ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

94

8.6K 1.5K 149
By Vanilla_IceCream61

နောက်တစ်နေ့တွင် ချင်းယွင် သူ၏လေးလံသောမျက်ခွံများကိုမကာ ကိုက်ခဲနေသော ခါးကိုကိုင်ရင်း ထထိုင်လိုက်သည်။

အခန်းထဲမှ တိတ်ဆိတ်နေသော နံ့သာမီးဖိုကိုကြည့်ပြီးနောက် ချင်းယွင်နှာခေါင်းရိုးကို ဖိညှပ်မိသည်။ ထိုကျန်းလော်ယန်က ဘာကိုမီးရှို့ရမည်အား မသိပေ။ ဆေး၏အစွမ်းက သိပ်မပြင်းသော်လည်း  အချိန်ကြာကြာစွဲကျန်ရစ်သဖြင့် သူပင်မခံနိုင်ပေ။

သူ့ဘေးမှချီယူက လှုပ်ရှားမှုများကို သတိထားမိကာ အိပ်ချင်မူးတူးဖြင့် သူ၏နွေးထွေးသောခန္ဓာကိုယ်ကို ဖက်ရန် ဟိုစမ်းစမ်းဒီစမ်းစမ်လုပ်နေသည်။ သူ့နှုတ်ခမ်းပေါ်၌ ပျော်ရွှင်နေသောအပြုံးတစ်ခု ပေါ်လာပြီး ထတော့မည့်အချိန်တွင် လည်ဂုတ်ကို ခပ်ပြင်းပြင်းရိုက်ချခံလိုက်ရပြီး အိပ်မောကျသွားသည်။

ထိုယောက်ျား၏ နှုတ်ခမ်းပေါ်မှ အပြုံးက မပျောက်သေးသောအခါ ချင်းယွင်ဒေါသထွက်လာသည်။

မနေ့ညက ထိုယောက်ျားသည် ဆေးစွမ်းကိုအားကိုးကာ သူလိုချင်သမျှအား လုပ်ဆောင်ခဲ့သည်။ ချင်းယွင်က ထုံးစံအတိုင်း 'မင်းသားကြီး' အကြောင်း စနောက်ပြောဆိုခဲ့သည်။ သို့သော် ထိုယောက်ျားက သူ့ကိုဖိအားပေးခဲ့သဖြင့် အနာဂတ်တွင် သူကမင်းသားကြီးအား သတိဖြင့်တားဆီးမည်ဟု ကတိပေးမှသာ ရပ်တန့်ပေးခဲ့သည်။

မနေ့ညက ရှားရှားပါးပါး နူးညံ့မိသည်ကို ပြန်စဉ်းစားမိသောအခါ ချင်းယွင်၏နားထင်မှသွေးကြောများ တဒုတ်ဒုတ်မြည်နေသည်။သူ ထိုယောက်ျား၏ခွေးမျက်နှာကို လက်မြှောက်ကာ ရိုက်လိုက်သည်။ ထို့နောက် မသက်မသာခံစားရသဖြင့် ၎င်းကိုကြမ်းပြင်ပေါ် ကန်ချလိုက်သည်။

ယခုရက်ပိုင်းအတွင်းတွင် ဤယောက်ျားလိမ္မာနေသောကြောင့် သူနှင့်ချီယူတို့အကြားမှ ယှဉ်ပြိုင်မှုက မပြီးဆုံးသေးသည်ကို မေ့နေမိသည်။ တတိယမင်းသားကို စွန့်ပစ်ပြီးနောက် ဤအရူးကြီးက မည်သူအားနန်းတင်ပေးမည်ကို သူသိချင်မိသည်။

ကြမ်းပြင်ပေါ်မှ ယောက်ျားကိုကြည့်ကာ ချင်းယွင်၏ မျက်ဝန်းထဲတွင် ရှက်ဒေါသများ စွန်းထင်းလာသည်။ ထို့နောက် ချင်းယွင် ခပ်မြန်မြန် အဝတ်ကောက်ဝတ်ကာ ဆေးကြောသန့်ရှင်းရန် ဝင်သွားသည်။ သူ့အား ခစားရန်လာသော အစေခံက ကြမ်းပြင်ပေါ်၌ ပစ်စလက်ခတ် လဲကျနေသော ဗိုလ်ချုပ်ကြီးချီကို တွေ့လိုက်ရသည်။ သူမ၏မျက်ဝန်းများ ပြူးထွက်လာသော်လည်း အသံတစ်သံမှ မထွက်ရဲပေ။

ချင်းယွင် ဆေးကြောသန့်စင်ပြီးသောအခါ အစောင့်တစ်ယောက်က တံခါးလာခေါက်သည်။ "လူကြီးမင်း ခင်ဗျ၊ ရထားလုံး အဆင်သင့်ဖြစ်ပါပြီ။ မြို့တော်ကို ဘယ်အချိန်ပြန်မှာပါလဲ။ "

"ငါ အခု သွားမယ်။ မြို့ထဲက လူတွေကို အနှောက်အယှက် မဖြစ်စေဖို့ ဂရုစိုက်ပါ။"

ချင်းယွင်က သူရောက်လာစဉ်ကအတိုင်း သာမန်ရထားလုံးဖြင့် ပြန်သွားသည်။

အရုဏ်ပင်မတက်သေးချေ။ မြို့ထဲ၌ မည်သူမှ ပေါ်လာမည်မဟုတ်ဟု ချင်းယွင်ထင်ခဲ့သော်လည်း သူအုပ်ချုပ်ရေးမှူးစံအိမ်မှ ထွက်လာသည်နှင့် ချန့်ကျိုးတစ်မြို့လုံး လင်းနေကြောင်း တွေ့လိုက်ရသည်။ အိမ်တိုင်း၏ အရှေ့၌ မြို့သူမြို့သားများ ရပ်နေကြပြီး ရထားလုံးကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက်ဒူးထောက်ကာ နှုတ်ဆက်ကြသည်။ "မင်းသားကြီးကို နှုတ်ခွန်းဆက်သပါတယ်။ မင်းသားကြီး ဘေးကင်းလုံခြုံပြီး ကျန်တစ်ဘဝလုံး ကျန်းမာချမ်းသာပါစေ။ "

ချန့်ကျိုးမြို့သားများက ရိုးသားစွာ အရိုအသေပေးနေကြသည်။ ဆိုးရွားသောဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် ချန့်ကျိုးမြို့သားများ၌ မင်းသားကြီးကို ပေးစရာဘာမှမရှိသဖြင့် သူတို့၏ခံစားချက်များကိုသာ ယဉ်ယဉ်ကျေးကျေး ပြသနိုင်သည်။

မြို့ပြင်သို့ ထွက်သောလမ်းမှာ ရှည်လျားကာ လမ်းဘေး၌ အသက်ရှစ်ဆယ်ကျော်အဘွားကြီးများမှစ၍ ငါးနှစ်အောက် ကလေးများအထိ လူများပြည့်နေပြီး အားလုံးက ချင်းယွင်အတွက် ရိုးရိုးသားသား ဆုတောင်းပေးနေကြသည်။

မင်းသားကြီးက ချန့်ကျိုး၌ ရက်အတော်ကြာ နေသွားခြင်းကပင် များစွာမျက်နှာသာပေးခြင်းဖြစ်ကြောင်း သူတို့သိကြသဖြင့် သူ့အားလောဘတကြီး မဆွဲထားရဲဘဲ အသန့်စင်ဆုံးတောင်းဆုပြုပေးကြသည်။

ချင်းယွင်ပင်လျှင် လမ်းတစ်လျှောက် မြင်ခဲ့ကြားခဲ့ရသည်များကြောင့် ကျေနပ်မိသည်။ သူကလူသန်းပေါင်းများစွာထံမှ ရှုံ့ချဝေဖန်အနိုင်ကျင့်ခံရကာ အရူးအမူးပရိသတ်များထံမှ ကိုးကွယ်ခံခဲ့ရသည်။ သို့သော် သူက သူ၏အလုပ်ကို လုပ်ရုံနှင့်ပင် ဤများစွာခံစားခဲ့ရသော သာမန်လူများထံမှ ဂရုတစိုက်၊ ရိုးရိုးသားသား ကျေးဇူးတင်ခံရသည်ကို ကိုယ်တွေ့ကြုံရသည်မှာ ပထမဆုံးအကြိမ်ပင်။

ချင်းယွင် ရထားလုံးပေါ်မှ ဆင်းလိုက်သည်။ သူက လမ်းတစ်လျောက်လုံး ဦးညွှတ်အရိုအသေပေးခဲ့ပြီး မြို့အပြင်ရောက်သောအခါတွင်လည်း အနည်းငယ်လမ်းထပ်လျှောက်ပြီးမှ ရထားလုံးပေါ် ပြန်တက်သွားကာ မြို့တော်သို့ လျင်မြန်သောအရှိန်ဖြင့် ပြန်သွားသည်။

*****

တတိယမင်းသားထံမှ ညဘက်တွင် အတိုက်ခိုက်ခံခဲ့ရသဖြင့် မြို့တော်၌ စိတ်တုန်လှုပ်နေကြသည်။

တတိယမင်းသားဘက်မှ ဝန်ကြီးများကစဉ်းစားကြည့်သော်လည်း ဧကရာဇ်ဟုန်းမျင်ကိုယ်တိုင်က တတိယမင်းသားအား ပုန်ကန်ရန်ကြိုးပမ်းမှုဖြင့် တော်ဝင်အကျဉ်းထောင်သို့ ပို့လိုက်မည်ဟု သူတို့မမျှော်လင့်ထားပေ။

အချိန်ကြာမြင့်စွာ ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေခဲ့သော ဧကရာဇ်က ရုတ်တရက်ပေါ်လာသည်။ မင်းသားကြီးက ဧကရာဇ်ကို အကျဉ်းချထားတယ်ဆိုတဲ့ ကောလဟာလက အမှားကြီးလား။

မည်သို့ပင်ဆိုစေ တတိယမင်းသားက သစ္စာဖောက်တစ်ယောက် ဖြစ်သွားသည်။ သူတို့ငြိစွန်းသွားမည်ကို ဤဝန်ကြီးများအားလုံး စိုးရိမ်ပူပန်နေသည်။ အထိတ်လန့်ဆုံးဖြစ်နေသူမှာ ဘာသာရေးဝန်ကြီးပင်။ ထိုညမတိုင်ခင်ကတည်းကပင် တတိယမင်းသားကမြို့တော်သို့ ပြန်လာပြီဖြစ်ကြောင်း သူသတင်းရခဲ့သည်။

သို့သော် တတိယမင်းသားက တပ်ဖွဲ့များနှင့်အတူ လာရောက်တိုက်ခိုက်မည်ဟု သူဘယ်တုန်းကမှ မတွေးထားခဲ့ပေ။ ဘာသာရေးဝန်ကြီး ထင်ထားသည်မှာ မင်းသားကြီးက ဤနေရာ၌ မရှိနေသဖြင့် တော်ဝင်အမိန့် လက်ဝယ်ရှိသော တတိယမင်းသားက ဝင်လာလျှင် မည်သူကမှ ၎င်းကိုမောင်းထုတ်မည်မဟုတ်ပေ။

သူက ဧကရာဇ်အတွက် အလုပ်လုပ်ပေးနေသည်ဟု ထင်ထားသော်လည်း ဧကရာဇ်ဟုန်းမျင် ရုတ်တရက်ပေါ်လာသောအခါ သူအံ့အားသင့်မိသည်။

ဘာသာရေးဝန်ကြီး၏ စိတ်ထဲ၌ မရှင်းမလင်းဖြစ်နေပြီး ယခုအခါ သူ၏ရန်သူဟောင်းဖြစ်သော ရုံးပိုင်းဆိုင်ရာဝန်ကြီးနှင့် စကားနာထိုးရန် ဆန္ဒမရှိပေ။

ဝန်ကြီးများအား အံ့အားသင့်စေသည်မှာ ဧကရာဇ်ဟုန်းမျင်က ထိုည၌ပေါ်လာခဲ့သော်လည်း ထပ်မံ၍ပြင်းပြင်းထန်ထန်နာမကျန်းဖြစ်နေသဖြင့် ညီလာခံသို့ မကြွရောက်လာခြင်းပေ။ ဧကရာဇ်ဟုန်းမျင်၏ ကျန်းမာရေးမှာ လုံးဝကသ၍မရတော့သည့် ပုံပင်။

*****

ချီယူက မွန်းတည့်ချိန်အထိ မနိုးသေးပေ။ သူနိုးလာသောအခါ လည်ဂုတ်ပေါ်မှ နာကျင်မှုကို ခံစားလိုက်ရသဖြင့် ခါးသီးစွာ ပြုံးမိသည်။ မနေ့ညက သူနှင့်ချစ်ခဲ့သော လူငယ်လေးမှ လွဲ၍ မည်သူသည် သူ့ကိုအသံတစ်ချက်မှ မထွက်ဘဲ သတိမေ့စေနိုင်မည်နည်း။

"ရက်စက်လိုက်တာ။" ချီယူ လည်ပင်းကို အုပ်ကိုင်ကာ ညည်းမိသည်။ သို့သော် မနေ့ညက အတွေ့အကြုံကို ပြန်တွေးမိသောအခါ မျက်နှာပေါ်မှ အပြုံးက တောက်ပလာသည်။ "ဒါပေမဲ့ အရမ်းချိုမြိန်၊ နူးညံ့ပြီး....."

ချီယူ၏ စိတ်ထဲ၌ လူငယ်လေး၏ ခပ်တိုးတိုး ညည်းသံများ ပေါ်လာသဖြင့် ထူပူသွားပြီး ခန္ဓာကိုယ်က ချက်ချင်းတုံ့ပြန်ကာ နှာခေါင်းသွေးလျှံတော့မလိုပင်။

ချီယူ မျက်နှာကို ပွတ်သပ်ကာ ထရပ်လိုက်သည်။ အမြဲလိုလို ပလွှားတတ်သော လူငယ်လေးသည် မနေ့ညက ထိုကဲ့သို့ပြုမူခဲ့သော်လည်း ယနေ့တွင် ဒေါသထွက်နေမည်မှာ သေချာသည်။ သို့သော် သူသတိလစ်အောင် ရိုက်ချပစ်သည်အထိ ဒေါသထွက်နေမည်ဟု မမျှော်လင့်ထားပေ။

ချီယူမတတ်သာစွာဖြင့် သူမနေ့ညကလွန်သွားသလား ပြန်စဉ်းစားမိသည်။ ထိုအချိန်တွင် သူကဆေးကြောင့် စိတ်ရှုပ်ထွေးနေပြီး လူငယ်လေးက မင်းသားကြီးအတွက် နှိုင်းစရာမရှိသောအသံဖြင့် ခုခံပြောဆိုပေးနေသောအခါ သူမည်သို့ သည်းခံနိုင်မည်နည်း။

မျက်နှာကို အုပ်ထားရင်း ချီယူကအားနည်းနေမှုကို ခံစားရဆဲပင်။ ရှန့်ဖုန်း.....ရှန့်ဖုန်းက စောစောထွက်သွားပြီး သူ့ကိုမစွန့်ပစ်ခဲ့လောက်ပါဘူးနော်။ အခန်းထဲမှ ပရိဘောဂများကို ကြည့်ပြီးနောက် ချီယူ ချက်ချင်းမျက်နှာပျက်သွားသည်။

သေချာသွားပြီ။ သူ ငါ့ကို ထားခဲ့တယ်။

သို့သော် ချီယူ အလွန်အသည်းမကွဲသွားပေ။ သူ၏အမြင်အရ သူနှင့် လူငယ်လေးက ခင်ပွန်းနှင့်ဇနီး၏အတွေ့အကြုံ ရှိပြီးသွားပြီဖြစ်သည်။ လူငယ်လေးက သူ့ကို ထားရစ်ခဲ့ခြင်းအတွက် သူမစိုးရိမ်ပေ။ ရှန့်ဖုန်းနှင့်သူ၏ လက်ရှိပက်သက်မှုကို တွေးမိသောအခါ ချီယူအော်ရယ်မိသည်။

သူတို့က ဒီလို ဆက်ဆံရေးမျိုး ရှိသင့်တာမဟုတ်လား။ မင်းသားကြီးနှင့် လူငယ်လေးကြားမှ ဆက်ဆံရေးက သူနှင့်ပက်သက်မှုထက် ပိုမနီးကပ်နိုင်ပေ။

ချန့်ကျိုးတစ်မြို့လုံးက ရှန့်ဖုန်းကို လေးစားသဖြင့် ထိုကျန်းလော်ယန်ဟူသည့်အမျိုးသမီးကလွဲ၍ မည်သူမှ ဤသို့ညစ်ညမ်းသောလှည့်စားမှုကို လုပ်မည်မဟုတ်ပေ။

သူ၏လက်ပေါ်မှ ဖုန်များကို ခါလိုက်သည်။ ရှန့်ဖုန်းက အမျိုးသမီးများကြောင့် စိတ်ရှုပ်မခံသော်လည်း ချီယူကထိုကဲ့သို့ အကျင့်မကောင်းပေ။ ချီယူ၏ မျက်ဝန်းများက မည်းသည်ထက်ပိုမည်းလာသည်။ ထိုမိန်းမက လူငယ်လေး၏ အိပ်ရာပေါ်သို့တက်ရန်ပင် ကြိုးစားခဲ့သည်လား။ ထိုအချက်တစ်ခုထဲကြောင့်ပင် ခွင့်လွှတ်၍မရပေ။

သူ၏ ယခင် 'စေ့စပ်ထားသူ' အတွက် သက်ညှာမှုမရှိပေ။ ကျန်းလော်ယန်နှင့် ကျန်းလင်းတို့ကို ရှင်းပြီးသောအခါ ချီယူက သူ့လူများအား ဦးဆောင်၍ မြို့တော်သို့ ပြန်လာသည်။

ဤနှောင့်နှေးမှုကြောင့် သူကချင်းယွင်ကို လုံးဝမမှီတော့ပေ။ သူ၏ နှလုံးသားက ဆန္ဒစောနေသော်လည်း ချီယူသည် ကျန်းလော်ယန်နှင့်ကျန်းလင်းကို အရေးမယူဘဲမထွက်ခွာရဲပေ။ ရှန့်ဖုန်းက ဤနှစ်ယောက်ကို ချန်ထားခဲ့ရာ သူ့အားဖြေရှင်းခိုင်းထားခြင်း ဖြစ်ရမည်။ သူသာပြီးပြတ်အောင်မလုပ်ဆောင်လျှင် လူငယ်လေးအား အနာဂတ်တွင် ထပ်မံတွေ့ဆုံနိုင်မည် မဟုတ်ပေ။

ချီယူ မြို့တော်သို့ ပြန်လာသောလမ်းတွင် မြောက်ဘက်နယ်စပ်မှ ခရီးနှင်လာသော မြောက်ပိုင်းစစ်တပ်နှင့် ဆုံမိသည်။ စစ်တပ်၏ဖွဲ့စည်းပုံကို ကြည့်ကာ သူ၏အစီအစဉ်အား ပြန်တွေးမိသောအခါ ချီယူ၏မျက်နှာက ပြန်လေးနက်သွားသည်။ ဤတစ်ကြိမ်တွင် သေချာပေါက် အောင်မြင်စေရန်အတွက် မြောက်ပိုင်းစစ်တပ်၏ သုံးပုံနစ်ပုံကို သူခေါ်ထားသည်။ မည်သို့ပင်ဆိုစေ သူက တတိယမင်းသားနှင့် ကွာခြားသည်။ တတိယမင်းသားက တော်ဝင်မျိုးနွယ်ဖြစ်ပြီး ၎င်းနှင့်မင်းသားကြီးကြားက တိုက်ပွဲမှာ မင်းသားများကြားမှ ယှဉ်ပြိုင်မှုသာဖြစ်သည်။

သို့သော်ချီယူက တကယ်ပုန်ကန်ခြင်းပင်။ လူငယ်လေးကြောင့် သူအောင်ကိုအောင်မြင်ရမည်။ ကျရှုံး၍မဖြစ်ပေ။

"ဒီတစ်ကြိမ်မှာ ငါဘာကြောင့် မြို့တော်ကိုပြန်သွားမယ်ဆိုတာ မင်းတို့သိမှာပဲ။ မင်းတို့အလိုမရှိရင် ထွက်သွားနိုင်တယ်။ " ချီယူက အေးစက်စက် ပြောလိုက်သည်။ သူ၏ စကားများက စစ်ဆေးမှုတစ်ခုပင်။ သူက မြောက်ပိုင်းစစ်တပ်ကို သံစည်ပိုင်းကဲ့သို့ ခိုင်ခိုင်မာမာ တည်ဆောက်ထားသဖြင့် ဤတပ်ဖွဲ့ဝင်များက ချီယူကိုသာအသိအမှတ်ပြုကာ တပ်မတော်အမှတ်အသားကို ဂရုမစိုက်ပေ။

မျှော်လင့်ထားသည့်အတိုင်းပင်၊ တပ်သားများက ချီယူ၏ စကားကိုကြားသောအခါ နောက်မဆုတ်သွားဘဲ သံပြိုင်ဟစ်ကြွေးကြသည်။ "ကျွန်တော်တို့က သေသည်အထိ ဗိုလ်ချုပ်ကြီးအနောက်ကိုသာ လိုက်ဖို့လိုလားပါတယ်။"

ဤသည်ကိုတွေ့သောအခါ ချီယူက ကျေနပ်စွာ ခေါင်းညှိတ်လိုက်သည်။ သူ့ကိုယ်သူရုပ်မဖျက်ဘဲ ချီယူက ဤကြီးမားသောစစ်တပ်နှင့်အတူ မြို့တော်သို့ အားမာန်တက်ကြွစွာ ချီတက်လာသည်။

တတိယမင်းသား၏ အခြေအနေကို ချီယူ့ထံတင်ပြခဲ့သော စစ်ဗိုလ်က ချီယူ၏လေးနကျသော်လည်း တကယ်တမ်းတွင် ပျော်ရွှင်နေသည့် အမူအရာကို တွေ့သောအခါ စနောက်လိုက်သည်။ " ဗိုလ်ချုပ်ကြီးက အလှလေးကို အရယူနိုင်ခဲ့တာလား။"

"မင်းတစ်ယောက်ပဲ ဆူညံနေတာ။ "ချီယူက စစ်ဗိုလ်ကို ရှူးသိုးသိုးဖြင့် ကြည့်လိုက်သည်။ သူ၏ခြိမ်းခြောက်နေသော ရည်ရွယ်ချက်မှာ ပြည့်လျှံနေသည်။

စစ်ဗိုလ်က ကြောက်လန့်သွားပြီး ချက်ချင်းခါးမတ်လိုက်သည်။ အခြားလူများထံမှ စကားလုံးတစ်လုံးမျှပင် အစမခံနိုင်သည်အထိ ဗိုလ်ချုပ်ကြီးက လူငယ်လေးကို ချစ်မြတ်နိုးမည်ဟု သူမထင်ထားခဲ့ပေ။

*****

ချင်းယွင်ပြန်လာသောအခါ မြို့တော်တွင် ရုတ်ရုတ်သဲသဲ ပြန်ဖြစ်လာသည်။ချန့်ကျိုးမှ သူ၏အောင်မြင်မှုနှင့် မြို့သူမြို့သားများက သူ့အားလိုက်ပို့သည့်မြင်ကွင်းသည် ရှန့်ကျိုးသို့သွားကာ အခြေအနေကို ကူထိန်းပေးသည့် ပတ်ဝန်းကျင်စီရင်စုမှ လူများမှတစ်ဆင့်တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ သူ၏ ပြန်လာမှုနှင့်အတူ၊ သတင်းများက မြို့တော်သို့ရောက်လာသောအခါ တော်ဝင်ညီလာခံမှဝန်ကြီးများအားလုံးသည် သူ့ကိုချီးမွမ်းကြသည်။

ငယ်ရွယ်သော်လည်း ထည်ဝါသောမင်းသားကြီးကို ရက်ပေါင်းများစွာကြာပြီးနောက် ထပ်တွေ့လိုက်ရသောအခါ ချန့်ကျိုးသို့သွားသောခရီးစဉ်က မင်းသားကြီးကို ပို၍ပင်ခက်ခဲနက်နဲလာစေသည်ဟု ခံစားရစေသည်။

"ဒီမင်းသား အဝေးရောက်နေတုန်းက ဘာအကြောင်းထူးသေးလဲ။" လူငယ်လေး၏ အသံက ထုံးစံအတိုင်း ကြည်လင်လန်းဆန်းကာ ရွှမ်ကျန်ခန်းမထဲ၌ ဟိန်းနေသည်။ ဝေ့လင်းနှင့်အခြားလူများ၏ နှလုံးသားများတွင် မှီခိုရာရသွားသကဲ့သို့ ခံစားရကာ ချက်ချင်းစိတ်သက်သာရာရသွားသည်။

ဝန်ကြီးများစွာက စိတ်ထဲ၌ သက်ပြင်းချမိသည်။ လအနည်းငယ်အုပ်ချုပ်ရုံနှင့်ပင် မင်းသားကြီးက သူတို့၏နှလုံးသားထဲ၌ နေရာအတည်တကျရသွားမည်ဟု သူတို့ မမျှော်လင့်ထားပေ။ မင်းသားကြီး ရက်အနည်းငယ်မျှ လစ်လပ်သွားရုံနှင့်ပင် ထိုနေရာကပျောက်ကွယ်မသွားဘဲ ပို၍ခိုင်မာလာသည်။

မင်းသားကြီးက မြို့တော်မှ ထွက်ခွာသွားသောအခါ ပြည်တွင်းရေးအားလုံးက သူတို့၏ခေါင်းပေါ်သို့ ရောက်လာသည်။ ထိုအခါမှသာ အားနည်းသောခန္ဓာနှင့်လူငယ်လေးက အလွန်ပညာရှိကာ အရင်းအမြစ်ပြည့်စုံပြီး ညီလာခံတစ်ခုလုံးအား စနစ်တကျစီစဉ်နိုင်မှန်း သူတို့တကယ်ခံစားရသည်။

အရေးကိစ္စများကို ထုံးစံအတိုင်း ထိထိရောက်ရောက် ကိုင်တွယ်ပြီးနောက် ချင်းယွင်က ပင်ပန်းနေပုံဖြင့် သူ၏ထိုင်ခုံထဲသို့ နောက်မှီချလိုက်သည်။ "ဝန်ကြီးတို့အားလုံးမှာ တခြားတင်ပြစရာ ရှိသေးလား။"

"ကျွန်တော်မျိုးမှာ တင်ပြစရာတစ်ခုရှိပါတယ်။" ထွက်လာသောတစ်ယောက်မှာ ဝေ့လင်းပင်။ "တိုင်းပြည်မှာ အုပ်ချုပ်သူမရှိဘဲ တစ်ရက်လေးတောင် ထားလို့မရပါဘူး။ ဧကရာဇ် နာမကျန်းဖြစ်နေတာ ကြာပါပြီ။ အခြေအနေကလည်း ပိုဆိုးလာနေပါတယ်။ လူရိုင်းတွေက အပြင်ဘက်ကနေ ချောင်းမြောင်းနေကြသလို တတိယမင်းသားကလည်း အတွင်းဘက်မှာ ပြဿနာဖြစ်စေခဲ့ပါတယ်။ ကြီးမြတ်သောယန်ရဲ့ ပလ္လင်မှာ ထိုင်ဖို့အတွက် ကောင်းမြတ်သူတစ်ယောက်ကို အလွန့်အလွန် လိုအပ်နေပါတယ်။ ဒါ့ကြောင့် မင်းသားကြီး နန်းတက်ပြီး တိုင်းသူပြည်သားများကို အန္တရာယ်မှ ကယ်တင်ပေးဖို့ ကျွန်တော်မျိုးတောင်းဆိုပါတယ်။"

ဝေ့လင်း၏ စကားများကို ကြားသောအခါ ချင်းယွင် အနည်းငယ် မျက်ခုံးပင့်မိသည်။ သူတွေးထားတာထက် နည်းနည်းမြန်နေတာပဲ။

ဝေ့လင်း၏ စကားများကို ကြားသောအခါ ခန်းမထဲမှ အခြားဝန်ကြီးများလည်း သံပြိုင်လျှောက်တင်ကြသည်။ "အဆိုပြုချက်ကို ထောက်ခံပါတယ်။ မင်းသားကြီး နန်းတက်ဖို့ကို ကျွန်တော်မျိုးတို့ တောင်းဆိုပါတယ်။"

ရွှမ်ကျန်ခန်းမတွင် တစ်ယောက်ပြီးတစ်ယောက် ထတောင်းဆိုကြသည်။ ချန့်ကျိုးမှ ဖြစ်ရပ်က မင်းသားကြီး၏ စိတ်ဓာတ်နှင့် အရည်အချင်းကို ပြည်သူများအား သိသွားစေသည်။ မင်းသားကြီးအကြောင်း ယခင်ကောလဟာလများမှာ ပျောက်ကွယ်သွားပြီး 'ပုန်ကန်ရန်ကြံစည်သူ' တတိယမင်းသားက အသုံးမဝင်သူဖြစ်သွားသည်။

တောင်းဆိုချက်က ပို၍ပို၍ခိုင်မာလာသည်ကို တွေ့သောအခါ ခန်းမထဲမှဝန်ကြီးများက ချင်းယွင်ထီးနန်းဆက်ခံရန်အတွက် ဒူးထောက်ကာ ပြိုင်တူကြွေးကြော်ကြတော့သည်။

ချင်းယွင်က အသနားခံနေသည်ကို တားရန် လက်မြှောက်လိုက်သည်။ သူက မတ်တပ်ရပ်ပြီးနောက် ဂုဏ်ယူခြင်းကိုလည်း မပြသလို နှိမ့်ချတတ်ဟန်လည်း အယောင်မဆောင်ပေ။ သူက လက်ထောင်ပြလိုက်ပြီး ရိုးရှင်းစွာ ပြောလိုက်သည်။ "ဒီတော့ တောင်းဆိုချက်ကို တလေးတစားနဲ့ လက်ခံပါ့မယ်။"

မင်းသားကြီး နန်းတက်မည့်သတင်းက ပြန့်သွားသည်။ နန်းတော်တစ်ခုလုံးက ထိုအတွက်သဲသဲမဲမဲ ပြင်ဆင်နေကြပြီး သတင်းရသွားသော မြို့သူမြို့သားများကလည်း အပျော်လွန်နေသည်။

အတိတ်တွင် ဧကရာဇ် ပြောင်းလဲချိန်တိုင်း၊ များစွာရုတ်ရုတ်သဲသဲဖြစ်လေ့ရှိသည်။ အိမ်ရှေ့စံက မည်သူဖြစ်စေ နန်းတက်ပြီးနောက် ဝန်ကြီးများစွာ ပြုတ်ကြသည်။ ထို့ကြောင့် ဤအခြေအနေမျိုးတွင် မြို့သူမြို့သားများ စိုးရိမ်နေကြသေးသည်။

သို့သော် မင်းသားကြီးက ခြားနားသည်။ မင်းသားကြီး အာဏာရနေသည်မှာ လအနည်းငယ်ရှိနေပြီဖြစ်ပြီး သူ၏နည်းလမ်းများက ပြတ်သားသော်လည်း ၎င်းတို့က အပြစ်ကင်းသူကို မထိခိုက်စေဘဲ ညီလာခံမှအကျင့်ပျက်သူများမှာ ဖယ်ရှားခံရသည်။ မြို့တော်မှလူများက မင်းသားကြီးနန်းတက်မည်ကို စောင့်နေသည်ဟု ပြော၍ရသည်။ အခြားမင်းသားတစ်ယောက်က အရင်ဆုံးအိမ်ရှေ့စံဖြစ်သွားကာ ပြဿနာရှာမည်ကိုလည်း သူတို့စိုးရိမ်နေသည်။ ယခုအခါ မင်းသားကြီးနန်းတက်တော့မည့်သတင်းကို သူတို့ကြားသောအခါ ဘာကြောင့် တစ်ယောက်ကိုတစ်ယောက် အပြေးအလွှား သွားမပြောမည်နည်း။

*****

ချီယူသည်လည်း သတင်းရသွားသဖြင့် မင်းသားကြီးထီးနန်းမရခင် သူမြို့တော်သို့ ပြန်ရောက်နိုင်ရန်အတွက် စစ်သားများကို အရှိန်တင်ရန်အမိန့်ပေးလိုက်သည်။

ညပင်မနားဘဲ ခရီးဆက်ပြီးနောက် မင်းသားကြီး နန်းတက်မည့်နေ့တွင် သူမြို့တော်သို့ ရောက်ရှိခဲ့သည်။ မြို့တော်၏ တံခါးပေါက်ကို ကြည့်ကာ ချီယူအကာအကွယ်မယူဘဲ သူ၏မြင်းနှင့် ရဲရင့်စွာရှေ့တိုးလာသည်။

"မြောက်ပိုင်း စစ်တပ်က မြို့တော်ကို ပြန်လာပြီ။ "

စစ်တပ်၏ နာမည်ကိုကြားလိုက်ရသောအခါ မြို့စောင့်တပ်သားများ ချက်ချင်းထိတ်လန့်သွားသည်။

နန်းစောင့်တပ်များလည်း သတင်းရကာ ချက်ချင်းလာ၍ တားဆီးသည်။ ဖန်ရွေက ချီယူ၏အနောက်မှ ထည်ဝါသော တကယ့်စစ်တပ်ကြီးကို တွေ့လိုက်ရသောအခါ အံကြိတ်မိသည်။ သူတို့၏ မြို့စောင့်တပ်က ရက်ပေါင်းများစွာ ခက်ခက်ခဲခဲ လေ့ကျင့်ထားသော်လည်း ချီယူ၏မြောက်ပိုင်းစစ်တပ်ထက် နိမ့်ကျနေဆဲပင်။

မည်သို့ပင်ဆိုစေ မြောက်ပိုင်းစစ်တပ်က ရဲရင့်ကာ စစ်ရေးကျွမ်းကျင်သော မွန်ဂိုများနှင့် ဆယ်နှစ်ကျော်မျှ တိုက်ခိုက်ခဲ့သည့် ဝါရင့်စစ်သည်များဖြစ်သည်။ သူတို့၏ လက်များ၌ မည်မျှ သွေးစွန်းနေမည်နည်း။ အခြားတစ်ဖက်တွင် မြို့စောင့်တပ်က လေ့ကျင့်ရေးသာ ဆင်းထားသည်။ သူတို့က တကယ့်တိုက်ပွဲကို မတွေ့ကြုံဖူးပေ။ ထို့ကြောင့် မြောက်ပိုင်းစစ်တပ်နှင့်ယှဉ်လျှင် အဆင့်အနိမ့်အမြင့်ကို ချက်ချင်းမြင်နိုင်သည်။

လှောင်အိမ်ထဲ၌ အမွေးခံထားရသော ကျားနှင့် သဘာဝသစ်တောထဲတွင် နေထိုင်နေသော ကျားတို့၏ အခြေအနေက ခြားနားသည်။

မြောက်ပိုင်းစစ်တပ်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် ကြုံရသောအခါပင် ဖန်ရွေအလျှော့မပေးပေ။ သူက အံကြိတ်၍ တင်းမာစွာ ပြောလိုက်သည်။ "ရှေ့ကတစ်ယောက်က မြောက်ပိုင်းဗိုလ်ချုပ်ကြီးချီယူလား။ ဧကရာဇ်က ဗိုလ်ချုပ်ကြီးကို မြောက်ပိုင်းနယ်စပ်မှာ စောင့်ကြပ်ဖို့ တာဝန်ပေးထားတယ်လေ။ ဒီအချိန်မှာ ဘာလို့အကြောင်းပြချက် မရှိဘဲ မြို့တော်ဆီ ပြန်လာတာလဲ။"

ချီယူက မြင်းပေါ်တွင်ထိုင်နေပြီး မြို့စောင့်တပ်သား၏ တားမြစ်မှုကြောင့် မရပ်တန့်သွားပေ။ သူ၏အနောက်တွင် အမည်းရောင်ချပ်ဝတ်တန်ဆာများဖြင့် စနစ်ကျသော စစ်သားများက လေးလံသောခြေလှမ်းများဖြင့် ချီတက်နေသည်။ ခြေတစ်လှမ်း ရှေ့တိုးလာလေလေ၊ အရှိန်အဟုန်က အဆင့်တစ်ဆင့်ပိုတက်လာသည်။

"အိုး၊ မင်းသားကြီးက ထီးနန်းရသွားပြီ မဟုတ်လား။ ဒီဗိုလ်ချုပ်ကြီးက သူ့ကို လာဂုဏ်ပြုပေးတာလေ။ ဘာလို့ မလာရမှာလဲ။ "ချီယူက အားအင်အပြည့်ဖြင့် စိတ်အေးလက်အေး ပြောလိုက်သည်။

ကြီးမြတ်သောယန်ပြည်ထောင်စုတစ်ခုလုံးက မြောက်ပိုင်းစစ်တပ်ကို ကြောက်နေရခြင်းမှာ ချီယူသာပုန်ကန်ချင်ပါက ယန်တစ်ပြည်ထောင်စုလုံးတွင် သူ့ကိုတားနိုင်သူ တစ်ယောက်မှ မရှိသောကြောင့်ဖြစ်သည်။ သူက အကြောင်းပြချက် ကောင်းကောင်းမလိုသလို၊ အခြားလူများ၏ ဝေဖန်စကားကို ကြောက်နေစရာမလိုပေ။ သူ၏အနောက်မှ စစ်တပ်ကို လွှတ်ပေးလိုက်သည်နှင့် ၎င်းတို့ကို ဖိအားပေးထိန်းချုပ်၍ရသည်။

မြောက်ပိုင်းစစ်တပ်၏ ဧရာမဖိအားကို အံတုကာ ဖန်ရွေက ချွေးစေးများထွက်နေသော်လည်း သူ့လက်ထဲမှ လှံကိုမြှောက်လိုက်သည်။ "ဗိုလ်ချုပ်ကြီး၊ ကျေးဇူးပြု၍ ရပ်တန့်ပေးပါ။ မြို့စောင့်တပ်က လွဲရင် တခြားစစ်တပ်တွေက အရှင့်ရဲ့အမိန့်မရဘဲ မြို့တော်ထဲ ဝင်လို့မရပါဘူး။ မဟုတ်ရင် သူတို့တွေက ပုန်ကန်မှုကျူးလွန်တာပါပဲ။"

ထိုတစ်ယောက်၏ လက်လှုပ်ရှားပုံကို တွေ့သောအခါ ချီယူ၏ မျက်ဝန်းများထဲ၌ ကြင်နာမှုအချို့ပေါ်လာသည်။ မြို့စောင့်တပ်များကို ရှန့်ဖုန်းကိုယ်တိုင် တကယ်လေ့ကျင့်ပေးထားပုံပင်။

သို့သော် ထိုကြင်နာမှုက နက်နက်ရှိုင်းရှိုင်း ပိုင်စိုးလိုစိတ်အဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။

ရှန့်ဖုန်းက သူတို့ကို သင်ပေးခဲ့တာလား။ ဘယ်လို သင်ပေးတာလဲ။ ဒီတစ်ယောက်နဲ့ ဘယ်လိုထိတွေ့ခဲ့မလဲ။

ချီယူ၏ မျက်ဝန်းများ စူးရှလာသောအခါ ဖန်ရွေက ဖိအားကို ဆန့်ကျင်ကာ အရှေ့တက်၍ တိုက်ရန်ပြင်သည်။

ချီယူက ထိုတစ်ယောက်၏ လှုပ်ရှားမှုတစ်ခုချင်းစီကိုကြည့်ရင်း မျက်လုံးများပို၍မည်းနက်လာကာ သတ်ဖြတ်ချင်စိတ် ပေါက်ကွဲတော့မလိုပင်။ အချို့အကြောင်းပြချက်များကြောင့် သူကဖန်ရွေနှင့် တူညီသောအကွက်များကို သုံးလိုက်သည်။ မည်သို့ပင်ဆိုစေ၊ တစ်ဖက်လူ၏ လှုပ်ရှားမှုများက ဖိနှိပ်ခံနေရသည်။ ချီယူက ဓားရှည်ကိုသုံးကာ ဖန်ရွေအား မြင်းပေါ်မှပြုတ်ကျစေလိုက်သည်။

ခေါင်းဆောင်နှစ်ယောက်က တိုက်ခိုက်နေကြပြီး၊ သူတို့၏ခေါင်းဆောင်က ရှုံးသွားသည်ကို တွေ့သောအခါ မြို့စောင့်တပ်၏ အရှိန်အဟုန်က ရုတ်တရက် ကျဆင်းသွားသည်။ ဖန်ရွေက သူ၏ရင်ဘတ်ကို ဖိထားကာ မတ်တပ်ပြန်ရပ်သည်။ ချီယူ၏ မျက်ဝန်းများကိုကြည့်ပြီးနောက် သူက တိုင်းတာ၍မရလောက်အောင် ထိတ်လန့်သွားသည်။ "မင်း၊ ....မင်းနဲ့ မင်းသားကြီးတို့က..."

ဖန်ရွေစကားဆုံးသည်အထိ မစောင့်ဘဲ ချီယူကရယ်မောလိုက်သည်။ " မင်းက သူ့လောက် မတော်ဘူး။"

မြို့ထဲသို့ဝင်တော့မည့် စစ်တပ်ကိုတွေ့သောအခါ ဖန်ရွေစိုးရိမ်ပူပန်လာသည်။ သူက ၎င်းတို့အား တားမြစ်မည်ပြင်စဉ်တွင် မြို့ထဲမှလူတစ်ယောက်က မြင်းနှင်လာကာ သူ့အနားလာ၍ တီးတိုးပြောလိုက်သည်။

ဖန်ရွေမျက်မှောင်ကြုတ်မိသော်လည်း အမိန့်ကို လေးစားသဖြင့် မြောက်ပိုင်းစစ်တပ်ကို ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။ " ခုနက ကျွန်တော် အဆင်အခြင်မဲ့သလို ဖြစ်သွားပါတယ်၊ ဗိုလ်ချုပ်ကြီးချီ။ ဗိုလ်ချုပ်ကြီးချီကို မင်းသားကြီးက နန်းတော်ထဲမှာ စောင့်ဆိုင်းနေပါတယ်။"

ဖန်ရွေ၏ စကားများကို ကြားသောအခါ ချီယူမျက်ခုံးပင့်လိုက်သည်။ ထိုမင်းသားကြီးက သူ့အားနန်းတော်ထဲသို့ ဖိတ်ခေါ်ရဲမည်ဟု သူမမျှော်လင့်ထားပေ။


Continue Reading

You'll Also Like

53.3K 5.3K 92
This fic is coherence of system one o six. So you should read System one o six (Season1). It has in my profile so you can check and read it. Love you...
4.4K 568 6
Title : [အပျင်းကြီးတဲ့ 'ဂျင်းနီ' က ချစ်မိသွားပြီ] [SYSTEM] [အပ်င္းႀကီးတဲ့ 'ဂ်င္းနီ' က ခ်စ္မိသြားၿပီ] [SYSTEM] ************** အပျင်းကြီးပြီး အားနွဲ့ဟန...
74.5K 9.1K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်