ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...
By Vanilla_IceCream61
1.7M 255K 16.9K
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More
1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)
79
9.3K 1.5K 62
By Vanilla_IceCream61
တော်ဝင်သမားတော်ကုက အရှေ့တိုးသွားကာ ဧကရာဇ်ဟုန်းမျင်၏ လက်ကောက်ဝတ်သွေးကြောကို သူ့လက်ချောင်းများဖြင့် အခိုက်အတန့်မျှ စမ်းလိုက်သည်။ သူ့မျက်ဝန်းများထဲ၌ အံ့အားသင့်သွားပုံ ချက်ချင်းပေါ်လာကာ လျှောက်တင်သည်။ "အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်က တိုးတက်လာပါတယ်။ ဝေဒနာရှိနေသေးပေမယ့် အခုအချိန်မှာ အရှင်မင်းကြီးရဲ့ အသက်အန္တရာယ်ကို စိုးရိမ်စရာမလိုတော့ဘူးလို့ မှတ်ယူလို့ရပါတယ်။ "
သူက ပြောပြီးနောက် ချက်ချင်းဒူးထောက်လိုက်ကာ အသံကျယ်ကြီးဖြင့် ဂုဏ်ပြုသည်။ "အရှင်မင်းကြီးအတွက် ဝမ်းမြောက်မိပါတယ်။ အရှင်မင်းကြီးအတွက် ဝမ်းမြောက်မိပါတယ်။ အရှင်မင်းကြီးက ကောင်းကင်ဘုံထံမှ ချီးမြှောက်ခံရတဲ့ ကံကြမ္မာရဲ့သားတော်ပါပဲ။ "
ချီးမွန်းစကား တစ်ဝက်ခန့်ရောက်သောအခါ နန်းတော်၏ယခုအရှင်သခင်မှာ အကြီးဆုံးမင်းသားဖြစ်ကြောင်း သတိရသွားကာ တော်ဝင်သမားတော်ကု၏ မျက်နှာကြီးတောင့်တင်းသွားသည်။ ထို့ကြောင့် သူတုန်တုန်ယင်ယင်ဖြင့် ထပ်ထည့်ပြောလိုက်သည်။ "အကြီးဆုံးမင်းသားရဲ့ မိဘအပေါ် ရိုသေကိုင်းရှိုင်းခြင်းက ကောင်းကင်ဘုံမှ ချီးမြှောက်မှုပါပဲ။ "
မိန်းမစိုးဆုနှင့် ဧကရာဇ်ဟုန်းမျင်တို့၏ ဆွံ့အနေသော အမူအရာအားကြည့်ကာ ချန်းဘင်းခါးမတ်လိုက်သည်။ သူကအမြဲပင် ရက်စက်သောဗီလိန်အဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ယခုအခိုက်အတန့်တွင် သူ့နှလုံးသားထဲ အနည်းငယ်မျှတသွားသကဲ့သို့ ခံစားရကာ စိတ်လှုပ်ရှားလာသည်။ " မင်းသားကြီးရဲ့ ရိုသေကိုင်းရှိုင်းမှုကို နေတွေ၊ လတွေကနေ အသိအမှတ်ပြုခံရနိုင်ပါတယ်။ အရှင်က မိန်းမစိုးဆုပြောသလိုမျိုး ထီးနန်းလုယူမယ့်လူမျိုး မဟုတ်ပါဘူး။ "
" မင်းသားကြီးက အရှင်မင်းကြီးရဲ့ ချည့်နဲ့နေတဲ့ ကျန်းမာရေးနဲ့ နာမကျန်းဖြစ်မှုကို စိုးရိမ်ပူပန်နေပါတယ်။ နောက်ပိုင်းကျရင် မင်းသားကြီးက ညီလာခံအရေးများကို စီမံမှာဖြစ်ပါတယ်။ အရေးကိစ္စများကို မင်းသားကြီး စီမံပြီးတာနဲ့ အရှင်မင်းကြီး သုံးသပ်နိုင်ဖို့ရာအတွက် လာပို့ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရှင်မင်းကြီး အနေဖြင့် စိတ်အေးသက်သာစွာ အားဖြည့်နေသင့်ပါတယ်။ "
ထိုသို့ပြောပြီးနောက် ချန်းဘင်းက ဧကရာဇ်ဟုန်းမျင်နှင့် မိန်းမစိုးဆုတို့၏ ကြောင်အနေသော အကြည့်အောက်မှာပင် သူ၏လူများအား ဥိးဆောင်၍ ကျင်းယန်နန်းဆောင်မှ ထွက်ခွာသွားသည်။ ကျင်းယန်နန်းဆောင်၏ ဂိတ်တံခါးမှ ထွက်လာသည်နှင့် သူ့မျက်နှာကြီး ညှိုးငယ်လာကာ အကြည့်များက စိုးရိမ်ပူပန်နေပုံပေါ်လာသည်။
မင်းသားကြီး ဘာတွေးနေသည်အား ချန်းဘင်းတကယ့်ကို နားမလည်နိုင်ပေ။ သူက မသန်စွမ်းဟူသော နာမအတပ်ခံရသည်အထိပင် ကြာရှည်စွာ အစီအစဉ်ချခဲ့သော်လည်း ဤရက်ကိုသာ သူစောင့်ခဲ့သည်လား။
မင်းသားကြီးသာ တတိယမင်းသား အဝေးရောက်နေမှုကို အခွင့်ကောင်းယူကာ ထီးနန်းမဆက်ခံလိုက်လျှင် တတိယမင်းသား ပြန်လာသောအခါ မြို့တော်၌ အချို့အပြောင်းအလဲများ ဖြစ်လာလိမ့်မည်။
မင်းသားကြီးက ကရုဏာမဲ့သဖြင့် ဧကရာဇ်ဟုန်းမျင်အား မသတ်သော်လည်း အကျဉ်းချထားမည်ဖြစ်ကြောင်း ချန်းဘင်းသိသည်။ ဒါဆိုဘာလို့ ဧကရာဇ်ဟုန်းမျင် အသက်ရှင်ဖို့အတွက် မှော်ဆန်တဲ့ဆေးညွှန်းကို ဒုက္ခခံပြီး ရှာခဲ့တာလဲ။
ထို့အပြင် ပြည်တွင်းရေးကိစ္စများကိုပင် ဧကရာဇ်ကြီး ကြည့်နိုင်ဖို့အတွက် ဆက်သဦးမည်လား။ အသက်ကြီးနေပြီဖြစ်သည့် ဧကရာဇ်ကိုကြည့်ကာ နှလုံးသားနူးညံ့သွားတာ ဖြစ်နိုင်လား။
ချန်းဘင်းပိုတွေးလေလေ စိတ်ပိုလေးလံလာလေလေပင်။ သူအစကတည်းက မင်းသားကြီးအနောက်လိုက်ခဲ့ခြင်းမှာ ဤအာဏာဖီဆန်ခြင်းကြောင့်ပင်။ အဘယ့်ကြောင့်ဆိုသော် သူက မင်းသားကြီး၏ အကြင်အနာမဲ့မှုအား စိတ်ဝင်စားသည်။ အခုအခါ သူ့နှလုံးသားထဲ၌ အနည်းငယ် နောင်တရသကဲ့သို့ ခံစားရသည်။
သမိုင်းတစ်လျှောက်၌ ပုန်ကန်မှုကျရှုံးသွားလျှင် ရလဒ်မှာ....
ချင်းယွင်က ချန်းဘင်းဘာတွေးနေသည်အား ဂရုမစိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် နောက်ပိုင်းတွင် ယန်ဆာမှာ အားလုံးထံမှ သစ္စာအဖောက်ခံခဲ့ရသည်။ သူနှင့် ငယ်စဉ်ကတည်းက အတူကြီးပြင်းလာသူမိတ်ဆွေပင် သူ့အားစိတ်ပျက်ကာ တတိယမင်းသား၏ အုပ်စုထဲသို့ ဝင်သွားခဲ့သည်။
ယခုသူ ဧကရာဇ်ဟုန်းမျင်အား ထိန်းချုပ်ထားကာ ပြည်တွင်းရေးကိစ္စများ၌ ဝင်ရောက်စွက်ဖက်ခွင့် မပြုထားသည်မှာ သူစိတ်ထားနက်ရှိုင်းသည်ဟု ထင်ထားသောသားတော်မှာ ဧကရာဇ်ဖြစ်နေသည်အား ကောင်းကောင်းကြည့်နေနိုင်ရန်ဖြစ်သည်။
ဤဧကရာဇ်ကြီး စောစောသေ၍မရပေ။ ယန်လန်၏ တကယ့်စရိုက်အား သူထင်ထင်ရှားရှား မြင်သွားစေချင်သည်။ သူယန်ဆာ့အပေါ်မည်သည်များ အကြွေးတင်နေသည်အား တကယ်သဘောပေါက်သွားအောင် လုပ်ဆောင်မည်။
*****
ဧကရာဇ်ဟုန်းမျင်၏ နန်းသက်သုံးဆယ့်ငါးနှစ်မြောက်တွင် ပြင်းထန်စွာနာမကျန်းဖြစ်လာသဖြင့် အကြီးဆုံးမင်းသားက တာဝန်ယူမည်။
ဤသတင်းထွက်လာသည်နှင့် ညီလာခံတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ဧကရာဇ်က ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေပြီး ဒီမင်းသားကြီးကျတော့ နေကောင်းနေတာလား။
ယနေ့မနက် ညီလာခံတက်လာကြသော ဝန်ကြီးများက ဘီးတပ်ကုလားထိုင်ပေါ်မှ မင်းသားကြီးကိုကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် အမူအရာမတူညီကြပေ။ ဧကရာဇ်က အိုမင်းကာ နာမကျန်းဖြစ်နေပြီး မနက်ပိုင်းညီလာခံကိုလည်း ဆိုင်းငံ့ထားသည်မှာ အတော်ကြာပြီဖြစ်သည်။ ဒါပေသိ ပထမမင်းသား အာဏာလွှဲယူလိုက်တဲ့ သတင်းကို မသိလိုက်ရပါလား။
ရှိနေသူများမှာ အကုန်လုံးလူသားများသာဖြစ်သဖြင့် အနည်းငယ်တွေးရုံနှင့်ပင် နန်းတော်၌ဘာဖြစ်ခဲ့ကြောင်းအား သဘောပေါက်နိုင်သည်။ ယခုအခါ တတိယမင်းသားသည်လည်း အဝေးရောက်နေချိန်တွင် ပထမမင်းသား၏ အာဏာလုယူလိုက်မှုက ရက်စက်ကာ ရှင်းလင်းသည်။
ဝန်ကြီးများက သူတို့ရပ်တည်ရာကို ရွေးပြီးဖြစ်သည်။ သမားတော်တစ်ပါးဖြစ်သော ဒုတိယမင်းသားက အစောပိုင်းကပင် နန်းတော်မှထွက်ခွာကာ သူ၏နေထိုင်ရာကို အခြေချပြီးဖြစ်သည်။ တတိယမင်းသားက အိမ်ရှေ့စံအဖြစ်နိုင်ဆုံး အလောင်းအလျာဖြစ်သဖြင့် ဝန်ကြီးများစွာက သူ့နောက်လိုက်အုပ်စုထဲ ရောက်နေကြသည်။
အကြီးဆုံးမင်းသားက အစောပိုင်းနှစ်များ၌ အလွန်ကျော်ကြားသော်လည်း လွန်ခဲ့သည့်ငါးနှစ်က သူ၏အကျင့်ဆိုးအကြောင်း သတင်းထွက်လာခဲ့သဖြင့်နဂိုသူ့ဘက်မှ ဝန်ကြီးများအား ယိမ်းယိုင်သွားစေသည်။ သို့သော် ယန်ဆာ၏စီမံခန့်ခွဲမှုကြောင့် သူ့အားအခိုင်အမာယုံကြည်သော အင်အားကြီးသည့်ဝန်ကြီးများလည်း ရှိသေးရာ တတိယမင်းသားနှင့် ယှဉ်နိုင်သေးသည်။
သို့သော် ညီလာခံက အကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်က ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်နေကာ တစ်ယောက်က ဧကရာဇ်ကိုသာ သစ္စာရှိပြီး အခြားတစ်ယောက်က ဧကရာဇ်မှ တတိယမင်းသားကို နောက်တက်မည့်ဧကရာဇ်အဖြစ် သိသာစွာ ရွေးထားကြောင်း သိနေသည်။
ယခုအခါ တတိယမင်းသား၏ ဦးဆောင်မှုအောက်တွင် ရှိကြသော ညီလာခံအကြီးအကဲယန်းနှင့် ဘာသာရေးဝန်ကြီးတို့နှစ်ယောက်လုံး မျက်နှာမသာမယာဖြစ်နေကြသည်။ အထူးသဖြင့် ညီလာခံအကြီးအကဲ ယန်းဟွေးပင်။ သူက တည်ငြိမ်နေပုံဖြင့် ဘီးတပ်ကုလားထိုင်ပေါ်၌ ထိုင်နေသော ပထမမင်းသားအား အိုမင်းသော်လည်း ပါးနပ်နေသေးသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်။
ဧကရာဇ်မှ တရားဝင်အမိန့်မထုတ်ထားသော်လည်း အရှင်က တတိယမင်းသားကို နှစ်သက်ကာ အိမ်ရှေ့စံအဖြစ်ပင် တိတ်တဆိတ် လျာထားကြောင်းကို သူကပထမအဆင့်အမတ်ဖြစ်သည့်အတွက် သိနေသည်။
လွန်ခဲ့သည့်နှစ်များအတွင်း မင်းသားကြီး၏ လျှို့ဝှက်လှုပ်ရှားမှုများအား သူသတိထားမိသော်လည်း သူလျော့ရဲနေမိသည်။ မင်းသားကြီး၏ မသန်စွမ်းသောခန္ဓာကိုယ်ကြောင့် သူအကာအကွယ်အစီအစဉ်များ များစွာမလုပ်ခဲ့ပေ။
အကြီးဆုံးမင်းသားက မသန်စွမ်းဖြစ်နေသော်လည်း ထီးနန်းဆက်ခံမည့်အကြံအား ဘယ်သောအခါကမှ လက်မလျှော့ခဲ့သည်ကို သူမမျှော်လင့်ထားပေ။
" ထင်မြင်ချက်ရှိတဲ့ ဝန်ကြီးများ ဆွေးနွေးဖို့ရာ တင်ပြနိုင်တယ်။ " ချင်းယွင်က ဆူညံနေသော ဝန်ကြီးများအား ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်နှာ၌ ဘာထိတ်လန့်မှုမှ မရှိပေ။
တတိယမင်းသားဘက်မှ ဝန်ကြီးများ၏ မျက်နှာများ အကြိမ်အနည်းငယ်မျှ ပြောင်းလဲသွားသော်လည်း တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။
မနက်ပိုင်းညီလာခံကို ပုံမှန်အတိုင်း စတင်ကျင်းပခဲ့သည်။ ဧကရာဇ်ဟုန်းမျင်က နာမကျန်းစဖြစ်စဉ်ကတည်းကပင် မနက်ပိုင်းညီလာခံကို နှစ်ကြိမ်သာတက်ရောက်ခဲ့သဖြင့် ပုံနေသောကိစ္စများရှိနေသည်။ ဘာသာရေးဝန်ကြီးနှင့် အခြားလူများက အခြေအနေကို နားလည်သဖြင့် မင်းသားကြီးအား ခက်ခဲစေချင်သည်။ သူတို့က အရေးအရာ သေးသေး၊ ကြီးကြီးများအား တစ်ခုပြီးတစ်ခု တစ်ခဏချင်းလျှောက်တင်ကြတော့သည်။
"တူဘိုသံတမန်ရောက်ရှိလာတဲ့အခါ ဘယ်လိုကြိုဆိုသင့်ပါသလဲ။ "
"အရှင့်သား ခင်ဗျ၊ တောင်ဘက်ဒေသမှာ မိုးသဲသဲမဲမဲရွာနေတာ ဆယ်စုနှစ်ကျော်နေပါပြီ။ ရေကြီရေလျှံဖြစ်မည်ကို ကြောက်ရွံ့နေကြပါတယ်...."
" အနောက်ပိုင်းနယ်စပ်မှာ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။ လူရိုင်းတွေက ပုန်ကန်တော့မည့်ပုံပေါ်ပါတယ်...."
"ချန့်ကျိုးမှ စီရင်စုအုပ်ချုပ်ရေးမှူးက နယ်သားများအပေါ် နိုင်လိုမင်းထက်ပြုမူပြီး အကျင့်ပျက်ခြစားနေပါတယ်။ "
ပထမမင်းသားငယ်စဉ်တွင် လူတိုင်းကသူ၏ဉာဏ်ကောင်းခြင်းဂုဏ်သတင်းအား သိရှိခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ထိုအချိန်က သူငယ်ရွယ်လွန်းသည့်အတွက် ဧကရာဇ်မှ သူ့အားညီလာခံမတက်ခိုင်းခဲ့ပေ။ နောက်ပိုင်း ကြီးပြင်းလာသောအခါ သူမသန်စွမ်းဖြစ်နေသော သတင်းပျံ့နှံ့လာကာ အခြားလူများ၏ ရှေ့သို့မပေါ်လာတော့ပေ။
ယခုတစ်ကြိမ်သည် ဝန်ကြီးများမှ မင်းသားကြီးအား မနက်ခင်းညီလာခံ၌ တွေ့ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ တတိယမင်းသား ပထမဆုံးအကြိမ်အဖြစ် ဝန်ကြီးများနှင့် ရင်ဆိုင်ရစဉ်က အမှားအနည်းငယ် လုပ်ခဲ့သဖြင့် မင်းသားကြီးလည်း စိုးရိမ်ထိတ်လန့်နေမည်ဟု သူတို့ ထင်ခဲ့သည်။
မည်သို့ပင်ဆိုစေ မင်းသားကြီးအား ကျရှုံးတော့မည်ဟုယူဆထားသော ဘာသာရေးဝန်ကြီးက ဘီးတပ်ကုလားထိုင်ပေါ်မှ လူငယ်လေးမှာ နေမကောင်းဖြစ်နေပုံပေါ်ကာ သူ၏ခန္ဓာကိုယ်သည် ချည့်နဲ့ပုံပေါ်သော်လည်း အမည်းရောင်မျက်ဆန်များမှာ မတုန်လှုပ်နေဘဲ အလွန်အကျူးတည်ငြိမ်နေကြောင်း တွေ့လိုက်ရသည်။
ဝန်ကြီးများ၏ အခက်အခဲများအား ရင်ဆိုင်နေရသော်လည်း မင်းသားကြီး၏ မျက်နှာပေါ်၌ မည်သည့်စိတ်ဖိစီးမှု၊ စိတ်မရှည်ဖြစ်မှုမျှ မရှိချေ။ ဘာသာရေးဝန်ကြီးက လူငယ်လေး၏ မျက်နှာထားကိုကြည့်ပြီးနောက် မင်းသားကြီး၏ အတွေးများအား သူထွင်းဖောက်မမြင်နိုင်ကြောင်း အံ့ဩစွာသိလိုက်ရသည်။
ဆန့်ကျင်ဘက်အနေဖြင့် မင်းသားကြီး၏ အကြည့်တစ်ချက်က သူ့အားမသက်မသာဖြစ်သွားစေကာ အာဏာရှိသော ဧကရာဇ်ဟုန်းမျင်နှင့် မျက်နှာချင်းဆိုင်နေရသကဲ့သို့ပင် ခံစားရသည်။
ဘာသာရေးဝန်ကြီးအား ပိုအံ့ဩသွားစေသည်မှာ မင်းသားကြီးက ဝန်ကြီးများလျှောက်တင်လာသော ရှုပ်ထွေးသည့်အရေးအရာများကို သင့်လျော်စွာကိုင်တွယ်သွားခြင်းပင်။ သူ့အား တမင်သက်သက် ခက်ခဲစေသော အချို့အသေးအဖွဲကိစ္စများနှင့် တွေ့သောအခါ ကရုဏာမထားဘဲ အပြစ်ဖော်ဆုံးမသည်။
တောင်ပိုင်းမှ ရေကြီးမှုကဲ့သို့ ရှုပ်ထွေးသောပြဿနာကိုပင် မင်းသားကြီးက အခိုက်အတန့်မျှသာ မျက်မှောင်ကြုတ်စဉ်းစားပြီးနောက် သူ၏ကိုယ်ပိုင်စီမံမည့်ပုံကို ရှင်းပြကာ တာဝန်များအား တိတိကျကျ ခွဲဝေပေးသည်။
စီမံကိန်းက အထင်ကြီးစရာကောင်းကာ အမြတ်အရှုံးသည်လည်း ကျိုးကြောင်းဆီလျော်သဖြင့် တတိယမင်းသား၏အစီအစဉ်ထက် အနည်းငယ်ပိုကောင်းသည်။ ထို့အပြင် မင်းသားကြီးက အရည်အသွေးအလျောက် မြှောက်စားသည်။ တတိယမင်းသားဘက်မှ အချို့ဝန်ကြီးများအား ပစ်ပယ်မထားပေ။
ဤမနက်ပိုင်းညီလာခံပြီးနောက် ဘာသာရေးဝန်ကြီးမှာ မင်းသားကြီး၏ကောလဟာလများကို မေးခွန်းထုတ်မိရုံသာမက မင်းသားကြီးမှာ သူထင်သကဲ့သို့ အခွင့်ကောင်းယူကာ ထီးနန်းလုထားခြင်းမဟုတ်ဘဲ ဧကရာဇ်မှ ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေ၍ ညီလာခံအား တကယ်တာဝန်ယူနေရသည်ဟုပင် သံသယဝင်မိသည်။
ဘာသာရေးဝန်ကြီးက မင်းသားကြီးဘက်မှ ရုံးပိုင်းဆိုင်ရာဝန်ကြီးအား ခပ်တည်တည်ကြည့်မိသည်။ ထိုလူအိုကြီးက သူ့မုတ်ဆိတ်မွှေးအား ဘဝင်ခိုက်စွာ ပွတ်နေသောအခါ သူတိတ်တဆိတ် အံကြိတ်မိသည်။
ရုံးပိုင်းဆိုင်ရာဝန်ကြီးမှာ အပြင်ပန်းကဲ့သို့ တကယ်စိတ်သက်သာရာရကာ ကျေနပ်နေခြင်းမဟုတ်ပေ။ သူ့သားက မင်းသားကြီးနှင့် ရင်းနှီးသဖြင့် မင်းသားကြီး၏ လျှို့ဝှက်အစီအစဉ်များအား ရှင်းလင်းစွာ သိနေသူများထဲမှ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့်သူက မင်းသားကြီးအား ပိုသိသည်ဟု ထင်ခဲ့သည်။
ထို့ကြောင့် အစပိုင်းတွင် ဝန်ကြီးအချို့က မင်းသားကြီးအား ထပ်ခါထပ်ခါ အရှက်ရစေသောအခါ ရုံးပိုင်းဆိုင်ရာဝန်ကြီးမှာ ထိတ်လန့်၍ချွေးစေးများ ထွက်လာသည်။ မင်းသားကြီး၏ အတွေးအခေါ်မှာ နတ်ဆိုးတမျှပါးနပ်ကြောင်း သူသိသည်။ သို့သော် သိသာသည့်ချို့ယွင်းချက်မှာ ရန်လိုစိတ်ပြင်းလွန်းခြင်းပင်။ သူညီလာခံသို့ ရောက်သည်နှင့် စိန်ခေါ်မှုများ ကြုံတွေ့ရသည်။ သူသာ စိတ်မထိန်းနိုင်ဘဲ ဒေါသထွက်လာလျှင် ဘေးဒုက္ခဖြစ်စေလိမ့်မည်။
သို့သော် ယနေ့မင်းသားကြီးက ရုံးပိုင်းဆိုင်ရာဝန်ကြီး၏ မျှော်လင့်ချက်ထက် ပိုကျော်လွန်နေသည်။ သူက ဘီးတပ်ကုလားထိုင်ပေါ်၌ ဩဇာရှိရှိ၊ တည်တည်ငြိမ်ငြိမ်ထိုင်နေသော မင်းသားကြီးကိုကြည့်ကာ မျက်ဝန်းထဲ ကျေနပ်မှုများ ပေါ်လာသည်။ မင်းသားကြီးမှာ တကယ်အရည်အချင်းရှိသဖြင့် သူနောက်လိုက်လုပ်ခဲ့ခြင်းမှာ ထိုက်တန်သည်။
မည်သို့ပင်ဆိုစေ ယန်းဟွေးက ရိုးရှင်းစွာ မတွေးပေ။ သူသည် မင်းသားကြီးအား အစောပိုင်းကတည်းက ခက်ခဲအောင်မလုပ်ဘဲ တိတ်တဆိတ် လေ့လာနေသည်။
ထိုတစ်ယောက်သည် ထီးနန်းအား စိတ်ဝင်စားသည်မှာ ထင်ရှားသည်။ သူ၏ ပြည်တွင်းရေးအား ကိုင်တွယ်ဖူးသော အိုဟောင်းနေသည့် အတွေ့အကြုံအရ မြင်ရန်မခက်ခဲပေ။ မင်းသားကြီးက ယခင်နှစ်များအတွင်း မသန်စွမ်းဖြစ်ခဲ့သော်လည်း သူကအိုနာကျိုးကန်းမဟုတ်ဘဲ တစ်စုံတစ်ခုအတွက် ကျိတ်၍ကြံစည်နေခြင်း ဖြစ်ရမည်။
ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေသူက ဤသို့သောအပြုအမူရှိနေသေးရာ ထိုမင်းသားကြီး၏ စိတ်နှလုံးမာကျောမှန်း သိသာသည်။ ယနေ့တွင် အခွင့်ကောင်းယူနိုင်ရန်အတွက် မင်းသားကြီးက နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့ရာ ၎င်းကတကယ်ကိုပင် စိတ်ရှည်လွန်းသည်။
သို့သော် ဧကရာဇ်အား ထိန်းချုပ်ထားခြင်းမှာ သစ္စာဖောက်မှုပင်။ ထိုအကြောင်းပြချက်ကြောင့်ပင် ယန်းဟွေးက အကြီးဆုံးမင်းသားအား အကောင်းမမြင်ပေ။ ထို့အပြင် ဧကရာဇ်က တတိယမင်းသားအား အိမ်ရှေ့စံအဖြစ်လျာထားကြောင်း သူသိသည်။
စာအုပ်ကြီးအတိုင်း ရိုးစင်းကာ ဧကရာဇ်အပေါ် သစ္စာရှိသူ ယန်းဟွေးက မင်းသားကြီးအား ဒေါသဖြင့် ကြည့်လိုက်သည်။
ပထမမင်းသားက အာဏာပင်လုယူရဲသဖြင့် အဝေး၌ အရေးကြီးကိစ္စများ သွားရောက်ဖြေရှင်းနေသော တတိယမင်းသားကိုလည်း အန္တရာယ်ပြုရန် ပြင်ဆင်ထားလောက်မည်ဟု ယန်းဟွေး တွေးမိသည်။ ထိုတစ်ယောက်၏ ရက်စက်ပုံနှင့်သာဆိုလျှင် တတိယမင်းသားသည် အန္တရာယ်ကြီးကြီးမားမား ရင်ဆိုင်ရလိမ့်မည်။
ပြည်တွင်းရေးများအား တရစပ်တင်လျှောက်ကြပြီးနောက် ယနေ့မနက်ပိုင်းညီလာခံမှာ မြန်မြန်တိတ်သွားသည်။ ချန်းဘင်းက ကျယ်လောင်စွာ အသိပေးလိုက်သည်။ "တစ်စုံတစ်ခုရှိသေးရင် ညီလာခံမှာ တင်ပြကြပြီး ဘာမှမရှိတော့ရင် ထွက်ခွာနိုင်ကြပါပြီ။ "
ယန်းဟွေးက ရုတ်တရက် ရှေ့ထွက်လာသည်။ သူက မင်းသားကြီးကို မကြည့်ဘဲ ပလ္လင်ရှိရာသို့ ဦးညွှတ်လိုက်သည်။
"ဒီဝန်ကြီးမှာ တင်ပြစရာရှိပါတယ်။ "
ယန်းဟွေးရှေ့ထွက်လာသည်ကို တွေ့သောအခါ ညီလာခံခန်းမတစ်ခုလုံး ချက်ချင်းငြိမ်ကျသွားသည်။ ယန်းဟွေးကို ဧကရာဇ်ဟုန်းမျင်က အလွန်ယုံကြည်သည်။ သူကညီလာခံအကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော်လည်း လူအားလုံး၏အထက်ရောက်နေသော ပုံရိပ်ရှိသည်။ သူက တတိယမင်းသားနှင့်လည်း နီးကပ်ရာ ယခု သူဘာလုပ်ချင်နေသည်မှာ မရှင်းလင်းပေ။
ဘာသာရေးဝန်ကြီးက ယန်းဟွေးအား မသိမသာလှမ်းကြည့်ကာ ယန်းဟွေး၏ရည်ရွယ်ချက်အား ချက်ချင်းခန့်မှန်းမိလိုက်သည်။ သူက ပထမမင်းသားအား ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ် အုပ်စိုးခွင့်ပြုမည်မဟုတ်ပေ။
"အိုး။ ညီလာခံအကြီးအကဲ ယန်းက ဘာများလျှောက်တင်ချင်လို့လဲ။ " ချင်းယွင်က ယန်းဟွေးအား ကြည့်လိုက်သည်။ ထိုလူက အလွန်အမင်း အရည်အချင်းရှိသော်လည်း သူအသက်ကြီးလာသည်နှင့်အမျှ ပိုခေါင်းမာလာကာ အချို့ကိစ္စများ၌ အရာရှိအငယ်များကဲ့သို့ မကောင်းပေ။
"ဒီဝန်ကြီးက အသက်ကြီးလာတော့ ကျန်းမာရေးလည်း အရင်လို မကောင်းတော့ပါဘူး။ အခုအခါ ညီလာခံမှာလည်း တတ်စွမ်းတဲ့လူအများအပြား ရှိနေပြီဖြစ်လို့ *ယန့်ဆီမြစ် နောက်ပိုင်းက လှိုင်းတွေက အရှေ့ကလှိုင်းတွေကို တွန်းနေသလိုပါပဲ။ ကျွန်တော်မျိုးရဲ့ လတ်တလောအိပ်မက်တွေထဲမှာလည်း ဇာတိမြို့ကို အမြဲမက်နေရတဲ့အတွက် ကျွန်တော့်အချိန်ကျရောက်တော့မယ်လို့ ထင်ပါတယ်။ အရှင်မှ ကျွန်တော်မျိုးကို ဇာတိမြို့သို့ပြန်ခွင့်ပြုရန် တောင်းဆိုပါတယ်။ "(အရည်အချင်း ရှိတဲ့လူသစ်တွေက လူဟောင်းတွေထက်ပိုကောင်းတယ်လို့ ဆိုလိုပါတယ်။)
ထိုသို့ လျှောက်တင်ပြီးနောက် ယန်းဟွေးက ပလ္လင်ရှိရာဘက်သို့ ဒူးထောက်လိုက်သည်။
ယန်းဟွေး သူ့ဇာတ်မြို့သို့ပြန်မည်ဟု မည်သူကမှ မထင်ထားသဖြင့် တီးတိုးစကားသံများ ထွက်လာသည်။ အရင်က သူ့သက်တမ်းဆုံးခါနီးပြီဟု ယန်းဟွေးမပြောဖူးသော်လည်း မင်းသားကြီးယခုအာဏာရလာသောအခါမှ ထိုသို့လျှောက်တင်သည်။ ၎င်းက မင်းသားကြီး မျက်နှာပျက်စေရန်လုပ်ခြင်း မဟုတ်ပေဘူးလား။
အခန်းထဲမှ ဝန်ကြီးများ၏ ပွက်လောညံနေသံကို နားထောင်ရင်း ယန်းဟွေး၏ မျက်နှာမပြောင်းလဲသွားပေ။ သူ၏အပြုအမူက အလွန်အန္တရာယ်များကာ မင်းသားကြီး၏ ငြိုငြင်မှုအား မတော်တဆသွားပုတ်ခတ်နိုင်ပြီး သူ၏ကြီးရင့်နေပြီဖြစ်သော အသက်ကိုလည်း ဆုံးရှုံးသွားနိုင်ကြောင်း သိသည်။
သို့သော် ယန်းဟွေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသည်။ ညီလာခံမှ သူ၏အနေအထားအရ မင်းသားကြီးက သူအား ခပ်မြန်မြန်ရွှေ့ပြောင်းရဲမည်မဟုတ်ဘဲ တစ်ချိန်ထဲမှာပင် ဤလူအိုကြီးအား ဩဘာပေးရန် မလွယ်ပေ။
မည်သို့ပင်ဆိုစေ ယန်းဟွေး စိတ်ဆုံးဖြတ်ထားသည်။ သူထွက်သွားရမည်။ ပထမတစ်ချက်အနေဖြင့် မင်းသားကြီး၏ အုပ်ချုပ်မှုအပေါ် မကျေနပ်ကြောင်း သိသိသာသာပြရမည်။ ဒုတိယအချက်အနေဖြင့် သူသာမြို့တော်တွင်နေလျှင် သူ၏လှုပ်ရှားမှုတိုင်းကို မင်းသားကြီးမှ စောင့်ကြည့်နေလိမ့်မည်။ တတိယမင်းသား၏ ဘေးတွင်လည်း မည်သူမှရှိမည်မဟုတ်ဘဲ တစ်စုံတစ်ယောက်၏ အကူအညီကို အရေးတကြီးလိုနေလိမ့်မည်။
ညီလာခံ၌ ဘာသာရေးဝန်ကြီးနှင့် သူ၏အခြားတပည့်များ ရှိသေးသဖြင့် ယန်းဟွေးစိတ်မပူပေ။ မင်းသားကြီး မည်သည့်နည်းလမ်း သုံးသည်ဖြစ်စေ သူထွက်ခွာရန် မရအရတောင်းဆိုမည်ဖြစ်သည်။
ရုံးပိုင်းဆိုင်ရာဝန်ကြီးက ယန်းဟွေးအား ဆိုးရွားစွာကြည့်နေသည်။ သူယန်းဟွေးအား ထွက်သွားစေချင်သည်။ သို့သော် ယန်းဟွေး၏ ရာထူးမှာအရေးကြီးကာ ညီလာခံမှ သူ၏အခန်းကဏ္ဍက အရေးကြီးသဖြင့် ဤသို့ မထွက်သွားသင့်ကြောင်းကိုလည်း သူသိသည်။
ယန်းဟွေး၏ စကားများကို မျှော်လင့်ထားပြီး ဖြစ်သည့်အတွက် ချင်းယွင်လွန်စွာ မတုံ့ပြန်ပေ။ သူက ခွက်ကိုပင် မလိုက်ကာ လက်ဖက်ရည်တစ်ငုံသောက်၍ လည်ချောင်းစိုစွတ်စေလိုက်ပြီးမှ ယန်းဟွေးအား ဖြည်းညှင်းစွာ သိမ်းသွင်းလိုက်သည်။ "ညီလာခံအကြီးအကဲ ယန်းက အလေးအနက်ပြောနေတာပဲ။ ဝန်ကြီး ကောင်းကောင်းကျန်းမာနေတယ်လို့ ဒီမင်းသားမြင်တယ်။ ဝန်ကြီးရဲ့ ဘယ်နေရာကများ သက်တမ်းကုန်ဆုံးတော့မယ့် လက္ခဏာ ပေါ်နေလို့လဲ။ "
" ကမ္ဘာကြီးက ပြောင်းလဲသွားပါပြီ။ ဒီညီလာခံမှာ လူအိုကြီးနေဖို့မသင့်တော်တော့ပါဘူး။ မင်းသားကြီးက ဒါကို ထောက်ခံမယ်လို့ ကျွန်တော်မျိုး မျှော်လင့်ပါတယ်။ "
ယန်းဟွေး၏ စကားလုံးများမှာ မသင့်တော်ကာ မင်းသားကြီး၏အုပ်ချုပ်မှုအပေါ် သူမကျေနပ်ကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြတော့မလိုပင်။ ယန်းဟွေးက ၎င်းကိုပြောသောအခါ မင်းသားကြီး၏ အမျက်ဒေါသကိုပင် လက်ခံရန် ပြင်ဆင်ထားပြီးဖြစ်သည်။ သူက ညီလာခံမှ သူကိုယ်တိုင်စီမံခဲ့မှုများအား ပြန်လည်စဉ်းစားကာ နောက်ပိုင်းမည်သို့ ပြန်ပြောရမည်ကိုပင် တွေးထားသည်။
သူ့ပါးစပ်မှ ထိုစကားများ ထွက်သွားသည်နှင့် လူငယ်လေး၏ ကြည်လင်အေးချမ်းသောအသံကို ကြားလိုက်ရသည်။ " ညီလာခံ အကြီးအကဲယန်းစိတ်ဆုံးဖြတ်ပြီးမှတော့ ဒီမင်းသားက ဖြည့်ဆည်းပေးရုံပဲရှိတာပေါ့။ ညီလာခံအကြီးအကဲ ဝေ့လင်းက ပထမအဆင့်အမတ်အဖြစ် တာဝန်ယူလိုက်ပြီး ညီလာခံအကြီးအကဲယန်းကတော့ လက်ထဲစီစဉ်လက်စ အရေးကိစ္စတွေကို လက်လွှဲပေးပြီးတာနဲ့ ထွက်ခွာသွားလို့ ရတယ်။ "
ချင်းယွင်ပြောပြီးသည်နှင့် ညီလာခံတစ်ခုလုံး တိတ်သွားသည်။
ခန်းမထဲမှ ဝန်ကြီးများ အံ့ဩစရာနောက်တစ်ခု ကြုံလိုက်ရသည်။ သူတို့ ဘာကြားလိုက်ရတာလဲ။ မင်းသားကြီးက သဘောတူလိုက်တာလား။ သူက သဘောတူရုံတင်မကဘူး ညီလာခံအကြီးအကဲယန်းက သူ့အာဏာကိုအပြီးအပိုင် မလွှဲပြောင်းရသေးခင် ထွက်သွားလို့မရဘူးလို့ ပြောလိုက်တာလား။
မင်းသားကြီးမှ သူ့အား ဘာဒေါသမျှမထွက်ဘဲ၊ ဘာခြိမ်းခြောက်မှုမျှမလုပ်ဘဲ ရိုးရိုးရှင်းရှင်း ထွက်ခွာခွင့်ပြုမည်ဟု ယန်းဟွေး မမျှော်လင့်ထားပေ။ ယန်းဟွေးပြင်ဆင်ထားသောစကားများကို မျိုချလိုက်ရသည်။
ရုံးပိုင်းဆိုင်ရာဝန်ကြီးက ယန်းဟွေး၏နဂိုအမူအရာမဲ့နေတတ်သော မျက်နှာပေါ်မှ အံ့အားသင့်သွားပုံကိုကြည့်ကာ မထိန်းနိုင်ဘဲ ပြုံးမိသည်။ အိုး၊ သူ့ကိုယ်သူ အရမ်းအရေးပါတယ်လို့ ထင်နေတာမဟုတ်လား။ အခု မျက်နှာ နာကျင်သွားရဲ့လား။
"မင်းသားကြီး ပြန်သုံးသပ်ပေးပါ။ "
ယန်းဟွေးတပည့်များ၏ အသနားခံစကားများကို လျစ်လျူရှုကာ ဝေ့လင်းအား အမိန့်ပေးပြီးနောက် ချင်းယွင် ညီလာခံမှ ထွက်ခွာလာခဲ့သည်။
တတိယမင်းသား၏ အမြစ်များက ညီလာခံတွင် နက်ရှိုင်းကာ ယန်းဟွေးရှိနေလျှင် ပြောင်းလဲသွားမည်မဟုတ်သဖြင့် သူကိုယ်တိုင်အတွက် အသုံးမဝင်သော ယန်းဟွေးထွက်သွားသည်ဖြစ်စေ၊ ဆက်နေသည်ဖြစ်စေ ချင်းယွင်ဂရုမစိုက်ပေ။
ယန်းဟွေးက အသက်ကြီးကာ သူသာဤနည်းလမ်းကို သုံးလျှင် မင်းသားကြီးအား မျက်နှာပျက်စေမည်ဟု သူ့ကိုယ်သူအထင်ကြီးထားသည်။ သူသာ စိတ်ပြန်ငြိမ်သွားလျှင် ယန်လန်ထံသို့ ပြေးသွားသည်ထက် ညီလာခံတွင် ချင်းယွင်၏ အနား၌နေသည်က ပိုအသုံးဝင်မည်ဟု သဘောပေါက်သွားလိမ့်မည်။
မည်သို့ပင်ဆိုစေ ချင်းယွင်က ယန်ဆာနှင့်မတူပေ။ သူက နှစ်တစ်သောင်းခန့် ရှင်သန်လာခဲ့သဖြင့် ကမ္ဘာ့ကိစ္စများအပေါ် ကောင်းကောင်းထိုးထွင်းသိမြင်နိုင်သည်။ ကြီးမြတ်သောယန်မှ တော်ဝင်ညီလာခံကသူ့အတွက် မခက်ခဲပေ။ ယန်းဟွေးချန်ထားခဲ့သော ကွက်လပ်အား ဖြည့်ရန်လည်း မကြာပေ။
ဤကမ္ဘာ၏ မူရင်းဇာတ်ကြောင်းတွင်လည်း ယန်ဆာထီးနန်းဆက်ခံပြီးနောက် ယန်းဟွေးနှင့်ဤကဲ့သို့ အခက်အခဲမျိုး ရင်ဆိုင်ခဲ့ရသည်။ ယန်ဆာတွင် ရက်စက်သောစရိုက်ရှိပြီး ယန်းဟွေးအား ခေါင်းဖြတ်သတ်ချင်ခဲ့သည်။ သို့သော် ဝန်ကြီးအများစုထံမှ ကန့်ကွက်ခံခဲ့ရသဖြင့် ယန်းဟွေးအား မသတ်နိုင်ခဲ့ရုံသာမက သူကိုယ်တိုင်လည်း အမျက်ဒေါသကြီးသည်ဟူသော ဂုဏ်ပုဒ်ရခဲ့သည်။
ယခုအဖြစ်အပျက်ပြီးနောက် အကြီးဆုံးမင်းသားက မမျှော်လင့်ထားသောနည်းများဖြင့် လိုက်လျောညီထွေဆောင်ရွက်တတ်ကြောင်းကို ဝန်ကြီးအားလုံး သဘောပေါက်လာကြသည်။ တတိယမင်းသားဘက်မှ ဝန်ကြီးအချို့ပင် တိတ်တဆိတ် ပြန်စဉ်းစားလာကြသည်။
******
မြောက်ပိုင်းနယ်စပ်၌ လေတိုက်ခတ်ပုံနှင့် သဲမှုန်များက လူများ၏ မျက်နှာကို ဓားဖြင့်ခြစ်နေသလိုပင်။
ဤနယ်စပ်သည် ကြီးမြတ်သောယန်နှင့် မွန်ဂိုတို့ကြား ပိုင်းခြားထားသည်။ မွန်ဂိုတို့သည် စစ်ရေး၌ ထူးချွန်ကာ ကြီးမြတ်သောယန်နှင့်လည်း များစွာပဋိပက္ခဖြစ်တတ်သည်။ ဆောင်းတွင်းတွင် စားကျက်များ ညှိုးနွမ်းကာ အစာရေစာ ရှားပါးသည့်အချိန်တိုင်း ကြီးမြတ်သောယန်၏နယ်စပ်သို့ မွန်ဂိုများ ကျူးကျော်လာလေ့ရှိသည်။
ခြံမွေးတိရစ္ဆာန်များ၊ အစားအစာများနှင့် အမျိုးသမီးများကို လာလုယူလေ့ရှိသည်။ ဤလုယက်မှုက မတော်တဆတစ်ခုသာမဟုတ်ဘဲ မွန်ဂိုစစ်တပ်ဘက်မှ သိသိသာသာရန်စနေခြင်းဖြစ်သည်။
ကြီးမြတ်သောယန်က ယဉ်ကျေးတိုးတက်လာသော်လည်း စစ်အရာရှိရှားပါးသဖြင့် အင်အားသိပ်မရှိပေ။ ယခင်နှစ်များအတွင်း ကြီးမြတ်သောယန်နှင့် မွန်ဂိုတို့ ထိပ်တိုက်တွေ့သည့်အချိန်တိုင်း ကြီးမြတ်သောယန်ဘက်မှ ပိုရှုံးတတ်သည်။
သို့သော်ယခုအခါတွင် ကြီးမြတ်သောယန်၏ နယ်စပ်၌ မွန်ဂိုတို့ဘက်မှ ကျူးကျော်မှုနှင့် ကင်းလွတ်နေသည်မှာ နှစ်ပေါင်းနှစ်ဆယ်နီးပါး ရှိပြီဖြစ်သည်။ နယ်စပ်မှ လူဦးရေသည်လည်း တိုးတက်လာသည်။ ဗဟိုမြေပြန့်ဒေသများနှင့် မယှဉ်နိုင်သေးသော်လည်း ဈေးများ၌စည်ကားနေပြီဖြစ်သည်။
တစ်ခါတစ်ရံတွင် အချို့လေလွင့်သူငယ်များပင် နယ်စပ်၌ ပြေးလွှားဆော့ကစားနေသည်ကို တွေ့နိုင်သည်။ ၎င်းမှာ ယခင်က တွေ့ရန်မလွယ်သော မြင်ကွင်းပင်။
မြောက်ဘက်နယ်စပ်၌ ဤမျှငြိမ်းချမ်းနေခြင်းမှာ ယခုမြောက်ပိုင်းဗိုလ်ချုပ်ကြီး ယူချီ၏တည်ရှိမှုကြောင့်ဖြစ်သည်။ သူ့တွင် အဖေ၊အမေမရှိဘဲ ဧကရာဇ်ဟုန်းမျင် ခရီးသွားစဉ်က လမ်းဘေးမှ ကောက်ယူမွေးစားခဲ့ခြင်းပင်။
သူ၏ ကြင်နာမှုအား ပြန်ပေးဆပ်သည့်အနေဖြင့် ချီယူက အသက်ဆယ်နှစ်တွင် စစ်တပ်ထဲဝင်သွားကာ အသက်မပြည့်ခင်မှာပင် နယ်စပ်သို့ သွားခဲ့သည်။ သူစစ်တပ်ကို ဦးဆောင်လိုက်သည်နှင့် ရဲရင့်သောမွန်ဂိုစစ်တပ်မှာ သဘာဝရန်သူနှင့်တွေ့သွားသကဲ့သို့ ရှုံးနိမ့်သွားကြသည်။
အတိတ်မှ ကြီးမြတ်သောယန်၏ စစ်တပ်အားနည်းချက်ကို ပြင်ဆင်ကာ ချီယူက သူ၏တပ်သားများအား ဦးဆောင်၍ မွန်ဂိုအတွင်းပိုင်းအထိ တိုက်ထုတ်ခဲ့သဖြင့် မွန်ဂိုများ မြောက်ပိုင်းသို့မိုင်သောင်းချီ ဆုတ်ခွာသွားရသည်။
ထို့ကြောင့်ပင် ချီယူက အသက်သုံးဆယ်အစောပိုင်းမှာပင် မြောက်ပိုင်းဗိုလ်ချုပ်ကြီးအဖြစ် အမည်တွင်လာကာ နယ်စပ်မှပြည်သူပြည်သားများ၏ အချစ်ခံရခြင်းဖြစ်သည်။ သူ့လက်အောက်မှ မြောက်ပိုင်းစစ်တပ်မှာ သူတို့၏ရက်စက်ကြမ်းကြုတ်မှုကြောင့် ကျော်ကြားကြသည်။
ချီယူမှာ ဧကရာဇ်ထံမှပင် သံသယဝင်ခံရနိုင်သည်ဟုပင် ပြော၍ရသည်။သို့သော် ချီယူ၏ ထူးခြားသောအနေအထားနှင့်အတူ၊ ဧကရာဇ်ဟုန်းမျင်၏ ကိုယ်တိုင်ကိုယ်ကျ ပျိုးထောင်ခံထားရသဖြင့် ဧကရာဇ်ဟုန်းမျင်ထံမှ အလွန်ယုံကြည်ခံထားရသည်။  ဧကရာဇ်က သူညီလာခံသို့ ပြန်လာသောအခါ ချီယူအား မြောက်ပိုင်းနယ်စားအဖြစ် သတ်မှတ်ရန်ပင် ဆုံးဖြတ်ချက်ချထားသည်။
"ဗိုလ်ချုပ်ကြီးကို သတင်းပို့ပါတယ်။ တတိယမင်းသားလို့ပြောနေတဲ့ လူတစ်ယောက်က တော်ဝင်အမိန့်စာနဲ့အတူ ရောက်လာပါတယ်။ "
မြေပုံစားပွဲဘေးမှ ယောက်ျားက စစ်ရွက်ဖျင်တဲအပြင်ဘက်မှ ရုတ်တရက်အကြောင်းကြားသံကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
ထိုယောက်ျားက အရပ်ကိုးပေခန့်ရှည်ကာ ကြွက်သားများပေါ်လွင်နေသည်။ချပ်ဝတ်တန်ဆာ မဝတ်ထားလျှင်ပင် သူ၏မျက်နှာ၌ ရက်စက်တတ်သောအရိပ်အယောင်ရှိနေသည်။ သူ့တွင် စစ်ဗိုလ်ချုပ်များထံ၌ တွေ့ရခဲသော အဆင့်မြင့်သားနားမှုလည်း ရှိနေသည်။
ယေဘုယျအရည်အချင်းမျိုး ရှိသူက စစ်သားသာဖြစ်ကာ ခန့်ညားသောအရည်အချင်းရှိသူက ဗိုလ်ချုပ်ကြီး ဖြစ်လိမ့်မည်။ ဤယောက်ျားက ဗိုလ်ချုပ်ကြီး ဖြစ်ကြောင်းထင်ရှားသည်။
ချီယူ အရင်ရက်အနည်းငယ်က လက်ခံရရှိခဲ့သော စာလွှာအားကြည့်ကာ အသံခပ်ဩဩဖြင့် ပြောလိုက်သည်။ "သူ့ကို ဝင်ခွင့်ပြုလိုက်။ "
Continue Reading
You'll Also Like
109K 17.4K 15
Neighbors အိမ္နီးခ်င္းခ်စ္သူ Title - 邻居 Author - 青端 Raws - http://www.jjwxc.net/onebook.php?novelid=4059518 Translated from English with the permissi...
98.2K 11.6K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
1.8M 90.3K 57
1.9M 54.1K 186
| COMPLETED | When she woke up, Nuonuo became a seventeen-year-old little escaped wife of a paranoid man in the book. The male character was cold an...