ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

91

8.2K 1.6K 145
By Vanilla_IceCream61

"အုပ်ချုပ်ရေးမှူးကျန်းက အဲ့လောက်ယဉ်ကျေးနေစရာ မလိုပါဘူး။ ချန့်ကျိုးအခြေအနေက ဆိုးရွားနေတဲ့အတွက် ဟန်ကြီးပန်ကြီးတွေ ရေးကြီးခွင့်ကျယ် လုပ်စရာမလိုပါဘူး။" ချင်းယွင်က လိုက်ကာကို မကာ တစ်ချက်ကြည့်လိုက်သည်။ မြို့ဝင်ပေါက်မှ အဖေနှင့်သမီးနှစ်ယောက်သည် တောက်တောက်ပပဝတ်ဆင်ထားပြီး သူတို့၏ မျက်နှာများက ဤကြမ်းတမ်းသောပတ်ဝန်းကျင်မှာပင် နီတျာတျာ ဖြစ်နေသည်။ သူတို့က မြို့အပြင်ဘက်မှ ဘေးဒုက္ခသည်များနှင့် တူညီသောကမ္ဘာတွင် ရှိမနေသည့်ပုံပင်။

ခေါင်းငုံ့ထားသော မိန်းကလေးကို ကြည့်ပြီးနောက် ချင်းယွင်က ဂရုမစိုက်ဟန်ဖြင့် အကြည့်လွှဲလိုက်သည်။ ကြည့်ရသည်မှာ ဤအဖေနှင့်သမီးက မြို့တော်မှ လာသောသူမှာ သာမန်တော်ဝင်သံတမန်မဟုတ်ဘဲ မင်းသားကြီးကိုယ်တိုင်ဖြစ်ကြောင်း မသိသည့်ပုံပင်။ ထိုသို့မဟုတ်လျှင် ဤကျန်းလင်းက သူ့ကိုအခြားတော်ဝင်သံတမန်များအား ဆက်ဆံသကဲ့သို့ ကြိုဆိုမည်မဟုတ်ပေ။ သူက ဗိုလ်ချုပ်ကြီးနှင့်စေ့စပ်ထားသော သူ့သမီးကိုပင် မျက်နှာပန်းပြထားသည်။

ကြီးမြတ်သောယန်တွင် အမျိုးသားနှင့်အမျိုးသမီးကြားမှ ကန့်သတ်ချက်က သိပ်မတင်းကြပ်ပေ။ သို့သော်လည်း လက်မထပ်ရသောအမျိုးသမီးကို လူထုအမြင်အောက် ချပြရန်အတွက် ခွင့်မပြုပေ။ အောင်မြင်မှုနှင့် ချမ်းသာမှုအတွက် ဤကျန်းလင်းက သူ၏သမီး၏ဂုဏ်သတင်းကိုပင် ဂရုမစိုက်ချေ။

ကျန်းလင်းနှင့် သူ၏သမီး ကျန်းလော်ယန်တို့ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ထူးဆန်းနေသည်။ ပုံမှန်ဆိုလျှင် သံတမန်အားလုံးက ကျန်းလော်ယန်နှင့် ချီယူကြားမှ စေ့စပ်မှုကိုသိရှိနေကြသည်။ သူတို့က ကျန်းလော်ယန်ကိုပင် စကားလုံးအနည်းငယ်ဖြင့် နှုတ်ခွန်းဆက်သကြသေးသည်။ သို့သော် ယခုသံတမန်က အရေးမထားဘဲ အေးစက်စက်တစ်ခွန်းသာ ဆိုလာသည်။

ကျန်းလင်း၏ ရင်ထဲတွင် ကသိကအောက် ခံစားလိုက်ရသော်လည်း ရထားလုံးနှင့် ၎င်း၏အနောက်မှ အစောင့်အကြပ် ငါးယောက်ခြောက်ယောက်မျှကို ကြည့်လိုက်သည်။ ထို့နောက် စိတ်လျှော့လိုက်ကာ နဂိုသံတမန်များနှင့် ဆက်ဆံသကဲ့သို့ ပြောဆိုလိုက်သည်။" လူကြီးမင်းက ခရီးဝေး နှင်လာခဲ့ရမှာပဲ။ ဘာလို့ အရင်အနားမယူတာလဲ။ ဒီအရာရှိရဲ့ အိမ်မှာ စားပွဲသောက်ပွဲ ပြင်ဆင်ထားပါတယ်။ ကျေးဇူးပြု၍ တက်ရောက်ပါဦး။"

"အိုး၊ အဲ့လိုဆို ကောင်းတာပေါ့။" ချင်းယွင်က လိုက်ကာစကို အသာချလိုက်သည်။ သူ့တွင်အုပ်ချုပ်ရေးမှူး၏ လှည့်ကွက်အတိုင်း ကစားရန် အချိန်မရှိပေ။ ချန့်ကျိုးမှ အခြေအနေက ဆိုးရွားနေသဖြင့် အချိန်ထပ်ဆွဲ၍ မရတော့ပေ။ ယနေ့ညတွက် ချန့်ကျိုးအုပ်ချုပ်ရေးမှူး မျိုထားသည့် ဘေးအန္တရာယ် လျော့ပါးသက်သာကြေးများကို အကောင်းအတိုင်းပြန်အန်ထွက်စေရန် သူလုပ်မည်။

သူတို့အုပ်စုက အုပ်ချုပ်ရေးမှူး၏ နေထိုင်ရာသို့ ရောက်လာကြသည်။ နောက်ဆုံးမှ အစောင့်ငယ်လေးက ချီယူ၏ရထားလုံးကိုကြည့်ကာ တံတွေးထွေးလိုက်သည်။ ထိုတော်ဝင်ငကြောက်အုပ်စုများက ပထမတွင် ကျန်းလင်းကို အစိမ်းသက်သက်ဝါးစားမည့်ပုံ ပေါ်သည်။ သို့သော် အုပ်ချုပ်ရေးမှူး၏ နေအိမ်၌ တစ်နပ်မျှစားပြီးသည်နှင့် စစ်ရှုံးသွားသောတပ်သားများကဲ့သို့ ဖြစ်သွားကာ ချန့်ကျိုးမှပြဿနာကို လျစ်လျူလိုက်ကြသည်။ အချို့မှာချက်ချင်းပင် ပြန်သွားတတ်သည်။

ထိုအရာရှိများ ပြန်သွားသည်နှင့် အုပ်ချုပ်ရေးမှူး ကျန်းလင်းက ဒေသခံများ၏ ငွေကြေးကို ပို၍ပင်ကောက်ခံတော့သည်။ ထို့ကြောင့် အစောင့်ငယ်လေး၏ အမြင်တွင် ညီလာခံမှ အရာရှိများနှင့် အုပ်ချုပ်ရေးမှူး ကျန်းလင်းတို့က အတူတူပင်။

အကယ်၍.....အကယ်၍သာ တတိယမင်းသားရောက်လာလျှင် ကောင်းမည်ဟု အစောင့်ငယ်လေး တွေးမိသည်။ တတိယမင်းသား ထွက်ခွာသွားပြီးနောက် ဤကျန်းလင်းက သူ၏နည်းလမ်းဟောင်းကို ပြန်သုံးသော်လည်း တတိယမင်းသား ရှိနေချိန်တွင်ခေတ္တမျှ ရပ်ထားသည်။ ထိုအချိန်က ခဏလေးသာဖြစ်သော်လည်း ၎င်းက ချန့်ကျိုးဒေသခံအားလုံးကို ဝမ်းမြောက်စေသည်။

အစောင့်ငယ်လေးကသာ ထိုသို့တွေးသည်မဟုတ်ပေ။ ချင်းယွင်တို့ မြို့ထဲဝင်သွားသောအခါ ဒုက္ခသည်များက မြို့တော်မှလာသော အရာရှိများကို မျှော်လင့်ချက်ရှိနေသော မျက်ဝန်းများဖြင့် လမ်းဘေးတွင် စုဝေးကာ ကြည့်နေသည်။ အချို့ရဲတင်းသူများက အစောင့်အကြပ်များကို ခပ်တိုးတိုးမေးသေးသည်။"သူတို့က မြို့တော်ကလူတွေလား။ သူတို့ကို တတိယမင်းသား ပို့လိုက်တာလား။"

"မဟုတ်ဘူး။" အစောင့်အကြပ်က ခါးသီးသောမျက်နှာဖြင့် ခေါင်းသာခါပြနိုင်သည်။"အခု မင်းသားကြီးက အာဏာရနေတယ်လို့ ငါကြားတယ်။ အခုလာတဲ့တစ်ယောက်က မင်းသားကြီး ပို့လိုက်တဲ့ သံတမန်ဖြစ်မယ်။"

ထိုစကားများကို ကြားသောအခါ သတင်းလာမေးသူများ ရုတ်တရက်ခြေကုန်လက်ပန်းကျသွားပုံပေါ်ကာ ထောင့်တွင်ဖရိုဖရဲ ထိုင်ချလိုက်ကြသည်။ ဤမျှ ဆိုးဆိုးရွားရွား ရေကြီးနေကာ လယ်ကွင်းပြင်များလည်း မီးကြောင့်ပျက်စီးနေပြီး မြစ်ကမ်းဘေးတွင် ရေနစ်သေဆုံးသွားသော အလောင်းများ ဖုံးလွှမ်းနေသည်။ ယခုအခါ အုပ်ချုပ်ရေးမှူးကို စိတ်အနှောက်အယှက်ပေးမည့် တော်ဝင်သံတမန်များပင် ရောက်လာသည်။

ကျန်းလင်း၏ နည်းလမ်းများကို ကြောက်ရွံ့သဖြင့် မည်သူမှ ချင်းယွင်ကို မကြိုဆိုချင်ပေ။ အရာရှိများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသော်လည်း သူတို့လိုချင်သောရလဒ်အား မည်သူမျှမယူဆောင်လာပေးခဲ့ပေ။ ထိုအစား ကျန်းလင်း၏ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကိုသာ ပိုဆိုးရွားလာစေသည်။

မြို့တော်မှ အရာရှိများ ရောက်လာခြင်းက ချန့်ကျိုးဒေသခံများအတွက် သတင်းကောင်းမဟုတ်တော့ဘဲ သတင်းဆိုးကြီးတစ်ခုသာ ဖြစ်သွားသည်။ မြို့တော်မှ ရထားလုံးက အုပ်ချုပ်ရေးမှူး၏ နေထိုင်ရာထဲ ဝင်သွားသည်ကို ကြည့်ကာ လမ်းဘေးတွင်ရပ်ကြည့်နေသော ချန့်ကျိုးဒေသခံများက ဤတော်ဝင်သံတမန်ကို လွှတ်လိုက်သော မင်းသားကြီးအား စိတ်ထဲတွင် မကျေမချမ်းဖြစ်နေသည်။ မင်းသားကြီးသာ ထီးနန်းရသွားလျှင် သူတို့၏နေ့ရက်များ မည်သို့ဖြစ်လာမည်ကို မမှန်းဆနိုင်တော့ပေ။

ချင်းယွင်က အုပ်ချုပ်ရေးမှူး၏ စံအိမ်ထဲ ရောက်လာပြီးနောက် ပရိဘောဂများကို တွေ့သောအခါ ချန့်ကျိုးတွင် ကျန်းလင်းက မည်သို့နေနေသည်ကို သိလိုက်သည်။ အုပ်ချုပ်ရေးမှူးစံအိမ်က ဧည့်သည်များကို ကျန်းလင်းဧည့်ခံရာနေရာသာဖြစ်သည်။ ၎င်းက သူ၏ကိုယ်ပိုင်စံအိမ်ထက် ပို၍ပင် 'နိမ့်ကျ' လောက်သည်။

ကျန်းလော်ယန်က သူမ၏အဖေကို မသိမသာကြည့်လိုက်သည်။ သူမ၏ အနည်းငယ်လိမ္မာပါးနပ်သော မျက်လုံးများတွင် သံသယများ ပြည့်နေသည်။ မင်းသားကြီးက အာဏာရနေမှန်း သူမ သိကာ သူပို့လိုက်သော အရာရှိကလည်း ယခင်လူများကဲ့သို့ ကောင်းမွန်သလား မရှင်းလင်းပေ။

ကျန်းလင်းက သူ၏သမီးကို စိတ်အေးစေရန် ပြန်ကြည့်ကာ မျက်လုံးမှိတ်ပြလိုက်သည်။

သူမဖခင်ထံမှ အချက်ပြချက်တစ်ခုရသောအခါ ကျန်းလော်ယန်က ချက်ချင်း ခလုတ်တိုက်ဟန်ဆောင်လိုက်သည်။ သူမခေါင်းပေါ်မှ ရွှေရောင်လိပ်ပြာက လှုပ်လှုပ်ရွရွဖြစ်သွားပြီး ထူးဆန်းသာယာသော အသံထွက်လာကာ စံအိမ်ထဲမှ လူတိုင်း၏ အာရုံကိုဆွဲဆောင်လိုက်သည်။

"သမီးရယ်၊ ဗိုလ်ချုပ်ကြီးချီပေးတဲ့ ခန်းဝင်ပစ္စည်းထဲက ရတနာပစ္စည်းကို ဘာလို့ထုတ်ဝတ်လာတာလဲ။ ဒါသာ ပြုတ်ကျသွားရင် အဖေတို့ ဘယ်လိုလုပ်မလဲ။ " ကျန်းလင်းက အယောင်ဆောင်ဒေါသဖြင့် ဆူပူလိုက်သည်။

ကျန်းလော်ယန်က သူမအဖေ၏ စကားများကိုကြားသောအခါ ကြောက်ရွံ့သွားရမည့်အစား တမင်ပင်ခြေဆောင့်ကာ မျက်နှာရဲရဲဖြင့် နှုတ်ခမ်းဆူပြသည်။ "ဗိုလ်ချုပ်ကြီးက သမီးကို ပေးတဲ့ဟာပဲလေ။ သမီးက ဘာလို့ မသုံးရမှာလဲ။"

ကျန်းလော်ယန်၏ လှုပ်ရှားမှုကြောင့် လိပ်ပြာ၏အတောင်နှစ်ဖက်က ထပ်မံ၍ ထင်ရှားစွာ တဖျပ်ဖျပ်လှုပ်သွားသည်။ တမင်သက်သက် ရည်ရွယ်သလား၊ အမှတ်တမဲ့လား မသိသော်လည်း သူမလှည့်လာသောအခါ တဖျပ်ဖျပ်လှုပ်နေသော လိပ်ပြာက ချင်းယွင်မျက်နှာရှေ့တွင် ကွက်ကွက်ကွင်းကွင်းဖြစ်နေသည်။

ရွှေရောင်လိပ်ပြာကို ချင်းယွင် တစ်ချက်ကြည့်ကာ စိတ်ထဲလှောင်ပြောင်လိုက်သည်။ ဤသမီးနှင့်အဖေက သူ့ကိုကိုယ်တိုင် လာရောက်ကြိုဆိုသည်ဖြစ်စေ၊ စားပွဲသောက်ပွဲသို့ ဖိတ်ခေါ်သည်ဖြစ်စေ၊ ၎င်းတို့က ချီယူကိုသုံးကာ သူ့အားဖိအားပေးနေခြင်းပင်။

"အို့၊ ဒါက ကျန်းသခင်မလေးနဲ့ တကယ်လိုက်ဖက်တာပဲ။ ဒါက သူမ စေ့စပ်ထားသူဆီက လက်ဆောင်ဆိုတော့ ကြိုက်တဲ့အချိန် ဝတ်ဖို့သင့်တော်ပါတယ်။" ချင်းယွင်က သူ့စကားကို အေးစက်စက်အဆုံးသတ်လိုက်ကာ အုပ်ချုပ်ရေးမှူး ကျန်းလင်းကို စိုက်ကြည့်လိုက်သည်။ "အုပ်ချုပ်ရေးမှူးနဲ့ ဘေးအန္တရာယ် လျော့ပါးသက်သာရေးအကြောင်း စကားပြောချင်တယ်။ အုပ်ချုပ်ရေးမှူးမှာ အချိန်ရှိသလား။"

မြို့တော်မှ ချင်းယွင်အနောက်လိုက်လာသော အစောင့်အရှောက်များက သူတို့အရှင်မင်းသား၏ ယခင်နေ့များနှင့် ကွာခြားသောအသံအနေအထားကို ကြားကာ ချင်းယွင်အား အံ့ဩစွာကြည့်ကြသည်။ ချန့်ကျိုးမှမြင်ကွင်းက အရှင်မင်းသားအား အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်စေသောကြောင့် ဖြစ်မည်ဟူ၍သာ ထင်လိုက်သည်။ ထိုသို့မဟုတ်လျှင် သူ၏စကားများက ဘာကြောင့်ဤမျှအေးစက်နေမည်နည်း။

အခြားအရာရှိများကဲ့သို့ပင် ကျန်းလော်ယန်၏ဆံပင်အဆင်တန်ဆာကို ချင်းယွင်က ချီးကျူးသည်ကို ကျန်းလင်းကြားသောအခါ ချက်ချင်းပြုံးကာ မုတ်ဆိတ်မွေးသပ်လိုက်သည်။ ချင်းယွင်၏ သိသိသာသာ အေးစက်သောအသံက လျစ်လျူရှူခံရသည်။

ချီယူ၏နာမည်ဖြင့် ခြိမ်းခြောက်ခံလိုက်ရသောအခါ သူတို့၏ခြေထောက်ကြား အမြီးကုပ်ကာ သူ့ကိုထင်မြင်ချက်မပေးတော့ဘဲ ထွက်မပြေးသည့် တော်ဝင်သံတမန် တစ်ယောက်မျှ မရှိခဲ့ပေ။

"အလောကြီးစရာ မလိုပါဘူး၊ လူကြီးမင်းရယ် ။ စီးပွားရေးကိစ္စတွေမပြောခင် ညစာအရင်စားရအောင်။" ကျန်းလင်းက ချီယူကို ဧည့်ခန်းမဘက်သို့ ခေါ်သွားသည်။

ကျန်းလင်း၏ စကားများကို ကြားသောအခါ ချင်းယွင်၏နှလုံးသားထဲမှ အေးစက်မှုကို မထိန်းနိုင်တော့လုနီးနီးဖြစ်ကာ ပြည့်လျှံလာသည်။ ချန့်ကျိုးတွင် ဒေသခံများက အချိန်တိုင်းဆာလောင်ငတ်မွတ်နေကြသည်။ သို့သော်ဤအုပ်ချုပ်ရေးမှူးကျန်းလင်းက ညစာစားပြီးသောအခါမှ စီးပွားရေးအကြောင်း ပြောချင်နေသေးသည်လား။

အုပ်ချုပ်ရေးမှူးစံအိမ်မှ ညစာကမည်သို့ဖြစ်နေမည်ကို သူမြင်ရန်စိတ်ဝင်စားမိသည်။

*****

ညစာစားပွဲ စတင်သောအခါ စားပွဲပေါ်၌ လက်ရာမြောက်သောဟင်းပွဲများ ခင်းကျင်းထားသည်။ စားပွဲပေါ်မှ ကြီးမားသောငါးနှင့် အသားများကိုကြည့်ကာ ချင်းယွင်စားချင်စိတ်မရှိပေ။ ချန့်ကျိုးတစ်ခွင်တွင် ပြည်သူလူထုက ဆာလောင်၍ ပူဆွေးနေကြသော်လည်း အုပ်ချုပ်ရေးမှူးသည် ကောင်းကောင်းစားနေကာ သူ၏သမီးမှာလည်း သူမလက်သည်းများကို အလှဆင်နိုင်သေးသည်။

ဤစားပွဲတစ်ခုလုံးကိုကြည့်ကာ ချင်းယွင်အနောက်မှ အစောင့်အကြပ်များသည်ပင် ဒေါသထွက်လာသည်။ ဤအုပ်ချုပ်ရေးမှူး၏ စံအိမ်တစ်ခုလုံးကို ချန့်ကျိုးပြည်သူများ၏ အသွေးအသားများဖြင့် တည်ဆောက်ထားခြင်း  မဟုတ်ပေဘူးလား။

ချင်းယွင်က အသားငါးများ ပြည့်နေသော စားပွဲကိုကြည့်ကာ စားချင်စိတ်မရှိသော်လည်း ချန့်ကျိုးအုပ်ချုပ်ရေးမှူးမှာ လုံလောက်သည်ဟုမထင်ဘဲ ချင်းယွင်အား ဟင်းလျာများအကြောင်းကို တောင်ရောက်မြောက်ရောက် ပြောနေသည်။

ဟင်းလျာများအကြောင်း မိတ်ဆက်သည်က အယောင်ဆောင်ပင်။ ၎င်းတို့အား ခင်းကျင်းရန် သုံးထားသော အသုံးအဆောင်များကို ကြွားလုံးထုတ်ခြင်းက တကယ့်ရည်ရွယ်ချက်ပင်။ တစ်စုံတစ်ခုကို မိတ်ဆက်ပေးသည့်အချိန်တိုင်း သူကအစေခံကို ဟန်များစွာဖြင့် ဆူပူတတ်သည်။ "မင်း အတင့်ရဲလိုက်တာ။ ဗိုလ်ချုပ်ကြီးချီက ခန်းဝင်လက်ဆောင်ပေးထားတဲ့ အသုံးအဆောင်တွေကို မင်းဘယ်လိုလုပ် ထုတ်သုံးလိုက်တာလဲ။"

ကျန်းလော်ယန်သည်လည်း သူမအဖေ၏ လုပ်ရပ်များကို သိနေသည့်ပုံပင်။ ဗိုလ်ချုပ်ကြီးချီပို့လိုက်သော စာလွှာများကို သူမ၏အစေခံက ပျက်စီးစေသည့်အတွက် ဆူပူကာ၊ သို့မဟုတ် သူမဝတ်ဆင်ထားသည့် ကျောက်မျက်ရတနာများကို ကြွားဝါကာ ခဏခဏ ကူညီပေးနေသည်။

ဟုတ်သည်။ ထိုစာလွှာကိစ္စကို ကျန်းလော်ယန် အကြံအဖန်လုပ်ထားခြင်းပင်။ ဧကရာဇ်ဟုန်းမျင်က သူမကို ချီယူနှင့် စေ့စပ်ပေးထားသည်မှာ နှစ်နှစ်ပြည့်တော့မည်ဖြစ်သည်။ ပထမပိုင်းတွင် သူမက ဗိုလ်ချုပ်ကြီးချီ လာရောက်လက်ထပ်မည်အား စောင့်မျှော်နေခဲ့သေးသည်။ သို့သော် တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားပြီးနောက် ထိုချီယူက သူမအား မေ့လျော့သွားပုံပေါ်သည်။ နယ်စပ်သို့သွားကာ ချီယူအား ရှာပြီး လက်ထပ်ရန်တိုက်တွန်းရန်လည်း သတ္တိမရှိသဖြင့် သူတို့သည်းခံနေရုံသာ တတ်နိုင်သည်။

ကျန်းလော်ယန်က အလွန်မကျေမနပ်ဖြစ်နေသည်။ အစပိုင်းတွင် သူမဖခင်၏လုပ်ရပ်ကြောင့် စိတ်မသန့်သော်လည်း ယခုအခါ သူမဖခင်က ချီယူ၏ ဂုဏ်ပုဒ်ကိုယူကာ အကျိုးအမြတ်ရရန်အသုံးချခြင်းမှာ သဘာဝကျသည်ဟု သူမထင်လာသည်။

ထိုအဖေနှင့်သမီးက စံအိမ်ထဲမှ ပရိဘောဂများကို တစ်ခုပြီးတစ်ခု မိတ်ဆက်ပေးနေသည်။

ဤစကားများသည် မြို့တော်မှ သံတမန်များအတွက် အဟန့်အတားဖြစ်မည်ဟု သူတို့ထင်ထားသည်။ မည်သို့ပင်ဆိုစေ ကျန်းလင်း၏ အမြင်အရ တော်ဝင်သံတမန်များအဖြစ် အပို့ခံရသူများမှာ တိုင်းပြည်ကိုဂရုစိုက်သော အရေးပါသည့် အရာရှိများဖြစ်သည်။ အရာရှိတစ်ယောက်၏ အဓိကတာဝန်မှာ အခြေအနေအားလုံးကို အလေးထားရန်ဖြစ်သဖြင့် ချီယူအား ဆန့်ကျင်ကာ ဆူပူအုံကြွမှု ဖြစ်စေရန် မဝံ့ရဲပေ။ အထူးသဖြင့် ယခုအခါ ဧကရာဇ်ဟုန်းမျင်က ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေသည်။

အခြားလူများ၊ သို့မဟုတ် ဝေ့လင်းလာရောက်လျှင်လည်း ဤအဖေနှင့်သမီး၏ ဖြီးဖြန်းမှုကြောင့် ချီယူ့လက်ထဲမှ အင်အားအတွက် အနည်းငယ်ပူပန်မိလိမ့်မည်။ သို့သော် အဖေနှင့်သမီးက မင်းသားကြီးဖြစ်သော ချင်းယွင်နှင့် တွေ့ဆုံနေရသဖြင့် ၎င်းတို့၏စကားများက သူ့ကိုမတုံ့ဆိုင်းစေပဲ ချင်းယွင်၏နှလုံးသားထဲမှ အမျက်ဒေါသကို အဆုံးစွန် မီးရှို့ပေးလိုက်သည်။

သူက စားပွဲဝိုင်းအလယ်မှ ရွှေရည်သုတ်ထားသော ကျောက်စိမ်းပန်းအိုးကို ရုပ်သေကြီးဖြင့် ဒေါသထွက်စွာ စိုက်ကြည့်နေသည်။ ကျန်းလင်း၏ အဆိုအရ ဤကျောက်စိမ်းပန်းအိုးသည် ချီယူပေးသမျှ ခန်းဝင်ပစ္စည်းများထဲမှ အဖိုးအတန်ဆုံးတစ်ခုဖြစ်ပြီး ကျန်းလော်ယန်က ၎င်းကိုအလွန်နှစ်သက်သဖြင့် သူမစားသောက်သည့်အချိန်တိုင်း မြင်နေရသည်အား ကြိုက်သည်။

ကျန်းအဖေနှင့်သမီးက သူတို့၏ခံတွင်းများ ခြောက်သွေ့သွားသည်အထိ ကြွားနေကြသည်။ ဘာမှပြောစရာမကျန်တော့မှသာ ရပ်တန့်ပြီး ရေသောက်ကြသည်။

ထိုအချိန်တွင် တူ မကိုင်ထားဘဲ ခပ်မတ်မတ်ထိုင်နေသော ချင်းယွင်၏ မျက်ဝန်းထဲ၌ အရှိန်အဝါများ ပြည့်နေသည်။ "အုပ်ချုပ်ရေးမှူးနဲ့ သမီးဖြစ်သူတို့ ပြီးပါပြီလား။ ဒါဆို ဒီအရာရှိမှာ ပြောစရာစကားနည်းနည်း ရှိပါတယ်။"

ချင်းယွင်၏ သဘောထားကို တွေ့သောအခါ ကျန်းလင်းနှင့် သူ့သမီးတို့ တစ်ပြိုင်နက် ခဲတောင့်သွားသည်။ ချင်းယွင်၏ အနားမှ အစောင့်အရှောက်များပင် အသက်ရှူအောင့်မိသွားကာ ချင်းယွင်စကားပြောမည်ကို စောင့်နေသည်။ အရှင်မင်းသားသည် ခုနကအမျက်ဒေါသကို ဖုံးကွယ်ထားကာ မဖော်ပြထားကြောင်း သူတို့သိလိုက်သည်။ ယခုအခါသည် မင်းသားကြီးဒေါသ၏ ရှေ့ပြေးပင်။

ချင်းယွင်က စားပွဲကို လက်ညှိုးဖြင့် အသာပုတ်လိုက်သည်။ သူကထိုနှစ်ယောက် မိတ်ဆက်ပေးသောအရာအားလုံးကို တစ်ချက်ဝိုက်ကြည့်ပြီး လှောင်ပြောင်လိုက်သည်။ "အုပ်ချုပ်ရေးမှူး ပြောသလိုဆိုရင် ဒီအရာတွေအားလုံးကို ဗိုလ်ချုပ်ကြီးချီက သတို့သမီးအတွင် ခန်းဝင်ပစ္စည်းအဖြစ် ပေးထားတာပေါ့။ ဒါပေမဲ့ ဒီဟာတွေတစ်ခုချင်းစီတိုင်းမှာ တစ်မူထူးခြားတဲ့  တော်ဝင်လက်ဆောင်အမှတ်အသားတွေ လာလို့အထွင်းခံထားရတာလဲ။"

ကျန်းလင်းဆွံ့အသွားကာ သူ့မျက်နှာမှ ချွေးစေးများ ချက်ချင်း စီးကျလာသည်။

"တော်ဝင်လက်ဆောင်တွေကို သုံးပြီးဧည့်သည်တွေကို ဧည့်ခံတယ်။ အုပ်ချုပ်ရေးမှူးရဲ့ ဒီကြီးကြီးမားမားအရိုအသေမဲ့မှုကို ခွင့်လွှတ်လို့မရဘူး။ " ချင်းယွင်၏ အသံတွင် ဒေါသပါလာသည်။ " မြောက်ပိုင်းဗိုလ်ချုပ်ကြီးလည်း ဒီပစ္စည်းတွေကို တခြားလူတွေဆီပေးရင် အုပ်ချုပ်ရေးမှူးနဲ့ အပြစ်အတူတူပဲ။ နှစ်ယောက်လုံးက ခွင့်လွှတ်လို့မရတဲ့ ပြစ်ဒဏ်ကျူးလွန်တာဖြစ်တယ်။"

'ခွင့်လွှတ်လို့မရတဲ့ ပြစ်ဒဏ်' ဟူသောစကားကြောင့် အုပ်ချုပ်ရေးမှူး ထိတ်လန့်သွားသည်။ သူနှင့်ချီယူတို့ ပက်သက်သွားစဉ်ကတည်းကပင် မည်သူ့ထံကမှ ဤသို့သောစကားကို မကြားခဲ့ရပေ။

ဤပစ္စည်းများမှာ တော်ဝင်လက်ဆောင်များဖြစ်ကြောင်း သူသိသည်။သို့သော် ယခင်အရာရှိများက ချီယူသည် တော်ဝင်လက်ဆောင်များကိုပင် သတို့သမီးအတွက် သုံးရဲသဖြင့် အုပ်ချုပ်ရေးမှူး၏ သမီးကို အလွန့်အလွန်ချစ်မြတ်နိုးသည်ဟု ထင်ကြသည်။ သို့သော် ယနေ့ရောက်လာသော အရာရှိက ဘာကြောင့်ဤကဲ့သို့ ဒေါသထွက်နေသော အပြုအမူဖြင့် တုံ့ပြန်သနည်း။

တကယ်တမ်းတွင် ခန်းဝင်ပစ္စည်းကို ချီယူပေးခြင်း မဟုတ်ပေ။ ဧကရာဇ်ဟုန်းမျင်က လက်ထပ်ပွဲသတ်မှတ်ပေးလိုက်ပြီးနောက် ချီယူသည် နယ်စပ်ရောက်နေသဖြင့် ဧကရာဇ်ကိုယ်တိုင် တာဝန်ယူကာ ပစ္စည်းအချို့ကို ဗိုလ်ချုပ်ကြီးအိမ်မှ တစ်စုံတစ်ယောက်အား သွားပေးခိုင်းလိုက်ခြင်းပင်။ သို့သော် ကျန်းလင်းမှ ၎င်းကိုချီယူကခန်းဝင်ပစ္စည်းအဖြစ်ပေးသည်ဟု ထင်မည်ဟု သူမမျှော်လင့်ထားပေ။

စားပွဲမှ တင်းအားက များလာသည်။ အပျော့နည်းက အသုံးမဝင်သည်ကို တွေ့သောအခါ ကျန်းလင်းသည် ထိုတစ်ယောက်လာစဉ်က နိမ့်ကျသောရထားလုံးကို တွေးမိသွားသည်။ ဤလူက ရာထူးကြီးမည်မဟုတ်ဟု သူယုံကြည်သဖြင့် တိုက်ရိုက်ခြိမ်းခြောက်လိုက်သည်။ "လူကြီးမင်းက ဘာကိုဆိုလိုချင်တာပါလဲ။ ဂရုတစိုက် တွေးသင့်ပါတယ်။ ကြီးမြတ်သောယန်တစ်ပြည်ထောင်စုလုံးမှာ ဗိုလ်ချုပ်ကြီးချီလက်ထဲက မြောက်ပိုင်းစစ်တပ်ကို ယှဉ်နိုင်တဲ့လူ တစ်ယောက်မှ မရှိပါဘူး။ ပြီးတော့ ဗိုလ်ချုပ်ကြီးချီကလည်း ကျုပ်သမီးကို အရမ်းချစ်မြတ်နိုးတယ်နော်။ ကျန်းမိသားစုမှာသာ တစ်ခုခုဖြစ်ပျက်သွားလို့ ဗိုလ်ချုပ်ကြီးချီ ဒေါသပုန်ထပြီး ပုန်ကန်ရင် ပြဿနာတက်လိမ့်မယ်။"

ကျန်းလင်း ပြောလေလေ ယုံကြည်မှုတက်လာလေလေပင်။ သူပြောသောစကားများက တဖြည်းဖြည်း အင်အားပြည့်လာသည်။ "ကျုပ်မှန်းတာသာ မှန်မယ်ဆိုရင် လူကြီးမင်းက မင်းသားကြီး လက်အောက်က ဖြစ်ရမယ်။ မင်းသားကြီးသာ ထီးနန်းလိုချင်ရင် ဗိုလ်ချုပ်ကြီးချီနဲ့ ရင်ဆိုင်ရဲမှာမဟုတ်ဘူး။"

ချင်းယွင်၏ မျက်နှာထားက ပို၍ဆိုးလာသည်ကိုတွေ့သောအခါ ကျန်းလင်းရယ်မောကာ အလွန်စိတ်ကြီးဝင်လာသည်။ "လူကြီးမင်း ရှင်းရှင်းလင်းလင်း မြင်သင့်ပါတယ်။ လူကြီးမင်းရဲ့ သခင်ကတောင် ကျန်းလင်းဆိုတဲ့ ကျုပ်ကို မထိရဲဘူး။"

ကျန်းလင်းစကားဆုံးသွားသည်နှင့် မျက်နှာချင်းဆိုင်မှ ခံ့ညားသောလူငယ်လေးက နှုတ်ခမ်းများကို ညင်သာစွာဖွင့်လိုက်သည်အား သူတွေ့ရသည်။ "အိုး။ ဒီမင်းသားကြီးက ဗိုလ်ချုပ်ကြီးချီကို ကြောက်ရမယ်ဆိုတာ ဘာလို့မသိရသေးတာလဲ။"

ထိုသို့ပြောပြီးနောက် လူငယ်လေးက သူ၏ခါးမှ ကျောက်စိမ်းဆွဲပြားကို ကြိုးဖြေကာ စားပွဲပေါ် ပစ်ချလိုက်သည်။ အဖြူရောင်စိုနေသော ကျောက်စိမ်းပေါ်တွင် အင်အားကြီးမားသော နဂါးက 'ဆာ' ဟူသောစကားလုံးကို ဝိုင်းထားသည်။

ဤ 'ဒေါက်'ဟူသောအသံက ကျန်းလင်း၏နှလုံးသားထဲတွင် ကျယ်လောင်စွာ မြည်ဟည်းသွားသည်။ သူကစားပွဲပေါ်မှ ကျောက်စိမ်းဆွဲပြားကို မှင်တက်စွာကြည့်နေသည်။

ဒီမင်းသား...ဒီမင်းသား ဟုတ်လား။

'ဘုန်း' နဂိုက ယုံကြည်ချက်ရှိနေသော ချန်းကျိုးအုပ်ချုပ်ရေးမှူးမှာ သူ၏ထိုင်ခုံနှင့်အတူ ကြမ်းပြင်ပေါ် ကျသွားသည်။

******

ကောင်းကင်တစ်ခွင်တွင် မိုးသည်းထန်စွာရွာနေသည်။ မိုးကြိုးများ၊ လျှပ်စီးများက ပဲစေ့အရွယ် မိုးရေစက်များနှင့်အတူ မှောင်မဲသောကောင်းကင်ကို ထိုးဖောက်လာသည်။

ဤသို့သော မိုးသက်မုန်တိုင်းကျနေချိန်တွင် မြို့ထဲမှ ဒုက္ခသည်များမှာ မိုးထံမှ ပုန်းကွယ်စရာနေရာမရှိဘဲ ထောင့်များတွင်သာ ကွေးနေနိုင်သည်။

အချို့လူများက ဆာလောင်စွာနှင့်ပင် မျက်လုံးပိတ်နေကြသည်။ အများစုကမူ အုပ်ချုပ်ရေးမှူး စံအိမ်မှ မိုးသည်းနေချိန်မှာပင် ထွက်လာသော ရနံ့ကို ရှူနေကြသည်။

အိုး၊ အုပ်ချုပ်ရေးမှူး စံအိမ်မှာ တော်ဝင်သံတမန်ကို ကြိုဆိုပွဲကျင်းပနေတာပဲ။

သူတို့ ခြောက်ကပ်ကပ်တွေးမိသည်။ သူတို့၏ ဆာလောင်နေသော ခန္ဓာကိုယ်များက အနံ့ခံရရုံနှင့်ပင် ကျေနပ်နေပုံဖြင့် အုပ်ချုပ်ရေးမှူး စံအိမ်ဘက်သို့ ရွေ့သွားကြသည်။

ဤသို့ဖြင့် လူများစွာက မသိလိုက်မသိဘာသာဖြင့် စုဝေးမိသွားသည်။

အုပ်ချုပ်ရေးမှူး စံအိမ်မှ အပေါက်စောင့်များသည် ဝမ်းနည်းနေပုံပေါ်သည်။ သို့သော် ကျန်းလင်း၏ ညစ်ပတ်သော အမိန့်အာဏာကြောင့် သူမျက်မှောင်ကြုတ်ကာ လူများကို မောင်းထုတ်ရသည်။

သို့သော် မောင်းထုတ်သည်ကလည်း မထိရောက်ပေ။ ရနံ့ကိုရှူရင်းဖြင့် အဝေးမှလူများ ပိုရောက်လာသည်။ သူတို့က အနီးတစ်ဝိုက်တွင် ထိုင်နေကြကာ စံအိမ်ကို စိတ်ထက်သန်သော မျက်လုံးများဖြင့်ကြည့်ပြီး အစားအစာအကြွင်းအကျန် အနည်းငယ်ကိုပင် ရရန်ဆုတောင်းနေသည်။

အပြစ်ကင်းသော ကလေးများကပင် ငိုရန်မေ့လျော့သွားကာ လက်ချောင်းကိုက်ရင်း အုပ်ချုပ်ရေးမှူး စံအိမ်၏ပိတ်ထားသော တံခါးကိုကြည့်နေသည်။ သူတို့က မရောက်နိုင်သော ကောင်းကင်ဘုံကို ကြည့်နေသည့်ပုံပေါ်သည်။

ရုတ်တရက် 'ဘုန်းခနဲ ' မိုးကြိုးပစ်သံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ ဝင်ပေါက်တံခါးများ ပွင့်သွားသောအသံလည်း ပါသလိုပင်။

အုပ်ချုပ်ရေးမှူး၏ စံအိမ်အရှေ့တွင် နေနေကြသော ဒုက္ခသည်များက မျက်လုံးများကို ပွတ်ကြည့်သောအခါ အုပ်ချုပ်ရေးမှူး၏စံအိမ်တံခါးက တကယ်ပွင့်နေသည်ကို မြင်လိုက်ရသည်။ အစောင့်အကြပ်အချို့ထွက်လာပြီး ခေါင်းဆောင်က ကျယ်လောင်စွာအော်ပြောသည်။ "အုပ်ချုပ်ရေးမှူး ကျန်းလင်းက အကျင့်ပျက်တဲ့အတွက် မလျော်ကန်တဲ့ အရာရှိလို့ မင်းသားကြီးက ကြေငြာလိုက်ပြီ။ ဒါ့ကြောင့် သူက အုပ်ချုပ်ရေးမှူး ရာထူးကနေ အဖယ်ရှားခံရပြီး နောက်ရက်ကျရင် ကွပ်မျက်ခံရမယ်။ အုပ်ချုပ်ရေးမှူး စံအိမ်က ကုန်ပစ္စည်းတွေကို ချန့်ကျိုးက ဘေးအန္တရာယ် လျော့ပါးသက်သာရေးအတွက် အသုံးပြုမယ်။ ဝင်ရောက်စွက်ဖက်တဲ့ ဘယ်သူမဆို ချက်ချင်းအရေးယူခံရမယ်။ "

ဤအမိန့်ထွက်လာသည်နှင့် အုပ်ချုပ်ရေးမှူးစံအိမ် ဝင်ပေါက်တွင် အိုးပေါက်ကွဲသွားသလိုပင်။ သူတို့၏ အိမ်များအား ဝင်ရောက်စီးနင်းခံရသကဲ့သို့ မြင်ကွင်းအား အုပ်ချုပ်ရေးမှူး စံအိမ်၌ မြင်ရလိမ့်မည်ဟု ဒုက္ခသည်အားလုံး စိတ်မကူးရဲပေ။ ခုနက မိုးကြိုးဖြင့် သူတို့အပစ်ခံလိုက်ရသည်ဟု လူတိုင်းခံစားလိုက်ရသည်။

"မင်း ကြားလိုက်လား။ အုပ်ချုပ်ရေးမှူးစံအိမ်က သိမ်းပိုက်ခံရတော့မယ်တဲ့။"

"ဘေးအန္တရာယ် လျော့ပါးသက်သာရေး၊ အစာ...ငါတို့ စားစရာ ရပြီ..." အချို့ အမျိုးသမီးများက သူတို့၏ကလေးများကို ပွေ့ဖက်ကာ ရှိုက်ငိုနေကြသည်။ ၎င်းသည်အိပ်မက်တစ်ခုဖြစ်လျှင်ပင် သူတို့အား ငြိမ်းချမ်းသော အခိုက်အတန့်တစ်ခု ရရှိစေသည်။

မြို့ဝင်ပေါက်တွင် ဆူညံနေကြသည်။ ဤနေရာမှ ပွက်လောရိုက်နေမှုကို သိသွားသော နေရာအနှံ့မှ ဒုက္ခသည်များ ဆက်တိုက်ရောက်လာကြကာ အုပ်ချုပ်ရေးမှူး စံအိမ်တစ်ခုလုံးကို ဝိုင်းရံနေသည်။

သတင်းကြားခဲ့သော လူတိုင်းကလည်း အခြားလူများကို အပြေးအလွှား ပြောပြနေကြသည်။"အုပ်ချုပ်ရေးမှူးစံအိမ်ကို သိမ်းလိုက်ပြီတဲ့။ အုပ်ချုပ်ရေးမှူး စံအိမ်က အရာအားလုံးကို ဘေးအန္တရာယ် လျော့ပါးသက်သာရေးအတွက် သိမ်းယူမယ်လို့ ဝန်ကြီးက ပြောတယ်။"

"မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ အဲ့ဒါ ဝန်ကြီးမဟုတ်ဘူး။ အဲ့ဒါ မင်းသားကြီးတဲ့။ မင်းသားကြီးကိုယ်တိုင် အမိန့်ပေးလိုက်တာ။"

"ဘာ။ မင်းသားကြီး ဟုတ်လား။ တတိယမင်းသား မဟုတ်ဘူးလား။"

မင်းသားကြီးက ချန့်ကျိုးကို ကိုယ်တိုင်လာရောက်သည့် သတင်းနှင့်အတူ အုပ်ချုပ်ရေးမှူး စံအိမ်အသိမ်းခံရသည့်သတင်းသည် မြို့တစ်ခုလုံး၌ပြန့်သွားသည်။ ယနေ့ညသည် ချန့်ကျိုးပြည်သူများအတွက် အိပ်မပျော်သောညပင်။

အုပ်ချုပ်ရေးမှူး၏ စံအိမ်၌ အထိတ်တလန့် ဖြစ်နေကြသည်။ ကျန်းလင်းကို မကျေနပ်သော အစောင့်များ ချက်ချင်းစုဝေးလာကြသည်။ ချင်းယွင်၏ ဦးဆောင်မှုအောက်တွင် သူတို့က အုပ်ချုပ်ရေးမှူးစံအိမ်အား ဗြောင်းဆန်အောင် ရှာဖွေခဲ့ကြသည်။ အချို့က ကျန်းလင်း၏သီးသန့်စံအိမ်များ တည်နေရာကိုပင် ထုတ်ဖော်ပြကြပြီး သူတို့၏ လူများနှင့် ဝင်စီးလိုက်သည်။

ယနေ့မနက်က တော်ဝင်သံတမန်အား ဒေါသထွက်နေသော အစောင့်ငယ်လေးက ယခုတစ်ကြိမ်တွင် မြို့တော်မှ အစောင့်အကြပ်များအနောက်လိုက်သွားပြီး လမ်းကြောင်းပြလိုက်သည်။ "ဒါက ဘဏ္ဍာတိုက်ပါ။ အဲ့ထဲမှ ရွှေငွေရတနာတွေ အပြည့်ပါပဲ။ ဟိုနားမှာကကျ စပါးကျီပါ၊ ကျွန်တော် လိုက်ပြပါ့မယ်။ "

သူကပြောနေရင်းနှင့်ပင် ပူနွေးသောမျက်ရည်များကို ခေါင်းလှည့်ကာ ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်သည်။ ယနေ့အစောပိုင်းကပင် တော်ဝင်သံတမန်ကို သဘောမကျခဲ့သော်လည်း သူအရည်မချင်းမမှီဟု ထင်ထားသောမင်းသားက ချန့်ကျိုးသို့ ကိုယ်တိုင်လာရောက်ကာ ခဏလေးပင်မနားဘဲ ဤလူယုတ်မာကောင်အား လုံးဝအလဲထိုးလိုက်မည်ဟု သူမမျှော်လင့်ထားပေ။

နောက်ဆုံးတွင်တော့ သူ့အိမ်လေး လုံခြုံသွားပြီ ဖြစ်သည်။

အစောင့်ငယ်လေးက မင်းသားကြီးရှိနေသောနေရာကို အဝေးမှ လှမ်းကြည့်ပြီးနောက် သူ့အရှေ့မှ စကားများနေသော အုပ်စုအနောက်သို့ လျင်မြန်စွာ လိုက်သွားသည်။ သူ့အကြည့်က မကြုံစဖူး ပြတ်သားနေသည်။

အုပ်ချုပ်ရေးမှူးစံအိမ်၏ စပါးကျီမှရိက္ခာများကို ထုတ်ယူပြီးသောအခါ ချင်းယွင်က အချိန်မဆွဲတော့ဘဲ လူများအား မိုးသည်းထဲမှာပင် ချက်ချင်း ငြမ်းဆင်ကာ အိုးအကြီးနေရာချစေပြီး ယာဂုပျစ်ပျစ်ချက်စေသည်။

ချန့်ကျိုးတစ်မြို့လုံး အပျော်ဖုံးနေသည်။ ယခုမြင်ကွင်းက ချန့်ကျိုးဒေသခံများအတွက် အိပ်မက်နှင့်ပင် တူသည်။ တတိယမင်းသားလာစဉ်က အုပ်ချုပ်ရေးမှူးကျန်းလင်း၏ အနည်းငယ်ဆိုင်းငံ့မှုသည်ပင် သူတို့အား ပျော်ရွှင်စေရာ ယနေ့တွင်အုပ်ချုပ်ရေးမှူးစံအိမ်ကြီး လုံးဝဖြုတ်ချခံလိုက်ရခြင်းသည် သူတို့အား အစိုင်အခဲတစ်ခုမှ မခံစားရသော တိမ်များကို နင်းနေရသကဲ့သို့ ဂနာမငြိမ်ဖြစ်စေသည်။

မနက်ဝေလီဝေလင်းအချိန်ရောက်လာပြီး ယာဂုပူပူတစ်ခွက်စီရမှသာ ပျော်ရွှင်မှု၏အရသာအား သူတို့တကယ်ခံစားမိသွားသည်။ အုပ်ချုပ်ရေးမှူး စံအိမ်နှင့် ကျန်းလင်း၏ ပိုင်ဆိုင်မှုများကို ဤအိုးမဲ့အိမ်မဲ့ ဒုက္ခသည်များနေထိုင်ရန် ဖယ်ပေးလိုက်သည်။ အခြေအနေပိုဆိုးရွားနေသော မြို့အပြင်မှလူများက အနေအထားပိုကောင်းသော မြို့ထဲသို့ ဝင်နိုင်ရန်အတွက် ချင်းယွင်သည် မြို့တံခါးများ ဖွင့်ပေးလိုက်သည်။ သူက လူများနေထိုင်ရန်အတွက် ရုံများဆောက်လုပ်ရန် လူအချို့ကို ပို့ဆောင်လိုက်သည်။

ထိုအချိန်မှစ၍ ချန့်ကျိုးဒေသခံများက မင်းသားကြီးရှိနေသော အုပ်ချုပ်ရေးမှူးစံအိမ်ကို နတ်ဘုရားစံအိမ်ကဲ့သို့ ကြည့်နေကြသည်။

မင်းသားကြီးမှလွဲ၍ မည်သူကမှ သူတို့ကို ဘေးဒုက္ခမှ မကယ်ထုတ်ပေးခဲ့ပေ။ မင်းသားကြီးက သူတို့အတွက် မိဘအသစ်နှင့်တူသည်။

သို့သော် သူတို့ကျေးဇူးတင်နေစဉ်တွင် မင်းသားကြီးက သူတို့အရှေ့သို့ ရောက်လာကာ ခါးကိုင်း၍တောင်းပန်သည်။ "ကိုယ်တော်က ပြည်သူတွေကို အမြတ်ထုတ်ခံစေခွင့်ပြုခဲ့ပါတယ်။ ကိုယ်တော့်ရဲ့ လစ်ဟင်းမှုအတွက် တောင်းပန်ရုံနဲ့တောင် မလုံလောက်ပါဘူး။ ဒါ့ကြောင့် လူတိုင်းရဲ့ ကျေးဇူးတင်ရှိမှုကို လက်မခံရဲပါဘူး။"

ဤမြင့်မြတ်သောလူငယ်လေး၏ စကားများက ရိုးသားကာ သူ့ကိုယ်သူသုံးသော နာမကိုပင် ပြောင်းလဲထားသည်။ ဤအဖြစ်အပျက်ပြီးနောက် ချန့်ကျိုးဒေသခံများက မင်းသားကြီးကို ပို၍လက်ခံယုံကြည်လာကြသည်။ ထိုအချိန်တွင် သူတို့နှလုံးသားထဲမှ တတိယမင်းသားအပေါ်အမြင်က တဖြည်းဖြည်း လျော့ပါးသွားသည်။ ဘယ်လိုပင်ဖြစ်စေ မည်သူက မည်သူထက်ပိုကောင်းသည်မှာ သိသာသည်။

*****

ကျန်းလင်း၏ ကိစ္စကို ရှင်းပြီးနောက် ချင်းယွင်မှာ စိတ်ဒုန်းဒုန်းမချနိုင်သေးဘဲ ရေကြီးမှုကို ထိန်းချုပ်ရန် အာရုံစိုက်ရသည်။ မြစ်ဘေးနှစ်ဘက်မှ ရေကာတာများ ခိုင်မာနေသေး၍သာ ကျန်းလင်းက ရေကြီးမှုကိုထိန်းချုပ်ရာတွင် လျော့ရဲနေခြင်းပင်။သို့သော် မြစ်ရေက အလျင်အမြန် တက်နေသည်။ တစ်နေ့တွင် ရေကာတာများ ကျိုးသွားနိုင်သဖြင့် မြစ်နှင့်ရေအိုင်များကို ဆက်ထားသော မြောင်းများအား တူးဖော်ရန် ချင်းယွင် လူများပို့ရသည်။ လယ်မြေအချို့ကို စတေးလိုက်ရသော်လည်း တောင်ပိုင်းတွင် ရေသိုလှောင်ရန် ရေကန်နှစ်ကန် ရှိလာမည်ဖြစ်သည့်အတွက် ရေကြီးမှုကပြဿနာဖြစ်လာတော့မည် မဟုတ်ချေ။

လူအင်အားနည်းပါးနေသည့်အတွက် ချင်းယွင်သည် ဘေးပတ်လည်ရှိ စီရင်စုများထံမှ လူများကိုရွှေ့ပြောင်းရင်း အလုပ်များနေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဖမ်းဆီးခံထားရသော ကျန်းလင်းနှင့် အခြားလူများက အလုပ်သမားအဖြစ် လုပ်ဆောင်ရသည်။သို့သော် ဤလူတစ်စုက မရိုးသားပေ။ သူတို့ပုန်ကန်မည်ကို ကာကွယ်ရန်အတွက် ချင်းယွင်က မြစ်ကမ်းဘက်သို့ နေ့တိုင်းလာရောက် ကြည့်ရှုရသဖြင့် ချန့်ကျိုးဒေသခံများထံမှ ချီးမွမ်းခံရသည်။

ယနေ့တွင် မြစ်ကမ်းဘေးသို့ အရင်ကအတိုင်းမိုးဖွဲဖွဲကြားမှ လာရောက်ကြည့်ရှုသောအခါ ဆောက်လုပ်ရေးနေရာတွင် ဆူပူနေသည်ကို တွေ့လိုက်ရသည်။

"အရှင်မင်းသား၊ ဂရုစိုက်ပါ။ ဒီငယ်သားက အရင်သွားပြီး လေ့လာလိုက်ပါ့မယ်။ " ချင်းယွင်အနောက်သို့ လိုက်နေသော အစောင့်အကြပ်က ယခုအခါချင်းယွင်ကို အပြည့်အဝလေးစားနေသဖြင့် ချက်ချင်းလှုပ်ရှားကာ လူထုကိုဖြတ်၍ မေးခွန်းသွားမေးသည်။

လူကြားထဲတွင် မြေပြင်ပေါ်၌ဒူးထောက်နေသော တင့်တယ်သည့်ပုံရိပ်ကို တွေ့လိုက်ရသောအခါ ကျန်းလော်ယန်က နတ်ဆိုးကဲ့သို့ ထပ်သရုပ်ဆောင်နေကြောင်းကို ချင်းယွင် နားလည်လိုက်သည်။

ချင်းယွင်က ကျန်းလော်ယန်ကို အပြစ်ဒဏ် ပြင်းပြင်းထန်ထန်မပေးဘဲ ကြီးမြတ်သောယန်၏ စည်းမျဉ်းဥပဒေအရ အစေခံအဖြစ်သာ လျှော့ချလိုက်သည်။ ယခုအခါ ချန့်ကျိုးတွင် အလုပ်သမားအင်အား မလောက်ပေ။ သူမက သခင်မလေးမှ အစေခံအဖြစ် ပြောင်းလဲသွားသော်လည်း ငတ်မွတ်မှုနှင့် ရောဂါကြောင့် သေဆုံးသွားသူများထက်စာလျှင် ပိုကောင်းသေးသည်။

ကျန်းလော်ယန်က အရောင်ဖျော့ဖျော့ဗြောင် အဝတ်အစားများကို ဝတ်ဆင်ထားကာ ရွှံ့ရည်ထဲ၌ ဒူးထောက်နေရင်း သူမ၏မျက်နှာမှာ စိတ်ပျက်စရာကောင်းနေသည်။ သူမက ကျန်းလင်းနှင့်အတူ ငိုနေသည်။ တစ်ချက်ကြည့်လိုက်လျှင် ထိုနှစ်ယောက်က ကြီးကြိးမားမား ခံစားနေရပြီး ချင်းယွင်သည် လူယုတ်မာနှင့်တူနေသည်။

မင်းသားကြီး၏ ပုံရိပ်ကိုတွေ့လိုက်ရသောအခါ ကျန်းလော်ယန်က သူ့ဘက်လှည့်ကာ ဒူးထောက်ပြီး မျက်ရည်ဝံနေသော မျက်လုံးများဖြင့် ပြောသည်။ "မင်းသားကြီးရှင့်၊ ကျွန်တော်မျိုးမရဲ့ဖခင်က မှားယွင်းတဲ့ကိစ္စများစွာကို ပြုလုပ်ခဲ့မှန်း ကျွန်တော်မျိုးမ သိပေမဲ့ ကျွန်တော်မျိုးမရဲ့ ဖခင်က ချန့်ကျိုးအုပ်ချုပ်ရေးမှူးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယခင်နှစ်တွေမှာ သူက ကြိုးကြိုးစားစား ရိုးရိုးသားသားနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်လေပြီးတဲ့ နှစ်နှစ်ကသာ အမှားလုပ်မိခဲ့တာပါ။ သူကိုသေဒဏ်ချတာက ပြင်းထန်လွန်းပါတယ်။ ဒါ့ကြောင့် ကျွန်တော်မျိုးမ ဖခင်ရဲ့အပြစ်တွေကို ချေဖျက်ပေးဖို့အတွက် တောင်းဆိုပါတယ်။"

ကျန်းလော်ယန်၏ နှဖူးနှင့် မြေကြီးကိုထိသည်ကိုပင် မစောင့်ဘဲ ချင်းယွင်က ပြောလိုက်သည်။ "မင်း၊ ကိုယ်တော့်ကို အကြိုက်ဆောင်စရာ၊ အနူးအညွတ်တောင်းပန်စရာ မလိုပါဘူး။

ချင်းယွင်၏ စကားလုံးများက ကျန်းလော်ယန်ကို ခဲတောင့်သွားစေသည်။ ထို့နောက်သူမက လူငယ်လေး၏ ကြည်လင်ပြတ်သားသောအသံကို ကြားကာ မျက်နှာထားတင်းသွားသည်။ " မင်း ခေါင်းလှည့်ပြီးတော့ အနောက်ကို ကြည့်လိုက်။ မြစ်ထဲကနေ ဆယ်ထားတဲ့ အလောင်းတွေကိုကြည့်။ အစားအစာ၊ အဝတ်အထည် မလုံလောက်တဲ့ ဒုက္ခသည်တွေကိုကြည့်။ အရိုးပေါ်အရေတင်ပဲကျန်တော့တဲ့ ကလေးတွေကိုကြည့်။ ကျန်လော်ယန်၊ မင်းက သူတို့ကိုပဲ အသနားခံတောင်းပန်ရမယ်။ ချန့်ကျိုးပြည်သူတွေကသာ ကျန်းလင်းကို လွှတ်ပေးဖို့ သဘောတူရင် ဒီမင်းသားက ဘာတစ်ခွန်းမှမပြောတော့ဘဲ အမိန့်ရုတ်သိမ်းပေးလိုက်မယ်။"

လူငယ်လေး၏ ပြင်းထန်သောစကားများကြောင့် ကျန်းလော်ယန်က အလိုအလျောက် ခေါင်းလှည့်ကြည့်မိလိုက်သည်။ ဒေါသများ၊ အမုန်းတရားများ ပြည့်နေသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ ကျန်းလော်ယန်၏ နှလုံးသားထဲ ထိတ်လန့်တုန်လှုပ်သွားသည်။ သူမကိုယ်သူမ မချေပနိုင်တော့သဖြင့် မျက်နှာကိုအုပ်ကာ ချက်ချင်း ပြေးထွက်သွားသည်။

*****

ချန့်ကျိုးမြို့အပြင်ဘက်မှ ပြည်လမ်းမတွင် ရေလွှမ်းနေပြီး မြင်းများဖြတ်လာသောအခါ တဗွမ်းဗွမ်းမြည်နေသည်။

နောက်ဆုံးတွင်တော့ ချီယူက သူ၏အသင်းနှင့်အတူ ချန့်ကျိုးနယ်မြေထဲ ရောက်လာသည်။ သူကမြန်မြန်လာသော်လည်း ရှန့်ဖုန်း၏ ဘေးတွင်လူများစွာမရှိဟု တွေးမိသဖြင့် သူခေါ်လာသော အသင်းသုံးသင်းမှ တစ်သင်းကို တတိယမင်းသား၏ ကန့်ကွက်မှုအား ဖီဆန်ပြီးခေါ်ထုတ်လာခဲ့သည်။

မည်သို့ပင်ဆိုစေ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးတိုင်း ဒုက္ခသည်များ ပေါ်လာလိမ့်မည်။ လူငယ်လေးက တိုက်ခိုက်ရေးဖြင့် ကာကွယ်နိုင်သော်လည်း သူ့ခန္ဓာကိုယ်၏ အားနည်းမှုကြောင့် အခြားအခြေအနေများ ဖြစ်လာမည်မှာ သေချာသည်။ အခြေအနေကို ထိန်းသိမ်းရန်အတွက် လူငယ်လေးအား လွှတ်လိုက်သောမင်းသားကြီးကို ချီယူ မကျေမနပ် ထပ်ဖြစ်မိသည်။

လူငယ်လေးက တိုင်းသူပြည်သားများကို အလေးထားပြီး သူ၏ကိုယ်ပိုင် လုံခြုံရေးကို ထိုအကြောင်းပြချက်ကြောင့် လျစ်လျူရှုထားသော်လည်း လူငယ်လေးက သူအနိုင်ကျင့်၍သောလူမဟုတ်သည်ကို မင်းသားကြီးအား ချီယူသိစေချင်သည်။

ပြည်လမ်းမအတိုင်း ရှေ့ဆက်လာပြီးနောက် ချီယူရှေ့​ဆက်တိုးလေလေ ပို၍မျက်မှောင်ကြုတ်မိလေလေပင်။ သူလမ်းတစ်လျှောက် ရှေ့ဆက်လာသော်လည်း ဒုက္ခသည်တစ်ယောက်မှ မတွေ့ဘဲ ရေမြုပ်နေသော လယ်ကွင်းပြင်များသာကျန်ရစ်သည်ကို တွေ့ရသည်။

"ဗိုလ်ချုပ်ကြီး ၊ ချန့်ကျိုးဘေးဒုက္ခက ဒီလောက်တောင် ဆိုးနေပြီလား။ ဘယ်သူမှတောင် မရှင်ဘူးလား။" အရာရှိတစ်ယောက်က ချီယူ့ထံသို့ရောက်လာကာ မေးသည်။

"မဟုတ်ဘူး။" ချီယူက လေးနက်စွာ ပြောလိုက်သည်။ "ကြည့်ကြည့်၊ ဒုက္ခသည်တွေ တစ်ယောက်မှ မရှိပေမဲ့ ရေထဲမျောနေတဲ့ အလောင်းတွေလည်းမရှိဘူး။ ကူးစက်ရောဂါကို ရှောင်ရှားဖို့အတွက် မျောနေတဲ့အလောင်းတွေကို ဖယ်လိုက်တာဖြစ်မယ်။ ရေမျောနေတဲ့အလောင်းတွေကို ဖယ်ဖို့အတွက် အင်အားသုံးရမှာဆိုတော့ ဒုက္ခသည်တွေ အခြေကျသွားလောက်ပြီ။ "

"ဗိုလ်ချုပ်ကြီး ၊ ဟိုလားရာမှာ လူတွေရှိနေတဲ့ပုံပဲ။ ပြီးတော့ အရေအတွက်ကလည်း အများကြီးပဲ။ " အလွန်အမင်း မျက်စိလျင်သော ကင်းထောက်က ချီယူကို အော်ပြောသည်။

ချီယူက ၎င်းကိုငေးကာ ချက်ချင်းပြောလိုက်သည်။ "သွားပြီး တစ်ချက်ကြည့်ကြည့်လိုက်။"

******

ကျန်းလော်ယန် ပြန်ပြေးသွားသည်ကို တွေ့သောအခါ မြောင်းထဲမှ ကျန်းလင်းနှင့်အခြားလူများက မရပ်တန့်သွားဘဲ ဒေါသဖြင့်ထရပ်ကြသည်။သူတို့က ရွှံ့ထဲရောက်နေသော်လည်း အနည်းငယ်လေးမျှပင် မြင့်မြတ်မှုမယိုယွင်းသွားသည့် လူငယ်လေးအား ဒေါသဖြင့် ကြည့်နေကြသည်။

ချင်းယွင်က ထိုလူများ၏ လှုပ်ရှားမှုကိုကြည့်ပြီး ဂရုမစိုက်ဟန်ဖြင့် နှုတ်ခမ်းထောင့်များ ကွေးလိုက်သည်။

ဤတောင့်တင်းသန်မာသောလူများသည် ကျန်းလင်းအယုံကြည်ဆုံးလူများဖြစ်သည်။ သူတို့က ကျန်းလင်းကို ကူညီလေ့ရှိပြီး ရာဇဝတ်မှုကျူးလွန်ရာ၌ ယဉ်ပါးနေသည်။ ရာဇဝတ်သားများအဖြစ် ပထမဆုံး ဖမ်းဆီးခံရရာ သူတို့မည်သို့နာခံနိုင်မည်နည်း။

လေးရက်ငါးရက်မျှ ဆက်တိုက် ပင်ပင်ပန်းပန်း အလုပ်လုပ်ရခြင်းကပင် သူတို့အား ဒေါသပေါက်ကွဲစေသည်။ အနှေးနှင့်အမြန်ဆိုသလို သူတို့ပေါက်ကွဲမည်ကို ချင်းယွင်မျှော်လင့်ထားပြီးဖြစ်သဖြင့် ကျန်းလင်းနှင့်အခြားလူများ ပေါက်ကွဲခွင့် ရစေရန်အတွက် ချင်းယွင်က ယနေ့တွင်အစောင့်အရှောက်တစ်ယောက်သာ ခေါ်လာခဲ့သည်။

ကျန်းလင်းက မြေကြီးပေါ်မှ ဖြည်းဖြည်းချင်း ထလာသည်။ လူငယ်လေးသည် မင်းသားကြီးမှန်း သိသွားစဉ်က ထိတ်လန့်ကြောက်ရွံ့မှုသည် ပျောက်ကွယ်သွားကာ သူ၏မျက်လုံးများ၌ နဂိုကဲ့သို့လိမ္မာပါးနပ်မှုများ ပြန်ပေါ်လာသည်။ ထိုညက ချင်းယွင်၏ အနေအထားကို သူသိသွားပြီးနောက် ထိတ်လန့်သွားကာ တော်ဝင်လူတန်းစား၏ ဖိနှိပ်ချုပ်ချယ်နိုင်မှုနှင့်ပေါင်း၍ သူထိတ်ပျာသွားသောကြောင့်သာ ယခုမှအထွတ်အထိပ်တက်လာသော မင်းသားကြီးသည် အသာစီးရသွားခြင်းဖြစ်သည်။

ယခုအခါ ကျန်းလင်း စိတ်ငြိမ်သွားကာ လျှို့ဝှက်အစီအစဉ်ချပြီးသည်မှာ ကြာပြီဖြစ်သည်။ ချန့်ကျိုးတွင် အလုပ်သမား လုံလုံလောက်လောက် မရှိပေ။လူအများစုက ရေဘေးဒဏ်ခံစားခဲ့ရကာ အားနည်းနေပြီး အနီးအနားက စီရင်စုများထံမှ လူများသည်လည်း မရောက်လာသေးပေ။ ထို့ကြောင့် ရေကြီးမှုကို ဦးဆောင်လုပ်ကိုင်နေရသည်မှာ ကျန်းလင်းနှင့်သူ၏လူများပင်။

အုပ်ချုပ်ရေးမှူး စံအိမ်မှ အစောင့်အကြပ်အချို့က ချင်းယွင်ထံ အညံ့ခံကြကာ အချို့ဒုက္ခသည်များက ကူညီရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသော်လည်း တိုက်ရည်ခိုက်ရည်ရှိသော ကျန်းလင်း၏အုပ်စုထက် နိမ့်ကျသေးသည်။

ထို့ကြောင့် မင်းသားကြီးအား အဖော်မဲ့စွာ တွေ့သောအခါ ကျန်းလင်းမည်သို့သည်းခံနိုင်မည်နည်း။

ကျန်းလင်းက ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူကစုတ်ချာချာဖြစ်နေသော်လည်း ခွန်အားပြန်ရသွားပြီဖြစ်သည်။ သူကချင်းယွင်ကိုကြည့်ကာ အေးစက်စက်ပြုံး၍ ပြောသည်။ "မင်းသားကြီးက ညှာတာမှုကင်းလွန်းတယ်။ ကျုပ်ရဲ့အိုမင်းနေတဲ့အရိုးတွေနဲ့ သောင်တူးရတာ ပင်ပန်းနေပြီ။ တခြားဟာဆို ပြောမနေနဲ့။ ကျုပ်အပြစ်တွေ ကျေသွားလောက်ပြီမဟုတ်လား။ ဒါပေမဲ့ မင်းသားကြီးခုနကပြောတဲ့စကားတွေက ဘာအဓိပ္ပါယ်လဲ။ ကျုပ်တို့ကို ပုန်ကန်ဖို့ တွန်းအားပေးနေတာလား။"

သူ၏ပါးစပ်မှ 'ပုန်ကန်' ဟူသောစကား ထွက်လာသည်နှင့် ဘေးမှတိုက်ခိုက်သူများ ချက်ချင်းရှေ့တိုးလာပြီး ချင်းယွင်ကို စူးစိုက်ကြည့်ကြသည်။

ပတ်ဝန်းကျင်မှ ဒုက္ခသည်များက အခြေအနေမကောင်းသည်ကို တွေ့သောအခါ အပြေးလာကူကြသည်။ သူတို့က ချင်းယွင်၏ဘေး၌ စုဝေးနေသည်။ သူတို့က ရုပ်ပိုင်းဆိုင်ရာအရ အားနည်းသော်လည်း ပေါက်ပြားများကိုကိုင်ကာ ကျန်းလင်းအား ထိပ်တိုက်ရင်ဆိုင်ကြသည်။

ချင်းယွင်က ဒုက္ခသည်များ၏ အနောက်တွင် ပုန်းမနေပဲ သူ့အရှေ့မှလူများကို ဘေးတွန်းလိုက်ကာ ကျန်းလင်းအား လှောင်ပြောင်၍ကြည့်လိုက်သည်။ "အိုး။ ဒီအချိန်မှာ ပုန်ကန်ဖို့အတွက် ခင်ဗျားကိုဘယ်သူအားပေးလိုက်တာလဲ။ ထပ်ပြီး မြောက်ပိုင်းဗိုလ်ချုပ်ကြီး ချီယူတော့ မဟုတ်ပါဘူးနော်။"

မင်းသားကြီးက တည်ငြိမ်နေသေးပြီး အလောတကြီးမဖြစ်သွားသည်ကို တွေ့သောအခါ ထွန်ယက်သည့်ပစ္စည်းကို ကိုင်ထားသောကျန်းလင်း၏လက်များ တင်းသွားသည်။ သို့သော် ဤအောက်တန်းစားဒုက္ခသည်အုပ်စုနှင့် မင်းသားကြီးအနောက်မှ တစ်ဦးတည်းသောအစောင့်ကို မြင်သောအခါ သူချက်ချင်းသတ္တိရှိလာသည်။ မင်းသားကြီးက လူပိုခေါ်လာရန်ကို မသိသည်အထိ ငယ်လွန်းသည်ဟု သူ့စိတ်ထဲလှောင်နေသည်။ သူ့အား ဘာကြောင့်ဤအခွင့်အရေးပေးသနည်း။

သူ၏စိတ်ထဲ၌ ထိုသို့တွေးပြီးနောက် ခေါင်းမတ်မတ်ဖြင့် ပေါက်ပြားကိုင်၍ ရှေ့တိုးလာကာ အော်ပြောလိုက်သည်။ "ကျုပ် ဒီနေ့ပုန်ကန်ရင်ရော ဘယ်လိုလဲ။ နားထောင်ညီအစ်ကိုတို့။ ဗိုလ်ချုပ်ကြီးချီသာ မင်းသားကြီးက သူ့ရဲ့လက်မထပ်ရသေးတဲ့ဇနီးနဲ့ ယောက္ခထီးတို့ကို ဒီလိုဆက်ဆံမှန်း သိသွားရင် ဒေါသထွက်လိမ့်မယ်။ ဒီနေ့ ကျုပ်ကဗိုလ်ချုပ်ကြီးချီကိုယ်စား ပုန်ကန်မယ်။"

စကားဆုံးပြီးနောက် ကျန်းလင်း၏မောက်မာသောဆန္ဒက မပျောက်ကွယ်သေးပေ။ ထိုအချိန်တွင် သူတို့က မြင်းခွာသံများကြားလိုက်ရပြီး ခံ့ညားထည်ဝါအင်အားကြီးသော စစ်သည်အုပ်စုက မြစ်ကမ်းဘက်မှ ပတ်လာပြီး လူစုအရှေ့သို့ မြန်မြန်ရောက်လာသည်။

ဤအသင်းက အရေအတွက်နည်းသော်လည်း စစ်သားများထံမှ သွေးနံ့ပြင်းပြင်းကို ရနိုင်သည်။ မဲနက်ချွန်ထက်သော ချပ်ဝတ်တန်ဆာများက လူများအတွက် ကြောက်ရွံ့ဖွယ် မြင်ကွင်းပင်။

ခေါင်းဆောင်လာသူက သူ၏မြင်းဇက်ကြိုးကို ရုတ်တရက်ဆွဲလိုက်သောအခါ အံ့ဖွယ်ကောင်းသော မြင်းနက်များက ဟီကြသည်။ မြင်းခွာနှစ်ခုက မြင့်မားစွာ ခွာစုံခုန်ပေါက်ပြီး မြင်းပေါ်မှယောက်ျားက သူ၏ကြက်သွေးရောင်ဝတ်ရုံနှင့်အတူ မိုးဖွဲဖွဲကြားတွင် လှုပ်ရှားမှုနှင့်အလိုက်သင့် ပျံတက်သွားသည်။

ဘာဖြစ်နေသည်ကို ကျန်းလင်းသဘောမပေါက်သေးချိန်တွင် ခေါင်းဆောင်ဖြစ်သူ၏ စိတ်လေးစရာ ဒေါသရောနှောနေသော ခံ့ညားထည်ဝါသည့်အသံထွက်လာသည်ကို သူကြားလိုက်ရသည်။ "မြောက်ပိုင်းဗိုလ်ချုပ်ကြီးက ပုန်ကန်ချင်တယ် ဟုတ်လား။ ဘယ်လိုလုပ် ငါ၊ ချီယူက ဒီကိစ္စကို ဘာမှမသိရတာလဲ။"


Continue Reading

You'll Also Like

73.8K 9.1K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
405K 15.4K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
419K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."