အင်အားကြီးမိဖုရား၏ ပြန်လည်ရှင...

By GinYU9485

313K 30.9K 754

Translation work of HanMay & GinYu (Best Novels Collection Team- BNC Team) U can search 'Best Novels Collect... More

Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep -9
Ep- 10
Ep-11
Ep-12
Ep -13
Ep-14
Ep-15
EP-16
Ep-17
Ep-18
Ep-20
Ep-21
Ep-22
..
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep-39
Ep-40
Ep-41
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep-49
Ep-50
Ep-51
Ep-52
Ep-53
Ch-54
Ep-55
​ေက်းဇူးတင္​ျခင္​း
Ep-56
Ep-57
Ep-58
Ep-59
Ch300 give away
Ep-60
Ch300 Winner
Ep-61
Ep-62
Ep-63
Ep-64
Ep-65
Ch-66
Ch-67
Ch-68
Ch-69
လက္​​ေဆာင္​
Ch-70
Ch-71
Ch-72
Ch-73
Ch-74
Ch-75
Ch-76
Ch-77
Ch-78
Ch-79
Ch-80
Ch-81
Ch-82
Ch-83
Ch-84
Ch-85
Ch-86
Ch-87
Ch-88
Ch-89
Ch-90
Ch-91
Ch-92
Ch-93
Ch-94
Ch-95
💛💛
Ch-96
Ch-97
Ch-98
Ch-99
Ch-100
Ch-101
Ch-102
Ch-103
Ch-104
Ep-105
Ep-106
Ep-107
108
update?
Ep-109
Ep-110
Ep-111
Ep-112
Ep-113
Ch-114
Ch-115
..
Ch-116
Ch-117
Ch- 118
Ch- 119
Ch-120

Ep-19

3.3K 421 1
By GinYU9485

•••အင္​အားႀကီးမိဖု႐ား၏ ျပန္​လည္​႐ွင္​သန္​ျခင္​း•••
အခန္​း ၁၉. ငါ့ကလဲ့စား ငါ့ဘာငါ​ေခ်မယ္​(၄)

'ယြင္​​ေ႐ွာင္​းဂိုဏ္​း' ဟုၾကားလိုက္​ရ​ေသာ ​ေဆ့သခင္​ႀကီးမွာ အလြန္​ထိတ္​လန္​႔သြားသည္​။ ယြင္​​ေ႐ွာင္​းဂိုဏ္​းမွာ အင္​အားႀကီးမားၿပီး နာမည္​​ေက်ာ္​ၾကား​ေသာ ဂိုဏ္​းျဖစ္​ၿပီး တိုင္​းျပည္​တစ္​ခုလံုးကို ​ေျမလွန္​ဖ်က္​စီးႏိုင္​​ေသာ အစြမ္​း႐ွိသည္​့ အဆင္​့ျမင္​့သိုင္​းပညာ႐ွင္​မ်ားစြာ ႏွင္​့ တပည္​့မ်ားစြာ႐ွိ​ေသာ ဂိုဏ္​းျဖစ္​သည္​။

"ငါ အနည္​းငယ္​​ေတာ့ ၾကားဖူးတယ္​"

ယဲ့က်င္​့ထန္​သည္​
"ဒါဆို ဘာလို႔ ယြင္​​ေ႐ွာင္​းဂိုဏ္​းက ယဲ့႐ို႔ကို သ​ေဘာက်ၿပီး လက္​ခံလိုက္သလဲ ​ေဆ့သခင္​ႀကီးသိသလား?" ဟုျပံဳးကာ​ေျပာ​ေလသည္​။

​ေဆ့သခင္​ႀကီးမွာ ခဏတာတိတ္​ဆိတ္​သြားၿပီး "ယဲ့႐ို႔မွာ အဆင္​့အျမင္​့ဆံုး အတြင္​းအားအျမစ္​႐ွိတယ္​လို႔ငါၾကားတယ္​"ဟု ျပန္​​ေျပာ​ေလသည္​။

ယဲ့႐ို႔အား ယြင္​​ေ႐ွာင္​းဂိုဏ္​းမွ ​ေရြးခ်ယ္​လိုက္​​ေသာသတင္​းသည္​ လင္​ျမဳိ့တစ္​ၿမိဳ႕လံုးပ်ံ ့ႏွံ့ေန​သည္​မွာ အခ်ိန္​အတိုင္​းအတာတစ္​ခု႐ွိၿပီ ျဖစ္​သည္​။ ထိုမ်ွမကယဲ့႐ို႔တြင္​ အဆင္​့အျမင္​့ဆံုး အတြင္​းအားအျမစ္​႐ွိ​သည္​့သတင္​းအား ျဖန္​႔​ေသာသူမွာ ယဲ့အိမ္​​ေတာ္​၏ အႀကီးကဲ ပင္​ျဖစ္​သည္​။

သူမသည္​ ရြဲ႔​ေသာအသံျဖင္​့ အားရပါးရ ​ေအာ္​ရီလိုက္​ၿပီး
"အ့ဲအတြင္​းအားအျမစ္​က နဂိုကက်မရဲ႕ဟာ" ဟု​ေျပာ​ေလသည္​။

​ေဆ့သခင္​ႀကီးမွာ ​ေခတၱခဏမွင္​သက္​ သြားသည္​။ အ့ဲအတြင္​းအားအျမစ္​က ယဲ့က်င္​့ထန္​ရဲ့အျမစ္​?။

သူမသည္​ သူမ၏ အက်ီၤအား အနည္​းငယ္​မလိုက္​ကာ သူမ ဗိုက္​​ေအာက္​ပိုင္​းကိုျပ​ေလသည္​။ လက္​ႏွစ္​လံုးခန္​႔မ်ွသာ႐ွိ​ေသာ္​​လည္​း အင္​မတန္​ ႐ုပ္​ဆိုးအက်ည္​းတန္​လွတဲ့ အမာရြတ္​ႀကီးသည္​ သူမ၏ ျဖဴ​ေဖြး​ေသာအသား​ေရ​ေပၚမွာ ထင္​႐ွား​ေန​ေလသည္​။

"ယဲ့႐ို႔ဟာ က်မရဲ႕ ဗိုက္​ကို​ေဖာက္​၊ အတြင္​းအားအျမစ္​ကို ႏိႈက္​ထုတ္​ၿပီး သူမရဲ႕ ခႏၶာကိုယ္​ထဲ ထည္​့ခဲ့တဲ့သူျဖစ္​တယ္​။ ဒါ​ေတြအားလံုးဟာ ယဲ့အႀကီးကဲရဲ႕ အၾကံအစည္​ေတြျဖစ္​တယ္​။

သူ႔ရဲ႕ေျမးအဆင္​့အျမင္​့ဆံုး အတြင္​းအားအျမစ္ရဖို႔ အႀကီးကဲက က်မကို ထိခိုက္​​ေအာင္​လုပ္​ဖို႔၀န္​မ​ေလးခဲ့ဘူး။ ဒါဆိုရင္​ သူအိမ္​​ေတာ္​အႀကီးအကဲျဖစ္​လာဖို႔ဆိုရင္​​ေကာ? က်မလို ​လမ္​း​ေဘးက ​ေက်ာက္​ခဲ့တစ္​လံုးလိုလူကို လြတ္ျငမ္​းခ်မ္​းသာခြင္​့​ ​ေပးမတဲ့လား?"

ဟုယဲ့က်င္​့ထန္​သည္​ ထိုကဲ့သို အျဖစ္​အပ်က္​ဆိုးမ်ားကို သူမကိုယ္​တိုင္​ မၾကံဳ​ေတြ႔ခဲ့ရသလို ​ေအး​ေဆးစြာျဖင္​့ ​ေျပာျပၿပီး​ေႏွာက္​ သူမ၏ အက်ီၤကို ​ေသ​ေသသပ္​သပ္​ ျဖစ္​​ေအာင္​ ျပန္​ဆြဲခ်လိုက္​သည္​။

ထိုျမင္​ကြင္​းနွင္​့အျဖစ္​အပ်က္​မွာ ခန္​းမထဲ႐ွိလူမ်ားအားလံုးကို ဆြံ႔အသြား​ေစသည္​။

​ဗိုက္​ကိုခြဲၿပီး အတြင္​းအားအျမစ္​ကို ႏိႈက္​ထုတ္​ယူတယ္​!

ဘယ္​လို​ေတာင္​ ရက္​စက္​မႈပါလိမ္​့!

အတြင္​းအားအျမစ္သည္​ လူတိုင္​း၏ အသက္​ကိုကာကြယ္​​ေပး​ေသာ စြမ္​းအားအရင္​းအျမစ္​ျဖစ္​ၿပီး လူတစ္​​ေယာက္​၏ ​ရည္​မွန္​းခ်က္​ပန္​း​တိုင္​​ေရာက္​​ေအာင္​ ကူညီ​ေပး​ေသာ အရာလည္​းျဖစ္​သည္​။

လူတစ္​​ေယာက္ရဲ႕ အတြင္​းအားအျမစ္​ကို ကိုယ္​ႀကိဳးအတြက္​ ထုတ္​ယူျခင္​းသည္​ စက္​စုပ္​ရြံ႐ွာ စရာ​ေကာင္​းရံုမ်ွသာမက ယုတ္​မာၿပီး ကိုယ္​့က်င္​့တရားမ​ေကာင္​း​ေသာသူမ်ားကပင္​ မက်င္​့သံုးရန္​ ထားျမစ္​ထား​ေသာ အရာျဖစ္​သည္​။

ဤကဲ့သို႔ အျဖစ္​အပ်က္​မ်ိဳး ယဲ့အိမ္​​ေတာ္​ထဲမွာ ျဖစ္​ပြားခဲ့လိမ္​့မယ္​လို႔ မည္​သူ စဥ္​းစားမိ မည္​နည္​း?

​ေဆ့သခင္​ႀကီးသည္​အသက္​ကို တ၀႐ွဴ လိုက္​သည္​။ ဒီအခ်ိန္​တြင္​ သူသိလိုက္​သည္​မွာ ယဲ့က်င္​့ထန္​ ​ေဆ့အိမ္​​ေတာ့ကိုလာရျခင္​းသည္​ သူမႏွင္​့ သူမဖခင္​အတြက္​ အသက္​႐ွင္​ဖို႔ နည္​းလမ္​းအား လာ႐ွာျခင္​းပင္​ ျဖစ္​သည္​။

ယဲ့အိမ္​​ေတာ္ကို အႀကီးကဲသည္​ လံုး၀ထိန္​းခ်ဳပ္​ထားသျဖင္​့ မၾကာမီအခ်ိန္​တြင္​ သားအဖႏွစ္​​ေယာက္​ဒုကၡ ​ေရာက္​မည္​မွာ ​ေသခ်ာသည္​...

​"ဒီ​ေဆးၫႊန္​းႏွစ္​ခုကို​ေပးရျခင္​းက ​တတိယသခင္​​ေလး​ခံစား​ေနရတဲ့ ​ေရာဂါ​ကို ​ေပ်ာက္​​ေအာင္​ကူညီ​ေပးႏိုင္​ၿပီး က်မရဲ႕ စိတ္​ရင္​းကို​ေဖာ္​ျပတဲ့သ​ေဘာပါ။ သူနားက်င္​ခံစား​ေနရတာ​ေတြကို ​ေပ်ာက္​​ေအာင္​ကု​ေပးႏိုင္​သလို သာမန္​လူတစ္​​ေယာက္​လို႔ အသက္​ရာခ်ီၿပီး​ က်န္​းက်န္​းမာမာနဲ႔ ​ေနႏိုင္​​ေအာင္​ က်မကု​ေပးလို႔ရပါတယ္​"ဟု သူမ၏ ၾကည္​လင္​​ေတာက္​ပ​ေသာ မ်က္​လံုးမ်ားျဖင္​့​ေျပာ​ေလသည္​။

သူမ​ေျပာ​ေသာ စကားမ်ားသည္​ ​ေဆ့သခင္​ႀကီး၏ ​အားနည္​းခ်က္​ကို တိုက္​႐ိုက္​ထိမိ​ေလသည္​။

သူသည္​ ​ေဆ့ဘိုင္​ကို အသက္​႐ွည္​႐ွည္​​ေနႏိုင္​​ေစရန္​ အလြန္​အားထုတ္​ႀကိဳးစားခဲ့သည္​။

"မင္​းအတြက္​ ​ေဆ့အိမ္​​ေတာ္​က ဘာျပန္​လုပ္​​ေပးရမလဲ? မင္​းဘက္​ကရပ္​တည္​​ေပးရမယ္​ဆိုရင္​​ေတာ့ မျဖစ္​ႏိုင္​ဘူးလို႔ထင္​တယ္​။ မင္​းတို႔ ယဲ့အိမ္​​ေတာ္​ကို တိုက္​ခိုက္​ဖို႔ ငါတို႔မွာ အစြမ္​း႐ွိရင္​ မင္​းတို႔အိမ္​​ေတာ္​တစ္​ခုလံုးကို ဖ်က္​စီးျပစ္​တာၾကာခဲ့ၿပီ" ​ေဆ့သခင္​ႀကီးျပန္​​ေျဖ​ေလသည္​။

"က်မ ဘာသာရပ္​တည္​ၿပီး က်မ ကလဲ့စား က်မဘာသာ ​ေခ်မွာပါ။ ​ေဆ့အိမ္​​ေတာ္​ဆီက က်မလိုအပ္​တာက ကိစၥ​ေလးတစ္​ခုလုပ္​​ေပးရံုပါ" ဟုယဲ့က်င္​့ထန္​သည္​ ရယ္​ကာ​ေျပာ​ေလသည္​။

"ယဲ့အိမ္​​ေတာ္​နဲ႔ ထိပ္​တိုက္​ရင္​ဆိုင္​ ရမယ္​့ကိစၥ က လြဲၿပီး မင္​းလိုခ်င္​တာ ငါ့ကို​ေျပာႏိုင္​တယ္​" ဟု ​ေဆ့သခင္​ႀကီးကတိ​ေပး​ေလသည္​။

ယဲ့က်င္​့ထန္​၏ မ်က္​လံုးမ်ားသည္​ ​ေက်နပ္​​ေသာ အရိပ္​အ​ေယာင္​သန္​းသြားသည္​။ သူမလိုခ်င္​သည္​မွာ ထိုကတိပင္​ျဖစ္​သည္​။

"​​ေဆ့သခင္​ႀကီး က်မကို လူတစ္​​ေယာက္​နဲ႔ မိတ္​ဆက္​​ေပးလို႔ရႏိုင္​မလား?"

"ဘယ္​သူနဲ႔လည္​း?"

"မုစူ"

​ေဆ့သခင္​ႀကီး၏ မ်က္​ႏွာအမူအရာမွာ ​ေျပာင္​းလဲသြားၿပီး ယဲ့က်င္​့ထန္​အား ထူးဆန္​းစြာၾကည္​့​ေလသည္​။

မုစုသည္​ fallen star ၿမိဳ႕​ေတာ္​ရဲ႕ ၿမိဳ႕စားျဖစ္​သည္​။ သူ၏ နံမည္​အား ၿမိဳ႕​ေတာ္​တစ္​ခုလံုး၌ မသိ​ေသာသူမ႐ွိသည္​့အျပင္​ သူ၏ သိုင္​းပညာအစြမ္​းသည္​ မည္​သည္​့အဆင္​့တြင္​႐ွိသည္​ကို တိုင္​းတာ၍ မရၾက​ေပ။

သူသည္​ အဆင္​့အတန္​းျမင္​့​ေသာ အစြမ္​းထက္​သည္​့ သူျဖစ္​ၿပီး ဂိုဏ္​းမ်ားစြာ၏ ​ေခါင္​း​ေဆာင္​မ်ားႏွင္​့ ခင္​မင္​ရင္​းနီး​ေသာသူျဖစ္​သည္​။ တိုင္​ျပည္​တစ္​ခု၏႐ွင္​ဘုရင္​​ေတာင္​ မုစုလာလ်ွင္​ ​ေခါင္​းငံု႔ ႀကိဳဆိုရသည္​။

​ေဆ့အိမ္​​ေတာ္​နဲ႔ မုစုသည္​ အဆက္​အသြယ္​႐ွိသည္​။ သို​ေသာ္​လည္​း ​ေဆ့အိမ္​​ေတာ္​႐ွိ လူအနည္​းငယ္​သာ ထိုအ​ေၾကာင္​းကိုသိသည္​။ 'ဒါကို ယဲ့က်င္​့ထန္​က ဘယ္​လိုလုပ္​သိသြားတာလည္​း?'

⭐⭐⭐⭐⭐⭐⭐

Unicode

•••အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း•••
အခန်း ၁၉. ငါ့ကလဲ့စား ငါ့ဘာငါချေမယ်(၄)

'ယွင်ရှောင်းဂိုဏ်း' ဟုကြားလိုက်ရသော ဆေ့သခင်ကြီးမှာ အလွန်ထိတ်လန့်သွားသည်။ ယွင်ရှောင်းဂိုဏ်းမှာ အင်အားကြီးမားပြီး နာမည်ကျော်ကြားသော ဂိုဏ်းဖြစ်ပြီး တိုင်းပြည်တစ်ခုလုံးကို မြေလှန်ဖျက်စီးနိုင်သော အစွမ်းရှိသည့် အဆင့်မြင့်သိုင်းပညာရှင်များစွာ နှင့် တပည့်များစွာရှိသော ဂိုဏ်းဖြစ်သည်။

"ငါ အနည်းငယ်တော့ ကြားဖူးတယ်"

ယဲ့ကျင့်ထန်သည်
"ဒါဆို ဘာလို့ ယွင်ရှောင်းဂိုဏ်းက ယဲ့ရို့ကို သဘောကျပြီး လက်ခံလိုက်သလဲ ဆေ့သခင်ကြီးသိသလား?" ဟုပြုံးကာပြောလေသည်။

ဆေ့သခင်ကြီးမှာ ခဏတာတိတ်ဆိတ်သွားပြီး "ယဲ့ရို့မှာ အဆင့်အမြင့်ဆုံး အတွင်းအားအမြစ်ရှိတယ်လို့ငါကြားတယ်"ဟု ပြန်ပြောလေသည်။

ယဲ့ရို့အား ယွင်ရှောင်းဂိုဏ်းမှ ရွေးချယ်လိုက်သောသတင်းသည် လင်မြို့တစ်မြို့လုံးပျံ့နှံ့နေသည်မှာ အချိန်အတိုင်းအတာတစ်ခုရှိပြီ ဖြစ်သည်။ ထိုမျှမကယဲ့ရို့တွင် အဆင့်အမြင့်ဆုံး အတွင်းအားအမြစ်ရှိသည့်သတင်းအား ဖြန့်သောသူမှာ ယဲ့အိမ်တော်၏ အကြီးကဲ ပင်ဖြစ်သည်။

သူမသည် ရွဲ့သောအသံဖြင့် အားရပါးရ အော်ရီလိုက်ပြီး
"အဲ့အတွင်းအားအမြစ်က နဂိုကကျမရဲ့ဟာ" ဟုပြောလေသည်။

ဆေ့သခင်ကြီးမှာ ခေတ္တခဏမှင်သက် သွားသည်။ အဲ့အတွင်းအားအမြစ်က ယဲ့ကျင့်ထန်ရဲ့အမြစ်?။

သူမသည် သူမ၏ အကျီၤအား အနည်းငယ်မလိုက်ကာ သူမ ဗိုက်အောက်ပိုင်းကိုပြလေသည်။ လက်နှစ်လုံးခန့်မျှသာရှိသော်လည်း အင်မတန် ရုပ်ဆိုးအကျည်းတန်လှတဲ့ အမာရွတ်ကြီးသည် သူမ၏ ဖြူဖွေးသောအသားရေပေါ်မှာ ထင်ရှားနေလေသည်။

"ယဲ့ရို့ဟာ ကျမရဲ့ ဗိုက်ကိုဖောက်၊ အတွင်းအားအမြစ်ကို နှိုက်ထုတ်ပြီး သူမရဲ့ ခန္ဓာကိုယ်ထဲ ထည့်ခဲ့တဲ့သူဖြစ်တယ်။ ဒါတွေအားလုံးဟာ ယဲ့အကြီးကဲရဲ့ အကြံအစည်တွေဖြစ်တယ်။

သူ့ရဲ့မြေးအဆင့်အမြင့်ဆုံး အတွင်းအားအမြစ်ရဖို့ အကြီးကဲက ကျမကို ထိခိုက်အောင်လုပ်ဖို့ဝန်မလေးခဲ့ဘူး။ ဒါဆိုရင် သူအိမ်တော်အကြီးအကဲဖြစ်လာဖို့ဆိုရင်ကော? ကျမလို လမ်းဘေးက ကျောက်ခဲ့တစ်လုံးလိုလူကို လွတ်ငြမ်းချမ်းသာခွင့် ပေးမတဲ့လား?"

ဟုယဲ့ကျင့်ထန်သည် ထိုကဲ့သို အဖြစ်အပျက်ဆိုးများကို သူမကိုယ်တိုင် မကြုံတွေ့ခဲ့ရသလို အေးဆေးစွာဖြင့် ပြောပြပြီးနှောက် သူမ၏ အကျီၤကို သေသေသပ်သပ် ဖြစ်အောင် ပြန်ဆွဲချလိုက်သည်။

ထိုမြင်ကွင်းနှင့်အဖြစ်အပျက်မှာ ခန်းမထဲရှိလူများအားလုံးကို ဆွံ့အသွားစေသည်။

ဗိုက်ကိုခွဲပြီး အတွင်းအားအမြစ်ကို နှိုက်ထုတ်ယူတယ်!

ဘယ်လိုတောင် ရက်စက်မှုပါလိမ့်!

အတွင်းအားအမြစ်သည် လူတိုင်း၏ အသက်ကိုကာကွယ်ပေးသော စွမ်းအားအရင်းအမြစ်ဖြစ်ပြီး လူတစ်ယောက်၏ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကူညီပေးသော အရာလည်းဖြစ်သည်။

လူတစ်ယောက်ရဲ့ အတွင်းအားအမြစ်ကို ကိုယ်ကြိုးအတွက် ထုတ်ယူခြင်းသည် စက်စုပ်ရွံရှာ စရာကောင်းရုံမျှသာမက ယုတ်မာပြီး ကိုယ့်ကျင့်တရားမကောင်းသောသူများကပင် မကျင့်သုံးရန် ထားမြစ်ထားသော အရာဖြစ်သည်။

ဤကဲ့သို့ အဖြစ်အပျက်မျိုး ယဲ့အိမ်တော်ထဲမှာ ဖြစ်ပွားခဲ့လိမ့်မယ်လို့ မည်သူ စဉ်းစားမိ မည်နည်း?

ဆေ့သခင်ကြီးသည်အသက်ကို တဝရှူ လိုက်သည်။ ဒီအချိန်တွင် သူသိလိုက်သည်မှာ ယဲ့ကျင့်ထန် ဆေ့အိမ်တော့ကိုလာရခြင်းသည် သူမနှင့် သူမဖခင်အတွက် အသက်ရှင်ဖို့ နည်းလမ်းအား လာရှာခြင်းပင် ဖြစ်သည်။

ယဲ့အိမ်တော်ကို အကြီးကဲသည် လုံးဝထိန်းချုပ်ထားသဖြင့် မကြာမီအချိန်တွင် သားအဖနှစ်ယောက်ဒုက္ခ ရောက်မည်မှာ သေချာသည်...

"ဒီဆေးညွှန်းနှစ်ခုကိုပေးရခြင်းက တတိယသခင်လေးခံစားနေရတဲ့ ရောဂါကို ပျောက်အောင်ကူညီပေးနိုင်ပြီး ကျမရဲ့ စိတ်ရင်းကိုဖော်ပြတဲ့သဘောပါ။ သူနားကျင်ခံစားနေရတာတွေကို ပျောက်အောင်ကုပေးနိုင်သလို သာမန်လူတစ်ယောက်လို့ အသက်ရာချီပြီး ကျန်းကျန်းမာမာနဲ့ နေနိုင်အောင် ကျမကုပေးလို့ရပါတယ်"ဟု သူမ၏ ကြည်လင်တောက်ပသော မျက်လုံးများဖြင့်ပြောလေသည်။

သူမပြောသော စကားများသည် ဆေ့သခင်ကြီး၏ အားနည်းချက်ကို တိုက်ရိုက်ထိမိလေသည်။

သူသည် ဆေ့ဘိုင်ကို အသက်ရှည်ရှည်နေနိုင်စေရန် အလွန်အားထုတ်ကြိုးစားခဲ့သည်။

"မင်းအတွက် ဆေ့အိမ်တော်က ဘာပြန်လုပ်ပေးရမလဲ? မင်းဘက်ကရပ်တည်ပေးရမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ထင်တယ်။ မင်းတို့ ယဲ့အိမ်တော်ကို တိုက်ခိုက်ဖို့ ငါတို့မှာ အစွမ်းရှိရင် မင်းတို့အိမ်တော်တစ်ခုလုံးကို ဖျက်စီးပြစ်တာကြာခဲ့ပြီ" ဆေ့သခင်ကြီးပြန်ဖြေလေသည်။

"ကျမ ဘာသာရပ်တည်ပြီး ကျမ ကလဲ့စား ကျမဘာသာ ချေမှာပါ။ ဆေ့အိမ်တော်ဆီက ကျမလိုအပ်တာက ကိစ္စလေးတစ်ခုလုပ်ပေးရုံပါ" ဟုယဲ့ကျင့်ထန်သည် ရယ်ကာပြောလေသည်။

"ယဲ့အိမ်တော်နဲ့ ထိပ်တိုက်ရင်ဆိုင် ရမယ့်ကိစ္စ က လွဲပြီး မင်းလိုချင်တာ ငါ့ကိုပြောနိုင်တယ်" ဟု ဆေ့သခင်ကြီးကတိပေးလေသည်။

ယဲ့ကျင့်ထန်၏ မျက်လုံးများသည် ကျေနပ်သော အရိပ်အယောင်သန်းသွားသည်။ သူမလိုချင်သည်မှာ ထိုကတိပင်ဖြစ်သည်။

"ဆေ့သခင်ကြီး ကျမကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးလို့ရနိုင်မလား?"

"ဘယ်သူနဲ့လည်း?"

"မုစူ"

ဆေ့သခင်ကြီး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး ယဲ့ကျင့်ထန်အား ထူးဆန်းစွာကြည့်လေသည်။

မုစုသည် fallen star မြို့တော်ရဲ့ မြို့စားဖြစ်သည်။ သူ၏ နံမည်အား မြို့တော်တစ်ခုလုံး၌ မသိသောသူမရှိသည့်အပြင် သူ၏ သိုင်းပညာအစွမ်းသည် မည်သည့်အဆင့်တွင်ရှိသည်ကို တိုင်းတာ၍ မရကြပေ။

သူသည် အဆင့်အတန်းမြင့်သော အစွမ်းထက်သည့် သူဖြစ်ပြီး ဂိုဏ်းများစွာ၏ ခေါင်းဆောင်များနှင့် ခင်မင်ရင်းနီးသောသူဖြစ်သည်။ တိုင်ပြည်တစ်ခု၏ရှင်ဘုရင်တောင် မုစုလာလျှင် ခေါင်းငုံ့ ကြိုဆိုရသည်။

ဆေ့အိမ်တော်နဲ့ မုစုသည် အဆက်အသွယ်ရှိသည်။ သိုသော်လည်း ဆေ့အိမ်တော်ရှိ လူအနည်းငယ်သာ ထိုအကြောင်းကိုသိသည်။ 'ဒါကို ယဲ့ကျင့်ထန်က ဘယ်လိုလုပ်သိသွားတာလည်း?'

⭐⭐⭐⭐⭐⭐⭐

Unicode

Continue Reading

You'll Also Like

86.2K 8.3K 106
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
127K 10.5K 165
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
2M 339K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
1.5M 192K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...