ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

Od Vanilla_IceCream61

1.5M 248K 16.1K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... Více

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)

47

12.9K 1.5K 137
Od Vanilla_IceCream61

ထိုရုပ်ပုံအပိုင်းလေးကိုပင် ဓာတ်ပုံဘောင်ဖြင့် သေချာထည့်ထားသည်။ ဤရုပ်ပုံ၏ ပိုင်ရှင်မှာ ထိုအပိုင်းအစလေးနှင့် ထူးခြားသောလူငယ်လေးအား အလွန်ယုယမြတ်နိုးသည်မှာ သိသာသည်။

ပိုင်ရှီးယန်၏ လက်များ တုန်ခါသွားသည်။ ထိုတုန်ခါမှုမှာ သူ့တစ်ကိုယ်လုံးကိုပင် ပျံ့နှံ့သွားကာ ဓာတ်ပုံဘောင်အားကြည့်ရင်း သူ့မျက်လုံးများ သွေးရောင်ရဲလာသည်။ ပိုင်ရှီးယန်က သူ့လက်ထဲမှရုပ်ပုံဘောင်အား ရုတ်တရက်ဝေးဝေးပစ်လိုက်ပြီး အိမ်တစ်အိမ်လုံးကို ခြောက်ခြားစွာဖြင့် မွှေနှောက်ရှာဖွေတော့သည်။

ထောင့်အသေးလေးမျှပင် မကျန်အောင်ရှာဖွေပြီးနောက် ပစ္စည်းအချို့အား ရှာတွေ့ခဲ့သည်။

မဂ္ဂဇင်း၊ ရုပ်ပုံစာရွက်နှင့် အခြား ဆန်းဆန်းပြားပြားပစ္စည်းများ ရှာတွေ့ခဲ့ရာ အားလုံးမှာ ချင်းယွင်နှင့် သက်ဆိုင်နေသည်။ ၎င်းပစ္စည်းများအား တန့်ယွင်ချီက ကုမ္ပဏီမှာသာ သိမ်းလေ့ရှိသည်။ ပိုင်ရှီးယန်အိမ်ပြန်မလာသည်မှာ လတစ်ဝက်ခန့်ရှိနေပြီဖြစ်၍သာ တန့်ယွင်ချီက အိမ်ပြန်ယူလာတာဖြစ်သည်။

ထိုပစ္စည်းများအားကြည့်ပြီး ပိုင်ရှီးယန်မျက်ရည်တစ်စက်ပင် မကျနိုင်တော့ပေ။ သူ့ဘက်မှာရှိသော တစ်ဦးတည်းသောသူမှာ တန့်ယွင်ချီဖြစ်သည်ဟု သူထင်ထားသည်။ သို့ရာတွင် ထိုတစ်ယောက်မှာလည်း ချင်းယွင်အား ရူးသွပ်စွာ စွဲလမ်းနှစ်ခြိုက်နေသည်။

၎င်းတို့သည် ကြမ်းပြင်ပေါ် ပြိုလဲကျနေသော ပိုင်ရှီးယန်အတွက် နောက်ဆုံးကောက်ရိုးမျှင်ပင်။ ခေတ္တမျှ နာကျင်နေခဲ့ပြီးနောက် ပိုင်ရှီးယန် စိတ်ရှုပ်ထွေးလာသည်။

သူအခု တန့်ယွင်ချီကိုတောင် ဆုံးရှုံးသွားပြီလား။

တန့်ယွင်ချီ... တန့်ယွင်ချီက ဘာအသုံးကျလဲ။ တန့်ယွင်ချီက သစ္စာဖောက်တာအပြင် သူ့အတွက် ဘာယူလာပေးနိုင်လို့လဲ။ အရင်းအနှီးတွေလား။ နျင်းချန်ယွမ်က ချင်းယွင်ကိုပေးသလောက် တန့်ယွင်ချီက သူ့ကို ထောက်ပံ့ပေးနိုင်လို့လား။

"ဟား ဟား ဟား ဟား...." ပိုင်ရှီးယန်က မျက်ထောင့်နီများဖြင့် ရယ်နေသည်။ ခင်ဗျားအရင် သစ္စာဖောက်တာပဲ။

ထိုသို့တွေးပြီး သူ့စိတ်ထဲ တော်တော်ပင် သက်သာရာရသွားသည်။

ပိုင်ရှီးယန်က တုန်တုန်ယင်ယင်ဖြင့် ဖုန်းကိုကောက်ကိုင်လိုက်ပြီး နံပါတ်တစ်ခုအား ခေါ်လိုက်သည်။ "မဂ်လာပါ ။ အစ်ကိုဝေ့လား။ သခင်ဝမ်က ကျွန်တော့်ကို ညစာအတူစားဖို့ ဖိတ်တယ်လို့ အရင်ကပြောဖူးတယ် မှတ်လား။ ကျွန်တော် လက်ခံတယ်။ "

ဖုန်းချပြီးနောက် ပိုင်ရှီးယန်မှာ ထူးဆန်းစွာငြိမ်သက်နေသည်။ သူဤညစာစားပြီးလျှင် ဘာရင်ဆိုင်ရမည်မှန်း သိသော်လည်း သူနောင်တမရပေ။

ချင်းယွင်ရဲ့ အခုအောင်မြင်မှုက နျင်းချန်ယွမ်အိပ်ရာပေါ် တက်ပြီးမှ မဟုတ်လား။

******

"သေလိုက်ပါ့လား။ ငါက မင်းရဲ့ကိုယ်စားလှယ်မဟုတ်ဘူးလားကွာ။ မင်းတစ်ခုခုလုပ်တော့မယ်ဆို ငါ့ကိုတိုင်ပင်ပေးလို့မရဘူးလား။" လီချင်းမှာ အတော်ကိုပင် ဒေါသထွက်နေသည်။ သူယခုရက်ပိုင်းအတွင်း အော်ဟစ်နေရသည့်အကြိမ်ရေမှာ ယခင်ငါးနှစ်ထက်ပင်ပိုများလိမ့်မည်ဟု ခံစားနေရသည်။ "ငါက မင်းရဲ့ကိုယ်စားလှယ်ဖြစ်တာတောင် မင်းတခြားဇာတ်ကောင်ကို လက်ခံလိုက်တာ မသိလိုက်ရဘူး။ "

လီချင်းဒေါသ၏ တရားခံဖြစ်သောနျင်းချန်ယွမ်မှာ ဘာမှမှားမနေသကဲ့သို့ ဖုန်းသာပွတ်နေသည်။

" ငါတို့က ဒရူးအစ် ၂ နဲ့ သရုပ်ဆောင်လောကထဲ ပြန်ဝင်မယ်လို့ ထင်ထားတာလေ။ မင်းဘာလို့ အင်တာနက်စီးရီးတစ်ခုမှာ ဇာတ်ပို့အနေနဲ့သရုပ်ဆောင်ဖို့ လက်ခံလိုက်တာလဲ။ ရုပ်ရှင်ကြယ်ပွင့်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်နဲနဲပိုသတိထားပါဦးလား။ " လီချင်းမှာ ပေါက်ကွဲတော့မလိုပင်။ နျင်းချန်ယွမ်က သူအင်တာနက်စီးရီးတစ်ခု လက်ခံထားကာ ရိုက်ကူးရေးအချိန်မှာ အလွန်နီးကပ်ကြောင်း ယခုလေးတင်မှ ပြောတာဖြစ်သည်။

ဤကဲ့သို့သော အင်တာနက်စီးရီးမှာ ရိုက်နေရင်း လွှင့်မည်ဖြစ်ပြီး ၎င်းက ဒရူးအစ် ၂ မထွက်ခင် ဖြစ်လိမ့်မည်။ အခြားစကားဖြင့်ပြောရလျှင် ရုပ်ရှင်သရုပ်ဆောင်နျင်းချန်ယွမ်မှာ နိုင်ငံတကာထုတ်လုပ်ရေးပိုင်းမှ သူ့ comeback အား မျက်နှာပြင်ကြီးပေါ် မပြသရသေးခင် သူကအင်တာနက်စီးရီးဖြင့် မျက်နှာပြတော့မည်ဖြစ်သည်။

နာမည်ကြီးမင်းသားမှာ ဧည့်သည်သရုပ်ဆောင်ပင်မဟုတ်ဘဲ ဇာတ်ပို့နေရာအား ရွေးခဲ့သည်။ ရုပ်ရှင်ဧကရာဇ်ကြီး နျင်းချန်ယွမ်က အင်တာနက်စီးရီးတစ်ခုမှ ဇာတ်ပို့နေရာအား ဘာကြောင့်ရုတ်တရက်ယူလိုက်ရသည့်ဆိုသည့်အကြောင်းကို ပြင်ပလောကအားရှင်းပြရန် လီချင်းယခုပူပန်နေရတော့သည်။

နျင်းချန်ယွမ်က လီချင်းအား အံ့အားသင့်စေချင်တာဖြစ်သည်။ သူက ချင်းယွင်ပါဝင်မည့် "ကောင်းကင်ဘုံအား ခိုးယူခြင်း" အင်တာနက်စီးရီး၏ ဒါရိုက်တာအား ဆက်သွယ်၍ ချင်းယွင်နှင့် အတော်ပက်သက်ရသော ဇာတ်ကောင်ကို ယူထားတာဖြစ်သည်။ လီချင်းကို အသိပေးရမှာလား။ နျင်းချန်ယွမ်မှာ ထိုအကြောင်းအား တွေးပင်မတွေးချေ။ လီချင်းသာထိုအကြောင်း သိသွားလျှင် စောစောပိုင်းကပင် သတင်းထွက်သွားလိမ့်မည်။ ဒါဆို သူ့အတွက် အံ့ဩဖွယ်ဖြစ်နိုင်ပါ့မလား။

ယခု....အံ့အားသင့်စရာမဟုတ်တော့သော်လည်း သူ့နည်းဖြင့်သူ လူတားလိုက်တာဖြစ်သည်။

လီချင်း တကယ်ဒေါသထွက်နေသည်အား တွေ့သောအခါ နျင်းချန်ယွမ်က စာနာစိတ်ကြီးကြီးထား၍ ပါးစပ်ဖွင့်လိုက်သည်။ " နောက် ၂ရက်နေရင် ချစ်သူများနေ့ရောက်တော့မှာဆိုတော့ ငါက 'ကောင်းကင်ဘုံအားခိုးယူခြင်း' ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ပြီး လက်ဆောင်ပေးလိုက်တယ်လို့ ရေးလိုက်လေ။ "

ချစ်သူများနေ့လား။ ၎င်းကိုကြားပြီးနောက် လီချင်းမှာ နျင်းချန်ယွမ် ဤဇာတ်ကားအား ရွေးရသည့်အကြောင်းအားသိပြီး ဒေါသဖြင့်ကြည့်လိုက်သည်။

သူလောနေသဖြင့် ချင်းယွင်သည်လည်း ထိုဇာတ်ကား၌ပါသေးကြောင်း မေ့နေတာဖြစ်သည်။

နျင်းချန်ယွမ်၏ ညွှန်ကြားချက်အတိုင်း ကူကယ်ရာမဲ့စွာ ကြော်ငြာပြီးနောက် လီချင်းက သူ့အား စိတ်ထဲ၌တိတ်တဆိတ် ဆူပူနေတော့သည်။

နျင်းချန်ယွမ်က 'ကောင်းကင်ဘုံအား ခိုးယူခြင်း ' ရိုက်ကွင်းကို မျှော်လင့်ချက်ကြီးကြီးဖြင့် ဝင်ရောက်လိုက်သော်လည်း မြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။

အနီရင့်ရောင်ဝတ်စုံဖြင့် မိန်းကလေးတစ်ယောက်က သူ့အားကျောပေး၍ မတ်တပ်ရပ်နေသည်။ သူမ၏ ရေတံခွန်ကဲ့သို့ ဆံနွယ်မဲများမှာ ဖြောင့်စင်းစွာတွဲလဲကျနေပြီး အဖျားပိုင်း၌ ကောက်ထားသည်။ ၎င်းက မရင်းနှီးသောနောက်ကျောပုံဖြစ်သော်လည်း ထိုချောမွတ်ဖြူဥနေသည့် ခြေတံများမှာ နျင်းချန်ယွမ်နှင့် အလွန်ရင်းနှီးနေသလို ခံစားရသည်။

အဘယ့်ကြောင့်ဆိုသော် သူထိုခြေတံလေး၏ တစ်လက်မတိုင်းအား ယခင်ညကပင် နမ်းခဲ့ဖူးသောကြောင့်ဖြစ်သည်။

နျင်းချန်ယွမ်၏ ရောက်ရှိမှုက ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ အစက အလှလေးနား လှည့်ပတ်ရှုစားနေသော ဒါရိုက်တာက လက်ချင်းပွတ်လိုက်ပြီး အပြေးလာသည်။ " သခင် နျင်းက အစောကြီးရောက်လာတာပဲ။ "

ဒါရိုက်တာ၏ စကားများကြောင့် နျင်းချန်ယွမ်အား နောက်ကျောပေးထားသူက ဘေးတစ်စောင်းလှည့်ကြည့်သည်။ အပေါ်ဘက်စောင်းသော မက်မွန်ပွင့်ချပ်ပုံမျက်ဝန်းတစ်စုံက သူ့အားလှမ်းကြည့်နေပြီး ထိုအနက်ရောင်မျက်ဝန်းထဲ ဝိုင်နီရောင်ရောယှက်နေသည်။ ၎င်းမှာ ဝိုင်ကောင်းကဲ့သို့ မူးယစ်စေသည်။

နျင်းချန်ယွမ်က သူ့ဘေးနား ပြေးလာသော ဒါရိုက်တာအား လျစ်လျူရှုထားသည်။ သူ့မျက်လုံးများ၌ ပုံမှန်အသွင်နှင့် ကွာခြားနေသော ချင်းယွင်သာပြည့်နေသည်။ နျင်းချန်ယွမ်၏ အသက်ရှူသံ လေးလံလာပြီး သူ့နားရွက်အခြေပိုင်းမှစ၍ နီရဲတက်လာရာ အပေါ်ပိုင်းဘက် တဖြည်းဖြည်း ပျံ့သွားသည်။

ဘေး၌ရပ်နေသော လီချင်းကအခြေအနေပုံမှန်မဟုတ်ကြောင်း တွေ့ပြီး ပတ်လည်ဝိုင်းနေသော လူအုပ်ထဲ ချက်ချင်းကြည့်လိုက်သည်။ သူက နျင်းချန်ယွမ်အား နားနေခန်းထဲ စောင့်ကြပ်၍ ပို့ပေးလိုက်သည်။ " ကျေးဇူးပြုပြီး လမ်းလေးဖယ်ပေးပါ။ ချန်ယွမ်က အခုမှ လေယာဉ်ပေါ်က ဆင်းလာလို့ ပင်ပန်းနေလို့ပါ။ သူ့ကို အနားယူခွင့်ပြုပါ။ "

နျင်းချန်ယွမ်ပင်ပန်းနေသည်ဟု ကြားသည်နှင့် ဝန်းရံနေသော သူများက ချက်ချင်းကျဲသွားပြီး သူ၏ သီးသန့်အနားယူခန်းထဲ ဝင်ရောက်နိုင်သွားသည်။

အခန်းတံခါးပိတ်ပြီးသောအခါမှသာ လီချင်းသက်ပြင်းချမိပြီး နဖူးပေါ်မှ ချွေးများအား သုတ်လိုက်သည်။

သူခေါင်းလှည့်ကြည့်သောအခါ နျင်းချန်ယွမ်က အိပ်မက်ထဲရောက်နေသော မျက်နှာဖြင့် ထိုင်နေသည်အား တွေ့၍ လီချင်းဒေါသထွက်သွားပြီး နျင်းချန်ယွမ်ကို လက်ညှိုးထိုးလိုက်သည်။ " သေစမ်း။ မင်းက အနည်းဆုံးတော့ ရုပ်ရှင်ဧကရာဇ်လေ။ ဒီလိုအချိန်မျိုးမှာ ချုပ်တီးထားတတ်ဖို့ မင်းပိုမလေ့ကျင့်နိုင်ဘူးလား။ မင်းကိုယ်မင်း ကြည့်စမ်း။ ငါသာ အချိန်မှီ အဖတ်မဆည်ခဲ့ရင် မင်းအရှက်ကွဲနေလောက်ပြီ။ "

ပြောရင်းဖြင့် လီချင်း၏ အသံတိုးတိုးသွားကာ သူချင်းယွင်၏ ခုနကဝတ်စုံအား ပြန်မှတ်မိပြီး တံတွေးမျိုချလိုက်သည်။

သေစမ်း။ သူက အဖြောင့်တစ်ယောက်လေ။ သူကွေးတော့မလိုပဲ...

လီချင်းအာရုံလွင့်ပါးနေချိန်တွင် အေးစက်အကြည့်တန်းနှစ်ချောင်းအား ခံစားမိပြီး ဖြတ်ခနဲခေါင်းလှည့်ကြည့်လိုက်သည်။ ထင်ထားသလိုပင်၊ နျင်းချန်ယွမ်က သူ့အားအေးစက်စွာကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ငါက အဖြောင့်၊ အဖြောင့်၊ အဖြောင့်ကွ။ ချင်းယွင်နဲ့ပက်သက်ပြီး ဘာအတွေးမှမရှိဘူး။ ဘာအတွေးမှ...." လီချင်းက လက်တခါခါဖြင့် ရှင်းပြနေသည်။

ထိုအခါမှသာ နျင်းချန်ယွမ်က စိတ်ဆိုးနေသော လည်ချောင်းသံလုပ်၍ မတ်ထပ်ထရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ တုန့်ပြန်မှုက ယခုအခါပျောက်ကွယ်သွားပြီဖြစ်သည်။ သူယခင်ညက ဝဝလင်လင်စားသုံးခဲ့ရသည့် အချက်ကြောင့်သာမဟုတ်လျှင် သူဤမျှမြန်မြန်စိတ်ပြန်ငြိမ်သွားမှာ မဟုတ်ပေ။

စောနက ချင်းယွင်ကိုခေတ္တတွေ့လိုက်ရသည့် ပုံရိပ်ကြောင့် နျင်းချန်ယွမ်၏ နှာခေါင်းထပ်ပူလာသည်။ သူက နှာခေါင်းကို ကာလိုက်ပြီး အရှက်မကွဲစေရန် ခေါင်းစောင်းလိုက်သည်။ ဒါပေါ့။ နျင်းချန်ယွမ်က 'ကောင်းကင်ဘုံအား ခိုးယူခြင်း' ဇာတ်ညွှန်းကို ဖတ်ပြီးသားဖြစ်သဖြင့် ချင်းယွင် ဤဇာတ်ကား၌ အမျိုးသမီးဝတ်စုံဝတ်ရမည်မှန်း သိပြီးဖြစ်သည်။ သို့သော် သူတကယ်တွေ့လိုက်ရသောအခါ အံ့အားသင့်မိဆဲပင်။

ဒါပေမယ့်...ကြည့်လို့ကောင်းလွန်းနေသည်။ သူတစ်ဦးတည်းအတွက်ပင် ဝတ်ပြသင့်သည်။

နားနေခန်း၌ ရေခဲရေနှစ်ပုလင်းထပ်လောင်းချပြီးနောက် နျင်းချန်ယွမ် တည်ငြိမ်သွားပြီး အပြင်ထွက်လာသည်။

အပြင်ဘက်၌ ဒါရိုက်တာက ချင်းယွင်နှင့် စကားပြောနေတာဖြစ်ပြီး နျင်းချန်ယွမ်အားတွေ့သည်နှင့် မတ်တပ်ထရပ်လိုက်သည်။ " မဂ်လာပါ။ သခင်နျင်း အနားယူပြီးပြီလား။ ဒီနားချိန်ပြီးရင် ကျွန်တော်တို့ စရိုက်တော့မယ်နော်။ "

ဒါရိုက်တာက ဖားနေသည်မှာ အပြစ်မဆိုသာချေ။ နျင်းချန်ယွမ် ကဲ့သို့ သူ၏အဖွဲ့အတွက် ပိုက်ဆံရှာပေးမည့် ရုပ်ရှင်ကြယ်ပွင့်ကြီးကို သူဘယ်လိုလုပ် ရိုင်းပြနိုင်မည်နည်း။

နျင်းချန်ယွမ်က တည်ငြိမ်သောမျက်နှာဖြင့် ခေါင်းညှိတ်ပြလိုက်သော်လည်း ချင်းယွင်ဘက် တဖြည်းဖြည်းကပ်သွားပြီး ပျော်ရွှင်သောအသံဖြင့် တိုးတိုးမေးလိုက်သည်။ " မနေ့တစ်နေ့တုန်းက ပင်ပန်းသွားသေးလား။ နောက်တစ်နေ့ မင်းလေယာဉ်စီးရမယ်မှန်း ကိုယ်မသိခဲ့ဘူး..."

"ခင်ဗျားသိခဲ့ရင်ကော မလုပ်တော့ဘူးလား။ " ချင်းယွင်က သူ့အနောက်မှ သိပ်မရိုးသားသော လက်အား ပုတ်ထုတ်လိုက်သည်။

"မလုပ်ဘူးပေါ့" နျင်းချန်ယွမ် ကပုံမမှန်စွာ တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညှိတ်ပြသည်။ သူက ချင်းယွင်၏ မျက်နှာကလေး အနည်းငယ်ပြေလျော့သွားသည်အား တွေ့သောအခါ နှစ်လိုမှုရရန် စကားလမ်းကြောင်လွှဲလိုက်သည်။" ကိုယ့်ကို ရိုက်ကွင်းမှာတွေ့တော့ မအံ့ဩသွားဘူးလား။ "

"အံ့ဩစရာမရှိပါဘူး။ " ချင်းယွင်က မျက်စောင်းထိုးကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောသည်။ " ခင်ဗျား အချိန်စာရင်းမှာ ရေးထားတာအကုန် မြင်ပြီးသားပဲကို"

နျင်းချန်ယွမ်၏ မျက်နှာကြီး တောင့်တင်းသွားသည်။ သူ့၌ အစီအစဉ်များအား ကြည့်လေ့ရှိသည့်အကျင့်ရှိသည်။ သို့သော် ချင်းယွင်က ၎င်းအားတွေ့သွားမည်ဟု သူမမျှော်လင့်ထားပေ။ ကြီးမြတ်သော ရုပ်ရှင်ဧကရာဇ်မှာ ပထမဆုံးအကြိမ်အဖြစ် ပြိုလဲသွားရသည်။ ဤမျှသေးငယ်သော အံ့ဩစရာလေးကိုပင် သေသေသပ်သပ်မလုပ်နိုင်ရလောက်အောင် သူတကယ်ရူးကြောင်ကြောင်ဖြစ်နေလားဆိုသည်အား သူ့နှလုံးသားထဲ တွေးတောနေမိတော့သည်။

ထိုယောက်ျား၏ သိသိသာသာ စိတ်ပျက်သွားသောမျက်နှာအား အတော်ကြာရှုစားပြီးနောက် ချင်းယွင်စိတ်ထဲပြုံးလိုက်ကာ သူ့ဘေးတွဲလောင်းကျနေသော လက်ချောင်းအား သွားထိလိုက်သည်။

ဤလှုပ်ရှားမှုသေးသေးလေးနှင့်ပင် နျင်းချန်ယွမ် အသက်အပြည့်ပြန်ဖြစ်သွားသည်။ သူ၏ နားရွက်များထောင်လာပြီး အနောက်ဘက်မှ မမြင်နိုင်သော ခွေးအမြီးက ပျော်ရွှင်စွာ ယမ်းခါနေသည်။

သူတို့နှစ်ယောက်အား အနောက်ဘက်မှ တိတ်တဆိတ်ကြည့်နေသော လီချင်းက မြင်ကွင်းကြောင့် မျက်နှာအား စိတ်ဆင်းရဲစွာကာလိုက်သည်။ ဤတစ်ကြိမ်၌ နျင်းချန်ယွမ်မှာ လုံးဝမျှော်လင့်ချက်မဲ့နေပြီးဖြစ်ကြောင့် လီချင်းရုတ်တရက်ခံစားလိုက်ရသည်။

"ကောင်းပြီ။ သခင်နျင်း ဒီမှာရှိနေတော့ အဖွင့်နိဒါန်းရဲ့ ပထမဆုံးဇာတ်ဝင်ခန်းမှာ ခင်ဗျားမပါလို့ကို မဖြစ်ဘူး။ " ဒါရိုက်တာက ထိုလူနှစ်ယောက်ထံ သရုပ်ဆောင်ရမည့်အကြောင်းလာပြောသည်။

ချင်းယွင်က ဤဇာတ်ကားထဲတွင် သူ၏ဈေးကြီးသောဌားရမ်းခကို တတ်နိုင်နေသေးသမျှ အရာအားလုံးအားခိုးယူပေးနိုင်သူအဖြစ် သရုပ်ဆောင်ရမည်ဖြစ်သည်။ ယခုသူ၏ ပစ်မှတ်သည် အာရှသဘော်ဘုရင်၏ သမီးဖြစ်သည်။ ဤရည်ရွယ်ချက်ကြောင့် သူမိန်းမတစ်ယောက်အဖြစ် ဝတ်ဆင်ပြီ သူ့ပစ်မှတ်ရှိသည့် ဇိမ်ခံသဘော်ထဲ ဝင်လာတာဖြစ်သည်။

နျင်းချန်ယွမ်က သဘော်ဘုရင်မှ သူ့သမီးအတွက် ငှားယမ်းပေးထားသော သက်တော်စောင့်ဖြစ်သည်။ သူက ပျော်တတ်သောကောင်လေးအဖြစ် ပြုမူနေသော်လည်း တကယ်တမ်းတွင် တွက်ချက်တတ်သောသူတစ်ယောက်ဖြစ်ကာ သူ့အားလာဆွဲဆောင်သော ချင်းယွင်အားပြန်တိုက်ခိုက်သောသူဖြစ်သည်။ နောက်ဆုံးတွင်တော့ သူသဘော်ဘုရင်၏ သမီးအားကာကွယ်နိုင်ခဲ့သည်။ သူ၏အောင်နိုင်မှုအား သူ့ကိုယ်သူချီးကျူးနေစဉ် သဘော်ဘုရင်ကြီးက သူ့သမီး၏လည်ပင်းမှ လည်ဆွဲပျောက်သွားကြောင်း သိပြီး ဒေါသပုန်ထတော့သည်။

ထိုအခါမှ သဘော်ဘုရင်ကြီး သူ့အား သူ့သမီးကိုကာကွယ်ခိုင်းသည်မှာ ဟန်ဆောင်မှုသာဖြစ်ကြောင်း နျင်းချန်ယွမ် သဘောပေါက်သွားသည်။ သူတကယ်ကာကွယ်ချင်သည်မှာ သူ့ပိုင်ဆိုင်မှုများအား အသက်ဝင်စေမည့် သူ့သမီးလည်ပင်း မှ တိုကင်လက်မှတ်သာဖြစ်နေသည်။ ချင်းယွင်ခိုးရန်ကြိုးစားသည်မှာလည်း ထိုအရာကွက်တိပင်။

ဤနေရာ၌ နျင်းချန်ယွမ် အောင်မြင်သွားပုံပေါ်သော်လည်း တကယ်တမ်းကျရှုံးသွားတာဖြစ်သည်။ သို့သော် ချင်းယွင်၏ နောက်လုပ်ငန်းတစ်ခု စတင်ပြန်သည်။

ဤဇာတ်ကားထဲတွင် ချင်းယွင်ထံမှ ဆွဲဆောင်ခံရမည့် သားကောင်ဖြစ်သော နျင်းချန်ယွမ်မှာ သူရင်ဆိုင်ရမည့် အခက်အခဲများအား ကြိုတင်မှန်းဆပြီးဖြစ်သည်။ သူက သူ၏ကိုယ်ပိုင်ခုခံမှု၊ ယှဉ်ပြိုင်လိုမှု နှင့် ချင်းယွင်အပေါ် တိတ်တခိုးစွဲလမ်းချစ်ခင်နေမှုများအား ပေါ်လွင်အောင်သရုပ်ဆောင်ပြရမည်။ သို့သော် ဒါရိုက်တာက ပေါက်ကွဲမှုအကြီးဆုံးသောအခန်းနှင့် စတင်ခိုင်းမည်ဟု သူမထင်ထားပေ။

ဇာတ်ဝင်ခန်းမှာ ချင်းယွင် သူခိုးဖြစ်ကြောင်း ပေါ်ပေါက်ပြီးနောက် နျင်းချန်ယွမ်နှင့် တိုက်ပွဲအတွင်း မိုးပျံတံတားပေါ်၌ မျက်နှာချင်းဆိုင်ရသည့်အခန်းဖြစ်သည်။

အေးခဲပီး လေပြင်းများတိုက်နေသည့်အချိန်တွင် လက်ထဲသေနတ်တစ်လက်ဖြင့် ချင်းယွင်က အလယ်ခေါင်၌ရပ်နေသော နျင်းချန်ယွမ်ထံ ချည်းကပ်လာသည်။ သူက တစ်ဆယ်စင်တီမီတာကျော်သော ဒေါက်မြင့်ဖိနပ်ကို စီးထားသည်။ သူ၏မျက်နှာ၌ ဆွဲဆောင်မှုညှို့ဓာတ်ရှိနေသော်လည်း အေးစက်မှုတစ်ချို့အား ဖော်ပြထားသည်။

"ဟေး။ baby မင်းကိုယ့်ရင်ခွင်ထဲ ခုန်ဝင်မလာခင် လက်ထဲကအရုပ်ကို အရင်လွှင့်ပစ်နိုင်မလား။" ဆံပင်ရှုပ်ပွနေပြီး အကောင်းမမြင်သောအပြုံးဖြင့် နျင်းချန်ယွမ်က ချင်းယွင်ဆီ လက်မောင်းနှစ်ဖက်ဖွင့်ပြလိုက်သည်။

သူက ထူးချွန်သော သရုပ်ဆောင်တစ်ယောက်ပင်။ သူက ချင်းယွင်အပေါ် အရူးအမူးစွဲလမ်းနေသော စရိုက်ကို ပြီးပြည့်စုံစွာ ညှိနှိုင်းပုံဖော်နိုင်ခဲ့ပြီး playboy တစ်ယောက်၏ ဖြားယောင်းတတ်မှုကိုလည်း အဆုံးစွန်ပြသခဲ့သည်။

သူနှင့်ဆန့်ကျင်ဘက် ချင်းယွင်မှာလည်း အင်အားကြီးသောရောင်ဝါ ထုတ်လွှင့်တတ်သောကြောင့် အားမနည်းသွားပေ။ သူ၏ပုံဖော်မှုကြောင့် နျင်းချန်ယွမ်၏ မျက်ဝန်းထဲ အံအားသင့်မှုပေါ်လာသည်။

နဂိုက ချင်းယွင်မှာ ထိုဇာတ်ကောင်အား သရုပ်မဆောင်နိုင်လောက်ဘူးဟု နျင်းချန်ယွမ် ပိုပိုလိုလိုတွေးထားတာဖြစ်သည်။ သို့သော် ချင်းယွင်က ထိုအပိုင်းအား အခွားအဓိပ်ပါယျဖွငျ့ သရုပ်ဆောင်ပြသွားနိုင်ကြောင်း တွေ့လိုက်ရသည်။ သူက မရိုးဖြောင့်သော သူခိုးတစ်ယောက်သာမဟုတ်ဘဲ ကောင်းကင်ဘုံကိုပင် ခိုးယူနိုင်သည်ဟု ပြောရဲသော သူခိုးဖြစ်နေသည်။သူ့အတွက် ရည်မှန်းချက်တစ်ခုသာရှိသည်။ မည်သူ ၊ မည်သည့်အရာမျှ သူ့မြင်ကွင်းထဲ မဝင်နိုင်ပေ။

ချင်းယွင်က ထိုဇာတ်ကောင်၏ ဘဝင်မြင့်မှု၊ ဂရုဏာခေါင်းပါးမှု နှင့် အပြင်းထန်ဆုံးညှို့ဓာတ်အား ပြီးပြည့်စုံစွာရောစပ်နိုင်ရာ ဇာတ်ကောင်ကပို၍ ဆွဲဆောင်မှုရှိလာသည်။

သူ၏ ယခုဝတ်စုံနှင့် လုံးဝဆန့်ကျင်မနေသော မိန်းမဆန်သည့် အသံဖြင့် ချင်းယွင်ပြောလိုက်သည်။ "အရုပ်ဟုတ်လား။ ရှင် ကစားကြည့်ချင်လား။ "

လေပြေအေးတစ်ပွေက ချင်းယွင်၏ နှဖူးပေါ်မှ ဆံနွယ်များအား လွင့်နေစေသည်။ သူက အပြစ်ကင်းမဲ့ပုံ ဟန်ဆောင်နေကာ သူ့အရှေ့မှလူဘက်သို့ ခေါင်းစောင်းလိုက်သည်။ နဂိုဆွဲဆောင်မှုရှိသော နတ်ဆိုးကောင်လေးမှာ လူတို့အား ထိန်းချုပ်၍မရနိုင်လောက်အောင် ကြောင်အသွားစေသော အပြစ်ကင်းသူလေး ဖြစ်သွားသည်။

ထိုယောက်ျား၏ အခိုက်အတန့်မျှ ကြောင်အသွားမှုကို အခွင့်ကောင်းယူ၍ ချင်းယွင်က ပစ်ခတ်ရန် မတုန့်ဆိုင်းခဲ့ပေ။ မမျှော်လင့်ထားစွာပင် သူ့အရှေ့မှ ယောက်ျားက စဉ်းလဲသောအပြုံးဖြင့် ကျည်ဆန်အား ရှောင်လိုက်သည်။ သူက အမြန်ရှေ့တိုးလာပြီး အလှလေး၏ ခါးအားတိုက်ရိုက်ပွေ့ဖက်လိုက်သည်။သူက လူတစ်ကိုယ်လုံးအား ရင်ခွင်ထဲသွင်းလိုက်ရုံသာမက ချင်းယွင်၏လက်ထဲမှ သေနတ်ကိုပင် ကျွမ်းကျင်စွာ လွှဲယူလိုက်သည်။

"အချစ်ကလေး။ မင်းရဲ့ဒီလိုနူးနူးညံ့ညံ့လက်လေးက အရမ်းအန္တရာယ်များတာတွေ မကိုင်သင့်ဘူးလေ။ အာ့"

နျင်းချန်ယွမ်၏ မျက်နှာ၌ ဂုဏ်ယူနေသောအပြုံးအပေါ်လာခင် သူ့ခန္ဓာကိုယ်က သူ့ရင်ခွင်ထဲမှ 'အမျိုးသမီး'၏ ပုခုံးသုံးတိုက်ခိုက်ချက်ကြောင့် ပျံတက်သွားပြီး မြေပြင်ပေါ်ပစ်လဲသွားသည်။ သူ့လက်ထဲမှ သေနတ်မှာလည်း ပြန်အလုယူခံလိုက်ရသည်။

သူ့အောင်မြင်မှုကြောင့် ယုံကြည်မှုရှိနေသော လူ၏မျက်နှာပေါ်၌ နောက်ဆုံးတွင်တော့ အံ့အားသင့်မှု ပေါ်လာသည်။ ၎င်းမှာ သာမန်အမျိုးသမီးတစ်ယောက် ရှိနိုင်သည့်ခွန်အား မဟုတ်ပေ။

နောက်တစ်စက္ကန့်အတွင်းမှာပင် ဒေါက်ချွန်ချွန်က သူ့လည်ပင်းပေါ် တိုက်ရိုက်ကျလာသည်။

ချင်းယွင်က သူ့အား နှိမ့်ချသောအကြည့်ဖြင့် ကြည့်နေသည်။သူမဆံနွယ်များ၏ ကောက်နေသောအပိုင်းက နေရာရွေ့သွားသည်ကို နျင်းချန်ယွမ် တွေ့လိုက်ရပြီး သူမ၏ခြေထောက်များ တဖြည်းဖြည်းအားပါလာသည်။

အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် နျင်းချန်ယွမ်၏ မျက်နှာ နီရဲလာသော်လည်း သူ့မျက်နှာပေါ်မှ အမူအရာမှာမပြောင်းလဲဘဲ အဆင့်အတန်းမရှိသောအပြုံးပင် ပြုံးထားသေးသည်။ သူက အားစိုက်ထုတ်၍ ချင်းယွင်၏စကတ်အောက်အား တစ်ချက်ကြည့်လိုက်ကာ အခြေအနေပိုဆိုးရွားစေရန် အသံညှစ်ပြောလိုက်သည်။ "အံ့ဩစရာပဲ...အဲ့ဒါကအဖြူရောင်လေး....ကိုယ်က....မင်း....အနက်ရောင်ဇာလေး....ကြိုက်မယ်လို့..ထင်တာ..."

သူ့ခြေထောက်အောက်မှ ယောက်ျား၏ အပြုအမူအားကြည့်ပြီး နောက်ဆုံးတွင်တော့ ချင်းယွင်အေးစက်သွားကာ ပြောလိုက်သည်။ "အမဲရောင်ဇာကို ခင်ဗျားအတွက် ချန်ပေးထားရင် ပိုကောင်းမယ်"

သူက ရုပ်ဖျက်မထားတော့ပေ။ ယခုချင်းယွင်၏ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသော မျက်နှာလေးနှင့် လိုက်ဖက်သည့် ကြွပ်ဆတ်ကြည်လင်သော ယောက်ျားလေးအသံထွက်လာသည်။၎င်းမှာ ဖော်ပြ၍ မရလောက်အောင် ထူးဆန်းသည်။

နျင်းချန်ယွမ်က ချက်ချင်းမျက်လုံးကျယ်ကျယ်ဖွင့်လိုက်ပြီး လက်ဆန့်ကာ ချင်းယွင်အား လက်ညှိုးထိုး၍ ကောင်းကောင်းမွန်မွန်ပင် မပြောနိုင်တော့ပေ။ "မင်း မင်း မင်းက ယောက်ျားလေးလား။ "

သူ့အားရက်ပေါင်းများစွာ ဆွဲဆောင်ဖြားယောင်းနေသော၊ လိင်ဆက်ဆံလုနီးနီး အကျွမ်းဝင်ခဲ့သူမှာ အထီးကြီးဖြစ်နေသည်။ သူက ယောက်ျားတစ်ယောက်ရဲ့ စကတ်အောက်ဖက်ကို ကြည့်ခဲ့တာလား။

သူ့အားတုန့်ပြန်ချက်အဖြစ် ချင်းယွင်ထံမှ အကန်ခံလိုက်သည်။ သူအောက်ကျနေစဉ် လေထုထဲ၌ အော်ခဲ့သေးသည်။ "ယီး။ ငါ့ရဲ့ အချစ်ဦးလေး"

"ရပ်" ဒါရိုက်တာ၏ အသံထွက်လာသည်။ နျင်းချန်ယွမ်သည်လည်း ကြိုးဖြင့်ဆင်းလာပြီး မြေပြင်ပေါ် လုံခြုံစွာ ဆင်းသက်ပြီးဖြစ်သည်။

ဒါရိုက်တာက သူ့ရှေ့မှရိုက်ကူးထားမှုအား ကျေနပ်မှုကြီးဖြင့် ထပ်ကာတလဲလဲကြည့်နေသည်။ သူတို့နှစ်ဦးကြားမှ ထိပ်တိုက်ရင်ဆိုင်မှုက သူလိုချင်သည့်အတိုင်ပင်။ နျင်းချန်ယွမ်က ချင်းယွင်မှာ ယောက်ျားဖြစ်ကြောင်း သိသွားသည့်အခန်းအား ပြန်ကြည့်ပြီး ပါးစပ်အားအုပ်လိုက်ကာ နှာဘူးကျကျရယ်လိုက်သည်။

ဒီအပိုင်းသာ လွှင့်ပြီး ချင်းယွင်ရဲ့ တကယ့်အသံနဲ့ ထုတ်ပြောသံကြားရင် ကြည့်တဲ့သူတွေ ဘယ်လိုများ တုန့်ပြန်မလဲ မသိဘူး။

နောက်အခန်း တစ်ချို့ရိုက်ပြီးနောက် မှောင်ရိပ်သန်းလာသောအခါ ရိုက်ကွင်းအား အပြီးသတ်လိုက်သည်။

ချင်းယွင်က အဝတ်လဲရန်ဝင်သွားပြီး ယောက်ျားတစ်ယောက်သည်လည်း ရင်းနှီးနေပုံဖြင့် လိုက်ဝင်သွားသည်။ ယခုတစ်ကြိမ်တွင် နျင်းချန်ယွမ်က စိတ်ပူနေသော်လည်း မတုန့်ဆိုင်းနေတော့ဘဲ ချင်ယွင်အား တိုက်ရိုက်ပွေ့ဖက်လိုက်သည်။

"မင်း...." ရုပ်ရှင်ရိုက်နေစဉ်တွင် အောင့်အီးသည်းခံနေရရုံမှလွဲ၍ နျင်းချန်ယွမ်တွင် အခြားသော ရည်ရွယ်ချက်မရှိပေ။ ထိုအစား သူက အသံတိုးတိုးဖြင့် မေးလိုက်သည်။ " မင်းထွက်မသွားခင် ကိုယ့်အသိပေးခဲ့နိုင်မလား။ မဟုတ်ရင်၊ မင်းကိုယ့်ကို ရုတ်တရက်ကြီး မလိုချင်တော့မှာ ကိုယ်ကြောက်နေရတယ်။ "

ယခုမှသာ နျင်းချန်ယွမ်က သူ့နှလုံးသားထဲရှိသမျှ ဖွင့်ပြောတာဖြစ်သည်။

သူက ချင်းယွင်မှ သူ့အားမလိုချင်တော့မှာကို တကယ်ကြောက်ရွံနေသဖြင့် ချင်းယွင်အားဖက်ထားသော လက်မှာ အနည်းငယ်တုန်ယင်နေသည်။

သူချင်းယွင်အား စတွေ့ကတည်းကပင် သူ့အရိုးထဲထွင်းထုထားဟန်ရှိသော ကြောက်ရွံထိတ်လန့်မှုက နျင်းချန်ယွမ်အား လုံးဝလွှမ်းမိုးထားသည်။ ထိုစိတ်ခံစားချက်အား သူမည်ကဲ့သို့ရင်ဆိုင်ရမည်မှန်း မသိသဖြင့် မသိစိတ်ဖြင့် ဖုံးအုပ်ထားလိုက်ရာ သူစကားပိုပြောသည်နှင့် သူအမှားပိုလုပ်မိတော့သည်။

နျင်းချန်ယွမ်က သူ၏အကျင့်စရိုက်မှာ ဆိုးရွားမှန်းသိသည်။ လူများအား မျက်နှာချင်းဆိုင်ရသည့်အခါ သူ၏ပြိုင်ဘက်မရှိသော သရုပ်ဆောင်အရည်အချင်းကိုပင် သုံး၍ဟန်ဆောင်နိုင်သည်။ သို့သော်ချင်းယွင်နှင့်တွေ့သောအခါ သူဟန်မဆောင်နိုင်ပဲ ပို၍ကိုးရိုးကားယားနိုင်သော အမှားများသာ အထပ်ထပ်လုပ်နေမိသည်။

"ကျွန်တော်က ခင်ဗျားကို လိုချင်ခဲ့လို့လား။ " ချင်းယွင်က သူ့အားခေါင်းလှည့်ကြည့်သည်။ စိတ်ခံစားချက်မဲ့နေပုံပေါ်သော မျက်ဝန်းတစ်စုံက နျင်းချန်ယွမ်၏ မျက်ဝန်းထဲ တည့်တည့်စိုက်ကြည့်နေသည်။

သူ့စကားလုံးများကြောင့် နျင်းချန်ယွမ်က သူ့ရင်ခွင်ထဲမှချင်းယွင်၏ တစ်ကိုယ်လုံးအား သူ့ကိုယ်ထဲမြှုပ်နှံချင်သကဲ့သို့ မသိစိတ်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။ သူ၏ လက်မောင်းများမှာ ပိုတုန်ယင်လာသည်။

သူက ချင်းယွင်အား သန်မာစွာ ဖက်ထားသော်လည်း ချင်းယွင်၏ စကားများက သူ့တည်ရှိမှုအား တစ်စစီပြိုကွဲသွားစေသဖြင့် သူ့မျက်နှာမှာ ဗလာဖြစ်နေသည်။

"ကျွန်တော် ခင်ဗျားကိုမလိုချင်ဘူးလို့ပြောရင် ခင်းဗျားကျွန်တော့်အနောက်လိုက်တာ ရပ်သွားမှာလား။ " ချင်းယွင်က တစ်ကိုယ်လုံးအနောက်လှည့်လိုက်ပြီး သူ့အားတိတ်ဆိတ်စွာကြည့်နေသည်။

"လုံးဝ လုံးဝ လုံးဝ မရဘူး။ ကိုယ်မင်းကို ဆွဲဆောင်ခွင့် မင်းပေးရမယ်။ ကိုယ်...." နျင်းချန်ယွမ်က အလိုအလျောက် ငြင်းဆန်လိုက်သည်။ သူက ချင်းယွင်၏ ငြင်းပယ်မှုကိုပင် မခံနိုင်ပေ။ သူ့အားလက်လျှော့ပြီး လက်လှမ်းမမှီရာနေရာအထိ သွားခွင့်ပြုဖို့က ပြောရန်ပင်မလိုပေ။

၎င်းသည် သူ့စိတ်ဝိညာဉ်အတွင်းပိုင်မှ အဖြေသာဖြစ်သည်။ ဤဘဝအတွက်သာမဟုတ်ဘဲ ထာဝရအထိပင်။

ထိတ်လန့်ပြီးတုန်ခါနေသောသူအားကြည့်ပြီး ချင်းယွင်နောက်ဆုံးတော့ ထိုလူအားပြန်ဖက်လိုက်သည်။ "အရူးကောင်။ ဒါပဲမဟုတ်လား။ ပြီးတော့ ကျွန်တော် ခင်ဗျားကို မလိုချင်ဘူးလို့ မပြောဖူးပါဘူးနော်။ "

နျင်းချန်ယွမ်၏ နှလုံးသားထဲ အပျော်လုံးကြီးပြည့်သွားပြီး သူ့ရင်ခွင်ထဲမှ လူငယ်လေးအား ပိုတင်းတင်းကြပ်ကြပ်ဖက်လိုက်ကာ ကမ္ဘာပေါ်မှ ဘာကိစ္စကိုမျှ ဂရုမစိုက်ဘဲ လည်တိုင်အား ပွတ်သပ်နေသည်။ "မင်းကိုယ့်ကိုသဘောတူလိုက်တာလား။ မင်းကိုယ့်ကို ကတိပေးလိုက်တာမဟုတ်လား"

သူတို့အားကြိုရန်လာသော လီချင်းနှင့် ဟယ့်လန်မှာ ဆိုးဆိုးရွားရွား အသံလုံသောအဝတ်လဲခန်း၏ အပြင်ဘက်၌ မတ်တပ်ရပ်နေကြပြီး လေထဲ ငေးနေကြသည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြပြီး ပြောစရာမဲ့သွားသည်။

မင်းတို့ အချစ်ကိုဝန်ခံဖို့ ပိုလုံခြုံတဲ့နေရာ ရွေးလို့မရဘူးလား။

******

ပိုင်ရှီးယန်က ကုမ္ပဏီ ပြောင်းချင်နေသည်။

နျင်းချန်ယွမ်က ထိုသတင်းအားကြားသောအခါ မပျော်ရွှင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူက ပိုင်ရှီးယန်နှင့် ချင်းယွင်ကြားရှိ ပဋိပက္ခအားသိရှိထားပြီး အဓမ္မစေခိုင်းတတ်သော ဥက္ကဋ္ဌလုပ်ကာ ချင်းယွင်အတွက် ရပ်တည်၍ ထိုတစ်ယောက်အား အလုပ်ပိတ်ပင်ရန် ပြင်ဆင်နေတာဖြစ်သည်။ နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက်က ပိုင်ရှီးယန်၏ စာချုပ်ဖောက်မှုအတွက် အစားထိုးလျော်ပေးကာ ထိုတစ်ယောက်အား ချက်ချင်းလက်မှတ်ထိုးခေါ်သွားချင်နေသည်။

"သူလိုချင်သလို ခုန်ကူးလို့ရမယ်ထင်နေလား။ တားထားလိုက်။ " နျင်းချန်ယွမ်၏ မျက်နှာပေါက်အရ ဒေါသထွက်နေသည်။ တကယ်တော့ ထိုလူငါးယောက် ချင်းယွင်အား ယခင်တစ်ခေါက်နှောက်ယှက်ချင်ကတည်းကပင် နျင်းချန်ယွမ်က နောက်ကွယ်မှလူမှာ ပိုင်ရှီးယန်ဖြစ်ကြောင်း လျှို့ဝှက်စုံစမ်းတွေ့ရှိထားတာဖြစ်သည်။ ထိုအချိန်မှစ၍ ပိုင်ရှီးယန်မှာ ရှန်းရှီ၌ အချိန်ကောင်းမရှိတော့ပေ။

သို့သော် ထိုအချိန်က နျင်းချန်ယွမ်အိမ်ပြန်သွားပြီး ဒရူးအစ် ၂ရိုက်ကူးမှုနှင့်လည်း အလုပ်ရှုပ်နေသဖြင့် ပိုင်ရှီးယန်အား ရိုက်ချရန်အားသိပ်မစိုက်နိုင်ခဲ့တာဖြစ်သည်။ မည်သို့ပင်ဆိုစေ ပိုင်ရှီးယန်မှာ ရေပန်းစားနေသေးသည်။ သူသာ ချင်းယွင်အပေါ် ရုတ်တရက်ကြီး ဆိုးရွားသောမှတ်ချက်ပေးလိုက်လျှင် ရလဒ်ဆိုးရွားပေလိမ့်မည်။

ယဉ်ကျေးစွာပြုမူနေသော နျင်းချန်ယွမ်မှာ သူ့ဘေးမှချင်းယွင်အား တွေ့ပြီး ချက်ချင်းနေရာရွှေ့လိုက်ကာ သူ့သစ္စာရှိမှုကို ပြသလိုက်သည်။ " သူက မင်းကို ပြဿနာရှာထားတာ။ ကိုယ်သူ့ကို လွယ်လွယ်နဲ့ မလွှတ်ပေးနိုင်ဘူး။ "
"ဟုတ်လား။ " ချင်းယွင်က သူ့ကိုအေးစက်စက်တစ်ချက်ကြည့်လိုက်သည်။ နျင်းချန်ယွမ်၏ စကားလုံးများက သူ့အား ဤကမ္ဘာမှ မူရင်းဇာတ်ကြောင်းကို သတိပေးလိုက်သည်။ ထိုတုန်းကလည်း နျင်းချန်ယွမ်က ပိုင်ရှီးယန်အား နှစ်သိမ့်ရန် မျှော်လင့်ချက်မဲ့နေသော ချင်းယွင်ကို ပိတ်ပင်ခဲ့သည်။

သို့သော် မူရင်းဇာတ်ကြောင်းအရ နျင်းချန်ယွမ်မှာ ဤကဲ့သို့ ရုတ်တရက် comeback မလုပ်ခဲ့ပေ။

နျင်းချန်ယွမ်က ချင်းယွမ်၏ အေးစက်စက်အကြည့်အား ပါးစပ်ပိတ်၍စကားသံထပ်မထွက်တော့ဘဲ ငြိမ်ခံနေသည်။ မျိုးရိုးနာမည် ပိုင် နှင့်တစ်ယောက်အကြောင်း သူပြောတိုင်း ချင်းယွင်း၏ စိတ်အခြေအနေမှာ ဘာကြောင့်ပိုဆိုးသွားကြောင်း သူအတော်နားမလည်ပေ။ သို့သော် သူအကြိမ်များစွာ စကားမှားပြီးနောက် နျင်းချန်ယွမ်တွင် သတိအချို့ရှိလာကာ သူမေးခွန်းအားမမေးလျှင်ပိုကောင်းမည်ဟု ခံစားနေရသည်။

နျင်းချန်ယွမ် ပါးစပ်ပိတ်၍ ရိုရိုကျိုးကျိုး နေသည်အားတွေ့သောအခါ ချင်းယွင်မှာ သနားသွားပြီး ထိုလူ့မေးအားညှစ်၍ အရှေ့ဆွဲလိုက်သည်။ " ပိုင်ရှီးယန် ထွက်သွားချင်ရင် ထွက်သွားခိုင်းလိုက်လေ။ ခင်ဗျားက ဘာလို့သူ့ကို ဒီမှာဆွဲထားချင်တာလဲ။ "

"မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ ကိုယ်နဲ့သူနဲ့ ဘာမှမဆိုင်ဘူးနော်။ ကိုယ်က မင်းအတွက် လက်စားချေပေးမလို့။ " နျင်းချန်ယွမ်က ချင်းယွင်၏ ပါးလျသောခါးလေးအားဖက်ကာ ချင်းယွင်၏ လည်ပင်း၌မျက်နှာအပ်၍ ကြင်နာစွာပွတ်သပ်ရင်း ရှင်းပြလိုက်သည်။

ထိုလူ၏ ထိတ်လန့်နေသော ပုံစံအား ကြည့်ပြီးနောက် စိတ်အခြေအနေကောင်းနေသော ချင်းယွင်က ပိုင်ရှီးယန်၏ကိစ္စအပေါ် ဖြည်းဖြည်းချင်း စဉ်းစားတွေးတောလိုက်သည်။ သူက နျင်းချန်ယွမ် အားပြောလိုက်သည်။ "ပိုင်ရှီးယန်ရဲ့ ကိစ္စတွေထဲ ဝင်မပါနဲ့။ "

*****

ပိုင်ရှီးယန်က တန့်ယွင်ချီ၏ ကုမ္ပဏီအား ခုန်ကူးသွားခြင်းမဟုတ်၊ ကျိုးယယ်၏ ကုမ္ပဏီအားခုန်ကူးသွားခြင်းလည်း မဟုတ်ဘဲ ထိုအစား အခြားကုမ္ပဏီတစ်ခုကိုသာ ပြောင်းသွားသည်။

ချင်းယွင်၏ မျက်ဝန်းထဲ အေးစက်မှုအနည်းငယ်ပေါ်လာပြီး နှုတ်ခမ်းဖျားများကွေးတက်လာသည်။ ဤကမ္ဘာမှ သူ၏တာဝန်ပြီးလုပြီဖြစ်ကြောင်း သိလိုက်သည်။

တကယ်တော့ ချင်းယွင်က သူ၏အသိဉာဏ်တစ်ချို့အား ပိုင်ရှီးယန်အပေါ်၌ အစကတည်းက ချန်ထားပြီး ဇာတ်လိုက်၏လုပ်ရပ်များကို စောင့်ကြည့်နေတာဖြစ်သည်။ ထို့ကြောင့် "ကောင်းကင်ကိုပိတ်သိမ်းမယ်" ရိုက်ကူးချိန်၌ သူကပိုင်ရှီးယန်အပေါ်ဖိအားပေးပြီး နှလုံးသားထဲမှ ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်မှု ပိုကြီးထွားလာသည်ကို ကြည့်နေခဲ့သည်။

သို့သော် တန့်ယွင်ချီ၏ မကြာသေးမီက အပြုအမူမှာ ချင်းယွင်အား အံ့ဩစေခဲ့သည်။ ထိုလူမှာ ပိုင်ရှီးယန် ရူးသွပ်သွားသည်အထိ သူ့အားကြိုက်နေမည်ဟု မမျှော်လင့်ထားပေ။

သို့သော် ၎င်းမှာ ချင်းယွင်လိုချင်သည့်အတိုင်း ကွက်တိပင်။

ချင်းယွင်က အခြားသူများအား သူ့အပိုင်ကိုခိုးခွင့် ဘယ်တော့မှပေးမည်မဟုတ်သည့်အတွက် ပိုင်ရှီးယန်၏ ကနဦးပိုင်း လုပ်ရပ်များမှာ သူ့အားထိစေသည်။ ၎င်းမှာ အတွေးတစ်ခုလေးပင်ဖြစ်စေ၊ ချင်းယွင်က အကြိမ်တစ်ထောင်မျှ ပြန်လက်စားချေမည်ဖြစ်သည်။

'ဒရူးအစ် ၂' ရုံမတင်ရသေးခင် 'ကောင်းကင်ဘုံအား ခိုးယူခြင်း' မှာ လွှင့်နေပြီဖြစ်သည်။

ကွန်ပျူတာရှေ့စောင့်နေသော နျင်းချန်ယွမ်၏ ပရိသတ်များမှာ စိတ်လှုပ်ရှားမှုဖြင့် အော်ဟစ်နေကြသည်။ ၎င်းမှာ သူတို့၏ ဧကရာဇ်ကြီးအား ငါးနှစ်အတွင်း ဇာတ်ကားတစ်ခု၌ ပထမဆုံးတွေ့ရခြင်းပင်။

သို့သော် ချင်းယွင်၏ ပရိသတ်များမှာ စိတ်ရှုပ်ထွေးနေကြသည်။

ချင်းယွင်က အဓိကဇာတ်ကောင်လို့ သူတို့ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့သူတို့ ရှာမတွေ့တာလဲ။

သူတို့က ပဟေဠိ ဖြစ်ဖြစ်ဖြင့် ဆက်ကြည့်ခဲ့သည်။

နောက်ဆုံးတွင်တော့ ပရိသတ်တစ်ယောက်၏ တောက်လောင်နေသောမျက်လုံးက ချင်းယွင်အား ရှာတွေ့ခဲ့သည်။ ထိုပရိသတ်ကမျက်နှာပြင်ပေါ်မှ လှပသောမိန်းကလေးအားကြည့်ပြီး လျှို့ဝှက်စွာ ရယ်လိုက်သည်။ သူက စာရေးတင်လိုက်သည်။ " ချင်းယွင် ဘယ်မှာလဲဆိုတာ သိချင်မနေနဲ့။ ငါ့ကိုယုံ။ တစ်ကားလုံးမှာ တန်ဖိုးအမြင့်ဆုံးမျက်နှာလေးက သူပဲ။ "

"ဖာ့ခ်။ ငါမှားတယ် ထင်နေတာ။ 'သူမ' တော့မဖြစ်နိုင်ဘူး မဟုတ်လား။ "

"အားးးးး၊ ငါစက္ကန့်ပိုင်းအတွင်း နားလည်သွားပြီ။ ငါ့ချင်းယွင်လေးရဲ့ မျက်နှာက လိင်ကန့်သတ်ချက်ကိုတောင် ကျော်လွန်နေတယ်။ "

"ကံကောင်းလို့၊ ကံကောင်းလို့ ငါကွေးတော့မယ် ထင်နေတာ။ ဒီအစ်မကြီးက ဆွဲဆောင်မှုရှိလွန်းတယ်။ "

လူတစ်အုပ်စုက သူတို့ကွေးတော့မည်ဖြစ်ကြောင်း အော်ဟစ်နေကြသည်။

နျင်းချန်ယွမ်၏ ပရိသတ်များမှာ တစ်ခုခုအား နားလည်သွားကြပြီး ကြောင်အသွားကြသည်။ "ဘာ။ ငါတို့ရဲ့ ဧကရာဇ်ကြီးနဲ့ တီတီတာတာပြောနေတဲ့ မိန်းကလေးက တကယ်တော့ ချင်းယွင်လား။ "

ဘာလို့ ခံစားလို့ကောင်းပုံပေါ်နေတာလဲ။

၎င်းကိုသတိထားမိသော သူများမှာ ထပ်မပြောတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းအားရှာမတွေ့သေးသောသူများ၊ မှားယွင်းဝင်ရောက်လာသော ဖြတ်သွားဖြတ်လာများမှာ ချင်းယွင်၏ အလှထဲ နစ်မြောနေကြသည်။

"ဒီကောင်မလေးက အရမ်းချောတာပဲ။ ငါငါ့ကောင်လေးနဲ့ လမ်းခွဲပစ်ချင်ရင် ဘယ်လိုလုပ်မလဲ။ "

အချို့ယောက်ျားများမှာ တီဗီပေါ်မှ ညှို့ဓာတ်ပြင်းသော အလှလေးထံမှ မျက်စိမခွာနိုင်ဘဲ နျင်းချန်ယွမ်၏ ကံကောင်းမှုအား မနာလိုဖြစ်နေကြသည်။

ထို 'လှပသော အမျိုးသမီး'၏ လိင်အမျိုးအစားအား သိပြီးသောပရိသတ်များမှာ လျှို့ဝှက်စွာရယ်နေကြပြီး အမှန်တရား ပေါ်ပေါက်မည့် အခိုက်အတန့်ကို မျှော်နေကြသည်။

မိုးပျံတံတားပေါ်မှ အပိုင်းပြသသောအခါ ချင်းယွင်၏ ကြွပ်ဆတ်ဆတ်၊ သြရှရှအသံလေးက မျက်နှာပြင်တစ်ခုလုံးအား ရှင်းသွားစေပြီး မျက်နှာပြင်ရှေ့ ကုပ်ကုပ်လေးနေနေကြသော ကြည့်သူတစ်စုမှာ လေထဲလွင့်ပါးပျောက်ကွယ်သွားပုံပင်။

နျင်းချန်ယွမ်က "ယီး၊ ငါ့အချစ်ဦးလေး" ဟုပြောသောအခါ မျက်နှာပြင်ပေါ်၌ "ဟား ဟား ဟား ဟား " တစ်သီကြီး တက်လာသည်။

သို့သော် ထို "ဟားဟားဟားဟား " ကို ငိုသံရှည်ကြီး တစ်အုပ်စုက ဖုံးကွယ်သွားသည်။

မျက်နှာပြင်တစ်ခုလုံး နျင်းချန်ယွမ်၏ စာသားဖြင့် ပြည့်သွားသည်။ ယောက်ျားအုပ်စု အကြီးကြီးတစ်စုမှာ သူတို့၏ အချစ်အားရုတ်တရက်ဆုံးရှုံးသွားပြီး ကြေကွဲတမ်းတနေကြပုံပင်။ သူတို့ ကမ္ဘာအသစ်သို့ တံခါးပေါက်ဖွင့်လိုက်မိသည်ဟူ၍ အချို့က ပြောကြသည်။

" ငါ့လိင်စိတ်ခံယူမှုကမှားနေတယ်လို့ သဘောပေါက်ဖို့ ငါနှစ်အကြာကြီးသုံးခဲ့တာပဲ။ "

"ဖာ့ခ် ငါတကယ်ကွေးသွားတာဖြစ်မယ်။ အဲ့ဒီ့သရုပ်ဆောင် မိန်းကလေးအသံနဲ့ပြောတုန်းက ငါဘာမှထူးထူးခြားခြားမခံစားရပေမယ့် သူ့တကယ့်အသံထွက်လာတော့.....အဟွတ်.. အဟွတ်.."

"အပေါ်ထပ်က အစ်ကိုကြီး မထွက်သွားနဲ့ဦးနော်။ အစ်ကို ခုန်ကူးချင်ရင် ကျွန်တော့်ကို add လိုက်"

"ချင်းယွင်ရဲ့ မိန်းကလေးအသံနဲ့ ယောက်ျားလေးအသံက တကယ်ဆွဲဆောင်မှုရှိတာပဲ။ ငါရလဒ်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပေမယ့် ငါအမိခံလိုက်ရဆဲပဲ။ "

ထိုနေရာမှ မျက်နှာပြင်မှာ အခြေအနေအဆိုးဆုံး မဟုတ်သေးပေ။ ပို၍ရူးသွပ်နေသော မုန်တိုင်းမှ နျင်းချန်ယွမ် နှင့် ချင်းယွင် တို့၏ အတွဲအုပ်စု၌ မွှေနှောက်ခဲ့သည်။

" ဒီနှစ်ယောက်ကြားမှာ အညှီနံတစ်ခုခုရနေတယ်လို့ ငါပြောသားပဲ။ သူတို့ ဇာတ်ကားထဲ တွဲသရုပ်ဆောင်ရပြီ..အားးးးး"

"ငါ့နှာခေါင်းသွေးလျှံနေတာကိုကြည့်..ဧကရာဇ်ကြီးရဲ့ နောက်ဆုံး အော်ငိုတာကြီးက အရမ်းရယ်စရာကောင်းတာပဲ။ "

"ရဲဘော်တို့၊ လက်တွေ့ကျကျ ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်။ ပထမတုန်းက အရှင်သခင်ကြီးရဲ့ ဝေးပေါ်ပေါ်က လှုပ်ရှားမှုက ချင်းဘုရင်ကို ချီးမွမ်းဖို့ပဲ။ comeback ရုပ်ရှင် 'ဒရူးအစ် ၂'မှာလဲ ချင်းယွင် ပါတယ်။ ဒီတစ်ခါမှာလဲ သူအင်တာနက်စီးရီးတစ်ခုထဲ ရုတ်တရက်ပါလိုက်တယ် ဒါပေမယ့် အဲ့ဒါကလည်း ချင်းယွင်နဲ့ ဆိုင်နေတယ်။ သံသယမဝင်ရလောက်တဲ့ အချစ်စစ်ပဲ။ "

ထိုသုံးသပ်မှုက သူတို့နှစ်ယောက်၏ အတွဲပရိသတ်များအား ရုတ်တရက်အော်ဟစ်စေသည်။

" ငါ အစပ်ချောင်းတစ်ထုပ်နဲ့ လောင်းတယ်။ ဒရူးအစ် ၂ ထဲမှာလဲ သူတို့နှစ်ယောက်ရဲ့ဇာတ်ကောင်တွေ လုံးဝကို နီးနီးကပ်ကပ် ပက်သက်နေလိမ့်မယ်။ "
"ငါ ငါးထုပ် လောင်းတယ် "

အခြားသော တစ်ယောက်ချင်းစီအားကြိုက်သည့် ပရိသတ်များကပင် ချစ်စရာအတွဲလေးအား ရှာတွေ့ပြီး နံရံအားတွယ်တက်ကာ အတွဲပရိသတ်၏တပ်မကြီးကိုပင် ပူးပေါင်းချင်နေကြသည်။ သူတို့အတော်ကြီးထွားလာသော်လည်း ထိုအထဲမှ အများစုမှာ တစ်ယောက်ချင်းအားပေးသော ပရိသတ်များဖြစ်ကြောင်း သူတို့ကိုယ်သူတို့ သိသည်။ ထို့ကြောင့် သူတို့မည်မျှ ဂရုစိုက်ပါစေ၊ ထိုမတည့်ဖူးသော ပရိသတ်နှစ်ဖက်မှာ ရန်ထပ်ဖြစ်ကြပြန်သည်။

"နျင်း ရုပ်ရှင်ဧကရာဇ်ကြီးရဲ့ ပရိသတ်တွေက ငါ့ချင်းဘုရင်လေးကိုနည်းလမ်းမျိုးစုံနဲ့ အရင်ကတိုက်ခိုက်ဖူးတယ် မှတ်လား။ အခုနင်တို့ရဲ့ အချစ်ကြီးကိုကြည့်ကြည့် သူလည်း အရူးအမူးနှစ်သက်နေတာပဲ မဟုတ်လား။ " ဤသို့ဖြင့် ရန်စသောမှတ်ချက်တစ်ခု မျက်နှာပြင်ပေါ်၌ပေါ်လာပြီး ပရိသတ် နှစ်အုပ်စုအကြား မီးရှို့လိုက်သည်။

"နင်က သရုပ်ဆောင်တာ ဘာလဲကောသိရဲ့လား။ငါ့ ဧကရာဇ်ကြီးက သူ့အရည်အချင်းကြောင့် ကျော်ကြားတာ၊ ဒိတော့ တစ်ယောက်ယောက်ရဲ့ မျက်နှာက ပိုကြီးမနေသင့်ဘူး။ Oh.."

"ဟမ့်။ ငါးနှစ်လောက် ပျင်းရိဆွဲနေပြီး သူပြန်လာတော့ ဇာတ်ပို့နေရာလေးပဲရတာလား။ သူက ဧကရာဇ်ဖြစ်နေသေးပေမယ့် တစ်ယောက်ယောက်ထီးနန်းလုသွားမှာကိုလည်း သတိထားနေဦးနော်။ "

နှစ်ဖက်စလုံးမှ ရိုင်းပြသောမှတ်ချက်များ တက်လာကြပြီး အချို့မှာ ကိုယ်ရေးကိုယ်တာထိခိုက်သည့်အဆင့်အထိ လွန်ကျူးလာကြသည်။

ပိုင်ရှီးယန်က မျက်နှာပြင်၌ ပြည့်နေသော ပြင်းထန်သည့်စကားလုံးများအားကြည့်ပြီး နှုတ်ခမ်းတစ်ဖက်ရွဲ့၍ ကောက်ကျစ်စွာပြုံးလိုက်သည်။ သူက ချင်းယွင် နှင့် နျင်းချန်ယွမ် တို့ကြားက ဆက်ဆံရေးအား သိပြီးဖြစ်သည်။ ထို့ကြောင့် သူကပရိသတ်နှစ်အုပ်စုကြားမှ အငြင်းပွားမှုထက် ပိုမြင်နေသည်။ သူတို့က သူတို့၏ ပက်သက်မှုအား လူထုကို ထုတ်ပြောသောအခါ မည်မျှအတားအဆီးကြုံရမည်နည်း။

သူတို့နှစ်ယောက်ဖော်ထုတ်မလား၊ မဖော်ထုတ်ဖူးလားဟူသည့် မေးခွန်းမှာ ပိုင်ရှီးယန်၏ စိတ်ထဲမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းမှာ သူတို့ နှစ်ဦးကိုယ်တိုင်ထိန်းချုပ်နိုင်သောကိစ္စမဟုတ်ပေ။ ပိုင်ရှီးယန်က သူ့လက်ထဲမှ ဓာတ်ပုံတစ်ထပ်အား ပစ်ချလိုက်သည်။ ကွန်ပျူတာမျက်နှာပြင်ပေါ်မှ အလင်းက သူတို့အပေါ်ဖြာကျနေပြီး ယောက်ျားနှစ်ဦး၏ ပုံရိပ်အား ခပ်ဝါးဝါးမြင်နိုင်သည်။

ထိုအချိန်မှာပင် ပိုင်ရှီးယန်၏ ဖုန်းမြည်သံထွက်လာသည်။ သူက ဘာမှပင်မတွေးဘဲ ကိုင်လိုက်သည်။ သူ၏ အသံ၌ ခြားနားသောချိုမြိန်မှု ပါနေသည်။ "ဒါရိုက်တာလျိုလား။ ကျွန်တော် ဒီနေ့အားတယ်။...... ကောင်းပြီလေ။ကျွန်တော် အဝတ်လဲပီး လာခဲ့မယ်..."

ဖုန်းချလိုက်ရင်း ပိုင်ရှီးယန်၏ မျက်လုံးထဲ သိက္ခာကျမှုများ ဖြတ်သန်းသွားသည်။ သူက စိတ်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်ပြီး တန့်ယွင်ချီ အား ဖုန်းခေါ်လိုက်သည်။ "ယွင်ချီလား။ ကျွန်တော်တောင်းပန်ပါတယ်။ ဒီနေ့ ပွဲရှိလို့ အစီအစဉ်ပြန်ပြင်လိုက်ရတယ်။ အဲ့ဒါကြောင့် ဒီညအပြင်ထွက်ရဦးမယ်နော်။ "

တန့်ယွင်ချီက ပိုင်ရှီးယန်နှင့် ဖုန်းချပြီးနောက် သူ့မျက်နှာ၌ မည်သည့်အထီးကျန်မှုမျှမပြပေ။ ဤရက်ပိုင်းအတွင်း ပိုင်ရှီးယန်က သူ့ထက်အလုပ်များနေသည်။ သို့သော် သူ၏ကျော်ကြားမှုက တဖြည်းဖြည်း မြင့်တက်နေသဖြင့် တန့်ယွင်ချီ သံသယမဝင်ပေ။

ပိုင်ရှီးယန် က တစ်ခါတစ်ရံ ညဘက်အပြင်ထွက်တတ်ပြီး သူ့စိတ်ကမကောင်းတာတွေးမိသော်လည်း ပိုင်ရှီးယန် အမြဲတမ်းဟန်ဆောင်ထားသော သန့်ရှင်းသည့်ပုံရိပ်က သူ့သံသယများအား ဖယ်ရှားလိုက်သည်။

အချို့သူများ၏ မီးမွှေးမှုကြောင့် ချင်းယွင်နှင့် နျင်းချန်ယွမ်တို့၏ ပရိသတ်များ၏ ဒေါသမှာပို၍ဆိုးရွားလာသည်။ အတွဲပရိသတ်များမှာ ထိုအခြေအနေအား သူတို့မထိန်းနိုင်မှန်းသိသောအခါ သူတို့အားလွှတ်ထားပေးလိုက်ပြီး သူတို့ 'ယုံကြည်ရာ' ကို စတင်ထောက်ပံ့ကြော်ငြာနေတော့သည်။ တစ်စုံတစ်ယောက် ပြောခဲ့ဖူးသော 'ထီးနန်းလု'သည့်ကိစ္စကိုပင် အရူးလုပ်လိုက်သေးသည်။

"Oh my, နင်တို့တွေ ဒီလိုနေ့တိုင်းဆူညံနေရတာ မပင်ပန်းဘူးလား။ ငါတို့ရဲ့ အုပ်စုဆီလာပြီး အစာလာစားပါ့လား။ Oh!"

" ချိုချဉ်လေးလိုမျိုး ချိုမြိန်တဲ့ 'ကောင်းကင်ဘုံအား ခိုးယူခြင်း' ဗီဒီယိုဖြတ်ပိုင်းလေးရပြီနော်။ အရင်းအမြစ်တွေကို ကိုယ့်ဘာသာလာယူပါ။ "

"နျင်းချင်းအတွဲရဲ့ 'ထီးနန်းလုပွဲ' ဧကရာဇ်က တိုက်ခိုက်ပြီး မင်းသားလေးက လက်ခံတယ်။ အနိုင်ကျင့်တတ်တဲ့ အချစ်၊ ခွေးသွေးတွေ ဖြန်းထားတယ်၊ အခုပြသဆဲ...." (ခွေးသွေး- တီဗီဇာတ်ကားများ၌ အတုယူကြပြီး ခဏခဏပေါ်လာတတ်သော ဇာတ်ကွက်မျိုး)

ထိုဝါဒဖြန့်လှိုင်းကြီးက အချို့ပရိသတ်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိုက်ရာ တစ်ဦးထဲအားပေးသော ပရိသတ်၏ တစ်စိတ်တစ်ပိုင်းမှာ အတွဲပရိသတ်အဖြစ်ရာထူးတက်သွားကြသည်။

"ထီးနန်းလုပွဲ" ဝတ္ထုမှာပို၍ ရေပန်းစားလာပြီး အတွဲပရိသတ်အချို့က ပို၍တောင်းဆိုနေကြသည်။

သို့သော် တစ်နေ့တွင် 'ထီးနန်းလုပွဲ' အားရုတ်တရက် ဖြတ်ချလိုက်ပြီး စာရေးသူက ဝေးပေါ်၌ link တစ်ခုချန်ခဲ့ကာ လွတ်မြောက်ထွက်ပြေးသွားသည်။

'ထီးနန်းလုပွဲ' စာရေးသူ: ဘုရားရေ။ ငါဒီဗီဒီယိုကို ကြည့်ပြီး အနိုင်ကျင့်တဲ့ ဇာတ်လမ်းတွေ မရေးနိုင်တော့ဘူး။ ငါသေတဲ့အထိ သကြားတွေပဲ သွားစားတာ ပိုကောင်းမယ်။

ဒေါသထွက်နေသော အတွဲပရိသတ်တစ်သီကြီးက ထိုဗီဒီယို link အားနှိပ်လိုက်သည်။ ၎င်းမှာ ဒရူးအစ် ၂ အဖွဲ့မှ ထုတ်ပေးသော ကြော်ငြာသည့် ဗီဒီယိုပင်။

'ဒရူးအစ် ၂ 'ကြော်ငြာသည်လည်း ပထမရုပ်ရှင်ပုံစံအတိုင်းပင်။ အသွင်အပြင်က ကြီးမြတ်ပြီး လက်တွေ့ကျကာ အထူးပြုပြင်ချက်များမှာ ခမ်းနား၍ စိတ်ဝင်စားဖွယ်ဇာတ်အိမ်ကြောင့် ကြည့်နေတာပင် မရပ်ချင်ပေ။ နျင်းချန်ယွမ် နှင့် ချင်းယွင်၏ မျက်နှာတန်ဖိုးမှာ ထည့်ပြောရန်ပင် မလိုပေ။

သို့သော် ဗီဒီယိုမှာ ဤတွင်မရပ်သွားပေ။ ဆွဲဆောင်မှုရှိသောသက်သေခံကိုလည်း ထုတ်ပေးထားသည်။ ၎င်းမှာ နျင်းချန်ယွမ် မှ ချင်းယွင်အား အခါ ၂၀ ဒူးထောက်သော မြင်ကွင်းဖြစ်သည်။

နျင်းချန်ယွမ်၏ ပရိသတ်များမှာ သူတို့၏ ဧကရာဇ်ကြီးက ခွေးခြေထောက်အမူအရာဖြင့် လျော့လျော့ရဲရဲရပ်နေသော ချင်းယွင်အား ထပ်ကာထပ်ကာ ဒူးထောက်နေသည်အားကြည့်ပြီး ကြောင်အသွားကြသည်။

ထိုဗီဒီယို၌ နောက်ခံတေးလည်းပါသည်။ နျင်းချန်ယွမ် ဒူးထောက်ကျသွားသည့် အချိန်တိုင်း နက်ရှိုင်းစွာ ကြေကွဲစေသော 'ကိုယ့်ကိုခွင့်လွှတ်ပါ'ဟူသည့် အသံကို ကြားရသည်။ ၎င်းမှာ သူ့မျက်နှာပေါ်မှခွင့်လွှတ်မှုတောင်းခံနေသောမျက်နှာထားနှင့် ကိုက်ညီနေသည်။

ရုတ်တရက် 'ဒရူးအစ် ၂' ၏ တရားဝင်စာမျက်နှာအောက်မှ မှတ်ချက်များမှာ "ဟား ဟားဟားဟား " များဖြစ်သွားသည်။ ခဏအကြာမှာပင် 'ထီးနန်းလုပွဲ' မှအတွဲပရိသတ်အများအပြား ပြောင်းရွှေ့လာကြသည်။ ဗီဒီယိုအားကြည့်ရင်း စာရေးသူက ဝတ္ထုအားဘာကြောင့်စွန့်ပစ်လိုက်သည့် အကြောင်းပြချက်အား သူတို့နားလည်သွားသည်။

"ဟေး။ တရားဝင်စာမျက်နှာကြီးက ဒီလိုသကြားမျိုး ထုတ်ပေးနေတယ််......"

" 'ထီးနန်းလုပွဲ'ကသူတွေ ဘက်ပြောင်းသွားတာ၊ ပြောရရင်.......ဘာ ထီးနန်းလုပွဲလိုနေဦးမလဲ။ ဒူးထောက်စမ်း!"

"ဟားဟားဟား, အရှင်သခင်ကြီး: ထီးနန်းလုပွဲဆိုတာမရှိဘူး။ အလှလေးရဲ့ အပြုံးလေးတစ်ချက်အတွက်နဲ့ ငါကိုယ်တော်မြတ်က မင်းဆီတိုင်းပြည်အညံ့ခံဖို့ လိုလိုလားလားပဲ။ "

"အပေါ်ထပ်ကသူတွေနောက်လိုက်, ချင်းဘုရင်[မောက်မာစွာ]: အမ်း။ ငါကိုယ်တော်လိုချင်တာကို ယူဖို့အတွက် အရှင့်ကို လိုကောလိုလို့လား။ "

"ငါက ဧကရာဇ်တစ်ယောက်ထဲရဲ့ ပရိသတ်ပါ။....ဒါပေမယ့်ဧကရာဇ်ရဲ့မူလသီးခြားဆန်တဲ့ပုံစံကနေ ဖောက်ထွက်ပြီး ခွေးခြေထောက်ဖြစ်သွားတာ။ ငါဘာလို့ပျော်ရွှင်သလိုခံစားနေရတာလဲဲ။....."

အချို့သူများက ဗီဒီယိုကိုပင်ပြုပြင်လိုက်ပြီး လက်ထပ်ခွင့်တောင်းသည့်အခါ အသုံးများသော သီချင်းသံဖြင့် အစားထိုး၍ အချစ်ဝန်ခံသော စာတန်းများ ထည့်ပေးလိုက်သည်။ ဆန့်ကျင်သောသူ မရှိသည့်အတွက် အတွဲပရိသတ်များပင် အံ့ဩမိသည်။

ထို့နောက် အတွဲပရိသတ်များ ပို၍တိုးလာတော့သည်။ ၎င်းမှာ ဇာတ်အိမ်လိုအပ်ချက်အတွက်ဖြစ်ပြီး သူတို့၏ ဧကရာဇ်ကြီးမှာ ကောင်းကောင်းသရုပ်ဆောင်နေတာဖြစ်သည်ဟု ရှင်းပြနေသော နျင်းချန်ယွမ်၏ ပရိသတ်များတော့ ရှိသေးသည်။

သို့သော် ဒရူးအစ် ၂ ပြသပြီး ဇာတ်အိမ်မှာမည်မျှအရည်အချင်းပြည့်မှီသည်အားတွေ့သောအခါ နျင်းချန်ယွမ်အား ခိုင်ခိုင်မာမာ 'ယုံကြည်' ထားသူများမှာ မျက်နှာများနာကျင်သွားတော့သည်။

စိတ်လှုပ်ရှားစွာဖြင့် ဒရူးအစ် ၂ အား သွားကြည့်သော ပရိသတ်များမှာ ထိုရုပ်ရှင်၌ ဖန်ကွဲစများ ပြည့်နေကြောင်း ရှာတွေ့လိုက်ရသည်။

နောက်ပိုင်းတွင်တော့ ထိုနှစ်ဦး ရုပ်ရှင်ထဲ၌ ချစ်ကျွမ်းဝင်သွားကြသည်။ သူတို့က နျင်းချန်ယွမ်၏မြင့်မြတ်သောလန့်စ်က ချင်းယွင်သရုပ်ဆောင်သောအရှေ့တိုင်းမသေမျိုးရွှမ်အား ခေါင်းငုံ့အရိုအသေပေးလိုက်ပြီး နှလုံးသားအားမြှောက်ကာဆက်သထားသည်ကို ကြည့်ခဲ့ကြရသည်။

ထိုနှစ်ယောက် အသားချင်းထိတွေ့ကြသည်ကို တွေ့သောအခါ ပရိသတ်များမှာ သူတို့မျက်နှာအားကာပြီး အော်ဟစ်ကြတော့သည်။ မူလကသန်မာသောရွှမ်မှာ လန့်စ်ကြောင့်တဖြည်းဖြည်းသက်ရောက်မှုရှိလာပြီး နူးညံမှုအားပိုပြသလာသည်။ ထိုနှစ်ယောက် ချိုမြိန်စွာဖြင့် ပြန်သင့်မြတ်သွားမည့် မြင်ကွင်းအား သူတို့မျှော်လင့်နေကြသော်လည်း ရုပ်ပုံကချက်ချင်းပြောင်းသွားကာ ရွှမ်မှာ သူ့ဘဝကိုပင်ပေးဆပ်၍ လန့်စ်၏လူများအားကယ်ခဲ့သည်။

ပရိသတ်၏ စိတ်ခံစားမှုများလှုပ်ခါသွားသော်လည်း ရုပ်ရှင်ကထိုတွင်ပြီးဆုံးသွားပြီး နောက်ဆုံးတစ်ခန်း၌ လန့်စ်ကအမြင့်ဆုံးတောင်ထိပ်ပေါ်ရပ်ကာ အဖွဲ့အစည်းတစ်ခုလုံးနှင့် ထိုလူချန်ထားခဲ့သော ကုန်းမြေအားကြည့်ရှုနေသည်။ သူ၏စစဦးဆုံး မြင့်မြတ်သောခေါင်းဆောင်နေရာအား ပြန်လည်ရရှိသွားသော်လည်း အထီးကျန်မှုက သူ့အားထာဝရဝန်းရံနေတော့မှာဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် သူမရှိတော့ပေ။

အတွဲပရိသတ်များမှာ ရယ်မောပျော်ရွှင်စွာ ဝင်သွားကြပြီး ငို၍ထွက်လာကြသည်။ သူတို့က ဇာတ်ကားအား ပြီးပြည့်စုံသောဝေဖန်ချက်များရေးသားပေးပြီး ကြော်ငြာပေးခဲ့ကြသည်။ "ရုပ်ရှင်က အရမ်းချိုမြိန်တယ်။ ကြည့်ပြီး နောင်တရမှာမဟုတ်ဘူး။ "

တစ်ယောကဲထဲ အနိုင်ကျင့်ခံရတာက အားလုံးအတူအနိုင်ကျင့်ခံရတာလောက် မကောင်းပေ။

ရုပ်ရှင်အားကြည့်ပြီးနောက် နျင်းချန်ယွမ်၏ ပရိသတ်နောက်တစ်ပိုင်းမှာ အတွဲပရိသတ်များထံ လာပူးပေါင်းကြတော့သည်။ မည်သို့ပင်ဆိုစေ လန့်စ်၏ နိဂုံးမှာ အလွန်ဝမ်းနည်းဖို့ကောင်းသည်။

*****

ချင်းယွင်ပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်အား ရုံတင်ပြီဖြစ်သည်။ တန့်ယွင်ချီက ပိုင်ရှီးယန် မရှိမှုကို အခွင့်ကောင်းယူ၍ ရုပ်ရှင်လက်မှတ်တစ်စောင်ဝယ်ခဲ့သည်။ သို့သော် သူရုပ်ရှင်သွားကြည့်စဉ် သူနှင့်အလုပ်တွဲလုပ်ဖူးသော CEO တစ်ယောက်နှင့် ဆုံခဲ့သည်။

ထို CEO က သူ့အားတွေ့သောအခါ ဘာမှမပြောဘဲ ပြုံးပြခဲ့သည်။ သို့သော် တန့်ယွင်ချီမှာ ထိုလူ၏အပြုံးအား တွေ့တိုင်း မသက်မသာခံစားရသည်။

ရုပ်ရှင်ပြီးသွားသောအခါ သူ့အမျိုးသမီးအဖော်နှင့်အတူထွက်ခွာရန်ပြင်နေသော ထို CEOကတန့်ယွင်ချီဘက် လှည့်ကြည့်ပြီး ထူးဆန်းစွာ ထပ်ပြုံးပြန်သည်။ " သခင် တန့်။ စိတ်ဝင်စားဖို့ကောင်းတစ်စုံတစ်ခုကို ကျွန်တော်အရင်နေ့က ရထားတယ်။ ခင်ဗျားကြည့်လို့ရအောင် ပို့ပေးလို့ရမလား။ "

တန့်ယွင်ချီက ပြုံးပြီးငြင်းဆန်ခဲ့သော်လည်း ထို CEO ၏ပျော်မြူးနေမှုမှာမရပ်တန့်သွားဘဲ သူ့ဖုန်း၌ ဗီဒီယိုတစ်ခု လက်ခံရရှိခဲ့သည်။

ကားဆီပြန်ရောက်ပြီးနောက် တန့်ယွင်ချီက မျက်မှောင်ကြုတ်ပြီး ဗီဒီယိုအားနှိပ်ကြည့်လိုက်သောအခါ သူ့မျက်လုံးထဲဝင်လာသည်မှာ ပွတ်သပ်နေကြသောခန္ဓာကိုယ်အဖြူနှစ်ခုပင်။ ၎င်းမှာ အချို့လူများ၏ ရူးကြောင်ကြောင်ပျော်ရွှင်မှုဟုထင်လိုက်ပြီး ဖျက်ရန်လက်ပြင်လိုက်စဉ် အောက်ဖက်မှသူ၏မျက်နှာကိုတွေ့သွားကာ တန့်ယွင်ချီ ကြောင်အသွားသည်။

ဖျက်ရန်ခလုတ်အားရွယ်ထားသော သူ့လက်ချောင်းမှ တန့်နေသည်။ အချို့အကြောင်းပြချက်များကြောင့် တန့်ယွင်ချီမှာ ဗီဒီယိုအဆုံးထိ ကြည့်နိုင်ခဲ့သည်။ ထိုအားစိုက်ထုတ်မှုထဲသို့ အခြားတစ်ယောက်က လာပူးပေါင်းပြီး ပိုင်ရှီးယန်၏ သန့်ရှင်းသောမျက်နှာအားမျက်နှာမူနေသော တစ်ယောက်အား ကြည့်နေသည်။

ဗီဒီယိုပြီးသွားသော်လည်း တန့်ယွင်ချီမှာ ခဲတောင့်နေဆဲဖြစ်ကာ ကားကိုပင် စက်မနှိုးရသေးပေ။

ဖုန်းမျက်နှာပြင်မည်းအားကြည့်ပြီး တန့်ယွင်ချီပထမဆုံးမယုံကြည်နိုင်ဖြစ်ခဲ့သေးသည်။ ထို့နောက်တွင်မှ သစ္စာအဖောက်ခံရသည့်အတွက်ဒေါသများ သူ့နှလုံးသားထဲ မြင့်တက်လာသည်။ ပိုင်ရှီးယန်ကနောက်ကျမှအိမ်ပြန်ရောက်လာတာ မဆန်းတော့ပါဘူး၊ ပိုင်ရှီးယန်က ဒီအတောအတွင်း ပုံမမှန်တဲ့ကြော်ငြာတွေရနေတာ မဆန်းတော့ပါဘူး။

ပိုင်ရှီးယန်က တန့်ယွင်ချီ လက်အောက်မှ ကုမ္ပဏီထံ မခုန်ကူးလာသောအခါ တန့်ယွင်ချီ စိတ်ရှုပ်ထွေးမိပြီးမေးခဲ့သေးသည်။ ပိုင်ရှီးယန်၏ အဖြေမှာ သူတို့နှစ်ယောက်၏ ပက်သက်မှုအကြား မရှုပ်ထွေးချင်ဘူး ဟူ၍ပင်။ သူက ပိုင်ရှီးယန်၏ကြည်လင်သန့်စင်သောစိတ်ထားလေးကိုပင် အံ့ဩမိခဲ့ပြီး အမှန်တရားမှာ ဤသို့ဖြစ်နေမည်ဟု မမျှော်လင့်ထားပေ။

ခုနက သူနှင့်တွေ့သော သူမှာမည်သူနည်း။ ပိုင်ရှီးယန်ယခုရှိနေသော ကုမ္ပဏီ၏ CEO မဟုတ်ဘူးလား။

ဖုန်းအားတုန်ယင်စွာကောက်ကိုင်လိုက်ပြီး တန့်ယွင်ချီ ပိုင်ရှီးယန်အားခေါ်လိုက်သော်လည်း ပြန်မဖြေပေ။ တန့်ယွင်ချီက တစ်စုံတစ်ရာမှ ထိန်းချုပ်ခံနေရသည့်ပုံဖြင့် ပိုင်ရှီးယန်အား ထပ်ကာထပ်ကာဆက်သွယ်ခဲ့သည်။

မရေမတွက်နိုင်သော ခေါ်ဆိုမှုများအနောက်တွင်မှ ပိုင်ရှီးယန် ကဖုန်းကိုင်တော့သည်။ "ဟယ်လို။ ယွင်ချီ ဘာလို့ဒီအချိန်ကြီး ခေါ်တာလဲ။ "

ပိုင်ရှီးယန်၏ မူမမှန်သော အက်ရှရှအသံအား ဖုန်းထဲမှကြားလိုက်ရသောအခါ တန့်ယွင်ချီ၏ ဒေါသချက်ချင်းမြင့်တက်လာပြီး မကျေနပ်သံဖြင့်မေးလိုက်သည်။ "မင်း ဘယ်မှာလဲ။ "


Pokračovat ve čtení

Mohlo by se ti líbit

4.3K 561 6
Title : [အပျင်းကြီးတဲ့ 'ဂျင်းနီ' က ချစ်မိသွားပြီ] [SYSTEM] [အပ်င္းႀကီးတဲ့ 'ဂ်င္းနီ' က ခ်စ္မိသြားၿပီ] [SYSTEM] ************** အပျင်းကြီးပြီး အားနွဲ့ဟန...
206K 27K 26
Title-He Doesn't Know I'm Dead Original Author-时崽 Type-Web Novel 21 Chapters + 4 Extras Eng Translator-SweetLiesBL From Foxaholic https://www.foxahol...
63.7K 4.8K 141
I do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင...
283K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...