ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

61

7.8K 1.4K 202
By Vanilla_IceCream61

ရှိန့်ဖုန်း၏ အဆင့်တစ်ဆယ်စွမ်းအားက ထပ်ထွက်လာပြန်သည်။ ၎င်းက လူသုံးယောက်ပတ်လည်မှ စွမ်းအင်အကာအကွယ်ကို ဖျက်ဆီးရန်လာနေသည်။

ထိုအချိန်မှာပင် အခန်းထဲမှ ထွက်လာဟန်တူသော ခြေညှပ်ဖိနပ်သံ ထွက်လာသည်။ အိပ်ရာမှနိုးလာသော ချင်းယွင်လေးက သူ၏ကြီးမားသောခြေညှပ်ဖိနပ်ကြီးများဖြင့် ထွက်လာသည်။

သူက မျက်လုံးများကို ပွတ်သပ်နေဆဲဖြစ်ကာ ဧည့်ခန်းထဲမှ လူစိမ်းများအား သတိမထားမိချေ။ သူက အိပ်ချင်မူးတူးဖြင့် ရှိန့်ဖုန်း၏ ရင်ခွင်ထဲ ခုန်ဝင်သွားသည်။ "ရှိန့်ဖုန်း၊ ရှိန့်ဖုန်း၊ ဗိုက်ဆာတယ်။....."

နူးညံ့အိစက်သော ချင်းယွင်လေးထံမှ အတိုက်ခံလိုက်ရသောကြောင့် ရှိန့်ဖုန်း၏ စွမ်းအင်ပြတ်တောက်သွားသည်။

ကြောက်ရွံ့နေသော လူသုံးယောက်က ထိုအခိုက်အတန့်လစ်လပ်မှုကို အခွင့်ကောင်းယူကာ ပြတင်းပေါက်မှချက်ချင်းလွတ်မြောက်သွားသည်။ အိမ်ထဲမှ အခြားငါးယောက်က အကြည့်လွှဲနေကြကာ ပါမောက္ခဝူနှင့်သူ့လူများကို တားရန်လုံးဝမလှုပ်ရှားကြပေ။

ကျန်းရုံလင်းက ရှိန့်ဖုန်း၏ ခွန်အားသက်ရောက်နိုင်သောနေရာမှ သူ့မြေကြီးစွမ်းအင်ကိုသုံး၍ ကမန်းကတမ်း ထွက်ပြေးသွားသည်။ အခြားတစ်ဖက်မှ ကျန်းရုံမူက ခြေတစ်လှမ်းပိုနှေးပြီး အခြေစခန်းတစ်ခုလုံးကို အကြောင်းကြားလိုက်သည်။ "ကမ္ဘာပျက်ကပ်ဆိုးကြီးကို အဆုံးသတ်နိုင်မယ့် သော့ချက်က ချင်းယွင်ပဲ။ သူ့ကို လွှဲပေးရင် လူတိုင်းအသက်ရှင်နိုင်မယ်။ မဟုတ်ရင် လူတိုင်း သေလိမ့်မယ်။ မင်းလည်းပါတယ် ရှိန့်ဖုန်း..."

သူရှိန့်ဖုန်းအား ခြိမ်းခြောက်၍မပြီးသေးခင်ပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းတွန့်လိမ်သွားသည်။  ထို့နောက် ခန္ဓာကိုယ်နှစ်ခြမ်းကွဲသွားကာ အသားစနှင့် သွေးများနေရာအနှံ့ ပြန့်ကြဲသွားသည်။

အခြေစခန်းမှ လွတ်လုနီးပါး ပါမောက္ခဝူနှင့် ကျန်းရုံလင်းတို့လည်း သွေးတစ်ပွက်အန်ထွက်သွားသည်။ ကျန်းရုံလင်းက ပါမောက္ခဝူကို ရှိန့်ဖုန်း၏စွမ်းအင်များထံမှ ကာကွယ်ပေးလိုက်ပြီး ပါမောက္ခဝူအား အပြင်မှ စောင့်ဆိုင်းနေကြသောလူများထံ ပို့ပေးနိုင်လိုက်သည်။

ရှိန့်ဖုန်းက ချင်းယွင်လေး၏ မျက်နှာအား ကာပေးထားပြီး သူ့မေးစေ့ဖြင့် ကလေး၏မျက်နှာကို နှစ်သိမ့်ပွတ်သပ်နေသည်။ သူက အခြေစခန်းထဲမှ ကြောက်ရွံ့နေကြပုံပေါ်သော လူတိုင်းအား အေးစက်စက်ကြည့်လိုက်သည်။ သူတို့အားလုံး သူ့ဘက်သို့ မယုံနိုင်စွာ ငေးကြည့်နေကြသည်။ သူ့ရင်ခွင်ထဲမှ ကလေးကို ကြည့်နေကြသည်။

သူ ကလေးအတွက် တည်ဆောက်ပေးခဲ့သော အိမ်လေးမှာ ပြိုလဲသွားပေပြီ။

ချင်းယွင်လေးက ကျန်းရုံမူ၏ စကားကြောင့် နိုးကြားလာသည်။ သူက သူ့မျက်လုံးကိုကာပေးထားသော ရှိန့်ဖုန်း၏လက်ကို ကုတ်ကာ မရေမရာဖြင့်မေးလိုက်သည်။ "သူ ဘာပြောသွားတာလဲ။ ခင်ဗျားဆီမှာ ဘာဖြစ်လာမယ်လို့ သူပြောသွားတာလဲ။ "

"ခင်ဗျားရော သေမယ်လို့ သူပြောချင်တာလား။ သေတယ်ဆိုတာ ဘာလဲ။ "ကလေးက ရုတ်တရက် ထိန်လန့်လာပြီး ရှိန့်ဖုန်း၏ ရင်ခွင်ထဲ ရုန်းနေသည်။

ခုနကပြောခဲ့သူမှာ အသားပုံကြီးအဖြစ်ပြောင်းလဲသွားသည်ကို သူ မသိဘဲ ပြတင်းပေါက်နားသို့ ပူပင်စွာသွားရင်း မေးလိုက်သည်။ "ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ရှိန့်ဖုန်းမှာ ဘာဖြစ်လာမှာ မို့လို့လဲ။ "

ကလေး၏ မေးခွန်းအား မည်သူမျှ ပြန်မဖြေရဲပေ။

ဩရှရှအသံဖြင့် ရှိန့်ဖုန်းသာ ချင်းယွင်လေးကို နှစ်သိမ့်နိုင်သည်။ "ရပါတယ်။ ကိုယ်အဆင်ပြေနေတုန်းပဲ။ သူက အဓိပ်ပါယျ မရှိတာတွေပြောနေတာ။ "

"တကယ်လား။ "ချင်းယွင်လေးက သံသယအနည်းငယ်ဖြင့် မေးလိုက်သည်။

"အင်း၊ ဟုတ်တယ်။ " ရှိန့်ဖုန်းက သူ့နှဖူးလေးကို နမ်းလိုက်ပြီး မျက်လုံးများကို ကာပေး၍ အိမ်ထဲခေါ်သွားသည်။ "ဗိုက်ဆာနေပြီမဟုတ်လား။ စားဖို့သွားရအောင်။ စောစောပြန်လာပြီး စားဖို့ကိုယ်ပြောသားပဲ ဒါပေမယ့် မင်းနားမထောင်ဘူးလေ။ ကြည့်၊ အခုမင်းဗိုက်ဆာနေပြီမဟုတ်လား။ "

ရှိန့်ဖုန်းက ချင်းယွင်အား အိမ်ထဲသို့ ခေါ်သွားသည်အား ကြည့်ကာ အခြေစခန်းတစ်ခုလုံး တိတ်ဆိတ်နေသည်။ ကျန်းရုံမူ မသေခင်ကပြောသွားသောစကားများသည် ကမ္ဘာပျက်ကပ်ခံစားနေရသော ဤလူများ၏နှလုံးသားထဲ အမြစ်တွယ်သွားသည်။ အချို့သော ခံစားချက်များ တိတ်တဆိတ် အစပျိုးလာသည်။

******

နောက်တစ်နေ့တွင် ရှိန့်ဖုန်းနှင့်ချင်းယွင်တို့ ပျောက်သွားကြောင်း ချန်းမင် ရှာတွေ့သွားသည်။ သူတို့ ခက်ခဲစွာကြိုးပမ်းတည်ဆောက်ထားသော အခြေစခန်းကို စွန့်ပစ်၍ ထွက်ခွာသွားကြသည်။

ချန်းမင်က ချင်းယွင်လေးထားခဲ့သောအရုပ်များကို သိမ်းဆည်းခဲ့ပြီး ချင်းယွင်၏အိပ်ရာဘေး၌ ယဉ်ပါးစွာလှဲနေသောကျားကြီးနှင့် ခေါင်မိုးနားတွင် ပတ်ပျံနေသော ခိုကို ကြည့်နေသည်။ သူတို့က နဂိုအတိုင်း ချင်းယွင်လေးပြန်လာမည်ကို စောင့်နေကြသည်.

သို့သော် သူတို့ ဘယ်တော့မှ ပြန်လာမည်မဟုတ်ကြောင်း ချန်းမင်သိသည်။

သူမ မျက်လုံးအပေါ်ရွှေ့လိုက်သည်နှင့် ပြတင်းပေါက်ဘောင်ပေါ်တွင် ဖူးပွင့်နေကြသော ပန်းရောင်ပန်းပွင့်လေးများအားတွေ့လိုက်ရသည်။ ရင်းနှီးသော ပန်းအိုးပုံစံကိုကြည့်ကာချန်းမင်သူ့အခန်းမှ တစ်ခုကို ပြန်တွေးမိသွားသည်။သူမက ရင့်မှည့်နေသော ဘယ်ရီသီးများကို စားခဲ့ပြီး ကျန်ခဲ့သောအပင်သည်လည်း ညှိုးနွမ်းသွားကာ သူမဂရုတစိုက်သိမ်းထားခဲ့သော ပန်းအိုးသာကျန်ခဲ့သည်။

ချန်းမင် မထိန်းနိုင်တော့ဘဲ ငိုသံကျယ်ကြီးဖြင့်ငိုတော့သည်။ သူမစိတ်ထဲမှ ရုန်းကန်နေရမှုအားလုံးကို ဖွင့်ထုတ်ငိုကြွေးလိုက်သည်။

သွား၊ သွား၊ သွားနိုင်သမျှ ဝေးဝေးသွားတော့။

******

"ရှိန့်ဖုန်း၊ ကျွန်တော်တို့ ဘယ်သွားမလို့လဲ။ "ချင်းယွင်လေးက ကားထဲတွင် ထိုင်နေရင်း သေချာအာရုံစိုက်မောင်းနေသော ရှိန့်ဖုန်းကို ကြည့်လိုက်သည်။ "ချန်းမင်နဲ့ တခြားလူတွေကို အတူမခေါ်လာဘူးလား။ ခိုနဲ့ တဟျောင်လဲ ကျန်သေးတယ်လေ။ "

"သူတို့ နောက်မှာပါတယ်။ မကြာခင် လိုက်လာလိမ့်မယ်။ "ရှိန့်ဖုန်းက ကလေးကို ကြင်နာစွာ ချော့လိုက်သည်။

"Oh " ချင်းယွင်လေးက ခေါင်းငုံ့လိုက်ပြီး သူ့လက်ချောင်းများဖြင့် ကစားနေသည်။ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူခံစားမိသည်။သူကခေါင်းလှည့်ကြည့်ရာ  ဇွန်ဘီများ လမ်းပေါ်လျှောက်သွားနေကြောင်း တွေ့နေရသည်။ ထိုရုပ်ဆိုးဆိုးအရာများမှာ အရင်ကနေရောင်ထဲပေါ်မလာဖူးကြောင်း သူမှတ်မိသည်။ ယခု ကွာခြားသွားပုံပင်။

******

ရှိန့်ဖုန်းက ချင်းယွင်အားခေါ်၍ ထွက်ပြေးသွားသည်။ သူက မည်သူကိုမျှ မယုံချေ။

ပို့ဆောင်ဆက်သွယ်ရေး ပျက်စီးနေသော ဤခေတ်တွင် သုတေသနဌာနက လူအင်အားနှင့်အရင်းအနှီးများစွာသုံးကာ ချင်းယွင်သတင်းကို ဖြန့်ခဲ့သည်။

ထို့ကြောင့် ခရီးစဉ်တွင် စိန်ခေါ်မှုများသည်။ ရှိန့်ဖုန်းက ဗီဇပြောင်း ဇွန်ဘီကောင်များကို ကာကွယ်ရရုံသာမက နောက်ယောင်ခံလိုက်နေသော စွမ်းအင်သမားတစ်အုပ်ကြီးကိုလည်း ဆန့်ကျင်နေရသည်။

ဤလူများက ချင်းယွင်ကိုဖမ်း၍ ဓာတ်ခွဲခန်းပို့ရန် ရူးသွပ်နေသည်။

ရှိန့်ဖုန်းက ချင်းယွင်အား မည်သူမျှမရှိသော တောင်တန်းများထံ ခေါ်သွားသည်။ လမ်းတစ်လျှောက်တွင် ကားများစွာပြောင်းစီးခဲ့ပြီး ၎င်းတို့ကို သူ ခိုးယူခဲ့ခြင်း ဖြစ်သည်။

သူ၏ ရက်စက်ပြီးလူမဆန်သော ဘက်ခြမ်းအား ကလေး၏မျက်စိရှေ့ ဖော်ပြကာ ထိုပြည့်စုံသည့်အိမ်မှခေါ်လာခဲ့ပြီး ကမ္ဘာကြီး၏ အပျက်စီးအယိုယွင်းဆုံး အချိန်အားတွေ့မြင်စေခဲ့သဖြင့် ရှိန့်ဖုန်းအလွန်အကျွံ မသက်မသာခံစားနေရသည်။

သူ့ကို ပို၍ကသိကအောက်ဖြစ်စေသည်မှာ သူ့လက်တွင် သွေးစွန်းနေသော်လည်း ကလေး၏ မျက်ဝန်းထဲတွင် သူ့ကို တွယ်ကပ်မှုများအပြည့်ရှိနေသေးခြင်းပင်။

လွန်ခဲ့သည့်နှစ်ရက်အတွင်း ရှိန့်ဖုန်းခြောက်ခြားစွာ အမြန်ပြေးထွက်လာခဲ့သည်။ အစပိုင်းမေးမြန်းစူးစမ်းသည်မှလွဲ၍ ကလေးကနောက်ပိုင်းပိုပိုတိတ်ဆိတ်လာကာ အရွယ်ရောက်နေသော ချင်းယွင်မပေါ်လာခဲ့ပေ။

ကြမ်းတမ်းသော တောင်ပေါ်လမ်းသို့ရောက်သောအခါ ရှိန့်ဖုန်းက ကားကိုစွန့်ပစ်လိုက်သည်။ သူက ကလေးကို ကျောပေးလိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။ " လာ၊ ဒီလမ်းက လမ်းလျှောက်ဖို့ခက်တယ်။ ကိုယ့်ကျောပေါ်တက်။ "

ချင်းယွင်လေးက စကားနားထောင်စွာဖြင့် ရှိန့်ဖုန်း၏ ကျောကုန်းကိုဖက်တွယ်လိုက်သည်။ ၎င်းတွင် သွေးများ၊ အညစ်အကြေးများ ပေကျံနေသည်ကို ဂရုမစိုက်ပေ။

ရှိန့်ဖုန်းက သူ့ကိုကျောပိုး၍ မြန်မြန်လျှောက်နေသည်။ ထိုအချိန်တွင် ချင်းယွင်လေးက ထပ်ပြောသည်။ "ရှိန့်ဖုန်း...အရင်က တစ်ယောက်ယောက် ကျွန်တော့်ကို လိုချင်နေတာလား။ ကျွန်တော့်ကို ဘာလုပ်ဖို့ လိုချင်နေတာလဲ။ "

ရှိန့်ဖုန်း၏ ခြေလှမ်းများရပ်သွားသည်။ ပြန်ဖြေသော အသံမှာ ခြောက်သွေ့အက်ကွဲနေသည်။ "ဘာမှမဟုတ်ပါဘူးကွာ။ "

"ဒါဆို သူတို့ကို ပြန်ထပ်မေးသင့်တယ်မလား။ "ကလေးက ဆက်မေးနေသည်။

သို့သော် ချင်းယွင်လေးအပေါ် အမြဲအလိုလိုက်ခဲ့သော ရှိန့်ဖုန်းက ဤတစ်ကြိမ်တွင်တော့ တင်းမာစွာ ပြန်ဖြေသည်။ "မရဘူး။ "

"ဒါပေမယ့်၊...ဒါပေမယ့်...ကျွန်တော်ကခင်ဗျားကို.....ကျွန်တော်ကခင်ဗျားကိုမှ မသေစေချင်တာ..." ရှိန့်ဖုန်း၏ လည်ပင်းပေါ်သို့ မျက်ရည်ပူများကျလာရာ ရှိန့်ဖုန်း၏နှလုံးသား နာကျင်သွားရသည်။ သူ့ကျောပေါ်ငိုနေသောကလေးကို ခေါင်းလှည့်၍ ချော့မော့ချင်သော်လည်း သူအားယုတ်သွားကာ မြေပြင်ပေါ် သတိမေ့လဲကျသွားသည်။

သူမြေပြင်ပေါ် လဲကျသွားသောအချိန်မှာပင် သူ့ကျောပေါ်မှကလေးကို မြေကြီးနှင့်မထိခိုက်မိစေရန် သတိထားပေးခဲ့သေးသည်။

"ကျွန်တော် ခင်ဗျားကို မသေစေချင်ဘူး..." ချင်းယွင်လေး၏ မျက်ရည်များက ကြိုးပြတ်သွားသော ပုလဲလုံးများကဲ့သို့ ကျလာသည်။ ဤရက်များအတွင်း "သေဆုံးခြင်း "၏အဓိပ်ပါယျကို သူရုတ်တရက်နားလည်သွားသည်။

သူက ရှိန့်ဖုန်းပေါ်မှ ဖြေးဖြေးချင်းထလာကာ မြေပြင်ပေါ်လဲကျနေသော ရှိန့်ဖုန်းကို ချစ်မြတ်နိုးစွာကြည့်လိုက်သည်။ထို့နောက် သူနောက်ပြန်လှည့်ကာ ထွက်သွားသည်။

ရှိန့်ဖုန်း၏ သတိလစ်မှုသည် ချင်းယွင်လေးမှ သူ့စွမ်းအင်ကို တမင်သက်သက်သုံးလိုက်မိသော ပထမဆုံးအကြိမ်ဖြစ်သည်။

ချင်းယွင်လေးက သူလာခဲ့သော လမ်းကြောင်းအတိုင်း ပြန်ထွက်သွားသည်။ သူက လူတစ်ယောက်ကို တားကာ ရှက်ရွံ့သော်လည်း သေချာစွာပြောလိုက်သည်။ "ကျွန်တော်က ချင်းယွင်ပါ။ ကျွန်တော် သုတေသနဌာနကို သွားချင်လို့၊ အဲ့ဒီ့ကို လိုက်ပို့ပေးနိုင်မလား။ "

ဤတောင်းဆိုချက်အား မည်သူမျှ ငြင်းပယ်မည် မဟုတ်ပေ။

ထို့နောက် သတိလစ်နေသော ရှိန့်ဖုန်းမှာ ဖြည်းဖြည်းချင်း နိုးလာသည်။ သူက လူငယ်လေး၏ ပုံရိပ်အား အလိုအလျောက်ရှာဖွေမိသော်လည်း ပတ်ဝန်းကျင်တွင် မည်သူကိုမျှ မတွေ့ပေ။

"ချင်းယွင်။ ချင်းယွင်လေး။ မင်းဘယ်မှာလဲ။ ကိုယ့်ကို ပြန်ဖြေ။ " ရှိန့်ဖုန်းမှာ သူ့ဘဝမှအရေးအကြီးဆုံးအရာ ပျောက်ဆုံးသွားသကဲ့သို့ ထိတ်လန့်စွာရှာနေသည်။ သူ့တစ်ကိုယ်လုံး စိတ်လွတ်နေသည်။

ချင်းယွင်၏ ခြေရာလက်ရာကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ချေ။ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မြေကြီးပေါ်ထိုင်ချရင်း သူသတိမလစ်ခင် ဖြစ်ပျက်ခဲ့သောသဲလွန်စများကို ပြန်မှတ်မိရန် ကြိုးစားနေသည်။ ထို့နောက် ကလေးလေးက သူ့ကိုမသေစေချင်ဘူးဟု ပြောသည်ကို မှတ်မိသွားသည်။

"ဓာတ်ခွဲခန်း.....ဓာတ်ခွဲခန်း...." ရှိန့်ဖုန်း ကတိုက်ကရိုက် မတ်တပ်ရပ်ကာ တောင်ပေါ်မှ ပြေးဆင်းသွားသည်။

*******

သုံးရက်ခန့် ခရီးဆက်ပြီးနောက် ချင်းယွင်လေး သုတေသနဌာနသို့ ရောက်သွားသည်။

အိုမင်းနေသော ပါမောက္ခဝူမှာ သူ့ကိုတွေ့၍ ဘဝင်ကျမြူးထူးသွားသည်။ ရှိန့်ဖုန်း၏ စွမ်းအင်က သူ့ခန္ဓာကိုယ်အပေါ် အကြီးအကျယ် ထိခိုက်စေခဲ့ပြီး ဤခေတ်ချုပ်ငြိမ်းသွားသည်ကိုပင် သူမြင်ရန်အခွင့်အရေးမရှိတော့ဟု ထင်ခဲ့သည်။

ချင်းယွင်လေးက ထိုနေရာတွင် ငြိမ်ငြိမ်လေး ရပ်နေသည်။ ခရီးရှည်ကြီးက သူ့အား မသပ်မရပ်ဖြစ်စေခဲ့သည်။ ဘယ်လိုပင်ဖြစ်စေ ထိုလူများသည် ရှိန့်ဖုန်းကဲ့သို့ သူ့အားအလွန်ဂရုမစိုက်နိုင်ပေ။

သို့သော် ချင်းယွင်က ယဉ်ကျေးစွာလက်ယမ်းပြလိုက်ပြီး သူ့ကိုလိုက်ပို့ပေးသော စွမ်းအင်သမားကို ကျေးဇူးတင်လိုက်သည်။" ကျေးဇူးတင်ပါတယ်။ တာ့တာ။ "

ကလေး၏ သာယာပြီးငြိမ်းချမ်းသော အသံလေးကို ကြားလိုက်ရသည့် ပင်ပန်းနေသော စွမ်းအင်သမားမှာ မျက်နှာကိုချက်ချင်းအုပ်လိုက်ပြီး ခပ်မြန်မြန်ထွက်သွားသည်။ ကလေး၏ ဖြူစင်သောအကြည့်နှင့် သူ မဆုံရဲပေ။

"ကျွန်တော် ရှိန့်ဖုန်းကို ကယ်ချင်တယ်။ ဘာလုပ်ပေးရမလဲ။ " သူ့အရှေ့မှ ပါမောက္ခဝူမှာ ထိုနေ့က ပေါ်လာသောလူမှန်းသိပြီး ချင်းယွင်လေး လက်ချောင်းများလိမ်ယှက်ရင်း မေးလိုက်သည်။

ချင်းယွင်၏ အခြေအနေက ပါမောက္ခဝူကို ခဲတောင့်သွားစေသည်။ သူတို့ အရင်ကတွေ့စဉ်တွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သူခံစားမိသော်လည်း အခုမှသာ အစမ်းသပ်ခံသုံး၏ လှုပ်ရှားမှုအားလုံးက ကလေးကဲ့သို့ဖြစ်နေမှန်း သူသဘောပေါက်မိသည်။

ကလေးဆန်သည့် ကြည်လင်သောမျက်ဝန်းများကို ကြည့်ကာ ပါမောက္ခဝူ စကားလုံးများပျောက်ဆုံးနေသည်။ သူအနေဖြင့် ဓာတ်ခွဲခန်းမှ တီထွင်ခဲ့သော ဖန်တီးခံလူသားများအပေါ် သွေးအေးစွာ စမ်းသပ်မှုများ ပြုလုပ်နိုင်ပြီး လုချန်ဖုန်းကဲ့သို့ အသက်ရှင်နိုင်သော စွမ်းအင်မရှိသူများကို ဖမ်းကာ "အဆုံးစွန်ထိ အသုံးချ" နိုင်သည်။

သို့သော် သူ့တွင် မြေးတစ်ယောက်ရှိသေးရာ ထိုကလေးဆန်သောမျက်ဝန်းတစ်စုံအပေါ် မျက်ကွယ်မပြုနိုင်ပေ။

"မင်း..." ပါမောက္ခဝူ မေးခါနီးတွင် သူ့အရှေ့မှတစ်ယောက်၏ အကြည့်များ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ ကလေးဆန်မှု လျော့ပါးပျောက်ကွယ်သွားကာ အေးစက်ခက်ထန်လာသည်။

"ခင်ဗျား သင့်တော်တဲ့ ကိရိယာတွေ ပြင်ထားလို့ရပြီ။ အချိန်က ကုန်တော့မယ်။ " ပြောသူသည် ချင်းယွင်ပင်။ ပြောနေရင်းဖြင့် သူကသူ့ပါးစပ်ထောင့်စွန်းမှ ထွက်လာသောသွေးများကို ဘာမှမဖြစ်သကဲ့သို့ သုတ်လိုက်သည်။

သူက ဤကမ္ဘာမှ လွတ်မြောက်တော့မည်။

သူထိုနှစ်ရက်အတွင်း မထွက်လာခြင်းမှာ ရှိန့်ဖုန်း၏ ရွေးချယ်မှုက ဤကမ္ဘာ၏တာဝန်အား ပြီးမြောက်စေရန် သူ့အား တိုက်ရိုက်ခွင့်ပြုပေးလိုက်သောကြောင့်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဤကမ္ဘာ၏ဇာတ်လိုက်ဖြစ်သူ ရှိန့်ဖုန်းက ကမ္ဘာကြီးကိုကယ်တင်မည့် ဇာတ်လိုက်လမ်းကြောင်းကို လုံးဝချိုးဖောက်လိုက်သည်။

တာဝန်ပြီးမြောက်မှုကြောင့် ဤကမ္ဘာ၏စွမ်းအင်များ ချင်းယွင်၏ကိုယ်ခန္ဓာထဲပြည့်လာကာ ကိုယ်ပိုင်စွမ်းအင်များ ပိုအင်အားကြီးလာသော်လည်း ခန္ဓာကိုယ်က ပိုထိခိုက်လွယ်လာသည်။ သူ့စိတ်ဝိညာဉ်က ဤခန္ဓာကိုယ်ကို လျင်လျင်မြန်မြန် ပြုပြင်နေသော်လည်း သူ့မယုံကြည်နိုင်စရာစွမ်းအင်ထံမှ ဖျက်စီးမှုကို အမှီမလိုက်နိုင်ပေ။

ဇာတ်လိုက်ဖြစ်သူ ရှိန့်ဖုန်းပင် ချင်းယွင်၏ စွမ်းအင်များအား လက်ခံလိုက်ရစဉ်က ခန္ဓာကိုယ်စတင်ပျက်စီးခဲ့သေးသည်။ ထိုအချိန်က ရှိန့်ဖုန်းမတုန့်ဆိုင်းခဲ့ဘဲ ပါမောက္ခဝူ၏ ကမ္ဘာကိုကယ်တင်ရန် တောင်းဆိုချက်ကို ချက်ချင်းသဘောတူခဲ့သည်။

ချင်းယွင် ခါးသက်သက် ပြုံးမိသည်။ ဤယောက်ျားက သူ၏ ရက်စက်သောစစ်ဆေးမှုကို အောင်မြင်ကာ ကျေနပ်ဖွယ်ရာအကောင်းဆုံး အဖြေပေးခဲ့သည်။ သို့သော် သူထိုလူကို ဤကမ္ဘာတွင် အဖော်ပြုရန် အခွင့်အရေးမရှိတော့ချေ။

"ဒါက..." ပါမောက္ခဝူတုန့်ဆိုင်းနေသည်။ "မင်းရဲ့ စွမ်းအင်တွေကို စမ်းသပ်ဖို့လိုသေးတယ်။ မင်းနောက်ဆုံးရောင်ခြည်ကိရိယာကို မဖွင့်ခင် ညှိစရာလိုသေးတယ်။ "

"ဒါ့အပြင် ငါတို့ လူအုပ်ကြီးကို ဘေးကင်းရာ ရွှေ့ပေးရဦးမယ်။ မဟုတ်ရင် ရောင်ခြည်တွေက အခြေစခန်းကလူတွေကို အရမ်းထိခိုက်စေလိမ့်မယ်။ "

သူစကားမဆုံးခင်ပင် ချင်းယွင်က သူ့လက်ညှိုးဖြင့် ဘေးမှဓာတ်ခွဲခန်းသုံးဖန်ခွက်ကြီးကို ညွှန်ပြလိုက်သည်။ ၎င်းက ချက်ချင်းပျောက်ကွယ်သွားကာ ခဏကြာမှ အရင်အတိုင်းပြန်ပေါ်လာသည်။

"စမ်းသပ်ဖို့ မလိုတော့ဘူး။ "ချင်းယွင်က တည်ကြည်စွာပြောလိုက်သည်။ "ခင်ဗျားတို့မှာ အချိန်အများကြီး မကျန်တော့ဘူး။ "

ပါမောက္ခဝူက ကိုယ့်ကိုယ်ကိုယ်မကျေနပ်မှုနှင့် ဖော်ပြ၍မရသော ပျော်ရွှင်မှုရှိနေသည့် ချင်းယွင်၏နှုတ်ခမ်းကွေးလေးကိုတွေ့ကာ ကြောင်အနေသည်။ "ခင်ဗျားတို့တွေ ရှိန့်ဖုန်းကို မတားနိုင်ဘူး။ "

ချင်းယွင်၏ စကားများက ထိုနေရာတွင် ရှိနေသူအားလုံးကို တိတ်ဆိတ်သွားစေသည်။ ရှိန့်ဖုန်း၏ စွမ်းအင်မှာ တကယ်စွမ်းအားကြီးသည်။ ထိုနေ့က သူစွမ်းအင်အကာအကွယ်များစွာကို ဖျက်ဆီးပစ်ကာ ပါမောက္ခဝူဘေးမှ အသန်မာဆုံးလက်ထောက်နှစ်ယောက်ကိုပင် သတ်ခဲ့သည်။ သူက ကမ္ဘာတစ်ဝှမ်းမှ ချင်းယွင်အား ရှာဖွေနေသူများထံမှပင် ဖုံးကွယ်ပေးနိုင်ခဲ့သည်။

အချိန်မဆွဲတော့ဘဲ သူ့အနောက်မှ လူများကို ပါမောက္ခဝူ ညွှန်ကြားလိုက်သည်။ "ရောင်ခြည်မျှော်စင်ကြီးကို ချက်ချင်းဖွင့်လိုက်တော့။ "

သူက ချင်းယွင်ကို ပြောလိုက်သည်။ "ငါတို့မင်းကို အပေါ်ပို့ပေးမယ်။ ဒါက ဇွန်ဘီရောဂါပိုးနဲ့ဆိုင်တဲ့ အချက်အလက်တွေ။ မင်းနားလည်အောင်ဖတ်ပြီး ဒီတစ်ကြိမ်မှာပဲ လုံးဝအမြစ်ဖြတ်ဖို့ ကြိုးစားပေးပါ။ "

ချင်းယွင်က ပါမောက္ခဝူပေးသော အချက်အလက်များကို မယူပေ။ သူက ဤရောဂါပိုးကိုသာ မဖျောက်ချင်ဘဲ တစ်ကမ္ဘာလုံးကို ပြုပြင်ပြောင်းလဲပေးချင်သည်။

"ရောင်ခြည်မျှော်စင်က ခဏနေရင် ပွင့်ပါတော့မယ်။ လူတိုင်း တတ်နိုင်သမျှ မြန်မြန်ရွှေ့ပြောင်းပေးကြပါ။ လူတိုင်း တတ်နိုင်သမျှမြန်မြန် ရွှေ့ပြောင်းပေးကြပါ။ "

အချက်ပြသံက တစ်မြို့လုံး ပြန့်သွားကာ သုတေသနအခြေစခန်းတွင်မူ ဂယောက်ဂယက် အဖြစ်ဆုံးပင်။

ချင်းယွင်က အပေါ်အပို့ခံရကာ ရောင်ခြည်မျှော်စင်ကြီး ပွင့်လာသည်။ အခြေစခန်းမှ လူများသည်လည်း ရွှေ့ပြောင်းနေကြသည်။ နောက်ဆုံးမှ ရွှေ့ပြောင်းကြသူများမှာ ဓာတ်ခွဲခန်းမှ ရာချီသောဝန်ထမ်းများဖြစ်ကြသည်။

ပါမောက္ခဝူက အကူအညီဖြင့် ရွှေ့ပြောင်းနေစဉ် လူအုပ်နှင့်ဆန့်ကျင်ဘက် လာနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

မုတ်ဆိတ်မွေးများ၊ မျက်လုံးအောက်၌ အစိမ်းရင့်ရောင်များနှင့် ယောက်ျားတစ်ယောက်က ကြောက်လန့်ခြောက်ခြားစွာ တွန်းတိုက်လာသည်။ သူ့ဘေးမှလူများကို ခဏခဏဆွဲကာမေးသေးသည်။ "ချင်းယွင်ဘယ်မှာလဲ...မင်းတို့ ချင်းယွင်ကို ဘယ်ခေါ်သွားတာလဲ။ "

"သူဘယ်မှာလဲ ငါ့ကိုပြောစမ်း။ "

တစ်စုံတစ်ယောက်က သူ့ကိုရောင်ခြည်တာဝါပွင့်လာပြီဖြစ်ကြောင်းနှင့် သူမြန်မြန်ရွှေ့ပြောင်းသင့်ကြောင်းပြောသည်ကို သူ မကြားမိသကဲ့သို့ အဝေးလျှောက်သွားသည်။

အခြားလူများက အခြေစခန်းဗဟိုမှ ရောင်ခြည်မျှော်စင်၏ဝေးရာကို ပြေးနေကြသော်လည်း သူက၎င်းသည် သူ့အိမ်ဖြစ်သကဲ့သို့ ကြည့်နေသည်။

အခြားသူများကို လျစ်လျူရှုကာ လူအုပ်နှင့်ဆန့်ကျင်၍ သွားနေသည်။ သူ့အရှေ့မှ အတားအဆီးများကိုပင် ကိုယ်ပိုင်စွမ်းအင်သုံးကာ ဖယ်ရှားပစ်သည်။

"ရောင်ခြည်မျှော်စင်က ပွင့်ပြီးသွားပြီ။ အဲ့ကလေးကို ဘယ်လိုမှ ကယ်မရတော့ဘူး။ " ပါမောက္ခဝူက ထိုတစ်ယောက်ကို တားလိုက်သော်လည်း သူက တွန်းဖယ်သွားသည်။

သူ့ကို တားမရပေ။ သူ့အကြည့်က အခြေစခန်းထဲမှ မျှော်စင်မြင့်၌သာ မြဲနေကာ ၎င်းထံအတင်းအကြပ်တိုးသွားနေသည်။

ဤယောက်ျားသည် ရှိန့်ဖုန်းပင်။

ချင်းယွင်က မျှော်စင်၏ ထိပ်တွင်မတ်တပ်ရပ်ရင်း ပေါက်ကွဲထွက်လာသောရောင်ခြည်က သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ ပျက်စီးစေသည်။ သူက မတုန့်ဆိုင်းတော့ဘဲ စွမ်းအင်လွှတ်လိုက်သည်။

ဤနည်းသည်ပင် သူဤကမ္ဘာမှထွက်သွားရန် အကောင်းဆုံးနည်းလမ်း ဖြစ်နိုင်သည်။ထိုယောက်ျားကို သူ့သေဆုံးမှုအား တိုက်ရိုက်မမြင်စေချင်ပေ။

ကမ္ဘာတစ်ခုချင်းစီ၌ မတူသောမျက်နှာများဖြင့် ပေါ်လာခဲ့သော်လည်း ဤယောက်ျားမှာ စိတ်ဝိညာဉ်တစ်ခုထဲပင်။ သူ့နှလုံးသားထဲ အနက်ရှိုင်းဆုံး အဖြစ်တွယ်ထားသည်မှာ ရှိန့်ဖုန်းဖြစ်သည်။

ထပ်တူညီစွာပင်၊ ချင်းယွင်ဝန်မခံချင်သော်လည်း သူ့ကိုအပျော်ရွှင်စေဆုံး၊ သူဝင်ရောက်စွက်ဖက်မှုအများဆုံး ကမ္ဘာသည် ဤတစ်စတစ်စပြိုကွဲပျက်စီးနေသော ခေတ်ပျက်ကမ္ဘာကြီးဖြစ်သည်။

ထို့ကြောင့် ချင်းယွင်က သူထွက်ခွာ၍ ဤကမ္ဘာအတွက် အကျိုးပြုပေးရန် လိုလားသည်။

နောက်ဆုံးတွင် ချင်းယွင်က သူ၏အားကောင်းသော စိတ်ဝိညာဉ်ကိုသုံးကာ နတ်ဘုရားအလားစွမ်းအင်ကို ပြန်လမ်းမရှိ အသက်သွင်းလိုက်သည်။ သာမန်မျက်စိဖြင့်မြင်နိုင်သော အလွန်ကြီးမားသည့်အလင်းကွင်းကြီးက မျှော်စင်ထိပ်မှထွက်ပေါ်လာပြီး တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားသည်။

ချင်းယွင် အောက်သို့တစ်ချက်ငုံ့ကြည့်မိသောအခါ လူသားပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

သောကရောက်နေသော ယောက်ျားတစ်ယောက်က ခြေ၊ လက်များသုံးကာမျှော်စင်မြင့်ကြီးပေါ်သို့ နည်းနည်းချင်း တက်လာနေသည်။

အားကောင်းသောရောင်ခြည်က ပါးစပ်မှသွေးပင်အန်ထွက်စေသော်လည်း ထိုယောက်ျား မရပ်တန့်သွားပေ။သူက ခေါင်းမော့ကာ မျှော်စင်ထိပ်မှ လူငယ်လေးကို ကြည့်၍ ငိုကြွေးနေသည်။ "ချင်းယွင်..ချင်းယွင်လေး.."

သူက နာကျင်စွာ ငိုကြွေးနေသည်။ "မသွားပါနဲ့။ ကျေးဇူးပြု၍ မထွက်သွားပါနဲ့။ ကိုယ့်ကို မချန်ထားခဲ့နဲ့။ "

ပထမဆုံးအကြိမ်အဖြစ် ချင်းယွင် စိုးရိမ်ပူပန်သွားသည်။

သူ၏ ဆိုးရွားသော သေဆုံးပြီးအခြေအနေအား ထိုလူကိုမမြင်စေချင်ပေ။ သူ့အတွက် ယခုတစ်ခါသည် ကမ္ဘာတစ်ခုပင်။ အဖြစ်အပျက်ကြီးပြီးဆုံးသွားလျှင် သူ နောက်ထပ်နောက်ထပ်ကမ္ဘာများသွားရန် ကျန်သေးသည်။

သို့သော် ဤယောက်ျားတွင် မှတ်ဉာဏ်များမရှိသဖြင့် ၎င်းသည်သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကြား နှလုံးကွဲဖွယ် ခွဲခွာမှုဖြစ်သည်။

ချင်းယွင်က သူ့နာမည်ကိုဆက်တိုက်ခေါ်နေသော ထိုယောက်ျားကို တိတ်ဆိတ်စွာကြည့်နေရင်း မျက်ဝန်းများရဲလာကာ သူ့ကိုနှလုံးသားထဲ လုံးဝသိမ်းဆည်းလိုက်သည်။

"ခင်ဗျား ကျွန်တော်ချန်ခဲ့တဲ့ ကမ္ဘာကြီးကို အကောင်းမြင်ရမယ်နော်။ ပန်းပွင့်တိုင်း၊ အပင်တိုင်းက ကျွန်တော် ခင်ဗျားကိုပေးခဲ့တဲ့ လက်ဆောင်ပဲ။ "

"ဒါက...ကျွန်တော့်ရဲ့....ခင်ဗျားအပေါ်....အချစ်ပဲ။"

ယခုစကားသည် ချင်းယွင်၏ ပထမဆုံးဝန်ခံမှုပင်။

ကမ္ဘာကြီးပေါ်မှ လူသားတိုင်းက ခေါင်းမော့ကာ သူတို့ပေါ်လွှမ်းခြုံလာသော အလင်းကွင်းကြီးကို ကြည့်လိုက်ကြသည်။

ကြီးမားသောလက်ကြီးကဲ့သို့ စွမ်းအင်ထိန်းချုပ်မှုကြီးတစ်မျိုးက တစ်ကမ္ဘာလုံး၏ ရှင်သန်ရာကို ဖမ်းဆုပ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး ထိုခဏမှာပင် အချိန်များရပ်တန့်သည့်ပုံပေါ်သည်။

အဆော့သန်သော ကလေးတစ်ယောက်က ရောင်စုံခဲတံကိုင်၍ ဤအရောင်မဲ့နေသောကမ္ဘာကြီးကို အတောက်ပဆုံးသော အရောင်များဖြင့် ခြယ်သလိုက်သလိုပင်။

မိုးကောင်းကင်က ကြည်ပြာ၍ သလင်းကဲ့သို့ ကြည်လင်နေသည်။

မြက်ခင်းများ အစိမ်းရောင်ပြန်သန်းသွားသည်။အမဲရောင်၊ ခရမ်းရောင်များအဖြစ် ဗီဇပြောင်းသွားခဲ့သော မြက်ခင်းများက ထူးဆန်းသောအသွင်အပြင်မှ လှပ၍စိတ်ကိုရွှင်လန်းစေသော အစိမ်းရောင်လွင်ပြင် ဖြစ်လာသည်။

အပင်များ၊ ပန်းပွင့်များ၊ တိရစ္ဆာန်များနှင့် လူများအားလုံး အချစ်စွမ်းအင်အောက်တွင် ပုံမှန်အသွင်အပြင်ပြန်ဖြစ်လာသည်။

ထိုအားအင်မှာ ချစ်သူတစ်ယောက်၏ အချိုမြိန်ဆုံး ဝန်ခံချက်တစ်ခုနှင့်တူပြီး ကလေးတစ်ယောက်က သူ့ကျေးဇူးတင်ရှိမှုကို တီးတိုးလာပြောနေသလိုပင်။

အိမ်ထဲရောက်နေသော ချန်းမင်က ရုတ်တရက် ပြေးထွက်လာသည်။ ရင်းနှီးနေသော ခံစားချက်တစ်ခုက သူမခန္ဓာကိုယ်တစ်ခုလုံး လွှမ်းခြုံလာကာ ထိုညတွင် မျက်ဝန်းတောက်တောက်များနှင့် ကလေးက "ချန်းမင် အတွက် "ဟူ၍ ပန်းအိုးကမ်းပေးစဉ်ကာလကို ချက်ချင်းသတိရမိသွားသည်။

သူမအနားထိရောက်လာသော အလင်းကွင်းကြီးကို တုန်တုန်ရီရီဖြင့်ထိကိုင်လိုက်သည်။ "ကျေးဇူးပါ။ ကျေးဇူးပါ။"

မျှော်စင်ပေါ်တွင် ရှိန့်ဖုန်းက လက်မလျှော့သေးပေ။သူသွေးတစ်ပွက် အန်ချလိုက်သည်။ ထို့နောက် သိမ်မွေ့သော အားတစ်ခုက သူ့ခန္ဓာကိုယ်ကိုဖြတ်သန်းသွားကာ သူခံစားနေရသောယိုယွင်းမှုများကို ပုံမှန်ပြုပြင်ပေးနေသည်။

ရှိန့်ဖုန်း ချက်ချင်းမျက်ရည်များလျှံကျလာတော့သည်။ "ကိုယ် တစ်ကမ္ဘာလုံးကို မလိုချင်ဘူး။ ကိုယ်လိုချင်တာ မင်းတစ်ယောက်ထဲ။ ကိုယ်လိုချင်သမျှက မင်းပဲ..."

သူက ဖြည်းဖြည်းချင်း အပေါ်တက်လာကာ မျှော်စင်ထိပ်မှ လူငယ်လေးထံ ပိုနီးစပ်လာရန် ခက်ခက်ခဲခဲကြိုးစားနေသည်။

******

သက်ရှိအားလုံးကို ပြုပြင်ပေးပြီး ကမ္ဘာကြီး၏ ရောဂါများကို ကုသပေးသော သန်မာပြီးကြင်နာသည့် စွမ်းအားကို တစ်ကမ္ဘာလုံးခံစားရသည်။

ဇွန်ဘီရောဂါပိုးက တစ်စမကျန်ပျောက်ကွယ်သွားကာ လမ်းမပေါ်လျှောက်သွားနေသော အလောင်းကောင်များမှာ သူတို့၏လူသားအသွင်အပြင်သို့ ပြန်ပြောင်းသွားသည်။သူတို့က သေဆုံးပြီးဖြစ်သော်လည်း ငြိမ်းချမ်းသွားပုံပေါ်သည်။

တစ်ချိန်ထဲမှာပင် သတ်ဖြတ်မှုများ အငြင်းပွားမှုများဖြစ်စေခဲ့သော စွမ်းအင်များ ပျောက်ကွယ်သွားသည်။ အားနည်းသူနှင့် သန်မာသူတို့၏ တောဥပဒေသပျောက်ကွယ်သွားကာ လူ့အသက်များ ညီတူညီမျှ ပြန်ဖြစ်လာသည်။

စွမ်းအင်များပျောက်ကွယ်သွားခြင်းက လူသားများကို စိတ်မပျက်စေခဲ့ပေ။ သူတို့ခေတ္တ ငိုင်ကျနေပြီးနောက် ပျော်မြူးလာကြသည်။

ချစ်မြတ်နိုးစရာအသွင်အပြင်ပြန်ဖြစ်လာသော သစ်ပင်၊ မြက်ပင်များ၊ သက်ရှိ သတ္တဝါများကို ကြည့်နေကြသည်။ စိမ်းစိုနေသော ကွင်းပြင်များနှင့် ရွှေရောင်ဂျုံခင်းတို့ကိုကြည့်ကာ သူတို့နှလုံးသားထဲ၌ ကာကွယ်စောင့်ရှောက်ခံရသည့် ခံစားမှုသာရှိနေသည်။

နှစ်ချီကြာခဲ့သော ကမ္ဘာပျက်ကပ်ဆိုးကြီးမှာ ဤကမ္ဘာမှ အိပ်မက်ဆိုးကြီးအဖြစ်သာ ကျန်ခဲ့သည်။

လူအချို့မှာ ပွေ့ဖက်ကာ သီဆိုကခုန်နေကြသည်။ အခြားလူများက သူတို့ချစ်ရသူများ၏ လမ်းဘေးမှ အလောင်းများကို ကြည့်ကာ မျက်ရည်ကျနေကြသည်။

လုချန်ဖုန်းက အသိစိတ်လွတ်ကာ လမ်းမပေါ် လျှောက်သွားနေသည်။ ဓာတ်ခွဲခန်းက သူ့ဦးနှောက်ပျက်စီးမှုကို ကုသပေးခဲ့သော်လည်း အပြည့်အဝ မပျောက်သေးရာ တစ်ခါတစ်ရံ လူကောင်းဖြစ်ကာ တစ်ခါတစ်ရံဆိုးသွမ်းနေသည်။

သူ တီးတိုးရေရွတ်နေသည်။ "ငါ့နှလုံးသားရဲ့ ဆန္ဒ၊ နှလုံးသားက...လိုချင်..."

လုချန်ဖုန်း ရုတ်တရက် ဇဝေဇဝါ ဖြစ်သွားသည်။ သူ့နှလုံးသားထဲက ဆန္ဒကို သူဘာလို့ ဖြစ်လာစေချင်တာလဲ။ သူက တစ်စုံတစ်ခုကို ပြန်ပြောင်းလဲဖို့ ကြိုးစားနေမိသလိုပဲ....အဲ့ဒါက ဘာလဲ။

ထိုကိစ္စမှာ အလွန်အမင်းအရေးကြီးပုံပေါ်သည်။ ၎င်းကို မမှတ်မိနိုင်သေးသော လုချန်ဖုန်းမှာ စိုးရိမ်ပူပန်လာသည်။

ရုတ်တရက် 'ကလစ်'ဟူသောအသံဖြင့် သူစုပ်ယူထားသော နေရာလွတ်စွမ်းအင် ရပ်သွားကာ နေရာလွတ်ကြီး ပြိုကွဲလာသည်။

သူ့ခေါင်းပေါ်တွင် မူမမှန်သော အပေါက်တစ်ပေါက် ပေါ်လာကာ အရှုပ်အထွေးများ ထွက်ကျလာသည်။

ဤမြင်ကွင်းမှာ မရင်းနှီးသောအရာ မဟုတ်ပေ။ နေရာလွတ်စွမ်းအင်သမားများအားလုံး၏ နေရာလွတ်များ ပျောက်သွားကာ သိမ်းထားသောအရာအားလုံး ထွက်ကျလာပြီး ကျန်လူများအား ရိုးသားစွာ ရယ်မောစေသည်။

သို့သော် လုချန်ဖုန်း၏ နေရာလွတ်မှ ထွက်ကျလာသောအရာသည် ဇွန်ဘီတစ်ကောင်ဖြစ်သည်။

ထိုဇွန်ဘီထွက်လာသည်နှင့် သူ့အသွင်အပြင် တဖြည်းဖြည်း ပြောင်းလဲလာသည်။ ခန္ဓာကိုယ်ပေါ်မှ အညစ်အကြေးများ မှေးမှိန်လာကာ ကြင်နာတတ်သော အမျိုးသမီးတစ်ယောက်၏ ပုံစံဖြစ်လာသည်။

သူမက မျက်လုံးများမှိတ်ကာ ငြိမ်းချမ်းစွာ လဲလျောင်းနေသည်။

လုချန်ဖုန်းက မြေပြင်ပေါ်မှ အိပ်ပျော်နေပုံရသော အမျိုးသမီးကိုကြည့်ကာ ရုတ်တရက် အော်ငိုလိုက်သည်။ "အမေ "

******

ဤစွမ်းအင် အတက်အကျမှာ တစ်နေ့နှင့်တစ်ညကြာခဲ့သည်။

ရောင်ခြည်မျှော်စင်မှ စွမ်းအင်များ ရပ်တန့်သွားသည်။

ရှိန့်ဖုန်း မျှော်စင်ထိပ်သို့ ရောက်လုနီးနီး အချိန်တွင် အမှောင်ထဲမှ ငှက်မွေးလေးကဲ့သို့ လွင့်မြောလာသော ပုံရိပ်လေးကို တွေ့လိုက်ရသည်။ ရှိန့်ဖုန်းမသိစိတ်ဖြင့်ပင် ခုန်ကူးသွားကာ သတိမေ့နေသော လူငယ်လေးကို ရင်ခွင်ထဲပွေ့ချီလိုက်မိသည်။

သူတို့နှစ်ယောက်လုံး မီတာရာချီအမြင့်မှ ဖြည်းဖြည်းချင်း ကျလာသည်။ ရှိန့်ဖုန်းက ရင်ခွင်ထဲမှ လူငယ်လေးအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကာ ခေါင်းငုံ့၍ နှဖူးလေးကို မြတ်နိုးစွာ နမ်းလိုက်သည်။

ဤလူငယ်လေးသာ သူ့ရင်ခွင်ထဲ ရှိနေလျှင် သေခြင်းတရားအား ရင်ဆိုင်ရသောအခါပင် ရှိန့်ဖုန်းမကြောက်ချေ။ သူလိုချင်သည့်လူသားကို ရရှိခဲ့သည့်အတွက် သူ့နှလုံးသားထဲ၌ ပျော်ရွင်မှုနေမိသည်။




















Continue Reading

You'll Also Like

207K 27.1K 26
Title-He Doesn't Know I'm Dead Original Author-时崽 Type-Web Novel 21 Chapters + 4 Extras Eng Translator-SweetLiesBL From Foxaholic https://www.foxahol...
74.4K 9.1K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
53.2K 5.3K 92
This fic is coherence of system one o six. So you should read System one o six (Season1). It has in my profile so you can check and read it. Love you...