ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

49 (Arc 5)

15.5K 1.7K 127
By Vanilla_IceCream61

နျင်းချန်ယွမ်၏ စကားလုံးများအားကြားပြီး ပရိသတ်များ ဝေါခနဲ ရယ်ကြတော့သည်။ ဒါ ဘယ်လိုဟာသမျိုးလဲ။ နျင်းချန်ယွမ်ကို ထောက်ပံ့တယ် ဟုတ်လား။ ဘယ်သူက သူ့ကို ထောက်ပံ့ပေးနိုင်ရလောက်အောင်အထိ စွမ်းအားရှိသွားတာလဲ။

' ... ' များ မျက်နှာပြင်ပေါ် ချက်ချင်းပြည့်သွားသည်။

" အဟမ်း။ ငါတို့ တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်တာ ငါးနှစ်လောက်ရှိသွားပေမယ့် အရှင်သခင်ကြီးက ဟာသတောင်ပြောတတ်နေပြီ။ မဆိုးပါဘူး။ "

"ဘုရားရေ။ အရှင်သခင်ကြီးရဲ့ နှစ်ပေါင်းများစွာ ထိန်းသိမ်းလာတဲ့ အေးစက်စက်ပုံရိပ်ကြီး ပြိုကျလုဆဲဆဲဖြစ်နေပြီလို့ ငါဘာကြောင့် ခံစားနေရတာလဲ။ "

" အဲ့ဒါလေးကို ချိုမြိန်တယ်လို့ ခံစားနေရတာ ငါတစ်ယောက်ထဲလား။..."

" သွားတွေတောင် ကျင်လောက်အောင် ချိုလွန်းတယ် မဟုတ်လား။ "

"ဒီနေ့ ခွေးစာလေးက အရမ်း အရသာရှိတယ်။ "

ချင်းယွင်က နျင်းချန်ယွမ်ကို အနည်းငယ်အံ့အားသင့်ပုံဖြင့် ကြည့်နေသည်။ သူ၏ ဤလူအား နားလည်မှုအရ သူကဒီအခွင့်အရေးအားယူကာ သူတို့၏ဆက်ဆံရေးအား လူထုထံချပြလောက်မည်ဖြစ်သည်။

နျင်းချန်ယွမ်က ဘာမှထပ်မပြောဘဲ ချင်းယွင်၏ လက်ကိုသာ ညှစ်လိုက်သည်။ ဒါပေါ့ သူလူထုကို ချပြချင်တာပေါ့။ သို့သော် သူအကောင့်တုဖွင့်၍ ပရိသတ်အုပ်စုထဲ မေးကြည့်သောအခါ ချင်းယွင်ပရိသတ်များ၏ တုန့်ပြန်မှုက သူ့အားတွေးတောမိစေသည်။ သူက အချိန်မရွေး ရုပ်ရှင်ကြယ်ပွင့်အဖြစ်မှ အနားယူနိုင်သော်လည်း ချင်းယွင်အတွက်ကကော။ အနုပညာနယ်ပယ်မှ သူ့လမ်းကြောင်းမှာ စတင်ရုံသာ ရှိသေးသည်။

*****

ချင်းယွင်က သူ့တာဝန်ပြီးသွားသော်လည်း အနုပညာရပ်ဝန်းမှ မထွက်ခွာခဲ့ပေ။ သူဤကမ္ဘာမှ သင်ယူခဲ့သော သရုပ်ဆောင်ပညာမှာ နောက်လာမည့် ကမ္ဘာများ၌ အသုံးဝင်လာလိမ့်မည်ဟု သူခံစားနေရသည်။

ချင်းယွင်၏ ပရိသတ်များမှာ သူ့တိုးတက်မှုအတွက် သက်သေခံပင်။ သူတို့ကသူ၏ သရုပ်ဆောင်အရည်အချင်း ပြီးပြည့်စုံလာသည်အထိ အရောင်တင်လာသည်ကို စောင့်ကြည့်နေခဲ့ကြသည်။ ချင်းယွင်က ရုပ်ရည်၏ ကန့်သတ်ချက်ကို ကျော်လွန်၍ အချို့ဇာတ်ကောင်နေရာများ၌ သရုပ်ဆောင်ရန် ရုပ်ဆိုးဆိုးပြင်နိုင်သည်ကို သူတို့တွေ့ကြုံခဲ့ရသည်။

နျင်းချန်ယွမ် Comeback လုပ်ကတည်းကပင် သူထပ်သရုပ်ဆောင်ခဲ့သော ဇာတ်ကောင်များမှာ ချင်းယွင်နှင့်ဆက်စပ်နေသဖြင့် နျင်းချန်ယွမ်နှင့်ချင်းယွင်တို့၏ အတွဲပရိသတ်များလည်း များပြားလာသည်။ သူက ဇာတ်ပို့နေရာအထိပင် သရုပ်ဆောင်ခဲ့သေးသည်။ ကော်ဇောနီပေါ်မှ နျင်းချန်ယွမ်၏ ဖြေဆိုမှုနှင့် ပေါင်းစည်းလိုက်သောအခါ အတွဲပရိသတ်များက ဖြစ်ပျက်နေသော အမှန်တရားကို ဖမ်းဆုပ်မိသည်ဟု ခံစားနေရသည်။

နျင်းချန်ယွမ်တစ်ယောက်တည်းကိုသာ အားပေးသော ပရိသတ်များကပင် ချင်းယွင်ကို တိတ်တဆိတ် အာရုံစိုက်လာကြသည်။ ဘာကြောင့်လဲ။ အဘယ့်ကြောင့်ဆိုသော် သင်ချင်းယွင်အနောက်လိုက်လျှင် သင်အစာစားရလိမ့်မည်။ မည်သည့်ဇာတ်ကားမဆို ချင်းယွင်သာပါလျှင် ထိုနေရာ၌ နျင်းချန်ယွမ်လည်းရှိနေလိမ့်မည်။ ဧည့်သည်ဇာတ်ရုပ်ပင်ဖြစ်ဖြစ် ပါကိုပါလိမ့်မည်။

ရုပ်ရှင်ထဲမှ ထိုနှစ်ယောက်မှာ ခွဲခွာမရသော်လည်း ပြင်ပတွင် ကောလဟာလ ထွက်ရန် ခဲယဉ်းသည်။ ဝေးပေါ်၌ပင် ခွေးမှလွဲ၍ အပြန်အလှန်ဆက်သွယ်မှုမရှိပေ။......

သူတို့နှစ်ယောက်၏ ပရိသတ်များက ချင်းယွင်၌ "ကောင်းကင်ကိုပိတ်သိမ်းမယ်။ " ရိုက်ကွင်းမှ ကောက်ယူမွေးစားထားသော ဝမ့်ခိုင်ဟူသည့် ခွေးတစ်ကောင်ရှိကြောင်း သိကြသည်။ သူ၏ ပထမဆုံးပရိသတ်တစ်လှိုင်းအား "ကောင်းကင်ကိုပိတ်သိမ်းမယ်။ " ဇာတ်ကားမှရရှိခဲ့သည့်အတွက် ပရိသတ်များက ဤခွေးအား ချစ်ကြပြီး ချင်းယွင်က ဝေးပေါ်၌ ခွေးပုံ တစ်ခါတစ်ရံ တင်ပေးလေ့ရှိသည်။

နျင်းချန်ယွမ်ထံ၌လည်း အမျိုးအစားတူသော ခွေးတစ်ကောင်ရှိသည်။ ချင်းယွင်က သူ့ခွေးပုံတင်သောအခါ အလှပြိုင်ပွဲကဲ့သို့ပင် နျင်းချန်ယွမ်ကလည်း သူ့ခွေးပုံ တင်လိမ့်မည်။

ခွေးဝတ်ထားသော အဝတ်အစားများ နှင့် ဓာတ်ပုံအရိုက်ခံထားရသော နောက်ခံရှုခင်း မတူသောကြောင့်သာမဟုတ်လျှင် သူတို့နှစ်ယောက်၏ ပရိသတ်များက သူတို့၏ခွေးမှာ တစ်ကောင်ထဲဟု ထင်မိပေလိမ့်မည်။

နှစ်ပေါင်းများစွာ ကြာသောအခါ ချင်းယွင်သည်လည်း ရုပ်ရှင်ကြယ်ပွင့်တစ်ယောင်ဖြစ်လာပြီး များစွာသော ဆုများရရှိခဲ့သည်။ အနုပညာလောကမှ သူ၏အဆင့်အတန်းမှာ လက်လှမ်းမမှီနိုင်ဖွယ်ပင်။

တစ်နေ့တွင် ချင်းယွင်၏ ပရိသတ်များက သူဝေးပေါ်၌ ပို့စ်တစ်ခုတင်လိုက်ကြောင်း တွေ့လိုက်ကြသည်။:"အိမ်က ငါ့ရဲ့ သစ္စာရှိတဲ့ ခွေးလေးကို ကြွားမယ်။ "

ထိုပို့စ်နှင့်အတူ ပုံတစ်ပုံပါ ပါလာသည်။ ပို့စ်အားတွေ့သည်နှင့် ချင်းယွင်၏ ပရိသတ်များမှာ သူတို့၏မင်းသားက သူ့ခွေးအားကြွားသည်ဟုထင်ပြီး မှတ်ချက်ပေးရန် အကျီလက်ခေါက်တင်လိုက်သည်။ " ငါအစပ်ချောင်းတစ်ထုပ်နဲ့လောင်းတယ်။ နောက်ငါးမိနစ်အတွင်းမှာ ဧကရာဇ်ကြီးနျင်းလဲ သူ့ခွေးကို ကြွားလိမ့်မယ်။ "

မှတ်ချက်ပေးပြီးနောက် ပရိသတ်များ ဇဝေဇဝါ ဖြစ်သွားသည်။ ပုံထဲ၌ ခွေးတစ်ကောင်မှ မတွေ့ပေ။ ထိုအစား လူတစ်ယောက်သာပါသည်။ ထိုခန့်ညားသော မျက်နှာအားကြည့်ပြီး ဧကရာဇ်နျင်းနှင့် အတော်တူသည်ဟု သူတို့တွေးမိလိုက်သည်။

အနီးကပ် ကြည့်လိုက်သောအခါ ဓာတ်ပုံထဲမှ လူမှာ တကယ်ကိုပင် ဧကရာဇ်နျင်းဖြစ်နေသည်။ သူက အေပရွန်နှင့် ဖိနပ်အပါးစီးထားပြီး ဆံပင်များရှုပ်ပွနေသည်။ သူက အလွန်အမင်း အိမ်နေရင်းပုံစံဖြင့် မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေသည်။

ဓာတ်ပုံထဲ၌ နျင်းချန်ယွမ်၏ ဘေးတစ်စောင်းမျက်နှာသာ ပါသည်။ သို့သော် သူ၏သိသာသောမှတ်မိနိုင်သည့် အစိတ်အပိုင်းများကြောင့် ချင်းယွင်အား တိတ်တဆိတ်ထောက်လှမ်းနေသော နျင်းချန်ယွမ်၏ ပရိသတ်များက သူ့အားချက်ချင်းမှတ်မိသွားသည်။

"အဟမ်း။ ချင်းယွင်ရေ ပုံမှားတင်မိတာလား။ ခွေးက ဘယ်မှာလဲ။ ဝမ့်ခိုင်က ဘယ်မှာလဲ။ "

"ဖာ့ခ် ဒါက ငါထင်နေသလို မဟုတ်ဘူးမဟုတ်လား။ "

"သူတို့ရဲ့ အတွဲပရိသတ်ဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် သူတို့နောက်ဆုံးတော့......အတွဲဖြစ်သွားပြီ။ "

"အဟမ်း။ ဒါ ဇာတ်ကားအသစ်အတွက် မဟုတ်တာ ငါတို့သေချာလား။ "

ချင်းယွင်း၏ ဝေးပေါ်အောက်မှ မှတ်ချက်နေရာ၌ ချက်ချင်းပေါက်ကွဲသွားသည်။ အချို့က သံသယဝင်သည်၊ အချို့က ပျော်ရွှင်မှုဖြင့် အော်ဟစ်နေပြီး အချို့မှာ မြန်မြန်ပြတ်စေချင်ကြသည်။ သို့သော် အခြားတစ်ဖက်မှ နျင်းချန်ယွမ်က တုန့်ပြန်ရာတွင် နှေးကွေးနေသည်။

ပရိသတ်များက တစ်နေ့လုံးစောင့်ဆိုင်းနေကြသော်လည်း နျင်းချန်ယွမ်၏ ဝေးပေါ်၌ တစ်ချက်မရွေ့သွားပေ။

ထိုအချက်ကြောင့် နျင်းချန်ယွမ်၏ ပရိသတ်များက မခံနိုင်ဘဲ ပြန်ရန်တွေ့ကြသည်။

" အိုကွယ် မျက်နှာက တော်တော်ကြီးတာပဲ။ နင်ဘယ်နေရာကနေ ဓာတ်ပုံရလာမှန်းမသိပေမယ့် ငါ့ဧကရာဇ်ကို သစ္စာရှိတဲ့ ခွေးလို့တောင် ပြောရဲတယ်နော်။ "

"နင့်ရဲ့ ပရိသတ်တွေဆီကနေ အဲ့လိုအခေါ်ခံရရုံနဲ့ နင့်ကိုယ်နင် တော်ဝင်မျိုးနွယ်ဖြစ်သွားပြီလို့ တကယ်ထင်နေတာလား။ ကျွတ်.. လျစ်လျူအရှုခံရတဲ့ အရသာက ဘယ်လိုနေလဲ။ "

နောက်ဆုံးတွင်တော့ ညနေမတိုင်ခင်တွင် ပွဲရှာနေသောပရိသတ်များက ချင်းယွင်နောက်တစ်ခုတင်လိုက်ကြောင်း တွေ့လိုက်ရသည်။

ချင်းယွင် v : အရမ်း စိတ်လှုပ်ရှားနေတယ်။ မင်းရဲ့ ထောက်ပံ့ပေးမှု အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အခု ကိုယ် အရမ်းပျော်နေတယ်! ကိုယ်အရမ်းပျော်နေပြီး ကိုယ့်ကိစ္စနဲ့ ကိုယ်ရှုပ်နေလို့ အခုမှတက်ပြောနိုင်တယ်။ ကိုယ်မင်းကိုချစ်တယ် ကလေးလေး! ချင်းယွင်။

၎င်း၌ ပုံနှစ်ပုံလည်း ပါသည်။ အနီရောင်စာအုပ်အသေးလေးများပေါ်၌ ချင်းယွင်နှင့် နျင်းချန်ယွမ်တို့၏ နာမည်ထိုးထားသည်။

"ဒီ လေသံက....."

"သူတကယ်ကြီး တုန့်ပြန်တယ်....."

" ဒါ.... အရှင်သခင်ကြီးလား"

"သွားပြီ။ အရှင်သခင်ကြီးရဲ့ ယိုင်နဲ့နေတဲ့ အေးစက်စက်ပုံရိပ်ကြီး ပြိုကျသွားပြီး တစ်စစီကွဲကြေသွားပြီ....."

"မင်းတို့အားလုံး ဒီအကြောင်း စိတ်လှုပ်ရှားနေကြတာ မဟုတ်လား။ မင်းတို့ စိတ်မလှုပ်ရှားကြဘူးလား။ ဒီစာအုပ်နှစ်အုပ်က အစစ်ကြီးပဲ။ "

"ငါ့ဖင်ကြီးကိုပဲ စိတ်လှုပ်ရှားနေလိုက်။ နှစ်ပေါင်းများစွာကြာအောင် ဇာတ်ကားတိုင်းမှာ အတူသရုပ်ဆောင်နေတာကြောင့် ငါအတွဲပရိသတ်ဖြစ်လာတာ ဟုတ်ပြီလား။ "

"အဓိကဖြစ်ရပ်ကြီးက ဘာလဲဆိုတာ သိချင်နေတာ ငါတစ်ယောက်ထဲလာယ။ ဒီစာအုပ်တွေပေါ်က နေ့စွဲက အတော်စောတယ်နော်။ ဒီတော့...ဒါငါထင်နေသလိုပဲလား။ 'ရှက်၍ မျက်နှာကာနေသောပုံ' "

ထိုအချိန်မှစ၍ ချင်းယွင်နှင့်နျင်းချန်ယွမ် တို့၏ပရိသတ်များ လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး တည့်သွားကြသည်။ ပရိသတ်အချို့က လက်မခံနိုင်၍ ထွက်သွားကြသော်လည်း အများစုက ကောင်းကောင်းလက်ခံကြသည်။

"သူတို့ရဲ့ လက်ထပ်စာချုပ်ရမယ့်နေ့ကို စောင့်နေပါတယ်။ "

"ချင်းယွင်ခွေးရဲ့နာမည်က ဘာလို့နှိမ့်ချတတ်တဲ့ 'ဝမ့်ခိုင်' ဖြစ်နေရလဲ ငါနောက်ဆုံးတော့ သိသွားပြီ။ သူ့ကိုကြည့်ကြည့်လိုက်။ ချင်းဝမ်က သူ့ကိုရွေးလိုက်တယ် လို့တော့မထင်ဘူး။ "

ခွေးအကြောင်းကြားသောအခါ ပရိသတ်အုပ်စုက မထိန်းနိုင်တော့ဘဲ အော်ကြီးဟစ်ကျယ် ရယ်နေကြပြီး ခွေးတစ်ကောင်ထဲဖြင့် နှစ်ကောင်အဖြစ်သရုပ်ဆောင်ရန် တကယ်မလွယ်ကူနိုင်ကြောင်း ပြောကြသည်။

"ဝမ့်ခိုင်ကို နေ့တိုင်းအဝတ်တွေလဲနေရတာ မပင်ပန်းဘူးလားလို့ ငါမေးချင်တယ်။ "

"ခွေးမှာ ဘာအပြစ်ရှိလို့လဲ။ မင်းတို့ဘာလို့ ခွေးကိုဒီလို အနိုင်ကျင့်တာလဲ။ "

" အနိုင်ကျင့်တာ မဟုတ်ဘူး။ အနိုင်ကျင့်တာမဟုတ်ဘူး။ ဝမ့်ခိုင်က နေ့တိုင်း ခွေးစာလုံလုံလောက်လောက် စားရလိမ့်မယ်။ "

"ဟေး။ ငါတို့ အရင်ဆုံး ရန်ဖြစ်ကြတာ ပရိသတ်နာမည်ကြောင့် မဟုတ်လား။ ရန်မဖြစ်နဲ့။ ငါတို့ကို အခုကစပြီး ဝမ့်ခိုင်လို့ပဲ ခေါ်တော့။ "

ဤသို့ဖြင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို လူတိုင်းက ထောက်ခံလာကြသည်။

******

မီးရောင်မှိန်သော အခန်းထဲ၌ မုတ်ဆိတ်မွေးများဖြင့် ပိုင်ရှီးယန်က ချင်းယွင်နှင့်နျင်းချန်ယွမ်တို့၏ လက်ထပ်ပွဲတိုက်ရိုက်ထုတ်လွှင့်မှုအား မျက်လုံးမည်းများဖြင့် ကြည့်နေသည်။

သူတို့ကိုကြည့်ရင်း မထိန်းနိုင်ဘဲ မျက်ရည်များစီးကျလာသည်။ သူတို့မှာ ဘာဆက်ဆံရေးရှိတယ်လို့ သူထင်ခဲ့တာလဲ။ ထောက်ပံ့တာလား။

သူ့မှာ ဘာမှမရှိတော့တဲ့ အချိန်မှာ သူတို့က ဘာလို့ဒီလို ဖြစ်လာတာလဲ။

ပိုင်ရှီးယန်က တန့်ယွင်ချီအကြောင်းစဉ်းစားမိသော်လည်း လွန်ခဲ့သည့်သုံးနှစ်က ရှန်းရှီမှ ထျန်းယွမ်ဖျော်ဖြေရေးကုမ္ပဏီကို လွှဲယူလိုက်စဉ်ကတည်းကပင် တန့်ယွင်ချီက လူကြားထဲမပေါ်လာသည်မှာ ကြာပြီဖြစ်သည်။

မနာလိုမှုက သူ့နှလုံးသားထဲပြည့်နှက်လာပြီး သူဘာကြောင့် ချင်းယွင်အား အလွန်မနာလိုဖြစ်ရသည့်အကြောင်းကို အံ့ဩနေမိသည်။ သူပြန်မွေးဖွားစဉ်ကတည်းကပင် ထိုမနာလိုစိတ်က သူနှင့်အတူရှိနေပြီး ချင်းယွင်အား အချို့အကြောင်းပြချက်ဖြင့် ချေမွသင့်သည်ဟု တွန်းအားပေးနေသလိုပင်။

မနာလိုမှုဖြင့် မည်မျှခါးသီးနေသည်ဖြစ်စေ ပိုင်ရှီးယန်က ချင်းယွင်၏ဘဝအား နှောက်ယှက်နိုင်မည့် စွမ်းအားမရှိတော့ပေ။

ချင်းယွင်က အနုပညာလောကအား မစွန့်ခွာခဲ့ပေ။ သူက ဇာတ်ကောင်အမျိုးအစားများစွာ သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားတိုင်း၌ နျင်းချန်ယွမ်က သူနှင့်အတူရှိနေပေးသည်။

*****

ထိုကမ္ဘာမှ ထွက်ပြီးနောက် ချင်းယွင်က သူဖန်တီးထားသော နေရာလွတ်၌ အချိန်ကြာကြာ အနားယူခဲ့သည်။ သို့သော် ဤတစ်ကြိမ်၌ ကျူးကျော်ဝင်ရောက်လာသူ မရှိပေ။ ထိုလူအား ကန့်သတ်ထားသည်များ ရှိမည်ဟု ချင်းယွင်သဘောပေါက်မိပြီး နောက်ကမ္ဘာအား စိတ်ပျက်မှုအချို့ဖြင့် ထွက်လာခဲ့သည်။

*****

"ဟားဟား သူဌေး၊ ခင်ဗျားက ပထမဆုံးတစ်ယောက်ပေမယ့် မြန်မြန်လုပ်နော်။ ကျွန်တော်တို့ စောင့်နေတယ်။ "

"သူဌေးကို မြန်တယ်လို့ ပြောရဲတယ်။ မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီလား။ " ထိုနေရာ၌ ရယ်သံများ ထွက်လာသည်။

လူငယ်လေးပေါ်မှ ယောက်ျားက ရယ်မောလိုက်ပြီး ဘောင်းဘီချွတ်ရင်း ဆဲဆိုလိုက်သည်။ "ဘာတွေ လောနေတာလဲ။ မင်းတို့ အလှည့်အတွက် အချိန်ရှိပါသေးတယ်။ "

၎င်းမှာ ချင်းယွင်နိုးနိုးချင်း ကြားလိုက်ရသောစကားများပင်။ ထို့နောက် စိတ်ပျက်စရာအနံ့တစ်ခုရလိုက်သည်။ သူ့အပေါ်မှ လူက သူ့အနားအနည်းငယ် နီးကပ်လာသည်။

ဘေးနားမှ ရယ်မောကြည့်ရှုနေကြသော လူအုပ်မှာ အော်သံအားရုတ်တရက်ကြားလိုက်ရသည်။ သွေးနီနီရဲရဲတောက်တောက်များက သူတို့သူဌေး၏ လည်ပင်းမှ ပန်းထွက်လာပြီး နှင်းကဲ့သို့ ဖြူဖွေးနေသော နံရံပေါ် စင်ထွက်သွားသည်။

နံရံတစ်ခုလုံးပေါ်၌ သွေးများ ယပ်တောင်သဏ္ဍာန်ကဲ့သို့ စွန်းထင်းနေပြီး နံရံတစ်လျှောက်စီးလာကာ သူတို့ခြေထောက်အထိရောက်လာသည်။

ဘာဖြစ်နေသည်ဆိုတာ ဤလူများသဘောမပေါက်သေးခင် အမဲဖြတ်ခံရမည့် သိုးကဲ့သို့ မြေကြီးပေါ်လဲနေသော လူငယ်လေးက မျက်နှာနှင့်လည်ပင်း၌ သွေးများဖုံးလွှမ်း၍ မတ်တပ်ရပ်လာသည်။ သူက ငရဲမှတွယ်တက်လာသည့် တစ်စုံတစ်ယောက်နှင့် တူနေသည်။

"သေနတ်တွေ...မြန်မြန်...."ချက်ချင်းသတိဝင်သွားသော လူတစ်ချို့က လက်နက်များမြှောက်လိုက်ပြီး ချင်းယွင်ထံ ချိန်ထားကြသည်။

ချင်းယွင်က သူတို့ဘက် လမ်းလျှောက်လာရင်း ပါးစပ်ထဲမှ သွေးအားထွေးထုတ်လိုက်သည်။ သူ့မျက်နှာပေါ်မှ ရွံရှာမှုမှာ လုံးဝမမှားယွင်းနိုင်ပေ။

သေနတ်သံများ ထွက်လာပြီးနောက် အစွန့်ပစ်ခံရသော ကုန်တိုက်ထဲ၌ ကြက်သီးထဖွယ်အော်သံနက်ကြီးများ မျက်စိတစ်မှိတ်အတွင်း ထွက်လာကြသည်။

*****

ရှိန့်ဖုန်းက လူတစ်စုအား ဦးဆောင်လျက် ကုန်တိုက်ဘက်လာနေသည်။ သူက ကုန်ပစ္စည်းများ လာရှာတာဖြစ်သည်။

ကမ္ဘာကြီးပျက်စီးသွားသည်မှာ နှစ်တစ်ဝက်နီးပါးရှိနေပြီဖြစ်ပြီး ကုန်ပစ္စည်းအများစုမှာ ပျက်စီးပုပ်သိုးနေကြပြီဖြစ်သည်။ သို့သော် ဤကုန်တိုက်ဝန်းကျင်၌ ဇွန်ဘီများ လျှောက်သွားနေသည့်အတွက် ထိုနေရာ၌ ထိန်းသိမ်းထားသော အရာတစ်ခုခုရှိလိမ့်မည်။

သတင်းကို ရရှိခဲ့သောပထမဆုံးသူများက သူတို့မဟုတ်သည်မှာ ဆိုးရွားသည်။ ထို့ကြောင့် နောက်ပိုင်းတွင် သူတို့ပြင်းထန်သောတိုက်ပွဲတစ်ခုအား ရှောင်ရှားနိုင်မည်မဟုတ်ပေ။

ရှိန့်ဖုန်းက ကုန်တိုက်တံခါးအား သေနတ်ဖြင့် ဖွင့်လိုက်ပြီးနောက် သွေးအနံ့အား ချက်ချင်းရလိုက်သည်။ သူကအနောက်ကို အချက်ပြလိုက်ပြီး အထဲမဝင်ခင် ဂရုစိုက်ရန် ပြောလိုက်သည်။ သူသာ တစ်ယောက်ထဲ ရောက်လာလျှင် ကြောက်မည်မဟုတ်ပေ။ ဘယ်လိုအန္တရာယ်ကြုံပါစေ သူလွတ်မြောက်ရန် အခက်အခဲမရှိပေ။ သို့သော် ယခုသူ့တွင် အခြေစခန်း H မှအဖွဲ့ပါလာသဖြင့် သူသတိထားရမည်။

ကုန်တိုက်ထဲလျှောက်လာစဉ် ဇွန်ဘီများ ကင်းနေကြောင်း ရှိန့်ဖုန်းတွေ့လိုက်ရသည်။ မည်သည့်တစ်ယောက်ထံမှ မည်သည့်လှုပ်ရှားသံကိုမှလည်း ခေတ္တမျှ မကြားရပေ။

၎င်းက ရှိန့်ဖုန်းအား မျက်မှောင်ကြုတ်စေသည်။ သူက တစ်စုံတစ်ယောက်နှင့် ပြင်းထန်သောတိုက်ပွဲအား မကြောက်သော်လည်း ကုန်ပစ္စည်းများအား တစ်စုံတစ်ယောက်မှ စောစောထုတ်ယူသွားမည်ကို ပို၍ကြောက်မိသည်။ သူ့အား ထောက်ကူနိုင်မည့် ကုန်ပစ္စည်းများမရှိဘဲ လူတစ်စုအား B မြို့မှ အခြေစခန်းထံ သူ မခေါ်သွားနိုင်ပေ။

"ခေါင်းဆောင်၊ ကြည့်။ " သူ့အနောက်မှ လူငယ်တစ်ယောက်က မျက်စိလျင်သည်။ သူက ကုန်တိုက်စင်များပေါ်မှ သွားရည်စာများနှင့်အခြားအရာများအား ချက်ချင်းတွေ့ပြီး ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။

"မရွှေ့နဲ့ဦး။ "ရှိန့်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူက ကုန်တိုက်ဘေးဘက်ခြမ်းထံ ခြေလှမ်းပြောင်းလိုက်သည်။ ကုန်ပစ္စည်းများရှိနေသည်။ ဆိုလိုသည်မှာ လူသည်လည်း ရှိနေဆဲပင်။ သတိလက်လွတ် မဖြစ်သင့်ပေ။

ကုန်တိုက်၏ ကုန်ပစ္စည်းသိုလှောင်ရာအခန်းဘက်သို့ လျှောက်သွားရင်း ရှိန့်ဖုန်းလှမ်းကြည့်လိုက်သောအခါ သူ၏များပြားလှစွာသော ၊ အတွေ့အကြုံနှင့်ပင် လေပြင်းတစ်ချက်ရှိုက်မိသည်။

သူ့အနောက်က လူထံမှ အံ့အားသင့်သံ တိုးတိုးထွက်လာသည်။

မြင်ကွင်းမှာ သွေးကွက်ကြီးတစ်ခုပင်။ သွေးပျစ်ပျစ်များက တစက်စက်ကျနေဆဲ ဖြစ်သည်။ ၎င်းမှာယခုလေးတင် ပန်းထွက်စွန်းထင်ခဲ့ကြောင်း ထင်ရှားသည်။

ဘောင်းဘီတစ်ဝက်ကျွတ်နေသော ယောက်ျားတစ်ယောက်က မှောက်ရက်လဲကျနေပြီး တစ်ကိုယ်လုံးသွေးများဖုံးနေသည်။

သိုလှောင်ခန်းအနှံ့၌ အခြားကိုယ်ခန္ဓာများလဲကျနေသေးပြီး သူတို့၏ လက်နက်များမှာ ကြမ်းပြင်ပေါ်၌ ပြန့်ကြဲနေသည်။

"တစ်ချက်လောက် သွားစစ်ကြည့်။ " ရှိန့်ဖုန်းက သူ့အနောက်မှ အသင်းဆရာဝန်အား မေးငေါ့ပြလိုက်သည်။

တင်းရှီအန်းက သွားရန်အချက်ပြချက်အား ရရှိသည်နှင့် သွားစစ်ကြည့်လိုက်သည်။ သူ့ကျောရိုးတစ်လျှောက် ထုံကျင်သွားသည်။ မှောက်နေသောသူအား လှန်ကြည့်လိုက်သောအခါ မျက်နှာအားတွေ့လိုက်ပြီး တင်းရှီအန်း အံ့အားတကြီးအော်လိုက်သည်။ "ခြသေ့်ရူးကြီးလား။ "(Mad Lion)

သူ့အော်သံထွက်လာသည်နှင့် ဘေးမှလူတစ်ယောက်ထံမှလည်း အသံထွက်လာသည်။ "မဖြစ်နိုင်ဘူး။ "

"ခြသေ့်ကြီးရဲ့လူတွေ ဘယ်လိုလုပ်သေသွားတာလဲ။ "

တင်းရှီအန်းက ရှိန့်ဖုန်း၏ ပဟေဠိဖြစ်နေသော မျက်လုံးအားတွေ့ကာ ချက်ချင်းရှင်းပြလိုက်သည်။ " ခေါင်းဆောင် ရှိန့်၊ သူက ကျွန်တော်တို့ ဒီကိုမလာခင်က ပြောခဲ့တဲ့ အခြေစခန်း G က ခြသေ့်ရူးကြီးပါ။ သူက ဒီတစ်ကြိမ်မှာ ကျွန်တော်တို့အတွက် အကြီးဆုံးပြိုင်ဖက်လို့ ထင်ခဲ့ပေမယ့် မမျှော်လင့်ထားတာက...."

တင်းရှီအန်းက ခြသေ့်ရူးကြီး၏ ဒဏ်ရာအား အနီးကပ်ကြည့်ရန် ဆောင့်ကြောင့်ထိုင်လိုက်သည်။ "အံ့ဩစရာပဲ။ လည်ပင်းသွေးလွှတ်ကြောပေါက်တဲ့အထိ အကိုက်ခံရပြီး သေသွားတာ။ "

"ဇွန်ဘီကိုက်တာမဟုတ်ဘဲ လူကိုက်တာဆိုတာ သေချာလား။ " တစ်စုံတစ်ယောက်က မေးသည်။

"သေတဲ့ အချိန်ကို တွက်ကြည့်။ ဇွန်ဘီကိုက်ရာသာဆိုရင် သူအခုဇွန်ဘီဖြစ်နေလောက်ပြီ။ " တင်းရှီအန်းက မတ်တပ်ရပ်လိုက်ပြီး ကြက်သီးထကာ ရှိန့်ဖုန်းအနောက် ပြန်လျှောက်သွားသည်။ " ဒီလူတွေက ခြသေ့်ရူးကြီးရဲ့ လူတွေ ဒါမှမဟုတ် ရာထူးအရပို စွမ်းဆောင်နိုင်တဲ့သူတွေဖြစ်မယ်။ အကုန်လုံးက စွမ်းရည်တွေရှိမယ်လို့ ထင်ရလောက်တဲ့သူတွေပဲ။ ဒါပေမယ့် သူတို့က တစ်ယောက်ယောက်ဆီကနေ လည်ပင်းချိုးသတ်ခံလိုက်ရတယ်။ ကြည့်ရတာ သူတို့မသေခင် စွမ်းအင်တွေကိုတောင် စမထုတ်နိုင်လိုက်တဲ့ပုံပဲ။ ဒီဟာ ဘယ်လိုလူမျိုးများ ဖြစ်လောက်လဲ...."

တင်းရှီအန်း သက်ပြင်းချလိုက်သည်။ သူတို့၏ ကြီးမားသောရန်သူအဖြစ်မှတ်ယူထားသည့် ခြသေ့်ရူးကြီးက သေသွားပြီပင်။ ၎င်းက အခြေစခန်း G အတွက်ထိုးနှက်ချက်ကြီး ဖြစ်နိုင်သော်လည်း သူတို့၏ အခြေစခန်း H နှင့် ကွဲပြားသည်။

ရှိန့်ဖုန်းက သူ့အနောက်မှ သူများအား အမိန့်ပေးရင်း ပိုတည်ငြိမ်လာသည်။ "ဂရုစိုက်။ နေရာလွတ်စွမ်းအင်ရှိတဲ့သူတွေက အကုန်လုံးကို မြန်မြန်ထုပ်ပိုးသိမ်းဆည်းလိုက်။ သွေးနံ့ကအရမ်းပြင်းလို့ ဇွန်ဘီတွေမကြာခင်ရောက်လာနိုင်တယ်။ မြန်မြန်လက်စသတ်ရအောင်။ "

"ဟုတ်! " လူများက လုပ်ဆောင်ရန်ပြင်နေစဉ် ကုန်တိုက်၏ ထောင့်တစ်ခုမှ ရေစင်သံကြားလိုက်ရသည်။

"woosh! " နောက်ထပ် ရေစင်သံတစ်သံ

အသင်းတစ်ခုလုံး ချက်ချင်းသတိမြှင့်လိုက်သည်။

ရှိန့်ဖုန်းက အသံတိတ်အချက်ပြလိုက်ပြီး အသံထွက်လာသည့်နေရာဘက် ရွှေ့လာသည်။

သူ့အနောက်မှ သူများက လက်နက်များ မြှောက်လိုက်သည်။ ခြသေ့်ရူးကြီးနှင့် သူ့လူများ၏ သေဆုံးပုံက အလွန်ကြေကွဲဖွယ်ကောင်း၍ သူတို့သတိထားရန် လိုအပ်သည်။

စင်တစ်ခုပြီးတစ်ခု ဖြတ်သန်းပြီးနောက် နေရာလွတ်ထံ သူတို့ရောက်လာကြသည်။ လိုက်ကာများဖွင့်ထားပြီး ရွှေရောင်နေရောင်ခြည်ဖျော့ဖျော့များအကွက်လိုက် ဖြာကျနေသည်။

သူ့အရှေ့မှ မမျှော်လင့်ထားသော မြင်ကွင်းအားကြည့်ပြီး ရှိန့်ဖုန်း၏ အသက်ရှူသံရပ်သွားသည်။

ကိုယ်လုံးတီး လူငယ်လေးတစ်ယောက်က နေရောင်ထဲ ရပ်နေသည်။ ရေအလုံးကြီးတစ်ခုက သူ့အပေါ်၌ ရုတ်တရက် ပေါ်လာပြီး အောက်ကျလာကာ နေရောင်ထဲ၌ ရေကြည်များစင်ထွက်သွားသည်။

ရေအလုံးကြီးအောက် ရပ်နေသော လူငယ်လေးက မျက်လုံးအား တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။ သူက ခေါင်းငုံ့၍ ရေအလေးချိန်ကို တောင့်ခံလိုက်သော်လည်း မရှောင်လိုက်ပေ။ ရေကို အသုံးပြု၍ သူ့ခန္ဓာကိုယ်အား ဆေးကြောနေသည်မှာ ထင်ရှားသည်။

သူ့ဘေးတွင်တော့ အခုလေးတင် ချွတ်ထားပုံပေါ်သော သွေးစွန်းနေသည့် အဝတ်တစ်စုံရှိနေသည်။

လူငယ်လေးက သူတို့၏ရောက်ရှိလာမှုကို သတိမထားမိသည့်အလား ရေဘောလုံးထပ်ပေါ်လာစေရန် ထိန်းချုပ်ပြီး၊ ထို့နောက် ဖြုတ်ချလိုက်သည်။

အနီးအနား၌ ရပ်နေသော ရှိန့်ဖုန်းက လူငယ်လေး ရေရွတ်နေသံကိုပင် ကြားရသည်။ "သန့်အောင် ဆေးကြော။ ဆေးကြောပစ်။ "

"ရေ! "ရှိန့်ဖုန်းအနောက်မှ လူများလိုက်လာပြီး အံ့ဩမှုကြောင့်ပါးစပ်ဖွင့်ကာ အော်လိုက်သည်။

ထိုအော်သံက ရှိန့်ဖုန်းအား ချက်ချင်းနိုးကြားသွားစေပြီး ပြတင်းပေါက်နားရပ်နေသည့် လူငယ်လေး၏ အာရုံကိုလည်း ဆွဲဆောင်လိုက်သည်။

လူတိုင်းက ချက်ချင်းအသက်ရှူအောင့်မိသွားသည်။ ရှိန့်ဖုန်းလည်း မတတ်သာစွာ ဖြင့် သေနတ်ကိုင်ထားသည့်လက်အား ပိုအားထည့်ညှစ်မိသည်။ တစ်ချိန်ထဲမှာပင် သူ့စွမ်းအားက မွှေနှောက်နေသည်။ မှားယွင်းသော တစ်စုံတစ်ခုအား အာရုံခံမိသည်နှင့် သူ့စွမ်းအားကို ချက်ချင်း လွှတ်ထုတ်လိုက်မည်ဖြစ်သည်။

မမျှော်လင့်ထားစွာပင် ထိုလူငယ်လေး၏ မျက်ဝန်းက သူတို့ဖက်တစ်ချက်ဝေ့ကြည့်ပြီးသည်နှင့် ခေါင်းပြန်လှည့်သွားပြီး သူ့ကိုယ်သူ နောက်တစ်ကြိမ် ရေဘောလုံးဖြင့် တိုက်ချစေလိုက်သည်။

သူက ထိုနေရာ၌ ကိုယ်လုံးတီးရပ်နေပြီး သူ၏ မျက်လုံးများမှာ အပြစ်ကင်းသော ကလေးလေးကဲ့သို့ပင်၊ ရှက်ရွံ့နေမှု တစ်စွန်းတစ်စ မရှိပေ။ သူ၏ မျက်ဝန်းတစ်စုံ၌ ကြောက်ရွံ့မှု၊ သို့မဟုတ် ခြိမ်းခြောက်မှုကိုလည်း ရှိန့်ဖုန်းမတွေ့ပေ။

"ရေ...ရေ...စွမ်းအင်...." ရှိန့်ဖုန်းအနောက်မှ လူငယ်လေးက မအောင့်နိုင်ဘဲ ထပ်ပြောသည်။ သူ၏ မျိုချသံကို ခပ်တိုးတိုးကြားနိုင်သည်။

ထိုစကားများကိုကြားပြီး ရှိနေသောသူများ ရေငတ်လာကြသည်။ အထူးသဖြင့် ရေစက်များက လူငယ်လေးဘက်မှ စင်ထွက်လာပြီး စိုင်ထိုင်းမှုအငွေ့လေးက သူတို့မျက်နှာအား လာရိုက်ခတ်သည့် အခါမှာပင်။

ရှိန့်ဖုန်းသည်ပင် မခံနိုင်ဘဲ နှုတ်ခမ်းစေ့မိလိုက်သည်။

ကမ္ဘာပျက်စီးပြီးနောက် ရေအရင်းအမြစ်များက လျင်မြန်စွာ ညစ်ညမ်းသွားခဲ့သည်။ အချို့ ဗီဇပြောင်းတိရစ္ဆာန်များနှင့် အပင်များက ရေထဲမှအဆိပ်အတောက်များအား ခုခံနိုင်သော်လည်း လူများမပါပေ။ စွမ်းရည်ရှိသော သူများပင် ညစ်ညမ်းရေများစွာသောက်မိလျှင် အဆိပ်မိပြီး နေမကောင်းဖြစ်နိုင်သည်။

ထို့ကြောင့် ရေအခြေခံစွမ်းအင်များကို အလွန်လိုအပ်လာကြသည်။ သို့သော် လူတစ်ရာထဲတွင်ပင် ရေစွမ်းအားရှိသူတစ်ယောက်မပါနိုင်ပေ။

"မင်း" ရှိန့်ဖုန်းက အသံထွက်လိုက်သော်လည်း ထိုနေရာ၌ မတ်တပ်ရပ်နေသော လူငယ်လေးက သူ့ကို လျစ်လျူရှုထားသည်။

သူက ကလေးလေးကဲ့သို့ လက်ငါးချောင်းအား ဖြန့်ကြည့်ပြီး လက်ဖဝါးနှင့် လက်ဖမိုးများကို သေသေချာချာ စစ်ဆေးနေသည်။ သူက ရေဘောလုံးကြီးပြုလုပ်မှုအားမရပ်ခင် တောက်ပသောမျက်ဝန်းများဖြင့် ၎င်းတို့အပေါ်၌ အညစ်အကြေးမရှိတာသေချာစေရန် စစ်ဆေးနေပုံပင်။





Continue Reading

You'll Also Like

348K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
424K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
4.4K 568 6
Title : [အပျင်းကြီးတဲ့ 'ဂျင်းနီ' က ချစ်မိသွားပြီ] [SYSTEM] [အပ်င္းႀကီးတဲ့ 'ဂ်င္းနီ' က ခ်စ္မိသြားၿပီ] [SYSTEM] ************** အပျင်းကြီးပြီး အားနွဲ့ဟန...
53.2K 5.3K 92
This fic is coherence of system one o six. So you should read System one o six (Season1). It has in my profile so you can check and read it. Love you...