Burmese Translation of {我的徒弟都是大反派} by author 谋生任转蓬
Translator - ME
အခန်း (၉) ချမှတ်ပေးထားသော တာဝန်များ
_____________
၎င်းတို့ကို လှန်လှောကြည့်နေပြီးသည့်နောက်မှာတော့ လုကျိုး သတိလစ် မေ့လဲပစ်လိုက်ချင်မိလာသည်။
သူ့ခမျာ တန်ဖိုးအနည်းဆုံး လက်သင်အဆင့် ဝိညာဉ်သဏ္ဍာန်ကိုပင် မတတ်နိုင်။ အကုန်လုံးက ဈေးကြီးနေသည်။
ဤလောက၏ ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်သဏ္ဍာန်ထုတ်နိုင်ခြင်းမှာ အစွမ်းတန်ခိုးအကြီးဆုံး ပညာဖြစ်သည်။ ကျင့်ကြံသူတို့ အဆင့်တက်ရာ၌ ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရစေသော အရာလည်း ဖြစ်၏။ မကြာခဏဆိုသလို၊ ကျင့်ကြံသူများစွာတို့သည် ကျင့်ကြံဆင့်နယ်ပယ်တစ်ခုခု၌ အဆင့် မတက်နိုင်ဘဲ ပိတ်မိနေတတ်လေသည်။ တစ်သက်စာ ပိတ်မိနေခြင်းလည်း ဖြစ်သွားတတ်၏။ အကြောင်းကား ၎င်းတို့၏ စိတ်ဝိညာဉ်သဏ္ဍာန်က တိုးတက်မှု မရှိနိုင်သောကြောင့်ပင်။
"ကျသင့်တန်ဖိုး မပြဘူးဆိုတာ ဘာသဘောလဲ" လုကျိုး စူးစမ်းလိုစိတ်ဖြင့် ရေရွတ်လိုက်မိသည်။
အနန္တအလွန်ဟူသည်ကတော့ ဒဏ္ဍာရီများတွင်သာ ရှိသော စိတ်ဝိညာဉ်သဏ္ဍာန်ဖြစ်လေသည်။ ယနေ့ခေတ် ကျင့်ကြံခြင်းလောကတွင်မူ၊ ကျိထျန်းတောက်ကဲ့သို့သော သက်တမ်းရှည် မိစ္ဆာလူဆိုးသည်ပင်လျှင် 'ပွင့်ချပ်ရှစ်လွှာ ဒုက္ခ မိုင်တစ်ရာ ရှုကွင်း ဝိညာဉ်သဏ္ဍာန်'အဆင့်ထိသာ ရောက်နိုင်သေးသည်။
မှန်သည်။ ပွင့်ချပ်ကိုးလွှာ ဒုက္ခမိုင်တစ်ရာ ရှုကွင်း အဆင့်သို့ တက်တော့မယောင် အလားအလာများ ပြနေခဲ့သော်လည်း 'လောက နယ်ပယ်တစ်ထောင် ဝဲဂယက်' ဝိညာဉ်သဏ္ဍာန်အဆင့်ရောက်ခြင်းနှင့်တော့ အကွာကြီး ကွာနေသေး၏။
"အင်း၊ ငါ အဝေးကြီး ကြိုမျှော် မတွေးတာပဲ ကောင်းလိမ့်မယ်... ငါ စိတ်ထားခံယူချက်မှန်ဖို့လိုတယ်"
သူ့ကျင့်ကြံဆင့်မှာ ခန္ဓာတည်ဖွဲ့ခြင်း အဆင့်ကိုးထိ ကျသွားသည်ဖြစ်၍ သူ၏ စိတ်နေစိတ်ထား ခံယူချက်ကိုလည်း အားအင်နည်းပါးသူကဲ့သို့ ပြောင်းလဲသဘောထားနေသင့်လေသည်။ သူ့အဆင့်နှင့် မလှမ်းသာနိုင်သော အရာများကို မမျှော်လင့်နေသင့်။
"ကံစမ်းမဲပဲ စမ်းကြည့်ရအောင်" လုကျိုး ပြောလိုက်တော့သည်။
"တင်း၊ ကံစမ်းမဲ စတင်ပါပြီ"
"တင်း၊ ကံစမ်းမဲ ဆွဲရာမှ ကုသိုလ်ရမှတ် ၅၀ ကုန်ကျပါသည်၊ အကြောင်းပြန်လှန်ကတ်တစ်ကတ် ရရှိပါသည်"
"ဆက်လက် ကံစမ်းချင်ပါသလား"
"သြော မဲပေါက်နိုင်ခြေ တော်တော်များတာပါလား၊ 'ကျေးဇူးတင်ပါသည်၊ နောက်တစ်ကြိမ် ပြန်လည်ကြိုးစားပါ' ဆိုတဲ့ အသံမကြားရတာ ယုံတောင် မယုံနိုင်ဘူး၊ ဝိုး...!" လုကျိုး အနည်းငယ်တော့ အံ့အားသင့်နေခဲ့သည်။ "ငါ့မှာ ကုသိုလ်မှတ် ၁၅၀ ရှိသေးတယ်... အင်း၊ ငါ့ကျင့်ကြံဆင့် တက်နိုင်အောင်လို့ ဝိညာဉ်သဏ္ဍာန်တစ်ခု ဝယ်နိုင်တဲ့အထိ ဆက်စုထားတာ ကောင်းမယ်"
ပုံမှန် ကျင့်ကြံသွားမည်ဆိုလျှင် ခန္ဓာ ဖွဲ့တည်အဆင့်မှ တက်ရန် တစ်နေသည့် ကိစ္စကို အလျင် ကျော်လွှားနိုင်ရမည်။ ပြီးနောက် စိတ်နက်နဲမှု ထုဆစ်ခြင်းအဆင့်ကိုရောက်မည်။ ထိုမှသာ လက်သင်အဆင့် စိတ်ဝိညာဉ်သဏ္ဍာန်ကို ကျွမ်းကျင်စွာ အသုံးပြုတတ်မြောက်နိုင်မည်ဖြစ်၏။
သို့သော် ယခုတော့ သူ စနစ်ဆိုင်တန်းထဲမှ စိတ်ဝိညာဉ်သဏ္ဍာန်များကို ဝယ်နိုင်မည်ဖြစ်၍ ကျင့်ကြံဆင့် တက်သည့်အဖြစ်မျိုး ကြုံရတော့မည်မဟုတ်ပေ။
"ငါ့ကို တာဝန်တွေ ပြစမ်း"
"လက်ရှိ အဓိက တာဝန်: [ယုတ်မာဆိုးသွမ်းသော တပည့်များကို ထိန်းကျောင်းသွန်သင်ပါ] တစ်ရက် သွန်သင် ဆုံးမသူကား တစ်သက် အဖပမာ မည်၏။ ဆရာကို အာခံ၍ သစ္စာဖောက်သူများသည် သစ္စာမဲ့ကြသည်၊ ထိုသစ္စာမဲ့သူများသည် ခွေးဝက်တို့ထက် ယုတ်ညံ့ကြကုန်၏။ တပည့်များကို သွန်သင်ပဲ့ပြင်လိုက်ပြီး ၎င်းတို့၏ သစ္စာစောင့်သိမှုကို မြှင့်တင်လိုက်ပါ"
"တာဝန်ခွဲ #၁: စီယွမ်အာ၏ သစ္စာစောင့်သိမှုကို မြှင်တင်ရန်။ အောင်မြင်ပြီးစီး"
"တာဝန်ခွဲ #၂: အကျင့်မကောင်းသော တပည့်သုံးယောက်ကို အပြစ်ပေးရန်။ အောင်မြင်ပြီးစီး"
"တာဝန်ခွဲ #၃: ကျူးဟုန်ကုန်းကို သွန်သင်ပဲ့ပြင်ရန်။ လုပ်ဆောင်နေဆဲ..."
"တာဝန်ခွဲ #၄: မိစ္ဆာဟူသမျှ သုတ်သင်ရမည်။ အခြေအနေကို ပြောင်းလဲပါ။ လုပ်ဆောင်နေဆဲ..."
တာဝန် စာမျက်နှာ အသစ်ပေါ်လာသည်ကို တွေ့ရသောအခါ လုကျိုး သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်။
"၈ ယောက်မြောက်တပည့်ကို သွန်သင်ရမယ်ဆိုတော့ ငါ သူ့ကို လိုက်ရှာရမှာပေါ့... လက်ရှိ ငါ့ ကျင့်ကြံအဆင့်နဲ့ဆို သေတွင်းတူးသလို ဖြစ်နေတော့မှာပဲ" လုကျိုး မိမိကိုယ်ကို ရေရွတ်နေလိုက်သည်။
"ကိစ္စတိုင်းကို သေချာ သုံးသပ်ရမယ်၊ တစွတ်ထိုး ပြုမူလို့ မဖြစ်ဘူး"
သူ တပည့်ဆိုး သုံးယောက် အကြောင်းစဉ်းစားလိုက်မိသည်။ သူ သူတို့သုံးယောက်ကို အပြစ်ပေး ထိန်းချုပ်ထားခြင်း မပြုဘဲ အနားမှာ ထားလျှင်ပင် သူ့အတွက် အန္တရာယ်များလွန်းနေသည်။ စင်စစ်တကယ်တမ်း သူ့သိုင်းပညာ အဆင့်မည်မျှ ရောက်နေသည်ဟူသော အမှန်တရားက အနှေးနှင့် အမြန်ဆိုသလို ပေါ်ပေါက်သွားနိုင်လေသည်။
ရှောင်ယွမ်အာတစ်ယောက်သာ စိတ်ချရသည်။
သူမ၏ ကျင့်ကြံဆင့်က နတ်ဒေဝါ ဦးတည်နယ်ပယ်ဖြစ်ပြီး သူမ၏ သစ္စာစောင့်သိမှုကလည်း အမြင့်ဆုံးဖြစ်သည်။ သူမက အသက်အငယ်ဆုံးလေးလည်း ဖြစ်၏။ ထို့ကြောင့် သူ့အနားမှာ ထားရန် အသင့်တော်ဆုံးသော တပည့်တစ်ဦးဖြစ်လေသည်။ သူမကို သူလည်းပဲ ဘဝလမ်းကြောင်း အမှန်တရားကို သင်ပြလမ်းညွှန်ပေးနိုင်မည်။ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်နိုင်ခြင်းပင်တည်း။
ထိုသို့ အတွေးပေါက်ပြီးသော် လုကျိုးသည် ဖြည်းညင်းစွာ ထလိုက်ကာ မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်လာလိုက်တော့လေသည်။
"ငါ့မှာ အကြောင်းပြန်လှန်ကတ်တစ်ကတ် ရှိသေးတယ်၊ ဒါကို အရင်ဆုံး သုံးရမယ်"
မိစ္ဆာဝေဟင်မျှော်နန်းမှာ ရွှေနန်းဥယျာဉ်တောင် ထိပ်၌ ရှိပြီး ကျိထျန်းတောက်နှင့် တပည့်များ နေထိုင်ရာ အိမ်ဆောင်နန်းတော်ဖြစ်လေသည်။ ငြိမ်းချမ်း၍ တိတ်ဆိတ်သော နေရာလည်း ဖြစ်၏။
…
သုံးရက်အကြာ၊ ကျားတောင်ရိုးဂိုဏ်း၏ ဌာနချုပ်၌...
"စုံစမ်းတာ အခြေအနေက ဘယ်လိုလဲ"
"ရွှေနန်းဥယျာဉ်တောင်ဆီကို ကျွန်တော် လှည်းယာဉ်ပျံနဲ့ လူတချို့ အမြန်စေလွှတ်ပြီး ကြည့်စေလိုက်ပါတယ်၊ အဲ့ဒီမှာ တိုက်ပွဲ ပြင်းထန်နေတာမို့ ကျွန်တော့်လူတွေ သိပ် မကပ်ရဲကြဘူး၊ ဒါပေမဲ့... ဒါပေမဲ့ အဲ့ဒီက ပြန်လာတဲ့ တချို့ ကျင့်ကြံသူတွေ ပြောကြတာတော့ စိတ်ဝိညာဉ်သဏ္ဍာန် သုံးသွားတာကို မျက်ဝါးထင်ထင် တွေ့လာခဲ့ကြပါတယ်တဲ့"
"ဝိညာဉ်သဏ္ဍာန်တဲ့လား၊ ဘယ်လို မျိုးလဲ"
"ဝိညာဉ်သဏ္ဍာန်ဟာ ပေတစ်ရာမြင့်ပြီး ပေနှစ်ဆယ် လုံးပတ်ရှိပါတယ်၊ ဘေးပတ်ပတ်လည်မှာ ရွှေရောင် ကိုယ်ရောင်ကိုယ်ဝါ ပတ်ခြံရံနေပြီး အောက်မှာ ပွင့်ချပ်ရှစ်လွှာ ရွှေကြာပန်း ပွင့်နေပါတယ်"
ဝုန်း...!
ကျူးဟုန်ကုန်း ထိုင်နေရာ ပလ္လင်ထက်မှပင် ပြုတ်ကျသွားတော့လေသည်။ အင်အားကြီး သြဇာအပြည့်ရှိသော ဂိုဏ်းချုပ်ဟိတ်ဟန်လည်း ပျောက်သွားတော့သည်။
သူ့မျက်နှာထိမျက်နှာထားမှာလည်း သိသိသာသာ ပျက်ယွင်းနေပြီး ခြေများက တုန်နေသည်။
ရွှေနန်းဥယျာဉ်တောင်နား၌ ပေတစ်ရာအမြင့်ရှိသော စိတ်ဝိညာဉ်သဏ္ဍာန်ပိုင်ဆိုင်နိုင်သူမှာ သူ၏ ဆရာသခင်သာ ရှိတော့သည်။ ဒုက္ခမိုင်တစ်ရာ ရှုကွင်း သဏ္ဍာန်ကို ထုထည်အသွင်ယူသွားပြီးလျှင် ကြာပွင့်လွှာ တစ်ချပ်တိုးလေတိုင်း ၁၀ ပေ ပို၍ မြင့်လာတတ်လေသည်။
ကျူးဟုန်ကုန်း တစ်ကိုယ်လုံး တုန်နေတော့သည်။ 'အဲ့ဒါ တကယ်ကြီး ရှစ်စွင်းပဲ... ငါ ဘယ်လို လုပ်ရတော့မလဲ၊ ငါ ဘယ်လိုလုပ်ရပါ့မလဲ...'
မိစ္ဆာဝေဟင်မျှော်နန်းအတွင်းတွင်မူ...
လုကျိုး အကြောင်းပြန်လှန်ကတ်ကို အသုံးပြုလိုက်ပြီး သူ့အသက်ကို ၆၁၃ ရက်အထိ ပြန်တိုးလိုက်နိုင်လေသည်။ ရက်အနည်းငယ်မျှ အနားယူပြီးသောအခါ သူ ပို၍ အားအင်ပြည့်ဖြိုးသွားတော့သည်။
"ဒီကတ်က ငါ့ကို ရက် ၃၀၀ ပဲ ထပ်ပေးတယ်၊ အရင်တစ်ခါရတဲ့ ကတ်လောက်လဲ မကောင်းဘူး" လုကျိုး တစ်ကိုယ်တည်း ရေရွတ်နေလိုက်မိသည်။
သူ ပို၍လည်း ငယ်နုသွားလေသည်။ ရုပ်ရည်သွင်ပြင်အရတော့ သိပ်အများကြီး မပြောင်းလဲသွား။ ဆံနက်တချို့ ပေါက်လာသည်နှင့်၊ ပို၍ တက်ကြွ သွက်လက်လာသယောင်ရှိခြင်းမျှသာ။
"ငါ့မှာ ကုသိုလ်မှတ် ၁၅၀ ရှိသေးတယ်... နည်းလွန်းလိုက်တာ"
လုကျိုး စိတ်ထဲမှာ ရောပြွန်းနေသည့် ကျင့်ကြံလမ်းစဉ် အရှုပ်အထွေးများအတိုင်း မလေ့ကျင့်တော့ပေ။ တပည့်များကို သင်ထားသည့် နည်းလမ်းအတိုင်းလည်း လိုက်မကျင့်ကြံပေ။ ထိုအစား စနစ်ဈေးတန်းမှ ကျင့်ကြံနည်း ကျမ်းအသစ်များ လဲလှယ်ဝယ်ယူပြီး ကျင့်မည်ဟု ဆုံးဖြတ်လိုက်သည်။
သူ ကျိထျန်းတောက်၏ ခြေရာအမှားကို လိုက် မနင်းလိုပေ။
လူတစ်ယောက်၏ ကောင်းသည်၊ ဆိုးသည်တို့ကို ဘေးအပြင်လူတစ်ယောက်က အကဲခတ် တန်ဖိုးဖြတ်ခြင်းမပြုသင့်သော်လည်း ကျိထျန်းတောက်၏ စရိုက်နှင့် သူတစ်ပါးကို ဆက်ဆံပုံတို့ကြောင့် ဤအခြေအနေထိ ကျရှုံးသွားရသည်ဟု လုကျိုး တွေးမိသည်။ မိမိ၏ တပည့်များက တော်လှန် သစ္စာဖောက်ဝံ့သည့်အခြေအနေမျိုး ရောက်ရသည်အထိ ဖြစ်သွားခဲ့ရသည်။ ထို့အပြင် လူတစ်ယောက် မကောင်းမှု ပြုနိုင်သည့် အတိုင်းအတာမှာ သူ လေ့ကျင့် ကျင့်ကြံခဲ့သော နည်းလမ်းများ သိုင်းစဉ်များနှင့် ဆက်နွယ်မှုရှိသည်ဟု လုကျိုး ယူဆလေ၏။
သူ အတွေးလွန်နေစဉ်မှာပင် အပြင်ဘက်ဆီမှ အသံတစ်သံ ပြန့်လွင့်ဝင်လာလေသည်။
"ရှစ်စွင်း၊ ရှောင်ယွမ်အာ ရှစ်စွင်းကို တွေ့ချင်လို့ပါ"
"ဝင်လာခဲ့...!"
ယွမ်အာလေးသည် တံခါးကို တွန်းဖွင့်၍ ခြေလှမ်းသေးသေးလေးများဖြင့် ဝင်လာလေသည်။ သူမ၏ ဆရာသခင် ကြမ်းပြင်ပေါ်၌ တပလ္လင်ခွေခြေချိတ်ထိုင်နေသည်ကို တွေ့သောအခါ သူမ ရယ်ကာ ပြောမိလေတော့သည်။
"ရှစ်စွင်း၊ ပိုပို နုလာသလိုပဲနော်"
"စကားကို သကာရည်လူးပြီးပြောနေတယ်" လုကျိုး လက်တစ်ဖက်လှမ်းလိုက်ကာ သူမ ခေါင်းကို အသာခေါက်လိုက်တော့သည်။
"ရှစ်စွင်းက သိပ်စွမ်းတာပဲ"
"ဟုတ်လို့လား"
"ရှစ်စွင်းကလေ ထိပ်သီးဆယ်ယောက်ကို တစ်ကိုယ်တည်း ယှဉ်ပြိုင်ပြီး နှင်ထုတ် မောင်းချနိုင်တဲ့ သူပဲ၊ လောကမှာ အဲ့သလိုလူမျိုး ရှစ်စွင်းတစ်ယောက်ပဲ ရှိမယ်" ယွမ်အာလေးသည် လေးစားကြည်ညို ချစ်ခင်စွာဖြင့် ဆိုလာလေသည်။
လုကျိုး နှုတ်ဆိတ်နေလိုက်သည်။ သူ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ အတွေ့အကြုံ အစမ်းကတ်များတန်ခိုးဖြင့် လုပ်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဝင်၍ ဂုဏ်ဆာ မာန်တက်နေစရာ အကြောင်းမရှိပေ။
ရှောင်ယွမ်အာကတော့ သူမ၏ မျက်လုံးရွှဲကြီးများကို တပုတ်ခတ်ခတ်လုပ်ကာ ဆိုလာတော့သည်။ "ရှစ်စွင်း အရင်ကလေ ရှစ်စွင်း ယွမ်အာ့ကို သင်ပေးဖူးတာ၊ ကျွန်မတို့တွေ အားတန်သရွေ့ အင်အားရှိနေသရွေ့ ကိုယ်နိုင်သရွေ့ ဘယ်သူ့ကို မဆို သတ်ပစ်လို့ရတယ်ဆို၊ ဒါပေမဲ့ ရှစ်စွင်း ဘာလို့ ရှစ်ရှိုးတို့ ရှစ်ကျဲတို့ကို မသတ်လိုက်တာလဲ"
". . ."
လုကျိုး အကြည့်များက ယွမ်အာလေးဆီ ရောက်သွားတော့သည်။ ဤကလေးမငယ်၌ ဤမျှ ကြောက်စရာကောင်းသော အတွေးမျိုး ရှိနေမည်ဟု သူ ထင်မထားခဲ့ပေ။
"ယွမ်အာ"
"ဟုတ် ရှစ်စွင်း"
"အရင်တုန်းက ရှစ်စွင်း သင်ပေးခဲ့တဲ့ ဆုံးမစကားတွေ၊ လမ်းညွှန်ချက်တွေအကုန် မေ့ပစ်လိုက်တော့..."
"ဟင်... ဟုတ်ကဲ့"
သူမမျက်နှာဝယ် ချီတုံချတုံ ဖြစ်နေသေးသည်ကို သူ သတိထားမိလိုက်ပြန်သည်။ သူ ခေါင်းတစ်ချက်ခါလိုက်ကာ ပြောလိုက်တော့သည်။
"ပြောစရာရှိတာသာ ပြောစမ်း... ငါ မင်းကို အပြစ်မတင်ပါဘူး"
"ရှစ်စွင်း၊ အရင်က ယွမ်အာကို ကတိပေးထားတယ်လေ... အဲ့ဒါကိုလဲ ယွမ်အာ မေ့လိုက်ရမှာလားဟင်" ယွမ်အာလေးခမျာ သတ္တိတို့စုဆောင်း၍ မေးလိုက်ရှာလေသည်။
'ဟို လူဆိုးကြီးက သူ့ကို ဘာကတိတွေ ပေးထားခဲ့သတုန်း'
လုကျိုး မှတ်ဉာဏ်များထဲ ပြန်ရှာကြည့်သည်။ သို့သော် ဘာမျှ ရေရေရာရာ မမှတ်မိလာ။ ဒီလူယုတ်မာကြီး၏ ခန္ဓာကိုယ်ထဲ သူ ရောက်လာပြီးနောက် မှတ်ဉာဏ်အများစုပါ ပျောက်သွားဟန် ရှိလေသည်။
"ရှစ်စွင်း မင်းကို ဘာကတိပေးထားလို့လဲ" လုကျိုး ပဟေဠိဖြစ်နေသည်။
"ရှစ်စွင်း... ကျွန်မ နတ်ဝိညာဉ်ဦးတည်နယ်ပယ်ရောက်တာနဲ့ ကျောက်စိမ်းမြင်းမြီးယပ်ပေးမယ်လို့ ကတိပေးထားတာလေ..."
ထိုကတိအကြောင်းကို လုကျိုး မမှတ်မိတော့သော်လည်း ကျောက်စိမ်းမြင်းမြီးယပ်ကိုတော့ သိသည်။ ၎င်းမှာ ကျင့်ကြံသူ၏ အစွမ်းတန်ခိုးကို ပိုတိုးစေသော ကောင်းကင်အဆင့်ရတနာ ဖြစ်လေသည်။
သို့သော် လုကျိုး ကျိထျန်းတောက် ခန္ဓာကိုယ်ထဲ ရောက်လာပြီးသည်မှစ၍ သူ၏ ရတနာပစ္စည်းများ အားလုံး ပျောက်ခြင်းမလှ ပျောက်သွားခဲ့လေပြီ။ သူမကို ဘာသွားပေးရတော့မည်လဲ။
ပစ္စည်းများကို လူယုတ်မာကြီး ဝှက်ထားသည်ကို လုကျိုး နားလည်ပါသည်။ သူ့တပည့်များ၏ သစ္စာဖောက်သွားမှုက သူ့သြဇာအာဏာသက်ရောက်မှုအပေါ် စိန်ခေါ်လျက်ရှိသည်။ တပည့်များကို နှိမ်မထားနိုင်လျှင် သူ့ကို အနှေးနှင့် အမြန် တပည့်အားလုံး သစ္စာဖောက်ကုန်ကြရော့မည်။ မတတ်သာ၍ ပြုခဲ့မိသော လုပ်ရပ်ပေ။
သို့သော် ပြောပြီးသော စကားမှာ ထွေးပြီးသား တံတွေးကဲ့သို့ဖြစ်၏။
"ဒါပေါ့၊ အဲ့ကတိလဲ မင်း မေ့ပစ်ရမယ်"
ယွမ်အာလေး စိတ်အပျက်ကြီး ပျက်သွားရတော့သည်။
လုကျိုးကတော့ ဆက်ပြောလေသည်။
"ဒါပေမဲ့ ရှစ်စွင်း မင်းကို တခြား ကောင်းကင်အဆင့် ရတနာတစ်ခု ပေးမယ်၊ မြင်းမြီးယပ်ဆိုတာက အဘိုးကြီး အဘွားကြီးတွေပဲ ကိုင်ကြတာ၊ မင်းလို ကလေးမလေးနဲ့ဆို ကြည့်ကောင်းမှာ မဟုတ်ဘူး"
ထိုသို့ကြားသောအခါ ယွမ်အာလေး လွန်စွာ ဝမ်းသာသွားတော့လေသည်။ သူမ ချက်ချင်း ဦးညွတ်လိုက်ကာ ပြောလိုက်သည်။
"ကျေးဇူးပါ ရှစ်စွင်း"
လုကျိုး ခေါင်းအသာညိတ်ကာ ဆက်ပြောလိုက်သည်။
"ငါ့မှာ မင်းအတွက် တာဝန်တစ်ခုရှိတယ်"
"ရှစ်စွင်း အမိန့်ရှိပါ"
"အခုတလော ရွှေနန်းဥယျာဉ်တောင်တဝိုက်မှာ ရှစ်စွင်းတို့ကို စောင့်ကြည့်နေတဲ့ သမာသမတ်ကျင့်ကြံသူတွေ ရှိနေသေးတယ်၊ သူတို့ကို ရှင်းပေးရမယ်"
"ကျွန်မ တာဝန် အောင်မြင်အောင်ထမ်းဆောင်ပါမယ်"
"အခုသွားတော့"
သူမ မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာပြီးသည်နှင့် တောင်ခြေသို့ လျင်မြန်စွာ ပျံဆင်းလာလိုက်သည်။ ပျံလွှားငှက်ငယ်ပမာပင်။ ၁၀ မိနစ်ခန့်ကြာသောအခါ လုကျိုးတစ်ယောက် စနစ်၏ အသိပေးသံကို ကြားရတော့လေသည်။
"လူဆိုးတစ်ယောက်ကို သတ်လိုက်သည့်အတွက် ကုသိုလ်မှတ် ၁၀ မှတ်ရပါသည်"
"လူဆိုးတစ်ယောက်ကို သတ်လိုက်သည့်အတွက် ကုသိုလ်မှတ် ၁၀ မှတ်ရပါသည်"
...
Zawgyi
အခန္း (၉) ခ်မွတ္ေပးထားေသာ တာဝန္မ်ား
_____________
၎တို႔ကို လွန္ေလွာၾကည့္ေနၿပီးသည့္ေနာက္မွာေတာ့ လုက်ိဳး သတိလစ္ ေမ့လဲပစ္လိုက္ခ်င္မိလာသည္။
သူ႕ခမ်ာ တန္ဖိုးအနည္းဆုံး လက္သင္အဆင့္ ဝိညာဥ္သ႑ာန္ကိုပင္ မတတ္နိုင္။ အကုန္လုံးက ေဈးႀကီးေနသည္။
ဤေလာက၏ က်င့္ႀကံသူမ်ားအတြက္ စိတ္ဝိညာဥ္သ႑ာန္ထုတ္နိုင္ျခင္းမွာ အစြမ္းတန္ခိုးအႀကီးဆုံး ပညာျဖစ္သည္။ က်င့္ႀကံသူတို႔ အဆင့္တက္ရာ၌ ဆင္ေျပာင္ႀကီး အၿမီးက်မွ တစ္ရေစေသာ အရာလည္း ျဖစ္၏။ မၾကာခဏဆိုသလို၊ က်င့္ႀကံသူမ်ားစြာတို႔သည္ က်င့္ႀကံဆင့္နယ္ပယ္တစ္ခုခု၌ အဆင့္ မတက္နိုင္ဘဲ ပိတ္မိေနတတ္ေလသည္။ တစ္သက္စာ ပိတ္မိေနျခင္းလည္း ျဖစ္သြားတတ္၏။ အေၾကာင္းကား ၎တို႔၏ စိတ္ဝိညာဥ္သ႑ာန္က တိုးတက္မႈ မရွိနိုင္ေသာေၾကာင့္ပင္။
"က်သင့္တန္ဖိုး မျပဘူးဆိုတာ ဘာသေဘာလဲ" လုက်ိဳး စူးစမ္းလိုစိတ္ျဖင့္ ေရ႐ြတ္လိုက္မိသည္။
အနႏၲအလြန္ဟူသည္ကေတာ့ ဒ႑ာရီမ်ားတြင္သာ ရွိေသာ စိတ္ဝိညာဥ္သ႑ာန္ျဖစ္ေလသည္။ ယေန႕ေခတ္ က်င့္ႀကံျခင္းေလာကတြင္မူ၊ က်ိထ်န္းေတာက္ကဲ့သို႔ေသာ သက္တမ္းရွည္ မိစာၦလူဆိုးသည္ပင္လွ်င္ 'ပြင့္ခ်ပ္ရွစ္လႊာ ဒုကၡ မိုင္တစ္ရာ ရႈကြင္း ဝိညာဥ္သ႑ာန္'အဆင့္ထိသာ ေရာက္နိုင္ေသးသည္။
မွန္သည္။ ပြင့္ခ်ပ္ကိုးလႊာ ဒုကၡမိုင္တစ္ရာ ရႈကြင္း အဆင့္သို႔ တက္ေတာ့မေယာင္ အလားအလာမ်ား ျပေနခဲ့ေသာ္လည္း 'ေလာက နယ္ပယ္တစ္ေထာင္ ဝဲဂယက္' ဝိညာဥ္သ႑ာန္အဆင့္ေရာက္ျခင္းႏွင့္ေတာ့ အကြာႀကီး ကြာေနေသး၏။
"အင္း၊ ငါ အေဝးႀကီး ႀကိဳေမွ်ာ္ မေတြးတာပဲ ေကာင္းလိမ့္မယ္... ငါ စိတ္ထားခံယူခ်က္မွန္ဖို႔လိုတယ္"
သူ႕က်င့္ႀကံဆင့္မွာ ခႏၶာတည္ဖြဲ႕ျခင္း အဆင့္ကိုးထိ က်သြားသည္ျဖစ္၍ သူ၏ စိတ္ေနစိတ္ထား ခံယူခ်က္ကိုလည္း အားအင္နည္းပါးသူကဲ့သို႔ ေျပာင္းလဲသေဘာထားေနသင့္ေလသည္။ သူ႕အဆင့္ႏွင့္ မလွမ္းသာနိုင္ေသာ အရာမ်ားကို မေမွ်ာ္လင့္ေနသင့္။
"ကံစမ္းမဲပဲ စမ္းၾကည့္ရေအာင္" လုက်ိဳး ေျပာလိုက္ေတာ့သည္။
"တင္း၊ ကံစမ္းမဲ စတင္ပါၿပီ"
"တင္း၊ ကံစမ္းမဲ ဆြဲရာမွ ကုသိုလ္ရမွတ္ ၅၀ ကုန္က်ပါသည္၊ အေၾကာင္းျပန္လွန္ကတ္တစ္ကတ္ ရရွိပါသည္"
"ဆက္လက္ ကံစမ္းခ်င္ပါသလား"
"ေၾသာ မဲေပါက္နိုင္ေျခ ေတာ္ေတာ္မ်ားတာပါလား၊ 'ေက်းဇူးတင္ပါသည္၊ ေနာက္တစ္ႀကိမ္ ျပန္လည္ႀကိဳးစားပါ' ဆိုတဲ့ အသံမၾကားရတာ ယုံေတာင္ မယုံနိုင္ဘူး၊ ဝိုး...!" လုက်ိဳး အနည္းငယ္ေတာ့ အံ့အားသင့္ေနခဲ့သည္။ "ငါ့မွာ ကုသိုလ္မွတ္ ၁၅၀ ရွိေသးတယ္... အင္း၊ ငါ့က်င့္ႀကံဆင့္ တက္နိုင္ေအာင္လို႔ ဝိညာဥ္သ႑ာန္တစ္ခု ဝယ္နိုင္တဲ့အထိ ဆက္စုထားတာ ေကာင္းမယ္"
ပုံမွန္ က်င့္ႀကံသြားမည္ဆိုလွ်င္ ခႏၶာ ဖြဲ႕တည္အဆင့္မွ တက္ရန္ တစ္ေနသည့္ ကိစၥကို အလ်င္ ေက်ာ္လႊားနိုင္ရမည္။ ၿပီးေနာက္ စိတ္နက္နဲမႈ ထုဆစ္ျခင္းအဆင့္ကိုေရာက္မည္။ ထိုမွသာ လက္သင္အဆင့္ စိတ္ဝိညာဥ္သ႑ာန္ကို ကြၽမ္းက်င္စြာ အသုံးျပဳတတ္ေျမာက္နိုင္မည္ျဖစ္၏။
သို႔ေသာ္ ယခုေတာ့ သူ စနစ္ဆိုင္တန္းထဲမွ စိတ္ဝိညာဥ္သ႑ာန္မ်ားကို ဝယ္နိုင္မည္ျဖစ္၍ က်င့္ႀကံဆင့္ တက္သည့္အျဖစ္မ်ိဳး ႀကဳံရေတာ့မည္မဟုတ္ေပ။
"ငါ့ကို တာဝန္ေတြ ျပစမ္း"
"လက္ရွိ အဓိက တာဝန္: [ယုတ္မာဆိုးသြမ္းေသာ တပည့္မ်ားကို ထိန္းေက်ာင္းသြန္သင္ပါ] တစ္ရက္ သြန္သင္ ဆုံးမသူကား တစ္သက္ အဖပမာ မည္၏။ ဆရာကို အာခံ၍ သစၥာေဖာက္သူမ်ားသည္ သစၥာမဲ့ၾကသည္၊ ထိုသစၥာမဲ့သူမ်ားသည္ ေခြးဝက္တို႔ထက္ ယုတ္ညံ့ၾကကုန္၏။ တပည့္မ်ားကို သြန္သင္ပဲ့ျပင္လိုက္ၿပီး ၎တို႔၏ သစၥာေစာင့္သိမႈကို ျမႇင့္တင္လိုက္ပါ"
"တာဝန္ခြဲ #၁: စီယြမ္အာ၏ သစၥာေစာင့္သိမႈကို ျမႇင္တင္ရန္။ ေအာင္ျမင္ၿပီးစီး"
"တာဝန္ခြဲ #၂: အက်င့္မေကာင္းေသာ တပည့္သုံးေယာက္ကို အျပစ္ေပးရန္။ ေအာင္ျမင္ၿပီးစီး"
"တာဝန္ခြဲ #၃: က်ဴးဟုန္ကုန္းကို သြန္သင္ပဲ့ျပင္ရန္။ လုပ္ေဆာင္ေနဆဲ..."
"တာဝန္ခြဲ #၄: မိစာၦဟူသမွ် သုတ္သင္ရမည္။ အေျခအေနကို ေျပာင္းလဲပါ။ လုပ္ေဆာင္ေနဆဲ..."
တာဝန္ စာမ်က္ႏွာ အသစ္ေပၚလာသည္ကို ေတြ႕ရေသာအခါ လုက်ိဳး သက္ျပင္းတစ္ခ်က္ ခ်လိဳက္မိေတာ့သည္။
"၈ ေယာက္ေျမာက္တပည့္ကို သြန္သင္ရမယ္ဆိုေတာ့ ငါ သူ႕ကို လိုက္ရွာရမွာေပါ့... လက္ရွိ ငါ့ က်င့္ႀကံအဆင့္နဲ႕ဆို ေသတြင္းတူးသလို ျဖစ္ေနေတာ့မွာပဲ" လုက်ိဳး မိမိကိုယ္ကို ေရ႐ြတ္ေနလိုက္သည္။
"ကိစၥတိုင္းကို ေသခ်ာ သုံးသပ္ရမယ္၊ တစြတ္ထိုး ျပဳမူလို႔ မျဖစ္ဘူး"
သူ တပည့္ဆိုး သုံးေယာက္ အေၾကာင္းစဥ္းစားလိုက္မိသည္။ သူ သူတို႔သုံးေယာက္ကို အျပစ္ေပး ထိန္းခ်ဳပ္ထားျခင္း မျပဳဘဲ အနားမွာ ထားလွ်င္ပင္ သူ႕အတြက္ အႏၲရာယ္မ်ားလြန္းေနသည္။ စင္စစ္တကယ္တမ္း သူ႕သိုင္းပညာ အဆင့္မည္မွ် ေရာက္ေနသည္ဟူေသာ အမွန္တရားက အေႏွးႏွင့္ အျမန္ဆိုသလို ေပၚေပါက္သြားနိုင္ေလသည္။
ေရွာင္ယြမ္အာတစ္ေယာက္သာ စိတ္ခ်ရသည္။
သူမ၏ က်င့္ႀကံဆင့္က နတ္ေဒဝါ ဦးတည္နယ္ပယ္ျဖစ္ၿပီး သူမ၏ သစၥာေစာင့္သိမႈကလည္း အျမင့္ဆုံးျဖစ္သည္။ သူမက အသက္အငယ္ဆုံးေလးလည္း ျဖစ္၏။ ထို႔ေၾကာင့္ သူ႕အနားမွာ ထားရန္ အသင့္ေတာ္ဆုံးေသာ တပည့္တစ္ဦးျဖစ္ေလသည္။ သူမကို သူလည္းပဲ ဘဝလမ္းေၾကာင္း အမွန္တရားကို သင္ျပလမ္းၫႊန္ေပးနိုင္မည္။ ခဲတစ္လုံးျဖင့္ ငွက္ႏွစ္ေကာင္ ပစ္နိုင္ျခင္းပင္တည္း။
ထိုသို႔ အေတြးေပါက္ၿပီးေသာ္ လုက်ိဳးသည္ ျဖည္းညင္းစြာ ထလိုက္ကာ မိစာၦေဝဟင္ေမွ်ာ္နန္းသို႔ ျပန္လာလိုက္ေတာ့ေလသည္။
"ငါ့မွာ အေၾကာင္းျပန္လွန္ကတ္တစ္ကတ္ ရွိေသးတယ္၊ ဒါကို အရင္ဆုံး သုံးရမယ္"
မိစာၦေဝဟင္ေမွ်ာ္နန္းမွာ ေ႐ႊနန္းဥယ်ာဥ္ေတာင္ ထိပ္၌ ရွိၿပီး က်ိထ်န္းေတာက္ႏွင့္ တပည့္မ်ား ေနထိုင္ရာ အိမ္ေဆာင္နန္းေတာ္ျဖစ္ေလသည္။ ၿငိမ္းခ်မ္း၍ တိတ္ဆိတ္ေသာ ေနရာလည္း ျဖစ္၏။
…
သုံးရက္အၾကာ၊ က်ားေတာင္ရိုးဂိုဏ္း၏ ဌာနခ်ဳပ္၌...
"စုံစမ္းတာ အေျခအေနက ဘယ္လိုလဲ"
"ေ႐ႊနန္းဥယ်ာဥ္ေတာင္ဆီကို ကြၽန္ေတာ္ လွည္းယာဥ္ပ်ံနဲ႕ လူတခ်ိဳ႕ အျမန္ေစလႊတ္ၿပီး ၾကည့္ေစလိုက္ပါတယ္၊ အဲ့ဒီမွာ တိုက္ပြဲ ျပင္းထန္ေနတာမို႔ ကြၽန္ေတာ့္လူေတြ သိပ္ မကပ္ရဲၾကဘူး၊ ဒါေပမဲ့... ဒါေပမဲ့ အဲ့ဒီက ျပန္လာတဲ့ တခ်ိဳ႕ က်င့္ႀကံသူေတြ ေျပာၾကတာေတာ့ စိတ္ဝိညာဥ္သ႑ာန္ သုံးသြားတာကို မ်က္ဝါးထင္ထင္ ေတြ႕လာခဲ့ၾကပါတယ္တဲ့"
"ဝိညာဥ္သ႑ာန္တဲ့လား၊ ဘယ္လို မ်ိဳးလဲ"
"ဝိညာဥ္သ႑ာန္ဟာ ေပတစ္ရာျမင့္ၿပီး ေပႏွစ္ဆယ္ လုံးပတ္ရွိပါတယ္၊ ေဘးပတ္ပတ္လည္မွာ ေ႐ႊေရာင္ ကိုယ္ေရာင္ကိုယ္ဝါ ပတ္ၿခံရံေနၿပီး ေအာက္မွာ ပြင့္ခ်ပ္ရွစ္လႊာ ေ႐ႊၾကာပန္း ပြင့္ေနပါတယ္"
ဝုန္း...!
က်ဴးဟုန္ကုန္း ထိုင္ေနရာ ပလႅင္ထက္မွပင္ ျပဳတ္က်သြားေတာ့ေလသည္။ အင္အားႀကီး ၾသဇာအျပည့္ရွိေသာ ဂိုဏ္းခ်ဳပ္ဟိတ္ဟန္လည္း ေပ်ာက္သြားေတာ့သည္။
သူ႕မ်က္ႏွာထိမ်က္ႏွာထားမွာလည္း သိသိသာသာ ပ်က္ယြင္းေနၿပီး ေျခမ်ားက တုန္ေနသည္။
ေ႐ႊနန္းဥယ်ာဥ္ေတာင္နား၌ ေပတစ္ရာအျမင့္ရွိေသာ စိတ္ဝိညာဥ္သ႑ာန္ပိုင္ဆိုင္နိုင္သူမွာ သူ၏ ဆရာသခင္သာ ရွိေတာ့သည္။ ဒုကၡမိုင္တစ္ရာ ရႈကြင္း သ႑ာန္ကို ထုထည္အသြင္ယူသြားၿပီးလွ်င္ ၾကာပြင့္လႊာ တစ္ခ်ပ္တိုးေလတိုင္း ၁၀ ေပ ပို၍ ျမင့္လာတတ္ေလသည္။
က်ဴးဟုန္ကုန္း တစ္ကိုယ္လုံး တုန္ေနေတာ့သည္။ 'အဲ့ဒါ တကယ္ႀကီး ရွစ္စြင္းပဲ... ငါ ဘယ္လို လုပ္ရေတာ့မလဲ၊ ငါ ဘယ္လိုလုပ္ရပါ့မလဲ...'
မိစာၦေဝဟင္ေမွ်ာ္နန္းအတြင္းတြင္မူ...
လုက်ိဳး အေၾကာင္းျပန္လွန္ကတ္ကို အသုံးျပဳလိုက္ၿပီး သူ႕အသက္ကို ၆၁၃ ရက္အထိ ျပန္တိုးလိုက္နိုင္ေလသည္။ ရက္အနည္းငယ္မွ် အနားယူၿပီးေသာအခါ သူ ပို၍ အားအင္ျပည့္ၿဖိဳးသြားေတာ့သည္။
"ဒီကတ္က ငါ့ကို ရက္ ၃၀၀ ပဲ ထပ္ေပးတယ္၊ အရင္တစ္ခါရတဲ့ ကတ္ေလာက္လဲ မေကာင္းဘူး" လုက်ိဳး တစ္ကိုယ္တည္း ေရ႐ြတ္ေနလိုက္မိသည္။
သူ ပို၍လည္း ငယ္ႏုသြားေလသည္။ ႐ုပ္ရည္သြင္ျပင္အရေတာ့ သိပ္အမ်ားႀကီး မေျပာင္းလဲသြား။ ဆံနက္တခ်ိဳ႕ ေပါက္လာသည္ႏွင့္၊ ပို၍ တက္ႂကြ သြက္လက္လာသေယာင္ရွိျခင္းမွ်သာ။
"ငါ့မွာ ကုသိုလ္မွတ္ ၁၅၀ ရွိေသးတယ္... နည္းလြန္းလိုက္တာ"
လုက်ိဳး စိတ္ထဲမွာ ေရာႁပြန္းေနသည့္ က်င့္ႀကံလမ္းစဥ္ အရႈပ္အေထြးမ်ားအတိုင္း မေလ့က်င့္ေတာ့ေပ။ တပည့္မ်ားကို သင္ထားသည့္ နည္းလမ္းအတိုင္းလည္း လိုက္မက်င့္ႀကံေပ။ ထိုအစား စနစ္ေဈးတန္းမွ က်င့္ႀကံနည္း က်မ္းအသစ္မ်ား လဲလွယ္ဝယ္ယူၿပီး က်င့္မည္ဟု ဆုံးျဖတ္လိုက္သည္။
သူ က်ိထ်န္းေတာက္၏ ေျခရာအမွားကို လိုက္ မနင္းလိုေပ။
လူတစ္ေယာက္၏ ေကာင္းသည္၊ ဆိုးသည္တို႔ကို ေဘးအျပင္လူတစ္ေယာက္က အကဲခတ္ တန္ဖိုးျဖတ္ျခင္းမျပဳသင့္ေသာ္လည္း က်ိထ်န္းေတာက္၏ စရိုက္ႏွင့္ သူတစ္ပါးကို ဆက္ဆံပုံတို႔ေၾကာင့္ ဤအေျခအေနထိ က်ရႈံးသြားရသည္ဟု လုက်ိဳး ေတြးမိသည္။ မိမိ၏ တပည့္မ်ားက ေတာ္လွန္ သစၥာေဖာက္ဝံ့သည့္အေျခအေနမ်ိဳး ေရာက္ရသည္အထိ ျဖစ္သြားခဲ့ရသည္။ ထို႔အျပင္ လူတစ္ေယာက္ မေကာင္းမႈ ျပဳနိုင္သည့္ အတိုင္းအတာမွာ သူ ေလ့က်င့္ က်င့္ႀကံခဲ့ေသာ နည္းလမ္းမ်ား သိုင္းစဥ္မ်ားႏွင့္ ဆက္ႏြယ္မႈရွိသည္ဟု လုက်ိဳး ယူဆေလ၏။
သူ အေတြးလြန္ေနစဥ္မွာပင္ အျပင္ဘက္ဆီမွ အသံတစ္သံ ျပန့္လြင့္ဝင္လာေလသည္။
"ရွစ္စြင္း၊ ေရွာင္ယြမ္အာ ရွစ္စြင္းကို ေတြ႕ခ်င္လို႔ပါ"
"ဝင္လာခဲ့...!"
ယြမ္အာေလးသည္ တံခါးကို တြန္းဖြင့္၍ ေျခလွမ္းေသးေသးေလးမ်ားျဖင့္ ဝင္လာေလသည္။ သူမ၏ ဆရာသခင္ ၾကမ္းျပင္ေပၚ၌ တပလႅင္ေခြေျခခ်ိတ္ထိုင္ေနသည္ကို ေတြ႕ေသာအခါ သူမ ရယ္ကာ ေျပာမိေလေတာ့သည္။
"ရွစ္စြင္း၊ ပိုပို ႏုလာသလိုပဲေနာ္"
"စကားကို သကာရည္လူးၿပီးေျပာေနတယ္" လုက်ိဳး လက္တစ္ဖက္လွမ္းလိုက္ကာ သူမ ေခါင္းကို အသာေခါက္လိုက္ေတာ့သည္။
"ရွစ္စြင္းက သိပ္စြမ္းတာပဲ"
"ဟုတ္လို႔လား"
"ရွစ္စြင္းကေလ ထိပ္သီးဆယ္ေယာက္ကို တစ္ကိုယ္တည္း ယွဥ္ၿပိဳင္ၿပီး ႏွင္ထုတ္ ေမာင္းခ်နိဳင္တဲ့ သူပဲ၊ ေလာကမွာ အဲ့သလိုလူမ်ိဳး ရွစ္စြင္းတစ္ေယာက္ပဲ ရွိမယ္" ယြမ္အာေလးသည္ ေလးစားၾကည္ညို ခ်စ္ခင္စြာျဖင့္ ဆိုလာေလသည္။
လုက်ိဳး ႏႈတ္ဆိတ္ေနလိုက္သည္။ သူ ထိုသို႔ လုပ္ေဆာင္နိုင္ျခင္းမွာ အေတြ႕အႀကဳံ အစမ္းကတ္မ်ားတန္ခိုးျဖင့္ လုပ္နိုင္ျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ဝင္၍ ဂုဏ္ဆာ မာန္တက္ေနစရာ အေၾကာင္းမရွိေပ။
ေရွာင္ယြမ္အာကေတာ့ သူမ၏ မ်က္လုံး႐ႊဲႀကီးမ်ားကို တပုတ္ခတ္ခတ္လုပ္ကာ ဆိုလာေတာ့သည္။ "ရွစ္စြင္း အရင္ကေလ ရွစ္စြင္း ယြမ္အာ့ကို သင္ေပးဖူးတာ၊ ကြၽန္မတို႔ေတြ အားတန္သေ႐ြ႕ အင္အားရွိေနသေ႐ြ႕ ကိုယ္နိုင္သေ႐ြ႕ ဘယ္သူ႕ကို မဆို သတ္ပစ္လို႔ရတယ္ဆို၊ ဒါေပမဲ့ ရွစ္စြင္း ဘာလို႔ ရွစ္ရွိုးတို႔ ရွစ္က်ဲတို႔ကို မသတ္လိုက္တာလဲ"
". . ."
လုက်ိဳး အၾကည့္မ်ားက ယြမ္အာေလးဆီ ေရာက္သြားေတာ့သည္။ ဤကေလးမငယ္၌ ဤမွ် ေၾကာက္စရာေကာင္းေသာ အေတြးမ်ိဳး ရွိေနမည္ဟု သူ ထင္မထားခဲ့ေပ။
"ယြမ္အာ"
"ဟုတ္ ရွစ္စြင္း"
"အရင္တုန္းက ရွစ္စြင္း သင္ေပးခဲ့တဲ့ ဆုံးမစကားေတြ၊ လမ္းၫႊန္ခ်က္ေတြအကုန္ ေမ့ပစ္လိုက္ေတာ့..."
"ဟင္... ဟုတ္ကဲ့"
သူမမ်က္ႏွာဝယ္ ခ်ီတုံခ်တဳံ ျဖစ္ေနေသးသည္ကို သူ သတိထားမိလိုက္ျပန္သည္။ သူ ေခါင္းတစ္ခ်က္ခါလိုက္ကာ ေျပာလိုက္ေတာ့သည္။
"ေျပာစရာရွိတာသာ ေျပာစမ္း... ငါ မင္းကို အျပစ္မတင္ပါဘူး"
"ရွစ္စြင္း၊ အရင္က ယြမ္အာကို ကတိေပးထားတယ္ေလ... အဲ့ဒါကိုလဲ ယြမ္အာ ေမ့လိုက္ရမွာလားဟင္" ယြမ္အာေလးခမ်ာ သတၱိတို႔စုေဆာင္း၍ ေမးလိုက္ရွာေလသည္။
'ဟို လူဆိုးႀကီးက သူ႕ကို ဘာကတိေတြ ေပးထားခဲ့သတုန္း'
လုက်ိဳး မွတ္ဉာဏ္မ်ားထဲ ျပန္ရွာၾကည့္သည္။ သို႔ေသာ္ ဘာမွ် ေရေရရာရာ မမွတ္မိလာ။ ဒီလူယုတ္မာႀကီး၏ ခႏၶာကိုယ္ထဲ သူ ေရာက္လာၿပီးေနာက္ မွတ္ဉာဏ္အမ်ားစုပါ ေပ်ာက္သြားဟန္ ရွိေလသည္။
"ရွစ္စြင္း မင္းကို ဘာကတိေပးထားလို႔လဲ" လုက်ိဳး ပေဟဠိျဖစ္ေနသည္။
"ရွစ္စြင္း... ကြၽန္မ နတ္ဝိညာဥ္ဦးတည္နယ္ပယ္ေရာက္တာနဲ႕ ေက်ာက္စိမ္းျမင္းၿမီးယပ္ေပးမယ္လို႔ ကတိေပးထားတာေလ..."
ထိုကတိအေၾကာင္းကို လုက်ိဳး မမွတ္မိေတာ့ေသာ္လည္း ေက်ာက္စိမ္းျမင္းၿမီးယပ္ကိုေတာ့ သိသည္။ ၎မွာ က်င့္ႀကံသူ၏ အစြမ္းတန္ခိုးကို ပိုတိုးေစေသာ ေကာင္းကင္အဆင့္ရတနာ ျဖစ္ေလသည္။
သို႔ေသာ္ လုက်ိဳး က်ိထ်န္းေတာက္ ခႏၶာကိုယ္ထဲ ေရာက္လာၿပီးသည္မွစ၍ သူ၏ ရတနာပစၥည္းမ်ား အားလုံး ေပ်ာက္ျခင္းမလွ ေပ်ာက္သြားခဲ့ေလၿပီ။ သူမကို ဘာသြားေပးရေတာ့မည္လဲ။
ပစၥည္းမ်ားကို လူယုတ္မာႀကီး ဝွက္ထားသည္ကို လုက်ိဳး နားလည္ပါသည္။ သူ႕တပည့္မ်ား၏ သစၥာေဖာက္သြားမႈက သူ႕ၾသဇာအာဏာသက္ေရာက္မႈအေပၚ စိန္ေခၚလ်က္ရွိသည္။ တပည့္မ်ားကို ႏွိမ္မထားနိုင္လွ်င္ သူ႕ကို အေႏွးႏွင့္ အျမန္ တပည့္အားလုံး သစၥာေဖာက္ကုန္ၾကေရာ့မည္။ မတတ္သာ၍ ျပဳခဲ့မိေသာ လုပ္ရပ္ေပ။
သို႔ေသာ္ ေျပာၿပီးေသာ စကားမွာ ေထြးၿပီးသား တံေတြးကဲ့သို႔ျဖစ္၏။
"ဒါေပါ့၊ အဲ့ကတိလဲ မင္း ေမ့ပစ္ရမယ္"
ယြမ္အာေလး စိတ္အပ်က္ႀကီး ပ်က္သြားရေတာ့သည္။
လုက်ိဳးကေတာ့ ဆက္ေျပာေလသည္။
"ဒါေပမဲ့ ရွစ္စြင္း မင္းကို တျခား ေကာင္းကင္အဆင့္ ရတနာတစ္ခု ေပးမယ္၊ ျမင္းၿမီးယပ္ဆိုတာက အဘိုးႀကီး အဘြားႀကီးေတြပဲ ကိုင္ၾကတာ၊ မင္းလို ကေလးမေလးနဲ႕ဆို ၾကည့္ေကာင္းမွာ မဟုတ္ဘူး"
ထိုသို႔ၾကားေသာအခါ ယြမ္အာေလး လြန္စြာ ဝမ္းသာသြားေတာ့ေလသည္။ သူမ ခ်က္ခ်င္း ဦးၫြတ္လိုက္ကာ ေျပာလိုက္သည္။
"ေက်းဇူးပါ ရွစ္စြင္း"
လုက်ိဳး ေခါင္းအသာညိတ္ကာ ဆက္ေျပာလိုက္သည္။
"ငါ့မွာ မင္းအတြက္ တာဝန္တစ္ခုရွိတယ္"
"ရွစ္စြင္း အမိန့္ရွိပါ"
"အခုတေလာ ေ႐ႊနန္းဥယ်ာဥ္ေတာင္တဝိုက္မွာ ရွစ္စြင္းတို႔ကို ေစာင့္ၾကည့္ေနတဲ့ သမာသမတ္က်င့္ႀကံသူေတြ ရွိေနေသးတယ္၊ သူတို႔ကို ရွင္းေပးရမယ္"
"ကြၽန္မ တာဝန္ ေအာင္ျမင္ေအာင္ထမ္းေဆာင္ပါမယ္"
"အခုသြားေတာ့"
သူမ မိစာၦေဝဟင္ေမွ်ာ္နန္းမွ ထြက္လာၿပီးသည္ႏွင့္ ေတာင္ေျခသို႔ လ်င္ျမန္စြာ ပ်ံဆင္းလာလိုက္သည္။ ပ်ံလႊားငွက္ငယ္ပမာပင္။ ၁၀ မိနစ္ခန့္ၾကာေသာအခါ လုက်ိဳးတစ္ေယာက္ စနစ္၏ အသိေပးသံကို ၾကားရေတာ့ေလသည္။
"လူဆိုးတစ္ေယာက္ကို သတ္လိုက္သည့္အတြက္ ကုသိုလ္မွတ္ ၁၀ မွတ္ရပါသည္"
"လူဆိုးတစ္ေယာက္ကို သတ္လိုက္သည့္အတြက္ ကုသိုလ္မွတ္ ၁၀ မွတ္ရပါသည္"