ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...
By Vanilla_IceCream61
1.6M 249K 16.2K
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More
1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)
159.2 (Extra)
44
12.2K 1.6K 213
By Vanilla_IceCream61
ဇာတ်ညွှန်းကို ဘေးချလိုက်ပြီးနောက် ချင်းယွင်က ဟယ့်လန်နောက်သို့ အနည်းငယ် မသက်ညှာလိုသည့်ပုံဖြင့် လိုက်လာခဲ့သည်။
ဟယ့်လန်က ချင်းယွင်၏ စိတ်ခံစားချက်အား သတိမပြုမိသော်လည်း သူမ မျက်ခုံးကြားတွင် တုန့်ဆိုင်းနေပုံပေါ်သည်။ ထိုလူငါးယောက် နှင့်ယှဉ်လျှင် ဟယ့်လန်အမေးချင်ဆုံးမှာ ပွဲသို့သွားခဲ့သည့် ညကချင်းယွင်ဘာဖြစ်ခဲ့သလဲ ဆိုတာပင်။ သို့သော် အချို့သောအကြောင်းပြချက်များကြောင့် သူမ မမေးသည်မှာ ပိုကောင်းမည်ဟု ခံစားမိသည်။
" မင်းလိုချင်တာတွေ ကိုယ်ပေးနိုင်ပါတယ်။ အဲ့အရှုပ်ထုပ်တွေကိုလဲ ကိုယ်တားပေးနိုင်တယ်။ ဒါ့ကြောင့် မင်းကိုယ့်အပေါ် မှီခိုဖို့ ကြိုးစား..."
စားပွဲနောက်၌ ထိုင်နေသည့် နျင်းချန်ယွမ်မှာ သူ့လက်ထဲက မှတ်စုစာအုပ်မှ စာလုံးများအား တစ်လုံးချင်းစီ ဖတ်နေရင်း လေ့ကျင့်နေသည်။ " မင်းကိုယ့်အပေါ် မှီခိုဖို့ကြိုးစားနိုင်....မင်းကိုယ့်အပေါ် မှီခိုဖို့ ကြိုးစားနိုင်..."
မျက်လုံးပိတ်ပြီး ၎င်းအားအလွတ်ကျက်နေရင်း သူယခုတစ်ကြိမ်၌ သင့်လျော်စွာပြောရမည်ဟု နျင်းချန်ယွမ် ဆုံးဖြတ်ထားသည်။
အလွတ်ကျက်ပြီးနောက် နျင်းချန်ယွမ်က သူ့စားပွဲပေါ်မှ စာရွက်စာတမ်းများအား မြင်သောအခါ ဆံပင်ကို ကူကယ်ရာမဲ့စွာ ဆုပ်ကိုင်လိုက်ပြီး စားပွဲပေါ်သို့ ခေါင်းနှစ်ချက် တိုက်လိုက်သည်။
ယောက်ျား ငါးယောက်! သူ့ကို လိုက်ပိုးနေတာ တကယ်ကြီး ငါးယောက်တောင် !
ထို အသေးလေး ချင်းယွင်က သူ့ကိုဆေးခတ်နိုင်လျှင် အခြားသူများအားလည်း ဆေးခတ်နိုင်သည်။ ဒီကောင်လေးကို မျက်စိတစ်မှိတ်အတွင်း လက်လွှတ်လိုက်ရနိုင်တယ်လို့ ဆိုလိုတာ မဟုတ်ပေဘူးလား။ အခုကစပြီး သူ့ကို ကောင်းကောင်း ကာကွယ်ရမည်။
" ဒေါက် ဒေါက် ဒေါက် " တံခါးခေါက်သံ ​ထွက်လာသည်။နျင်းချန်ယွမ် ခါးမတ်သွားသည်။ ကွန်ပျူတာမျက်နှာပြင်ပေါ်မှတစ်ဆင့် သူ့နဖူးအရာထင်နေသည်အား တွေ့သောအခါ လက်ဖြင့် ချက်ချင်းပွတ်လိုက်သည်။
"ဝင်ခဲ့" သူ့အသံကို လုံလောက်စွာ သိက္ခာရှိပုံပေါက်စေရန် နျင်းချန်ယွမ်က တမင် အသံတိုးလိုက်သည်။
ဟယ့်လန်က ချင်းယွင်ကို အထဲခေါ်လာပြီး တစ်ခုခုပြောမည်ပြင်စဉ်တွင် နျင်းချန်ယွမ်၏ ကြားဖြတ်ခံလိုက်ရသည်။ " ရပြီ။ မင်း အရင်ပြန်လိုက်။ငါ ချင်းယွင်နဲ့ သီးသန့်ပြောချင်တယ်။ "
ဟယ့်လင်က ရွေးချယ်စရာမရှိဘဲ ထွက်မသွားခင် ချင်းယွင်အား စိတ်သက်သာစေရန် တစ်ချက်ကြည့်လိုက်သည်။ ရှန်းရှီမှ သာမန်ဝန်ထမ်းများ၏ ရှေ့၌ နျင်းချန်ယွမ်က အမြဲမျက်နှာတည်ထားသည်။ ၎င်းက ဖျော်ဖြေရေးနယ်ပယ်၌ သူ၏ မြင့်မားပြီးအေးစက်သော နတ်ဘုရားဟူသည့် ဂုဏ်ပုဒ်နှင့် အလွန်ကိုက်ညီသော်လည်း ဟယ့်လန်မှာ ချင်းယွင်ကို အနည်းငယ် စိုးရိမ်နေသေးသည်။
"ထိုင် " နျင်းချန်ယွမ်က ဆိုဖာကို ညွှန်ပြလိုက်ရင်း သူ့အသံကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းထားရန် ကြိုးစားနေသည်။ သူက ချင်းယွင် ဆိုဖာဆီ လျှောက်လာပြီး ထိုင်ချလိုက်သည်အား ကြည့်နေသည်။ သူ၏ ခြေတံရှည်များအား ချိတ်ထိုင်လိုက်သောအခါ ဂျင်းဘောင်းဘီများက ထိုခြေတံများအား ပြည့်စုံစွာ ပေါ်လွင်စေပြီး ကြည့်နေသောလူများမှာ ထိုခြေထောက်နှစ်ချောင်း သူတို့၏ ခါး၌ ဖက်တွယ်ထားလျှင် မည်ကဲ့သို့သော ကျေနပ်သည့်ခံစားချက်ရလောက်ကြောင်း စိတ်ကူးယဉ်မိစေသည်။
သူ့လည်ပင်းမှ အဖုကလေးက ၂ကြိမ် လှုပ်သွားသည်။ နျင်းချန်ယွမ်က ထိုင်ခုံ၌ ဖြည်းဖြည်းချင်း ပြန်မှီလိုက်ပြီး သူအကြိမ်များစွာ ပြုမူဖူးသော အာဏာရှိသည့် ဥက္ကဋ္ဌပုံစံဖြင့် သူ့ကိုယ်သူ ရင့်ကျက်ပြီး မှီခိုဖွယ်ရာပုံ ပေါက်အောင် အားထုတ်နေသည်။
"ကုမ္ပဏီက မင်းအပေါ် ဆက်ဆံပုံပြောင်းသွားတာ သတိထားမိပြီးဖြစ်မှာပေါ့။ " နျင်းချန်ယွမ်က အသံဩဩဖြင့် ပြောလိုက်ပြီး ဆိုဖာပေါ်ထိုင်နေသော ချင်းယွင်ကို အထက်စီးဆန်သော မျက်လုံးတစ်စုံဖြင့် ကြည့်လိုက်သည်။
ဤတစ်ယောက်က သိုးမွှေးအကျီ တစ်ထည်သာ ဝတ်ထားသည်။ ဆင်စွယ်ရောင်ဖွေးဖွေးအကျီစက ညှပ်ရိုးပေါ် ကွက်တိကျနေပြီး နဂိုမာနကြီးကြီး သီးခြားဆန်သော ချင်းယွင်ကို နူးညံ့မှုကလေး ရောယှက်စေသဖြင့် သူ့နှလုံးသားတွင် အချို့အတွေးများ ဝေ့ဝဲလာသည်။
နျင်းချန်ယွမ်၏ စကားလုံးများကို ကြားသော ချင်းယွင်က ပေါ့ပေါ့ပါးပါး လှမ်းကြည့်သည်။ သူ့ ကြည်လင်သော အကြည့်က လူများ၏ နှလုံးသားထဲအထိ တိုက်ရိုက်မြင်နိုင်သလိုပင်။
နျင်းချန်ယွမ်က အကြည့်ခံရသဖြင့် သူ့နှလုံးသားလေး ရေနွေးထဲ အစိမ်ခံလိုက်ရသလိုခံစားလိုက်ရသည်။ သူ နှလုံးသား မမာကျောနိုင်တော့ပေ။
မင်း စိတ်တင်းထားရမယ်။ သူ့အထက်စီးဆန်သော ပုံရိပ်အားထိန်းထားရင်း သူ့ဘာသာသူ တွေးလိုက်သည်။ သူက လက်မြှောက်လိုက်ပြီး စာရွက်တစ်ထပ်ကို ဖြန့်ပြလိုက်သည်။ " ဒီငါးယောက်က မင်းကို တစ်ချိန်ထဲ လာကမ်းလှမ်းတာ သိပြီးဖြစ်မှာပေါ့။ သူတို့ကို ကိုယ် တားလိုက်တာ။ ကိုယ်သာ အဲ့ကိစ္စကို ပစ်ထားရင် မင်းဘာဖြစ်သွားနိုင်လဲဆိုတာ သိမှာပေါ့။ "
ထိုသို့ပြောပြီးနောက် နျင်းချန်ယွမ်၏ နှလုံးသား ရွေ့သွားသလို ခံစားလိုက်ရသည်။ သူ့ပြဇာတ် ပျက်စီးသွားပြီ ထင်တယ်။
သေချာတာပေါ့။ သူ့စကားဆုံးသည်နှင့် ချင်းယွင်၏ သွယ်လျသော မျက်ခုံးက မြင့်တက်သွားပြီး ရက်စက်သောအသံထွက်လာသည်။ " သခင် နျင်းက ဘာဆိုလိုချင်တာလဲ။ ကျွန်တော့်ကို အနိုင်ကျင့်နေတာလား။ "
ချင်းယွင်၏ အေးစက်စက်အကြည့်များကြောင့် နျင်းချန်ယွမ် ခေါင်းပူလာပြီး သူ့ပါးစပ်ထဲမှ စကားများ ထွက်ပြေးသွားကြသည်။ " အဲ့လိုဆိုတော့ ဘာဖြစ်လဲ။ သူတို့ငါးယောက်စလုံးကို ကိုယ်တစ်ယောက်ထဲနဲ့ တားနိုင်တယ်။ ဒီတော့ သူတို့အနောက်လိုက်တာထက် ကိုယ့်အနောက်လိုက်တာက မင်းအတွက် ပိုအသုံးမဝင်ဘူးလား။ ကိုယ်က မင်းကို ရှိသမျှနည်းလမ်းနဲ့ ကျေနပ်အောင်လုပ်ပေးနိုင်တယ်။ "
ချင်းယွင်ဆီမှ " တိုတယ်၊ မြန်တယ် "ဟူသော မှတ်ချက်က နျင်းချန်ယွမ်၏ နှလုံးသားအား ရပ်တန့်စေသည်။ ဤရက်များအတွင်း သူထိုအကြောင်းအား တွေးမိသည်နှင့် သာမန်ယောက်ျားတစ်ယောက်၏ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှု စံနှုန်းအား ရှာမိသည်။ သူ့စိတ်သက်သာရာရစေရန်အတွက် လျှို့ဝှက်စွာပင် ဆေးစစ်ခဲ့သေးသည်။
ဘယ်လိုပင်ဖြစ်ဖြစ် နျင်းချန်ယွမ်က အရူးမဟုတ်ပေ။ ထိုစကားများ သူ့ပါးစပ်မှ ထွက်လာသည်နှင့် ဂယောက်ဂယက်ဖြစ်သွားပြီး အခြေအနေအား ပြုပြင်သည့်အနေဖြင့် စာကြောင်းများ အလွတ်စရွတ်တော့သည်။ " မင်းလိုချင်တာတွေ ကိုယ်ပေးနိုင်တယ်။ ပြီးတော့ အဲ့ဒီ့အရှုပ်ထုပ်တွေကိုလည်း ကူရှင်းပေးနိုင်..."
"ဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမခံပါနဲ့၊ ဥက္ကဋ္ဌ နျင်း ခင်ဗျ" ခုနက စကားများကြောင့် ချင်းယွင်၏ ရင်ဘတ်ထဲ မီးတောက်နေပြီးသား ဖြစ်သည်။ ဒီလူက ဘာလို ဒီလောက်အရိုက်ခံချင်နေတာလဲ။ ခင်ဗျား လူသားစကားကို ဘယ်တုန်းကမှ မလေ့လာခဲ့ဘူးလား။
အချိန်ဆွဲရန် စိတ်ကူးမရှိသော ချင်းယွင်က မတ်တပ်ရပ်လိုက်ပြီး ခြေနှစ်လှမ်းဖြင့် စားပွဲဆီလျှောက်သွားကာ ဥက္ကဋ္ဌနျင်း၏ ခေါင်းအားကိုင်လိုက်သည်။ ထောင်ပေါင်းများစွာသော မိနိးကလေးများအတွက် ဆွဲဆောင်မှုရှိသော ခန့်ညားသည့် မျက်နှာလေးအား ကီးဘုတ်ပေါ်ဖိလိုက်ပြီး ထပ်ကာထပ်ကာ လှိမ့်လိုက်သည်။
"အမ်း!"
"ဘန်း " တံခါးလွှဲပိတ်သွားသံ ထွက်လာသည်။ သူ့ထိပ်သီးခေါင်းဆောင်အား ရိုက်နှက်ခဲ့ခြင်းအတွက် အပြစ်ရှိသလို မခံစားရသည့် ချင်းယွင်က ခပ်ပြတ်ပြတ် ထွက်သွားသည်။
နျင်းချန်ယွမ်က ကီးဘုတ်ပေါ်၌ တိတ်ဆိတ်စွာ လှဲနေခဲ့ပြီးနောက် နောက်စာကြောင်းတစ်ဝက်အား နှောင့်နှေးစွာ ပြောလိုက်သည်။ " မင်းကိုယ့်ကို မှီခိုဖို့ ကြိုးစားနိုင်... အာ့...."
သို့သော် သူ၏ နူးညံ့သော ဝန်ခံချက်အား တစ်ယောက်မျှ မကြားနိုင်တော့ပေ။
******
သူ့အရှေ့မှ လမ်းကမှောင်မိုက်နေပြီး ရေရေရာရာမမြင်ရသော်လည်း ပိုင်ရှင်းယန်က တန့်ယွင်ချီ၏ ပိုးပန်းမှုအား လက်ခံထားမိသည်။ ဤကမ္ဘာ၏ မူရင်းဇာတ်ကြောင်းအရဆိုလျှင် ပိုင်ရှင်းယန်က နျင်းချန်ယွမ်နှင့် အလျင်အမြန် အဆက်အသွယ်ရသွားမည် ဖြစ်ပြီး တန့်ယွင်ချီအား ချောင်ထိုးလိုက်မှာ ဖြစ်သည်။
ယခု ချင်းယွင်က ထိုရွှေလက်ချောင်းကြီးအား ချိုးလိုက်သောအခါ ပိုင်ရှင်းယန်မှာ တန့်ယွင်ချီနှင့် ပြန်ဆက်သွယ်နေရသည်။
သူက မျက်နှာဖုံး၊ နေကာမျက်မှန်နှင့် ဦးထုပ်တို့အား ဝတ်ဆင်လိုက်ပြီး ချိန်းတွေ့ရန် အရှိန်ပြည့်ဖြင့် ထွက်လာသည်။ ​အခြားနေ့များ၌ "ကောင်းကင်ကိုပိတ်သိမ်းမယ်" ၏ရိုက်ကွင်းတွင် ပိုင်ရှင်းယန်က မပျော်ရွှင်ခဲ့ရသော်လည်း တန့်ယွင်ချီအနားရောက်သောအခါ သူပျော်ရွှင်ရသည်။ အဘယ့်ကြောင့်ဆိုသော် တန့်ယွင်ချီ၏အနား၌ သူပြန်လည်မွေးဖွားခြင်း၏ ပြောင်းလဲမှုများအား အစစ်အမှန် ခံစားရသည်။
သူ့အရင်ဘဝ၌ သူတန့်ယွင်ချီအား ချစ်မိ၍ စိတ်ဆင်းရဲခဲ့ရပြီး သူ့နှလုံးသားပင် ကွဲကြေလုနီးပါးဖြစ်ခဲ့သော်လည်း ချင်းယွင်နှင့် လုံးဝ မယှဉ်နိုင်ခဲ့ပေ။
သို့သော် ယခုအခါ လုံးဝကွဲပြားသည်။ ဤဘဝ၌ ပိုင်ရှင်းယန်က တန့်ယွင်ချီအပေါ် မထူးခြားသော်လည်း အံ့အားသင့်ဖို့ကောင်းစွာပင် တန့်ယွင်ချီက သူ့ကို အာရုံစိုက်ပြီး လေးလေးနက်နက် ပိုးပန်းနေသည်။ သူ့အတွက်ကြောင့်နှင့် ပုံစံပြောင်းလဲကာ သူ့ကိုယ်သူ သန့်သန့်ရှင်းရှင်းနေလာသည်။
လမ်းတစ်ဖက်ခြမ်းမှ တန့်ယွင်ချီအား ပိုင်ရှင်းယန် လှမ်းမြင်လိုက်ရသည်။ ထိုလူက ကားနံရံကို မှီနေပြီး သူ့ဘက်ကို တောက်ပသောမျက်လုံးများဖြင့် ငေးကြည့်နေသည်။ သူ့မျက်လုံးများထဲမှ အရူးအမူး စွဲလမ်းနှစ်သက်မှုအား မဖုံးကွယ်နိုင်ပေ။
ပိုင်ရှင်းယန်က သူ့နှုတ်ခမ်းအား ကွေးမတက်ရန် မထိန်းနိုင်တော့ပေ။ သူက တန့်ယွင်ချီ၏ ထိုအချစ်မျက်ဝန်းများအား အထူးကြိုက်နှစ်သက်သည်။
ဒီဘဝမှာ လုံးဝကွဲပြားတယ် မဟုတ်ဘူးလား။ သူက ဒုတိယဘဝပင် ရလာခဲ့သည်။ ချင်းယွင်အနားကပ်ခဲ့သော လူခြောက်ယောက်က ဖယ်ခွာသွားပြီး သူလိုက်ခဲ့ဖူးသော တန့်ယွင်ချီက သူ့ဘေးရောက်လာသည်။
နောက်ဆုံးတွင်တော့ လမ်းကူးပြီး တန့်ယွင်ချီအနား ရောက်သွားသောအခါ ယခုရက်ပိုင်းအတွင်း ပျက်စီးသွားသော ပိုင်ရှင်းယန်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမှာ ပြန်၍တိုးတက်လာသည်။
" ဒီနေ့ ဘယ်ကိုသွားမယ်လို့ စီစဉ်ထားလဲ။ " ပိုင်ရှင်းယန် မျက်နှာဖုံးချွတ်ပြီးပြီးချင်းပင် တန့်ယွင်ချီက သူ့အနောက်ကို လှမ်းကြည့်နေသည်အား တွေ့လိုက်ရသည်။ သူ့မျက်လုံးထဲမှ အံ့ဩမှုကို မထိန်းနိုင်ပေ။
ပိုင်ရှင်းယန် ကြောင်အသွားပြီး သူ့အနောက်ကို အလိုအလျောက် လှည့်ကြည့်လိုက်သည်။
သူ့အနောက်မှ အဆောက်အအုံရှိ လျှပ်စစ်သုံးသောကြော်ငြာမျက်နှာပြင်က ချင်းယွင်၏ ကြော်ငြာဖြစ်နေသည်။ ချင်းယွင်က အနောက်တိုင်းဝတ်စုံ အနက်ရောင်အား လည်ပင်းကျယ်ကျယ် ဟဝတ်ထားပြီး လည်စီးက ပြေလျော့နေသည်။ သူလမ်းလျှောက်နေပုံကို ဘေးတိုက်ရိုက်ထားပြီး အနည်းငယ်မေးမော့ထားသည်။ သူ့ အမူအရာက မောက်မာပြီး အနည်းငယ်ဉာဏ်များပုံပေါ်သည်။ သူ၏ ပြီးပြည့်စုံသော ပုံစံက အလွန်အမင်း မျက်စိဖမ်းစားနိုင်သည်။
၎င်းကို ကြည့်ရန် ရပ်သွားသည်က သူတို့ချည်းသာ မဟုတ်ပေ။ လမ်းပေါ်မှယာဉ်များပင် နှေးသွားသည်။ ထိုကြော်ငြာ ပြပြီးသွားသောအခါမှသာ ဖြတ်သွားဖြတ်လာများက သတိပြန်ဝင်သွားပြီး မောပန်းစွာ သက်ပြင်းချလိုက်ကြသည်။
တန့်ယွင်ချီက သူ့မျက်လုံးထဲမှ အံ့အားသင့်မှုများအား ဖယ်ရှားလိုက်ပြီး ခေါင်းငုံ့ကာ ပိုင်ရှင်းယန်ကို ကြင်နာစွာ ပွေ့ဖက်လိုက်သည်။ " မင်း စီချွမ်းအစားအစာကြိုက်တယ်လို့ပြောဖူးတာ ကိုယ်မှတ်မိတယ်။ ကိုယ်စားသောက်ဆိုင်ကောင်းကောင်းသိတယ်။ သွားစားကြည့်ရအောင်။"
"အိုကေ။ " ပိုင်ရှင်းယန်က ခက်ခဲနေပုံ တစ်စွန်းတစ်စမရှိဘဲ သဘောတူ ၊ခေါင်းညှိတ်ပြလိုက်သည်။ သို့သော် တစ်စက္ကန့်၊ နှစ်စက္ကန့်စာမျှ အံ့ဩမှုက သူတို့နှစ်ယောက်လုံး၏ နှလုံးသားထဲ စူးဝင်နေသလိုပင်။
*****
ချင်းယွင်က ပိုရေပန်းစားလာသည်နှင့်အမျှ အလုပ်ပိုများလာပြီး ဇာတ်ကားများလည်း ပိုကမ်းလှမ်းလာကြသည်။ သို့သော် ထိုအချက်ကြောင့်ပင် ချင်းယွင်က သူသရုပ်ဆောင်မကောင်းဟု ခံစားလာရသည်။ ဒါပေါ့ ပြီးပြည့်စုံသူတစ်ယောက်အနေဖြင့် ချင်းယွင်က လက်မလျှော့လိုက်ဘဲ စတင်လေ့ကျင့်ခဲ့သည်။
သူက ရှန်းရှီ၌ အလုပ်လုပ်နေသဖြင့် နျင်းချန်ယွမ်၏ ဘဝင်နှင့် စကားပြောပုံကို အကျင့်ရနေပြီး ထိုလူအား လေကဲ့သို့ လျစ်လျူရှုထားသည့် အကျင့်လည်း ရလာခဲ့သည်။ ဟုတ်တာပေါ့၊ ပိုင်ရှင်းယန် မရှိသော အချိန်မျိုးမှာပင်။
သို့သော် ချင်းယွင်၏ ရေခဲကဲ့သို့ သဘောထားကြောင့် နျင်းချန်ယွမ်က အလွန်အမင်း ဒေါသထွက်ပြီး ချင်းယွင်အနားရောက်တိုင်း "အတိုက်အခံပြော " လေ့ရှိသည်။
ယခုအခါ ရှန်းရှီမှလူတိုင်းက ဥက္ကဋ္ဌမှာ လူသစ်လေးချင်းယွင်အပေါ် မူမမှန်စွာ "နှောက်ယှက် "လေ့ရှိကြောင်း သိကြသည်။ ရလဒ်အနေဖြင့် လူအများက ချင်းယွင်အား လျှို့ဝှက်စွာ ဟာသလုပ်နေကြသည်။
အကသင်တန်းပြီးနောက် ချင်းယွင်က ချွေးသုတ်လိုက်ကာ သူ့လက်ထောက်ဆီမှ ရေတစ်ခွက်ယူလိုက်သည်။
အတူတူလေ့ကျင့်နေသော မင်းသမီးနှစ်ယောက်က ချင်းယွင်အနားဖြတ်သွားသောအခါ မဖုံးကွယ်ဘဲ ရယ်နေကြသည်။ "သူကုမ္ပဏီထဲ ဝင်လာတာ တစ်နှစ်လောက်ရှိပြီ မဟုတ်လား။ ပြီးတော့ သူဌေးငါးယောက်က လူတစ်ယောက်ထဲကို လာလုတဲ့ ရှက်စရာဖြစ်ရပ်ကြီးလည်း ဖြစ်စေခဲ့သေးတယ်။ ဒီတော့ ဥက္ကဋ္ဌက သူ့ကိုကြည့်တဲ့အချိန် မကျေမနပ်မဖြစ်ဘဲ ဘယ်နေနိုင်ပါ့မလဲ။"
သူတို့ပြောနေသူမှာ ချင်းယွင်ဖြစ်ကြောင်း ထုတ်ပြောရန်ပင်မလိုပေ။ ချင်းယွင်အနောက်မှ လက်ထောက်လေးက ဒေါသထွက်သွားသော်လည်း ချင်းယွင်ကိုယ်တိုင်က ဘာမှမခံစားရပေ။
ဤနယ်ပယ်တွင် အခြေကျပြီးဖြစ်သော စီနီယာများကတော့ သူ့အားမနှစ်သက်လျှင်ပင် ဗြောင်ကျကျတည့်ပြောမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ နျင်းချန်ယွမ်၏ ချင်းယွင်အပေါ် သဘောထားက ထူးဆန်းသည်။ သူတို့ကမမြှောက်ပင့်ရဲသလို မနင်းချေရဲပေ။
ဤနှစ်ယောက်က ချင်းယွင်စာချုပ် A ရထားကြောင်း မသိသေးတာ ဖြစ်ရမည်။
သို့သော် ချင်းယွင်က အညှိုးထားတတ်သဖြင့် နျင်းချန်ယွမ်၏ ခေါင်းပေါ်၌ နောက်ထပ်အမှတ်တစ်ခု ထပ်တပ်ပေးလိုက်သည်။
၎င်းကို သတိမထားမိသော နျင်းချန်ယွမ်က အေးဆေးဖြစ်နေသည်။ သူက ယခု ပြည်ပ၌ အစည်းအဝေးလာတက်နေတာဖြစ်သည်။ သူအစောပိုင်းသရုပ်ဆောင်စဉ်က အတူအလုပ်လုပ်ခဲ့သော ဒါရိုက်တာမှ သူ့လက်ထဲရောက်နေသော ဇာတ်ညွှန်းအား လာကြည့်ရန် ဖိတ်ခေါ်ခဲ့သည်။
သို့သော် နျင်းချန်ယွမ်ရောက်သွားသောအခါ ထိုဒါရိုက်တာက တရုတ်၌မယုံနိုင်လောက်အောင် ရေပန်းစားနေသည့်ဗီဒီယိုအား ​ကြည့်နေသည်ကို တွေ့လိုက်ရသည်။
နျင်းချန်ယွမ်၏ မျက်နှာက ချက်ချင်းမဲမှောင်သွားပြီး အသံဩဩဖြင့် မေးလိုက်သည်။ "ဟေးဒီး၊ မင်းငါ့ကို ဘာအတွက် ခေါ်တာလဲ။ "
နျင်းချန်ယွမ်က ထိုအတွက်အတွေးလွန်နေသည်မှာလည်း မဆန်းပေ။ ဟေးဒီးက အနုပညာကိုခံစားလွယ်သော ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်သည်။ သို့သော် အနောက်တိုင်းအနုပညာနယ်ပယ်မှ သူများက ကိုယ်ပိုင်ဘဝနှင့်ပက်သက်၍ ပွင့်လင်းကြသည်။ ဟေးဒီးက ယောက်ျားရော၊ မိန်းမပါကြိုက်သူ ဖြစ်ရုံသာမက သူ့သရုပ်ဆောင်များ၊ သူ့ရိုက်ကွင်းမှသူများနှင့် တွဲခဲ့ဖူးသည်။
"လေသံလျှော့စမ်းပါ။ နျင်း၊ သူဘယ်လောက်တောင်လှလဲ လာကြည့်။မင်းတို့နိုင်ငံက ချီးကျူးနေသလိုပဲ 'မြူးကြွသက်ဝင်တဲ့အလှလေး 'ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်။ " ဟေးဒီးက မျက်နှာပြင်ပေါ်မှ ချင်းယွင်၏ မျက်နှာအားကြည့်ရင်း စိတ်ကူးယဉ်နေသည်။သူက ဗီဒီယိုအား မတော်တဆတွေ့မိသော်လည်း ၎င်းကသူ၏ သရုပ်ဆောင်သူ အခက်အခဲအတွက် ပြီးပြည့်စုံသော ဖြေရှင်းချက်ပင်။
" သူက ငါ့လူ။ " နျင်းချန်ယွမ် က ဟေးဒီးအားကြည့်လိုက်သည်။ သူ့အကြည့်က လျှပ်စစ်ဓာတ်လွှတ်နေသလိုပင်။ သူ့အသံထဲမှ ပိုင်ဆိုင်လိုစိတ်အများအပြားအား မဖုံးကွယ်ထားပေ။
"အဟမ်း။ " ၎င်းကို ဟေးဒီးကြားသည်နှင့် တံတွေးသီးသွားသည်။ထို့နောက်တွင်မှ သူက နောက်လှည့်ကြည့်ရန် အချိန်ရသွားပြီး နျင်းချန်ယွမ်အား ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်က အမူအရာမှာ အတုအယောင်မဟုတ်ကြောင်းတွေ့သောအခါ ဟေးဒီး ပုခုံးတွန့်လိုက်သည်။ " ဒါဆိုလည်း ကောင်းပြီလေ။ ငါလက်လွှတ်လိုက်ရမယ့် အချစ်ကလေးအတွက် ကြေကွဲခွင့်ပေး "
"မင်း ငါ့ဆီက ဘာလိုချင်တာလဲ ပြော။ အဲ့ဒါက သူ့အကြောင်းဆို ဘာမှမပြောနဲ့တော့၊ ငါသဘောတူမှာ မဟုတ်ဘူး။ " နျင်းချန်ယွမ်က သူ့အနားလျှောက်လာပြီးထိုင်ချလိုက်သည်။ သို့သော် သူ့နှလုံးသား၌ မသိမသာစိုးရိမ်နေသည်။
ဤရက်များအတွင်း သူချင်းယွင်ကို ကုမ္ပဏီ၌ ကော်ကဲ့သို့ကပ်နေခဲ့သည်။၂ယောက်သားကြားမှ အခြေအနေက သိပ်မကောင်းသော်လည်း နျင်းချန်ယွမ်အတွက် ယခုလိုခွဲခွာမှုထက် ပိုအဆင်ပြေသေးသည်။
ထိုခံစားချက်အား သဘောပေါက်ပြီးနောက် နျင်းချန်ယွမ်က သူ့ကိုယ်သူ ငြင်းဆန်လိုက်သည်။ ထိုတစ်ယောက်ကသူအမုန်းဆုံးနည်းဖြင့် သူ့အားဆေးခတ်ခဲ့ပြီး သူ့အိပ်ရာပေါ်တက်ခဲ့သော်လည်း သူ့ကို ထောင်ချောက်လာဆင်စေရန် ဘက်လိုက်ချင်နေသေးသည်။ ထိုအဖြစ်က မြင်မြင်ချင်း အချစ်ထက် လက်ခံရန်ခက်ခဲသည်။
"Oh မဖြစ်ဘူးလေ။ နျင်း ၊ မင်းငါ့ကို ဒီလိုမျိုး ငြင်းချလိုက်လို့မရဘူးလေ။ ငါ့ဇာတ်ညွှန်းထဲမှာ သူ့အတွက်အရမ်းသင့်တော်တဲ့ ဇာတ်ကောင်ပါတယ်။ ငါသူကလွဲပြီး အခြားဘယ်တစ်ယောက်ကိုမှ စိတ်တိုင်းမကျဘူး။" ဟေးဒီးက တောင့်တင်းသွားပြီး နျင်းချန်ယွမ်၏ လက်အား အပေါ်အောက်ခါယမ်းနေသည်။ "ငါတို့က သူငယ်ချင်းဟောင်းတွေပဲလေ။ မင်း ငါ့အတွက်နဲ့ နံရိုးထဲ ဓားထိုးစရာ လိုလို့လား။ "(ကြီးကြီးမားမား စွန့်လွှတ်ခြင်း)
"ဇာတ်ကောင်လား။ " နျင်းချန်ယွမ်က မနှစ်သက်စွာ လက်ပြန်ဆွဲထုတ်လိုက်သော်လည်း သူအဓိကအချက်အား ဖမ်းမိဆဲပင်။
"ဟုတ်တယ်။ အဲ့ဒါ ဒရူးအစ် ၂လေ။ (druid-ရှေးဆဲလ်တစ်လူမျိုးတို့၏ ဘုန်းကြီး။)ပထမတစ်ခုက မင်းပေါက်သွားတဲ့ ကားလေ။ "ဟေးဒီးက ဇာတ်ညွှန်း ကမ်းပေးလိုက်သည်။ "သူပါဖူးတဲ့ တီဗီအစီအစဉ်ကိုလဲ ငါကြည့်ပြီးပြီ။ သူက မင်းကုမ္ပဏီက မင်းသားမှန်း ငါရှာတွေ့မိလို့ မင်းကို ဆက်သွယ်လိုက်တာ။ ဒါပေမယ့် ကြည့်ရတာတော့ ငါ့ပုံမှန်လမ်းကြောင်းအတိုင်း သွားရမယ် ထင်တယ်။ "
ပြောနေရင်း ဟေးဒီးက ပုခုံးတွန့်လိုက်သော်လည်း တိတ်တဆိတ် ဝမ်းသာနေသည်။ သူသာ နျင်းချန်ယွမ်အား အရင်မချဉ်းကပ်မိလျှင် ထိုအလှလေးအနား မနေနိုင်မထိုင်နိုင် သွားကပ်မိပြီး နျင်းက သူ့ကို ဆွဲခွာပေလိမ့်မည်။
နျင်းချန်ယွမ်က ထိုစကားများကြောင့် အံ့ဩသွားသည်။ ဟေးဒီးက ဒရူးအစ် ၂ အားရိုက်မည်ဟု သူမထင်ထားခဲ့ပေ။ သူက ချင်းယွင်ကိုပင် ရှာတွေ့ထားသေးသည်။ ၎င်းက ချင်းယွင်အတွက် ပြီးပြည့်စုံသော အခွင့်အရေး ဖြစ်ပေလိမ့်မည်။
ပထမရုပ်ရှင်၏ ကျော်ကြားမှုကို မှီခိုလိုက်လျှင် ထိုအခန်းဆက်က ပထမတစ်ကားလောက် မကောင်းလျှင်ပင် ပရိသတ်စိတ်ဝင်စားရန် လုံလောက်သည်။
ဇာတ်ညွှန်းအား သေသေချာချာ ဖတ်ကြည့်ရင်း ဟေးဒီးမည်သည့်ဇာတ်ကောင်အကြောင်း ပြောနေသည်ကို နျင်းချန်ယွမ် ချက်ချင်းသိလိုက်သည်။ ထိုဇာတ်ကောင်က ဇာတ်လိုက် ကမ္ဘာကို ကယ်တင်သည့်ခရီးလမ်းတွင် မရှိမဖြစ်လိုအပ်သော ကမ္ဘာ့အရှေ့ပိုင်းမှ မသေမျိုးဖြစ်ပြီး ကြေကွဲဖွယ်အဆုံးသတ်သွားသည့် မျက်ရည်ချူသော ဇာတ်ကောင်ဖြစ်သည်။
သို့သော် အချို့သော ဇာတ်ဝင်ခန်းများအား ဖတ်ပြီးနောက် နျင်းချန်ယွမ် မျက်မှောင်ကြုတ်သွားသည်။ ဒီဇာတ်ကောင်မှာ ဝတ်လစ်စတစ်အခန်းတောင် ပါသေးတာလား။
နျင်းချန်ယွမ်က ဇာတ်ညွှန်းအား အသေအချာဖတ်လိုက်ပြီး သူ့နှလုံးသားက တဖြည်းဖြည်း ဆန့်ကျင်လာသည်။ ဝတ်လစ်စတစ်အခန်းပါရုံသာမက ထိုအခန်း၌ အဓိကဇာတ်ကောင်နှင့်ပင် နီးနီးကပ်ကပ် သရုပ်ဆောင်ရသေးသည်။ နဂိုရုပ်ရှင်ကားမှ ဇာတ်လိုက်နေရာကို နျင်းချန်ယွမ် သရုပ်ဆောင်ခဲ့သော်လည်း ယခုသူအနားယူသွားသဖြင့် ဇာတ်လိုက်က သဘာဝကျစွာပင် အခြားတစ်ယောက်ဖြစ်လိမ့်မည်။
ဟေးဒီးအား ထိုအခန်းများ ဖြတ်ပေးရန် နျင်းချန်ယွမ် တောင်းဆိုချင်နေသော်လည်း သရုပ်ဆောင်တစ်ယောက်၏ အလုပ်သဘောထားအရ သူထိုကဲ့သို့ မတောင်းဆိုနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုဇာတ်ကွက်များက ဤဇာတ်ကောင်၏ စိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားသော နေရာများဖြစ်နေသည်။
၎င်းဇာတ်ကွက်များအားဖြတ်ပြီးလျှင် ထိုဇာတ်ကောင်က ဤမျှမတောက်ပနိုင်တော့ပေ။ ထို့ကြောင့် နျင်းချန်ယွမ်က ပဋိပက္ခဖြစ်နေသည်။ ယခုအဖြစ်က သာမန်ပင် ဖြစ်ပြီး ချင်းယွင်က အနာဂတ်တွင် အတိုင်းအတာ ပိုကြီးမားသော ဇာတ်ကွက်များအား ယူရနိုင်မှန်းသူသိသည်။ သို့သော် နျင်းချန်ယွမ်က မလိုလားနေခြင်းသာဖြစ်သည်။
ဟေးဒီးက သူ့အားကြည့်နေရင်း ကျေနပ်လာသလို စတင်ခံစားမိသည်။" နျင်း၊ ဒီဇာတ်ညွှန်းက ပထမတစ်ခုထက် သာလွန်မယ်လို့ ငါသေသေချာချာ ယုံတယ်။ ဒီကားက စီးပွားဖြစ်နိုင်ရုံသာမက ဆုလည်းရဖို့ ငါမျှော်လင့်ထားတယ်။ဒုတိယတစ်ကားမှာ ဇာတ်လိုက်ကအသစ်ဖြစ်သွားပေမယ့် မင်းမပါရင်တောင် ဒီရုပ်ရှင်အောင်မြင်မယ်လို့ ငါယုံတယ်။ ဇာတ်လိုက်နေရာ သရုပ်ဆောင်ဖို့ မင်းသားအချို့ကိုတောင် ငါရွေးထားပြီးပြီ။ ငါ့အတွက် လာရွေးပေးပါလား။ "
နျင်းချန်ယွမ်က ခေါင်းမော့လာပြီး မျက်လုံးမည်းတစ်စုံဖြင့် သူ့အားရုတ်တရက်ကြည့်လိုက်သည်အား ဟေးဒီးတွေ့လိုက်ရသည်။ " ဘာ။ ငါဇာတ်လိုက်နေရာမှာ ဆက်သရုပ်မဆောင်လို့ မရဘူးလား။ "
ထိုစကားကြောင့် ဟေးဒီးထရယ်တော့သည်။ "နျင်း၊ မင်းကအရမ်း ရယ်စရာကောင်းတာပဲ။ မင်းအနားယူနေတာ ငါးနှစ်လောက်ရှိပြီလေ။ မင်းအဲ့နေရာထပ်သရုပ်ဆောင်ရင် ငါစိုးရိမ်နေရလိမ့်မယ်။ "
" မင်းက ဘာတွေစိုးရိမ်နေတာလဲ။ ငါ့သရုပ်ဆောင်တဲ့ အရည်အချင်းကို မေးခွန်းထုတ်နေတာလား။ " နျင်းချန်ယွမ်က ဇာတ်ညွှန်းကို ဖြေးဖြေးချင်း ပိတ်လိုက်ပြီး သူ့ထိုင်ခုံကျောမှီအား မှီလိုက်ကာ ကိုယ်ရောင်ကိုယ်ဝါက ချက်ချင်းပြောင်းသွားသည်။
၎င်းသည် အထက်တန်းဆန်သော ယောက်ျားတစ်ယောက်၏ အရည်အသွေးပင်။ စကားဖြင့် မဖော်ပြနေသော်လည်း သိက္ခာရှိပုံပေါ်နေသည်။ နှုတ်ထွက်စကားများကိုပင် သတိဖြင့် ထိန်းပြောလေ့ရှိသည်။ သူ့မျိုးနွယ်တစ်ခုလုံး၏ အသက်နှင့် အနာဂတ် အားလုံးကို သူ့ကျောပေါ်၌ သယ်ဆောင်ထားရသဖြင့် သူဂရုစိုက်ရပေမည်။
ဟေးဒီးက ချက်ချင်းခဲတောင့်သွားသည်။ နျင်းချန်ယွမ်အား ကြည့်ရင်း သူ့မျက်လုံးများ ပြောင်းလဲသွားသည်။ ၎င်းသည် ရှန်းရှီ၏ ဥက္ကဋ္ဌ နျင်းချန်ယွမ် မဟုတ်သလို၊ ရုပ်ရှင်ဧကရာဇ် နျင်းချန်ယွမ်လည်း မဟုတ်ပေ။ ဒရူးအစ်မှ အဓိကဇာတ်ကောင်ကြီးက သူ့အရှေ့ရောက်နေခြင်းပင်။
နျင်းချန်ယွမ်က ငါးနှစ်အနားယူနေပြီး နောက်မှာပင် သူလိုချင်သောအချိန်၌ ဇာတ်ကောင်ထဲအာရုံသွင်းနိုင်သေးမည်ဟု ဟေးဒီးမထင်ထားခဲ့ပေ။ သို့သော် သူဇာတ်ညွှန်းစာအုပ်အား ပိတ်လိုက်သောအခါ အမူအရာတစ်ခုထဲနှင့်ပင် ဇာတ်ကောင်တစ်ခုလုံးအား အသက်ဝင်လာစေသည်။
"Oh နျင်းရေ။ မင်း လာနောက်နေတာတော့ မဟုတ်ပါဘူးနော်။ မင်းပြန်သရုပ်ဆောင်ချင််တယ်ဆိုတာ သေချာလား။ " ဟေးဒီးက စိတ်လှုပ်ရှားမှုကြောင့်ထကပြီး အော်ပင်အော်ဟစ်ချင်နေသည်။ "ဘုရားက ဒီတစ်ခုနဲ့ပက်သက်ပြီး ငါ့ကိုကောင်းချီးပေးထားတာပဲ။ မင်းကို ခေါ်လိုက်ရတာ တကယ်တန်တယ်။ "
"အမ်း။ ငါပြန်ရောက်ရင် ပြန်သရုပ်ဆောင်ဖို့အတွက် အစီအစဉ်တွေ လုပ်ထားလိုက်မယ်။ " နျင်းချန်ယွမ်က ဇာတ်ညွှန်းအား ပြန်ချလိုက်ပြီး ကိုယ်ရောင်ကိုယ်ဝါမှာ ပြန်ပြောင်းသွားသည်။ သူကိုယ်တိုင် ဇာတ်လိုက်နေရာ၌ သရုပ်ဆောင်ခြင်းကပင် သူတွေးမိသမျှထဲ၌ အကောင်းဆုံးနည်းလမ်းဖြစ်သည်။
"ဟေး သူငယ်ချင်းဟောင်းကြီး။ မင်းတကယ် ချစ်မိသွားတာပဲ။ " ဟေးဒီးကတစ်ခုခုအား တွေးမိသွားပြီး နျင်းအား မျက်ခုံးတွန့်၍ ကြည့်လိုက်သည်။ " သေချာတယ်။မင်းအဲ့အပိုင်းကို မြင်ပြီးတော့ အလှလေးကို ​အခြားသူနဲ့ မနီးကပ်စေချင်တာ မဟုတ်လား။ "
" မဟုတ်ဘူး။ ငါပြန်သရုပ်ဆောင်ဖို့ တွေးနေတာကြာပြီ။ " နျင်းချန်ယွမ်က လေးလေးနက်နက် ပုံပေါက်ရန် ဟန်ဆောင်နေသော်လည်း သူ့နားရွက်နီများက သူ့ကို သစ္စာဖောက်နေသည်။
*****
" ပြန်သရုပ်ဆောင်မယ်၊ မင်းညီမကိုပဲ ပြန်သရုပ်ဆောင်နေလိုက်။ အဲ့ဒိ့တုန်းကကျ ရုတ်တရက်ကြီး ရပ်တန့်ချင်သွားပြီးတော့၊ အခုကျ ပြန်သရုပ်ဆောင်ချင်နေတာလား။ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်ရအောင် အနုပညာလောကကြီးကို မင်းအိမ်ထင်နေတာလား။ "
နျင်းချန်ယွမ် ကပြန်သရုပ်ဆောင်ရန် ဒီအတိုင်းဆုံးဖြတ်ချက်ချလိုက်သော်လည်း၊ ကိုယ်စားလှယ် လီချင်းမှာ သူ့ရုံခန်းထဲ ခုန်နေပြီး ဖုန်းမှတစ်ဆင့် တစ်ဖက်လူအား အော်ချင်နေသေးသော်လည်း တစ်ဖက်သူက ဖုန်းချသွားကြောင်း တွေ့လိုက်ရသည်။
လီချင်းက ခေါင်းကို ဆုပ်ကိုင်လိုက်ပြီး အသံရှည်အော်လိုက်သည်။ "သေစမ်း၊ ငါဒီလို ဘိုးဘေးနဲ့ ဘယ်လိုလုပ် လာကြုံနေရတာလဲ။ "
သို့သော် သူ၏အလုပ်ကျွမ်းကျင်မှုအရ လူထုအားချပြရန် နည်းလမ်းများ ချက်ချင်းပြင်ဆင်လိုက်သည်။ ကျေးဇူးတင်စရာကောင်းစွာပင်၊ နျင်းချန်ယွမ် ပြန်သရုပ်ဆောင်မည့် ရုပ်ရှင်က သူပေါက်ခဲ့သောလက်ရာ၏ အဆက်ဖြစ်နေသဖြင့် အလွန်အကျွံ ရုပ်မပျက်သွားပေ။
နျင်းချန်ယွမ်က "ဒရူးအစ် ၂" ၌ ပြန်သရုပ်ဆောင်မည်ဟူသော သတင်းထွက်လာသည်နှင့် စိတ်လှုပ်ရှားမှုလှိုင်းကြီး ပေါ်ပေါက်လာခဲ့သည်။
နျင်းချန်ယွမ်ထံမှ လိုက်ခ်တစ်ခုကြောင့် သူ့ပရိသတ်များက ဤတစ်လော အလွန်တက်ကြွနေကြတာ ဖြစ်သည်။ ယခု သူတို့က ဝေးပေါ်ပေါ်မှ သတင်းအားတွေ့သောအခါ သတိမေ့သွားလုနီးပါး အလွန်ပျော်ရွှင်သွားကြသည်။
"ဒီတစ်ကြိမ်တော့ အမှန် မဟုတ်လား။ အမှန်တကယ်ကြီးလား။ "
"အိုး။ အရှင်သခင်ကြီးက ဥက္ကဋ္ဌ လုပ်ရတာနောက်ဆုံးတော့ ငြီးငွေ့သွားပြီး ရုပ်ရှင်ကြယ်ပွင့်တစ်ယောက်အနေနဲ့ ပြန်သရုပ်ဆောင်တော့မယ်ဆိုတာ ရှန်းရှီဘက်ကပြောတဲ့ တရားဝင်သတင်းလား။ "
လွန်ခဲ့သော နှစ်များအတွင် နျင်းချန်ယန်မှာ ဇာတ်ကားအချို့၌ ပါဝင်သရုပ်ဆောင်မည်ဟူသော သတင်းမျိုး ထွက်လာဖူးသော်လည်း ၎င်းက နျင်းချန်ယွမ် ၏ကျော်ကြားမှုအား အလွဲသုံးစားလုပ်ခြင်းသာ ဖြစ်နေဖူးသည်။ဤသတင်းထွက်လာသောအခါ သူ့ပရိသတ်များက ခေတ္တမျှ မယုံကြည်နိုင်ဖြစ်နေသည်။
သူ၏ များစွာသော ပရိသတ်အုပ်စုများက ချက်ချင်းလှုပ်ရှားလာကြပြီး အုပ်စုခေါင်းဆောင်က အော်ဟစ်လိုက်သည်။ " ညီအစ်မတို့။ စိတ်အားတက်ကြွစွာနဲ့ စစ်မြေပြင်ကို သွားဖို့ အဆင်သင့်ပြင်ရအောင်။ အကြာကြီး မလှုပ်ရှားဘဲနေတဲ့သူက ကန်ထုတ်ခံရမယ်။ စီစဉ်သူ ဘယ်မှာလဲ။ လူတိုင်း အာရုံစိုက်ပေးကြပါ။ ဧကရာဇ်ကြီး ပြန်ရောက်လာတော့မှာဆိုတော့ စည်းမျည်းတွေက အရင်အတိုင်းပါပဲ။ ကိုယ့်ပါးစပ် ကိုယ်ထိန်းပါ။ "
ထိုအခါမှသာ နျင်းချန်ယွမ်က မည်မျှလူကြိုက်များကြောင်း အနုပညာနယ်ပယ်ထဲမှ သူများသဘောပေါက်သွားကြသည်။ သူက ငါးနှစ်မျှ တစ်ကားမှမရိုက်ခဲ့သော်လည်း သူ့ပရိသတ်များမှာ လွန်ခဲ့သော နှစ်အနည်းငယ်ကအတိုင်း တောင့်တင်းနေဆဲပင်။
ချက်ချင်းပင် #သန့်စင်မွန်မြတ်သော ပြန်ဝင်ရောက်မှူ (comeback)# နှင့် #ဒရူးအစ် ၂# ဟူသည့်ခေါင်းစဉ်မှာ ထိပ်ပိုင်းရောက်သွားသည်။
အနုပညာလောကမှ လူတိုင်းကလည်း ပြန်လည်မျှဝေပြီး နျင်းချန်ယွမ်အား ဂုဏ်ပြုကြသည်။
ရှီရှန်းလက်အောက်မှ ကြယ်ပွင့်များကလည်း ပြန်မျှဝေနေကြသော်လည်း ချင်းယွင်က ချွင်းချက်ပင်။ အဘယ့်ကြောင့်ဆိုသော် ယခုသူ ကျဉ်းထဲကြပ်ထဲ ရောက်နေသောကြောင့် ဖြစ်သည်။
ဇိမ်ခံကား ငါးစီးက ချင်းယွင်၏ သနားစရာကားလေးအား ဝိုင်းထားသည်။ ဟယ့်လန်က ကားမောင်းသူထိုင်ခုံ၌ မျက်နှာပြာဖြင့် ထိုင်နေသော်လည်း ချင်းယွင်အား နှစ်သိမ့်နေဆဲပင်။ " မစိုးရိမ်နဲ့။ အစ်မ ကုမ္ပဏီကို ခေါ်ပြီးပြီ။ ဒီလူငါးယောက်က ဆိုးဆိုးရွားရွား မလုပ်ရဲလောက်ပါဘူး။ "
သူမကပြောနေသော်လည်း ဟယ့်လန်၏နှလုံးသားမှာ တောင့်တင်းနေဆဲပင်။ ဤလူငါးယောက်အား တားမြစ်နိုင်သည့် နျင်းချန်ယွမ်မှာ ပြည်ပရောက်နေသည်။ ဤကားငါးစီးအပြင် ပါပါရာဇီများလည်း ရောက်နေကြောင်း ဟယ့်လန်သိသည်။
ချင်းယွင်ယနေ့ ရှောင်ရှားနိုင်ခဲ့လျှင်ပင်၊ သူမြစ်ဝါထဲခုန်ချခဲ့လျှင်တောင် သန့်ရှင်းစွာ မဆေးကြောနိုင်မှာ သူမကြောက်နေမိသည်။ (သံသယ အဝင်ခံရမှာ။)
ဟယ့်လန်ထိုအကြောင်းတွေးမိသည်နှင့် နောက်လှည့်ကြည့်လိုက်သောအခါ ချင်းယွင်က တံခါးဖွင့်ပြီး ကားပေါ်မှ ဆင်းသွားကြောင်း တွေ့လိုက်ရသည်။ သူမ၏ နှလုံးသား ရပ်တန့်သွားသည်။
ချင်းယွင်ကားပေါ်မှ ဆင်းလာကြောင်းတွေ့သည်နှင့် ဇိမ်ခံကားငါးစီး၏ မှန်များကျလာသည်။ သူတို့ထဲမှ တစ်ယောက်ပင် ခေါင်းထွက်လာပြီး ချင်းယွင်အား လက်ပြလိုက်သည်။ "လာ၊ ကားထဲဝင်ခဲ့။ငါတို့မင်းကို ပျော်စရာဆီ ခေါ်သွားပေးမယ်။ "
"မစိုးရိမ်ပါနဲ့။ " ချင်းယွင်က ဟယ့်လန်အား လက်ဝှေ့ယမ်းပြလိုက်ပြီး ကားတစ်ကားဆီ တန်းလျှောက်သွားကာ တံခါးဖွင့်၍ ဝင်ထိုင်လိုက်သည်။
ချင်းယွင်အထဲရောက်သည်နှင့် ကားငါးစီးက ပြန်ဆုတ်သွားကာ ဘေးပတ်လည်မှ အလင်းများထွက်လာသည်။ ဟယ့်လန်က ထိုင်ခုံပေါ် လေးလံစွာကျသွားသည်။ "ပြီးဆုံးသွားပြီ။ "
အနုပညာလောကထဲ ပြန်ဝင်လာမည့် သတင်းကြောင့် နျင်းချန်ယွမ်က အိမ်ကို စောစောပြန်လာသည်။ လေယာဉ်ဆင်းဆင်းချင်း ဟယ့်လန်ပို့ထားသော ရာနဲ့ချီသည့် ​စာတိုများအားမြင်၍ ရုတ်တရက်စိတ်ရှုပ်ထွေးသွားသည်။
ဟယ့်လန်က ချင်းယွင်၏ ကိုယ်စားလှယ်မဟုတ်လား။ သူမက ငါ့ကို ဘာလို့ခေါ်နေတာလဲ။
နျင်းချန်ယွမ်က နှလုံးသားထဲ ထင့်သွားပြီး ဟယ့်လန်အား ချက်ချင်း ဖုန်းခေါ်လိုက်သည်။
ဖုန်းဝင်သွားသည်နှင့် ဟယ့်လန်၏ ငိုသံထွက်လာသည်။ "သခင်နျင်း၊ ဟိုငါးယောက်က ချင်းယွင်ကို ခေါ်သွားပြီ။ ကျွန်မမှာ ရွေးချယ်စရာမရှိတော့လို့ ဆရာ့ကို ခေါ်လိုက်တာ..."
သတင်းကြားလိုက်ရသည်နှင့် နျင်းချန်ယွမ်၏ဦးနှောက်ထဲ "တစီစီ " အသံမြည်သွားသည်။
သူက ချက်ချင်းကားတံခါးဖွင့်လိုက်ပြီး ကားမောင်းသူနေရာ၌ထိုင်နေသော လီချင်းအား ဆွဲထုတ်လိုက်သည်။ ထို့နောက် သူကမောင်းသူနေရာ၌ ထိုင်လိုက်ပြီး အရှိန်မြှင့်သည့် ခြေနင်းအား နင်းကာမောင်းထွက်သွားသည်။
"ငါ...ယီးပဲ...." လေဆိပ်အပြင်၌ တစ်ယောက်ထဲရပ်ကျန်ခဲ့သော လီချင်းက စိတ်ရှုပ်ထွေးနေပုံပေါ်သည်။ "ငါက ဘယ်လိုပြန်ရမှာလဲ။ ဟေးးးး"
*******
ထိုလူငါးယောက်က ချင်းယွင်အား အိမ်ကလပ်တစ်ခုဆီ ခေါ်သွားသည်။ ဤအိမ်ကလပ်မှ ဝန်ဆောင်မှုပစ္စည်းများက အလွန်သီးခြားဆန်ပြီး ဝင်ပေါက်၌ အထူးကြိုဆိုရေးရှိသည်။ အလာများသော ဧည့်သည်အချို့နှင့် အချို့ အာဏာရှိသော သူများကလွဲလျှင် သာမန်လူများ မဝင်နိုင်ပေ။
ထိုလူငါးယောက်က သီးသန့်ခန်းထဲသို့ ရင်းနှီးကျွမ်းဝင်စွာ ဝင်သွားပြီး ကိုယ့်ထိုင်ခုံပေါ် ကိုယ်ထိုင်လိုက်သည်။
ချင်းယွင်အနောက်မှ သီးသန့်ခန်းတံခါး ပိတ်သွားသည်။ ထိုလူများက အမဲဖြတ်ခံရန်စောင့်နေသော သိုးကဲ့သို့ တစ်ယောက်ထဲရပ်နေသော ချင်းယွင်အားကြည့်ကာ ကောက်ကျစ်စွာ ရယ်လိုက်သည်။
"ကြည့်။ ကိုယ့်အနောက်လိုက်ခိုင်းတုန်းကတော့ မင်းငြင်းခဲ့တယ်။ အခု ကိုယ်တို့ငါးယောက်စလုံးကို တစ်ပြိုင်ထဲ မျက်နှာချင်းဆိုင်ရတော့ ပိုကြောက်ဖို့မကောင်းဘူးလား။ " ပြောနေသောသူသည် မောက်မာသည့် ဒုတိယမျိုးဆက် လူချမ်းသာဖြစ်သော ကျိုးယယ်ပင်။ သူက အနုပညာနယ်ပယ်၌ အရည်အချင်းတချို့ရှိသော်လည်း အမြဲရူးသွပ်စွာပြုမူတတ်ပြီး အင်တာနက်ပေါ်တွင်ပင် အနည်းငယ်လူသိများသည်။
"ဟမ့်။ သခင်ကျိုး၊ ငါတို့ ငါးယောက်နဲ့အတူရှိတာက သူ့ဆန္ဒနဲ့ပိုကိုက်ညီမယ်လို့ မင်းမပြောခဲ့ဘူးလား။ " အခြားတစ်ယောက်က မလေးမစားပြောဆိုပြန်သည်။
ဤလူများက အပေါ်ယံ၌ မလေးမစားပုံပေါက်နေသော်လည်း ချင်းယွင်ထံမှ မျက်လုံးပင် မခွာနိုင်ပေ။ အစတုန်းက သူတို့သည် ချင်းယွင်၏ အသွင်အပြင်ကြောင့် လွှမ်းမိုးခံလိုက်ရပြီး အဓမ္မစေခိုင်းရန် မတုန့်ဆိုင်းခဲ့ကြပေ။ သူတို့ ချင်းယွင်နှင့် တွေ့သည့်နောက်ဆုံးအကြိမ်က ပိုင်ရှင်းယန်နှင့်အတူဖြစ်သည်။ ပိုင်ရှင်းယန်၏ စကားလုံးများက သူတို့အား အလင်းဝင်စေခဲ့သော်လည်း ချင်းယွင်က သူတို့၏ နှလုံးသားအား ချိတ်ထားသော ချိတ်ကလေးကဲ့သို့ မသက်မသာဖြစ်စေဆဲပင်။
လွန်ခဲ့သည့် အဖြစ်အပျက်တွင် သူတို့ပိုင်ရှင်းယန်နှင့် အဆက်အသွယ်ရပြီး ပိုင်ရှင်းယန်အား အခြားအမြင်ဖြင့် ကြည့်ခဲ့သည်။ ပိုင်ရှင်းယန်မှာ ချင်းယွင်ထံမှ 'အနိုင်ကျင့် 'ခံရသည်ဟု ကြားသည်နှင့် သူ့အားကူညီရန် ပြေးထွက်လာကြတော့သည်။
ပိုင်ရှင်းယန်ကို ကူညီချင်သည်လား၊ သူတို့နှလုံးသားထဲမှ ရိုင်းစိုင်းသော အညစ်အကြေးများအား ကျေနပ်စေလို၍လား ဆိုတာ သူတို့ပင် သိပေလိမ့်မည်။
"ရှင်းယန်က မင်းနဲ့အကွာကြီးဆိုတာ မင်းသိအောင်ပြောထားလိုက်မယ်။ သူက သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပေမယ့် မင်းက ပြည့်တန်ဆာသာသာပဲ။ "
ကျိုးယယ်က ဝိုင်နီတစ်ပုလင်းကို ယူလာပြီး ချင်းယွင်အနား လျှောက်လာသည်။ " ဒီနေရာက အရမ်းသီးသန့်ဆန်တယ်။ ကိုယ်တို့ကြိုက်သလို ကစားလို့ရတယ်။ လာ ၊ မင်းပါးစပ်ကို သုံးပြီး ဒီဝိုင်နီပုလင်း လာဖွင့်။ "
"ငါတို့ကြိုက်သလို ကစားလို့ရတာလား။ " ချင်းယွင်က ရုတ်တရက် မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။
"ဟုတ်တယ်။ မစိုးရိမ်နဲ့။ မင်းဘယ်လောက်အော်အော်၊ ဘယ်သူမှ အနားကပ်လာမှာမဟုတ်ဘူး။ " ကျိုးယယ်က ခပ်ရွဲ့ရွဲ့ပြုံးလိုက်ပြီး ချင်းယွင်၏ မျက်နှာအား ထိရန် လက်မြှောက်လိုက်သည်။
"ဟုတ်လား။ တကယ်ကောင်းတဲ့ နေရာပဲ။ "
ချင်းယွင်၏အသံထွက်လာသည်နှင့် သူက ကျိုးယယ် ကမ်းပေးလိုက်သော ဝိုင်နီပုလင်းအား ကျိုးယယ့်ခေါင်းပေါ် "ဘန်း" ကနဲ ရိုက်ခွဲလိုက်သည်။
ကျိုးယယ်က ခေါင်းရိုက်ခွဲခံရပြီး ကြမ်းပြင်ပေါ် လဲကျသွားသည်။ သူက စိတ်ရှုပ်ထွေးစွာ ပြန်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်၌ သွေးနှင့်ဝိုင်နီများ ပေပွနေသည်။ "မင်း..မင်း...မင်း...."
"ငါ ဘာမှားနေလို့လဲ။" ချင်းယွင်က နောက်တစ်ချက်ထပ်ရိုက်လိုက်သည်။ ပုလင်းကွဲအစွန်းက ကျိုးယယ်၏ မျက်နှာကိုပင် ဆွဲခြစ်တော့မလိုပင်။
"ဘယ်လိုနေလဲ။ ပျော်စရာကောင်းရဲ့လား။ " ချင်းယွင်က ပုလင်းကွဲအားသုံးကာ ကျိုးယယ်၏မေးကို ပင့်လိုက်ပြီး မတူမတန်သလို မေးလိုက်သည်။
ကျိုးယယ်က သူ့မျက်ဝန်းထဲတိုက်ရိုက်ကြည့်ရင်း ငရဲရောက်သွားသလို ခံစားလိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
အခြားလေးယောက်က ချက်ချင်း တုန့်ပြန်၍ မတ်တပ်ရပ်လိုက်သည်။သို့သော် ချင်းယွင်၏ စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုအငွေ့အသက်ပါသော ရေခဲအကြည့်အားတွေ့သောအခါ ရဲအကူအညီခေါ်ရန် မတွေးရဲတော့ပေ။
"ဘယ်သူကမှ၊ ခင်ဗျားတို့ထဲက ဘယ်သူကမှ မလွတ်မြောက်နိုင်ဘူး။ "
ချင်းယွင်၏ ချောမောပြီး မောက်မာသောမျက်နှာ၌ နှလုံးသားနွေးထွေးစေသော အပြုံးပေါ်လာသော်လည်း အခန်းထဲမှ လူငါးယောက်၏ အတွေးများက အငွေ့ပျံသွားတာ ကြာပြီဖြစ်သည်။
ထိုနောက်ခံကောင်းသည့် လူငါးယောက်က ဤကဲ့သို့သော အဖြစ်အပျက်အား မတွေ့ဖူးပေ။ အဓမ္မစေခိုင်းတာမျိုးမရှိ၊ လှည့်စားတာမျိုးမရှိဘဲ ရိုးရိုးရှင်းရှင်း လူမဆန်စွာ အနိုင်ကျင့်ခြင်းပင်။ သို့သော် ၎င်းမှာ ဤလူများအတွက် လွန်လွန်းနေသည်။ သူတို့က ဒူးထောက်ပြီး ဖေဖေဟုသာ ခေါ်နိုင်တော့သည်။
ချင်းယွင်ကဲ့သို့ တော်ဝင်ဆန်ပြီး ချောမောသော မင်းသားငယ်လေးက လူများအား ညှာတာမှုမရှိဘဲ ရိုက်နှက်နိုင်မည်ဟု သူတို့မထင်ထားခဲ့ပေ။
နျင်းချန်ယွမ် ဝင်လာသည်နှင့် အခန်းထဲမှ အခြေအနေကြောင့် အံ့အားသင့်သွားသည်။
စီးပွားရေးလောက၌လူသိများသော ငါးယောက်ထဲမှ လေးယောက်က ဒူးထောက်ကာ ချင်းယွင်နားဝိုင်းနေသည်။ သူတို့က ခိုကဲ့သို့ တုန်နေစဉ်တွင် ကြမ်းပြင်ပေါ် ကွေးနေသောတစ်ယောက်က သူ့ခွကြားအား ကာကွယ်ထားသည်။
သွေးနံ့ နှင့် အရက်နံ့က သီးသန့်ခန်းတစ်ခန်းလုံး ပျံ့နေသည်။ သီးသန့်ခန်းထဲမှ စိတ်ပျက်စရာ လူငါးယောက်အား ကြည့်ပြီး နျင်းချန်ယွမ် နည်းနည်းမျှပင် မသနားမိပေ။
ဤလူများအတွက် ထိုက်တန်သည်။ နျင်းချန်ယွမ်က သူတို့အတွက် ပိုဆိုးရွားစေရန် လုပ်ဆောင်ဦးမည်ဖြစ်သည်။
သူက ဆိုဖာပေါ်ထိုင်နေသော ချင်းယွင်နားလျှောက်လာပြီး နွေးထွေးစွာမေးလိုက်သည်။ "အရာအားလုံး အဆင်ပြေလား။ "
ချင်းယွင် ထိုကဲ့သို့အားသွန်ခွန်စိုက် မတိုက်ခိုက်ရသည်မှာ ကြာပြီဖြစ်သဖြင့်အလွန်စိတ်သက်သာသွားသလို ခံစားနေရသည်။ နျင်းချန်ယွမ်ကို ကြည့်ရင်းပိုကျေနပ်သလို ခံစားရသဖြင့် ချစ်ခင်စွာ ခေါင်းညှိတ်ပြလိုက်သည်။
ချင်းယွင်က သန့်ရှင်းသော ဝိုင်ခွက်တစ်ခွက်ယူ၍ ခါပြလိုက်သည်။ ဒူးထောက်နေသော ကျိုးယယ်ကချက်ချင်းရွှေ့လာပြီး ဝိုင်ခွက်ဖွင့်သည့် ကိရိယာအားယူကာ ပုလင်းဖွင့်လိုက်၍ ချင်းယွမ်အတွက် ဝိုင်ငှဲ့ပေးလိုက်သည်။
ထိုမြင်ကွင်းက နျင်းချန်ယွမ်အား အတော်အနှောက်အယှက်ဖြစ်စေသည်။ သူက ခြေထောက်မလိုက်ပြီး ကျိုးယယ်၏ပုခုံးအား ကန်လိုက်သည်။ သူက ချင်းယွင်အတွက် ဝိုင်ငှဲ့ပေးရလောက်အောင် တန်လို့လား။
"ပါပါရာဇီတွေက မင်းတို့ခေါ်ထားတာ မဟုတ်လား။ " ကြမ်းပြင်ပေါ်မှ လူငါးယောက်အား ကြည့်ပြီး နျင်းချန်ယွမ်က ခပ်တင်းတင်း​ပြောလိုက်သည်။ သူကာကွယ်မှုပေးထားသော်လည်း ထိုလူများက ချင်းယွင်နောက်လိုက်နေဦးမည်ဟု မထင်ထားပေ။
"ဒီညသတင်းကို သူတို့ဘာသာသူတို့ ပြန်ဝယ်ဖို့ ပြောထားတယ်။ " ဝိုင်နီစူးစူးရှရှတစ်ငုံအား သောက်ပြီးနောက် ချင်းယွင်က အေးအေးဆေးဆေး ပြောသည်။ " ဥက္ကဋ္ဌ နျင်းကအနာဂတ်ကျရင် ဒီလူတွေကို ကျွန်တော့်အတွက် တားပေးဖို့ ဒုက္ခမပေးတော့ပါဘူး။ သူတို့နဲ့ ကစားရတာ ပျော်ဖို့ကောင်းတယ်။ "
နျင်းချန်ယွမ်ကနင်သွားပြီး အနည်းငယ် စိတ်ဆိုးသွားသည်။ သူ့စိတ်ခံစားချက်တစ်ခုလုံး ပြိုကျသွားသည်။
သို့သော် သူအနည်းငယ်စိုးရိမ်နေသေးသဖြင့် မေးလိုက်သည်။ "သူတို့တွေက နောက်ကွယ်ကနေ မင်းကိုအပုပ်ချရင်ကော။ "
"သူတို့ လုပ်ရဲမှာ မဟုတ်ဘူး။ " ချင်းယွင်က နှာခေါင်းရှုံ့လိုက်ပြီး ကြမ်းပြင်မှ လူငါးယောက် တုန်သွားသည်။
လေဆိပ်၌ ကျန်ခဲ့သော လီချင်းက သတင်းရသွားပြီး အပြေးရောက်လာသည်။ ဘယ်လိုပင်ဖြစ်စေ နျင်းချန်ယွမ်က သူ့ comeback အားအခုလေးတင်ကြေငြာထားတာဖြစ်သဖြင့် အချို့ကောလဟာလများ ထွက်လာလျှင် သိပ်မကောင်းပေ။ သို့သော် နျင်းချန်ယွမ်နှင့် ချင်းယွင်က အတူထွက်လာသဖြင့် သူသိသိသာသာပင် နောက်ကျသွားပြီ ဖြစ်သည်။
ချင်းယွင်က အနည်းငယ်မျှပင် ပုံမပျက်ဘဲ ဟယ့်လန်စောင့်နေသည့် ကားဆီ တည့်တည့်လျှောက်သွားသည်။
တစ်ဖက်မှ နျင်းချန်ယွမ်ကချဉ်နေသည့် (ရှုံ့တွ၊ မဲ့) မျက်နှာထားဖြင့်လျှောက်လာသည်။ ယခုတစ်ကြိမ်တွင်တော့ သူက လီချင်းနှင့် ကားမောင်းသူနေရာ လုမနေဘဲ နောက်ခုံ၌ နေရာယူလိုက်သည်။
လီချင်းက သူ၏တင်းနေသော မျက်နှာအားကြည့်လိုက်ပြီး မေးလိုက်သည်။ "ဘာလဲ။ အခြေအနေ ဘယ်လိုလဲ။ခုနက မင်းအရမ်းစိုးရိမ်နေတာကို ကြည့်ပြီး အဲ့တစ်ယောက်ကို မကယ်နိုင်တော့ဘူး ထင်နေတာ..."
နျင်းချန်ယွမ်ကကျောမှီချလိုက်ပြီး သူ့ကို အာရုံမစိုက်ပေ။ ချင်းယွင် ထွက်ခွာသွားတာကိုသာ ကားပြတင်းပေါက်မှ ဘေးစောင်းကြည့်နေသည်။
လီချင်းက သူ့အကြည့်နောက်လှမ်းကြည့်ပြီး နှုတ်ခမ်းကွေးလိုက်သည်။ "မင်း ဘာတွေဖြစ်နေတာလဲ။ သူက တကယ်ကိုကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ပေမယ့် မင်းကသူ့ကို ခက်ခဲစေပြီး ကုမ္ပဏီကလူတွေ သူ့ကိုလှောင်အောင် လုပ်နေတယ်။ မင်းသူ့ကို မုန်းပေမယ့် သူတစ်ခုခုဖြစ်တာကြားတော့ မင်းရူးမလို မောင်းသွားကော။ ..."
ထိုသို့ပြောပြီး လီချင်းရပ်သွားကာ နောက်ခုံမှ နျင်းချန်ယွမ်အား ကြောက်ကြောက်ရွံ့ရွံ့လှည့်ကြည့်လိုက်သည်။ "ယီး၊ မင်းသူ့ ရုပ်ရည်ကို ကြည့်နေတာမဟုတ်လောက် ပါဘူးနော်။ "
" ဘာကြီး။ သူက ငါ့အိပ်ရာပေါ် တက်လာပေမယ့် ငါကတော့ သူ့ကို ကြည့်လို့တောင်မရဘူးလား။" နျင်းချန်ယွမ်က အက်ရှရှပြောလိုက်သည်။
"မင်းဘာပြောတာလဲ။ ချင်းယွင်က မင်းအိပ်ရာပေါ် တက်ခဲ့တယ်လား။ ဘယ်တုန်းကလဲ။သူ့ကို မစွပ်စွဲပါနဲ့။ သူက ရုံမှာနေ့တိုင်း အလုပ်များနေတာ၊ အဲ့ဒီ့အတွက် အချိန်တောင်မရှိဘူး။ အဲ့အစား မင်းကသာ သူ့အနောက်အချိန်တိုင်း လိုက်ဖို့ကြံနေတာမဟုတ်ဘူးလား။ "
လီချင်းက ချင်းယွင်၏ နံပါတ် ၁ ပရိသတ်အဖြစ် ရာထူးတိုးသွားသည်။ ယခု ဝက်ဝံကလေး နျင်းချန်ယွမ်က သူ့ကိုယ်ပိုင်အိုင်ဒေါအား လာစွပ်စွဲသောအခါ စဉ်းပင်မစဉ်းစားဘဲ ချက်ချင်းပြန်ပက်လိုက်သည်။
"သူဘယ်တုန်းက လုပ်တာလဲ မင်းမသိဘူးလား။ " နျင်းချန်ယွမ်၏ မျက်နှာက အေးစက်မာကျောနေသည်။" ငါမင်းကိုရှာခိုင်းတဲ့ သတင်းအချက်အလက်လေ။ "
လီချင်းက မျက်တောင် ၂ခါခတ်လိုက်ပြီး နျင်းချန်ယွမ် ဘာအကြောင်းပြောနေသည်အား လုံးဝမရှင်းလင်းပေ။ သူက ထိုအကြောင်းပြန်တွေးလိုက်ပြီး အသေအချာမေးမြန်းလိုက်သည်။ "နောက်ဆုံးနှီးနှောဖလှယ်ပွဲတုန်းကအကြောင်း ပြောနေတာလား။ "
နျင်းချန်ယွမ်က တိတ်တဆိတ် ခေါင်းညှိတ်ပြလိုက်သောအခါ လီချင်း၏ဆဲဆိုသံအား ကြားလိုက်ရသည်။
"ချီးပဲ။ အဲ့နေ့က တစ်ယောက်က ချင်းယွင်လို့ မင်းကို ဘယ်သူပြောတာလဲ။ မင်းကိုဆေးခတ်တဲ့တစ်ယောက်က ထန်းယွမ်ဖျော်ဖြေရေးက သရုပ်ဆောင်လေးတစ်ယောက်ပဲ။ "
ယခုက နျင်းချန်ယွမ် စိတ်ရှုပ်ထွေးအလှည့် ဖြစ်သည်။ သူက လီချင်းအား ကြောင်အစွာကြည့်လိုက်သည်။ သူ့စိတ်ရှုပ်ထွေးနေသော မျက်ဝန်းများက လမ်းလွဲနေသော ဆယ်ကျော်သက်ပုံပေါက်နေသည်။ "ဒါပေမယ့် ငါနောက်တစ်နေ့ နိုးလာတော့ သူ့ကိုတွေ့တယ်။ "
လီချင်းကကြောင်အသွားသည်။ သူပြန်တုန့်ပြန်သောအခါ ဘာမဆိုပြောနိုင်လောက်အောင် ဒေါသထွက်နေပြီဖြစ်သည်။ သူက နျင်းချန်ယွမ်အား တုန်ယင်စွာ လက်ညှိုးထိုးလိုက်သည်။ "ယီး၊ နျင်းချန်ယွမ် မင်း သားရိုင်းကောင်၊မင်းငါ့ ချင်းယွင်လေးကို ယူသွားတယ် "
သူက မျက်နှာကို ပွတ်လိုက်ပြီး ဆဲဆိုတော့သည်။ "မင်းက တကယ်လူမဆန်တာပဲ။ မင်းဆေးခတ်ခံရပြီး ဘာမှမသိတော့ဘဲ ချင်းယွင်ကို အိပ်ရာထဲ ဆွဲခေါ်သွားတယ်။ အဲ့လိုလုပ်ပြီးသွားတာတောင် ချင်းယွင်ကို အဆိုးမြင်နေသေးတယ်။ နျင်းချန်ယွမ် မင်း၊ ဝက်ဝံကောင်ကြီး "
နျင်းချန်ယွမ်၏ ဦးနှောက်က အနည်းငယ် မလိုက်နိုင်ဖြစ်နေသည်။ သူက ပြန်တွေးပြီး ပြောလိုက်သည်။ " ငါ့လာ ဆေးခတ်တဲ့တစ်ယောက်ကို ရိုက်လိုက်တာ ငါမှတ်မိတယ်။ နောက်တစ်နေ့ ကျတော့ သူ့လိပ်ပြာတောင်ပံရိုးပေါ်မှာ ညိုမဲစွဲနေတာတွေ့တယ်လေ။ အဲ့ဒါငါ့ကြောင့်မဟုတ်ဘူးဆိုရင်၊ တခြားဘာဖြစ်နိုင်သေးလို့လဲ။ "
"မင်း စောက်ဒေါသထွက်လာတဲ့အခါ လူတွေကို မျက်နှာမထိုးဘဲ ကျောကုန်းဆီရိုက်လို့လား။" လီချင်းက ထိုအကြောင်းကြားရသောအခါ ပို၍ဆဲဆိုလာတော့သည်။
နျင်းချန်ယွမ်က နှုတ်ဆိတ်နေသေးပြီး ငြိမ်ငြိမ်ထိုင်နေသေးသည်။ ခေါင်းကနေ ခြေထောက်အထိ သူ့အမွေးအကုန်လုံး ကူကယ်ရာမဲ့ပုံပေါက်နေသည်။
မင်း ဘာဆိုလိုချင်တာလဲ။ ငါမှားသွားပြီလား။
ဆေးခတ်ခံရပြီးနောက် ချင်းယွင်အားဆွဲကာ တွန်းအားပေးခဲ့ပြီး နောက်ပိုင်းစော်ကားပြောဆိုသူက သူဖြစ်နေတာလား။
သူဘာတောင် ထပ်​ပြောခဲ့သေးလဲ။ အိပ်ရာပဲတက်နိုင်တဲ့ အကောင်လေးလို့လား။
ဒါဆို ချင်းယွင်ရဲ့ လိပ်ပြာတောင်ပံရိုးပေါ်က ဒဏ်ရာအတွက်လည်း ငါ့မှာတာဝန်ရှိတာပေါ့။
သူ့ကို မြင်တဲ့အချိန်တိုင်း ချင်းယွင်က ခပ်ခွာခွာ၊ ခပ်တည်တည်နေတာ မထူးဆန်းတော့ပါဘူး။ ချင်းယွင်လို မယုံနိုင်လောက်အောင် မာနကြီးတဲ့တစ်ယောက်က ဒီလိုကိစ္စမျိုး ဖြစ်ပြီးမှတော့ သူ့အပေါ် ဘယ်အကောင်းမြင်တော့မလဲ။
ပြီးတော့ သူနဲ့စကားပြောတဲ့အချိန်တိုင်း...သူက....
နျင်းချန်ယွမ်က မျက်နှာကိုကာထားရင်း တစ်ခေါင်းလုံး ခရမ်းချဉ်သီးကဲ့သို့ နီရဲလာသည်။
သူအအေးမိသွားသလို ခံစားရသည်။
ထိုသို့တွေးရင်း နျင်းချန်ယွမ်က ရုတ်တရက် ခေါင်းမော့လိုက်ကာ ဒေါသစထွက်လာသည်။ သူက ကားမောင်းသူထိုင်ခုံ အနောက်ဘက်အားခပ်ပြင်းပြင်းကန်လိုက်သည်။ "မင်း ဆင်းတော့။ "
လီချင်းက သူ့ကန်ချက်ကြောင့် ဝေခွဲမရဖြစ်သွားသည်။ သို့သော် နောက်ဆုံးတွင်တော့ ဤအသဲကွဲနေသူနှင့်အတူ မနေချင်တော့သဖြင့် ကားထဲမှ ထွက်သွားသည်။
နျင်းချန်ယွမ်က နောက်ခန်းမှတစ်ဆင့် မောင်းသူထိုင်ခုံဆီနေရာရွှေ့လိုက်ပြီး ချင်းယွင်၏ ကားအနောက်မြန်မြန်လိုက်သွားသည်။
ရပ်နေသော လီချင်းဆီသို့ ဖုန်မိုးများ ရွာလာသည်။ "ထပ်မောင်းချသွားပြန်ပြီလား။ မင်းရဲ့ ကိုယ်စားလှယ်ကို လူလို့တောင် မထင်တော့ဘူးလားကွာ။ ဟမ်"
နျင်းချန်ယွမ်က ချင်းယွင်အနောက်သို့ ရှင်းပြရန်လိုက်နေသည်လား။
မဟုတ်ပေ။ ဤတစ်ယောက်က သေရမှာ အလွန်ကြောက်သည်။ အရာအားလုံးက သူ့အမှားမှန်းသိသောအခါ ချင်းယွင်နှင့် မျက်နှာချင်းမဆိုင်ရဲဘဲ အခွံထဲကျုံ့ဝင်သွားသော လိပ်ကဲ့သို့ အိမ်ကိုပြန်ပြေးသွားသည်။
သူက comeback နှင့် သူ့အခြေအနေကိုပင် အကြောင်းပြချက်ပေးကာ အလုပ်လည်း မသွားတော့ပေ။
နျင်းချန်ယွမ်က ထိုအကြောင်း အတော်တွေးခဲ့သည်။သူက ချင်းယွင်အား အထက်စီးမှ ဆက်ဆံခဲ့ပြီး စေခိုင်းစကား၊ ဖြားယောင်းစကားများကိုပင်ပြောကာ ထောက်ပံ့ပေးရာတွင်လည်း ခြိမ်းခြောက်ခဲ့သေးသည်။ ချင်းယွင်၏ မျက်ဝန်းထဲတွင် သူက ထိုလူငါးယောက်နှင့် ဘယ်လိုလုပ် ကွာခြားမည်နည်း။
လုံးဝကို မကွာဘူး။
ထိုအတွေးကြောင့် နျင်းချန်ယွမ်က ရှက်ကာ သေလောက်အောင် ဒေါသထွက်သွားသည်။ သူချင်းယွင်အား မည်ကဲ့သို့ မျက်နှာချင်းဆိုင်ရမည်မှန်း မသိပေ။
ထိုအခိုက်မှာပင် မုတ်ဆိတ်မွေးများဖြင့် ကြေကွဲဝမ်းနည်းနေသော နျင်းချန်ယွမ်က အိမ်မှ ကော်ဖီစားပွဲပေါ် ခေါင်းတိုက်နေသည်။ တီဗီပေါ်၌ "ကောင်းကင်ကိုပိတ်သိမ်းမယ်။ "က စတင်ပေါ်လာသည်။အဖွင့်သီချင်းက ဆရာသခင် လင်းဟွာ၏ ဝတ်ရုံတလွင့်လွင့်ဖြစ်နေပုံဖြင့် စတင်ပြီး အံ့အားသင့်ဖွယ်လှပသော ဘေးတိုက်မျက်နှာလေးပေါ်လာရာ လူများမှာ အစပိုင်းကိုပင် မကျော်ချင်တော့ပေ။
နျင်းချန်ယွမ်က ချင်းယွင်အား လူကိုယ်တိုင်တွေ့နေရသကဲ့သို့ တီဗီပေါ်မှ ဆရာသခင်လင်းဟွာအား အာရုံစိုက်နေသည်။
သူအိမ်ခေါ်လာခဲ့သော ခွေးပေါက်က အီနေပြီး သူ့ဘောင်းဘီရှည်အား ဆွဲကာ အစာတောင်းနေသည်။
နျင်းချန်ယွမ်က ခွေးစာတစ်အိတ်ပစ်ပေးလိုက်ပြီး ခွေးကို သူ့ဘာသာအစာထဲ ခေါင်းစိုက်နေစေလိုက်သည်။သူက ခွေးစာတစ်အိတ်ထဲ ခေါင်းစိုက်နေသော ခွေးပေါက်အားကြည့်ကာ ဝမ်းနည်းစွာ တွေးလိုက်သည်။ " ငါက ချင်းယွင်ရဲ့ မျက်ဝန်းထဲမှာ ဒီခွေးပေါက်လောက်တောင် ကျေနပ်စရာမကောင်းလောက်ဘူး ထင်တယ်။ "
မျက်ဝန်းထဲ ကျေနပ်စရာကောင်းတာလား။
နျင်းချန်ယွမ်၏ မျက်ဝန်းများ ရုတ်တရက်တောက်ပသွားပြီး ခွေးစာထဲ နစ်နေသော ခွေးပေါက်အား လက်နှစ်ဖက်ဖြင့် မလိုက်သည်။
သူမှတ်မိရသလောက် ချင်းယွင်က ဒီခွေးကို ကြိုက်တယ် မဟုတ်လား။ ငါသာ သူ့ကို ဒီခွေးပေးလိုက်ရင် ကျေနပ်သွားလောက်လား။
နျင်းချန်ယွမ်က သူတစ်ရက်ကျလျှင် သူနှစ်သက်သူ၏ နှလုံးသားကိုရရန်
သူ့ "ပြိုင်ဘက် " အားသုံးရသည့် အဆင့်အထိ ကျရှုံးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
*****
ချင်းယွင်မှာ ဟေးဒီး၏ ဖိတ်ခေါ်မှုအား ရပြီး ရုပ်ရှင်ရိုက်ရန် နိုင်ငံခြားသွားသည်အထိ နျင်းချန်ယွမ်ကို မတွေ့ရပေ။
ရိုက်ကွင်းသို့ ချင်းယွင်ဝင်လာသည်အား တွေ့သည်နှင့် ဟေးဒီးက စိတ်လှုပ်ရှားကာ ချက်ချင်းကြိုဆိုခဲ့သည်။ "Oh ဘုရားသခင်။ မင်းက အရမ်းလှတာပဲ။ "
ဟေးဒီးက ထိုသို့ အံ့အားသင့်သွားရုံမက ရိုက်ကွင်းထဲမှ အခြားသူများလည်း တီးတိုးပြောဆိုနေကြသည်။ "သူက လုံးဝကို နတ်သားလေးပဲ။"
ဟေးဒီးက ချင်းယွင်၏ လက်အားကိုင်ကာ နမ်းတော့မည်ပြုစဉ် ချက်ချင်းရပ်လိုက်ပြီး ခြောက်ခြောက်ကပ်ကပ် ၂ခါရယ်လိုက်သည်။
ချင်းယွင်က အနောက်သို့ ကြည့်လိုက်သည်။ မျှော်လင့်ထားသလိုပင်၊ နျင်းချန်ယွမ်က သူ့လက်ထဲမှ ဇာတ်ညွှန်းအား အလေးအနက်ပုံစံဖြင့် မလှမ်းမကမ်း၌ ထိုင်ဖတ်နေသည်။
ချင်းယွင်၏ အကြည့်အား ခံစားမိသော နျင်းချန်ယွမ်က ဇာတ်ညွှန်းကို အပေါ်မြှင့်လိုက်ပြီး မျက်နှာအား လုံးဝကွယ်လိုက်သည်။
သူ့ပါးစပ်ထောင့်စွန်းများက အနည်းငယ်ကွေးသွားသည်။ ဤယောက်ျားက သူ့အား ဒီနောက်ပိုင်း ဘာ့ကြောင့်ရှောင်နေသည်အား ခန့်မှန်းရန်ချင်းယွင်အတွက် မခက်ခဲပေ။ ထို့ကြောင့် သူ့စိတ်အခြေအနေက တိုးတက်ပျော်ရွှင်လာသည်။
နျင်းချန်ယွမ်၏ comeback အားအလေးထားသည့်အနေဖြင့် ရုပ်ရှင်၏အဖွင့်ခန်းက သူ့အခန်းဖြစ်သည်။ တိုက်ဆိုင်စွာပင် ချင်းယွင် နှင့် နျင်းချန်ယွမ် တို့အတူရိုက်ရမည့် အခန်းဖြစ်နေသည်။
သူ့ဇာတ်ကောင်က ကမ္ဘာ့အရှေ့ပိုင်းမှ မသေမျိုးဖြစ်သော်လည်း ထိုဇာတ်ကောင်မျိုးအား အနောက်တိုင်းဘက်မှရိုက်သောအခါ အနောက်တိုင်းဘက်မှ မှော်ဆရာပုံကဲ့သို့ ဆင်ယင်ပေးထားသည်။ထို့ကြောင့် ချင်းယွင်က ရိုးရိုးဝတ်ရုံဖြူကိုသာ ဝတ်ဆင်ထားသည်။ ၎င်းက ချင်းယွင်၏ ကျော့ရှင်းသောအသွင်အပြင်အား ပိုအလေးပေးထားသည်။
ထိုဇာတ်ဝင်ခန်း၌ နျင်းချန်ယွမ် သရုပ်ဆောင်သည့် အဓိကဇာတ်လိုက်ဖြစ်သော လန့်စ်က ဒရူးအစ်မျိုးနွယ်ရှင်သန်ရေးအတွက် ချင်းယွင်သရုပ်ဆောင်မည့် အရှေ့တိုင်းမသေမျိုး ရွှမ်အား အညံ့ခံ၍ ကျွန်ဖြစ်လာခဲ့သည်။
ရွှမ်ဇာတ်ကောင်က ဆရာသခင် လင်းဟွာနှင့် ထပ်တူကျတာ များသဖြင့် ချင်းယွင်အတွက် သိပ်မခက်ခဲပေ။ ဟေးဒီးလိုချင်သော ခံစားချက်အား သူသိသဖြင့် ဤအခန်းက သူ့အမြင်အရအတော်ရိုးရှင်းသည်။
ဤရုပ်ရှင်၏ ပထမဆုံးအခန်းသာ ရှိသေးသော်လည်း အခါ ၂၀မျှ အပယ်ခံနေရပြီး (NG) ပြဿနာက နျင်းချန်ယွမ် ပင်။
Continue Reading
You'll Also Like
65K 4.8K 141
I do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင...
241K 36.1K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
1.2M 63.5K 50
74.6K 9.1K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...