ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

73

8.3K 1.4K 105
By Vanilla_IceCream61

လူငယ်လေး၏ မျက်နှာအား တွေ့လိုက်ရသောအခါ ယိုဒါချက်ချင်းမျက်မှောင်ကြုတ်သွားသည်။ ရှန်မင်းရယ်ကို ဗီးနပ်၏ အပြင်ဘက်တွင် တွေ့လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ အကြောင်းရင်းမှာ လူငယ်လေး၏ အကျင့်စရိုက်ကောင်းအရ ဗီးနပ်ကဲ့သို့နေရာနှင့် လုံးဝမအပ်စပ်ပေ။

သူလူငယ်လေး၏ အနားကပ်လာသောအခါ မီးရောင်မှိန်မှိန်အောက်တွင် လူငယ်လေး၏ ဖူးရောင်နေသော နှုတ်ခမ်းများနှင့် လည်ပင်းဘေးဘက်မှ အနီမှတ်များအား တွေ့လိုက်ရသည်။ သူ့မျက်လုံးများ ချက်ချင်းခက်ထန်လာကာ လူငယ်လေးအား ဆွဲ၍မေးလိုက်သည်။ "ဘယ်သူလဲ။ မင်းကို ဘယ်သူကဒီနေရာ ခေါ်လာတာလဲ။ဒီနေရာက ဘယ်လိုနေရာမျိုးဆိုတာ၊ ဘယ်လောက်တောင် အန္တရာယ် ရှိတယ်ဆိုတာ မင်းမသိဘူးလား။ "

"ခင်ဗျား.... ဖုန်းဖေ့မင်ကို မပြောနဲ့နော်။ "လူငယ်လေး၏ ဤစကားတစ်ခွန်းကိုသာ ရှေ့နောက်မစဉ်းစားဘဲ ပြောလာသည်။ ဒေါသများ ပြည့်လျှံနေသော ယိုဒါ၏နှလုံးသားမှာ တဖြည်းဖြည်း တည်ငြိမ်လာသည်။

ရှန်မင်းရယ်က မလျှော့တမ်း ဆက်ပြောသည်။ "အန္တရာယ်များမှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် အခုကျွန်တော် လွတ်လာတာပဲ မဟုတ်လား။ လှည့်စားခံရမယ်လို့ မထင်ထားမိလို့သာ..."

ချင်းယွင်က သူ၏ခံစားချက်အား ထိန်းညှိထားပြီးဖြစ်ရာ သရုပ်ဆောင်စွမ်းရည်က အစွမ်းပြလာပြန်သည်။ ယိုဒါက အေဟတ်၏ သားဖြစ်သော်လည်း ညှဉ်းဆဲခံရမည်ပင်။ ဤကိစ္စနှင့်ပက်သက်၍ ထိုယောက်ျားကလည်း စိတ်ကွက်မည်မဟုတ်ဟု သူထင်သည်။

ဖုန်းဖေ့မင်...ထပ်ပြီး ဖုန်းဖေ့မင်ပဲလား။ ဘာလို့ သူ့အကြောင်းပဲ တွေးနေတာလဲ။

ယိုဒါက အနည်းငယ် မသပ်မရပ်ဖြစ်နေသော လူငယ်လေးကို ကြည့်ကာ စိတ်ထဲတိတ်တဆိတ် မေးမိသည်။ သူက တိတ်ဆိတ်နေသော ရှန်မင်းရယ်ကို အတော်ကြာကြည့်နေကာ လူငယ်လေး၏ မျက်နှာတွင် သိသိသာသာ စိုးရိမ်ပူပန်မှုပေါ်လာသောအခါမှ စကားပြောသည်။ "မင်းက ဒီကို ဘာအတွက် လာတာလဲ။ ကိုယ့်ကိုပြော။ မင်း လုပ်တာ မှန်တယ်လို့ ကိုယ်ထင်ရင် ဖုန်းဖေ့မင်ကို ပြန်မပြောဘူး။ "

သူဖုန်းဖေ့မင်အကြောင်းပြောသောအခါ သူနှစ်သက်သောတစ်စုံတစ်ယောက်၏အကြောင်း ပြောနေပုံမပေါ်ဘဲ အနည်းငယ် ရန်လိုနေကြောင်း ယိုဒါ သဘောမပေါက်မိချေ။

"အရင်နေ့က ခင်ဗျားတို့ပဲ မိသားစုခေါင်းဆောင် အမှတ်အသားအကြောင်း ပြောခဲ့ကြတယ်မဟုတ်လား။ ကျွန်တော့်အဖေက အဲ့ဒါကို တခြားမှာ သိမ်းထားတာ။ အခုဆို အချိန်ကမပြည့်သေးတော့ အဲ့ဒါကို စောစောထုတ်ချင်ရင် လျော်ကြေးအများကြီးပေးရလိမ့်မယ်။ ကျွန်တော့် ဇာတ်ညွှန်းကို ရောင်းချင်ပေမယ့် ဒါရိုက်တာက ဒီလိုနေရာမျိုးမှာ ချိန်းမယ်လို့ မထင်ထားခဲ့ဘူး။ "

ယိုဒါက မျက်မှောင်ပိုကြုတ်လာသည်။ "ဖုန်းဖေ့မင်က မင်းကိုပိုက်ဆံပေးလေ့ရှိတယ် မဟုတ်ဘူးလား။ "

"အဲ့နေ့တုန်းက ကျွန်တော့်ပစ္စည်းကို သူမလိုချင်ဘူးလို့ သူပြောတာကြောင့် ကျွန်တော်သူ့ကို မသိစေချင်ဘူး။ သူသာသိရင် ကျွန်တော်ကို တားလိမ့်မယ်။ " လူငယ်လေးက ယိုဒါ၏အဝတ်စအား စိုးရိမ်စွာဖြင့် လှမ်းဆွဲသည်။ "ဖေ့မင်ရဲ့ မွေးနေ့လာတော့မယ်လေ။ ကျွန်တော်က သူ့ကို မွေးနေ့လက်ဆောင်အဖြစ် မိသားစုအမှတ်အသား ပေးချင်တာ။ ဒါဆို သူမငြင်းလောက်ဖူး မဟုတ်လား။ "

လူငယ်လေးက ဖုန်းဖေ့မင်အတွက် ရှင်းပြနေသည်ကိုကြည့်ကာ ယိုဒါ၏ရင်ထဲရင်းနှီးနေသော ခါးသီးမှုထပ်ပြန့်လာပြန်သည်။ ယိုဒါက မတုံးအပေ။ သူက ဖုန်းဖေ့မင်၏ စရိုက်ကိုသိသည်။ သူက လူငယ်လေး၏ အမှတ်အသားအား ငြင်းမည်မဟုတ်ပေ။ ဒါနဲ့ လူငယ်လေး ဘာပြောလိုက်တာလဲ။ သူ့ရဲ့မုန့်ဖိုးကိုသုံးရင် ဖုန်းဖေ့မင်က သိသွားမှာလား။ ဖုန်းဖေ့မင်က လူငယ်လေးအပေါ် အမြဲဒီလိုစောင့်ကြည့်နေတာလား။

ဖုန်းဖေ့မင်းနှင့်ပက်သက်၍ စိတ်ပျက်မှုပေါ်လာကာ ယိုဒါ၏ရင်ထဲစုဝေးလာသည်။ လူငယ်လေးက ဖုန်းဖေ့မင်ကို အလုံးစုံယုံကြည်သည့်အတွက် ဖုန်းဖေ့မင်၏လုပ်ရပ်များအား များစွာတွေးမည်မဟုတ်ပေ။

"ဒီတော့ မင်က သူ့အတွက်နဲ့ ဒီနေရာကို ရောက်လာတာပေါ့...ညလယ်ကြီးမှာလေ။ "

ရှန်မင်းရယ်က သူ့ကိုခေါင်းညှိတ်ပြပြီး ထပ်တောင်းဆိုပြန်သည်။ "သူ့ကို မပြောနဲ့နော်။ "

"...အင်း"ယိုဒါက ခါးသီးစွာ ခေါင်းညှိတ်ပြသော်လည်း လူငယ်လေး၏ ကိုယ်ပေါ်မှ အနည်းငယ်ဖရိုဖရဲဖစ်နေသော အမှတ်များကို ကြည့်ကာ သူ့အသံ ပြန်ကြမ်းတမ်းလာပြန်သည်။ "ကိုယ့်ကိုပြော။ မင်းရဲ့ကိုယ်ပေါ်မှာ ဘယ်သူက အမှတ်တွေလုပ်သွားတာလဲ။ "

ချင်းယွင်၏ မျက်နှာထား တောင့်တင်းသွားသည်။ သူတွေးတောပြီးနောက် သနားစရာကောင်းသောကလေးအား ထိုအကြောင်းမပြောတော့ဘဲ ခေါင်းခါပြလိုက်သည်။

ယိုဒါက သူ့အားအိမ်ပြန်ပို့ရန် အဆင်သင့်ဖြစ်နေချိန်တွင် ပက်တာဆန်မိသားစု၏ တံဆိပ်ပါသော ကားပျံတစ်စီးက သူတို့နှစ်ယောက်၏ ဘေး၌ ရပ်လာသည်။ တံခါးပွင့်လာကာ အထဲမှ အိမ်အကူကေ ထွက်လာသည်။

အိမ်အကူကေမှ ယိုဒါအားကြည့်သောအကြည့်တွင် မဖုံးကွယ်ထားသည့်မနှစ်မြို့မှုအား တွေ့သောအခါ ချင်းယွင်ရယ်ချင်လာသည်။ ဤယောက်ျားက အတော်လျင်သည်။ အခိုက်အတန့်လေးကို အခွင့်ကောင်းယူကာ အိမ်အကူကေ၏ ကိုယ်ထဲဝင်ခဲ့ရုံသာမက သူ့အားလာကြိုရန် ကားပင်မောင်းလာသေးသည်။

ယိုဒါမှ ဖုန်းဖေ့မင်အား ယနေ့ညဖြစ်ရပ်ကိုမပြောရန် ထပ်ကာထပ်ကာ အတည်ပြုပြီးမှ ချင်းယွင်ကားပျံထဲ ဝင်လိုက်သည်။ သူက ခပ်တည်တည်ဖြင့် ကားမောင်းနေသော စက်ရုပ်ကိုကြည့်ကာ ဤကမ္ဘာ၏တာဝန်ကြောင့် ရုတ်တရက် အနည်းငယ်ပင်ပန်းလာသည်။ တစ်ကမ္ဘာလုံး၏ ဇာတ်ကြောင်းက ဖုန်းဖေ့မင်၏ အချစ်ပတ်လည်တွင် လှည့်ပတ်နေမည့်အစား ဖုန်းဖေ့မင်က တိုးတက်မည့်လမ်းကြောင်းရှာနေသည့် ဇာတ်လိုက်သာဖြစ်စေချင်တော့သည်။

အရင်ချင်းယွင်သာဆိုလျှင် ဖုန်းဖေ့မင်အား လွယ်လွယ်ကူကူလှည့်စားနိုင်သော်လည်း၊ အခုနောက်ပိုင်းချင်းယွင်အတွက် ဖုန်းဖေ့မင်၏ နှလုံးသားအား အလုံးစုံပြောင်းလဲရန် အားအတော်စိုက်ရမည်။

အဓိကအချက်မှာ ချင်းယွင်ကအေဟတ်နှင့် တွေ့ခဲ့သဖြင့် ထိုယောက်က်ျားနှင့်အတူ ဘာကြောက်စရာမှ မရှိဘဲ မဖုံးမကွယ်နေချင်သည်။

အနောက်ထိုင်ခုံမှ လူငယ်လေး၏ သောကရောက်နေသော သက်ပြင်းချသံကို ကြားသောအခါ ကားမောင်းသမားဖြစ်နေသူ အေဟတ်ရင်တုန်သွားကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ မင်းဒီည တစ်ခုခု စိတ်မသက်မသာဖြစ်စရာများ ကြုံလာရလို့လား။ "

သူ၏မေးခွန်းများကို ကြားသည်နှင့် ချင်းယွင်၏နှုတ်ခမ်းများကော့တက်လာကာ ကျီစယ်ချင်လာသည်။ သူက နောက်တစ်ခေါက် သက်ပြင်းထပ်ချပြလိုက်ကာ အေဟတ်အား ကြီးကြီးမားမားသောကရောက်နေပုံဖြင့် အတွင်းရေးကို ပြောလာသည်။ "ကေ၊ ဘာလုပ်ရမလဲ။ ကျွန်တော် နှာဘူးတစ်ယောက်နဲ့ တွေ့ခဲ့တယ်ထင်တယ်။ "

အေဟတ် တောင့်တင်းသွားသည်။ လူသားခန္ဓာကိုယ်ထက် ကွေးညွှတ်မှုမလွယ်သော စက်ရုပ်ကိုယ်မှာ ယခုအခါ အရည်အသွေးပိုင်းဆိုင်ရာ ပြဿနာရှိနေသည့်အတိုင်း ပိုတောင့်တင်းသွားသည်။

"ပြီးတော့ ကျွန်တော့်ကို သူကအရမ်းလွန်တဲ့ဟာတစ်ခုခု လုပ်ခဲ့တယ်။ "ထိုသို့ပြောပြီးနောက် လူငယ်လေးက သူ၏သွေးကဲ့သို့နီရဲနေသော နှုတ်ခမ်းများကို ဖိထားသည်။

နောက်ကြည့်မှန်မှတစ်ဆင့် အေဟတ်က လူငယ်လေး၏ အပြုအမူများနှင့် အနည်းငယ်ဖူးရောင်နေသော နှုတ်ခမ်းများအား ထင်ထင်ရှားရှား တွေ့နေရသည်။ အကုန်လုံး သူ့လက်ချက်ပင်။

ဒါပေမယ့် လူငယ်လေးက သူ့ကိုအဲ့လိုထင်နေတာလား။ နှာဘူးတစ်ယောက်လို့လေ။ အရမ်း'လွန်'တဲ့ အရာလုပ်ခဲ့တယ်လား။

တစ်ဖက်တွင် အေဟတ်က လူငယ်လေး၏ နှုတ်ခမ်းများကြောင့် တစ်ခုခုပြောချင်သော်လည်း အခြားတစ်ဖက်တွင်လူငယ်လေး၏ သောကရောက်နေသော စကားများကြောင့် စိတ်ဓာတ်ကျသွားသည်။

သူပါးစပ်ဖွင့်လိုက်သော်လည်း သင့်တော်သောစကားကို စဉ်းစားမရပေ။ မည်သို့ပင်ဆိုစေ လူငယ်လေးက သူ့အားပြောပြနေရုံသာပေါ်ပြီး သူ့ထံမှတုံ့ပြန်မှုကို မတောင်းဆိုပေ။

နှစ်ယောက်သား စံအိမ်သို့ ပြန်ရောက်ပြီးနောက် အေဟတ်က လူငယ်လေးအား သူ့အခန်းသို့ လိုက်ပို့ပေးခဲ့သည်။ ဤနှစ်ရက်အတွင်း ဖုန်းဖေ့မင်၏ စိတ်အခြေအနေမှာ မတည်ငြိမ်ပေ။ ဖုန်းဖေ့မင်သာ ရှန်မင်းရယ်ကိုယခုညတွင် တွေ့လျှင် ဒေါသထွက်မည်အား သူစိုးရိမ်မိသည်။

ဖုန်းဖေ့မင်နိုးနေမှန်း အေဟတ်သတိထားမိသော်လည်း ကံကောင်းစွာဖြင့် သူကလူငယ်လေး၏ ရှေ့သို့ရောက်မလာပေ။

နောက်တစ်နေ့တွင်လည်း ဖုန်းဖေ့မင်က အံံ့ဩစရာကောင်းစွာဖြင့် အိမ်မှာသာနေသည်။ သူက ရှန်မင်းရယ်၏ လည်ပင်းပေါ်မှ ခပ်ဖျော့ဖျော့အမှတ်များအား တစ်ချက်ကြည့်လာသော်လည်း ဘာမေးခွန်းမှမမေးဘဲ ဖိတ်စာတစ်စောင်ကိုသာ ကမ်းပေးသည်။

"မနက်ဖြန် ဒီနားမှာ လေလံပွဲတစ်ခုရှိတယ်။ မင်းသွားကြည့်ဖို့ စိတ်ဝင်စားလား။ "

၎င်းကိုကြားသောအခါ ကျော်ကြားသော ဒါရိုက်တာတစ်ယောက်က လူမြင်ကွင်း၌ အပျော်ကြူးနေသဖြင့် အချုပ်ကျသွားသော သတင်းပါသည့် သတင်းစာအားဖတ်နေသော ချင်းယွင်၏မျက်ဝန်းများ ရွေ့လာကာ ဖုန်းဖေ့မင်ကမ်းပေးသည့် ဖိတ်စာကိုကြည့်လိုက်သည်။

သူ့မျက်ဝန်းများတောက်ပသွားကာ ဖိတ်စာကိုကောက်ကိုင်၍ လေလံဒိုင်၏နာမည်အား သေချာကြည့်ပြီး စိတ်သက်သာရာရသွားပုံပေါ်သည်။

လေလံဒိုင်က မိသားစုခေါင်းဆောင်အမှတ်အသားအား လက်ခံပေးထားသော အဖွဲ့အစည်းနှင့် သက်ဆိုင်နေသည်။ သူ့တွင်အရာအားလုံး အဆင်သင့်ဖြစ်နေသော်လည်း ဖုန်းဖေ့မင်ထံမှ ဖုံးကွယ်ထားရန်လိုသည်။ ထို့ကြောင့်သူက အဖွဲ့အစည်းအား ပေါ်ပေါ်ထင်ထင် မဆက်သွယ်ရဲပေ။ ဤလေလံပွဲက သူ့အတွက် အကောင်းဆုံးအခွင့်အရေးပင်။

လူငယ်လေး၏ နှုတ်ခမ်းတွင်ဖူးပွင့်နေသော အပြုံးကိုကြည့်ကာ ငေးနေသည့် အေဟတ်၏မျက်ဝန်းထဲ ကြင်နာရိပ် ထင်ဟပ်လာသည်။ ဤတစ်ကြိမ်တွင် လေလံပွဲအား စီစဉ်ရသည့် အားထုတ်မှုက တန်သည်ဟု သူရုတ်တရက်ခံစားရသည်။

သို့သော် လူငယ်လေး၏ ပျော်ရွှင်မှုက ဖုန်းဖေ့မင်အား မွေးနေ့လက်ဆောင် ပေးနိုင်တော့မည့်အတွက်ဖြစ်ကြောင်း တွေးမိသောအခါ အေဟတ်စိတ်ဓာတ်ပြန်ကျသွားသည်။

မနေ့က ဗီးနပ်သို့ ပြေးသွားခြင်းဖြစ်စေ၊ လေလံပွဲကြောင့် ပျော်ရွှင်သည်ဖြစ်စေ ၎င်းတို့အားလုံးမှာ ဖုန်းဖေ့မင်အတွက်ပင်။

ထို့အပြင် သူလုပ်သမျှ အားလုံးမှာ လူငယ်လေး၏ နှလုံးသားကိိုပင်မဆိုထားနှင့် မျက်လုံးထဲကိုပင် မဝင်ချေ။ မနေ့ညက မထိန်းချုပ်နိုင်လိုက်သော အနီးကပ်အကျွမ်းဝင်မှုကိုပင် လူငယ်လေး၏ မျက်ဝန်းထဲ၌ နှာဘူးကျမှုဟု မြင်နေသည်။

မှောင်မိုက်သော ခါးသက်မှုက အေဟတ်၏နှလုံးသားတစ်ခုလုံးကို ပျံ့နှံ့သွားရာ သူအရာအားလုံးအား လျစ်လျူရှုပြီး လူငယ်လေးကို အလစ်သုတ်ချင်လာသည်။ လူငယ်လေးအား သူ့အိပ်ရာထဲ ချည်နှောင်ကာ ဖုန်းဖေ့မင်အကြောင်း မေ့သွားလောက်သည်အထိ ကြမ်းပစ်လိုက်ချင်သည်။ သူ့ပါးစပ်မှာ ထွက်လာသမျှအားလုံးမှာ သူ့နာမည် အေဟတ်သာ ဖြစ်စေချင်သည်။

မနေ့ညက သူ့စနောက်မှုမှာ ထိုယောက်ျားအား ထိခိုက်စေမိမှန်း သတိမထားမိသော ရှန်မင်းရယ်က ခေါင်းမော့၍ ဖုန်းဖေ့မင်အား ကြည့်နေသည်။ သူက လေလံပွဲနှင့်ပက်သက်၍ အလွန်မျှော်လင့်နေပြီး သူပထမဆုံးမေးသော မေးခွန်းမှာ။ "ဒီတော့ ခင်ဗျားက ကျွန်တော်နဲ့ တူတူသွားမှာလား။ "

ဤစကားလုံးများကြောင့် အေဟတ်၏ မျက်နှာကြီးမဲမှောင်သွားသည်။

ဖုန်းဖေ့မင်က ရှန်မင်းရယ်၏ မျက်ဝန်းများကို တိတ်တဆိတ် ကြည့်နေသည်။ အခုထိပင် ဤလူငယ်လေး၏ မျက်ဝန်းများအား တွေ့ရသည်နှင့် သူစိတ်လှုပ်ရှားမိဆဲပင်။ သူက တစ်ဖက်လူ၏ မျက်ဝန်းများထဲ စိုက်ကြည့်လိုက်သည်။ "အတူတူ"

ယနေ့သည် သူဤလူငယ်လေးအား သည်းခံသောနောက်ဆုံးရက်ပင်။ သူအမှတ်အသားအား ရသွားသောအခါ သူ့အားလိမ်သော ဤကောင်လေးသည် ကမ္ဘာပေါ်မှ ထာဝရပျောက်ကွယ်သွားရလိမ့်မည်။

မနက်ဖြန်အတွက် သူစီစဉ်ထားသော အရာများကိုတွေးကာ ဖုန်းဖေ့မင်၏ နှလုံးသားထဲတွင် ဝမ်းနည်းမှုရောနေသော စိတ်သက်သာရာရမှု ပေါ်လာသည်။

ရှန်မင်းရယ်၏ ဘေး၌ရပ်နေသော အေဟတ်၏မျက်နှာမှာ အေးစက်နေသည်။ ဖုန်းဖေ့မင်ရဲ့ မျက်နှာမှာ သူမမျှော်လင့်ထားတဲ့ သတ်ချင်စိတ်တွေ့လိုက်ရတာလား။ ဘာလို့လဲ။ လူငယ်လေးက အဲ့ဒီ့နေ့မှာတင် ပက်တာဆန်မိသားစုရဲ့ အမှတ်အသားကို ချက်ချင်းမပေးလို့လား။

ဖုန်းဖေ့မင်၏ သတ်ချင်စိတ် ဦးတည်ရာမှန်း ထင်ရှားနေသော လူငယ်လေးအား အေဟတ်ကြည့်ကာ အူလှိုက်သည်းလှိုက်ခံစားနေရသည်။

မင်းကြိုက်တဲ့ကောင်က ဒီလိုတစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးတဲ့သူဆိုတာ မင်းမြင်လား။ သူက မင်းရဲ့နှလုံးသားတစ်ခုလုံး ပေးဆပ်မှုနဲ့မတန်ဘူး မဟုတ်လား။

အေဟတ် အလွန်ဝေခွဲမရဖြစ်နေသည်။ လူငယ်လေးအား ဖုန်းဖေ့မင်၏ မျက်နှာအစစ်ကို မြင်စေပြီး လုံးဝအဆုံးသတ်လိုက်ချင်သော်လည်း တစ်ချိန်ထဲမှာပင် ရှန်မင်းရယ်၏ ရိုးသားသောခံစားချက်များအား မနာကျင်အောင် ကာကွယ်ပေးချင်သေးသည်။ သူချစ်ရသူက သူ့အားသတ်ချင်နေသည့်ဖြစ်ရပ်မှန်ကို ရင်ဆိုင်ခိုင်းမည့်အစား ကောင်လေးကို သူဖန်တီးထားသော စိတ်ကူးယဉ်အိပ်မက်ထဲတွင်သာ ထာဝရနေစေချင်သည်။

သူ့နှလုံးသားထဲ၌ လူငယ်လေးအပေါ် ပိုင်စိုးလိုမှုများ ပြည့်နေသော်လည်း အေဟတ် ပထမဆုံးအလေးထားသည်မှာ တစ်ဖက်လူ၏ ခံစားချက်များသာဖြစ်သည်။

*****

နောက်တစ်နေ့တွင် ဖုန်းဖေ့မင်သာမက ယိုဒါလည်း ရှန်မင်းရယ်နှင့်အတူ သွားကြသည်။

ယိုဒါအားတွေ့ပြီးနောက် နဂိုက ပါးတွင်ပန်းရောင်သန်းကာ ပျော်ရွှင်နေသော လူငယ်လေးမှာ အရင်ညကဖြစ်ရပ်များအားပြန်တွေးမိပုံဖြင့် ချက်ချင်းဖြူဖျော့သွားသည်။

အဲ့ဒီနေ့က ဘာဖြစ်ခဲ့တယ်ဆိုတာ ဖုန်းဖေ့မင်ကို ပြောလိုက်မှာ ကြောက်နေတာလား။ ကိုယ့်ကို ဒီလောက်တောင် မယုံဘူးပေါ့။

ယိုဒါအကူအညီမဲ့သွားသလိုခံစားရကာ လူငယ်လေးအား ခေါင်းသာငုံ့ပြ၍ နှုတ်ဆက်လိုက်သည်။

အေဟတ်က ခြံထဲကျန်နေခဲ့ကာ လူငယ်လေးထွက်သွားသည်အား ကြည့်နေသော်လည်း သူ့မျက်ဝန်းထဲ၌ အေးစက်မှုနှင့် ဒေါသများ ပုန်းကွယ်နေသည်။ ဖုန်းဖေ့မင်က လူငယ်လေးအပေါ် အကွက်ရွှေ့ရန် သူ့လူများအား လမ်းမပေါ်တွင် နေရာချပြီးဖြစ်နေလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

သူတို့သုံးယောက်ပြန်လာချိန်တွင် သူကကားမတော်တဆမှုတစ်ခုကို ဖန်တီးကာ နောက်ဖြစ်လာမည့်ပြဿနာများအား ရှောင်ရှားရန် ရှန်မင်းရယ်၏အသက်ကို အဆုံးသတ်လိုက်လိမ့်မည်။

ဖုန်းဖေ့မင်က ဤမျှရက်စက်မည်ဟု အေဟတ်လုံးဝမထင်ထားပေ။ သူက လူငယ်လေး၏ အဖိုးတန်ဆုံးချစ်မေတ္တာအား သိသိသာသာ ရနေသော်လည်း မည်သို့တန်ဖိုးထားရမည်ကို မသိပေ။ ထိုအစားသူက ၎င်းကို သူ့ခြေထောက်အောက်ထားကာ အကြောင်းမဲ့သက်သက် နင်းခြေခဲ့သည်။

ကားပျံထဲမှ ရှန်မင်းရယ်၏ စင်ကြယ်အပြစ်ကင်းသော အပြုံးကိုကြည့်ကာ အေဟတ် လက်မြှောက်၍ မျက်လုံးများကို ကွယ်လိုက်ပြီး ၎င်းတို့ထဲမှ မကောင်းဆိုးဝါးဆန်ဆန် ဒေါသကို ဖုံးလိုက်သည်။

မင်းကို သူ့ဆီ လုံးဝပေးမှာမဟုတ်ဘူး။ ဖုန်းဖေ့မင်က မင်းနဲ့ မတန်ဘူး။  အေဟတ်၏ ချီတုံချတုံဖြစ်နေသော နှလုံးသားက ဤအခိုက်တွင် ပိုမာကျောလာသည်။ ဖုန်းဖေ့မင်က လူငယ်လေးအပေါ် ပထမဆုံးအကြိမ် လုပ်ကြံလျှင် ဒုတိယအကြိမ်ရှိလာနိုင်သည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင် ရှန်မင်းရယ်မလိုလားလျှင်ပင် သူ့ကိုအေဟတ်၏ အနားတွင် ဖိအားပေးသိမ်းထားရမည်။ အမှန်ကို သိသွားခဲ့ပါက လူငယ်လေး နာကျင်ရလျှင်ပင် ဖုန်းဖေ့မင်၏ အယောင်ပြ ကြင်နာနေမှုအား သူဆွဲခွာရမည်။

*****

သုံးယောက်သားက လမ်းတစ်လျှောက် စကားမပြောကြပေ။ ဖုန်းဖေ့မင်၏ မျက်နှာက နဂိုအတိုင်းအေးစက်နေသည်။ သူက နောက်ခုံမှ လူငယ်လေးအား ရံဖန်ရံခါ ပြုံးပြသော်လည်း သူ့မျက်လုံးများမှာ အသက်မပါပေ။ ယိုဒါ၏ နှလုံးသားမှာ ခါးသီးနေကာ ဖုန်းဖေ့မင်အား များစွာ အာရုံစိုက်မနေပေ။ ရှန်မင်းရယ်တစ်ယောက်ထဲကသာ ဤတစ်ကြိမ်အပြင်ထွက်ခြင်းအတွက် စောင့်စားပျော်ရွှင်နေပုံပေါ်သည်။

ထိုစိတ်လှုပ်ရှားနေပုံက ဖုန်းဖေ့မင်၏ မျက်ဝန်းများအား ဆွဲဆောင်နိုင်လိုက်ကာ သူ့နှလုံးသားထဲ လှောင်ပြောင်ချင်လာစေသည်။ ဒီနေ့သူပျော်နေတာ မိသားစုခေါင်းဆောင် အမှတ်အသားကို ရတော့မှာမို့လို့ မဟုတ်လား။ မနက်ဖြန်ကျရင် မိသားစုအစည်းအဝေး ခေါ်ပြီးတော့  ငါ့ကို အဲ့ဒါသုံးပြီး မောင်းထုတ်တော့မှာ မဟုတ်လား။

သို့သော် လူငယ်လေးပျော်ရွှင်နေခြင်းမှာ ဖုန်းဖေ့မင်ကြောင့် ဖြစ်ကြောင်း ယိုဒါသိနေသည်။ ဖုန်းဖေ့မင်၏ မွေးနေ့က နောက်သုံးရက်နေလျှင် ရောက်တော့မည်ဖြစ်ပြီး ယနေ့တွင် လူငယ်လေးက သူဖုန်းဖေ့မင်အတွက် ပြင်ဆင်ထားသော မွေးနေ့လက်ဆောင်အား ရလာတော့မည်ဖြစ်သည်။

ထိုအတွေးကြောင့် ယိုဒါလူငယ်လေးအား ကြည့်မိကာ အရင်ညကလူငယ်လေး၏ ရုပ်ပျက်ဆင်းပျက်အသွင်အပြင်ကို သတိရသွားသည်။ ဖုန်းဖေ့မင်အတွက်ဆိုလျှင် သူကထိုကိစ္စမျိုးကိုပင် သည်းခံနိုင်သည်လား။

ခဏအကြာတွင် လေလံပွဲရုံသို့ သူတို့ရောက်ရှိခဲ့သည်။ လေလံပွဲအား အမြန်စီစဉ်ထားကာ နေ့ရက်ကိုလည်း အကြိမ်အနည်းငယ် ပြောင်းလဲခဲ့သည့်အတွက် များစွာမကျော်ကြားပေ။

ထိုသို့ ဆိုသော်လည်း မြင်ကွင်းမှာ ခြောက်ကပ်မနေပေ။ ယခုအခါ လေလံပွဲမစသေးသဖြင့် လူများစုဝေးနေရုံသာရှိသေးသည်။

ရှန်မင်းရယ်က ခန်းမထဲသို့ရောက်သည်နှင့် သန့်စင်ခန်းသို့သွားမည်ဟု ခွင့်တောင်းခဲ့သည်။ သူ၏ အထစ်ထစ်အငေါ့ငေါ့ ဟန်ဆောင်နေပုံက လူများတစ်ချက်ထဲ ကြည့်ရုံနှင့်ပင် သူညာနေမှန်း မြင်နိုင်စေသည်။

ယိုဒါနှင့်ဖုန်းဖေ့မင်တို့တွင် ကွဲပြားသောထင်မြင်ချက်များ ရှိသော်လည်း လူငယ်လေးအား တိုက်တိုက်ဆိုင်ဆိုင် မဖော်ထုတ်ပေ။ သူတို့က ခန်းမထဲ၌သာ ရပ်နေကာ လူငယ်လေးထောင့်ချိုးသို့ ကွေ့သွားသည်ကိုသာ ကြည့်နေသည်။ ယိုဒါက ဤနေရာမှ အစောင့်အကြပ်များကိုပင် လေ့လာခဲ့ပြီးဖြစ်သည်။ လေလံပွဲကို ထိုအဖွဲ့အစည်းက လုပ်သဖြင့် မည်သူကမျှ ပြဿနာမရှာရဲသော်လည်း ယိုဒါအနည်းငယ် စိတ်ပူနေဆဲပင်။

ချင်းယွင်က သန့်စင်ခန်းထဲ၌ ခေတ္တမျှနေကာ ဖုန်းဖေ့မင်နှင့်ယိုဒါတို့ ထွက်သွားမည့်အချိန်ကို ခန့်မှန်းနေသည်။ ဒါပေါ့၊ ယနေ့ ဖုန်းဖေ့မင်က လမ်းမပေါ်၌၊ ကား၌ ဘာလုပ်ထားကြောင်းသူသိသည်။ သို့သော် သူလွှတ်ထားလိုက်မည်။

ဖုန်းဖေ့မင်က သူ့အားသတ်ရန် တရစပ်ကြိုးစားနေစဉ်တွင် သူက အမှတ်အသားကို ယူလာပြီး ဖုန်းဖေ့မင်  မျက်နှာတည့်တည့်ပစ်ပေါက်လိုက်မည်။ ထို့နောက်တွင်သူက ဖုန်းဖေ့မင်နှင့်ယိုဒါတို့ အမှိုက်ထုပ်နှစ်ကောင်အား မျက်နှာချင်းဆိုင်စရာပင်မလိုတော့ဘဲ ပြတ်ပြတ်သားသားထွက်လာနိုင်လိမ့်မည်။

အောင်မြင်မှုအား လက်တစ်ကမ်းတွင် လှမ်းမြင်နေရသောအခါ ချင်းယွင်အနည်းငယ် စိတ်လှုပ်ရှားမိသည်။ မည်သို့ပင်ဆိုစေ သူဤကမ္ဘာသို့ ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း အေဟတ်နှင့် ပွတ်သီးပွတ်သပ် သိပ်မနေရသေးပေ။ ထိုယောက်ျားက စက်ရုပ်ကိုယ်ထဲရောက်နေသည့်အတွက် သူလှုပ်ရှားချင်လျှင်ပင် နည်းလမ်းမရှိပေ။

ထိုလူ၏ စိတ်ဆင်းရဲနေသော အမူအရာအား တွေးရင်း ချင်းယွင်ထပ်ရယ်မိပြန်သည်။

"အရမ်း ပျော်နေတာလား။ " ယိုဒါဝင်လာသည်နှင့် လူငယ်လေး၏ အပြုံးအား အချိန်ကိုက် မြင်လိုက်ရသဖြင့် ခါးသီးစွာ မေးလိုက်သည်။

လူငယ်လေးက သူ့ကိုတွေ့သည်နှင့် နှုတ်ခမ်းကွေးလေး ချက်ချင်းပျောက်သွားရာ ယိုဒါ့နှလုံးသား တင်းကြပ်သွားသည်။ သူက ရှန်မင်းရယ်၏ အနားသို့ ကပ်လာရာ တစ်ဖက်လူမှာ နံရံနှင့်ကပ်လုဆဲဆဲပင်။ သူက ကောင်လေးအား ကြည့်ကာမေးလိုက်သည်။ "ဖုန်းဖေ့မင်အတွက်ပဲလား။ ကိုယ်က မင်းရဲ့သတိုးသားလောင်းဆိုတာကိုကော မင်းမှတ်မိသေးရဲ့လား။ "

ချင်းယွင်က မျက်နှာတစ်ပြင်လုံး မနာလိုမှုများ ပြည့်နေသောလူအားကြည့်ကာ လှောင်ပြောင်ရယ်မောချင်လာသည်။

မင်းက အခုမှ လက်ထပ်ဖို့သဘောတူညီချက်အကြောင်း ပြောချင်နေတာလား။ အစကမင်းပဲ ရှန်မင်းရယ်ကို သေလောက်အောင်အထင်သေးနေတာ မဟုတ်ဘူးလား။

ဖုန်းဖေ့မင်၏ အင်အားကြောင့်ဆွဲဆောင်ခံရသူ ယိုဒါက ဖုန်းဖေ့မင်၏အချစ်မှာ ရှန်မင်းရယ်ကဲ့သို့ မသန့်စင်မှန်းသိသွားသောအခါ ရှန်မင်းရယ်၏ နှလုံးသားအား အခုလိုချင်နေပြန်သည်။

အိပ်မက်ဆက်မက်နေလိုက်။

"ကျွန်တော်တို့ရဲ့ လက်ထပ်ဖို့သဘောတူညီချက်က ပျက်သွားပြီ မဟုတ်လား။ ပြီးတော့ ခင်ဗျားလည်း လက်ခံထား...."

ကောင်လေး၏ သိမ်မွေ့သောစကားလုံးများက ယိုဒါ၏ မနာလိုစိတ်မီးတောက်အား ငြှိမ်းလိုက်သည်။ ဟုတ်သည်။ သူလက်ခံပြီးသားဖြစ်သည်။ ထို့အပြင် နှစ်ယောက်သားကြားမှ သဘောတူညီချက်မှာ လူငယ်လေး၏ ကြေငြာချက်ကြောင့် တရားဝင်မှုပျက်ပြယ်သွားပြီ ဖြစ်သည်။ သို့သော် ယခုအခါ သူသေလောက်အောင် နောင်တရနေသည်။

သူသာ အစကတည်းက ရှန်မင်းရယ်နှင့် ချစ်မိလျှင် သူတို့နှစ်ယောက်၏ လက်ထပ်ပွဲနေ့ရောက်သောအခါ သူ့အပေါ်မည်မျှ ချစ်ခင်နေမည်ကိုပင် ယိုဒါစိတ်ကူးယဉ်မိသေးသည်။

လူငယ်လေး၏ မြတ်နိုးသောအကြည့်များက သူ့အပိုင်သာဖြစ်နေလိမ့်မည်။ သူ့မွေးနေ့ နီးကပ်လာသောအခါ လူငယ်လေးက ဖုန်းဖေ့မင်အား ဆက်ဆံသကဲ့သို့ သု့အားဆက်ဆံလိမ့်မည်။ ဦးနှောက်တစ်ခုလုံးကို သုံး၍အကြံထုတ်ကာ သူ့အတွက်အသင့်တော်ဆုံးဖြစ်မည့် မွေးနေ့လက်ဆောင်အား ပြင်ဆင်ပေးလိမ့်မည်။

ယခုအခါ အရာအားလုံးကို သူကိုယ်တိုင် ဖျက်ဆီးမိခဲ့သည်။

ယိုဒါမှာ သူ့ဘာသာ စိတ်ထဲ နောင်တရနေသဖြင့် လူငယ်လေး၏ ဖြူစင်သောမျက်ဝန်းများအား တိုက်ရိုက်စိုက်မကြည့်ရဲပေ။

သူက တဖြည်းဖြည်းအနောက်ဆုတ်သွားသော်လည်း ရှန်မင်းရယ်၏ လက်ဖြင့် အဆွဲခံလိုက်ရသည်။

လူငယ်လေးက အသနားခံသောမျက်နှာဖြင့် သူ့လက်အားဆွဲထားသည်ကို တွေ့သောအခါ ယိုဒါကြောင်အသွားသည်။ " ပြီးရင် ကျွန်တော့်ပစ္စည်းတွေ ယူဖို့အတွက်က အချိန်နည်းနည်းကြာမှာဆိုတော့၊ ခင်ဗျား ဖုန်းဖေ့မင်ကို အချိန်ဆွဲပေးထားနိုင်မလား။ ကျွန်တော်က သူ့ကို အံ့အားသင့်သွားစေချင်တာ။ "

"ကောင်းပြီလေ။ " ယိုဒါက သူကိုယ်တိုင်၏ အက်ရှရှလေသံကို ပြန်ကြားလိုက်ရသည်။

ယိုဒါ၏ လက်ခံသောအဖြေကိုကြားသောအခါ လူငယ်လေးက သန့်စင်ခန်းထဲမှ ဂရုတစိုက် ထွက်သွားကာ လေလံစင်အနောက်ဘက်သို့ ဦးတည်သွားသည်။

ယိုဒါက သူ၏ လက်ဖဝါးများကို ငုံ့ကြည့်ကာ တောင့်တင်းနေသည်။ သူ့နှလုံးသားမှာ ယခုအခါ ရှုပ်ယှက်ခတ်နေသည်။ အစက သူဖုန်းဖေ့မင်အား ကြိုက်သည်ဟု ထင်ခဲ့သည်။ ဘယ်လိုပင်ဖြစ်စေ သူ၏ အင်အားနှင့် စဉ်းလဲသောသဘာဝက ယိုဒါအားချက်ချင်း ဆွဲဆောင်ခဲ့သည်။

သို့သော် ကြာရှည်အဖော်ပြုမိသောအခါ ဖုန်းဖေ့မင်၏ အင်အားကို ယိုဒါအသိအမှတ်ပြုသေးပြီး သူ၏စိတ်နေစိတ်ထားကြောင့် ဆွဲဆောင်ခံနေရသေးသော်လည်း အချို့အချိန်များ၌ သူ့နှလုံးသားထဲ အေးစက်စက်ခံစားရသည်။ အထူးသဖြင့် ရှန်မင်းရယ်နှင့် နှိုင်းယှဉ်မိသောအခါတွင်ပင်။

ယိုဒါ သန့်စင်ခန်းထဲမှ ထွက်လာသောအခါ ဖုန်းဖေ့မင်နှင့်တွေ့သည်။ သူတို့နှစ်ယောက်က ပွဲအတွင်း လိုက်လံတွေ့ဆုံစကားပြောရသည်ကို မကြိုက်သဖြင့် သွားထိုင်ရန်သီးသန့်ခန်းတစ်ခုအား ရှာလိုက်သည်။

ဖုန်းဖေ့မင်က ပြတင်းပေါက်အနားသို့ စိမ်ပြေနပြေလျှောက်သွားကာ မြင်ကွင်းကိုကြည့်နေပြီး ယိုဒါက လူငယ်လေးကိုင်သွားသော သူ့ညာလက်အား ဆိုဖာပေါ်တွင်ထိုင်၍ ကြည့်နေသည်။

သူတို့နှစ်ယောက်သားမှာ ပေါင်းသင်းရအဆင်ပြေသော်လည်း အရင်ကရှိဖူးသော မပြတ်သားမှုအားလုံးမှာ တနည်းနည်းဖြင့် ပျောက်ကွယ်သွားသည်။

"ရွယ်နာ "ဖုန်းဖေ့မင်က စကားစပြောလာကာ ယိုဒါအား ချစ်စနိုးနာမည်ဖြင့် ခေါ်လိုက်သည်။ (ယိုဒါ-ရွယ်ဒယ်အာ)

ယိုဒါအံ့အားသင့်သွားသည်။ ဖုန်းဖေ့မင်က စိတ်ခံစားချက်ကောင်းနေမှသာ သူ့အားထိုသို့ခေါ်လေ့ရှိသည်။ ဖုန်းဖေ့မင် ပျော်နေတာလား။ သူလည်း ရှန်မင်းရယ်ရဲ့ လှုပ်ရှားမှုတွေကို သတိထားမိနေတာလား။

ယိုဒါ ခါးသက်သက်ပြုံးလိုက်သည်။ ဖုန်းဖေ့မင်က အရူးမဟုတ်ပေ။ လူငယ်လေး၏ ဟန်ဆောင်နိုင်စွမ်းက နိမ့်လွန်းရာ ဖုန်းဖေ့မင် မမြင်ဘဲ ဘယ်နေမည်နည်း။

နှလုံးသားမာသော ဖုန်းဖေ့မင်လည်း လူငယ်လေး၏ စိတ်အားထက်သန်မှုကို တောင့်မခံနိုင်တော့ဘူးလား။

ယိုဒါ အလွန်မအံ့ဩသွားပေ။ မည်သို့ပင်ဆိုစေ လူငယ်လေး၏ ခံစားချက်များမှာ အလွန်ရိုးသားသည်။ ထိုခံစားချက်များကိုသာဆိုလျှင် မည်သူပင်ဖြစ်စေ သူတို့နှလုံးသားထဲ သိမ်းကာ မြတ်နိုးပေလိမ့်မည်။

"ဘာလဲ။ ဒီနေ့ ခံစားချက်ကောင်းနေတာလား။ " ယိုဒါက ဖုန်းဖေ့မင်နှင့် စကားပြောရာတွင် စိတ်ခံစားချက်များ ရှုပ်ထွေးနေသည်။ သူဤကစားပွဲ၌ လုံးဝရှုံးနိမ့်သွားသည်ဟု ခံစားရသည်။ အစပိုင်းက သူဆွဲဆောင်ခဲ့သော လူကိုလည်း မရခဲ့သလို သူ၏အချစ်ပြိုင်ဖက်ကိုပင် ချစ်မိသွားသေးသည်။

"ဒါပေါ့။ " ဖုန်းဖေ့မင်က ကိုယ့်ကိုယ်ကိုယ် ကျေနပ်စွာ ပြုံးနေသည်။ "ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဒီနေ့ ပက်တာဆန်မိသားစုကို အပြည့်အဝ ပိုင်ဆိုင်နိုင်တော့မယ်လေ။ "

ဖုန်းဖေ့မင်၏ စကားများကို ကြားသောအခါ ယိုဒါခဲတောင့်သွားကာ စိတ်ထဲ အံ့အားသင့်မိသည်။ သူဘာဆိုလိုချင်တာလဲ။ ဖုန်းဖေ့မင်ရဲ့ ပျော်ရွှင်မှုက ပက်တာဆန်မိသားစု ခေါင်းဆောင်အမှတ်အသားကို ရမယ့်အတွက်ကြောင့်ပဲလား။

"ခင်ဗျား ကျွန်တော့်အတွက် မပျော်ဘူးလား။ " ဖုန်းဖေ့မင် တစ်ဖက်လှည့်၍ ယိုဒါအားကြည့်သောအခါ ယိုဒါက အပြင်ပန်းကဲ့သို့ မပျော်နေဘဲ ထိုအစား ခြေကုန်လက်ပန်းကျနေသကဲ့သို့ ခံစားနေရသည်။

ဖုန်းဖေ့မင်က ဆိုဖာပေါ်ထိုင်နေသူအား ကြည့်ကာ ပြုံးပြသည်။ "ပြီးတော့ ကျွန်တော်တို့ကြားက ကိစ္စမှာ ခင်ဗျားက ကျွန်တော့်ကိုလိုက်နေတာ ကြာပြီ။ အခုကျွန်တော့်ကို အရင် ဖွင့်ပြောချင်လား။ "

ဤကိစ္စအကြောင်းကြားသောအခါ ယိုဒါရှက်သွားကာ ဖုန်းဖေ့မင်၏ မျက်လုံးအား ရှောင်လိုက်မိသည်။ သူက တွေးတောပြီးနောက် မေးလိုက်သည်။ "ရှန်မင်းရယ်က....မင်းကို အရမ်းချစ်နေတာ မဟုတ်ဘူးလား။ "

ရှန်မင်းရယ်အကြောင်းကို ထည့်ပြောလိုက်သည်နှင့် ဖုန်းဖေ့မင်၏ လှောင်ပြောင်သံကို ယိုဒါကြားလိုက်ရသည်။ "ကြည့်ရတာ ခင်ဗျားလည်း သူ့ဆီကနေ အယုံသွင်းခံထားရတဲ့ပုံပဲ။ "






Continue Reading

You'll Also Like

207K 27.1K 26
Title-He Doesn't Know I'm Dead Original Author-时崽 Type-Web Novel 21 Chapters + 4 Extras Eng Translator-SweetLiesBL From Foxaholic https://www.foxahol...
Priestess of The Moon By Leah

Historical Fiction

246K 20.8K 46
Li Xiang is the Priestess of the Moon, she can see read the stars and fortune as well as misfortune to her people. However, the life of a Priestess c...
4.8M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
4.4K 568 6
Title : [အပျင်းကြီးတဲ့ 'ဂျင်းနီ' က ချစ်မိသွားပြီ] [SYSTEM] [အပ်င္းႀကီးတဲ့ 'ဂ်င္းနီ' က ခ်စ္မိသြားၿပီ] [SYSTEM] ************** အပျင်းကြီးပြီး အားနွဲ့ဟန...