ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

Autorstwa Vanilla_IceCream61

1.5M 248K 16.1K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... Więcej

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

81

7.8K 1.4K 51
Autorstwa Vanilla_IceCream61

ချောင်းဆိုးသံက ခဏခဏထွက်လာသည်။ သူ၏နေမကောင်းဖြစ်နေပုံပေါ်သော ဇနီးအား ဆံပင်သပ်ပေးနေစဉ်တွင် ဝေ့လင်း၏ အကြည့်များ နူးညံ့နေသည်။ သူက အသက်ဆယ့်ရှစ်နှစ်တွင် ပညာသင်ဆုရရှိခဲ့ပြီး အခြားအရာရှိများကဲ့သို့ မိသားစုကျောထောက်နောက်ခံ မရှိခဲ့ပေ။ သူက ဆင်းရဲခဲ့ရာ သူ့ပညာရေးအတွက် အလုပ်လုပ်ကာ တိတ်တဆိတ်ထောက်ပံ့ပေးသည့် အမျိုးသမီးကိုသာ မှီခိုခဲ့ရသည်။ ထို့ကြောင့် ယခုအချိန်၌ သူမအတွက်ကိုသာ ဝေ့လင်းစိတ်အပူရဆုံး ဖြစ်သည်။

ဧကရာဇ်ဟုန်းမျင်က တစ်ကိုယ်တော်သမားနောက်လိုက်များကို ပိုနှစ်သက်သဖြင့် ဝေ့လင်းမှာ ညီလာခံအကြီးအကဲအဖြစ် အခက်အခဲများစွာမရှိဘဲ ရာထူးတိုးနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ ယခုအချိန်၌ ညီလာခံမှ အုပ်စုများကြားထဲတွင် သူသည်အန္တရာယ်အများဆုံးဖြစ်နေကြောင်း သူသိသည်။

အထူးသဖြင့် ယခုကဲ့သို့ မငြိမ်မသက်ဖြစ်နေသော အခြေအနေတွင် သူကယန်းဟွေး၏ ပထမအဆင့်အမတ်နေရာ၌ အစားထိုးခံလိုက်ရသည်။ ယန်းဟွေးက တတိယမင်းသားအား ထောက်ပံ့ရန် စိတ်အားထက်သန်နေခြင်းမှာ ဧကရာဇ်ဘက်မှ တစ်စုံတစ်ခုကို အရိပ်အယောင်ပြထားသောကြောင့်မှန်းလည်း ဝေ့လင်းသိသည်။ တတိယမင်းသား၏ လက်ထဲ၌ အဓိကသော့ချက် ရှိလိမ့်မည်။

ယခုအခါ မင်းသားကြီးက သူ့အားအသုံးပြုချင်နေရာ တတိယမင်းသား ညီလာခံသို့ပြန်လာသောအခါ သူ့တွင်ဘာဖြစ်လာနိုင်မည်မှန်း မသိချေ။

၎င်းမှာ သူ့ဇနီးအား အဝေးပို့ရလောက်သည်အထိ အကြောင်းရင်း မလုံလောက်ပေ။ သူ့အားဤသို့ ဆုံးဖြတ်စေသည်မှာ မင်းသားကြီးကိုယ်တိုင်ပင်။ မင်းသားကြီးက ရက်စက်သည်ဟု ဝေ့လင်းကြားဖူးသဖြင့် သူ့စိတ်ထဲ များစွာသံသယဖြစ်မိသည်။ အရင်ရက်အနည်းငယ်ကပင် မြို့စောင့်တပ်အကြီးအကဲ ဖန်ရွေကို မင်းသားကြီး ထိန်းချုပ်လိုက်သည်ဟု သူကြားရသည်။

ထို့ကြောင့်ပင် ဝေ့လင်းသူ့ဇနီးအတွက် စိုးရိမ်လာခြင်းပင်။ ထို့အပြင် သူ့ဇနီး ခံစားနေရသော အဆုတ်ရောဂါက တစ်နေ့ပြီးတစ်နေ့ ပိုဆိုးလာသည်။ ဝေ့လင်း သူ့ဇနီးအား ထပ်၍ဆိုးဆိုးရွားရွား မခံစားစေရက်ပေ။

"အပြင်မှာ လေတိုက်တယ်။ ရထားလုံးထဲ ဝင်တော့နော်။ "ဝေ့လင်း သူ့ဇနီးကိုယ်ပေါ်မှ ခြုံထည်အား စေ့ပေးလိုက်သည်။ " မြို့တော်ရဲ့အပြင်ဘက်မှာ သိပ်အဆင်မပြေလောက်ဘူး။ ရှင်မ ထပ်တောင့်ခံပေးဖို့ ကိုယ်တောင်းဆိုရမှာပဲ။ "

"ကျွန်မကို အမှန်အတိုင်းပြော။ ဘာလို့ ကျွန်မကို အဝေးပို့ရတာလဲ။ သခင်ကြီးရဲ့ အခြေအနေကကော။ မင်းသားကြီးက သခင်ကြီးကို လတ်တလောကတင် ရာထူးတိုးပေးလိုက်တယ် မဟုတ်လား။ " အမျိုးသမီးက နေမကောင်းဖြစ်ကာ အားနည်းနေသော်လည်း တက်ကြွနေသေးကာ ဝေ့လင်းအား ဆွဲ၍ မေးခွန်းများ မေးနေသည်။

"ကိုယ်က ဘာလုပ်နိုင်မှာလဲ။ အခု ကိုယ်က ပထမအဆင့်ဝန်ကြီး ဖြစ်သွားပြီ။ ရှင်မကို ဒီလိုမျိုးအဝေးပို့ရတာက ရှင်မနေမကောင်း ဖြစ်ပြီး စိတ်အခြေအနေ သိပ်မကောင်းတဲ့ပုံပေါ်နေလို့ပါကွာ။ ခဏလောက် အပြင်ဘက်မှာ စိတ်အပန်းဖြေဖို့ ပို့ပေးတာ။ "ဝေ့လင်းက ရွှင်လန်းဟန်ဆောင်ကာ သူ့နှလုံးသားထဲမှ လေးလံမှုကို ဖုံးကွယ်ထားသည်။

"တကယ်လား။ " အမျိုးသမီးက တုန့်ဆိုင်းစွာမေးလိုက်သော်လည်း လေအေးတစ်ရှိုက်ကို ရှူလိုက်မိကာ ချောင်းဆိုးမရပ်နိုင်တော့ချေ။

ဝေ့လင်း စိတ်မကောင်းဖြစ်သွားကာ သူမအား ရထားလုံးထဲ မြန်မြန်ပို့လိုက်သည်။ "တကယ်ပါ၊ တကယ်ပါကွာ။ သွားတော့နော်။ ကိုယ် ခွင့်ယူလို့ရတဲ့အချိန်ကျရင် ရှင်မကို လာတွေ့မယ်။ "

နောက်ဆုံးတွင်တော့ ရထားလုံးစတင်ထွက်ခွာသွားသည်။ ဝေ့လင်းက ခွဲခွာသွားသော ရထားလုံးအား ပြည်လမ်းမပေါ်တွင် လက်နောက်ပစ်၍ ရပ်ကြည့်နေရင်း သက်ပြင်းချလိုက်သည်။

ယန်းဟွေးထွက်သွားပြီဖြစ်သဖြင့် ဝေ့လင်းက သူ့နေရာလပ်အား ဖြည့်ရလိမ့်မည်။ ယန်းဟွေးချန်ထားခဲ့သော အရှုပ်အထွေးကွန်ရက်များကိုလည်း တဖြည်းဖြည်း ရှင်းနေရရရာ ယခုတလော သူတကယ်ပင်ပန်းနေသည်။ မည်သို့ပင်ဆိုစေ သူခဏလေးပင် စိတ်မချနိုင်ပေ။ သူသည်လည်း တတိယမင်းသားနှင့် ပက်သက်ဖူးရာ မင်းသားများထဲမှ တစ်ယောက်မျှ မရိုးရှင်းကြောင်း သိနေသည်။

တတိယမင်းသား၏ အတွေးများအား ဝေ့လင်း၏ မျက်လုံးအိုများဖြင့် ခုနစ်မှတ်မျှ ခန့်မှန်းနိုင်သော်လည်း ပထမမင်းသားအား သူသုံးမှတ်မျှပင် မမှန်းဆနိုင်ပေ။

ပထမမင်းသားက အလွန်ထက်မြက်ကာ ရှေးဆန်ပြီး ကိုယ်ပိုင်ပုံစံရှိသည်။ သူအုပ်ချုပ်စဉ်ကတည်းကပင် ဝန်ကြီးများထံမှ ဖိအားပေးမခံရဘဲ ညီလာခံထဲမှ မျှတနေမှုကို ဖယ်ရှားလိုက်သည်။ သူက ညီလာခံမှ အင်အားစုအချို့ကို ခပ်မြန်မြန်ဖြုတ်ချခဲ့သည်။ ထိပ်ဆုံးမှ အောက်ဆုံးအထိ အရာအားလုံးကို ညှိလိုက်ပြီး ပုန်ကန်နိုင်သောလေထုကို သိသိသာသာ လျှော့ချလိုက်သည်။

ပေးလိုက်သောတာဝန်များကို တစ်စုံတစ်ယောက်က အရင်ကဲ့သို့ ခိုကပ်နေသည်ဖြစ်စေ၊ တမင်လိမ်ညာသည်ဖြစ်စေ မင်းသားကြီးက သူတို့အား ရောက်တတ်ရာရာပြောမည်မဟုတ်ပေ။ တာဝန်မကျေသူကို ရာထူးချကာ အပြစ်ဒဏ်ပေး၍ အသစ်တစ်ယောက်အား ရာထူးတိုးပေးလိုက်လိမ့်မည်။

ရိုးရိုးသားသားပြောရလျှင် ဝေ့လင်းက ထိုသို့သောနည်းလမ်းအား လေးစားမိသည်။ တစ်ခါတစ်ရံ ထိုငယ်ရွယ်သောလူငယ်လေးကိုကြည့်ကာ ၎င်း၏ကိုယ်ထဲ၌ ပညာရှိသော နတ်ဆိုးတစ်ယောက် ရှိနေသည်ဟု သူခံစားရသည်။

တကယ်ကို နတ်ဆိုးတစ်ယောက်၏ ပညာရှိမှုမျိုးပင်။ ဝေ့လင်း သူ့ကိုယ်သူပင် ရှက်မိသည်။ မင်းသားကြီး၏ အတွေးများကို သူထွင်းဖောက်မမြင်နိုင်သဖြင့် ထိတ်လန့်ပြီး သူ့ဇနီးအားအဝေးပို့ရန် ဆုံးဖြတ်လိုက်သည်။

ချင်းယွင်က ရထားလုံးထဲတွင် ထိုင်ရင်း အဝေး၌ လေတိုက်ခံ၍ရပ်နေသော ဝေ့လင်းကို ကြည့်နေသည်။ သူခေါင်းခါလိုက်ပြီး အပြုံးပျောက်ကွယ်သွားသည်။ သူဝေ့လင်းအား ရာထူးတိုးပေးခြင်းမှာ အရည်အချင်းကြောင့်ပင်။ ညီလာခံတွင် သူက ပြတ်သားထက်မြက်ပုံပေါ်သည်။ မူလကပင်ညီလာခံအကြီးအကဲဖြစ်သော ဝေ့လင်းအား အခြားလူများအစား ရာထူးတိုးပေးလိုက်ခြင်းမှာ အခြေအနေကို ချင်းယွင်သေချာစဉ်းစားပြီးနောက် ချလိုက်သောဆုံးဖြတ်ချက်ဖြစ်သည်။

မမျှော်လင့်ထားစွာပင် ထိုဆုံးဖြတ်ချက်နှင့် သက်ဆိုင်နေသော ဝေ့လင်းအား ထိတ်လန့်စေခဲ့သည်။ ၎င်းအဖြစ်က အရာရှိများနှင့် ပြည်သူပြည်သားများကြား၌ မင်းသားကြီးယန်ဆာ၏ ဂုဏ်သတင်းမည်မျှဆိုးရွားနေကြောင်း ပြသရန် လုံလောက်သည်။

ယခင်နှစ်များအတွင်း ယန်လန်ကသူ့အား များစွာအနှောက်အယှက်ပေးခဲ့ပုံပေါ်သည်။

ချင်းယွင် လက်ထဲမှ စုတ်တံကို ချလိုက်ပြီး စာရွက်ပေါ်မှ မင်ကိုလေမှုတ်လိုက်ကာ ချန်းဘင်းအား လက်ယမ်းပြလိုက်သည်။ ချန်းဘင်းကလည်း လှည်းမောင်းသမားကို ချက်ချင်းအချက်ပြလိုက်ပြီး ဝေ့လင်းထံသို့ ရထားလုံးရွေ့စေလိုက်သည်။

ဝေ့လင်းက အတွေးထဲ နစ်မြုပ်နေဆဲပင်။ လက်ရှိဖရိုဖရဲအခြေအနေနှင့် မင်းသားကြီး ထွက်လာမှုက သူ့ကိုများစွာဖိအားပေးနေသည်။ မည်သို့ပင်ဆိုစေ သူ့ခေါင်းဆောင်ကိုရွေးရန် တွန်းအားပေးခံနေရသည်။ မင်းသားကြီး အလိုရှိသကဲ့သို့ သူကောင်းကောင်း မလုပ်ဆောင်နိုင်လျှင် မိသားစုအား ငြိစွန်းလာနိုင်သည်။

သူပြင်းပြင်းထန်ထန် စဉ်းစားသော်လည်း ဘာအကြံမှထွက်မလာသောအခါ ဝေ့လင်းခါးသီးစွာပြုံးကာ ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူ့အဝတ်စအား ခါယမ်းလိုက်ကာ နောက်လှည့်၍ထွက်ခွာရန်ပြင်သည်။

ရလဒ်အနေဖြင့် သူခေါင်းလှည့်လိုက်သည်နှင့် သူ့အရှေ့၌ တဖြည်းဖြည်း ရပ်လာသော ရထားလုံးကို တွေ့လိုက်ရသည်။ ဝေ့လင်းနှလုံးခုန်လာကာ စိတ်ထဲ၌ ခံစားချက်ဆိုးရလိုက်သည်။

ဒီရထားလုံးက...

"ညီလာခံအကြီးအကဲဝေ့နဲ့ ဇနီးက တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်မြတ်နိုးကြတာပဲ။ "

လူငယ်လေး၏ ရယ်သံမသိမသာစွက်နေသော ထူးထူးခြားခြား ကြည်လင်ပြတ်သားသည့်အသံက ရထားလုံးထဲမှ ထွက်လာရာ ဝေ့လင်းထိတ်လန့်သွားရသည်။

သူဘာခုခံမှုမှ မလုပ်ဘဲ ဒူးထောက်ချလိုက်သည်။ "ဒီဝန်ကြီးက မင်းသားကြီးကို နှုတ်ခွန်းဆက်သပါတယ်။ "

မင်းသားကြီး ဘယ်တုန်းက ရောက်လာတာလဲ။ သူ သူ့ဇနီးကို ပြောနေတာ ဘယ်လောက်များ ကြားသွားလဲ။ သူမပြောသင့်သည်အား ပြောမိသွားသလားတွေးကာ ဝေ့လင်းစိတ်ထဲ ချာချာလည်နေသည်။

သို့သော် ထိုအကြောင်းတွေးပြီးနောက် ဝေ့လင်းခါးသီးစွာ ပြုံးမိသည်။ သူမင်းသားကြီးကို လျှောက်တင်မည့် စကားတစ်ဝက်မျှ စဉ်းစားပြီးသော်လည်း လက်ရှိအခြေအနေမှာ မရှင်းလင်းသဖြင့် သူဘာမှမပြောလိုက်တော့ပေ။

ဝေ့လင်း ထိတ်လန့်နေသည်။ ယနေ့သူအနည်းငယ် ဂရုမစိုက်မိသည်အား နောင်တရမိသည်။

မြေကြီးပေါ်မှ ရွှံ့များအား လျစ်လျူရှုထားကာ ဝေ့လင်းဒူးထောက်ပြီး ခေါင်းကိုမြေကြီးနှင့်ထိထားသည်။

လတ်တလောတွင် မင်းသားကြီးအပြုအမူများ၏ အလေ့အထအား သူသိရှိထားသဖြင့် အကြောင်းစုံလျှောက်တင်လိုက်သည်။ "ဝေ့လင်းရဲ့ အခုအောင်မြင်မှုအားလုံးက ဇနီးဖြစ်သူမှ အလုပ်ကြိုးကြိုးစားစားထောက်ပံ့ပေးမှုကြောင့်ပါ။ အစဦးဆုံး မြို့တော်စာမေးပွဲ ဝင်ကြေးကအစ ကျွန်တော်မျိုးဇနီးရဲ့ စုငွေပါ။ ဒါ့ကြောင့် ဝေ့လင်းမှာ ဘာမှမလိုအပ်ဘဲ ဇနီးဖြစ်သူ အဆင်ပြေပြေ သာသာယာယာရှိဖို့သာ မျှော်လင့်ပါတယ်။ "

"ဒီအကြောင်းပြချက်ကြောင့်သာ ဝေ့လင်းက အရှင့်သားအတွက် နွားတွေ၊မြင်းတွေလိုမျိုး နာခံစွာ အစွမ်းကုန်တာဝန်ထမ်းဆောင်ပေးဖို့ လိုလားပါတယ်။ "

ဝေ့လင်း၏ စကားဆုံးသောအခါ ချင်းယွင်ပြုံးသည်။ ဤယောက်ျားနှင့် သူ့ဇနီးတို့က တကယ်ကိုအလွန်မြတ်နိုးကြသည်။ သို့မဟုတ်လျှင် သူ့ဇနီးအား ချမ်းသာပေးရန်အတွက် ခါးသီးသော ဇာတ်လမ်းတစ်ပုဒ်အား ဖွဲ့နွဲ့နေမည်မဟုတ်ပေ။

ယန်ဆာ ယန်ဆာ၊ မင်းက ဒီလူတွေရဲ့ ရင်ထဲမှာ ဘယ်လိုနတ်ဆိုးမျိုး ဖြစ်နေတာလဲ။ ချင်းယွင် သက်ပြင်းချမိသည်။

တကယ်တမ်းတွင် ယန်ဆာ၌ အာဏာရှင်ဟူသည့် ဂုဏ်ပုဒ်ရှိနေမှန်း ချင်းယွင်မသိခဲ့ပေ။ ယခုအခါတွင် ဝေ့လင်းမှာ မကောင်းဆိုးဝါးအိုကြီး ချင်းယွင်၏ အပြုအမူများကြောင့် ကြောက်လန့်နေသည်။ မည်သို့ပင်ဆိုစေ သူငယ်ရွယ်စဉ်ကတည်းက ထိုသို့ စီမံနိုင်သကဲ့သို့ အဆိုးမြင်ကာ ကြမ်းတမ်းတတ်သော ဂုဏ်ပုဒ်လည်း ရှိနေသည်။ ၎င်းကို လူတွေ သတိမထားသင့်ပေဘူးလား။

ချင်းယွင် လက်ယမ်းပြလိုက်သောအခါ ချန်းဘင်းက ချင်းယွင်အခုလေးတင်ရေးထားသော ဆေးညွှန်းကို ယူကာ ချက်ချင်း အောက်ဆင်းသွားသည်။

ချန်းဘင်းမှာ ချင်းယွင်၏ မျက်နှာထားကို တွေ့သည်နှင့် ၎င်း၏ဝေ့လင်းအပေါ်သဘောထားအား မြင်နိုင်သူဖြစ်သည်။ သူကရထားလုံးပေါ်မှ ဆင်းလာသည်နှင့် ဝေ့လင်းအား ဖော်ရွေပျူငှာစွာ ထူပေးလိုက်သည်။ "အကြီးအကဲဝေ့ရဲ့ ဇနီးအပေါ်မြတ်နိုးမှုကို မင်းသားကြီးက တန်ဖိုးထားလို့ ဇနီးဖြစ်သူ အဆုတ်ရောဂါသက်သာစေဖို့အတွက် အစွမ်းထက်တဲ့ဆေးညွှန်းပေးလိုက်ပါတယ်။ မြန်မြန်လက်ခံပေးပါ။ "

ချန်းဘင်းမှ သူ့အားလာထူပေးသော်လည်း ဝေ့လင်းမထရဲပေ။ သူကချန်းဘင်းကမ်းပေးသော ဆေးညွှန်းအား စိတ်ရှုပ်ထွေးနေပုံဖြင့် ကြည့်နေသည်။ ၎င်းပေါ်မှ မင်များမှာ စိုနေသေးရာ မကြာသေးမီကပင် ရေးထားပုံပေါ်သည်။

ဒါ ဘာအဓိပ်ပါယျလဲ။

"အကြီးအကဲဝေ့က ဘာလို့မတ်တပ်မရပ်သေးတာလဲ။ ဒီမင်းသားကိုယ်တိုင် လာထူပေးစေချင်တာလား။ ပထမအဆင့်ဝန်ကြီး ရာထူးက ညီလာခံမှာပဲ အကြုံးဝင်တာပါ။ အတွေးမလွန်ပါနဲ့။ " အပြင်ဘက်မှ မြင်ကွင်းအား သူကိုယ်တိုင်မြင်ပြီးနောက်လူငယ်လေး၏ ရယ်သံထပ်ထွက်လာသည်။

ဝေ့လင်း၏ နှလုံးသားထဲမှ ကြောက်လန့်စိုးရိမ်မှုများမှာ မပျောက်ကွယ်သေးပေ။ သူ့အားထူပေးပြီးသော ချန်းဘင်းက ရထားလုံးပေါ်ပြန်တက်သွားသည်။ အဆင့်သိပ်မမြင့်သော ရထားလုံးက ပြန်လှည့်ကာ ဖြည်းဖြည်းချင်း ထွက်သွားသည်။ ဝေ့လင်းတစ်ယောက်ထဲသာ ပြည်လမ်းမပေါ်၌ ဆေးညွှန်းကိုင်ထားရင်း တစ်ကိုယ်တည်းရပ်ကျန်ခဲ့သည်။

အဝေးမှ လူငယ်လေး၏ အသံထပ်ထွက်လာရာ ဝေ့လင်းပြောစရာစကားမဲ့သွားသည်။ "ဒီမင်းသားက ပထမအဆင့်ဝန်ကြီးရဲ့ စကားတွေကို မှတ်သားထားမယ်။ ဝန်ကြီးက နွားတွေမြင်းတွေလိုမျိုး အစွမ်းကုန်ကြိုးစားစရာမလိုပါဘူး။ ညီလာခံမှာ အမြဲသတိရှိနေရုံနဲ့ ကိုယ်တော်ကျေနပ်ပါတယ်။ "

ဒါပဲလား၊ သူ့ကို ဆေးညွှန်းလာပေးရုံပဲလား။ ဒါပဲ။

ဝေ့လင်းနှလုံးသားထဲ ပြည့်နေသော ခုခံမှုများ ဘယ်နေရာသို့ လွှတ်ထုတ်ရမည်မှန်း မသိတော့ပေ။ သူက တဖြည်းဖြည်း အလှမ်းဝေးသွားသော ရထားလုံး၏ အနောက်ဘက်ကို ငေးကြည့်နေရင်း အိပ်မက်မက်နေသကဲ့သို့ ခံစားရသည်။ ဝါဂွမ်းပေါ်၌ ခြေလှမ်းနေရသကဲ့သို့ အားနည်းကာ မတည်ငြိမ်သလို ခံစားရသည်။

ဝေ့လင်း စိတ်မတည်ငြိမ်သေးခင်အထိ လေအေးထဲ အတော်ကြာမတ်တပ်ရပ်နေခဲ့ပြီးမှ ဆေးညွှန်းကို ကြည့်လိုက်သည်။ သူ့ဇနီး၏ အဆုတ်ရောဂါနာတာရှည်ဖြစ်နေသည်မှာ သုံးလခန့်ရှိပြီဖြစ်သည်။ နေရာအနှံ့မှ ကျော်ကြားသောသမားတော်များထံ သူသွားခဲ့သော်လည်း မကုသနိုင်သေးပေ။ တော်ဝင်သမားတော် ကြွလာစေရန်ပင် ဝေ့လင်းအသနားခံခဲ့သော်လည်း သူ့ဇနီး၏အခြေအနေမှာ မတိုးတက်လာပေ။

ဆေးဝါးများနှင့် အနည်းငယ်ရင်းနှီးသော ဝေ့လင်းက ဆေးညွှန်းအားကြည့်လိုက်သည်နှင့် နှလုံးခုန်မြန်ကာ လက်ချောင်းများ တုန်ယင်လာသည်။ ပထမမင်းသားက သူ့ခန္ဓာကိုယ်အတွက် ကုသနည်းများကို နေရာအနှံ့ရှာခဲ့ရာ ကြာမြင့်သော နာမကျန်းဖြစ်မှုက သူ့အားသမားတော်ကောင်း ဖြစ်လာစေနိုင်ကြောင်း ဝေ့လင်းသိသည်။ ဒီဆေးညွှန်းက ထိရောက်ရင်ရော။

ဝေ့လင်းမတုံ့ဆိုင်းတော့ဘဲ ဘေးမှကောင်လေးအား အချက်ပြကာ ပြောလိုက်သည်။ "ရထားလုံးပြင်လိုက်၊ ငါ့ ဇနီးအနောက် လိုက်သွားမယ်။ "

"ဟုတ်ကဲ့ပါ။ သခင်ကြီး။ " ကောင်လေးက အလျင်စလို ပြန်ဖြေသည်။

ဝေ့လင်း၏ တောင့်တင်းနေသော မျက်နှာနှင့် တုန်ယင်နေသော လက်ချောင်းတို့က သူ့စိတ်လှုပ်ရှားနေမှုကို ပြသနေသည်။ ယနေ့အဖြစ်အပျက်သည် လူ့စိတ်ကို သုံးသပ်စမ်းစစ်ရန်အတွက် နည်းလမ်းဖြစ်ကြောင်း သူရှင်းလင်းစွာ မြင်ရသည်။ မင်းသားကြီးက ပွင့်လင်းရိုးသားသည်။ သူ့မိသားစုအား ဓားစာခံလုပ်ရန် မရည်ရွယ်ထားသလို သူ့ကိုဖိအားပေး၍ အညံ့မခံစေပေ။

အစောပိုင်းက သူ၏အညံ့ခံသောစကားများ၊ သူ့နှလုံးသားထဲမှ ယခင်တင်းမာစိုးရိမ်မှုများအကြောင်းတွေးရင်း ဝေ့လင်း၏ အိုမင်းသည့်မျက်နှာကြီး ပူစပ်လာသလိုပင်။ တွေးကြည့်ရလျှင် သူကသက်တမ်းတစ်ဝက်မျှ နေထိုင်ခဲ့ပြီးဖြစ်သော်လည်း အသက်ငယ်ရွယ်သေးသော လူငယ်လေးကဲ့သို့ သူ့နှလုံးသားတွင် မပွင့်လင်းမရိုးစင်းသလိုပင်။

မင်းသားကြီးက စိတ်ကြီးတယ်၊ ဉာဏ်နီဉာဏ်နက်များတယ်၊ မနာလိုဖြစ်တတ်တယ်လို့ ကောလဟာလဖြန့်တဲ့ မလောက်လေးမလောက်စားလူတွေက ဘယ်သူတွေလဲ။ သူ၏ ယနေ့ဖြစ်ရပ်ကြောင့် စိတ်ညွှတ်သွားကာ ဝေ့လင်းတီးတိုးကျိန်ဆဲမိသည်။

ပထမမင်းသားက ညီလာခံအတွက် ပူပန်တတ်ကာ တစ်ကိုယ်ကောင်းမဆန်ဘဲ ယဉ်ကျေးပညာရှိသည်။ သို့သော် အရင်းအမြစ်လည်း များသည်။ ယခုတစ်ကြိမ်တွင် ပထမမင်းသား ထီးနန်းရရန်အတွက် အတူတကွ တိုက်ခိုက်ပေးရန် သူလိုလားလာသည်။

******

ချင်းယွင်က မြို့တော်ကို ပြန်လည်ပြင်ဆင်ရင်း အလုပ်များနေစဉ်တွင် ချီယူနှင့်တတိယမင်းသားတို့သည် မြောက်ပိုင်းနယ်စပ်မှ မြို့တော်သို့မြန်ဆန်စွာ ခရီးနှင်လာသည်။

သူတို့က တတိယမင်းသားအား ထောက်ပံ့ရန်နှုတ်ထွက်လာသော ယန်းဟွေးနှင့် လမ်းခရီး၌ တွေ့ဆုံကြသည်။

ယန်းဟွေးအားတွေ့သည်နှင့် ချီယူမျက်မှောင်ပိုကြုတ်မိသည်။ "ညီလာခံအကြီးအကဲယန်းက ဘာလို့ဒီကိုရောက်လာတာလဲ။ "

"ဧကရာဇ်က ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေတယ်။ အကြီးဆုံးမင်းသားက အခွင့်အရေးယူလိုက်ပြီး တိုင်းပြည်ကို စီမံအုပ်ချုပ်နေတယ်။ ငါက သူ့အုပ်ချုပ်မှုကို မနာခံချင်လို့ အသက်ကြီးတာကို အကြောင်းပြချက်ပေးပြီး တတိယမင်းသားနောက်လိုက်လာတာ။ " ယန်းဟွေးက သူ့မုတ်ဆိတ်မွှေးကို ပွတ်နေသည်။သူက သင့်လျော်သလို ပြောလိုက်သော်လည်း မျက်လုံးများထဲ၌ အရှက်ရမှုအနည်းငယ် ရှိနေသည်။

အစပိုင်းက ညီလာခံ၌ သူနှုတ်ထွက်တော့မည်ဖြစ်ကြောင်း ဟန်ဆောင်ခြိမ်းခြောက်လိုက်သော်လည်း မင်းသားကြီးမှ ဘာမျှထပ်မဆွေးနွေးတော့ဘဲ သဘောတူလိုက်မည်ဟု မည်သူထင်ထားမည်နည်း။

ဟမ့်၊ ငါထွက်သွားတော့ ညီလာခံမှာ ဘယ်လိုဖရိုဖရဲတွေ ဖြစ်နေမလဲ။

"အဓိပ်ပါယျ မရှိတာ။" ယန်းဟွေး၏ စကားများကို ကြားသည်နှင့် ချီယူ ယန်းဟွေးနှင့် အဝေးမြို့တော်မှ ပထမမင်းသားတို့အား အပြစ်တင်လိုက်သည်။သူက မြောက်ပိုင်း၌ အခြေချနေသော်လည်း တော်ဝင်ညီလာခံမှ အင်အားများအားလုံးအကြောင်းကို သိသည်။ ယန်းဟွေးတွင် ပလွှားတတ်သောပြဿနာရှိသော်လည်း တကယ်ကို အရည်အချင်းရှိသူဖြစ်ကာ တော်ဝင်ညီလာခံမှ အင်အားအများစုကို ထိန်းချုပ်ထားသည်။

ညီလာခံမှ သူနှုတ်ထွက်လာမှုက ပြဿနာအချို့ ဖြစ်စေမည့်အပြင် ဧကရာဇ်ကလည်း ပြင်းထန်စွာ နာမကျန်းဖြစ်နေသေးသည်။ ငယ်စဉ်ကတည်းက ကိုယ်ခန္ဓာချို့ယွင်းနေသဖြင့် နန်းတော်ထဲတွင်သာ အမြင်ကျဉ်းကျဉ်း ကြီးပြင်းလာသူက ယခုအာဏာရနေသည်။ ဘာဖြစ်လာမည်မှာ မရေရာပေ။

"ဆရာက ဒီမင်းသားကို အရမ်းဂရုစိုက်တာပဲ။ ကိုယ်တော့်နှလုံးသားထဲက ကျေးဇူးတင်မှုကို ဖော်ပြဖို့စကားလုံး မရှိတော့ပါဘူး။ " ယန်လန်က ယန်းဟွေး၏ လက်များကိုကိုင်ကာ မျက်ရည်ကျနေသည်။

၎င်းကို ယန်းဟွေးတွေ့သောအခါ ယခင်ရက်အနည်းငယ်က သူ့ရင်ထဲ မြင့်တက်လာခဲ့သော သံသယများ၊ နောင်တများ အစမကျန်ပျောက်ကွယ်သွားသည်။ သူက ယန်လန်အား ပီတိဖြင့် ကြည့်နေသည်။

ယန်လန်၏ မျက်လုံးများထဲ၌ အတွေးများ ဖြတ်သွားသည်။ သူက ယန်းဟွေး၏ ဝင့်ကြွားတတ်သော စရိုက်ကိုသိသဖြင့် ဤညီလာခံအကြီးအကဲယန်းကို သူ့အတွက်အလုံးစုံအသုံးဝင်စေရန် မည်သို့ပြုမူရမည်အား သိနေသည်။

ချီယူက လူနှစ်ယောက် အလာပသလ္လာပပြောနေသည်ကို ကြည့်ရန် စိတ်မဝင်စားပေ။ သူက အဝေးမှ မြို့တော်ကို လှမ်းကြည့်ကာ ဘေးမှစစ်ဗိုလ်ကို ပြောလိုက်သည်။ " ငါတို့အနောက်က လူတွေကို အရင်ရပ်နားခိုင်းလိုက်။ အခုရှေ့ထပ်တိုးသွားရင် ထိတ်လန့်သွားလောက်တယ်။ မင်းနဲ့ငါပဲ မြို့တော်ကို အရင်သွားကြမယ်။ ဘာအစီအစဉ်မှ မလုပ်ရသေးခင် ညီလာခံထဲက အခြေအနေကိုအရင် သွားစုံစမ်းရမယ်။ မြို့တော်ကို တိုက်ခိုက်ဖို့အတွက် စစ်သားတွေ ခေါ်လာဖို့က နောက်ဆုံး မတတ်သာမှကျင့်သုံးရမှာ။"

သူ့အစီအစဉ်အား အကျဉ်းချုံးရှင်းလင်းပြီးနောက် ချီယူက တတိယမင်းသားဘက်သို့ လှည့်ပြောလိုက်သည်။ "အရှင့်သားက တော်ဝင်အမိန့်ကိုင်ဆောင်ထားတဲ့အတွက် မင်းသားကြီးက ကြိုတင်ပြင်ဆင်ပြီး အရှင့်သားကို မြို့တော်ထဲမှာ မျှားခေါ်သွားမှာ စိုးရိမ်ရပါတယ်။ တော်ဝင်အမိန့် လုံခြုံစေရန်အတွက် အရှင့်သားက ဒီနေရာမှာပဲ စစ်တပ်နဲ့အတူ အရင်ဆုံးစခန်းချသင့်ပါတယ်။ "

ယန်လန်သည်လည်း တစ်စုံတစ်ယောက်မှ သူ့အစားသွားရောက်စူးစမ်းလေ့လာစေရန် ဆန္ဒရှိနေရာ သဘောတူလိုက်သည်။

ချီယူက သူနှင့်အတူ လူအနည်းငယ်သာခေါ်သွားကာ မြို့တော်သို့ လျင်မြန်သောမြင်းဖြင့် ထွက်လာသည်။ သူ့အမြင်အရ တတိယမင်းသားသည် လက်ရှိအခြေအနေကို ကိုင်တွယ်ရာ၌ မကျွမ်းကျင်ပေ။ ပထမမင်းသားက ဧကရာဇ် ပြင်းထန်စွာ နာမကျန်းဖြစ်နေသဖြင့် အခြေအနေအရ အလွန်အရေးကြီးနေသည် ဟူသော စွပ်စွဲမရသည့် အကြောင်းပြချက်ကိုသုံးကာ အုပ်ချုပ်နေသည်။ တတိယမင်းသားက ရေရှည်ဂရုတစိုက် အစီအစဉ်ချရာ၌ ကျွမ်းကျင်သည်။ ထို့ကြောင့် ချက်ချင်း ကတိုက်ကရိုက်လုပ်ဆောင်ခြင်းက တတိယမင်းသားနှင့် မကိုက်ညီပေ။

တတိယမင်းသား၏ လက်ထဲတွင် တော်ဝင်အမိန့်ရှိနေလျှင်ပင် ရာချီသောအရာရှိများရှေ့သို့ အကောင်းအတိုင်းမယူဆောင်လာနိုင်လျှင် အသုံးမဝင်ဖြစ်သွားမည်မှာ ခက်ခက်ခဲခဲ စဉ်းစားရန်ပင် မလိုချေ။

ယခုအချိန်တွင် ချီယူက မြို့တော်ထဲမှ ပြဿနာအား လျင်မြန်စွာ ဖြေရှင်းရန် ရည်ရွယ်ထားသည်။ တတိယမင်းသား ရင်ဆိုင်ရမည့် အတားအဆီးများမှာ အကြမ်းဖျင်းပြောရလျှင် မင်းသားကြီးကြောင့်ပင်။ သူသာ မင်းသားကြီးအား ရှင်းပစ်နိုင်လျှင် ဧကရာဇ်ကို ကယ်တင်နိုင်ပြီး ပြဿနာအားလုံး ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မည်။



















Czytaj Dalej

To Też Polubisz

2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.6M 69.1K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
206K 27K 26
Title-He Doesn't Know I'm Dead Original Author-时崽 Type-Web Novel 21 Chapters + 4 Extras Eng Translator-SweetLiesBL From Foxaholic https://www.foxahol...
351K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."