ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...
By Vanilla_IceCream61
1.5M 248K 16.1K
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More
1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)
88
7.9K 1.5K 140
By Vanilla_IceCream61
ဧကရာဇ်ဟုန်းမျင်ကို မြင်သည်နှင့် နန်းတွင်းသူက ချက်ချင်းထငိုကာ အရှေ့သို့ဆတ်ခနဲ ဝပ်ချလိုက်သည်။ "အရှင်ဧကရာဇ်ကြီး၊ အရှင်ဧကရာဇ်ကြီး ကျေးဇူးပြု၍ ဒီအစေခံကို ချမ်းသာပေးပါ။ ဒီအစေခံပြုလုပ်ခဲ့သမျှ ကိစ္စတွေအားလုံးက ကိုယ်လုပ်တော်ရှု ခိုင်းစေလို့ပါ။ ကျွန်တော်မျိုးမရဲ့ မိသားစုကို သူမထိန်းချုပ်ထားတဲ့အတွက် ကျွန်တော်မျိုးမက သူမရဲ့ခိုင်းစေမှုတွေကို ပြုလုပ်ပေးခဲ့ရတာပါ။ "
ကိုယ်လုပ်တော်ရှု ဟုတ်လား။ ကိုယ်တော်တော်ရှုနဲ့ ဘာတွေသက်ဆိုင်နေတာလဲ။ ဧကရာဇ်ဟုန်းမျင်က အံ့ဩသွားသော်လည်း သူ၏လက်က ခါးမှပိုက်ဆံအိတ်ကိုသာ အလိုအလျောက်ညှစ်မိသည်။သူက နန်းတွင်းသူ၏ ငိုသံကိုလျစ်လျူရှုကာ ချန်းဘင်းအား လေးလေးနက်နက် ကြည့်လိုက်သည်။ "ဒီလူနှစ်ယောက်ကို ခေါ်လာတာ ဘာအဓိပ်ပါယျလဲ။"
ချန်းဘင်းပြန်မဖြေခဲ့ပေ။ ပြဿနာက ကိုယ်လုပ်တော်ရှုနှင့် မင်းသားကြီး၏ မယ်တော်တို့အကြောင်း ဖြစ်သဖြင့် သူကြည့်ရှုနေရန် မသင့်တော်ပေ။ သူက ပြန်ဆုတ်သွားကာ၊ အခန်းအပြင်ဘက်သို့ ထွက်သွားသည်။
နန်းတွင်းသူ၏ စိတ်ကျန်းမာရေးက သိသိသာသာ ပုံမမှန်ဖြစ်နေသည်။သူမက ကြမ်းပြင်ပေါ်တွင် အရူးကဲ့သို့ ဒူးထောက်ကာ ခေါင်းညှိတ်နေသည်။ "ဧကရီက မွန်မြတ်တဲ့အတွက် ဒီအစေခံ မသတ်ချင်ခဲ့ပါဘူး။ ဒါတွေအကုန်လုံးက ကိုယ်လုပ်တော်ရှုရဲ့ အမိန့်ကြောင့်ပါ။ "
ဧကရီ ဟုတ်လား။ နန်းတွင်းသူ၏ ဒွိဟဖြစ်စရာ စကားလုံးများကို ကြားသည်နှင့် ဧကရာဇ်ဟုန်းမျင်၏ မကြည်လင်သော မျက်လုံးများ ချက်ချင်းတောက်ပလာသည်။ သူက နန်းတွင်းသူဘက်သို့ သွေးဆာနေသော ဝံပုလွေတစ်ကောင်ကဲ့သို့ လျှောက်သွားသည်။ သူ၏အသက်ရှူသံက အလွန်မြန်နေသဖြင့် ခက်ခဲစွာ စကားပြောရသည်။ "မင်း.... ဘာပြောလိုက်တာလဲ။ ဧကရီက ဘယ်လိုမျိုး နတ်ရွာစံသွားရတာလဲ။ "
သူ၏ ရင်ဘတ်က သိသိသာသာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေရာ ကာင်းမွန်စွာအသက်မရှူနိုင်မှန်း ထင်ရှားသည်။ ထိတ်လန့်သွားသော မိန်းမစိုးဆုက ချက်ချင်းပြေးလာကာ ဧကရာဇ်ဟုန်းမျင်၏ အသက်ရှူခြင်းကို ပြေလျော့စေသည်။ "အရှင် ဧကရာဇ် မစိုးရိမ်ပါနှင့် ၊ စိတ်မစောပါနှင့်။ "
ဧကရာဇ်ဟုန်းမျင်အား နှစ်သိမ့်နေရင်းဖြင့် မိန်းမစိုးဆုက ကြမ်းပြင်ပေါ်မှ နန်းတွင်းသူအား သေသေချာချာကြည့်လိုက်သည်။ သူမ၏ ရှုပ်ပွနေသော ဆံပင်အောက်မှ မျက်နှာကို တွေ့သောအခါ အံ့ဩသွားသည်။ " မင်းက ကိုယ်လုပ်တော်ရှု ဘေးက နန်းတွင်းသူမဟုတ်လား။ ကိုယ်လုပ်တော်ရှု နတ်ရွာစံပြီးတဲ့နောက် မင်းလည်း နေမကောင်းဖြစ်ပြီး သေသွားတာမဟုတ်ဘူးလား။ "
နန်းတွင်းသူက သိသိသာသာ သွေးရူးသွေးတန်းဖြစ်နေပြီး မိန်းမစိုးဆု၏ စကားများကို မကြားနိုင်ပေ။ သူမက အရူးတစ်ယောက်ကဲ့သို့ ကုန်းချလိုက်ပြီး ကြောက်ရွံ့စွာ အော်နေသည်။ "အရှင် ဧကရာဇ်ကြီး ကျေးဇူးပြု၍ ဒီအစေခံကို ချမ်းသာပေးပါ။ မင်းသားကြီးကို ရေထဲတွန်းချဖို့ ခိုင်းတဲ့လူက ကိုယ်လုပ်တော်ရှုပါ။ မင်းသားကြီးကို မြင်းပေါ်မှ ပြုတ်ကျစေတဲ့လူက တတိယမင်းသားပါ။ ဒီအစေခံ မဟုတ်ပါဘူး။ "
ဧကရာဇ်မှာ အခုလေးတင် အသက်ရှူသံ ပြန်တည်ငြိမ်သွားသော်လည်း နန်းတွင်းသူ၏ စကားများကြောင့် သူ့ရင်ဘတ်သူဖိကာ နန်းတွင်းသူကို လက်ညှိုးထိုးလိုက်သည်။ "ငါကိုယ်တော့်ကို ပြော။ ငါကိုယ်တော်ကို ရှင်းရှင်းလင်းလင်းပြော။ ယွမ်ယွမ်က ဘယ်လိုနတ်ရွာစံသွားတာလဲ။ "
ထို့နောက်သူက အသက်အရွယ်ရနေသော သမားတော်ကို တွေ့ကာ မိန်းမစိုးဆုဘက်သို့ လှည့်၍ ပြောလိုက်သည်။ "သူ့ကိုမေး၊ သူ့ကို ငါကိုယ်တော်အတွက် မေးပေး။ "
သေအံ့ဆဲဆဲဖြစ်သော်လည်း စကားကောင်းကောင်းပြောနိုင်သေးသည့် တော်ဝင်သမားတော်ဟောင်းက အတိတ်မှသူ့အမှားများကို ပြန်ပြောပြသည်။ " အရှင်ဧကရာဇ် ခင်ဗျ၊ ဧကရီနာမကျန်းဖြစ်ပြီး နတ်ရွာစံသွားရတာ ကိုယ်လုပ်တော်ရှုက ကျွန်တော်မျိုးကို ဧကရီအတွက် ဆေးရည်ထဲမှာ အဆိပ်ထည့်ခိုင်းလိို့ပါ။ "
"ဆေးစွမ်းပြတာက နှေးပါတယ်။ ပထမဆုံး အရေပြားက နီရဲ ယားယံလာပြီး နောက်ပိုင်းမှာ အနာဖြစ်လာပါလိမ့်မယ်။ ၎င်းကို မကုသဘဲ ပစ်ထားရင် သူ့ဘာသာသက်သာသွားမှာပါ။ အရေပြားအတွက် ဆေးတစ်ခုနဲ့ ပေါင်းလိုက်ရင်တော့ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်ဂါတွေကို ထိုးဖောက်ပြီး နောကျဆုဲးမှာ အလုပ်မလုပ်နိုင်တော့ဘဲ သေသွားမှာပါ။ မင်းသားကြီးကိုလည်း ထိုဆေးပေးထားပါတယ်။ ဒါပေမဲ့ မင်းသားကြီးက အရေပြားရောဂါကို ကုတဲ့ဆေးကို ဆန့်ကျင်နိုင်တဲ့ ဆေးများ သောက်သုံးနေရပါတယ်။ ဒါကြောင့် မင်းသားကြီး ရှင်သန်နေခြင်းမှာ သူသာက်သုံးသောဆေးဝါးများကြောင့်သာ ဖြစ်ပါတယ်။"
သမားတော်အို၏ စကားများကို ကြားပြီးနောက် ဧကရာဇ်ဟုန်းမျင်၏ မျက်လုံးထဲ၌ ဧကရီနတ်ရွာမစံမီက လက္ခဏာအားလုံး ပြန်ပေါ်လာသည်။ သူမှတ်မိသေးသည်။ ဧကရီက သူမ၏အရေပြားပေါ်တွင်အနီကွက်များ ရုတ်တရက်ပေါ်လာသဖြင့် ရက်ပေါင်းများစွာ မအိပ်စက်နိုင်ဖြစ်ခဲ့ရသည်။ သူ၏ယွမ်ယွမ်က သူနေမကောင်းဖြစ်မည်ကို စိုးရိမ်သဖြင့် သူ့အားအခန်းထဲသို့အဝင်မခံပေ။
ထိုအချိန်တွင် အကြီးဆုံးမင်းသား၏ မျက်နှာပေါ်၌လည်း ထိုလက္ခဏာမျိုး ပြသလာသည်။ အကြီးဆုံးမင်းသားက ဧကရီနှင့် နီးနီးကပ်ကပ်နေသဖြင့် ရောဂါကူးသွားခြင်းဟုသာ သူထင်ခဲ့သည်။
ဧကရီ၏ အရေပြားရောဂါ သက်သာသွားပြီးနောက် ခန္ဓာကိုယ်က တစ်နေ့တခြား ယိုယွင်းလာသည်။ ထို့ကြောင့် လူတိုင်းက ဧကရီ၏ အားနည်းလာသော ကျန်းမာရေးနှင့် အနီကွက်များကို မစပ်ဆက်မိကြချေ။
ယခင်က ဧကရီတွင် မည်သည့်နာမကျန်းဖြစ်ပုံမှ မပြသခဲ့ဟုဆိုသော သမားတော်အိုကြီး၏ စကားများကြောင့် မိန်းမစိုးဆု အံ့ဩသွားသည်။ သို့သော် သူမ၏ ကိုယ်တွင်းအင်ဂါများက အသက်ငယ်ငယ်ရွယ်ရွယ်မှာပင် လူအိုကြီးတစ်ယောက်ကဲ့သို့ ယိုယွင်းသွားသည်။
သမားတော်အိုကြီး၏ စကားများက မိန်းမစိုးဆု၏ နှလုံးသားကို အေးစိမ့်လာစေသည်။ ဤတစ်ယောက်ပြောသလိုသာဆိုလျှင် ကိုယ်လုပ်တော်ရှုက ဧကရီနှင့် မင်းသားကြီးတို့ကို တစ်ချိန်ထဲသေဆုံးစေချင်ခဲ့သည်။ မင်းသားကြီးသာ ကလေးဘဝထဲက အားမနည်းနေခဲ့လျှင်....
ထိုအကြောင်းကိုတွေးကာ မိန်းမစိုးဆု အနည်းငယ်သံသယဝင်လာသည်။ မင်းသားကြီးက အားနည်းသည်။ ၎င်းသည်လည်း ကိုယ်လုပ်တော်ရှု၏ လက်ချက်ပဲလား။
မိန်းမစိုးဆုက ယခုအခါ မင်းသားကြီးဘက်သို့ အနည်းငယ်တွေးပေးသည်မှာ အံ့ဩစရာမရှိပေ။ မင်းသားကြီးက ကျင်းယန်နန်းဆောင်မှ ဧကရာဇ်ဟုန်းမျင်ထံသို့ ဘယ်တုန်းကမှ လာမတွေ့သော်လည်း အစားအစာ၊ အဝတ်အထည်များမှာ တူညီဆဲပင်။ ဧကရာဇ်ဟုန်းမျင် သောက်သုံးရသော ဆေးရည်ကပင် အဆများစွာ ပိုကောင်းလာသည်။
ပြည်တွင်းရေး၌ မင်းသားကြီး၏ ကြိုးစားမှုကို ပြောပြစရာပင်မလိုချေ။ ဧကရာဇ်ဟုန်းမျင်အတွက် သူဒုက္ခခံကာရှာထားသော မှော်ဆေးရည်ကို ကြည့်ရုံဖြင့်ပင် မင်းသားကြီးက သွေးအေး၊ အကြင်နာမဲ့ကာ၊ နိုင်လိုမင်းထက်ပြုမူတတ်မည်ဟု မိန်းမစိုးဆု မယုံတော့ပေ။
ထို့အပြင် မိန်းမစိုးဆုက နန်းတွင်းမှ အကောက်ကြံမှုများကို မြင်ဖူးနေသည်။ဧကရီ နတ်ရွာစံပြီးနောက် ဧကရာဇ်အလေးထားသော ကိုယ်လုပ်တော်ရှုက မင်းသားကြီးအတွက် အန္တရာယ်များကြောင်းကို သူသိခဲ့သည်။ ဧကရာဇ်ဟုန်းမျင်အပေါ် မင်းသားကြီး၏ ရှုပ်ထွေးသောခံစားချက်များကို သူမှန်းဆနိုင်သဖြင့် စိတ်ထဲအတွေးများ ပေါ်လာသည်။
သို့သော် ဧကရာဇ်ဟုန်းမျင်အတွက် ထိုသို့သောစကားလုံးများကို ကြားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် ဧကရာဇ်ဟုန်းမျင်မခံနိုင်မည်ကို မိန်းမစိုးဆု စိုးရိမ်မိသည်။ ထို့ကြောင့် သူက ဧကရာဇ်ဟုန်းမျင်၏ မျက်နှာထားကို ဂရုတစိုက်ကြည့်နေသည်။
ဤဧကရာဇ်အိုကြီး၏ မျက်နှာက အမူအရာမဲ့နေသည်ကိုသာ တွေ့ရသည်။ ဧကရာဇ်ဟုန်းမျင်က သမားတော်အိုကြီး၏ စကားများကိုနားထောင်ပြီးနောက် တတွတ်တွတ်ရေရွတ်နေသော နန်းတွင်းသူဘက်သို့ လှည့်ကြည့်သည်။
"တတိယမင်းသားက ပထမမင်းသားကို တွန်းချလိုက်တာပါ။ "
"တတိယမင်းသားက ပထမမင်းသားရဲ့ ကြောငျးအျိမျစာတှကေို မီးရှို့ပစ်တာပါ။ "
"တတိယမင်းသားကသာ ပထမမင်းသားကို မြင်းပေါ်ကနေ ပြုတ်ကျစေတာပါ။ "
"တတိယမင်းသားက...."
ဧကရာဇ်ဟုန်းမျင်၏ မျက်နှာက ခဏခဏပြောင်းလဲသွားသည်။ ပထမက အံ့ဩနေပြီးနောက် စိတ်ရှုပ်ထွေးနေပုံပေါ်လာကာ နောက်ဆုံးတွင်တော့ အလွန်အကျူး နာကျင်နေပုံပင်။
ကြမ်းပြင်ပေါ်၌ ဒူးထောက်နေသော နှစ်ယောက်ကို မှုန်တေတေဖြင့် ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးသောအခါမှ နှုတ်ခမ်းများတုန်လာကာ စကားထွက်လာသည်။ "ငါကိုယ်တော် မယုံဘူး။ "
"အဲ့ဒိ သားမိုက်က တစ်ယောက်ယောက်ကို လွှတ်ပြီး ငါကိုယ်တော်ကို အယုံသွင်းတာဖြစ်ရမယ်။ ငါကိုယ်တော်က ဒီအကြံအဖန်ဇာတ်လမ်းကို ယုံမယ်ထင်နေတာလား။ "
ဧကရာဇ်ဟုန်းမျင်က ဒေါသထွက်နေသည်။ စားပွဲပေါ်မှ အဆင်တန်ဆာများကို လက်တစ်ဖက်ဖြင့် တွန်းချကာ သမားတော်အိုကြီးနှင့် နန်းတွင်းသူအား လက်ညှိုးထိုးလိုက်သည်။ " သူတို့ကို ခေါ်သွားပြီး ကြိမ်ဒဏ်အချက်ရှစ်ဆယ်ပေးလိုက်။ မင်းတို့တွေက အလိမ်အညာတွေ ကြံဖန်ပြီး ငါကိုယ်တော်ကိုတောင် လှည့်ဖြားရဲတယ်။ ဒါ ဧကရာဇ်တစ်ပါးကို လိမ်ညာတဲ့ပြစ်ဒဏ်ကို ကျူးလွန်တာပဲ။ သူတို့ရဲ့ မျိုးနွယ်စုတွေကို ဖျက်သိမ်းလိုက်။ "
သေခါနီးနေသော သမားတော်အိုကြီးက ဧကရာဇ်ဟုန်းမျင်၏ စကားများကြောင့် မကြောက်သွားပေ။ သူက ဒူးထောက်၍ လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးက အမှန်တရားကို လျှောက်တင်ခဲ့တာပါ။ ကျွန်တော်မျိုး အသိစိတ်လွတ်သွားပြီး ဆိုးရွားတဲ့အရာတွေ လုပ်ခဲ့မိပါတယ်။ အစောပိုင်းနှစ်တွေမှာ ကျွန်တော်မျိုးရဲ့ မိသားစု ပြိုလဲသွားပြီး ဆွေမျိုးတွေလည်း အကြောင်းအရင်းမဲ့ ကွယ်လွန်သွားကြပါတယ်။ ဒါဟာ ဝဋ်လည်တာပါ။ ဤဝန်ခံမှုကြောင့် နောက်ဘဝအတွက် ကောင်းကျိုးရဖို့အတွက်သာ မျှော်လင့်မိပါတယ်။ "
ထိုအချိန်တွင် ချန်းဘင်းကအခြားလူတစ်စုကို ဦးဆောင်၍ခေါ်လာသည်။
ဤလူများက တော်ဝင်အကျဉ်းထောင်တွင် သေဒဏ်အချခံထားရသူများ ဖြစ်သည်။ သူတို့က ဧကရီခံစားခဲ့ရသော အဆိပ်အကျွေးခံထားရပြီး ရောဂါအဆင့်အမျိုးမျိုးက ဧကရာဇ်မျက်စိရှေ့တွင် တင်ပြခံထားရသည်။
ဧကရာဇ်ဟုန်းမျင်၏ မျက်ဝန်းများက သွေးထွက်တော့မလို နီရဲနေသည်။ သူကသေဒဏ်အချခံထားရသော အကျဉ်းသားများကို အသေအချာကြည့်ပြီးနောက် ရုတ်တရက် ခြေကုန်လက်ပန်းကျကာ သတိမေ့သွားသည်။
*****
ချင်းယွင်က မြို့တော်မှ ထွက်လာပြီး ချန့်ကျိုးဘက်သို့ ခပ်မြန်မြန်ဦးတည်လာသည်။
ညပိုင်းတွင် မိုးတဖွဲဖွဲရွာနေပြီး သူ၏အခြွေအရံက သူအအေးမိမည်ကို စိုးရိမ်သဖြင့် ခရီးတစ်ထောက်မှ တည်းခိုဆောင်တွင် နားနေရန်အကြံပေးသည်။
ရေချိုးပြီးနောက် ချင်းယွင်က လျှို့ဝှက်တင်ပြချက်ကို ကြည့်ကာ နှုတ်ခမ်းထောင့်များ ကွေးသွားသည်။
မြို့တော်၌ တတိယမင်းသား၏ လူယုံများရှိသည်။ ထို့ကြောင့်သူကလည်း တတိယမင်းသားဘက်ကို မျက်ခြေမပြတ်ကြည့်နေရသည်။ ဗိုလ်ချုပ်ကြီးချီနှင့် တတိယမင်းသား၏ ပဋိပက္ခအပြင် ယန်းဟွေး၏ လုပ်ဆောင်ချက်ကို တင်ပြသည့် စာလွှာကိုဖတ်ပြီးနောက်  "ဗိုလ်ချုပ်ကြီးချီက ဒေါသထွက်လွန်းတဲ့အတွက် ဝတ်ရုံကို လွှားခနဲရမ်းပြီး ထွက်သွားပါတယ်" ဟူသည့် စာတစ်ကြောင်းကိုသာ ချင်းယွင်အာရုံစိုက်ကာ ခပ်တိုးတိုးချောင်းဟန့်လိုက်သည်။
သူဤနေရာသို့ သူ့လူများမြင်းများဖြင့် ရောက်လာသည်။ ဤတစ်ဝိုက်မှ လယ်သမားကဲ့သို့ ဝတ်ဆင်ထားသော်လည်း လက်မောင်းများ၊ ခြေထောက်များ တောင့်တင်းသန်မာသော လူအချို့ကို တွေ့လိုက်သဖြင့် ဤနေရာသည် ချီယူနှင့် တတိယမင်းသားတို့ စခန်းချရာနေရာဖြစ်ကြောင်း သိလိုက်သည်။
ချန့်ကျိုးသို့ သွားရာတွင် ချင်းယွင်ကလူများစွာမခေါ်လာပေ။ သို့ရာတွင် ထိုယောက်ျား၏ လုပ်ရည်ကိုင်ရည်ကြောင့် သူရောက်လာသည်ကို သတိမထားမိမှာ မဖြစ်နိုင်ပေ။
ဟမ့်။ သူလာလာ မလာလာ၊ ဘယ်သူက ဂရုစိုက်လို့လဲ။
ချင်းယွင် အာရုံပြန်စုစည်းလိုက်သည်။ မြို့တော်မှ ချန်းဘင်းပို့လိုက်သော သတင်းများကိုကြည့်ပြီးနောက် စာရွက်ပေါ် စုတ်တံတင်၍ ဆေးညွှန်းတစ်ခု ချရေးလိုက်သည်။
ဧကရာဇ်ဟုန်းမျင်က သက်တမ်းကုန်နေသည်မှာ ကြာပြီဖြစ်ကာ ချင်းယွင်သည် သူ့ကို ဆေးဝါးသုံး၍ အသက်ဆွဲဆန့်ထားပေးခြင်းဖြစ်သည်။ သို့သော် ဤကမ္ဘာတွင် ကောင်းကင်ဘုံကို ဆန့်ကျင်၍ ကံကြမ္မာအား ပြောင်းလဲနိုင်မည့် နည်းလမ်းမရှိပေ။ ဧကရာဇ်ဟုန်းမျင်က ဆေးဝါးကို ကြိမ်ဖန်များစွာ သောက်သုံးနေသော်လည်း သက်ရောက်မှုမှာ ယခင်လောက် မကောင်းတော့ပေ။
ထို့ကြောင့် ဧကရာဇ်ဟုန်းမျင် အသက်ရှင်ရန်အတွက် ချင်းယွင်က ဆေးညွှန်းကို ကရိကထခံ၍ မွမ်းမံနေရသည်။
ဧကရာဇ်ဟုန်းမျင် မည်သို့ဖြစ်သွားမည်ကို တွေးမိသောအခါ သူ့နှုတ်ခမ်းထောင့်မှ အပြုံးက ပိုထင်ရှားလာသည်။ သူအလေးထားချစ်ခင်ခဲ့သော အမျိုးသမီးက တကယ်တမ်းတွင် အဆိပ်ပြင်းသောမိန်းမဖြစ်ကြောင်း ဧကရာဇ် သိရှိသွားသောအခါ မည်သို့တုံ့ပြန်မည်နည်း။ ထို့အပြင် သူဖြောင့်မတ်သဘောထားကြီးသည်ဟု ထင်ထားသော တတိယမင်းသားက သူ၏အစ်ကိုအရင်းများကိုပင် ထောင်ချောက်ဆင်တတ်သည့် ဝံပုလွေအငတ်ဖြစ်နေသည်။
ဧကရာဇ်ဟုန်းမျင်က ဒေါသထွက်နေသည်ဟု ချန်းဘင်းသတင်းပို့သော်လည်း ၎င်းမယုံကြည်မည်ကို ချင်းယွင်မစိုးရိမ်ပေ။ ဧကရာဇ်ဟုန်းမျင်က မယုံကြည်ခြင်းမဟုတ်ဘဲ သူ့ကိုယ်သူယုံကြည်ခွင့်မပြုခြင်းသာ ဖြစ်သည်။
*****
ချီယူက နောက်လိုက်အချို့ကို ဦးဆောင်ပြီး အရက်ဆိုင်အတွင်း ဝင်သွားကာ ယမကာမှာလိုက်သည်။ သူ့က ဘေးခုံမှ ဓားရှည်များနှင့် အစောင့်အကြပ်အချို့ကို လျှို့ဝှက်လေ့လာလိုက်သည်။
" ခေါင်းဆောင်၊ မြို့တော်ကပါ" စစ်ဗိုလ်က သူ့ကို မျက်စပစ်ပြသည်။
အစောင့်အကြပ်များ၏ ဓားရိုးပေါ်မှ အမှတ်အသားကို တွေ့ပြီးနောက် ထိုလူများသည် မြို့တော်မှ လူများသာမဟုတ်ဘဲ နန်းတော်မှလူများဖြစ်နေသည်။ ပထမမင်းသားက မြို့တော်မှ ထွက်လာကာ တောင်ပိုင်းသို့သွားမည်အား သူတို့သတင်းကြားထားသည်။ နေ့များချိန်ဆကြည့်ပါက သူတို့သာ လျင်မြန်လျှင် ဤနေရာသို့ ရောက်နေလောက်သည်။
အပေါ်ထပ်မှ တည်းခိုခန်းများအား သူမသိမသာကြည့်မိသည်။ မင်းသားကြီးလည်း တည်းခိုဆောင်ထဲမှာ ရှိနေတာလား။
သို့သော် ဤအစောင့်အကြပ်များမှလွဲ၍ တည်းခိုဆောင်အပြင်ဘက်တွင် တော်ဝင်မြင်းအနည်းငယ်နှင့် ရထားလုံးနှစ်ခုသာရှိပြီး စစ်တပ်ဖွဲ့အစောင့်အရှောက် မပါချေ။ မင်းသားတစ်ယောက်၏ ခရီးနှင်မှုအနေဖြင့် အဆောင်အယောင်က စုတ်ပြတ်လွန်းသည်။
ခေါင်းငုံ့ကာ ယမကာတစ်ငုံသောက်ပြီးနောက် လက်ရှိသံသယကို အရင်ကခံစားဖူးသကဲ့သို့ ချီယူရုတ်တရက် တွေးမိသည်။
မင်းသားကြီးအား လုပ်ကြံရန်အတွက် ချင်းယန်အဆောက်အဦးသို့ သူသွားရောက်စဉ်ကလည်း မင်းသားကြီးကို ဝန်းရံနေသော လူအင်အားမှာ မလုံလောက်ဟု သူခံစားမိဖူးသည်။ တကယ်လည်း မင်းသားကြီး မရှိနေဘဲ အခန်းထဲ၌ လူငယ်လေးသာ ရှိခဲ့သည်။
ထိုအကြောင်း ပြန်တွေးမိသောအခါ ချီယူ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသောအရောင် ဖြတ်သွားသည်။ ဒါဆို ဒီနေ့လည်း... သူပဲလား။
ထိုအတွေးက ချီယူကို ချက်ချင်းလန့်ဖျပ်စေပြီး သူ့နှလုံးသားထဲမှ မရေမရာသံသယများ ဖိနှိပ်ခံလိုက်ရသည်။
လတ်တလောတွင် တတိယမင်းသား၏ စစ်ပွဲစရန် လှုပ်ရှားမှုကြောင့် ချီယူ၏ ဒေါသရေချိန်က တဖြည်းဖြည်းတက်လာသည်။ လူငယ်လေးသာ သူယခုရင်ဆိုင်နေရသော အခြေအနေကြုံရလျှင် မည်သို့လုပ်ဆောင်မလဲဟု ချီယူတွေးမိသည်။
တတိယမင်းသားက မြို့တော်ကို စစ်တပ်ဖြင့်တိုက်ရန် လိုလားနေသည်။ ယန်းဟွေးနှင့် သူ၏ဖျောင်းဖျမှုက အသုံးမဝင်ပေ။ သို့သော် လူငယ်လေးက ဒေါသကြီးကြီး ဖိနှိပ်ချုပ်ချယ်တတ်သော မင်းသားကြီးကို အမှားအယွင်းမရှိ နားချနိုင်သည်။
ချီယူစိတ်ပျက်ဝမ်းနည်းစွာ သက်ပြင်းချမိသည်။ ခေါင်းကို ဘေးသို့အနည်းငယ်လှည့်လိုက်သောအခါ လှေကားပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာသော ရင်းနှီးသည့် ပုံရိပ်လေးကို မျက်လုံးထောင့်မှမြင်လိုက်ရသည်။ သူ့လက်ထဲမှ ယမကာအား ချီယူချက်ချင်းမေ့သွားသည်။
တကယ်ကို သူလား။
စစ်ဗိုလ်သည်လည်း ထိုတစ်ယောက်ကို တွေ့ကာ ချက်ချင်း အံ့အားသင့်သွားသည်။ ထိုရှန့်ဖုန်းဟူသော လူငယ်လေးက သူတို့၏ ဗိုလ်ချုပ်ကြီးနှင့် တိုက်ခိုက်ခဲ့သည်ကို သူမှတ်မိသည်။
သို့သော် စစ်ဗိုလ်က အခိုက်အတန့်မျှ တွေးပြီးနောက် နှလုံးခုန်သံပြန်ငြိမ်သွားသည်။ ထိုအချိန်က လူငယ်လေးသည် ဗိုလ်ချုပ်ကြီး၏ ရာထူးအား ခန့်မှန်းမိခဲ့သော်လည်း သူနှင့်ဗိုလ်ချုပ်ကြီးတို့က မျက်နှာဖုံးတပ်ထားသည်။ ယခုအခါ သူတို့ ဘာမှမလှုပ်ရှားလျှင် မှတ်မိခံရနိုင်စရာ အကြောင်းမရှိပေ။
ချင်းယွင်အောက်ဆင်းလာသည်ကို တွေ့သောအခါ ဘေးစားပွဲမှ အစောင့်အရှောက်များ ချက်ချင်းမတ်တပ်ရပ်ကာ ရိုရိုသေသေ ပြောကြသည်။ "သခင်လေး"
"ရိုသေနေစရာမလိုပါဘူး။ " လူငယ်လေးက လက်ယမ်းပြပြီး ဤဘက်သို့ အေးအေးဆေးအေး လျှောက်လာသည်။
လူငယ်လေး လမ်းလျှောက်လာသည်နှင့် စစ်ဗိုလ်၏ နှလုံးသား တင်းကြပ်သွားသည်။ လူငယ်လေးက သူတို့၏ ဗိုလ်ချုပ်ကြီးနှင့် တန်းတူရည်တူ တိုက်ခိုက်နိုင်ပြီး သိုင်းပညာရှင်များမှာ အခြားလူများ၏ ရနံ့ကို အာရုံခံနိုင်စွမ်းကောင်းသည်။ သူက သူတို့အား အလိုလိုမှတ်မိသွားလျှင် ဘာဖြစ်မည်နည်း။
ဗိုလ်ချုပ်ကြီးက မြောက်ပိုင်းကို စောင့်ကြပ်ရန် တာဝန်အပေးခံထားရသည်။ စည်းမျဉ်းစည်းကမ်းများအရ ဧကရာဇ်၏ အမိန့်မရှိဘဲ မြို့တော်သို့ မြောက်ပိုင်းဒေသမှ ပြန်လာ၍မရပေ။ ယခုအခါ တပ်စိတ်သုံးခုပင် ပါလာသေးသည်။
လူငယ်လေးသာ သူတို့၏ ရာထူးကိုသိသွားလျှင် ပုန်ကန်သူများအဖြစ် ချက်ချင်းသတ်မှတ်ခံရနိုင်သည်။ တတိယမင်းသားပင် ဖော်ထုတ်ခံလိုက်ရနိုင်သည်။ ထိုအခါ သူတို့အားလုံး အဆုံးသတ်သွားလိမ့်မည်။
စစ်ဗိုလ်က စားပွဲအောက်၌ လက်သီးဆုပ်နေသည် သို့သော် သူမော့ကြည့်လိုက်သောအခါ ဆွဲဆောင်ခံနေရပုံပေါ်သော သူ၏ဗိုလ်ချုပ်ကြီးကို တွေ့လိုက်ရသည်။ ဗိုလ်ချုပ်ကြီး၏ မျက်လုံးများက လူငယ်လေးကို သွားကပ်တော့မလိုပင်။ သူ မျက်နှာကို ချက်ချင်းကာလိုက်ပြီး သက်ပြင်းချမိသည်။
ဗိုလ်ချုပ်ကြီးရေ၊ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးက တစ်စုံတစ်ယောက်ကို သတ်ဖို့လာတာကို သတိရဦး။ ကြင်ဖက်လာတွေ့တာမဟုတ်ဘူးလေ။ ကိုယ်တိုင်အဖမ်းခံရမှာကို နည်းနည်းလေးတောင် ဂရုမစိုက်ဘဲ အချစ်ဟောင်းကို ပြန်တွေ့လိုက်ရသလိုမျိုး ဘာကြောင့်ပျော်မြူးနေတာလဲ။
တစ်စုံတစ်ယောက်၏ ပို၍ပို၍တောက်လောင်လာသော အကြည့်ကို အာရုံခံမိပုံဖြင့် လူငယ်လေးက သူတို့စားပွဲဘက်သို့ လှည့်ကြည့်လာသည်ကို စစ်ဗိုလ်တွေ့လိုက်ရသည်။
ချင်းယွင်က သူ့အားစိုက်ကြည့်နေသော ကြွက်သားများနှင့်လူကို ပျော်စေပြက်စေသဘောဖြင့် ဖြတ်ခနဲကြည့်လိုက်သည်။ ထိုလူက အရပ်ရှည်ကာ ခန္ဓာကိုယ်တွင် ကြွက်သားများရှိသည်။ ၎င်းတို့က သူ့ကိုယ်ပေါ်မှ မီးခိုးရောင်အဝတ်အစားများနှင့် လိုက်ဖက်နေသည်။ ထိုယောက်ျား၏ လက္ခဏာများက အလွန်အမင်းထူးခြားသည်။ နယ်စပ်မှသဲလေထန်မှုက ဤယောက်ျားကို ဖော်ပြ၍မရလောက်အောင် ဆွဲဆောင်မှု ရှိစေသည်။
သို့သော်ယခုအခါ ဤရင့်ကျက်ခံ့ညားထည်ဝါသော မျက်နှာက ပေါကြောင်ကြောင်ပုံပေါက်နေသည်။ ၎င်းက လူများအား အပြင်ဘက်တွင် ရက်စက်ပုံပေါ်သော်လည်း သူ၏သခင်ရှေ့တွင် ရူးကြောင်ကြောင်နေတတ်သော ခွေးကြီးအမျိုးအစားအချို့ကို သတိရစေသည်။
အရင်ကမ္ဘာများကတည်းကပင် သူ့အား စူးစူးစိုက်စိုက်၊ ပြင်းပြင်းပြပြ ကြည့်တတ်သော အကြည့်ကြောင့် ချင်းယွင်သည် ထိုယောက်ျားကို အမှားအယွင်းမရှိ မှတ်မိနိုင်သည်။
ထိုလူ၏ ပေါကြောင်ကြောင်အမူအရာကြောင့် ကျေနပ်သွားသောချင်းယွင်က နှလုံးသားထဲ ကျိတ်ရယ်လိုက်သည်။ ထိုအသွင်အပြင်နှင့် လယ်သမားအဖြစ် ဟန်ဆောင်နေသေးသည်လား။
ထို အစွန်းများအနည်းငယ် အပေါ်ချွန်တက်နေသော မျက်ဝန်းများဖြင့် သူကိုယ်တိုင်အကြည့်ခံရသောအခါ ချီယူပူလောင်လာပြီး နားရွက်များ ထိန်း၍မရအောင် နီရဲလာသည်။
သူ ငါ့ကို မှတ်မိလား။
သူ့နှလုံးသားထဲတွင် ကပျာကယာဖြစ်မနေပေ။ ထိုအစား ချီယူ မကြုံစဖူး ပျော်မြူးလာသည်။ သူ့ခေါင်းထဲမှ အစီအစဉ်များ၊ တည်ငြိမ်မှုများ တိမ်ပေါ်ပျံတက်သွားသည်။ သူကမတ်တပ်ထရပ်လိုက်ပြီး လူငယ်လေးအား တောက်လောင်နေသောအကြည့်ဖြင့် ငေးကြည့်နေသည်။ " သခင်လေး၊ မတွေ့တာ ကြာပြီနော်။ အခြေအနေ ဘယ်လိုလဲ။ "
ချီယူ၏ စကားများကို ကြားလိုက်သောအခါ စစ်ဗိုလ်မှာ ကြောက်ရွံ့ထိတ်လန့်သွားကာ ထိုင်ခုံပေါ်မှ ပြုတ်ကျသွားသည်။
သူက မှတ်မိခံရမည်ကို စိုးရိမ်နေသော်လည်း အဓိကလူက သူကိုယ်သူ ကြေငြာလိုက်သည်။
Continue Reading
You'll Also Like
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
40.3K 4.2K 22
Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်...
10.7K 1.2K 5
Main title: God Plz!Grab me!Love me!Save me! Arc-4.(I used to love you) started date:15/7/2022 End: ???????
1.1M 57.4K 48