုင်သည်မှာ စစ်တပ်ပင်။

"ဟမ့်၊ ကိုယ်တော်က ခင်ဗျားရဲ့စစ်တပ်ကို ဘာလုပ်ရမှာလဲ။ " ချင်းယွင်က သူ့ကိုငဲ့ကြည့်ကာ သူ့ခြေထောက်ပေါ်မှ ထိုယောက်ျား၏ မေးစေ့ကို ခပ်တည်တည်ဖြင့် ကန်ပစ်လိုက်သည်။ "ခင်ဗျားမှာ စစ်တပ်ရှိပေမဲ့ ကိုယ်တော် မနိုင်ခဲ့ဘူးလား။"

ဘာကြောင့်လဲဆိုတော့ ငါ့မှာ မင်းရှိတယ်လေ။

လူငယ်လေး၏ အဓိပ္ပါယ်မပြည့်စုံသော စကားများကိုကြားသောအခါ ချီယူ၏နှလုံးသားထဲ၌ ကျေးဇူးတင်ကာ ပေးဆပ်ချင်သော ရောရောထွေးထွေးခံစားချက်များ အံ့အားသင့်ဖွယ် ပေါ်လာသည်။ သူကလူငယ်လေး၏ ခြေမများကို မြတ်မြတ်နိုးနိုး နမ်းပြီးနောက် ပြုံးသည်။ "ကိုယ်လည်း မရှုံးဘူးလေ။"

ချင်းယွင် ကြက်သေသေသွားကာ ဤယောက်ျား အပင်ပန်းခံကာ စစ်သည်သောင်းချီကို မြို့တော်သို့ခေါ်လာရသည့် ရည်ရွယ်ချက်အား ချက်ချင်းနားလည်သွားသည်။ ဤယောက်ျား၏ မိုက်မဲမှုကြောင့် သူကြိမ်းမောင်းချင်သော်လည်း ဖော်ပြ၍မရလောက်အောင် ပီတိဖြစ်မိသည်။

နောက်ဆုံးစာရွက်ကို အဆုံးသတ်ပြီးနောက် သူ၏ခြေထောက်ကို ဖက်နေရသော်လည်း လုံးဝပျော်ရွှင်နေသော ယောက်ျားကို ခေါင်းလှည့်ကြည့်လိုက်သည်။ " အရင်က ခင်ဗျား၊ မင်းသားကြီးကို အရိုးထဲထိ မုန်းနေတာမဟုတ်ဘူးလား။ ဘာလို့အခုကျ ပြောင်းလဲသွားတာလဲ။ ငါကိုယ်တော်ရှန့်ဖုန်းက မင်းသားကြီးလည်းဖြစ်၊ ဧကရာဇ်လည်းဖြစ်တယ်လေ၊ ဘာကွာသွားလို့လဲ။"

"လုံးဝ ကွာခြားတာပေါ့။" ချီယူက ပြုံး၍ အနားပိုတိုးလာသည်။ "မင်း ရှန့်ဖုန်းဖြစ်နေတုန်းက မင်းနဲ့အတူ ရထားလုံးစီးချင်ပေမဲ့ မင်းနန်းတက်တာကို မြင်ပြီးတော့ ကိုယ်အလုပ်ချင်ဆုံးက မင်းကို နဂါးပလ္လင်ပေါ်မှာ ဖိညှပ်ပြီး....အွန့်..."

သူပြီးအောင် မပြောနိုင်သေးခင်တွင် ချင်းယွင်က သူ၏ပါးစပ်ကို ကန်ပစ်လိုက်သည်။

ဤလူက ဘယ်တုန်းကမှ လျော်ကန်စွာမပြုမူဖူးကြောင်း သူသိခဲ့သည်။ သူသာ ဤတစ်ယောက်ကို လွှတ်ထားပေးလိုက်လျှင် ၎င်းကနေ့တိုင်း ညီလာခံတက်ကာ.... ချင်းယွင်အလွန်ဒေါသထွက်လာသဖြင့် ထိုယောက်ျားကို နှစ်ခါထပ်ကန်လိုက်ပစ်သည်။

နှစ်ယောက်သား ခဏကြာ ရယ်မောနေကြပြီးမှ ချီယူက လေးလေးနက်နက်ရှင်းပြသည်။ " ကိုယ့်ရဲ့မင်းသားကြီးအပေါ် အရင်သဘောထားက မြို့တော်မှာထည့်ထားတဲ့ ကင်းထောက်တွေကြောင့်ပါ။ အဲ့ဒိတုန်းက မင်းနေမကောင်းတော့ လူရှေ့သိပ်မပေါ်လာဘူးလေ။ ကိုယ်မင်းနဲ့ ပထမဆုံးအကြိမ် တွေ့တုန်းက မင်းကလေးလေးပဲရှိသေးတယ်။" ချီယူက စားပွဲ၏ အမြင့်နှင့် နှိုင်းယှဉ်ပြသည်။

"နန်းတော်ထဲမှာက အခြေအနေရှုပ်ထွေးတယ်။ ဧကရာဇ်က ကိုယ်လုပ်တော်ရှုနဲ့ သူမသားကို အလေးပေးတော့ နန်းတော်ထဲမှာ မင်းခက်ခဲခဲ့မှာပဲ။ "

လူငယ်လေး၏ အားနည်းသော ခန္ဓာကိုယ်အခြေခံနှင့် ခြေထောက်မှ ဒဏ်ရာကို ပြန်တွေးမိသောအခါ ချီယူ၏ မျက်ဝန်းထဲ၌ ဒေါသအရိပ်အယောင်များ ဖြတ်သွားသည်။ တတိယမင်းသားက အကျဉ်းထောင်ထဲတွင် ရက်ကြာကြာနေရရန် သူမျှော်လင့်သည်။ ၎င်းကို သူလွယ်လွယ်လွှတ်ပေးမည် မဟုတ်ပေ။

လူငယ်လေး၏ ဒူးခေါင်းကို စိတ်နှလုံးပူဆွေးစွာ နမ်းလိုက်သည်။ အတိတ်တွင် လူငယ်လေးက မင်းသားကြီးမှန်း သူမသိသဖြင့် မင်းသားကြီး၏ အခြေအနေကို လုံးဝဂရုမစိုက်ခဲ့ပေ။ သူနှင့်တွေ့ဆုံခဲ့သော လူငယ်လေးအပေါ်တွင်သာ နှလုံးသား ပုံအပ်ထားသည်။ သို့သော် လူငယ်လေးက မင်းသားကြီးယန်ဆာမှန်း သူသိသွားသောအခါ ချီယူဝမ်းနည်းမိသည်။ တတိယမင်းသားတစ်ယောက်ထဲကြောင့်သာ မဟုတ်ပေ၊ ဧကရာဇ်ဟုန်းမျင်လည်းပါဝင်သည်။

ထိုယောက်ျား၏ မလိုတစ်မျိုး၊ လိုတစ်မျိုး စိတ်ထားကို ကြည့်ရင်း ချင်းယွင် ခပ်တိုးတိုးရယ်မိသည်။ မူလတစ်ယောက်က ဆိုးရွားသောဂုဏ်ပုဒ်ကို ချန်ထားခဲ့သော်လည်း ဤယောက်ျား၏ ပြည့်ပြည့်ဝဝလက်ခံပေးမှုက သူ့အားအလွန်ကျေနပ်စေသည်။

ဧကရာဇ်ငယ်လေးက နောက်ဆုံးတွင်တော့ ပြုံးလာသည်။ ချီယူက အခြေအနေကို အခွင့်ကောင်းယူကာ ထပ်မံ၍ အသနားခံပြန်သည်။ "ကိုယ့်ကို မြောက်ပိုင်းဆီ မပို့နဲ့တော့၊ နော်။ ကိုယ်မင်းအနားမှာ နေချင်.."

"မရဘူး။" ချင်းယွင်က လုံးဝနှလုံးသားမပျော့ပျောင်းလာပဲ သနားညှာတာမှုမရှိ ငြင်းဆန်လိုက်သည်။ "မွန်ဂိုတွေက ခင်ဗျားလိုပဲ မိုက်မဲမယ်လို့ ထင်နေတာလား။ ခင်ဗျားက စစ်တပ်ရဲ့ သုံးပုံနှစ်ပုံကို ခေါ်လာတာလေ။ ခင်ဗျား၊ အဲ့ဒိမှာမရှိနေဘူးဆိုတာ သူတို့မသိဘဲ ဘယ်နေမလဲ။ သူတို့က နောက်ရက်အနည်းငယ်အတွင်းမှာ နယ်စပ်ကို ကျူးကျော်လာလိမ့်မယ်။ ကျွန်တော်တို့ရဲ့နယ်စပ် ဖျက်ဆီးခံလိုက်ရမှာကို ခင်ဗျားမြင်ချင်နေတာလား။"

ချီယူက ပြောစရာမဲ့နေသော်လည်း ချင်းယွင်က အမှန်တရားကိုပြောနေမှန်း သူသိသည်။ ခွင့်ပြုချက်မရှိဘဲ နယ်စပ်မှ ထွက်လာမိခြင်းသည်လည်း သူ၏အမှားပင်ဖြစ်သဖြင့် သဘောတူညီစွာ ခေါင်းငုံ့ကာ နားရွက်တွဲလောင်းချထားရုံသာ တတ်နိုင်တော့သည်။

ဤယောက်ျား၏ အားငယ်နေသောအသွင်အပြင်ကိုကြည့်ကာ နောက်ဆုံးတွင်တော့ ချင်းယွင်စဉ်းလဲစွာ ပြုံးလိုက်သည်။ " ခင်ဗျား၊ နယ်စပ်ကို မနက်ဖြန်ပြန်ရမယ်။ ဒီနေ့ ခင်ဗျားကို ဒီမှာနေဖို့ ကိုယ်တော် ခွင့်ပြုပေးမယ်။"

ချင်းယွင်၏ စကားများကို ကြားသည်နှင့် ချီယူက အလိုအလျောက်ပြန်ပြောလိုက်မိသည်။ "မဖြစ်ဘူး။ မင်းဒီနေ့ ပင်ပန်းနေတာ...."

"ဟုတ်တယ်။ ကိုယ်တော် အရမ်းပင်ပန်းနေတယ်။ ဒီတော့ ခင်ဗျားက ကိုယ်တော့်ကို ငြိမ်းငြိမ်းချမ်းချမ်း၊ တိတိတိတ်ဆိတ်ဆိတ် အိပ်ခိုင်းပေါ့။" ချင်းယွင်မတ်တပ်ထရပ်ကာ ထိုယောက်ျားကို မျက်ခုံးပင့်ပြလိုက်သည်။ ဖီးနစ်မျက်ဝန်းတစ်စုံ၌ ဖြားယောင်းမှုအချို့ ပြသထားသည်။ "ဗိုလ်ချုပ်ကြီးချီ၊ ကိုယ်တော့်ကို အဝတ်လဲပေး။"

တော်ဝင်ဝတ်ရုံထဲမှ နှိုင်း၍မရလောက်အောင် ဆွဲဆောင်မှုရှိသော လူငယ်လေးကိုကြည့်ရင်း ချီယူ၏ လည်စလုတ်က နှစ်ကြိမ်အထက်အောက်လှုပ်သွားသည်။ သူက နှလုံးသားထဲတွင် ဆွဲဆွဲငင်ငင်ငိုကြွေးနေသည်။ နောက်ဆုံးတွင်တော့ လူငယ်လေး၏ သူ့အားကြည့်ရုံပဲကြည့်ခိုင်းကာ မစားခိုင်းမည့် ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ သူက လှုပ်ရှားမှုတစ်ခုပင် သိုသိုသိပ်သိပ်လုပ်၍မရပေ။

သူ၏နှလုံးသားထဲတွင် နည်းမျိုးစုံဖြင့် ငိုကြွေးနေသော်လည်း ချီယူက ချင်းယွင်၏ မည်သည့်တောင်းဆိုချက်ကိုမျှ မလွန်ဆန်နိုင်သဖြင့် သူ့ကိုယ်သူ အစွမ်းကုန် ချုပ်တည်းကာ သွေးဆောင်ခံရရုံသာရှိသည်။

နဂါးသလွန်တော်ပေါ်တွင် လှဲပြီးနောက် အိပ်မောကျသွားသောလူငယ်လေး၏ မျက်နှာကို ကြည့်ကာ ချီယူငိုရမလိုရယ်ရမလိုဖြင့် သက်ပြင်းချမိသည်။ 'မင်းက ဘာလို့ ဒီလောက်ရက်ရက်စက်စက် အာဃာတထားနိုင်ရတာလဲ။ '

*****

ချီယူကြောင့် သတိမေ့သွားသော အစောင့်များ နိုးလာသောအခါ ပွက်လောရိုက်သွားခြင်းကိုမဆိုထားနှင့်၊ နောက်တစ်နေ့မနက်တွင် ဧကရာဇ်၏ သလွန်တော်ပေါ်၌ လှဲနေသော ဗိုလ်ချုပ်ကြီးကို ချန်းဘင်းတွေ့သွားသောအခါ အလန့်လွန်ကာ သတိလစ်သွားသည်။ ချီယူက နန်းတော်မှပြန်ရောက်ပြီးနောက် သူ၏စစ်တပ်ကို ချက်ချင်းပြင်ဆင်ကာ နယ်စပ်သို့ ထွက်ခွာသွားသည်။

ချင်းယွင်ထင်ထားသလိုပင် မွန်ဂိုတို့က နယ်စပ်အား စတင်ကျူးကျော်နေပြီဖြစ်သည်။ ချီယူက မြို့တော်မှ ထွက်ခွာခဲ့ရသည့်အတွက် ထွက်နေသောဒေါသများအားလုံးကို ဤအမှတ်မရှိသည့်မွန်ဂိုများအပေါ်တွင် ပွင့်ထွက်လိုက်သည်။ သူက ဒေါသထွက်လွန်းသဖြင့် မွန်ဂိုဒေသကို ကြီးမြတ်သောယန်၏ နယ်ပယ်အတွင်းသို့ အကြင်နာမဲ့စွာ ထည့်လိုက်သည်။

ထိုသို့ဆိုလျှင်ပင် ချီယူက အချိန်သုံးနှစ် မလိုခဲ့ပေ။

ဧကရာဇ်ထျန်းယွမ်နန်းတက်ပြီး နှစ်နှစ်ကြာသောအခါ မြောက်ပိုင်းစစ်တပ်က ကြီးကြီးမားမားအောင်မြင်မှုရခဲ့သည်။ သူတို့မြို့တော်သို့ ပြန်လာသောအခါ၊ ဧကရာဇ်ထျန်းယွမ်ထံမှ ကိုယ်တိုင်အကြိုဆိုခံရသည်။

(ကျားကွက်ချပ်ပြား၏ အလယ်မှ ကြယ်နေရာကို ထျန်းယွမ်ဟုခေါ်သည်။ ၎င်းက အတောက်ပဆုံး၊ အလင်းလက်ဆုံး ကြယ်ကိုလည်း ကိုယ်စားပြုသည်။ ထျန်းယွမ်ဟူသည့် ဝေါဟာရတွင် ကျယ်ပြန့်ထူးခြားသော အဓိပ္ပါယ်ရှိသဖြင့် ဧကရာဇ်များက ၎င်းကို ဘွဲ့အဖြစ်သုံးလေ့ရှိသည်။)

စစ်သည်များအတွက် ဂုဏ်ပြုပွဲတွင် ညီလာခံအရာရှိများက မြေကြီးပေါ်တွင် ဒူးထောက်နေသော်လည်း ဧကရာဇ်ကို မကွယ်မဝှက်ဘဲ စိုက်ကြည့်နေသော ဗိုလ်ချုပ်ကြီးချီကို ကြည့်နေကြသည်။ အိုး၊ မဖြစ်ဘူး။ ဒါမြောက်ပိုင်းက ဗိုလ်ချုပ်ကြီး မဟုတ်လား။ နန်းတက်ပွဲအချိန်အခါကနှင့်တူညီသော စိုးရိမ်ပူပန်မှုကို သူတို့ခံစားလိုက်ရသည်။

ဧကရာဇ်နှင့်ထိုတစ်ယောက်က သေချာပေါက်ကို အဆင်မပြေပေ။ ထိုသို့မဟုတ်လျှင် ဗိုလ်ချုပ်ကြီးချီက ဘာကြောင့် ဧကရာဇ်ကို လူသားစားချင်နေသော ဝံပုလွေတစ်ကောင်၊ ကျားတစ်ကောင်ကဲ့သို့ ကြည့်နေမည်နည်း။

ဤနှစ်နှစ်သည် ချီယူအတွက် အလွန်အမင်းခက်ခဲခဲ့သည်။ လူငယ်လေးကိုသာ သူမထိတွေ့ဖူးလျှင်၊ လူငယ်လေးနှင့် မနီးစပ်ဖူးလျှင် ယနေ့တွင်သူဤမျှ တသသစွဲလမ်းနေမည်မဟုတ်ပေ။

သို့သော်သူက အကောင်းဆုံးအရသာကို ခံစားဖူးသည်။ ထို့ကြောင့် ၎င်းပျောက်ဆုံးသွားသည်နှင့် ပို၍ရူးသွပ်ဖွယ်ရာကောင်းလာသည်။ ထိုညမှ အတွေ့အကြုံက ချီယူ၏အိပ်မက်ဆိုးဖြစ်လာကာ သူ့ခန္ဓာကိုယ်ကို သာမက သူ့နှလုံးသားကိုလည်း ညတိုင်းညှဉ်းဆဲနေသည်။

သူ၏ စိတ်ဝိညာဉ်၊ သူ၏ခန္ဓာကိုယ်က လူငယ်လေးနှင့် ထိတွေ့ရန်အား ရေငတ်နေသောငါးကဲ့သို့ အချိန်တိုင်း၊ စက္ကန့်တိုင်း နှိုင်းစရာမရှိလောက်အောင် တောင့်တနေသည်ကို ဘုရားသိသည်။

ယခုအခါသူ၏လက်တစ်ကမ်းမှ ပလ္လင်ပေါ်၌ ချင်းယွင်က ထိုင်နေသည်ကိုတွေ့သောအခါ ချီယူလေးလံထည်ဝါသော နဂါးဝတ်ရုံကို ဖြဲကာ သူ့အား ကျယ်ပြန့်သောနဂါးပလ္လင်ပေါ်၌ဖိ၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်ချင်နေသည်။

ဂုဏ်ပြုပွဲက အဆုံးသတ်ခါနီးလာသည်။ ချီယူက 'ပွဲသိမ်းလိုက်တော့၊ ပွဲသိမ်းလိုက်တော့' ဟုတွေးနေစဉ်တွင် ဝေ့လင်းမတ်တပ်ထရပ်သည်ကို တွေ့လိုက်ရသည်။

ချီယူသည် စိတ်ထဲ၌ ကျိန်ဆဲနေသော်လည်း၊ ဝေ့လင်းက အရေးပါသောအရာရှိမှန်း သူသိသဖြင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရသည်။

ဝေ့လင်း ကျယ်ကျယ်လောင်လောင်ပြောသည်ကို သူကြားလိုက်ရသည်။ "အရှင်ဧကရာဇ်ကြီး နန်းတက်စဉ်ကတည်းက မည်သည့်အမျိုးသမီးကိုမှ မရွေးချယ်ရသေးသဖြင့် ဧကရီနေရာက လစ်လပ်နေပါတယ်။ အခုအခါ နတ်ရွာစံတော်မူသွားသော ဧကရာဇ်အတွက် ဝမ်းနည်းကြေကွဲခြင်းကာလကို ကျော်လွန်သွားပြီ ဖြစ်လို့ ထီးမွေနန်းမွေဆက်ခံသူ အလောင်းအလျာအတွက်၊ အမျိုးသားရေး လုံခြုံမှုအတွက် အရှင်ဧကရာဇ်ကြီးက အနောက်ဆောင်မှာ အမျိုးသမီးတစ်ရာကို ရွေးချယ်ဖြည့်တင်းပါရန် ကျွန်တော်မျိုး လျှောက်တင်အပ်ပါတယ်။"

ဝေ့လင်း၏ စကားများထွက်လာသောအခါ ဧကရာဇ်၏ ဘေးမှ မိန်းမစိုးချန်းက ဒယိမ်းဒယိုင်ဖြစ်သွားကာ ပုံစံပျက်သွားသည်။

ချီယူ၏အနောက်တွင် ဒူးထောက်နေသော စစ်ဗိုလ်သည်လည်း ခြေထောက်များပျော့ခွေကာ လဲကျတော့မလိုဖြစ်သွားသည်။ ယခုအချိန်တွင် သူနှင့်ချန်းဘင်းတို့၏ ဦးနှောက်ထဲမှ အတွေးက ကိုက်ညီနေသည်။

သူတို့နှစ်ယောက်က နှလုံးသားထဲတွင် ဝမ်းနည်းပူဆွေးနေကြသည်။ " ပြီးသွားပြီ။ ဧကရာဇ်က အမျိုးသမီးတွေ ရွေးတော့မယ်။ ဗိုလ်ချုပ်ကြီး ပုန်ကန်တော့မှာပဲ။"

အခန်းထဲမှ ဝန်ကြီးများလည်း မြောက်ပိုင်းဗိုလ်ချုပ်ကြီး ချီယူ၏ အရှိန်အဝါပြောင်းလဲသွားသည်ကို တွေ့လိုက်သည်။ သူကဝေ့လင်းကို သတ်ချင်နေပုံဖြင့် စူးစိုက်ကြည့်နေသည်။ ခန်းမထဲမှ အရေးကြီးသောလူများက ယှဉ်ပြိုင်နေကြကာ ဝေ့လင်းသည်ပင် ကသိကအောက်ဖြစ်လာသဖြင့် လျှောက်တင်ခြင်းကို ရပ်တန့်လိုက်သည်။

ချီယူ၏ ခေါင်းထဲ၌ တစီစီမြည်နေသည်။ ဧကရာဇ်တစ်ပါးအနေဖြင့် အနားတွင် အမျိုးသမီးမရှိဘဲ မနေနိုင်သည်ကို သူမေ့နေမိသည်။

မနာလိုမှုက ချီယူ၏နှလုံးသားကို မြွေဟောက်၏အဆိပ်ကဲ့သို့ ချက်ချင်းတိုက်စားသွားသည်။

မြောက်ပိုင်းဗိုလ်ချုပ်ကြီးက ကိုယ့်ကိုယ်ကိုယ်မထိန်းနိုင်တော့ဘဲ ဝေ့လင်းကိုသေသည်အထိ ပြေး၍ကိုက်တော့မည့်အချိန်တွင် ပလ္လင်ပေါ်မှ ဧကရာဇ်က မိန့်ဆိုလာသည်။ " ညီလာခံအကြီးအကဲဝေ့ရဲ့စကားက မပြည့်စုံသေးဘူး။ တိုင်းပြည်က အေးချမ်းလုံခြုံနေတယ်။ ဧကရီတစ်ပါး မလိုပါဘူး။ ငါကိုယ်တော်မှာ မြောက်ပိုင်းဗိုလ်ချုပ်ကြီး ရှိတယ်။"

ဧကရာဇ်က ထိုသို့မိန့်ဆိုလိုက်သည်နှင့် မြောက်ပိုင်းဗိုလ်ချုပ်ကြီး၏မျက်နှာက ချက်ချင်းကြည်လင်သွားကာ အရူးတစ်ယောက်ကဲ့သို့ ပြုံးနေသည်ကို ဝန်ကြီးများ တွေ့လိုက်ရသည်။ ထို့ကြောင့် သူတို့၏ စိတ်ထဲ၌ ရေရွတ်မိကြသည်။ သူ့ဦးနှောက်က တစ်ခုခုဖြစ်နေတာလား။ သူ့ရဲ့စိတ်ခံစားချက်အပြောင်းအလဲက ကြီးလွန်းတယ် မဟုတ်လား။

ချန်းဘင်းသည်လည်း အခြေအနေကို ခေါင်းမတ်၍ ကြည့်နေသည်။ ဧကရာဇ်က တကယ်ကို ဧကရာဇ်ဖြစ်ထိုက်သည်။

သို့သော် စစ်ဗိုလ်က မြောက်ပိုင်းဗိုလ်ချုပ်ကြီး၏ ရူးကြောင်ကြောင်အပြုံးကိုကြည့်ကာ သက်ပြင်းချနေသည်။ 'ပုန်ကန်မှု ကျရှုံးတာ မဆန်းပါဘူး။'

ဤနှစ်နှစ်ကုန်ဆုံးသွားပြီးနောက် မြောက်ပိုင်းဗိုလ်ချုပ်ကြီးသည် သူအလိုရှိသကဲ့သို့ အရှက်မဲ့မဲ့နှင့် တည်တည်ငြိမ်ငြိမ် နေသွားရသည်လား။

အိပ်မက်ဆက်မက်နေလိုက်ပါ။

ညီလာခံမှ ဝန်ကြီးများက အမျိုးသမီးများကိုရွေးချယ်ရန်အတွက် ခဏခဏလျှောက်တင်လေ့ရှိပြီး နယ်စပ်တွင်လည်း ကျူးကျော်မှုအသေးစားများ မကြာခဏဖြစ်နေရာ မြောက်ပိုင်းဗိုလ်ချုပ်ကြီးက အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ကို လှည့်ပတ်ပြေးလွှားနေရသည်။

သူက ဤမျှ တက်ကြွစွာ မလှုပ်ရှားလျှင်လည်းရသည်။ သို့သော် ဤအသေးအဖွဲပြဿနာများကြောင့် လက်ရှိဧကရာဇ်အနည်းငယ် မျက်မှောင်ကြုတ်သည်ကို တွေ့သည်နှင့် သူ၏နှလုံးသားကို လုံးဝမထိန်းနိုင်တော့ပေ။ သူက မိနစ်ပိုင်းအတွင်း တပ်ဖွဲ့များကို ဦးဆောင်၍ ချီတက်သွားသည်။

ပတ်ဝန်းကျင် တိုင်းပြည်များကသာ လိမ္မာလျှင် ချီယူက သူ၏'ဧကရီ' နေရာတွင် ပျော်ပျော်ကြီးနေမည်ဖြစ်ပြီး ၎င်းတို့ကို လျစ်လျူရှူထားလိမ့်မည်။ သို့သော် သူ၏ 'ဧကရီ'နေရာကို မတော်တဆထိခိုက်မိလျှင် ၎င်းတို့ကအရိုက်ခံရကာ ကြီးမြတ်သောယန်၏ နယ်ပယ်အတွင်းသို့ အသွင်းခံရလိမ့်မည်။

ဤတစ်ကြိမ်သည် နောက်ဆုံးဟု ချီယူတွေးကာ ပြဿနာကို ဖြေရှင်းခဲ့သော်လည်း နယ်စပ်၌ နောက်တစ်ကြိမ် ပြဿနာဖြစ်သောအခါ သူထပ်ပြေးသွားရပြန်သည်။

အကျဉ်းချုပ်ရလျှင် ဧကရာဇ်ထျမ်းယွမ်က စစ်လိုလားသူမဟုတ်ပေ။ သို့သော် သူအုပ်ချုပ်စိုးစံစဉ်ကာလတွင် ကြီးမြတ်သောယန်၏ နယ်နိမိတ်က နှစ်ဆမျှကျယ်ပြန့်လာသည်။ ထို့အပြင် ဧကရာဇ်အုပ်ချုပ်ချိန်၌ ရာသီဥတုသာယာကာ ပြည်တွင်းရေး ငြိမ်သက်ပြီး ကြီးမြတ်သောယန်က ချမ်းသာဝပြောလာရာ ထျန်းယွမ်၏ချမ်းသာကြွယ်ဝသောနေ့ရက်များဟု သမိုင်းတွင် မှတ်တမ်းတင်ခံရသည်။

တစ်ခုတည်းသော ချို့ယွင်းချက်မှာ ဧကရာဇ်က သူ၏သက်တမ်းတစ်လျှောက်လုံးတွင် အမျိုးသမီးတစ်ယောက်ကိုမျှ မရွေးချယ်ခဲ့ခြင်းပင်။ ဧကရီ၏ပလ္လင်က အမြဲလစ်လပ်နေကာ နောက်တက်မည့်ဧကရာဇ်ကို တော်ဝင်မျိုးနွယ်ထဲမှ ရွေးချယ်ခဲ့သည်။ ဧကရာဇ်နှင့် မြောက်ပိုင်းဗိုလ်ချုပ်ကြီးကြားမှ ပက်သက်မှုက အလွန်ရှုပ်ထွေးသည်။ သမိုင်းမှတ်တမ်းများအရ ထိုနှစ်ယောက်မှာ အဆင်မပြေဘဲ မြောက်ပိုင်းဗိုလ်ချုပ်ကြီးက ပုန်ကန်ရန် မကြာခဏကြံစည်လေ့ရှိသည်ဟု ဆိုကြသည်။

သို့သော် အချို့မှတ်တမ်းများတွင် ထိုနှစ်ယောက်က အလွန်ရင်းနှီးကာ တစ်ခါတစ်ရံ၌ အခန်းတစ်ခန်းထဲမှာပင် အတူတူအိပ်တတ်သည်ဟု ပြောကြသည်။ မြောက်ပိုင်းဗိုလ်ချုပ်ကြီး၏ စံအိမ်က အိမ်အလွတ်နှင့် မခြားပေ။

နှောင်းပိုင်းနှစ်များ၌ နယ်စပ်တွင် ဆူပူမှုများရှိလာလျှင်ပင် ချီယူကဂရုမစိုက်တော့ပေ။ သူက တစ်နေ့တွင် ချင်းယွင်ပျောက်ကွယ်သွားမည်ကို စိုးရိမ်သဖြင့် ချင်းယွင်၏အနား၌ အမြဲနီးပါး ကပ်နေသည်။

*****

ချင်းယွင်က သူ၏ကိုယ်ပိုင်နေရာလွတ်တွင် ပြန်ပေါ်လာသည်။ ယခုအခါ သူ၏ စိတ်ဝိညာဉ်က အလွန်အမင်း သန်မာနေကာ အရိပ်အယောင်ကဲ့သို့ ခံစားမှုမရှိတော့လုနီးနီးပင်။ သူထိုအကြောင်းကို ပြန်တွေးကြည့်သောအခါ ဘေးမှမြင်ကွင်းက အရင်ဘဝမှ ဧကရာဇ်အိပ်ခန်းအဖြစ်ပြောင်းလဲသွားသည်။

နူးညံ့သောဆိုဖာပေါ်တွင် ထိုင်နေရင်း သူ၏သေဆုံးပုံကို ချင်းယွင်ပြန်တွေးနေသည်။ အသက်ခုနစ်ဆယ်အရွယ်လူအိုကြီးက ကလေးကဲ့သို့ ငိုကြွေးနေသဖြင့် ချင်းယွင်၏ မျက်ခုံးများ ပြေလျော့သွားသည်။

ဧကရာဇ်တစ်ယောက်အနေဖြင့် သူ၏နောက်ဆုံးအချိန်တွင် အရာရှိအားလုံးကို မျက်နှာချင်းမဆိုင်ခဲ့ရမည်ဟု သူမမျှော်လင့်ထားပေ။ ထိုယောက်ျားက လူတိုင်း၏ ခစားမှုကိုပိတ်ပင်ကာ တစ်စုံတစ်ယောက်က ချင်းယွင်အားခိုးယူသွားမည်ကို စိုးရိမ်နေပုံဖြင့် သူနှင့်သာ တစ်ခန်းထဲနေစေခဲ့သည်။

သေဆုံးမှုတစ်ခုချင်းစီက သူ့အတွက် နောက်တစ်ဘဝ၏ အစဖြစ်သော်လည်း ထိုယောက်ျားအတွက်မူ ၎င်းသည်ရှင်သန်မှုနှင့်သေဆုံးမှု၏ တကယ်နာကျင်စရာ ကွဲကွာမှုဖြစ်သည်။

မျက်လုံးမှိတ်ကာ အနည်းငယ် စိတ်ထိန်းပြီးနောက် ချင်းယွင်သူ၏ စိတ်ဝိညာဉ်ကို စတင်စစ်ဆေးလိုက်သည်။ ဤကမ္ဘာများကို ဖြတ်သန်းပြီးနောက် သူ၏စိတ်ဝိညာဉ်က အလွန်လျင်မြန်စွာ ကြီးထွားလာနေသည်ကို သူရှင်းရှင်းလင်းလင်း ခံစားရသည်။ ရှိခဲ့သော ချို့ယွင်းချက်များက ပြုပြင်ခံရပြီးဖြစ်သည်။ သူကူးပြောင်းသောလူများတွင် သူနှင့်သက်ဆိုင်သောအရာတစ်ခုခု ရှိသည့်ပုံပင်။

အရာအားလုံးက အလားအလာကောင်းနေသော်လည်း ကောင်းကင်ဘုံကျင့်ကြံသူက တစ်ခုခုမှားယွင်းနေသည်ကို ချင်းယွင်ခံစားမိသည်။ ၎င်းကတစ်စုံတစ်ခုထံတွင် အဖမ်းခံထားရပုံဖြင့် အလွန်တိတ်ဆိတ်နေသည်။ ချင်းယွင်၏ စိတ်ဝိညာဉ်က ဤမျှကြီးထွားလာသော်လည်း ယခုအထိ သတိအထားမခံရသေးပေ။

ထိုယောက်ျားနှင့် သက်ဆိုင်နေသည်လား။

သို့သော် ထိုယောက်ျားက ဘယ်တော့မှ မမှတ်မိနေသဖြင့် သူမေးမြန်း၍မရပေ။

ချင်းယွင်က ထိုအတိုင်း တွေဝေနေပြီး နောက်ကမ္ဘာသို့မသွားခင်အထိ အချိန်အတော်ကြာ နေခဲ့သေးသည်။

*****

ဤတစ်ကြိမ် ကူးပြောင်းလာသောအခါ ချင်းယွင်အမောဆို့သွားသည်။ သူမျက်လုံးဖွင့်ကာ အောက်ကိုကြည့်လိုက်သောအခါ ခြေထောက်ကို မမြင်ရပေ။

စာရေးသူမှာ ပြောစရာရှိပါတယ်: နောက်ကမ္ဘာက မင်းသမီးလေးနှင့်နဂါး ဖြစ်ပါတယ်။

ချင်းယွင်က ကာလတစ်ခုမျှ မိန်းကလေးဖြစ်နေပါလိမ့်မယ်။










Czytaj Dalej

To Też Polubisz

1M 155K 178
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Tran...
74.4K 9.1K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
53.2K 5.3K 92
This fic is coherence of system one o six. So you should read System one o six (Season1). It has in my profile so you can check and read it. Love you...
10.8K 1.2K 5
Main title: God Plz!Grab me!Love me!Save me! Arc-4.(I used to love you) started date:15/7/2022 End: ???????