伪装学渣
Wei Zhuang Xue Zha
UNICODE
ငါ့ကိုမချစ်နဲ့ အကျိုးမရှိဘူး
Mail ခေါင်းစဉ် - တက္ကသိုလ်ဝင်စာမေးပွဲကို တက်ကြွစွာရင်ဆိုင်ပြီး ရမှတ်နည်းမှုကိုပထုတ်ပစ်ပါ။
ဟယ့်ကျောင်းသည် ဘောပင်ကိုချလိုက်ပြီး ပေးပို့သူအားတစ်ချက်လှမ်းကြည့်လိုက်ပါ၏ ၊ မရင်းနှီးပါသည့် levelနိမ့်နိမ့်ဖြင့်ယခုမှအသစ်ဖွင့်ထားသည့် QQ mailတစ်ခုဖြစ်နေပြီး friendလည်းဟုတ်မနေပါချေ။
သူပထမဆုံးထင်လိုက်မိသည်မှာတော့ spamကြော်ငြာတစ်ခုပဲဖြစ်မည်ဟု။
ကျောင်းစဖွင့်သည့်ရက်က အုပ်ထိန်းသူဖုန်းနံပါတ်နေရာ၌ မိမိဖုန်းနံပါတ်ကိုသာချန်ထားခဲ့တာဖြစ်သည်။
ထိုသင်တန်းများမှာဆို ကျောင်းသားတွေ၏အချက်အလက်အား ဘယ်ကများရလာကြသည်မသိပါ။ (၃)ရက် (၅)ရက်ခြားတစ်ခါလောက်ကို အနှောက်အယှက်မက်ဆေ့ချ်တွေလက်ခံရရှိတတ်ပြီး စာမေးပွဲအသေးစားပဲဖြစ်ဖြစ် စာမေးပွဲကြီးတွေဖြစ်ဖြစ်ရှိချိန်တိုင်း ထိုကြော်ငြာတွေကပိုလို့ဆိုးလာတတ်သည် - ကျောင်းသားဟယ့်ကျောင်းရဲ့ အုပ်ထိန်းသူမင်္ဂလာပါ ၊ ကျွန်ုပ်တို့က တက္ကသိုလ်ဝင်စာမေးပွဲအတွက်ကြိုတင်လေ့ကျင့်ပြင်ဆင်ပေးတဲ့ xxx သင်တန်းကပါ ၊ သင့်ကလေးရဲ့ ကျောင်းကပညာရေးအဆင့်တွေအကုန်ကို ကျွန်ုပ်တို့နားလည်သိရှိထားပြီးဖြစ်ပါတယ် ၊ ကျွန်ုပ်တို့ရဲ့ ရက်(၈၀)နဲ့တိုးတက်လာစေမယ့်campတစ်ခုကို စိတ်ရင်းနဲ့မိတ်ဆက်ပေးပါရစေ ၊ ကျွမ်းကျင်ပိုင်နိုင်တဲ့ဆရာ/မတွေက တစ်ယောက်ချင်းစီအလိုက်သင်ကြားပြသပေးသွားမှာပါ. . . . . .
အမှတ်(၂)ကျောင်းပေါက်ဝ၌လည်း အမြဲလိုလိုအမျိုးမျိုးသောသင်တန်းတွေမှလာပြီး လက်ကမ်းကြော်ငြာစာလေးတွေဝေတတ်သည်။ သုံရက်ငါးရက်ခြားတစ်ခါလောက်လည်း လူကိုဆွဲခေါ်ပြီး surveyကောက်ဖြေခိုင်းတာမျိုးရှိပေသည်။
အရင်သူနှင့်ရှဲ့ယွီတို့ အပြင်ထွက်ထမင်းစားတုန်းကဆို တစ်ခါကြုံဖူး၏။
လူအနည်းငယ်မှာ ဖောင်ကိုကိုင်ထားကြလျက် အပေါက်ဝ၌စောင့်မျှော်ကာ ထမင်းဆိုင်ထဲမှလူထွက်လာသည်ကိုမြင်တာနှင့် ချဉ်းကပ်ရောက်ရှိလာကြတော့သည်။
"ကျောင်းသားမင်္ဂလာပါ ၊ ရနိုင်မလားလို့ပါ. . . . . ."
ရှဲ့ယွီသည်နှုတ်ဟ၍ တစ်ပါးသူထံစကားလုံးသုံးလုံးသာချီးမြှင့်သည်။
"မရဘူး။"
". . . . . ."
ထိုလူတစ်စုမှာ ဤကဲ့သို့ဘယ်တုန်းကမှမကြုံဖူးခဲ့ဟန်တူပါသည် တစ်ခဏကြာကြောင်အသွားကြလေ၏။
ထိုသူတို့မှာ အသိပြန်ကပ်လာပြီးနောက်လည်း လက်မလျှော့သေးဘဲ ကြိုးပမ်းလာကြပြန်ပါသည်။
"ဒီလိုပါ ကျွန်တော်တို့က. . . . . ."
"မသိချင်ဘူး. ."
ရှဲ့ယွီကပြောသည်။
"ခင်ဗျားတို့ဖယ်ပေးလို့ရမလား လမ်းပိတ်နေတယ်။"
ဟယ့်ကျောင်းသည် ထိုအကြောင်းတွေးမိပြီး ရယ်ချင်လာရပြန်ပါသည်။ စိတ်ထဲမှလည်း သူ့ရဲ့ကလေးလေးကတော့ လက်ကမ်းစာစောင်ဝေသူတွေ ခေါင်းကိုက်စေမယ့်အမျိုးပဲဟု ဆိုမိရသည်။
တစ်ပါးသူအား စကားဆုံးအောင်အထိပြောဖို့ကို အခွင့်အရေးမပေးချေ။
တကယ်ကို အေးစက်စက်နိုင်ချက်။
အမှိုက်သရိုက်ကြော်ငြာစာပဲနေမှာဟု စိတ်ထဲထားရင်းမှ ဝင်ကြည့်မိရာ ဟယ့်ကျောင်းသည် သူထင်ထားသလို ရက်(၈၀)နဲ့တိုးတက်အောင်လုပ်ပေးမည့်ကြော်ငြာမျိုးတွေနဲ့သိပ်မတူမှန်း သိလိုက်ရသည်။
--- --- တကယ့်ကိုစာလုပ်ဖို့မှတ်စုတွေပို့လာသည့် mailတစ်ခု။
ကြော်ငြာစာသားတွေ တစ်ခွန်းတစ်လေမှမပါသည့်အရာ။
ဘာသာရပ်အလိုက် အပိုင်းတွေခွဲထားပေးပြီး အားလုံးကအရေးကြီးအချက်များသာဖြစ်သည်။ တစ်ခုလုံးကအကြောင်းအချက်များမှာအကုန်လိုတိုရှင်းဖြင့် ကျစ်လျစ်ပြည့်စုံပြီး အတွေးအခေါ်ရှင်းလင်းကောင်းမွန်လျက် အကုန်ကြည့်ရှုလိုက်သည့်အခါ အပိုဆားဒါးလည်းတစ်ခွန်းမျှပင်မပါ။
ဟယ့်ကျောင်းသည် အကြမ်းဖျင်းနှစ်ခေါက်လောက်ကြည့်ပြီးနောက် ခက်တဲ့အပုဒ်တွေဘာတစ်ခုမှမတွေ့မိ ၊ ကြည့်ရသည်မှာ ညံ့ဖျင်းသည့်ကျောင်းသားအား အခြေခံကနေလေ့လာလို့ရစေအောင် ပေးထားတာနှင့်ပုံတူသည်။
နိဂုံးချုပ်အနေနဲ့ဆိုရလျှင်တော့ လုံးဝကိုပြီးပြည့်စုံပါသည့် အခြေခံသိရှိနားလည်အောင်ရှင်းပြထားသည်များဖြစ်ပေသည်။
ရှဲ့ယွီသည် တစ်ညလုံးဟယ့်ကျောင်းအတွက် လွယ်ကူအောင် ဘာသာစုံအလိုက်အရေးပါသည်တို့ကိုစုပေးပြီးနောက် အိပ်ဖို့လုပ်ကာ ခေါင်းနှင့်ခေါင်းအုံးမှာထိရုံရှိသေး အတန်းgroup chatကြီးကစည်ကားလို့လာ၏။
ကုတင်ခေါင်းရင်းရှိဖုန်းမှာ အကြိမ်မနည်းတုန်ခါလို့လာသည်။
[ဟယ့်ကျောင်း] : @V=s*h ရွှယ်ဝေ မင်းဘာလုပ်နေတာလဲ?
[V=s*h] : အင်္ဂလိပ်စာမီးနင်းတွေကျက်နေတာ။
[လော်ဝိန်ချန်] : ရွှယ်ဝေ ဒီအချိန်ပဲရှိနေပြီကို ကြိုးစားနေတုန်းပဲပေါ့?
[V=s*h] : အခုမှအစောကြီးရှိပါသေးတယ် ၊ မင်တို့တွေက အစောကြီးအိပ်ကြတာလား ၊ ငါတော့အိပ်မပျော်ဘူး ပြီးတော့စာကလုပ်လေလေပိုပြီးစိတ်ပါလာလေပဲ။
[လော်ဝိန်ချန်] : ကောင်းပါပြီ ဆက်မပြောတော့ဘူး ၊ တော်ပါတယ် မင်းပဲတော်တယ်။
[ဟယ့်ကျောင်း] : မဟုတ်ဘူး ငါပြောချင်တာက မင်းညသန်းခေါင်ကြီးကြမှငါ့စီmailပို့ပြီးဘာလုပ်တာလဲလို့။
ရွှဲရှီရှိန်းတစ်ယောက် ဘာဖြစ်နေသည်မှန်း လုံးဝနားမလည်ပါချေ။
[V=s*h] : ဘာmailလဲ?
[ဟယ့်ကျောင်း] : စာလုပ်ဖို့မှတ်စုတွေလေ။
[V=s*h] : ?
[ဟယ့်ကျောင်း] : question mark ကြီးပို့လာတာဘာအဓိပ္ပာယ်တုန်း မင်းမဟုတ်ဘူးလား?
ပဟေဠိဆန်လှသည့် မှတ်စုတစ်ခုကြောင့်နဲ့ အခန်း(2-3)က group chatတစ်ခုလုံးစိတ်ဝင်တစားအုံကြွလာ၏။ တစ်အုပ်စုလုံးမှာ ညသန်းခေါင်းကြီးမအိပ်ကြဘဲ ဟယ့်ကျောင်း screenshotရိုက်ပြလာသည်ကိုကြည့်ပြီး အတွေးနယ်ချဲ့လာကြတော့သည်။
[လျှိုချွိင်ဟောက်] : လောင်ဝူများလား?
[ရွှီချင်ချင်] : မဖြစ်နိုင်ဘူး ၊ လောင်ဝူသာဆို အကောင့်အသစ်ဖွင့်နေစရာမလိုဘူးလေ ၊ ဒီအတိုင်းပဲပို့လိုက်ပြီးနေပြီမဟုတ်လား။
[လျှိုချွိင်ဟောက်] : ဒါဆိုလည်း တဲ့ပဲမေးလိုက်ကြရအောင်? @ဆရာဝူကျိန့်
ရွှယ်ဝေနှင့် သင်္ချာဆရာကလွဲ အတန်းထဲကဒီလိုမျိုးလုပ်မယ့်သူမျိုးကို စဉ်းစားလို့မရကြပါချေ။
[ဝမ့်သာ] : ဒါဆို ဖြစ်နိုင်တာကဒီလိုအခြေအနေမျိုးက. . . . . .
အဆုံး၌ သူတို့ဦးနှောက်ထဲပေါ်လာသည်မှာဆိုလျှင် ဟယ့်ကျောင်းအား ကျိတ်crushနေတာကြာပြီဖြစ်ပြီး ကယ်တင်လို့ပင်မရစွာဖြင့် သူ့ကိုသေမတတ်သဘောကျရပေမယ့် တိတ်တခိုးကလေးသာလိုက်ပြီး အရူးအမူးစွဲလမ်းနေသည့်ကျောင်းသူတစ်ယောက်ပဲဖြစ်မည်ဟု။
[ရွှီချင်ချင်] : သေချာတယ်အဲ့ဒါပဲ ၊ ပြီးတော့ဒီမှတ်စုအရဆို အဲ့ဒီမိန်းကလေးက စာတော်ပြီးအဆင့်လည်းမဆိုးမှန်းသိသာတယ်ရယ် ၊ တွေးခေါ်မှုလည်းကောင်းတယ် ဥပမာဒီနမူနာပုစ္ဆာကိုရှင်းပြထားတာ နည်းမှန်လမ်းမှန်နဲ့စနစ်တကျရှိတယ်။
[ဝမ့်သာ] : မှန်တယ်မှန်တယ် ၊ ပုံမှန်ဆိုနှလုံးသားထဲ သိုသိပ်ထားတဲ့အချစ်စိတ်တွေက ဒီလိုညအချိန်မျိုးမှာ မမျိုသိပ်နိုင်တော့ဘဲစိတ်အချဉ်ပေါက်လာပြီး နောက်ဆုံးတော့ပေါက်ကွဲထွက်လာတာပေါ့ကွာ။
[ဟယ့်ကျောင်း] : အာ အဲ့ဒီလိုလား။
". . . . . ."
ရှဲ့ယွီသည် ကုတင်ပေါ်လဲနေရင်းမှ နဖူးပေါ်လက်တင်ကာ ဟယ့်ကျောင်းကိုပဲလား ကိုယ့်ကိုယ်ပဲလားမသိဆဲရေးမိတော့၏ ၊ နှုတ်ဟ၍စကားလုံးသုံးလုံးထုတ်လွှတ်ပစ်လိုက်ပါသည်။
"အရူးပဲ။"
ရွှီချင်ချင်တို့တစ်တွေစုပေါင်းကာ စိစစ်လိုက်ကြပြီးနောက်ထွက်လာသည့် ထိုရှုပ်ထွေးကာ ထူးဆန်းသည့်တိတ်တခိုးအချစ်ပုံပြင်မှာဆို ပြောတာတကယ်ကြီးဟုတ်သလိုလိုရှိနေတော့သည်။
ရှဲ့ယွီမှာ မှတ်စုတွေအားအကုန်မပြင်ဆင်ရသေးပါ ၊ ယနေ့ပို့လိုက်တာက အခြေခံအတွက်တစ်စိတ်တစ်ပိုင်းသာလျှင်ဖြစ်သည်။ အခန်း(3)ကလူတစ်စု၏အတွေးတွေကတော့ အနည်းငယ်ဆွံ့အသွားရစေပေမယ်လို့ စီစဉ်သင့်တာတော့ ဆက်စီစဉ်ရဦးမည်သာ။
အခြေခံဖြစ်တဲ့ ထိုနမူနာပုစ္ဆာများ အချက်များနဲ့တင်မလုံလောက်ပါ ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့ရာအရည်အချင်းနဲ့သာဆို အများကြီးလိုနေပါသေးသည်။
နောက်တစ်နေ့၌ ရှဲ့ယွီသည် အိပ်ယာမှထလာပြီးနောက် နောက်တစ်ပိုင်းအတွက်ဆက်လက်ပြင်ဆင်လိုက်၏။
ရှေ့တစ်ခေါက်တုန်းက အချက်အလက်အတိုင်း အပိုင်းကဏ္ဍလည်းတူ၏ ၊ သို့သော်ဒီတစ်ခေါက်မှာတော့ ပိုလို့စံနမူနာကျပြီး လှည့်ကွက်တွေလည်းပါသည့်အပုဒ်တွေကိုပြင်ဆင်ကာ သိရှိရုံလေးနှင့် ဖြေဆိုနည်းအမျိုးမျိုးကိုပါပြောလို့ပေးထားသည်။
"ဘာလို့တစ်နေ့လုံး အခန်းထဲပဲအောင်းနေတာလဲ. ."
နေ့လည်ပိုင်းရောက်ခါနီးမှာတော့ မဒမ်ကုမှာတက်လာပြီးတံခါးခေါက်သည်။
"ဆင်းပြီးထမင်းလာစား။"
မဒမ်ကုပြောအပြီးမှာတော့ ရှဲ့ယွီသည်ကီးဘုတ်ရိုက်ရင်းမှ ပြန်ပြောလိုက်ပါသည်။
"သိပြီ။"
ကုရွှယ်လန်သည် သက်ပြင်းချကာဆိုမိ၏။
"သိပြီသိပြီနဲ့ ကြည့်ရတာတော့ နည်းနည်းမှသိပုံလည်းမရပါဘူး။"
မဒမ်ကုမှာ တံခါးခြားလျက်မှ ပွစိပွစိဆိုနေခိုက်တွင် ရှဲ့ယွီသည်အချက်အလက်တို့အားsaveကာ mailကိုဖွင့်လိုက်ပြီး မနေ့က QQ mailအကောင့်သစ်ကိုပဲသုံး၍ ဟယ့်ကျောင်းထံပို့လိုက်ပါသည်။
[အောင်မြင်စွာ ပို့ပြီးပါပြီ။]
ထမင်းစားချိန်၌ ကုရွှယ်လန်မှာထိုအကြောင်းအရာကိုပဲ လက်မလွှတ်တမ်းမေးလာပြန်သည်။
"မင်းကအခန်းအောင်းပြီးဘာလုပ်နေတာလဲ။"
ရှဲ့ယွီသည် ကုရွှယ်လန်၏ပန်းကန်ထဲသို့ ဝက်နံရိုးတစ်တုံးထည့်ပေးလိုက်ပြီး ပြောလိုက်ပါသည်။
"စာလုပ်နေတာ။"
"ပြောလိုက်ရင်တော့ ဒါပဲ။"
ဝက်နံရိုးထည့်ပေးပြီးနောက် ရှဲ့ယွီသည် ဟင်းရွက်ပန်းကန်ထဲမှကိုယ့်အတွက်ကိုယ်အနည်းငယ်ယူလို့ထည့်ကာ ဆက်စကားမဆိုမိတော့ပါချေ။
ဒီကလေးကတော့ ပြန်လာသည့်အခေါက်တိုင်း ထိုကဲ့သို့ပါပင် ၊ စာလုပ်တာလည်းမဟုတ်ပါဘဲ စာလုပ်နေတာဆိုပြီးဆင်ခြေပေးရတာကို အလွန်ပဲသဘောကျလို့နေ၏။
ဘာတဲ့ပြောတာတော့လည်း ကျောင်းမှာပဲ စိတ်နှစ်ပြီးစာပြန်နွှေးမလို့ ပိတ်ရက်အိမ်မပြန်တော့ဘူးဘာဘူးနဲ့ ရလဒ်ကကြလပတ်စာမေးပွဲတိုင်းမှာ ထွက်လာတိုင်း ဒုတိယနှစ်တစ်ခုလုံး နောက်ဆုံးဘိတ်ချေးအဆင့်(၂) ၊ အဲ့ကောင်လေး ဘာစာတွေကိုများပြန်နွှေးနေသလဲမသိပါ။
ကုရွှယ်လန်သည် တွေးရင်းတွေးရင်း ထားလိုက်ပါတော့ဟုသာပြောမိသည်။ ဒါကိုပဲဆက်ပြောနေလို့ကတော့ ထမင်းကောင်းကောင်းစားရမှာကိုမဟုတ်တော့။
ရှဲ့ယွီသည် စားပြီးနောက် အပေါ်ထပ်ပြန်တက်လာခဲ့ပြီး QQအကောင့်သစ်မှထွက်ရန်ပြင်ဆဲမှာပင် အမှတ်မထင် mailနေရာ၌အနီစက်လေးပေါ်နေသည်ကိုတွေ့လိုက်ရသည်။
ရှဲ့ယွီသည်နှိပ်လို့ကြည့်လိုက်ရာ mailအသစ်တစ်စောင်ဖြစ်နေလေ၏။
Mail၏ထိပ်စီးခေါင်းစဉ်မှာဆို စာလုံး(၁၀)လုံးသာ - ငါ့ကိုမချစ်နဲ့ အကျိုးမရှိဘူး။
ပေးပို့သူ ၊ ဟယ့်ကျောင်း။
". . . . . ."
Mailအတွင်းပိုင်းကစာများကတော့ သာလို့တောင်ဆိုးသေး၏ ၊ ဘာတွေလဲဆိုလျှင်တော့ဖြင့် - "ငါ့မှာချစ်သူရှိနေပြီးသား"။
-ငါနဲ့ငါ့ချစ်သူနှစ်ယောက်လုံးရဲ့ ချစ်ခြင်းမေတ္တာတွေက သိပ်ကိုခိုင်မာတယ်။
-ဒီကသူငယ်ချင်း မင်းဘယ်သူဆိုတာကို ငါမသိပေမယ့် မင်းနားလည်မယ်လို့မျှော်လင့်ပါတယ် ၊ မင်းနဲ့ငါကမဖြစ်နိုင်ဘူး။
-မင်း ငါဆိုလိုချင်တာကိုနားလည်တယ်မလား။
ကြည့်ရတာ မနေ့ကရွှီချင်ချင်တို့တစ်တွေပြောသွားသည့်စကားတွေကို ဒီလူတစ်လုံးမကျန်နားဝင်သွားပုံရသည်။
ရှဲ့ယွီသည် ကွန်ပျူတာရှေ့ထိုင်လျက်မှ အငြင်းခံရသည့်စာကိုသာအတော်ကြာစိုက်ကြည့်လို့ မည်သို့တုံ့ပြန်ရမည်မသိဖြစ်မိ၏။
"ဖာ့ခ်. ."
ရှဲ့ယွီသည် လက်ချောင်းတို့ကိုရွေ့၍ mailအားပိတ်ပစ်လိုက်တော့ပြီး ကိုယ့်ဘာသာပဲတီးတိုးပြောလိုက်မိတော့သည်။
". . . . . . ကျုပ်က အဲ့မင်းချစ်သူပဲဟေ့။"
ဟယ့်ကျောင်းမှာပုံမှန်ဆို ရှဲ့ယွီအားစိတ်အနှောက်အယှက်လိုက်ပေးနေကြဖြင့် စိတ်မထင်ရင်blockပါပစ်ချင်ရသည်အထိရှိပေမယ့် ဒီတစ်ပတ်မှာတော့ အနည်းငယ်ငြိမ်လို့နေသည်။
ရှဲ့ယွီသည် နေ့လည်စာစားပြီးနောက် မဒမ်ကုကိုအဖော်ပြုပြီး အနီးနားကပန်းခြံ၌လမ်းလျှောက်ထွက်ဖြစ်သည်။ စကားတို့လည်း များများပြောစရာမရှိလေရာ အတန်းထဲကအကြောင်းတချို့ကိုပဲပြောပြမိဖြစ်၏ ၊ မဒမ်ကုကတော့ နားထောင်ရင်း အတော်လေးသဘောတကျဖြစ်နေလေသည်။
ဟယ့်ကျောင်းထံမှ ဖုန်းလက်ခံရချိန်မှာဆို နေ့လည်(၁)နာရီပင်ထိုးလို့နေလေပြီ။
"အတော်ကြာ စိတ်ထိန်းလို့ထားပြီးမှ မင်းစီလှမ်းဆက်လိုက်တာ. ."
ဟယ့်ကျောင်းဘက်ခြမ်းက အနည်းငယ်ဆူလို့နေ၏ ၊ အသံကိုနားထောင်ရသည်မှာလည်းအပြင်ရောက်နေဟန်တူသည်။
"မင်းမနိုးသေးမှာစိုးလို့။"
ရှဲ့ယွီသည် အခန်းထဲဝင်ရုံပင်ရှိသေးလေရာ တံခါးရွက်ကိုမှီထားရင်းပြောလိုက်သည်။
"မင်းက ငါ့ကိုဘာကောင်များထင်နေတာတုန်း အခုချိန်ထိအိပ်နေရအောင်။"
"ဝက်?"
"မင်းမေ. . မင်းကသာဝက်။"
"ဟုတ်ပါပြီ. ."
ဟယ့်ကျောင်းသည် ပြောလိုက်၏။
"ငါကဝက်။"
နှစ်ဦးသားစကားပြောနေမိကြခိုက် ဟယ့်ကျောင်းဘက်မှ တစ်ယောက်ယောက်စကားပြောသံအား ဝိုးတဝါးကြားလိုက်ရသည်။
". . . . . . 68ယွမ်ပါ ၊ ငွေသားနဲ့လား Alipayနဲ့ရှင်းမှာပါလား?"
ဟယ့်ကျောင်းမှာ လက်ရှိဖုန်းပြောနေစဲဖြစ်၍ scanဖတ်ဖို့ကမဖြစ်လေရာ အိတ်ကပ်ကိုစမ်းရင်းမှပြောလိုက်သည်။
"ငွေသားနဲ့ ၊ ထည့်ဖို့အိတ်ပါယူလိုက်မယ် ကျေးဇူးပါ။"
ရှဲ့ယွီသည် သူငွေရှင်းအပြီးကိုစောင့်ပြီးမှပဲ မေးလိုက်သည်။
"မင်းအပြင်ရောက်နေတာလား?"
"အင်း. ."
ဟယ့်ကျောင်းသည် စာအုပ်ဆိုင်ထဲတွင်ရပ်လျက်ရှိပြီး ကောင်တာထက်မှာတော့《အထက်တန်းဖတ်စာဖြေရှင်းနည်းများပေါင်းချုပ်》ဆိုသည့်စာအုပ်နှစ်အုပ်တင်ထား၏ ၊ သူသည်အတော်ကြာပတ်ကြည့်ပြီးနောက် ချစ်သူကောင်လေးအတွက် သေသေချာချာကို သင်ရိုးပြင်ပလေ့ကျင့်ခန်းစာအုပ်တွေရွေးယူပေးထားခြင်း ၊ သူသည်မရေမရာဆိုလိုက်ပါသည်။
". . . . . .ပစ္စည်းနည်းနည်းပါးပါးထွက်ဝယ်တာ။"
ဟယ့်ကျောင်းက စတိုးဆိုင်တို့ဘာတို့ကနေ စားဖို့ထွက်ဝယ်တယ်ဟုသာ ရှဲ့ယွီထင်လိုက်သည်။ အမှတ်(၂)သည်ကား ပိတ်ရက်ဆိုအဆောင်ကျန်နေရစ်သူတွေအတော်လေးနည်းသဖြင့် ကန်တင်းမှာဆို ထိုသူတို့အတွက်တံခါးပေါက်သေးသေးသာဖွင့်ထားပေးပြီး ဟင်းလည်းဘယ်လောက်မှမရှိဖြင့် အရသာမှာဆိုလည်း အိမ်ကနှင့်ယှဉ်လို့ကိုမရ။
အဆောင်ကျန်နေရစ်သူတို့မှာဆို အပြင်ထွက်စားတာပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်း ခေါက်ဆွဲတို့မုန့်တို့ဝယ်စားပြီးပဲ ဖြေရှင်းလိုက်ကြရသည်သာ။
ဆိုင်ဝန်ထမ်းမှာ ပြန်အမ်းရန်အကြွေရှာလိုက်ပြီး စာအုပ်ကိုလည်းခပ်သွက်သွက်ပဲထုပ်ပိုးပြီးနောက် သူ့ထံလှမ်းပေးလာသည်။
ဟယ့်ကျောင်းသည် အိတ်ကိုဆွဲလျက် တံခါးကိုတွန်းဖွင့်၍ထွက်လာခဲ့လိုက်ပါ၏။ ထို့နောက် ခေါင်းငုံ့လိုက်စဉ် မိမိလက်ကောက်ဝတ်ထက်က ကြိုးအနီပတ်လေးကိုမြင်ရာ ရှဲ့ယွီကိုပါလှမ်းမေးလိုက်သည်။
"မင်းလက်ကောက်ဝတ်ထားလား။"
ရှဲ့ယွီသည်လည်း တစ်ချက်ငုံ့ကြည့်မိလိုက်ပါသည် ၊ ကြိုးအနီလေးမှာ လက်ကောက်ဝတ်ထက်ရှိနေစဲပဲဖြစ်ပြီး Zဟုထွင်းထားသည့်ပဲနီစေ့လေးမှာဆို လက်ကောက်ဝတ်ကအရိုးဘုလေးထက်ပင်တင်နေလေ၏။
"ဝတ်ထားတယ် ဘာဖြစ်လို့လဲ။"
"ဘာမှမဟုတ်ဘူး ဒီတိုင်းမေးကြည့်တာ။"
နှစ်ဦးသားမှာ ယခုအတူရှိမနေကြသော်ငြားလည်း အလွန်းမှထူးဆန်းပါ၏ ၊ ကြိုးအနီလေးမှဆက်စပ်လျက် ရုတ်တရက်လိုလိုပဲတစ်ဖက်လူနှင့်အလွန်ပဲနီးကပ်သွားရပါသည်။
ဒါ့အပြင် တစ်ဖက်လူနှင့် လေထုတစ်ခုတည်းကိုပဲရှူရှိုက်နေရသလိုမျိုး ခံစားလာရသည်။
ပိတ်ရက်နှစ်ရက်ကုန်ဆုံးမှုက မြန်ဆန်လွန်းကာ မျက်စိတစ်မှိတ်မှာတင် တနင်္လာနေ့သို့ရောက်လာပြန်၏။
ရှဲ့ယွီသည် ကျောင်းကိုပြန်ဖို့ကားစောင့်နေရင်းမှ အချိန်ကိုတစ်ချက်ကြည့်လိုက်ရာ အံကိုက်ဆိုသလို နိုင်ငံတော်ကိုသစ္စာစောင့်သိမယ်ဆိုသည့်နှိုးစက်မြည်ချိန်ဖြစ်နေပါသည်။ ထိုအကြောင်းစဉ်းစားမိတော့ ဌာနမှူးကျန်း၏နေ့စဉ်မပျက်မကွက်အားပေစကားအသံလွှင့်ပြောကြားခြင်းနှင့် မနက်ခင်းတိုင်းအဆောင်၌ စိတ်ဆင်းရဲစွာညည်းညူသံတို့ပဲ့တင်ထက်သည်တို့ကို သတိရမိသည်။
ရှဲ့ယွီသည် တွေးမိရင်းမှ ဟယ့်ကျောင်းထံဖုန်းလှမ်းဆက်လိုက်ပါသည်။
"နိုးပြီးလား။"
"အိပ်လို့ရောပျော်မှာလား. ."
ဟယ့်ကျောင်းမှာ မကြာသေးခင်ကမှ အသံလွှင့်စက်ကဆူညံသံကြောင့်နိုးလာရပြီး လေသံမှာခပ်အောအောဖြစ်နေလျက် ထထိုင်လိုက်ပြီးနောက်မေးလိုက်ပါသည်။
"မင်းကားပေါ်တက်နေပြီလား? ဘယ်အချိန်ရောက်မှာလဲ?"
ရှဲ့ယွီအိမ်မှထွက်ခါနီးတွင် မဒမ်ကုမှာသူ့လက်ထဲနွားနိုးဘူးထည့်လို့ပေးလာပြီး အာဟာရဖြစ်ဖို့ကားပေါ်မှာသောက်သွားဟု အထပ်ထပ်မှာကြားလေတော့သည်။ နွားနို့မှာနွေးလို့နေစဲဖြစ်ပြီး သူသည်ပိုက်ကိုကိုက်ထားရင်းနဲ့မှ ပြောလိုက်၏။
". . . . . .နာရီဝက်လောက်ပဲ။"
ရှဲ့ယွီ၏အသံက မသဲမကွဲဖြင့် အဆုံးသတ်လေသံမှာလည်း အားပါပါမရှိဘဲ အနည်းငယ်နူးညံ့လျက်ရှိပေသည်။
ဟယ့်ကျောင်းသည် မေးလိုက်၏။
"မင်းဘာစားနေတာလဲ?"
ရှဲ့ယွီ : "နို့သောက်။"
". . . . . ."
ထိုနှစ်လုံးထဲကနားထောင်ရတာ တစ်မျိုးတစ်မည်ဖြစ်သလိုခံစားလာရ၍ ရှဲ့ယွီသည်ထပ်လို့ဖြည့်စွက်ပြောလိုက်ပါသည်။
"နွားနို့။"
ရလဒ်သည်ကား ဟယ့်ကျောင်းသည် တစ်ဖက်မှနေ "Fuck"ဟုတစ်ချက်ဆဲရေးလာတော့တာပင်။
ရှဲ့ယွီ : "မင်းရူး(ဖျား)နေလား?"
ဟယ့်ကျောင်း : "မနက်မနက် ထောင်မတ်လာတာကိုရော ဖျားတယ်သတ်မှတ်လား။"
ယောက်ျားလေးတွေမှာ နဂိုကတည်းကိုက မနက်ပိုင်းဆို တစ်စုံတစ်ရာသောဇီဝကမ္မတုံ့ပြန်မှုအလျောက် လွယ်လွယ်ထကြွလာတတ်၏ ၊ ဒါကိုမှဟယ့်ကျောင်းသည် ကလေးလေး၏လိမ်လိမ်မာမာလေးနွားနို့သောက်နေမည့်ပုံစံကို မြင်ယောင်တွေးတောမိလိုက်ပြီး ကိုယ့်ဒုက္ခကိုယ်ရှာမိပါလေသည်။
(病 bing - သူ့တစ်လုံးတည်းဆို ဖျားနာတာ ၊ ရောဂါလို့အဓိပ္ပာယ်ရပေမယ့် 你有病ဆိုရင်ကြ မင်းရူးနေလားဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတယ်။)
ရှဲ့ယွီအတန်းထဲသို့ရောက်ချိန်၌ ဟယ့်ကျောင်းကမရောက်သေး။
ဝမ့်သာတို့တစ်တွေမှာ အစောကတည်းကရောက်နေကြပြီး စုထိုင်ကာအိမ်စာကူးရေးနေကြသည်။ မလုပ်တတ်လို့ဆိုပြီးလည်း အပုဒ်တွေချန်မထားခဲ့ရဲကြရာ တစ်ဆင့်ပြီးတစ်ဆင့်သူ့ဟာနှင့်သူကူးသင့်တာတော့ကူးရပေမည်။ ရှဲ့ယွီဝင်လာသည်ကိုလည်းမြင်ရော လှည့်ကြည့်ကာ နှုတ်ဆက်လာကြသည်။
"အစ်ကိုယွီ စောလှချည်လား. . . . . . အစ်ကိုကျောင်းရော?"
ရှဲ့ယွီသည်ပြောရင်း နောက်ဆုံးတန်းရှိရာလျှောက်သွားလိုက်သည်။
"သူ. . ရေချိုးနေတယ်။"
ဝမ့်သာ : "ဒီအချိန်ကြီး ရေချိုးနေတယ်?"
ရှဲ့ယွီသည် တစ်ခုခုဆက်ပြောမလို့ပေမယ့် သူသည်စားပွဲရှေ့ရောက်လို့သွားပြီဖြစ်ရာ သူ့စားပွဲအလယ်ကောင်တည့်တည့်၌တင်ထားလေသည့်《အထက်တန်းဖတ်စာဖြေရှင်းနည်းများပေါင်းချုပ်》ဆိုသည့်နှစ်အုပ်ကိုတွေ့သွားခဲ့ပြီး အသံမထွက်မိတော့ပါ။
". . . . . ."
သောက်လခွမ်း ဒါကဘာကြီးလဲ?
ZAWGYI
အခန္း(၆၆)
ငါ့ကိုမခ်စ္နဲ႔ အက်ိဳးမရွိဘူး
Mail ေခါင္းစဥ္ - တကၠသိုလ္ဝင္စာေမးပြဲကို တက္ႂကြစြာရင္ဆိုင္ၿပီး ရမွတ္နည္းမႈကိုပထုတ္ပစ္ပါ။
ဟယ့္ေက်ာင္းသည္ ေဘာပင္ကိုခ်လိုက္ၿပီး ေပးပို႔သူအားတစ္ခ်က္လွမ္းၾကည့္လိုက္ပါ၏ ၊ မရင္းႏွီးပါသည့္ levelနိမ့္နိမ့္ျဖင့္ယခုမွအသစ္ဖြင့္ထားသည့္ QQ mailတစ္ခုျဖစ္ေနၿပီး friendလည္းဟုတ္မေနပါေခ်။
သူပထမဆံုးထင္လိုက္မိသည္မွာေတာ့ spamေၾကာ္ျငာတစ္ခုပဲျဖစ္မည္ဟု။
ေက်ာင္းစဖြင့္သည့္ရက္က အုပ္ထိန္းသူဖုန္းနံပါတ္ေနရာ၌ မိမိဖုန္းနံပါတ္ကိုသာခ်န္ထားခဲ့တာျဖစ္သည္။
ထိုသင္တန္းမ်ားမွာဆို ေက်ာင္းသားေတြ၏အခ်က္အလက္အား ဘယ္ကမ်ားရလာၾကသည္မသိပါ။ (၃)ရက္ (၅)ရက္ျခားတစ္ခါေလာက္ကို အေႏွာက္အယွက္မက္ေဆ့ခ်္ေတြလက္ခံရရွိတတ္ျပီး စာေမးပြဲအေသးစားပဲျဖစ္ျဖစ္ စာေမးပြဲႀကီးေတြျဖစ္ျဖစ္ရွိခ်ိန္တိုင္း ထိုေၾကာ္ျငာေတြကပိုလို႔ဆိုးလာတတ္သည္ - ေက်ာင္းသားဟယ့္ေက်ာင္းရဲ႕ အုပ္ထိန္းသူမဂၤလာပါ ၊ ကၽြႏ္ုပ္တို႔က တကၠသိုလ္ဝင္စာေမးပြဲအတြက္ႀကိဳတင္ေလ့က်င့္ျပင္ဆင္ေပးတဲ့ xxx သင္တန္းကပါ ၊ သင့္ကေလးရဲ႕ ေက်ာင္းကပညာေရးအဆင့္ေတြအကုန္ကို ကၽြႏ္ုပ္တို႔နားလည္သိရွိထားၿပီးျဖစ္ပါတယ္ ၊ ကၽြႏ္ုပ္တို႔ရဲ႕ ရက္(၈၀)နဲ႔တိုးတက္လာေစမယ့္campတစ္ခုကို စိတ္ရင္းနဲ႔မိတ္ဆက္ေပးပါရေစ ၊ ကၽြမ္းက်င္ပိုင္ႏိုင္တဲ့ဆရာ/မေတြက တစ္ေယာက္ခ်င္းစီအလိုက္သင္ၾကားျပသေပးသြားမွာပါ. . . . . .
အမွတ္(၂)ေက်ာင္းေပါက္ဝ၌လည္း အၿမဲလိုလိုအမ်ိဳးမ်ိဳးေသာသင္တန္းေတြမွလာၿပီး လက္ကမ္းေၾကာ္ျငာစာေလးေတြေဝတတ္သည္။ သံုရက္ငါးရက္ျခားတစ္ခါေလာက္လည္း လူကိုဆြဲေခၚၿပီး surveyေကာက္ေျဖခိုင္းတာမ်ိဳးရွိေပသည္။
အရင္သူႏွင့္ရွဲ႕ယြီတို႔ အျပင္ထြက္ထမင္းစားတုန္းကဆို တစ္ခါၾကံဳဖူး၏။
လူအနည္းငယ္မွာ ေဖာင္ကိုကိုင္ထားၾကလ်က္ အေပါက္ဝ၌ေစာင့္ေမွ်ာ္ကာ ထမင္းဆိုင္ထဲမွလူထြက္လာသည္ကိုျမင္တာႏွင့္ ခ်ဥ္းကပ္ေရာက္ရွိလာၾကေတာ့သည္။
"ေက်ာင္းသားမဂၤလာပါ ၊ ရႏိုင္မလားလို႔ပါ. . . . . ."
ရွဲ႕ယြီသည္နႈတ္ဟ၍ တစ္ပါးသူထံစကားလံုးသံုးလံုးသာခ်ီးျမႇင့္သည္။
"မရဘူး။"
". . . . . ."
ထိုလူတစ္စုမွာ ဤကဲ့သို႔ဘယ္တုန္းကမွမၾကံဳဖူးခဲ့ဟန္တူပါသည္ တစ္ခဏၾကာေၾကာင္အသြားၾကေလ၏။
ထိုသူတို႔မွာ အသိျပန္ကပ္လာၿပီးေနာက္လည္း လက္မေလွ်ာ့ေသးဘဲ ႀကိဳးပမ္းလာၾကျပန္ပါသည္။
"ဒီလိုပါ ကၽြန္ေတာ္တို႔က. . . . . ."
"မသိခ်င္ဘူး. ."
ရွဲ႕ယြီကေျပာသည္။
"ခင္ဗ်ားတို႔ဖယ္ေပးလို႔ရမလား လမ္းပိတ္ေနတယ္။"
ဟယ့္ေက်ာင္းသည္ ထိုအေၾကာင္းေတြးမိၿပီး ရယ္ခ်င္လာရျပန္ပါသည္။ စိတ္ထဲမွလည္း သူ႔ရဲ႕ကေလးေလးကေတာ့ လက္ကမ္းစာေစာင္ေဝသူေတြ ေခါင္းကိုက္ေစမယ့္အမ်ိဳးပဲဟု ဆိုမိရသည္။
တစ္ပါးသူအား စကားဆံုးေအာင္အထိေျပာဖို႔ကို အခြင့္အေရးမေပးေခ်။
တကယ္ကို ေအးစက္စက္ႏိုင္ခ်က္။
အမႈိက္သ႐ိုက္ေၾကာ္ျငာစာပဲေနမွာဟု စိတ္ထဲထားရင္းမွ ဝင္ၾကည့္မိရာ ဟယ့္ေက်ာင္းသည္ သူထင္ထားသလို ရက္(၈၀)နဲ႔တိုးတက္ေအာင္လုပ္ေပးမည့္ေၾကာ္ျငာမ်ိဳးေတြနဲ႔သိပ္မတူမွန္း သိလိုက္ရသည္။
--- --- တကယ့္ကိုစာလုပ္ဖို႔မွတ္စုေတြပို႔လာသည့္ mailတစ္ခု။
ေၾကာ္ျငာစာသားေတြ တစ္ခြန္းတစ္ေလမွမပါသည့္အရာ။
ဘာသာရပ္အလိုက္ အပိုင္းေတြခြဲထားေပးၿပီး အားလံုးကအေရးႀကီးအခ်က္မ်ားသာျဖစ္သည္။ တစ္ခုလံုးကအေၾကာင္းအခ်က္မ်ားမွာအကုန္လိုတိုရွင္းျဖင့္ က်စ္လ်စ္ျပည့္စံုၿပီး အေတြးအေခၚရွင္းလင္းေကာင္းမြန္လ်က္ အကုန္ၾကည့္ရႈလိုက္သည့္အခါ အပိုဆားဒါးလည္းတစ္ခြန္းမွ်ပင္မပါ။
ဟယ့္ေက်ာင္းသည္ အၾကမ္းဖ်င္းႏွစ္ေခါက္ေလာက္ၾကည့္ၿပီးေနာက္ ခက္တဲ့အပုဒ္ေတြဘာတစ္ခုမွမေတြ႕မိ ၊ ၾကည့္ရသည္မွာ ညံ့ဖ်င္းသည့္ေက်ာင္းသားအား အေျခခံကေနေလ့လာလို႔ရေစေအာင္ ေပးထားတာႏွင့္ပံုတူသည္။
နိဂုံးခ်ဳပ္အေနနဲ႔ဆိုရလွ်င္ေတာ့ လံုးဝကိုၿပီးျပည့္စံုပါသည့္ အေျခခံသိရွိနားလည္ေအာင္ရွင္းျပထားသည္မ်ားျဖစ္ေပသည္။
ရွဲ႕ယြီသည္ တစ္ညလံုးဟယ့္ေက်ာင္းအတြက္ လြယ္ကူေအာင္ ဘာသာစံုအလိုက္အေရးပါသည္တို႔ကိုစုေပးၿပီးေနာက္ အိပ္ဖို႔လုပ္ကာ ေခါင္းႏွင့္ေခါင္းအံုးမွာထိရံုရွိေသး အတန္းgroup chatႀကီးကစည္ကားလို႔လာ၏။
ကုတင္ေခါင္းရင္းရွိဖုန္းမွာ အႀကိမ္မနည္းတုန္ခါလို႔လာသည္။
[ဟယ့္ေက်ာင္း] : @V=s*h ရႊယ္ေဝ မင္းဘာလုပ္ေနတာလဲ?
[V=s*h] : အဂၤလိပ္စာမီးနင္းေတြက်က္ေနတာ။
[ေလာ္ဝိန္ခ်န္] : ရႊယ္ေဝ ဒီအခ်ိန္ပဲရွိေနၿပီကို ႀကိဳးစားေနတုန္းပဲေပါ့?
[V=s*h] : အခုမွအေစာႀကီးရွိပါေသးတယ္ ၊ မင္တို႔ေတြက အေစာႀကီးအိပ္ၾကတာလား ၊ ငါေတာ့အိပ္မေပ်ာ္ဘူး ၿပီးေတာ့စာကလုပ္ေလေလပိုၿပီးစိတ္ပါလာေလပဲ။
[ေလာ္ဝိန္ခ်န္] : ေကာင္းပါၿပီ ဆက္မေျပာေတာ့ဘူး ၊ ေတာ္ပါတယ္ မင္းပဲေတာ္တယ္။
[ဟယ့္ေက်ာင္း] : မဟုတ္ဘူး ငါေျပာခ်င္တာက မင္းညသန္းေခါင္ႀကီးၾကမွငါ့စီmailပို႔ၿပီးဘာလုပ္တာလဲလို႔။
ရႊဲရွီရွိန္းတစ္ေယာက္ ဘာျဖစ္ေနသည္မွန္း လံုးဝနားမလည္ပါေခ်။
[V=s*h] : ဘာmailလဲ?
[ဟယ့္ေက်ာင္း] : စာလုပ္ဖို႔မွတ္စုေတြေလ။
[V=s*h] : ?
[ဟယ့္ေက်ာင္း] : question mark ႀကီးပို႔လာတာဘာအဓိပၸာယ္တုန္း မင္းမဟုတ္ဘူးလား?
ပေဟဠိဆန္လွသည့္ မွတ္စုတစ္ခုေၾကာင့္နဲ႔ အခန္း(2-3)က group chatတစ္ခုလံုးစိတ္ဝင္တစားအံုႂကြလာ၏။ တစ္အုပ္စုလံုးမွာ ညသန္းေခါင္းႀကီးမအိပ္ၾကဘဲ ဟယ့္ေက်ာင္း screenshot႐ိုက္ျပလာသည္ကိုၾကည့္ၿပီး အေတြးနယ္ခ်ဲ႕လာျကေတာ့သည္။
[လွ်ိဳခၽြိင္ေဟာက္] : ေလာင္ဝူမ်ားလား?
[ရႊီခ်င္ခ်င္] : မျဖစ္ႏိုင္ဘူး ၊ ေလာင္ဝူသာဆို အေကာင့္အသစ္ဖြင့္ေနစရာမလိုဘူးေလ ၊ ဒီအတိုင္းပဲပို႔လိုက္ၿပီးေနၿပီမဟုတ္လား။
[လွ်ိဳခၽြိင္ေဟာက္] : ဒါဆိုလည္း တဲ့ပဲေမးလိုက္ၾကရေအာင္? @ဆရာဝူက်ိန္႔
ရႊယ္ေဝႏွင့္ သခၤ်ာဆရာကလြဲ အတန္းထဲကဒီလိုမ်ိဳးလုပ္မယ့္သူမ်ိဳးကို စဥ္းစားလို႔မရၾကပါေခ်။
[ဝမ့္သာ] : ဒါဆို ျဖစ္ႏိုင္တာကဒီလိုအေျခအေနမ်ိဳးက. . . . . .
အဆံုး၌ သူတို႔ဦးေႏွာက္ထဲေပၚလာသည္မွာဆိုလွ်င္ ဟယ့္ေက်ာင္းအား က်ိတ္crushေနတာၾကာၿပီျဖစ္ၿပီး ကယ္တင္လို႔ပင္မရစြာျဖင့္ သူ႔ကိုေသမတတ္သေဘာက်ရေပမယ့္ တိတ္တခိုးကေလးသာလိုက္ၿပီး အ႐ူးအမူးစြဲလမ္းေနသည့္ေက်ာင္းသူတစ္ေယာက္ပဲျဖစ္မည္ဟု။
[ရႊီခ်င္ခ်င္] : ေသခ်ာတယ္အဲ့ဒါပဲ ၊ ၿပီးေတာ့ဒီမွတ္စုအရဆို အဲ့ဒီမိန္းကေလးက စာေတာ္ၿပီးအဆင့္လည္းမဆိုးမွန္းသိသာတယ္ရယ္ ၊ ေတြးေခၚမႈလည္းေကာင္းတယ္ ဥပမာဒီနမူနာပုစၧာကိုရွင္းျပထားတာ နည္းမွန္လမ္းမွန္နဲ႔စနစ္တက်ရွိတယ္။
[ဝမ့္သာ] : မွန္တယ္မွန္တယ္ ၊ ပံုမွန္ဆိုႏွလံုးသားထဲ သိုသိပ္ထားတဲ့အခ်စ္စိတ္ေတြက ဒီလိုညအခ်ိန္မ်ိဳးမွာ မမ်ိဳသိပ္ႏိုင္ေတာ့ဘဲစိတ္အခ်ဥ္ေပါက္လာၿပီး ေနာက္ဆံုးေတာ့ေပါက္ကြဲထြက္လာတာေပါ့ကြာ။
[ဟယ့္ေက်ာင္း] : အာ အဲ့ဒီလိုလား။
". . . . . ."
ရွဲ႕ယြီသည္ ကုတင္ေပၚလဲေနရင္းမွ နဖူးေပၚလက္တင္ကာ ဟယ့္ေက်ာင္းကိုပဲလား ကိုယ့္ကိုယ္ပဲလားမသိဆဲေရးမိေတာ့၏ ၊ နႈတ္ဟ၍စကားလံုးသံုးလံုးထုတ္လႊတ္ပစ္လိုက္ပါသည္။
"အ႐ူးပဲ။"
ရႊီခ်င္ခ်င္တို႔တစ္ေတြစုေပါင္းကာ စိစစ္လိုက္ၾကၿပီးေနာက္ထြက္လာသည့္ ထိုရႈပ္ေထြးကာ ထူးဆန္းသည့္တိတ္တခိုးအခ်စ္ပံုျပင္မွာဆို ေျပာတာတကယ္ႀကီးဟုတ္သလိုလိုရွိေနေတာ့သည္။
ရွဲ႕ယြီမွာ မွတ္စုေတြအားအကုန္မျပင္ဆင္ရေသးပါ ၊ ယေန႔ပို႔လိုက္တာက အေျခခံအတြက္တစ္စိတ္တစ္ပိုင္းသာလွ်င္ျဖစ္သည္။ အခန္း(3)ကလူတစ္စု၏အေတြးေတြကေတာ့ အနည္းငယ္ဆြံ့အသြားရေစေပမယ္လို႔ စီစဥ္သင့္တာေတာ့ ဆက္စီစဥ္ရဦးမည္သာ။
အေျခခံျဖစ္တဲ့ ထိုနမူနာပုစၧာမ်ား အခ်က္မ်ားနဲ႔တင္မလံုေလာက္ပါ ၊ တကၠသိုလ္ဝင္စာေမးပြဲေျဖဖို႔ရာအရည္အခ်င္းနဲ႔သာဆို အမ်ားႀကီးလိုေနပါေသးသည္။
ေနာက္တစ္ေန႔၌ ရွဲ႕ယြီသည္ အိပ္ယာမွထလာၿပီးေနာက္ ေနာက္တစ္ပိုင္းအတြက္ဆက္လက္ျပင္ဆင္လိုက္၏။
ေရွ႕တစ္ေခါက္တုန္းက အခ်က္အလက္အတိုင္း အပိုင္းက႑လည္းတူ၏ ၊ သို႔ေသာ္ဒီတစ္ေခါက္မွာေတာ့ ပိုလို႔စံနမူနာက်ၿပီး လွည့္ကြက္ေတြလည္းပါသည့္အပုဒ္ေတြကိုျပင္ဆင္ကာ သိရွိရံုေလးႏွင့္ ေျဖဆိုနည္းအမ်ိဳးမ်ိဳးကိုပါေျပာလို႔ေပးထားသည္။
"ဘာလို႔တစ္ေန႔လံုး အခန္းထဲပဲေအာင္းေနတာလဲ. ."
ေန႔လည္ပိုင္းေရာက္ခါနီးမွာေတာ့ မဒမ္ကုမွာတက္လာၿပီးတံခါးေခါက္သည္။
"ဆင္းၿပီးထမင္းလာစား။"
မဒမ္ကုေျပာအၿပီးမွာေတာ့ ရွဲ႕ယြီသည္ကီးဘုတ္႐ိုက္ရင္းမွ ျပန္ေျပာလိုက္ပါသည္။
"သိၿပီ။"
ကုရႊယ္လန္သည္ သက္ျပင္းခ်ကာဆိုမိ၏။
"သိၿပီသိၿပီနဲ႔ ၾကည့္ရတာေတာ့ နည္းနည္းမွသိပံုလည္းမရပါဘူး။"
မဒမ္ကုမွာ တံခါးျခားလ်က္မွ ပြစိပြစိဆိုေနခိုက္တြင္ ရွဲ႕ယြီသည္အခ်က္အလက္တို႔အားsaveကာ mailကိုဖြင့္လိုက္ၿပီး မေန႔က QQ mailအေကာင့္သစ္ကိုပဲသံုး၍ ဟယ့္ေက်ာင္းထံပို႔လိုက္ပါသည္။
[ေအာင္ျမင္စြာ ပို႔ၿပီးပါၿပီ။]
ထမင္းစားခ်ိန္၌ ကုရႊယ္လန္မွာထိုအေၾကာင္းအရာကိုပဲ လက္မလႊတ္တမ္းေမးလာျပန္သည္။
"မင္းကအခန္းေအာင္းၿပီးဘာလုပ္ေနတာလဲ။"
ရွဲ႕ယြီသည္ ကုရႊယ္လန္၏ပန္းကန္ထဲသို႔ ဝက္နံ႐ိုးတစ္တံုးထည့္ေပးလိုက္ၿပီး ေျပာလိုက္ပါသည္။
"စာလုပ္ေနတာ။"
"ေျပာလိုက္ရင္ေတာ့ ဒါပဲ။"
ဝက္နံ႐ိုးထည့္ေပးၿပီးေနာက္ ရွဲ႕ယြီသည္ ဟင္းရြက္ပန္းကန္ထဲမွကိုယ့္အတြက္ကိုယ္အနည္းငယ္ယူလို႔ထည့္ကာ ဆက္စကားမဆိုမိေတာ့ပါေခ်။
ဒီကေလးကေတာ့ ျပန္လာသည့္အေခါက္တိုင္း ထိုကဲ့သို႔ပါပင္ ၊ စာလုပ္တာလည္းမဟုတ္ပါဘဲ စာလုပ္ေနတာဆိုၿပီးဆင္ေျခေပးရတာကို အလြန္ပဲသေဘာက်လို႔ေန၏။
ဘာတဲ့ေျပာတာေတာ့လည္း ေက်ာင္းမွာပဲ စိတ္ႏွစ္ၿပီးစာျပန္ေႏႊးမလို႔ ပိတ္ရက္အိမ္မျပန္ေတာ့ဘူးဘာဘူးနဲ႔ ရလဒ္ကၾကလပတ္စာေမးပြဲတိုင္းမွာ ထြက္လာတိုင္း ဒုတိယႏွစ္တစ္ခုလံုး ေနာက္ဆံုးဘိတ္ေခ်းအဆင့္(၂) ၊ အဲ့ေကာင္ေလး ဘာစာေတြကိုမ်ားျပန္ေႏႊးေနသလဲမသိပါ။
ကုရႊယ္လန္သည္ ေတြးရင္းေတြးရင္း ထားလိုက္ပါေတာ့ဟုသာေျပာမိသည္။ ဒါကိုပဲဆက္ေျပာေနလို႔ကေတာ့ ထမင္းေကာင္းေကာင္းစားရမွာကိုမဟုတ္ေတာ့။
ရွဲ႕ယြီသည္ စားၿပီးေနာက္ အေပၚထပ္ျပန္တက္လာခဲ့ၿပီး QQအေကာင့္သစ္မွထြက္ရန္ျပင္ဆဲမွာပင္ အမွတ္မထင္ mailေနရာ၌အနီစက္ေလးေပၚေနသည္ကိုေတြ႕လိုက္ရသည္။
ရွဲ႕ယြီသည္ႏွိပ္လို႔ၾကည့္လိုက္ရာ mailအသစ္တစ္ေစာင္ျဖစ္ေနေလ၏။
Mail၏ထိပ္စီးေခါင္းစဥ္မွာဆို စာလံုး(၁၀)လံုးသာ - ငါ့ကိုမခ်စ္နဲ႔ အက်ိဳးမရွိဘူး။
ေပးပို႔သူ ၊ ဟယ့္ေက်ာင္း။
". . . . . ."
Mailအတြင္းပိုင္းကစာမ်ားကေတာ့ သာလို႔ေတာင္ဆိုးေသး၏ ၊ ဘာေတြလဲဆိုလွ်င္ေတာ့ျဖင့္ - "ငါ့မွာခ်စ္သူရွိေနၿပီးသား"။
-ငါနဲ႔ငါ့ခ်စ္သူႏွစ္ေယာက္လံုးရဲ႕ ခ်စ္ျခင္းေမတၱာေတြက သိပ္ကိုခိုင္မာတယ္။
-ဒီကသူငယ္ခ်င္း မင္းဘယ္သူဆိုတာကို ငါမသိေပမယ့္ မင္းနားလည္မယ္လို႔ေမွ်ာ္လင့္ပါတယ္ ၊ မင္းနဲ႔ငါကမျဖစ္ႏိုင္ဘူး။
-မင္း ငါဆိုလိုခ်င္တာကိုနားလည္တယ္မလား။
ၾကည့္ရတာ မေန႔ကရႊီခ်င္ခ်င္တို႔တစ္ေတြေျပာသြားသည့္စကားေတြကို ဒီလူတစ္လံုးမက်န္နားဝင္သြားပံုရသည္။
ရွဲ႕ယြီသည္ ကြန္ပ်ဴတာေရွ႕ထိုင္လ်က္မွ အျငင္းခံရသည့္စာကိုသာအေတာ္ၾကာစိုက္ၾကည့္လို႔ မည္သို႔တံု႔ျပန္ရမည္မသိျဖစ္မိ၏။
"ဖာ့ခ္. ."
ရွဲ႕ယြီသည္ လက္ေခ်ာင္းတို႔ကိုေရြ႕၍ mailအားပိတ္ပစ္လိုက္ေတာ့ၿပီး ကိုယ့္ဘာသာပဲတီးတိုးေျပာလိုက္မိေတာ့သည္။
". . . . . . က်ဳပ္က အဲ့မင္းခ်စ္သူပဲေဟ့။"
ဟယ့္ေက်ာင္းမွာပံုမွန္ဆို ရွဲ႕ယြီအားစိတ္အေႏွာက္အယွက္လိုက္ေပးေနၾကျဖင့္ စိတ္မထင္ရင္blockပါပစ္ခ်င္ရသည္အထိရွိေပမယ့္ ဒီတစ္ပတ္မွာေတာ့ အနည္းငယ္ၿငိမ္လို႔ေနသည္။
ရွဲ႕ယြီသည္ ေန႔လည္စာစားၿပီးေနာက္ မဒမ္ကုကိုအေဖာ္ျပဳၿပီး အနီးနားကပန္းျခံ၌လမ္းေလွ်ာက္ထြက္ျဖစ္သည္။ စကားတို႔လည္း မ်ားမ်ားေျပာစရာမရွိေလရာ အတန္းထဲကအေၾကာင္းတခ်ိဳ႕ကိုပဲေျပာျပမိျဖစ္၏ ၊ မဒမ္ကုကေတာ့ နားေထာင္ရင္း အေတာ္ေလးသေဘာတက်ျဖစ္ေနေလသည္။
ဟယ့္ေက်ာင္းထံမွ ဖုန္းလက္ခံရခ်ိန္မွာဆို ေန႔လည္(၁)နာရီပင္ထိုးလို႔ေနေလၿပီ။
"အေတာ္ၾကာ စိတ္ထိန္းလို႔ထားၿပီးမွ မင္းစီလွမ္းဆက္လိုက္တာ. ."
ဟယ့္ေက်ာင္းဘက္ျခမ္းက အနည္းငယ္ဆူလို႔ေန၏ ၊ အသံကိုနားေထာင္ရသည္မွာလည္းအျပင္ေရာက္ေနဟန္တူသည္။
"မင္းမႏိုးေသးမွာစိုးလို႔။"
ရွဲ႕ယြီသည္ အခန္းထဲဝင္ရံုပင္ရွိေသးေလရာ တံခါးရြက္ကိုမွီထားရင္းေျပာလိုက္သည္။
"မင္းက ငါ့ကိုဘာေကာင္မ်ားထင္ေနတာတုန္း အခုခ်ိန္ထိအိပ္ေနရေအာင္။"
"ဝက္?"
"မင္းေမ. . မင္းကသာဝက္။"
"ဟုတ္ပါၿပီ. ."
ဟယ့္ေက်ာင္းသည္ ေျပာလိုက္၏။
"ငါကဝက္။"
ႏွစ္ဦးသားစကားေျပာေနမိၾကခိုက္ ဟယ့္ေက်ာင္းဘက္မွ တစ္ေယာက္ေယာက္စကားေျပာသံအား ဝိုးတဝါးၾကားလိုက္ရသည္။
". . . . . . 68ယြမ္ပါ ၊ ေငြသားနဲ႔လား Alipayနဲ႔ရွင္းမွာပါလား?"
ဟယ့္ေက်ာင္းမွာ လက္ရွိဖုန္းေျပာေနစဲျဖစ္၍ scanဖတ္ဖို႔ကမျဖစ္ေလရာ အိတ္ကပ္ကိုစမ္းရင္းမွေျပာလိုက္သည္။
"ေငြသားနဲ႔ ၊ ထည့္ဖို႔အိတ္ပါယူလိုက္မယ္ ေက်းဇူးပါ။"
ရွဲ႕ယြီသည္ သူေငြရွင္းအၿပီးကိုေစာင့္ၿပီးမွပဲ ေမးလိုက္သည္။
"မင္းအျပင္ေရာက္ေနတာလား?"
"အင္း. ."
ဟယ့္ေက်ာင္းသည္ စာအုပ္ဆိုင္ထဲတြင္ရပ္လ်က္ရွိၿပီး ေကာင္တာထက္မွာေတာ့《အထက္တန္းဖတ္စာေျဖရွင္းနည္းမ်ားေပါင္းခ်ဳပ္》ဆိုသည့္စာအုပ္ႏွစ္အုပ္တင္ထား၏ ၊ သူသည္အေတာ္ၾကာပတ္ၾကည့္ၿပီးေနာက္ ခ်စ္သူေကာင္ေလးအတြက္ ေသေသခ်ာခ်ာကို သင္႐ိုးျပင္ပေလ့က်င့္ခန္းစာအုပ္ေတြေရြးယူေပးထားျခင္း ၊ သူသည္မေရမရာဆိုလိုက္ပါသည္။
". . . . . .ပစၥည္းနည္းနည္းပါးပါးထြက္ဝယ္တာ။"
ဟယ့္ေက်ာင္းက စတိုးဆိုင္တို႔ဘာတို႔ကေန စားဖို႔ထြက္ဝယ္တယ္ဟုသာ ရွဲ႕ယြီထင္လိုက္သည္။ အမွတ္(၂)သည္ကား ပိတ္ရက္ဆိုအေဆာင္က်န္ေနရစ္သူေတြအေတာ္ေလးနည္းသျဖင့္ ကန္တင္းမွာဆို ထိုသူတို႔အတြက္တံခါးေပါက္ေသးေသးသာဖြင့္ထားေပးၿပီး ဟင္းလည္းဘယ္ေလာက္မွမရွိျဖင့္ အရသာမွာဆိုလည္း အိမ္ကႏွင့္ယွဥ္လို႔ကိုမရ။
အေဆာင္က်န္ေနရစ္သူတို႔မွာဆို အျပင္ထြက္စားတာပဲျဖစ္ျဖစ္ ဒါမွမဟုတ္လည္း ေခါက္ဆြဲတို႔မုန္႔တို႔ဝယ္စားၿပီးပဲ ေျဖရွင္းလိုက္ၾကရသည္သာ။
ဆိုင္ဝန္ထမ္းမွာ ျပန္အမ္းရန္အေႂကြရွာလိုက္ၿပီး စာအုပ္ကိုလည္းခပ္သြက္သြက္ပဲထုပ္ပိုးၿပီးေနာက္ သူ႔ထံလွမ္းေပးလာသည္။
ဟယ့္ေက်ာင္းသည္ အိတ္ကိုဆြဲလ်က္ တံခါးကိုတြန္းဖြင့္၍ထြက္လာခဲ့လိုက္ပါ၏။ ထို႔ေနာက္ ေခါင္းငံု႔လိုက္စဥ္ မိမိလက္ေကာက္ဝတ္ထက္က ႀကိဳးအနီပတ္ေလးကိုျမင္ရာ ရွဲ႕ယြီကိုပါလွမ္းေမးလိုက္သည္။
"မင္းလက္ေကာက္ဝတ္ထားလား။"
ရွဲ႕ယြီသည္လည္း တစ္ခ်က္ငံု႔ၾကည့္မိလိုက္ပါသည္ ၊ ႀကိဳးအနီေလးမွာ လက္ေကာက္ဝတ္ထက္ရွိေနစဲပဲျဖစ္ၿပီး Zဟုထြင္းထားသည့္ပဲနီေစ့ေလးမွာဆို လက္ေကာက္ဝတ္ကအ႐ိုးဘုေလးထက္ပင္တင္ေနေလ၏။
"ဝတ္ထားတယ္ ဘာျဖစ္လို႔လဲ။"
"ဘာမွမဟုတ္ဘူး ဒီတိုင္းေမးၾကည့္တာ။"
ႏွစ္ဦးသားမွာ ယခုအတူရွိမေနၾကေသာ္ျငားလည္း အလြန္းမွထူးဆန္းပါ၏ ၊ ႀကိဳးအနီေလးမွဆက္စပ္လ်က္ ႐ုတ္တရက္လိုလိုပဲတစ္ဖက္လူႏွင့္အလြန္ပဲနီးကပ္သြားရပါသည္။
ဒါ့အျပင္ တစ္ဖက္လူႏွင့္ ေလထုတစ္ခုတည္းကိုပဲရွဴရႈိက္ေနရသလိုမ်ိဳး ခံစားလာရသည္။
ပိတ္ရက္ႏွစ္ရက္ကုန္ဆံုးမႈက ျမန္ဆန္လြန္းကာ မ်က္စိတစ္မွိတ္မွာတင္ တနလၤာေန႔သို႔ေရာက္လာျပန္၏။
ရွဲ႕ယြီသည္ ေက်ာင္းကိုျပန္ဖို႔ကားေစာင့္ေနရင္းမွ အခ်ိန္ကိုတစ္ခ်က္ၾကည့္လိုက္ရာ အံကိုက္ဆိုသလို ႏိုင္ငံေတာ္ကိုသစၥာေစာင့္သိမယ္ဆိုသည့္နႈိးစက္ျမည္ခ်ိန္ျဖစ္ေနပါသည္။ ထိုအေၾကာင္းစဥ္းစားမိေတာ့ ဌာနမႉးက်န္း၏ေန႔စဥ္မပ်က္မကြက္အားေပစကားအသံလႊင့္ေျပာၾကားျခင္းႏွင့္ မနက္ခင္းတိုင္းအေဆာင္၌ စိတ္ဆင္းရဲစြာညည္းညဴသံတို႔ပဲ့တင္ထက္သည္တို႔ကို သတိရမိသည္။
ရွဲ႕ယြီသည္ ေတြးမိရင္းမွ ဟယ့္ေက်ာင္းထံဖုန္းလွမ္းဆက္လိုက္ပါသည္။
"ႏိုးၿပီးလား။"
"အိပ္လို႔ေရာေပ်ာ္မွာလား. ."
ဟယ့္ေက်ာင္းမွာ မၾကာေသးခင္ကမွ အသံလႊင့္စက္ကဆူညံသံေၾကာင့္ႏိုးလာရၿပီး ေလသံမွာခပ္ေအာေအာျဖစ္ေနလ်က္ ထထိုင္လိုက္ၿပီးေနာက္ေမးလိုက္ပါသည္။
"မင္းကားေပၚတက္ေနၿပီလား? ဘယ္အခ်ိန္ေရာက္မွာလဲ?"
ရွဲ႕ယြီအိမ္မွထြက္ခါနီးတြင္ မဒမ္ကုမွာသူ႔လက္ထဲႏြားႏိုးဘူးထည့္လို႔ေပးလာၿပီး အာဟာရျဖစ္ဖို႔ကားေပၚမွာေသာက္သြားဟု အထပ္ထပ္မွာၾကားေလေတာ့သည္။ ႏြားႏို႔မွာေႏြးလို႔ေနစဲျဖစ္ၿပီး သူသည္ပိုက္ကိုကိုက္ထားရင္းနဲ႔မွ ေျပာလိုက္၏။
". . . . . .နာရီဝက္ေလာက္ပဲ။"
ရွဲ႕ယြီ၏အသံက မသဲမကြဲျဖင့္ အဆံုးသတ္ေလသံမွာလည္း အားပါပါမရွိဘဲ အနည္းငယ္ႏူးညံ့လ်က္ရွိေပသည္။
ဟယ့္ေက်ာင္းသည္ ေမးလိုက္၏။
"မင္းဘာစားေနတာလဲ?"
ရွဲ႕ယြီ : "ႏို႔ေသာက္။"
". . . . . ."
ထိုႏွစ္လံုးထဲကနားေထာင္ရတာ တစ္မ်ိဳးတစ္မည္ျဖစ္သလိုခံစားလာရ၍ ရွဲ႕ယြီသည္ထပ္လို႔ျဖည့္စြက္ေျပာလိုက္ပါသည္။
"ႏြားႏို႔။"
ရလဒ္သည္ကား ဟယ့္ေက်ာင္းသည္ တစ္ဖက္မွေန "Fuck"ဟုတစ္ခ်က္ဆဲေရးလာေတာ့တာပင္။
ရွဲ႕ယြီ : "မင္း႐ူး(ဖ်ား)ေနလား?"
ဟယ့္ေက်ာင္း : "မနက္မနက္ ေထာင္မတ္လာတာကိုေရာ ဖ်ားတယ္သတ္မွတ္လား။"
ေယာက္်ားေလးေတြမွာ နဂိုကတည္းကိုက မနက္ပိုင္းဆို တစ္စံုတစ္ရာေသာဇီဝကမၼတံု႔ျပန္မႈအေလ်ာက္ လြယ္လြယ္ထႂကြလာတတ္၏ ၊ ဒါကိုမွဟယ့္ေက်ာင္းသည္ ကေလးေလး၏လိမ္လိမ္မာမာေလးႏြားႏို႔ေသာက္ေနမည့္ပံုစံကို ျမင္ေယာင္ေတြးေတာမိလိုက္ၿပီး ကိုယ့္ဒုကၡကိုယ္ရွာမိပါေလသည္။
(病 bing - သူ႔တစ္လံုးတည္းဆို ဖ်ားနာတာ ၊ ေရာဂါလို႔အဓိပၸာယ္ရေပမယ့္ 你有病ဆိုရင္ၾက မင္း႐ူးေနလားဆိုတဲ့အဓိပၸာယ္ျဖစ္သြားပါတယ္။)
ရွဲ႕ယြီအတန္းထဲသို႔ေရာက္ခ်ိန္၌ ဟယ့္ေက်ာင္းကမေရာက္ေသး။
ဝမ့္သာတို႔တစ္ေတြမွာ အေစာကတည္းကေရာက္ေနၾကၿပီး စုထိုင္ကာအိမ္စာကူးေရးေနၾကသည္။ မလုပ္တတ္လို႔ဆိုၿပီးလည္း အပုဒ္ေတြခ်န္မထားခဲ့ရဲၾကရာ တစ္ဆင့္ၿပီးတစ္ဆင့္သူ႔ဟာႏွင့္သူကူးသင့္တာေတာ့ကူးရေပမည္။ ရွဲ႕ယြီဝင္လာသည္ကိုလည္းျမင္ေရာ လွည့္ၾကည့္ကာ နႈတ္ဆက္လာၾကသည္။
"အစ္ကိုယြီ ေစာလွခ်ည္လား. . . . . . အစ္ကိုေက်ာင္းေရာ?"
ရွဲ႕ယြီသည္ေျပာရင္း ေနာက္ဆံုးတန္းရွိရာေလွ်ာက္သြားလိုက္သည္။
"သူ. . ေရခ်ိဳးေနတယ္။"
ဝမ့္သာ : "ဒီအခ်ိန္ႀကီး ေရခ်ိဳးေနတယ္?"
ရွဲ႕ယြီသည္ တစ္ခုခုဆက္ေျပာမလို႔ေပမယ့္ သူသည္စားပြဲေရွ႕ေရာက္လို႔သြားၿပီျဖစ္ရာ သူ႔စားပြဲအလယ္ေကာင္တည့္တည့္၌တင္ထားေလသည့္《အထက္တန္းဖတ္စာေျဖရွင္းနည္းမ်ားေပါင္းခ်ဳပ္》ဆိုသည့္ႏွစ္အုပ္ကိုေတြ႕သြားခဲ့ၿပီး အသံမထြက္မိေတာ့ပါ။
". . . . . ."
ေသာက္လခြမ္း ဒါကဘာႀကီးလဲ?