•••အင္အားႀကီးမိဖုရား၏ ျပန္လည္ရွင္သန္ျခင္း•••
အခန္း ၁၇. ငါ့ကလဲ့စား ငါ့ဘာငါေခ်မယ္ (၂)
..............
"အဖိုးရယ္ ထားလိုက္ပါ" ဟုယဲ့က်င့္ထန္ေဘးသို႔ ေဆ့ဘိုင္သည္ သြားကာကာကြယ္ေပးေလသည္။ အသက္ငယ္ေသးေသာယဲ့က်င့္ထန္သည္ မိမိအားကုသေပးႏိုင္မည္ကို သူသည္မယုံခဲ့ေပ။
ေဆ့သခင္ႀကီး၏မ်က္ႏွာမွာ ႐ုတ္တရက္တင္းမာသြားၿပီး
"ေဆ့ဘိုင္ ဖယ္စမ္း!" ဟုေျပာေလသည္။
ေဆ့ဘိုင္သည္မ်က္ႏွာပ်က္သြားၿပီး ယဲ့က်င့္ထန္အားအနားကပ္၍
"ယဲ့မိန္းကေလး၊ က်ေတာ္ျပန္လိုက္ပို႔ေပးမယ္" ဟု တျခားသူမ်ားမၾကားေစရန္ တိုးတိတ္စြာေျပာေလသည္။ ထို႔ေနာက္ သူမအားခန္းမထဲမေခၚသြားဖို႔ျပင္ေလသည္။
ဒါေပမယ့္ယဲ့က်င့္ထန္မွာ မတုန္မလႈပ္ပဲသူ႔အားၿပဳံးျပကာ ေခါင္းခါၿပီးေနရာမွတုပ္တုပ္မွ် မလႈပ္ပဲေနေလသည္။
ေဆ့ဘိုင္သည္ ေဝခြဲမရျဖစ္ေလသည္။ ယဲ့အိမ္ေတာ္၏ သခင္မေလးသည္ ဤမွ်ေလာက္ ေခါင္းမာလိမ့္မည္ကိုသူမထင္ထားခဲ့ေပ။
သူ၏အဖိုးသည္ ယဲ့အိမ္ေတာ္အေပၚလြန္စြာ မုန္းတီးေသာေၾကာင့္ ယဲ့က်င့္ထန္အားအေကာင္းပကတိအတိုင္း ျပန္လႊတ္မည္မဟုတ္ေပ။ သူမအခုမျပန္လွ်င္ ဘယ္ေသာအခါမွေဆ့အိမ္ေတာ့မွ ျပန္ထြက္၍ရေတာ့မည္မဟုတ္ေပ။
ေဆ့ဘိုင့္ခန႔္မွန္းထားသလိုပင္ ေဆ့သခင္ႀကီးမွာ "ယဲ့က်င့္ထန္ကို ဖမ္းေခၚသြားၾကစမ္း!" ဟု က်ယ္ေလာင္စြာ အမိန႔္ေပးလိုက္ေလသည္။
ခန္းမထဲမွေဆ့သခင္ႀကီး အမိန႔္ေၾကာင့္အျပင္တြင္ ေစာင့္ေနၾကေသာအေစာင့္မ်ားသည္ ယဲ့က်င့္ထန္အားဖမ္းဆီးရန္ ခန္းမထဲသို႔ဝင္လာၾကေလသည္။
ဒါေပမယ့္......
"အားလုံးရပ္လိုက္! ရပ္လိုက္ၾက! နားလည္မႈလြဲေနတာပါ! နားလည္မႈလြဲေနတာ!"
အလြန္အံ့အားသြင့္သြားရာမွျပန္လည္ အသိစိတ္ဝင္လာေသာ ေဆးဆရာႀကီးဇူသည္ေဆ့သခင္ႀကီးမွယဲ့က်င့္ထန္ကို ဖမ္းေခၚသြားရန္ သူ႔လူမ်ားအားအမိန္ေပးသည္ကိုျမင္ေသာအခါ အလွ်င္အျမန္ယဲ့က်င့္ထန္ေရွ႕သို႔ေပးသြားၿပီး သူမအားကာကြယ္ေလသည္။
သူ႔လက္ထဲတြင္ရွိေနေသာေဆးၫႊန္းအား ေဆ့သခင္ႀကီးအား ျပကာတုန္လႈပ္ေနေသာ မ်က္လုံးမ်ားျဖင့္ၾကည့္ေလသည္။
ေဆ့သခင္ႀကီးမွာ ႐ုတ္တရက္ယဲ့က်င့္ထန္အား ကာကြယ္ေပးေနေသာ ေဆးဆရာႀကီးဇူအား
"ေဆးဆရာႀကီးဇူ, ခင္မ်ားဒါဘာလုပ္တာလည္း?" ဟု
ရႈပ္ေထြးေသာအၾကည့္မ်ားျဖင့္ ေျပာေလသည္။
အလြန္အမင္းစိတ္လႈပ္ရွားကာ ငိုေတာ့မည့္ဆဲဆဲ ျဖစ္ေနေသာ ေဆးဆရာႀကီးဇူသည္
"ေဆ့သခင္ႀကီး ယဲ့မိန္းကေလးကိုထိခိုက္ေအာင္မလုပ္ပါနဲ႔! သူမကိုထိခိုက္ေအာင္မလုပ္ပါနဲ႔!" ဟု အလွ်င္အျမန္ေျပာေလသည္။
"ဘာလို႔မလုပ္ရမွာလဲ? သူမရဲ႕ေဆးၫႊန္းက ငါရဲ႕တတိယေျမးကို ဒုကၡေရာက္ေအာင္...." စကားပင္မဆုံးလိုက္
ေဆးဆရာႀကီးဇူက "ဒီေဆးၫႊန္းက တကယ္ကုသလို႔ရတယ္! တတိယေဆ့သခင္ေလးအသက္ကို တကယ္ကယ္တင္ႏိုင္တယ္!" ဟုအေလာတႀကီးေျပာေလသည္။
"...." ေဆ့သခင္ႀကီးသည္ မယုံႏိုင္ပဲ
"ဘာေျပာလိုက္တယ္?!" ဟုေဆးဆရာႀကီးအား ေမးေလသည္။
ေဆးဆရာႀကီးဇူသည္ အသက္ကိုျပင္းစြားရႉထုတ္လိုက္ေလသည္။ သူ၏ စိတ္လႈပ္ရွားမႈအား ထိန္းခ်ဳပ္ၿပီး
"အရင္တုန္းက တတိယသခင္ေလးထဲမွာ ရွိေနတဲ့ အဆိပ္ကို ဖယ္ထုတ္ဖို႔ မျဖစ္ႏိုင္ေလာက္ဖူးလို႔ သခင္ႀကီးကိုေျပာခဲ့ဖူးတယ္. ဒီေလာကမွာ ေရခဲအဆိပ္ကို လုံးဝဖယ္ရွားႏိုင္တဲ့ ေဆးနည္းက ဂူရႉးေဆးက်မ္း ထဲမွာပဲ ရွာလို႔ေတြ႕ႏိုင္တယ္.
ဒါေပမယ့္ အဲ့ေဆးစာအုပ္က ေပ်ာက္ဆုံးေနတာၾကာၿပီ ျဖစ္ၿပီး က်ေတာ့ ဆရာသခင္ေတာင္ စာအုပ္ရဲ႕ စာမ်က္ႏွာအခ်ိဳ႕ကိုပဲ ရွာေတြ႕ခဲ့တယ္. ခုနတုန္းက ယဲ့သခင္မေလးေရးေပးတဲ့ ေဆးၫႊန္းႏွစ္ခုက တကယ္ပဲ တတိယ သခင္ေလး ခႏၶာကိုယ္ထဲမွာ ရွိေနတဲ့အဆိပ္ကို ဖယ္ရွားဖို႔အတြက္ ျဖစ္တယ္။ အခ်ိန္အတိုင္းအတာတစ္ခု ေပးၿပီး ကုသမယ္ဆိုရင္ အဆိပ္ကို လုံးဝဖယ္ရွားျပစ္လိုက္ႏိုင္မွာျဖစ္တယ္။ သူအသက္ရွည္ရွည္ေနရမယ္လို႔အာမ မခံႏိုင္ေပမယ့္ အသက္ ၃၀ ေလာက္အထိေတာ့ အခက္အခဲမရွိေနလို႔ရလိမ့္မယ္!" ဟုေျပာေလသည္။
ေဆးဆရာႀကီးဇူမွာ လြန္စြာ စိတ္လႈပ္ရွား ေပ်ာ္႐ြင္ေနသည္။ ၁၅နစ္အ႐ြယ္ကေလးမေလးဆီမွ ဂူရႉးေဆးက်မ္းထဲက ေဆးၫႊန္းႏွစ္ခုကို ရရွိမယ္ဆိုတာ သူသည္ ေတြးပင္မေတြးထားမိခဲ့ေပ။
ထို ေဆးက်မ္းမွာ ကမာၻေပၚမွာရွိတဲ့ ေဆးဆရာမ်ားအတြက္မ်ားစြာ အေရးပါ တန္ဖိုးရွိေသာ စာအုပ္ျဖစ္ေလသည္။ လူမ်ားစြာသည္ ထိုေဆးက်မ္းအား ရွာေဖြခဲ့ၾကေသာ္လည္း ထိုေဆးက်မ္း၏ စာမ်က္ႏွာ အခ်ိဳ႕ကိုပင္ ရွာေဖြေတြရွိဖို႔ဆိုသည္မွာ မလြယ္ကူေပ။ သိုေပမယ့္ ယေန႔တြင္ သူသည္ ထိုေဆးက်မ္းထဲ၌ ပါဝင္ေသာ အရာမ်ားကို မိန္းမပ်ိဳးေလးေရး ေပးေသာ ေဆးၫႊန္းႏွစ္ခုထဲတြင့္ ဖတ္ခြင့္ရေလသည္။
ယခုအခ်ိန္တြင္ ေဆးဆရာႀကီးဇူမွာ ယဲ့က်င့္ထန္၏ ေဆးပညာအား သိခ်င္စိတ္မ်ားျပင္းထန္ေသာ အၾကည့္မ်ားျဖင့္ၾကည့္ေနေလသည္။
ေဆ့သခင္ႀကီးမွာ လုံးဝအံ့ၾသသြားေလသည္။ ေဆးဆရာႀကီးဇူမွာ ေဆးပညာတြင္ အစြမ္းထက္ၿပီး ေဆ့အိမ္ေတာ္ႏွင့္ အလြန္ ရင္းနီးေသာ သူျဖစ္သည္။ ထို႔ေၾကာင့္ ေဆးဆရာႀကီးဇူေျပာသမွ်ကို သူသည္ယုံသည္။
ထို႔ေနာက္ ေဆ့သခင္ႀကီး၏ မ်က္ႏွာအမူအရာမွာ အနည္းငယ္ ေျပာင္းလဲသြားေလသည္။
ေဘးတြင္ရပ္ေနေသာ ေဆ့ဘိုင္သည္ ေခတၱခဏ တုံ႔ဆိုင္း သြားၿပီး ေအးေဆးတည္ၿငိမ္ေန ေသာ ယဲ့က်င့္ထန္အား အံ့အားသင့္စြာၾကည့္ေလသည္။
ယဲ့က်င့္ထန္သည္ ေရွ႕သို႔ထြက္လာ၍ တစ္ခ်က္ၿပဳံးလိုက္ကာ ေဆ့သခင္ႀကီးအားၾကည့္ၿပီး
"အခု သမီးကို ေဆ့သခင္ႀကီး ယုံၿပီမလား?"
⭐⭐⭐⭐⭐⭐⭐
Unicode
•••အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း•••
အခန်း ၁၇. ငါ့ကလဲ့စား ငါ့ဘာငါချေမယ် (၂)
..............
"အဖိုးရယ် ထားလိုက်ပါ" ဟုယဲ့ကျင့်ထန်ဘေးသို့ ဆေ့ဘိုင်သည် သွားကာကာကွယ်ပေးလေသည်။ အသက်ငယ်သေးသောယဲ့ကျင့်ထန်သည် မိမိအားကုသပေးနိုင်မည်ကို သူသည်မယုံခဲ့ပေ။
ဆေ့သခင်ကြီး၏မျက်နှာမှာ ရုတ်တရက်တင်းမာသွားပြီး
"ဆေ့ဘိုင် ဖယ်စမ်း!" ဟုပြောလေသည်။
ဆေ့ဘိုင်သည်မျက်နှာပျက်သွားပြီး ယဲ့ကျင့်ထန်အားအနားကပ်၍
"ယဲ့မိန်းကလေး၊ ကျတော်ပြန်လိုက်ပို့ပေးမယ်" ဟု တခြားသူများမကြားစေရန် တိုးတိတ်စွာပြောလေသည်။ ထို့နောက် သူမအားခန်းမထဲမခေါ်သွားဖို့ပြင်လေသည်။
ဒါပေမယ့်ယဲ့ကျင့်ထန်မှာ မတုန်မလှုပ်ပဲသူ့အားပြုံးပြကာ ခေါင်းခါပြီးနေရာမှတုပ်တုပ်မျှ မလှုပ်ပဲနေလေသည်။
ဆေ့ဘိုင်သည် ဝေခွဲမရဖြစ်လေသည်။ ယဲ့အိမ်တော်၏ သခင်မလေးသည် ဤမျှလောက် ခေါင်းမာလိမ့်မည်ကိုသူမထင်ထားခဲ့ပေ။
သူ၏အဖိုးသည် ယဲ့အိမ်တော်အပေါ်လွန်စွာ မုန်းတီးသောကြောင့် ယဲ့ကျင့်ထန်အားအကောင်းပကတိအတိုင်း ပြန်လွှတ်မည်မဟုတ်ပေ။ သူမအခုမပြန်လျှင် ဘယ်သောအခါမှဆေ့အိမ်တော့မှ ပြန်ထွက်၍ရတော့မည်မဟုတ်ပေ။
ဆေ့ဘိုင့်ခန့်မှန်းထားသလိုပင် ဆေ့သခင်ကြီးမှာ "ယဲ့ကျင့်ထန်ကို ဖမ်းခေါ်သွားကြစမ်း!" ဟု ကျယ်လောင်စွာ အမိန့်ပေးလိုက်လေသည်။
ခန်းမထဲမှဆေ့သခင်ကြီး အမိန့်ကြောင့်အပြင်တွင် စောင့်နေကြသောအစောင့်များသည် ယဲ့ကျင့်ထန်အားဖမ်းဆီးရန် ခန်းမထဲသို့ဝင်လာကြလေသည်။
ဒါပေမယ့်......
"အားလုံးရပ်လိုက်! ရပ်လိုက်ကြ! နားလည်မှုလွဲနေတာပါ! နားလည်မှုလွဲနေတာ!"
အလွန်အံ့အားသွင့်သွားရာမှပြန်လည် အသိစိတ်ဝင်လာသော ဆေးဆရာကြီးဇူသည် ဆေ့သခင်ကြီးမှယဲ့ကျင့်ထန်ကို ဖမ်းခေါ်သွားရန် သူ့လူများအားအမိန်ပေးသည်ကိုမြင်သောအခါ အလျှင်အမြန်ယဲ့ကျင့်ထန်ရှေ့သို့ပေးသွားပြီး သူမအားကာကွယ်လေသည်။
သူ့လက်ထဲတွင်ရှိနေသောဆေးညွှန်းအား ဆေ့သခင်ကြီးအား ပြကာတုန်လှုပ်နေသော မျက်လုံးများဖြင့်ကြည့်လေသည်။
ဆေ့သခင်ကြီးမှာ ရုတ်တရက်ယဲ့ကျင့်ထန်အား ကာကွယ်ပေးနေသော ဆေးဆရာကြီးဇူအား
"ဆေးဆရာကြီးဇူ, ခင်များဒါဘာလုပ်တာလည်း?" ဟု
ရှုပ်ထွေးသောအကြည့်များဖြင့် ပြောလေသည်။
အလွန်အမင်းစိတ်လှုပ်ရှားကာ ငိုတော့မည့်ဆဲဆဲ ဖြစ်နေသော ဆေးဆရာကြီးဇူသည်
"ဆေ့သခင်ကြီး ယဲ့မိန်းကလေးကိုထိခိုက်အောင်မလုပ်ပါနဲ့! သူမကိုထိခိုက်အောင်မလုပ်ပါနဲ့!" ဟု အလျှင်အမြန်ပြောလေသည်။
"ဘာလို့မလုပ်ရမှာလဲ? သူမရဲ့ဆေးညွှန်းက ငါရဲ့တတိယမြေးကို ဒုက္ခရောက်အောင်...." စကားပင်မဆုံးလိုက်
ဆေးဆရာကြီးဇူက "ဒီဆေးညွှန်းက တကယ်ကုသလို့ရတယ်! တတိယဆေ့သခင်လေးအသက်ကို တကယ်ကယ်တင်နိုင်တယ်!" ဟုအလောတကြီးပြောလေသည်။
"...." ဆေ့သခင်ကြီးသည် မယုံနိုင်ပဲ
"ဘာပြောလိုက်တယ်?!" ဟုဆေးဆရာကြီးအား မေးလေသည်။
ဆေးဆရာကြီးဇူသည် အသက်ကိုပြင်းစွားရှူထုတ်လိုက်လေသည်။ သူ၏ စိတ်လှုပ်ရှားမှုအား ထိန်းချုပ်ပြီး
"အရင်တုန်းက တတိယသခင်လေးထဲမှာ ရှိနေတဲ့ အဆိပ်ကို ဖယ်ထုတ်ဖို့ မဖြစ်နိုင်လောက်ဖူးလို့ သခင်ကြီးကိုပြောခဲ့ဖူးတယ်. ဒီလောကမှာ ရေခဲအဆိပ်ကို လုံးဝဖယ်ရှားနိုင်တဲ့ ဆေးနည်းက ဂူရှူးဆေးကျမ်း ထဲမှာပဲ ရှာလို့တွေ့နိုင်တယ်.
ဒါပေမယ့် အဲ့ဆေးစာအုပ်က ပျောက်ဆုံးနေတာကြာပြီ ဖြစ်ပြီး ကျတော့ ဆရာသခင်တောင် စာအုပ်ရဲ့ စာမျက်နှာအချို့ကိုပဲ ရှာတွေ့ခဲ့တယ်. ခုနတုန်းက ယဲ့သခင်မလေးရေးပေးတဲ့ ဆေးညွှန်းနှစ်ခုက တကယ်ပဲ တတိယ သခင်လေး ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့အဆိပ်ကို ဖယ်ရှားဖို့အတွက် ဖြစ်တယ်။ အချိန်အတိုင်းအတာတစ်ခု ပေးပြီး ကုသမယ်ဆိုရင် အဆိပ်ကို လုံးဝဖယ်ရှားပြစ်လိုက်နိုင်မှာဖြစ်တယ်။ သူအသက်ရှည်ရှည်နေရမယ်လို့အာမ မခံနိုင်ပေမယ့် အသက် ၃၀ လောက်အထိတော့ အခက်အခဲမရှိနေလို့ရလိမ့်မယ်!" ဟုပြောလေသည်။
ဆေးဆရာကြီးဇူမှာ လွန်စွာ စိတ်လှုပ်ရှား ပျော်ရွင်နေသည်။ ၁၅နစ်အရွယ်ကလေးမလေးဆီမှ ဂူရှူးဆေးကျမ်းထဲက ဆေးညွှန်းနှစ်ခုကို ရရှိမယ်ဆိုတာ သူသည် တွေးပင်မတွေးထားမိခဲ့ပေ။
ထို ဆေးကျမ်းမှာ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဆရာများအတွက်များစွာ အရေးပါ တန်ဖိုးရှိသော စာအုပ်ဖြစ်လေသည်။ လူများစွာသည် ထိုဆေးကျမ်းအား ရှာဖွေခဲ့ကြသော်လည်း ထိုဆေးကျမ်း၏ စာမျက်နှာ အချို့ကိုပင် ရှာဖွေတွေရှိဖို့ဆိုသည်မှာ မလွယ်ကူပေ။ သိုပေမယ့် ယနေ့တွင် သူသည် ထိုဆေးကျမ်းထဲ၌ ပါဝင်သော အရာများကို မိန်းမပျိုးလေးရေး ပေးသော ဆေးညွှန်းနှစ်ခုထဲတွင့် ဖတ်ခွင့်ရလေသည်။
ယခုအချိန်တွင် ဆေးဆရာကြီးဇူမှာ ယဲ့ကျင့်ထန်၏ ဆေးပညာအား သိချင်စိတ်များပြင်းထန်သော အကြည့်များဖြင့်ကြည့်နေလေသည်။
ဆေ့သခင်ကြီးမှာ လုံးဝအံ့သြသွားလေသည်။ ဆေးဆရာကြီးဇူမှာ ဆေးပညာတွင် အစွမ်းထက်ပြီး ဆေ့အိမ်တော်နှင့် အလွန် ရင်းနီးသော သူဖြစ်သည်။ ထို့ကြောင့် ဆေးဆရာကြီးဇူပြောသမျှကို သူသည်ယုံသည်။
ထို့နောက် ဆေ့သခင်ကြီး၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားလေသည်။
ဘေးတွင်ရပ်နေသော ဆေ့ဘိုင်သည် ခေတ္တခဏ တုံ့ဆိုင်း သွားပြီး အေးဆေးတည်ငြိမ်နေ သော ယဲ့ကျင့်ထန်အား အံ့အားသင့်စွာကြည့်လေသည်။
ယဲ့ကျင့်ထန်သည် ရှေ့သို့ထွက်လာ၍ တစ်ချက်ပြုံးလိုက်ကာ ဆေ့သခင်ကြီးအားကြည့်ပြီး
"အခု သမီးကို ဆေ့သခင်ကြီး ယုံပြီမလား?"
⭐⭐⭐⭐⭐⭐⭐