ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

64

9.1K 1.5K 220
By Vanilla_IceCream61

သူ့ထင်မြင်ချက်အရ ဖုန်းဖေ့မင်သည် အကန့်အသတ်မဲ့ ဆွဲဆောင်မှုရှိသည်။ ရှန်မင်းရယ်က ဖုန်းဖေ့မင်ကို စိတ်ဝင်စားလာခြင်းသည်ပင် ယိုဒါအား များစွာမအံ့ဩစေပေ။

ထိုအကြောင်းကိုတွေးကာ စားပွဲပေါ်မှ ဝိုင်နီခွက်ကိုမယူ၍ တစ်ငုံအရသာခံလိုက်သည်။ သို့သော် သူ့အကြည့်များက စားပွဲ၌ထိုင်နေသော ရှန်မင်းရယ်အပေါ်တွင် သက်ရောက်နေသည်။ လူငယ်လေး၏ ပယင်းရောင်မျက်ဝန်းများကို ကြည့်မိသောအခါ ယိုဒါရပ်တန့်သွားရသည်။

သူအစက အရွယ်ရောက်ခါစ သူ့သတိုးသားလောင်းဖြစ်သူသည် ဖုန်းဖေ့မင်အပေါ် အနည်းငယ်စိတ်ဝင်စားနေသည်ကို မြင်ခဲ့သော်လည်း ယခုလူငယ်လေး၏ မျက်ဝန်းထဲမှ ချစ်ခြင်းမှာ သိသာနေသည်။

သူတို့နှစ်ယောက်က သွေးသားတော်စပ်မှုမရှိကြောင်း၊ ဖုန်းဖေ့မင်က လူငယ်လေးကို အလွန်ဂရုစိုက်ကြောင်း သိကာ....

အဖိုးထိုက်သော တစ်စုံတစ်ရာက ညစ်ညမ်းသွားသဖြင့် ယိုဒါ၏နှလုံးသားထဲ ဒေါသခံစားမှု ပေါ်လာသည်။ သူ့အမြင်တွင် ရှန်မင်းရယ်ကဲ့သို့ အားနည်းပြီး သူတစ်ပါးထံမှ အစောင့်ရှောက်ခံရသူက သန်မာပြီးဆွဲဆောင်မှုရှိသော ဖုန်းဖေ့မင်နှင့် တွဲရန် အရည်အချင်းမရှိပေ။

သို့သော် ယနေ့တွင် အကြောင်းအရင်း တစ်ခုကြောင့် စားပွဲမှ လူငယ်လေး၏ မျက်ဝန်းများကို သူကြည့်နေမိသည်။

လူငယ်လေး၏ မျက်ဝန်းများထဲမှ ခံစားချက်များမှာ သိသာလွန်းပြီး တောက်ပလွန်းသည်။ ၎င်းသည် အကြည်လင်ဆုံး ရေအိုင်လေးနှင့်တူပြီး သူ့နှလုံးသား၏ ဖြူစင်သောခံစားချက်များကို မြိုသိပ်ထားမှုမရှိ ပြသနေသည်။

ထိုခံစားချက်များသာ သူစိတ်ဝင်စားနေသော လူအပေါ်ဦးတည်မထားလျှင် ဤလူငယ်လေးသည် နတ်သားကဲ့သို့ အရောင်အဝါဖြင့် ဖြူစင်၍ချစ်စရာကောင်းသည်ဟု ယိုဒါထင်မိပေလိမ့်မည်။

သို့သော် ယခုအခါ သူအလွန်အမင်း စိတ်အနှောက်အယှက်ဖြစ်သလိုသာ ခံစားနေရသည်။

ချင်းယွင်က ရှန်မင်းရယ်၏ မိုက်မဲပီး ချိုမြိန်သောအမူအရာဖြင့် ကောင်းကောင်းဆက်နေနေသည်။ ညစာစားသည့် စားပွဲတွင် ဖုန်းဖေ့မင်အပေါ် သူ့နှလုံးသားကို ရံဖန်ရံခါဖော်ပြနေသော်လည်း သူ့စိတ်ထဲတွင်တော့ ယခုတစ်ကြိမ်တွင် ထိုလူမည်သူဖြစ်လာမည်မှန်း စဉ်းစားနေသည်။

ချင်းယွင်က ဖုန်းဖေ့မင်ကို မျက်လုံးလက်လက်ကလေးဖြင့် ကြည့်လိုက်သည်။ ထိုယောက်ျားက ဤတစ်ကြိမ် ရူးမိုက်ကာ အဓိကဇာတ်လိုက် ဆိုလျှင်........ဟီးဟီး။ သူအသေအချာကို ပညာပေးမိလိမ့်မည်။

တစ်ချိန်ထဲမှာပင် ချင်းယွင် ယိုဒါအား ကြည့်လိုက်သည်။ ထိုတစ်ယောက်က သူ့ကိုယ်ပိုင်မိသားစုအမွေကို ဆက်ခံသည်မှာ သိပ်မကြာသေးပေ။ သူက အခုထိ ကြည့်နေသေးသည်။ ယခုအခါ သူ၏ ရှန်မင်းရယ်အပေါ် စိတ်ပျက်မှုနှင့် မနှစ်မြို့မှုကို လုံးဝမဖုံးကွယ်ထားပေ။

အချုပ်ပြောရလျှင် ယောက်ျားနှစ်ယောက်လုံးက ချင်းယွင်အားအလွန်မသက်မသာဖြစ်စေသည့် အကြည့်ဖြင့်ကြည့်နေကြသော်လည်း ချင်းယွင်က ၎င်းကို အလွန်ပုံကြီးချဲ့မနေပေ။ သူ့နှုတ်ခမ်းထောင့်မှ အနည်းငယ်ကော့တက်နေမှုလေးကသာ သူ၏စိတ်ထဲ၌ဘာတွေးနေသည်ကို အစစ်အမှန်ဖော်ပြနေသည်။

အမှန်ပြောရလျှင် ချင်းယွင်က ထိုလူနှင့် ကျပန်းတွေ့ဆုံရသည်ကို နှစ်သက်သည်။ သူတို့တွေ့သည့်အခါတိုင်း၌ ခြားနားသောဖြစ်ရပ်များ၊ ကွဲပြားသော အနေအထားများနှင့် စိတ်ပိုင်းဆိုင်ရာ တိုက်ဆိုင်မှုတို့က ချင်းယွင်အား အလွန်စိတ်ဝင်စားစေသည်။

ချင်းယွင်က စိတ်ထဲတွင် ကျေနပ်နေသည်။ ထိုယောက်ျားက မည်သူ၏ ကိုယ်ထဲရောက်လာမည်ကို သူဂရုမစိုက်ပေ။ သူက ခြွင်းချက်မရှိ သူ့အပိုင်ပင်။ ဟုတ်တာပေါ့။ သူ ထိုယောက်ျားနှင့်ပက်သက်၍ မကျေနပ်လျှင် သင့်လျော်သလို ဆက်ဆံ၍ ကောင်းကောင်းသင်ပေးရမည်။

မည်သို့ပင်ဆိုစေ ယိုဒါက သူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ချင်းယွင်က ယခုဇာတ်ကြောင်းအတိုင်း ပြုမူရမည်။

သူက လက်ထဲမှ ဓားနှင့်ခရင်းကို အေးစက်စွာ ချလိုက်ရာ သတ္ထုနှင့် ကြွေည်တို့ တိုက်မိသည့် ကြည်လင်သောကြွပ်ဆတ်ဆတ်အသံထွက်လာသည်။

ညစာစားသည့် စားပွဲမှ အခြားနှစ်ယောက်လည်း လူငယ်လေးထံ အကြည့်ရောက်လာကြသည်။

ရှန်မင်းရယ်က ခေါင်းမော့ကာ ဖုန်းဖေ့မင်ကို အရင်ကြည့်သည်။ ထိုတစ်ယောက်၏ မျက်လုံးထဲမှ ဟန်ဆောင်ထားသော ကြင်နာမှုက သူ့ကိုသတ္တိကြီးကြီးမားမားပေးလိုက်ပုံပေါ်သည်။ သူအသက်တစ်ချက်ပြင်းပြင်းရှူလိုက်ပြီး မျက်ခုံးမြှင့်ကြည့်နေသော ယိုဒါကို လေးလေးနက်နက်မျက်နှာချင်းဆိုင်လိုက်သည်။

"သခင် အယ်မွန်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်ပြောမယ့်စကားက အရမ်းရိုင်းလောက်ပေမယ့် ဒီရက်တွေအတွင်း ကျွန်တော်အပြန်ပြန်အလှန်လှန် တွေးမိပြီးတဲ့နောက် ဒီဟာပြောဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားရဲ့ အချိန်တွေကို ကျွန်တော့်အတွက်နဲ့ ဖြုန်းမိမှာကို ကြည့်မနေနိုင်ပါဘူး။ "

ယိုဒါ၏ မျက်မှောင်ကြုတ်ခြင်းက ပိုဆိုးလာသည်။ ထိုစကားများပြောရင်းဖြင့် စိုးရိမ်မှုကြောင့်နီရဲလာသော ရှက်နေသည့်ကောင်လေးအားကြည့်ကာ စိတ်ထဲအထင်သေးမိသည်။ သူဘာပြောနိုင်မှာမို့လို့လဲ။ သူတို့ရဲ့ လက်ထပ်ဖို့သဘောတူညီချက်အကြောင်းကိုတောင် ပြောရဲတယ်လား။

ယိုဒါ၏ မျက်လုံးထဲမှ မလေးစားမှုကိုတွေ့ကာ လူငယ်လေးက ပိုပူပန်လာပုံပေါ်သည်။ သို့သော် သူ့နှလုံးသားထဲတွင် ထောက်ခံပေးနေသည့် အချို့ယုံကြည်ချက်များရှိသည့်ပုံဖြင့် နောက်ဆုံးတွင်တော့ သူပြောချင်သည်အား ပြောရန်သတ္တိရှိလာသည်။ " သခင် အယ်မွန်ကို အရမ်းအားနာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကြားက လက်ထပ်ဖို့သဘောတူညီချက်ကို သဘောမတူနိုင်တော့ဘူး။ ကျွန်တော့် ကြိုက်တဲ့အခြားတစ်ယောက်ရှိနေပြီမို့လို့ပါ။ "

ထိုသို့ပြောပြီးနောက် ရှန်မင်းရယ်က ခေါင်းလှည့်ကာ ဘေးမှဖုန်းဖေ့မင်ကို ခိုးကြည့်လိုက်သည်။

ရှန်မင်းရယ်၏ စကားကိုကြားကာ စားပွဲမှ နှစ်ယောက်လုံးပြိုင်တူ ခဲတောင့်သွားကြသည်။ သူက ယိုဒါအားမျက်နှာချင်းဆိုင်၍ စေ့စပ်မှုအား ဖျက်သိမ်းရန် ပြောရဲလောက်အောင် သတ္တိရှိမည်ဟု မမျှော်လင့်ထားကြပေ။

လူငယ်လေး ယနေ့ဆေးမှားသောက်လာပုံပင်။ သူကသိသိသာသာ စိုးရိမ်နေသော်လည်း ယိုဒါအား လေးလေးနက်နက်တိတိကျကျ ထပ်ပြောသည်။ "အချစ်မပါတဲ့ ပေါင်းစည်းမှုက မှားယွင်းပြီး မမျှတဘူးလေ။ ဒါ့ကြောင့် ကျွန်တော် ဒီလိုတောင်းဆိုမှုမျိုး လုပ်ရတာပါ။ "

ခပ်ပိန်ပိန်လူငယ်လေး ရှန်မင်းရယ်က သူ့နှလုံးသားထဲမှ အချစ်၏တုံ့ပြန်မှုဖြင့် နှိုးဆွခံလိုက်ရပုံပေါ်သည်။ သူ့မျက်ဝန်းများက တလက်လက်တောက်ပနေသည်။

ဖုန်းဖေ့မင်က သူ့ကိုကြည့်ကာ စိတ်ထဲမှ မေးခွန်းထုတ်မိလိုက်သည်။ ရှန်မင်းရယ်က သူ့ကိုတကယ်အရမ်းကြိုက်တာလား။

ယိုဒါက လူငယ်လေးအား မယုံနိုင်စွာကြည့်နေသည်။ သူသည်လည်း စေ့စပ်မှုဖျက်ရန်လိုလားနေသော်လည်း လူငယ်လေးဘက်မှ အရင်ငြင်းခြင်းကြောင့် အရှက်ရမှုကို မထိန်းနိုင်ပေ။

လက်ထပ်ရန်သဘောတူညီချက်ကို ဖျက်ချင်၍ သူ့ဦးနှောက်အားအလုပ်ပေးခဲ့သော်လည်း သူ့အဖေအရင်း၏ အာဏာကြောင့် သူပြော၍မရပေ။ သို့သော် သူလုံးဝမနှစ်သက်သော ဤစေ့စပ်ထားသူက တည့်တိုးပြောလာသည်။ သူဘယ်ကသတ္တိတွေ ရလာတာလဲ။

ယိုဒါ ဘာမှပြန်မပြောနိုင်ခင် ဖုန်းဖေ့မင်၏ ကန့်ကွက်သံထွက်လာသည်။ "မင်းရယ်၊ တော်တော့။ "

သူက ဇွန်းကိုင်ကာစွပ်ပြုတ်ကို မွှေလိုက်သည်။ သူ့မျက်ခုံးများက ကိုင်းညွှတ်ကျနေကာ နဂိုကပင် မြိုသိပ်နေတတ်သောမျက်နှာကြောင့် သူ့စိတ်ထဲဘာရှိကြောင်း မြင်ရန်မဖြစ်နိုင်ပေ။ "လက်ထပ်ဖို့ သဘောတူညီချက်က မင်းတစ်ယောက်ထဲရဲ့ ကိစ္စမဟုတ်ဘူး။ အဲ့ဒါက မိသားစုနှစ်စုလုံးနဲ့ ဆိုင်တယ်။ ယိုဒါကလည်း ကလေးလျှောက်ပြောနေတာတွေကို နားမထောင်နဲ့။ "

ဖုန်းဖေ့မင်၏ စကားများက စားပွဲ၌ထိုင်နေသော လူနှစ်ယောက်၏ မျက်နှာများကို ညှိုးသွားစေသည်။

အထူးသဖြင့် ရှန်မင်းရယ်ပင်။ ဖုန်းဖေ့မင်၏ရှုထောင့်အရ သူလူငယ်လေး၏ သလင်းကဲ့သို့ တောက်ပသောမျက်ဝန်းများက ချက်ချင်းပျောက်ကွယ်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်ရသည်။ သူ့မျက်နှာက အနည်းငယ် ဖြူဖျော့သွားသလိုပင်။သို့သော် အစပိုင်းလေးသာ ခေတ္တသံသယဝင်ပြီးနောက် ဖုန်းဖေ့မင်က ရှန်မင်းရယ်၏ ခံစားချက်များကြောင့် ဒယိမ်းဒယိုင်မဖြစ်တော့ချေ။

သူက ရှန်မင်းရယ်ထံမှ အရာအားလုံးကို လုယူတော့မည်ဖြစ်ရာ ရှန်မင်းရယ်ကသူ့အား ဘာမှမမြိုသိပ်ထားဘဲ ချစ်လာမည်ဟု သူ မယုံကြည်ပေ။

ပက်တာဆန်မိသားစုပင်ဖြစ်စေ၊ ယိုဒါပင်ဖြစ်စေ ဖုန်းဖေ့မင်က အကုန်လုံးကို ယူမည်ဖြစ်သည်။ ထို့ကြောင့် ရိုးသားစွာပြောရလျှင် ပက်တာဆန်မိသားစုတွင်ကြီးပြင်းခဲ့သော ရှန်မင်းရယ်က ဤမျှတုံးအမည်ဟု သူမထင်ပေ။

ထိုတစ်ယောက်၏ စိတ်ထဲဘာတွေးနေမည်ကို မည်သူမျှမပြောနိုင်ပေ။

သူက ပါးစပ်ထောင့်များကို ကျော့ရှင်းစွာ သုတ်လိုက်သည်။ ကြားရက်များအတွင်း ရှန်မင်းရယ်အပေါ်စောင့်ကြည့်မှုကို တိုးမြှင့်သင့်သည်ဟု ကိုယ့်ဘာသာတွေးလိုက်သည်။

ဖုန်းဖေ့မင်၏ အနည်းငယ်တည်နေသော မျက်နှာကိုမြင်ကာ ချင်းယွင် စိတ်ထဲနှာခေါင်းရှုံ့လိုက်သည်။ မည်သို့ပင်ဆိုစေ သူနှင့်ယိုဒါ၏ ကြားမှ လက်ထပ်ရန်သဘောတူညီချက်မှာ ပျက်ကိုပျက်ရမည်။ သူကြိုက်သော တစ်စုံတစ်ယောက်ရှိနှင့်နေပြီးဖြစ်ရာ လက်ထပ်ခြင်းသဘောတူညီချက်ကိုယ်တိုင်က ရှန်မင်းရယ်အတွက် လေးလံသောဟန့်တားချက်ဖြစ်နေသည်။

ထို့ကြောင့်လူငယ်လေးက လက်ထပ်ခြင်းသဘောတူညီချက်အပေါ်တွင် ယခင်နှင့်မတူစွာဆုံးဖြတ်ချက်ခိုင်မာနေကြောင်း ယိုဒါနှင့်ဖုန်းဖေ့မင်တို့နှစ်ယောက်လုံး သိလိုက်ရသည်။ သူက ဖုန်းဖေ့မင်ကို စိတ်ပျက်မှုအနည်းငယ်ဖြင့် ကြည့်လိုက်သော်လည်း ပြတ်ပြတ်သားသားပြောနေသေးသည်။ "သခင် အယ်မွန်နဲ့ လက်ထပ်ဖို့သဘောတူညီချက်ကို ကျွန်တော့်ဘက်က ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပါဘူး။ သဘောတူညီချက်က ဥပဒေအရ အကြုံးမဝင်ဘူးလေ။တစ်ဖက်လူက ငြင်းရင် အဲ့ဒါက အလိုအလျောက်ပျက်ပြီလို့ ယူဆလို့ရတယ်။ ဒါကျွန်တော့ရဲ့ သဘောထားပဲ။ "

ထိုသို့ပြောပြီးနောက် လူငယ်လေးက ထရပ်ကာ ထမင်းစားခန်းထဲမှ ထွက်သွားသည်။

ညစာစားပြီးနောက် ယိုဒါလည်း ပြန်သွားသည်။

*******

အယ်မွန်မိသားစုအိမ်သို့ပြန်ရောက်သောအခါ ယိုဒါ၏မျက်နှာ ညှိုးနွမ်းနေသည်။ သို့သော် ဖုန်းဖေ့မင် မှန်ကြောင်း သူသိသည်။ သူနှင့် ရှန်မင်းရယ်တို့ကြားမှ လက်ထပ်ခြင်းသဘောတူညီချက်မှာ မိသားစုနှစ်ခုပေါင်းစည်းခြင်းဖြစ်သည်။ သူတို့ ကိုယ့်ဘာသာချိုးဖျက်နိုင်သော တစ်စုံတစ်ရာ ဟုတ်မနေချေ။

ယိုဒါ သူ့ဂျက်ကတ်ကို ချွတ်လိုက်ကာ ဘေး၌စောင့်နေသော အိမ်အကူကို ကမ်းပေးလိုက်သည်။ ၎င်းအကြောင်းကိုတွေးရင်း သူမေးလိုက်သည်. "အဖေ...အခုအားနေလား။ "

ဆံပင်များဖြူနေသော အိမ်ထိန်းက ပြုံး၍ပြန်ပြောသည်။ "သခင်ကြီးက တစ်နေ့လုံး စာဖတ်ခန်းထဲမှာ နေနေပါတယ်။ "

ယခုအခါ စက်ရုပ်အိမ်အကူများအလွန်ခေတ်စားနေသော်လည်း စက်ရုပ်များကိုအများဆုံးထုတ်လုပ်သူ အယ်မွန်မိသားစုတွင် သာမန်လူများကိုသာ အိမ်အကူခန့်ထားသည်။ အိုမင်းနေသော အိမ်ထိန်းကြီးသည် အယ်မွန်မိသားစုထံ ရှိနေသည်မှာ နှစ်သုံးဆယ်ရှိပြီဖြစ်ကာ ယိုဒါ၏ အဖေထံမှပင် အလေးပေးခံရသည်။ ယိုဒါပင် သူ့ကို မလေးမစား မဆက်ဆံရဲပေ။

"သခင်လေးမှာ ကိစ္စတစ်ခုခုရှိရင် ကျွန်တော် မေးပေးရမလား။ "

" ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်။ " အိမ်ထိန်းက ကူညီရန်လိုလားကြောင်းတွေ့၍ ယိုဒါစိတ်သက်သာသွားသည်။

သူက အပေါ်ယံတွင် အယ်မွန်မိသားစုကို ဆက်ခံထားသော်လည်း မိသားစုတွင်း အမှန်တကယ်အာဏာရှိသူမှာ သူ့အဖေ အေဟတ်ဖြစ်သည်။ အယ်မွန်မိသားစု၏ အင်ပါယာက E တိုင်းပြည်တစ်လျှောက် ဖြန့်ကျက်ထားသည်။ ခုခံရေး လက်နက်များမှစ၍ အမှိုက်အိတ်အထိ နေရာစုံတွင် အယ်မွန်မိသားစု၏တံဆိပ်ကိုတွေ့နိုင်သည်။

အယ်မွန်မိသားစုတွင် ထိုအပေါ်ယံလုပ်ငန်းများသာမကမှန်း ယိုဒါအနည်းငယ်သိသည်။ ၎င်းက E တိုင်းပြည်တစ်လျှောက် နစ်မြုပ်နေသော သတ္တဝါကြီးနှင့် ပိုတူသည်။ သူ့ဖုံးကွယ်ထားသော လမ်းကြောင်းများကိုသုံးကာ တိုင်းပြည်၏ ကဏ္ဍအစုံကို ထိန်းချုပ်ထားသည်။

ခဏကြာသောအခါ အိမ်ထိန်းက အေဟတ်၏ စာဖတ်ခန်းထဲမှ ထွက်လာကာ ယိုဒါကို ခေါင်းညှိတ်ပြသည်။ "သခင်လေး ဝင်လို့ရပါပြီ။ ကျေးဇူးပြု၍ ဂရုစိုက်ပေးပါ။ "

အိမ်ထိန်း၏ သတိပေးစကားက ယိုဒါ၏ပူပန်မှုကို ချက်ချင်းမြင့်လာစေသည်။ အိမ်ထိန်း၏ စကားထဲမှ အဓိပ်ပါယျကိုသူအနညျးငယျ မရှင်းမလင်း သဘောပေါက်သည်။

သူ့အဖေက ယခုအချိန်တွင် ပန်းချီဆွဲနေမည်ကိုပင် သူကြောက်မိသည်။

စာဖတ်ခန်း၏ တံခါးအားတွန်းဖွင့်ကာ ဝင်လာပြီးနောက် ယိုဒါမသိစိတ်ဖြင့် အသက်အောင့် ခြေဖော့လိုက်မိသည်။ နောင်တလှိုင်းကြီးက ရုတ်တရက်လွှမ်းခြုံလာသည်။ သူ့အဖေကို လက်ထပ်ခြင်းသဘောတူညီချက်အကြောင်း မေးရန် သူအတင့်မရဲခဲ့သင့်ပေ။

သူအခုလေးတင် အပြင်မှပြန်လာပြီး လက်လည်းမဆေးလာရာ သူ့အဖေအား မည်သည့်ငြိုငြင်မှုမျှမဖြစ်စေရန် မျှော်လင့်မိသည်။

ထိုအခန်းသည် နံရံပေါ်တွင် ပန်းချီကားများ ချိတ်ထားသော လင်းထင်းသည့် အခန်းတစ်ခန်းပင်။ အစပိုင်းတွင် ၎င်းတို့က ဆီဆေးပန်းချီကားများ ဖြစ်သော်လည်း သူတို့ကိုခြယ်သသောနည်းလမ်းမှာ တဖြည်းဖြည်း ပြောင်းလဲသွားကာ အရှေ့တိုင်းရိုးရာပန်းချီများဖြစ်လာသည်။ ပန်းချီကားများပိုင်ရှင်က သူ့စိတ်ထဲမှ မြင်ကွင်းကိုရုပ်လုံးဖော်ရန် ပြည့်စုံသောနည်းလမ်းကို ဖြည်းဖြည်းချင်း သဘောပေါက်လာသည့်ပုံပင်။

မည်သို့ပင်ဆိုစေ အခန်းအနှံ့တွင် ချိတ်ထားသော ပန်းချီကားများက လူများ၏နှလုံးသားအား တုန်ရီစေနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဤပန်းချီကားများထဲတွင် တူညီသောမြင်ကွင်း တစ်ခုကိုသာ ပုံဖော်ထားသည်။

အခန်းထဲမှ ယောက်ျားက ပန်းချီဆွဲခြင်းပြီးသွားကာ သူ့ပန်းချီကားအသစ်ကို မတ်တပ်ရပ်၍ ဂရုတစိုက်စစ်ဆေးနေသည်။

ထိုလူက Eတိုင်းပြည်၏ စီးပွားရေးကွင်းဆက်ကို ထိန်းချုပ်ထားသည့်  အယ်မွန်မိသားစု၏ အစစ်အမှန်အာဏာရှိသူ အေဟတ်ဖြစ်သည်။

သူ့တွင် ယိုဒါအရွယ်သားတစ်ယောက်ရှိနေသော်လည်း အသက်လေးဆယ်မရှိသေးသဖြင့် အိုသည်ဟုပြောမရပေ။ အခြားအနောက်တိုင်းသားများကဲ့သို့ အိုမင်းလာပုံမပေါ်ဘဲ အချိန်က အေဟတ်၏မျက်နှာပေါ်တွင် သဲလွန်စများ မချန်ထားခဲ့ပုံပင်။ သူ့ကိုယ်ရည်ကိုယ်သွေးကသာ အလွန်ကြောက်မက်ဖွယ်ကောင်းစွာ တည်ငြိမ်လာသည်။

ထိပ်ဆုံးတွင်နေခဲ့သည်မှာ ကြာပြီဖြစ်၍ သူ၏ကိုယ်ရောင်ကိုယ်ဝါများ သိပ်သည်းလာခြင်း သို့မဟုတ် သူ့စိတ်ဝိညာဉ်ထဲမှ ကြာရှည်စွာတည်ရှိခဲ့သော လွှမ်းမိုးမှုကြောင့်ဖြစ်နိုင်သည်။ ဤရှုပ်ထွေးသောအချက်များက သူ့မြစိမ်းရောင်မျက်ဝန်းများကို တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်အား စုပ်ယူနိုင်သည်အထိ အသူတစ်ရာချောက်ကဲ့သို့နက်ရှိုင်းစေသည်။

အခန်းထဲမှ ယောက်ျားမှာ ညအိပ်ဝတ်စုံကို လျော့တိလျော့ရဲဝတ်ဆင်ထားသော်လည်း သူ့အရှိန်အဝါက တစ်ဖက်လူကို တုန်လှုပ်စေသဖြင့် ယိုဒါ၏ခေါင်း၌ ချွေးစေးများထွက်လာသည်။ ယိုဒါက ခေါင်းကိုကိုင်းနေအောင်ငုံ့ကာ သူ့ခြေမများကိုသာ ကြည့်နေသည်။ အခန်းတစ်ဝိုက်ကို ငေးမကြည့်ရဲပေ။ အေဟတ်၏ ပန်းချီများကို မကြည့်မိစေရန် ရှောင်နေသည်။

အခန်းထဲမှ ယောက်ျားနှင့်ယှဉ်လျှင် ယိုဒါကအသက်နှစ်ဆယ်ကျော်သာရှိသေးသည်။ လူအများက သူ၏ပြည့်စုံမှုအကြောင်းကို ဂုဏ်ပြုချီးကျူးကြသော်လည်း ထိုယောက်ျား၏အရှိန်အဝါအောက်တွင် သူ့ကိုယ်သူပိုးမွှားတစ်ကောင်ကဲ့သို့ ယိုဒါခံစားရသည်။

ယိုဒါက သူ့အဖေကို အလွန်ကြောက်ရွံ့သည်။ သူက အေဟတ်ဆယ်ကျော်သက်အရွယ်မှ အမှားတစ်ခု၏ ရလဒ်မှန်းသိသည်။ ထို့ကြောင့်သူ၏မိသားစုဆက်ခံသူ ရာထူးဖြင့် မမောက်မာရဲပေ။

အဘယ့်ကြောင့်ဆိုသော် အေဟတ်ငယ်သေးမှန်းလူတိုင်းသိသည်။ သူက ဆက်ခံသူတစ်ယောက်မလိုသေးပေ။ သူသာ အခြားကလေးများလိုချင်လျှင် ထပ်ယူနိုင်သေးသည်။

ယိုဒါ၏ မှတ်ဉာဏ်ထဲတွင် သူ့အဖေ၌ ထိုကဲ့သို့သော ကြောက်မက်ဖွယ် အရှိန်အဝါမျိုး အရင်ကမရှိခဲ့ပေ။ သူ့နည်းလမ်းများမှာလည်း ယခုကဲ့သို့ မရက်စက်ခဲ့ပေ။

တစ်နေ့သောအခါ အယ်မွန်မိသားစုကို ယိုဒါထံလွှဲပေးမည်ဖြစ်ကြောင်း အေဟတ်ရုတ်တရက်ကြေငြာလိုက်သည်။သူက အနားယူကာ နောက်ကွယ်တွင် အမှောင်ထဲမှ မိသားစုစီးပွားရေးများကို အာရုံစိုက်မည်။

ထို့နောက် အေဟတ်က ပန်းချီဆွဲခြင်းကို စွဲလမ်းလာသည်။ မိသားစုကိစ္စများကို ဖြေရှင်းသည့် အချိန်မှလွဲ၍ ကျန်သည့် သူ့အချိန်အားလုံးနီးပါးကို ပန်းချီဆွဲရာ၌သာ သုံးခဲ့သည်။ စာဖတ်ခန်းကို ထပ်ချဲ့ကာ ပန်းချီဆွဲခြင်းနည်းလမ်းအမျိုးမျိုးအား လေ့လာခဲ့သည်။

ယိုဒါ မိသားစုစီးပွားရေးကို စတင်ဆက်ခံရစဉ်က ဤအခန်းသို့လာကာ အေဟတ်၏ပန်းချီကားထဲမှ မြင်ကွင်းကို မြင်ဖူးသည်။

၎င်းက ရိုးရှင်းသော အခန်းထဲတွင် ဝေဝေဝါးဝါး အချက်အလက်များနှင့် အခန်းအလယ်မှ ဆိုဖာပေါ်၌ထိုင်နေသော လူတစ်ယောက်ပုံသာပါသည်။

ထိုလူနှင့် ဝန်းရံနေသော ခေတ်မှီသည့်အခန်းပုံစံက လွဲနေသလိုဖြစ်နေသော်လည်း မူမမှန်စွာ လိုက်ဖက်ညီနေသည်။ ပန်းချီကားထဲမှ တစ်ဦးတည်းသောလူက ဝတ်ရုံကိုဖရိုဖရဲဝတ်ထားကာ အနားစကကော်ဇောပေါ် ထိလုနီးနီးပင်။ ရှည်လျားသောအနက်ရောင်ဆံနွယ်များက ရေတံခွန်ကဲ့သို့ဖြာကျနေကာ အသက်ရှူမှားလောက်ဖွယ် ဆွဲဆောင်မှုရှိရှိအဆုံးသတ်သွားသည်။

မည်သို့ပင်ဆိုစေ ပန်းချီကားထဲတွင် လူ၏မထင်မရှားပုံရိပ်ကလေးသာပါသည်။ အေဟတ်က ထိုလူကို ပန်းချီကားထဲတွင် ရှုထောင့်ပေါင်းစုံမှဆွဲထားသော်လည်း ထိုလူ၏မျက်နှာကိုမမြင်ရ သို့မဟုတ် ထိုလူက ယောက်ျားမှန်း မိန်းမမှန်းပင် ပြောမရချေ။

ထိုဝေဝေဝါးဝါး ပုံရိပ်ချည်းသက်သက်က ယိုဒါကို အိပ်မက်ဆိုးကဲ့သို့ ပြစ်ဒဏ်ခံရစေခဲ့သည်။

သူ့အဖေက သူ့မျက်လုံးများကို ကော်ထုတ်ခဲ့လုနီးနီးပင်။ ထိုအဖြစ်ကို ပြန်တွေးရုံနှင့်ပင် မျက်လုံးနှစ်ဖက်စလုံး နာကျင်လာသလို ခံစားရသည်။

ပန်းချီကားထဲမှ စိတ်ကူးယဉ်ဆန်သောလူအပေါ် အေဟတ်၏ပိုင်စိုးလိုမှုက အဆုံးစွန်ပင်။ အေဟတ်က မိသားစုလုပ်ငန်းများကို အစီအစဉ်တကျ ဆောင်ရွက်နိုင်ကြောင်းကိုသာ သူ မတွေ့မိလျှင် သူ့အဖေရူးသွားသည်ဟု ယိုဒါထင်မိလိမ့်မည်။

သူက သူ့ပန်းချီကားပေါ်မှ ဝေဝေဝါးဝါး ပုံရိပ်လေးနှင့် ချစ်ကျွမ်းဝင်နေသည်။

သူ့အနောက်မှ ယိုဒါကို လျစ်လျူရှုကာ အေဟတ်က ပိတ်ကားပေါ်မှ လူ၏ဆံပင်ကို ကြင်နာစွာပွတ်ပေးနေသည်။ မြင့်မြတ်သောမျိုးနွယ်၏ အမှတ်လက္ခဏာ မြစိမ်းရောင်မျက်ဆန်များတွင် တောင့်တမှု၊ ဇဝေဇဝါဖြစ်မှုများ ဖုံးလွှမ်းနေသည်။

ဒီတစ်ယောက်က ဘယ်သူလဲ။ သူက သူ့အသွင်အပြင်ကို ဆွဲနိုင်တယ်ဆိုတော့ မှတ်လည်းမှတ်မိနိုင်ပြီး ရှာတွေ့နိုင်မှာလား။

သို့သော် အေဟတ်မည်မျှကြိုးစားပါစေ ထိုလူ၏မျက်နှာကို ပုံမဖော်နိုင်ပေ။ တစ်ခါက အေဟတ် ပိတ်ကားပေါ်မှ လူ၏မျက်နှာကို ပုံဖော်ရန်ကြိုးစားခဲ့ဖူးသော်လည်း မျဉ်းလေးတစ်ကြောင်းကပင် ပန်းချီကားထဲမှလူ၏ အရှိန်အဝါကို လုံးဝပျက်စီးသွားစေခဲ့ရာ အေဟတ်အသည်းကွဲခဲ့ရသည်။

"အဖေ....အဖေ..." ယိုဒါက တုံ့ဆိုင်းနေပြီးနောက် ခပ်တိုးတိုး ပြောလိုက်သည်။

"ဘာကိစ္စလဲ။ "အေဟတ်က အေးစက်စက်ပြောသည်။ သူ့သားကို အာရုံသိပ်မစိုက်ပေ။

"ကျွန်တော်.." ယိုဒါ တံတွေးမြိုချမိသည်။ ထို့နောက် ညစာစားခဲ့သည့် စားပွဲမှ လူငယ်လေး၏ အကြောက်အရွံ့ကင်းမဲ့သောမျက်ဝန်းများကို ပြန်သတိရကာ ကိုယ့်ဘာသာ ချက်ချင်းအားတင်းလိုက်သည်။

ယိုဒါ မင်းက အားနည်းတဲ့ကောင်လေး တစ်ယောက်ကိုတောင် မယှဉ်နိုင်ဘူးပဲ။

" အဖေ ကျွန်တော်တို့နဲ့ ပက်တာဆန်မိသားစု စေ့စပ်ထားတာကို ဖျက်လိုက်လို့ရမလား။ " ယိုဒါက သူ့အဖေကို ကျေနပ်လောက်အောင် ကြိုးစားနေသည်။ "ကျွန်တော်တို့က တခြားမိသားစုနဲ့ ပေါင်းစည်းရလောက်အောင် မလိုအပ်ဘူး မဟုတ်လား။ "

"အကယ်၍ အဖေ သဘောမတူဘူးဆိုရင် အခြားတစ်ယောက်ယောက်ကို စဉ်းစားလို့ရမလား။ အခု ဖုန်းဖေ့မင်က ပက်တာဆန်မိသားစုအတွက် တာဝန်ရှိနေတော့....ကျွန်တော်ထင်တာ....."

"မင်းရွေးလို့မရမှန်း မင်းသိမှာပါ။ " အေဟတ်က ယိုဒါအား အေးစက်စက်ဖြတ်ပြောလိုက်သည်။ သူက သူ့သားအပေါ် မည်သည့်ခံစားချက်မျှမရှိပေ။ သူနှင့် လက်ထပ်ခြင်းသဘောတူညီချက်ကိစ္စကို ဆွေးနွေးရန် စိတ်မဝင်စားပေ။

"ဟုတ်ကဲ့ပါ။ " ငြင်းဆန်၍မရသော အေဟတ်၏စကားများကို ကြားသည်နှင့် ယိုဒါ၏ပုခုံးများ ချက်ချင်းကိုင်းကျသွားသည်။ သို့သော် သူရှန်မင်းရယ်၏ စကားများကို ပြန်မှတ်မိကာ ကြောက်ရွံ့တုံ့ဆိုင်းစွာ ပြောလိုက်သည်။ " အဖေ၊ ကျွန်တော်တစ်ယောက်ထဲ မဟုတ်ပါဘူး။ အခြားတစ်ဖက်က စေ့စပ်ထားတဲ့သူ၊ ပက်တာဆန်မိသားစုရဲ့ ရှန်မင်းရယ်လည်း သူသဘောတူညီချက်ကို အသိအမှတ်မပြုဘူးလို့ သေချာပြောလိုက်တယ်။...ဒါဆို ဒီသဘောတူညီချက်က အကျုံးဝင်သေးလား။ "

ယိုဒါ၏ စကားများကိုကြားသည်နှင့် အေဟတ်အနည်းငယ် စိတ်ဝင်စားလာသည်။ မြစိမ်းရောင်မျက်ဝန်းများက ယိုဒါထံ ရောက်လာသည်။ " Oh? ရှန်မင်းရယ်လား။ သူက ရဲရင့်တဲ့ကောင်လေးပဲ။ "

တစ်စုံတစ်ယောက်က သူ့ကိုမနာခံရဲမည်ဟု အေဟတ်မမျှော်လင့်ထားပေ။ ကောင်လေးက မှန်သည်။ လက်ထပ်ခြင်းသဘောတူညီချက်၏ တစ်ဖက်လူက သဘောတူညီချက်ကို ဖျက်လိုက်သည်နှင့် ၎င်းကဆက်အကျုံးမဝင်တော့ပေ။

သို့သော် ပုံမှန်အခြေအနေမျိုးအတွက်သာဖြစ်သည်။ အေဟတ်၏ လုပ်နိုင်စွမ်းနှင့်သာဆိုလျှင် ရှန်မင်းရယ်က သူ့ပြောဆိုခွင့်ဆုံးရှုံးသွားစေရန် လုပ်ဆောင်နိုင်သည်။

သို့သော် မည်သည့်ကိစ္စတွင်မဆို တစ်ဖက်လူ၏ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းက သူ့အားအနည်းငယ်ပြဿနာတက်စေသည်။ ထို့ကြောင့် အေဟတ် သူ့သားကို ပို၍စိတ်ပျက်စွာ ကြည့်မိသည်။ သူက လက်ခါပြကာ ယိုဒါကို ထွက်သွားခိုင်းလိုက်သည်။ "ဒီကိစ္စနဲ့ပက်သက်ပြီး မင်းဘာသာစိုးရိမ်မနေနဲ့။ ငါ့မှာကိုယ်ပိုင် အစီအစဉ်တွေရှိတယ်။ "

*****

ယိုဒါထွက်သွားပြီးနောက် ကော်ဇောပေါ်မှ မူမမှန်သောအရာဝတ္ထုတစ်ခုကို အေဟတ်ရုတ်တရက်တွေ့လိုက်သည်။ သူချက်ချင်းမျက်မှောင်ကြုတ်မိသွားကာ ၎င်းကိုကောက်လိုက်သည်။ အခြားလူများက သူ့ပန်းချီကားများအား ပျက်စီးစေလိမ့်မည်စိုးသဖြင့် အေဟတ်က ဤစာဖတ်ခန်းကို ကိုယ်တိုင်ရှင်းလင်းသည်။

အေဟတ်က သူ့လက်ထဲမှ သေးငယ်သော အစိတ်အပိုင်းလေးတစ်ခုကို ကြည့်ကာ စက်ရုပ်တစ်ရုပ်မှ အစိတ်အပိုင်းမှန်းသိသွားသည်။ အယ်မွန်စံအိမ်တစ်အိမ်လုံးတွင် စက်ရုပ်တစ်ရုပ်မျှမရှိရာ ဤအရာကို ယိုဒါယူလာခြင်း ဖြစ်ရမည်။

ထိုအရူးကောင်ကို သူ့စာဖတ်ခန်းထဲ မလာခိုင်းခဲ့သင့်ပေ။ ကျန်ခဲ့သော ဤအရာက သူ့ပန်းချီကားများကို ပျက်စီးစေခဲ့လျှင်....

အေဟတ်၏ ဒေါသထွက်ကာ သောကရောက်နေသောအဖြစ်သည် ပန်းချီကားပျက်စီးသွားမည်ကို စိုးရိမ်နေခြင်းမဟုတ်ဘဲ ပန်းချီထဲမှလူ နာကျင်သွားမည်အား ပူပန်နေပုံနှင့် ပိုတူသည်။

သို့သော် အေဟတ်သူ့လက်ထဲမှ အရာဝတ္ထုအား မလွှင့်ပစ်နိုင်သေးခင် ရုတ်တရက်မူးနောက်လာသည်။

******

အေဟတ် မျက်လုံးပြန်ဖွင့်လိုက်သောအခါ ပယင်းရောင်မျက်ဝန်းတစ်စုံနှင့် အကြည့်ဆုံသွားသည်။

ဤတောက်တောက်ပပမျက်ဝန်းများ၏ ပိုင်ရှင်သည် သူ့ကိုမော့ကြည့်နေသည်။ ရေချိုးပြီးနောက်စိုနေသေးသော သူ့ဆံပင်က မျက်နှာ၌ကပ်နေသေးရာ လူငယ်လေးအား ပိုနူးညံ့သိမ်မွေ့သွားစေသည်။

"ကေ၊ ဖေ့မင်က ဒီည ညစာပြန်စားမှာလား။ "

အေဟတ်က သူ့ရှေ့မှ မြင်ကွင်းကြောင့် ဇဝေဇဝါ ဖြစ်နေသည်။ ဤလူငယ်လေးက မည်သူမှန်း၊ သူ့ရှေ့ဘာကြောင့်ရောက်နေမှန်း သူနားမလည်ပေ။

မသိမသာမျက်မှောင်ကြုတ်မိရင်း သူ မလှုပ်ရှားနိုင်ကြောင်း ရှာတွေ့သွားသည်။ အချို့အချက်အလက်များ သူ့ဦးနှောက်ထဲ ရောက်လာသည်။

ကေသည် သူ့သခင်ပေးထားသော နာမည်ဖြစ်ပြီး ဆယ်ကျော်သက်ကောင်လေး ပြောသော ဖေ့မင်သည် သူ့သခင်ဖြစ်လိမ့်မည်။

အေဟတ်၏ မျက်နှာကြီး ချက်ချင်းမဲမှောင်သွားသည်။ သူက စက်ရုပ်အိမ်အကူ၏ ကိုယ်ထဲရောက်လာသည်။

















Continue Reading

You'll Also Like

3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
444K 10.6K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
207K 27.1K 26
Title-He Doesn't Know I'm Dead Original Author-时崽 Type-Web Novel 21 Chapters + 4 Extras Eng Translator-SweetLiesBL From Foxaholic https://www.foxahol...
347K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...