Unicode
System created
💜86💜
"အားချုံး.... လက်ဝါးဖြန့်ပြ"
လဲ့ကျီပြောတော့ အားချုံးက ချက်ချင်းမဆိုင်း လက်ဝါးဖြန့်ပြသည်။ ပြီးမှ
"ခမည်းတော်.... အားချုံး တစ်ခုခုအမှား လုပ်မိလို့လား ခမည်းတော် အားချုံးကို အပြစ်ပေးတော့မှာလားဟင်"
တစ်ယောက်တည်း လျှောက်တွေးပြီး စိုးရိမ်နေသော သားငယ်၏နဖူးကို အာဘွားပေးလိုက်သည်။ ဤတော့မှ စိတ်ချမ်းသာသွားသော အားချုံးက ပြုံးရယ်လာ၏။
"ခမည်းတော် အားချုံးလက်က ဘာဖြစ်လို့လဲ "
"အားချုံးလေးက အရွယ်နဲ့မလိုက်အောင် အရမ်းတော်တော့ ခမည်းတော် စမ်းသပ်ချင်လို့"
"ဘာစမ်းသပ်မှာလဲ"
လဲ့ကျီသည် ဖြန့်ထားသည့် လက်ဖဝါးသေးသေးလေး၏ အောက်ကို သူ့လက်ဝါးနှစ်ဖက်ဖြင့် ထိကပ်ထားလိုက်သည်။ အားချုံးလက်က အပေါ်တွင် ဖြန့်ထားသလို ဖြစ်နေကာ လဲ့ကျီက အောက်မှထိုလက်ကလေးကို ပင့်ကိုင်ထားသည့် သဏ္ဍာန်နဲ့ တူသည်။
ထိုစဥ် စုန်ဟုန်းဟိုင် ရောက်လာကာ။
"လဲ့ကျီ မင်းဘာလုပ်နေတာလဲ"
"အားချုံးမှာ ကိုးရောင်ချုပ်အစီအရင်ကို လေ့ကျင့်နိုင်မယ့် အစွမ်းပါမပါ စစ်ဆေးမလို့လေ အချစ်ရဲ့"
နောက်ဆုံးစကားလေးက စုန်ဟုန်းဟိုင်နှလုံးသားကို ကျင်ခနဲ ခံစားသွားရစေကာ အရင်လိုပဲ နားရွက်ကလေးတွေ ရဲလာသည်။ စုန်ဟုန်းဟိုင် ဝါးရိပ်အောက်က စားပွဲဘေးတွင် နေရာယူလိုက်၏။
သူ့မျက်လုံးတို့က သားအဖနှစ်ယောက် လက်တို့ထပ်ထားသည့် နေရာသို့ ရောက်နေသည်။ လဲ့ကျီက လက်ဖဝါးနှစ်ဖက်မှ ကိုးရောင်ချုပ်အစီအရင်၏ ကြိုးမျှင်လေးများကို ထုတ်လွှတ်လိုက်သည်။ အရောင်ကိုးရောင်ရှိသော ကြိုးမျှင်လေးတွေကို မြင်တော့ အားချုံး မျက်လုံးလေးတွေ တောက်သွား၏။
အစိမ်းရောင်ကြိုးလေးကို သူမှတ်မိသည်။ သူနဲ့လဲ့ကျီ စတွေ့တုန်းက ရေကန်တစ်ကန်မှာ ငါးဖမ်းကြစဥ်က လဲ့ကျီထိုကြိုးကို အသုံးပြုခဲ့သည်လေ။
"ခမည်းတော်....ငါးဖမ်းကြိုး"
"ဟားဟားဟား ငါးဖမ်းကြိုး မဟုတ်ပါဘူးကွာ.... ခမည်းတော်တို့ရဲ့ ကိုးရောင်ချုပ်အစီအရင်က အရောင်ကိုးရောင်ရှိတယ်"
"ဟုတ်"
ဟုတ်ဟူသည့် အဖြေက အားချုံးသူ့ခေါင်းထဲတွင် သေချာမှတ်ထားလိုက်ပြီ ဖြစ်ကြောင်း ပြောတာနဲ့ အတူတူပဲ ဖြစ်သည်။ အရောင်တောက်နေသည့် ကိုးရောင်ရှိ ကြိုးများသည် ကြာပန်းလေးသဖွယ် လဲ့ကျီလက်ထဲမှ ထွက်ပေါ်လာပြီး အားချုံး၏ လက်သေးသေးလေးကို ဝန်းရံထားသည်။
သူတို့သုံးယောက်လုံး မျက်တောင်မခတ် ကြည့်နေ၏။ ကြိုးလေးများသည် ရေအောက်ထဲတွင် လှုပ်ရမ်းနေသော ရေမှော်ပင်များလို နူးညံ့ပျော့ပြောင်းစွာ လှုပ်ခါနေပြီးမှ တဖြည်းဖြည်း ကွေးညွတ်ကာ အားချုံး လက်ကလေးထဲ ဝင်သွားသည်။
လဲ့ကျီ မျက်လုံးအပြူးသား။ သူ့လက်ထဲက ထွက်သွားသော ကြိုးမျှင်များက သားငယ်၏ လက်ဖဝါးထဲကို အတားအဆီးမရှိ စိမ့်ဝင်သွားသည်။
"သားလေး....."
လဲ့ကျီနှုတ်မှ ထွက်လာသောအသံ။
"လဲ့ကျီ ဘာဖြစ်လို့လဲ.... "
"ခမည်းတော် သားဘာဖြစ်လို့လဲ"
လဲ့ကျီ အစီအရင်ကို ပြန်ရုတ်သိမ်းပြီး အားချုံးကို စွေ့ခနဲ ကောက်ပွေ့ကာ ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်တော့သည်။ သူအရမ်း ဝမ်းသာနေပုံကို ကြည့်ကာ စုန်ဟုန်းဟိုင်လည်း သိပ်နားမလည်ပေမယ့် သူနဲ့အတူ ပြုံးနေမိ၏။
"လဲ့ကျီ...."
"ဟင်"
"သားက ကိုးရောင်ချုပ်အစီအရင်ကို သင်နိုင်မှာလား"
"အင်း.... သားရဲ့အစွမ်းတွေ နိုးထလာပြီ ဝမ်းသာလိုက်တာ အားချုံးသာ ကိုးရောင်ချုပ်အစီအရင်ကို တက်သွားရင် သူကလော့မျိုးနွယ်မှာ အသက်အငယ်ဆုံး ပညာရှင်ဖြစ်လာမှာ.... ပုံမှန်ဆို ကိုးရောင်ချုပ်အစီအရင်ကို သင်နိုင်မယ့်သွေးက အသက်၇နှစ်လောက်မှ နိုးထတာ"
"ဘယ်လို?"
စုန်ဟုန်းဟိုင်လည်း ဝမ်းသာစွာဖြင့် မတ်တပ်ထရပ်မိသည်။ သူတို့သားလေးက ပါရမီရှင်လေး ဖြစ်နေတာကိုး။ ကိုးရောင်ချုပ်အစီအရင်က အစွမ်းထက် အစီအရင်တစ်ခုမို့ အားချုံး သင်ကြားနိုင်တော့မှာ ဖြစ်တဲ့အတွက် လဲ့ကျီ အရမ်းကို ပျော်ရွှင်နေတာပင်။
လဲ့ကျီသားကို ပြန်လွှတ်ပေးပြီး ပြောလိုက်သည်။
"အားချုံး..... သားအခုအချိန်ကစပြီး ခမည်းတော် သင်ပေမယ့် ကိုးရောင်ချုပ်အစီအရင်ကို သေသေချာချာ လိုက်သင်ရမယ်.... ဟုတ်ပြီလား"
"ဟုတ်ကဲ့"
အားချုံးတစ်ယောက် ချင်းချုံး၏ အစွမ်းထက် အစီအရင်တစ်ခုကို သင်ကြားနိုင်တော့မယ်လေ။
ထိုအချိန်ကစပြီး လဲ့ကျီက အားချုံးအား ကိုးရောင်ချုပ်အစီအရင်ကို သင်ကြားပေးသည်။ ကိုးရောင်ချုပ်အစီအရင်ကို တက်မြောက်ရန် အဆင့်ကိုးဆင့်ကို တစ်ဆင့်ခြင်း သင်သွားရမှာဖြစ်၏။ ပထမအဆင့်က အဖြူရောင်ကြိုးကို ရရှိအောင် လေ့ကျင့်ရမှာပဲ ဖြစ်သည်။
သူတို့သားအဖ သင်ကြားရေးတွင် အလုပ်ရှုပ်နေချိန် စုန်ဟုန်းဟိုင်သည်လည်း ဆေးမြစ်များနှင့် အလုပ်ရှုပ်နေတာ ဖြစ်လေသည်။ ညနေစောင်းခါနီးတော့ လှန်းထားတဲ့ ဆေးမြစ်များကိုသိမ်းကာ သူတို့သုံးယောက် ချောင်းဘက်သို့ ထွက်လာခဲ့သည်။
အားချုံးက အရှေ့မှပြေးပြီး လဲ့ကျီနဲ့ စုန်ဟုန်းဟိုင်က လက်ချင်းတွဲလျက် အနောက်မှလိုက်သည်။ အားချုံးလေးက တစ်လမ်းလုံး ခုန်ပေါက်ကာ ပြေးနေ၏။
"ဟုန်းအာ.... မင်းဘာလို့ လက်စွပ်ကို သားလည်ပင်းမှာ ဆွဲထားပေးတာလဲ"
စုန်ဟုန်းဟိုင် လဲ့ကျီအားမော့ကြည့်ကာ ပြုံးပြလိုက်သည်။
"လဲ့ကျီ.... ငါမင်းကိုပြောခဲ့ဖူးတယ် မင်းမှတ်မိမလားတော့ မသိဘူး မင်းဆီရောက်အောင် ငါ့ကိုကူညီပေးတဲ့ နတ်ဘုရားလိုလို အရာတစ်ခု ရှိတယ်ဆိုတာလေ"
"အွန်း ကိုယ်မှတ်မိတယ်"
"အဲ့တာကို systemလို့ခေါ်တယ်"
"system ဘာကြီးလဲ"
"အဲ့တာက တကယ့် ရတနာသိုက်ကြီး တစ်ခုလိုပဲ... သူ့ထဲမှာ ငါတို့လိုချင်တာ မှန်သမျှအားလုံး ရှိတယ်.... ဒါပေမယ့် အဲ့တာကို ယူဖို့အတွက် ပွိုင့်ဆိုတဲ့အရာနဲ့ လဲရတယ်... အားချုံးလည်ပင်းက ဆွဲကြိုးက သာမန်ဆွဲကြိုး မဟုတ်ဘူး.... "
"ဆိုတော့ အဲ့ဒီရတနာသိုက်ကြီးထဲက ဆွဲထုတ်ထားတာလား"
"အွန်း...."
"တကယ်ကြီး?.... ဟားဟား အံ့သြဖို့ကောင်းလိုက်တာ ဒါဆိုအဲ့ဒီလက်စွပ်က ဘယ်လိုစွမ်းတာလဲ"
"အကာအကွယ် အစီအရင် ထည့်ထားတာ.... အားချုံးစိတ်က သူ့အနား အန္တရာယ်ကပ်လာတယ်လို့ ခံစားရတာနဲ့ အဲ့ဒီဆွဲကြိုးက ကာကွယ်ပေးလိမ့်မယ်"
"ဝါး..... အဲ့လောက်တောင် စွမ်းလား ဒါဆိုသားလေး ပြေးလွှားကစားနေချိန် ကိုယ်တို့စိတ်ချထားလို့ ရတာပေါ့"
"အွန်း... သားဆီမှာ လက်စွပ်ပေးထားတာက သူကငါ့သားမလို့လေ"
"ဟုတ်ပါပြီ ဒါဆိုကိုယ့်လက်စွပ်ကိုလည်း အားချုံးလည်ပင်းမှာ ဆွဲထားပေးလိုက်မယ်"
ချောင်းထဲရောက်တော့ သားအဖသုံးယောက် ရေအတူချိုးပြီး ဝါးအိမ်ဆီ ပြန်လာခဲ့သည်။ လဲ့ကျီက သူပြောတဲ့အတိုင်း ငွေလက်စွပ်ကို အားချုံးလည်ပင်းတွင် ဆွဲပေးလိုက်သည်။ အားချုံးက သူတို့နှစ်ယောက်ရဲ့ ချစ်တုံးလေးလေ။
ညရောက်တော့ စုန်ဟုန်းဟိုင် ဆေးဖော်နေသည်။ ဆေးဖော်တာသာ အောင်မြင်ရင် သူလည်းပွိုင့်တိုးနိုင်သလို လဲ့ကျီအတွက်လည်း စိတ်အေးရမည်။ ည၈နာရီခန့်တွင် ဆေးလုံးလေးတွေ လုံးလို့ပြီးသွားကာ ဆေးပေါင်းဖိုထဲ ထည့်လိုက်သည်။
အောက်က မီးပြင်းပြင်း ထိုးထားပြီး ရေအိုးငယ်တစ်အိုးခန့်ရှိသော ဆေးပေါင်းဖိုကို မီးဖိုပေါ်တွင် တင်ထားသည်။ ထင်းမီးမို့ ဆေးလုံးလေးတွေရဖို့ ကြာအုံးမည်။ စုန်ဟုန်းဟိုင် ထိုနားတွင်ထိုင်ကာ မီးဖိုကို ယက်ခတ်နေ၏။
"ဟုန်းအာ....."
လဲ့ကျီ သူ့အနားကို ရောက်လာသည်။ စုန်ဟုန်းဟိုင်က ထိုင်ခုံသေးသေးလေးပေါ်တွင် ထိုင်လျက်ရှိကာ လဲ့ကျီကသူ့အနားတွင် ထိုင်ပြီး ဒူးပေါ်ကလက်ကလေးကို ဆွဲကိုင်လာ၏။
"သား အိပ်သွားပြီလား"
"အွန်း.... ဟုန်းအာ ပင်ပန်းနေပြီ ခဏနားလိုက်.... ကိုယ်ကြည့်ပေးထားမယ်"
"ဟင့်အင်း..... ဒါကမကြာခင် ရတော့မှာ ငါsystemထဲက ကျန်တဲ့ဆေးပင်တွေ ထပ်ရထားတယ်.... ဆေးလုံးက စုစုပေါင်း ဆယ်လုံးရတော့ မင်းအတွက် ဆယ်ရက်စာရှိတယ်"
လဲ့ကျီ သူဆုပ်ထားသည့်ကြား အပြင်မှာ လွတ်ထွက်နေတဲ့ လက်ကလေးကို ငုံ့နမ်းလိုက်သည်။ သူ့အတွက် အမြဲစဥ်းစားပေးတတ်တဲ့သူ၊ သူ့အတွက် အရမ်းစိတ်ပူပေးသူ၊ သူ့ကိုအရမ်းချစ်တဲ့ ဒီလူသားကို သူအရင်က ဘာကြောင့်များ ရင့်ရင့်သီးသီး ဆက်ဆံမိခဲ့ပါလိမ့်။
အရင်က သူစုန်ဟုန်းဟိုင်အပေါ် တင်းမာခဲ့တာတွေကို သူတကယ် နောင်တရပါသည်။ သူ့နှုတ်ခမ်း နွေးနွေးလေးက စုန်ဟုန်းဟိုင်လက်ချောင်းတွေကို ထိကပ်ထားဆဲ ဖြစ်သည်။ ထိုစဥ် လဲ့ကျီရဲ့နဖူးလေးဟာလည်း နွေးထွေးသွား၏။
လဲ့ကျီ ခေါင်းမော့ကြည့်ကာ။
"ဟုန်းအာ....."
"လဲ့ကျီ ငါတို့ဆေးပင်စိုက်လို့ ရမယ့် နေရာတစ်နေရာ ရှာရအောင်"
"ဟင်.... ဆေးပင်စိုက်မယ်?"
"အွန်း.... ငါ့ရဲ့ပွိုင့်တွေက တခြားနေရာမှာ သုံးဖို့အတွက် ချန်ထားရမယ်.... ငါတို့မနက်ဖြန် ဒီကနေထွက်ရအောင် ဒီဆေးပင် ခြောက်မျိုးလုံးကို စိုက်လို့ရမယ့် နေရာတစ်နေရာ ရှာရအောင်"
"ကောင်းပါပြီ မင်းသဘောပါပဲ... နေရာက သိပ်ရှာစရာမလိုပါဘူး ကိုယ့်ရဲ့ဘိုးဘိုးကြီး ဟွမ်ကျင်းရွှေနေခဲ့တဲ့ နေရာမှာ အဆင်ပြေတယ်....."
"မဟုတ်သေးပါဘူး.... တိမ်လွှမ်းတောင်ထွတ်က မရှိတော့ဘူး မဟုတ်လား"
"မှန်တယ်.... တိမ်လွှမ်းတောင်ထွတ်က မရှိတော့ဘူး ဒါပေမယ့် အဲ့ဒီနေရာမှာ ဘယ်သူမှမနေကြသလို ဘယ်သူမှလည်း အနားမကပ်ကြဘူး.... ကိုယ်တို့အဲ့မှာနေလို့ရတယ်"
"တကယ်လား... ဒါဆို အဲ့ဒီမှာ ငါတို့အိမ်တစ်အိမ် ထပ်ဆောက်လိုက်ရအောင် ဘယ်လိုလဲ.... မင်းရဲ့ဘိုးဘေးတွေကို တောင်းဆိုကြည့်ပါလား"
"အင်း...."
နောက်ထပ် တစ်နာရီခန့်ကြာတော့ ဆေးလုံးတွေကို ဆေးပေါင်းဖိုထဲက ထုတ်ပြီး အဖြူရောင်ကြွေအိုး သေးသေးလေးထဲ ထည့်လိုက်သည်။ လဲ့ကျီအတွက် ဆယ်ရက်စာ ဆေးကတော့ အဆင်ပြေသွားပြီ။
["ဂုဏ်ယူပါတယ်.... ဆေးဖော်စပ်မှု အောင်မြင်တဲ့အတွက် လူကြီးမင်းကို ပွိုင့်၁၀၀၀ ပေးလိုက်ပါပြီ လူကြီးမင်း၏စုစုပေါင်းပွိုင့် ၄၀၀၀...."]
Systemကတော့ သူ့ရဲ့စည်းမျဥ်းစည်းကမ်းတွေကို လဲ့ကျီအတွက် သီးသန့်လုပ်ထားသေးတုန်းလား မသိပါ။ သူလဲ့ကျီအတွက် ဆေးဖော်ပေးတာကို ပွိုင့်ပေးတဲ့ ကိစ္စက သူအရင်က လဲ့ကျီနှုတ်ခမ်းကိုနမ်းတိုင်း ပွိုင့်ရသည့် အဖြစ်နဲ့တူနေသည်။
နောက်နေ့မနက်ရောက်တော့ သားအဖသုံးယောက် တောင်ခြေမှ ပြန်ထွက်လာပြီး မြင်းလှည်းအပ်ထားသည့် နေရာကို ပြန်လာခဲ့သည်။ လှည်းနဲ့မြင်းကို စောင့်ရှောက်ပေးထားသည့် ဆင်းရဲသား လင်မယားနှစ်ယောက်ကို ရွှေသစ်ရွက် ငါးရွက်ဖြင့် ကျေးဇူးဆပ်ခဲ့သည်။
ဆင်းရဲသား လင်မယားနှစ်ယောက်၏ အိုဟောင်းနေသည့် အိမ်ကလေးဟာ မကြာခင်မှာပင် အိမ်သစ်တစ်လုံးအဖြစ် ပြောင်းသွားတော့မည်။
လှည်းကလေးက လူရှင်းလင်းသည့် လမ်းမထက် မနှေးမမြန်သော အရှိန်ဖြင့် မောင်းလာသည်။ လှည်းကလှုပ်ခါနေတော့ အချိန်ကြာလာတာနဲ့အမျှ အားချုံး အိပ်ငိုက်လာ၏။ ထို့ကြောင့် လှည်းထဲတွင် အိပ်ရာသေးသေးလေးပြင်ပြီး အားချုံးကို သိပ်လိုက်ရသည်။
စုန်ဟုန်းဟိုင် သွေးနီရောင်ဆေးလုံး တစ်လုံးထုတ်ပြီး လဲ့ကျီပါးစပ်ထဲ ခွံပေးလိုက်သည်။
"တိမ်လွှမ်းတောင်ထွတ်နဲ့ ထန်နိုင်ငံ ဘယ်ဟာက ပိုနီးလဲ"
"တိမ်လွှမ်းတောင်ထွတ်က ထန်နိုင်ငံရဲ့အရှေ့ဘက်ကို ဆက်သွားရတယ်.... ဒီအရှိန်နဲ့ဆို နောက်ငါးရက်လောက်ဆိုရင် ထန်နိုင်ငံကို ရောက်ပြီ "
လဲ့ကျီက မောင်းသူနေရာတွင် ဘေးတစ်စောင်း ထိုင်နေကာ လှည်းထဲက စုန်ဟုန်းဟိုင်ကို လှည့်ကြည့်လိုက်သည်။ စုန်ဟုန်းဟိုင်က မျက်လွှာချကာ ငိုင်နေ၏။
"ဟုန်းအာ...."
"ဟင်"
"အရမ်းကြီး စိတ်မပူပါနဲ့.... ကိုယ်အဆင်ပြေတယ်"
"ဒါပေမယ့် လဲ့ကျီ.... မင်းမရိပ်မိဘူးလား မင်းရဲ့နတ်ဆိုးသားရဲသွေး ဆိုတာက မင်းဘဝရဲ့အကြီးမားဆုံး လျိုဝှက်ချက်တစ်ခုပဲ မင်းအမေနဲ့မင်းကလွဲရင် ဒီလောကမှာ ဘယ်သူ့မှမသိနိုင်ဘူး"
စုန်ဟုန်းဟိုင် လေးလေးနက်နက် ပြောလာတော့ လဲ့ကျီလည်း တည်ငြိမ်သွားသည်။ မှန်ပါသည်။ လဲ့ကျီကိုယ်ထဲက နတ်ဆိုးတစ်ကောင်ရဲ့ သွေးက မျိုးရိုးစဥ်ဆက် ပါလာတဲ့ အမွေအနှစ်တစ်ခုလိုပဲ လျိုဝှက်ထားရမည့်အရာ။
ဟွမ်ကျင်းရွှေကစလို့ လဲ့ကျီအဆုံး နတ်ဆိုးသားရဲသွေး ရှိနေတယ်ဆိုတာ အပြင်လူကို အသိမပေးခဲ့ပေ။ ယခု စုန်ဟုန်းဟိုင်တောင် အရင်ဘဝက တိမ်လွှမ်းတောင်ထွတ်၏ အကြောင်းကို ဖတ်ထားဖူးလို့ သိနေတာ ဖြစ်သည်။
လဲ့ကျီ စုန်ဟုန်းဟိုင်ဘက်ကို လက်ကမ်းလိုက်သည်။
"ကိုယ့်နားလာ...."
စုန်ဟုန်းဟိုင် သူ့လက်ကို လဲ့ကျီထံပေးရင်း ထလာသည်။ လှည်းက ပုံမှန်အရှိန်နှင့် သွားနေသည်။
လဲ့ကျီက အပြင်ဘက်တွင် ထိုင်နေပြီး စုန်ဟုန်းဟိုင်က လှည်း၏အတွင်းဘက်တွင် ထိုင်နေ၏။
"မင်းတွေးသလို ကိုယ်တွေးမိတယ်.... ဘယ်သူက ကိုယ့်ကိုသတ်ချင်နေသလဲ ဘယ်သူက နတ်ဆိုးသားရဲသွေး အကြောင်း သိသွားသလဲဆိုတာ ကိုယ်တို့ ထန်နိုင်ငံကိုရောက်ရင် သိရပါပြီ"
"ဟင်"
လဲ့ကျီ စုန်ဟုန်းဟိုင်ပုခုံးကို လှမ်းဖက်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
"ခဏအိပ်လိုက်ပါ.... ညကမင်းပင်ပန်းထားတယ်လေ"
"အွန်း..... ခဏအိပ်လိုက်မယ်"
လဲ့ကျီ၏ခါးကိုဖက်လျက် ငြိမ်သက်စွာ အိပ်ပျော်သွားခဲ့သည်။ လဲ့ကျီစိတ်ထဲ ဘာတွေတွေးနေသလဲ စုန်ဟုန်းဟိုင် မေးချင်မိသော်လည်း လဲ့ကျီမှာလည်း သူ့အကြောင်းနဲ့သူ ရှိနိုင်တာကြောင့် နောက်မှ ဖြည်းဖြည်းချင်း မေးရန် ဆုံးဖြတ်လိုက်၏။
စုန်ဟုန်းဟိုင် ညနေစောင်းတဲ့အထိ အိပ်ပျော်သွားသည်။ သူပြန်နိုးလာတော့ သစ်ပင်တစ်ပင်၏ အမြစ်ကြီးပေါ်တွင် အိပ်ပျော်နေခဲ့တာကို သိလိုက်ရ၏။ သူ့ကိုယ်ပေါ်တွင်တော့ လဲ့ကျီ၏အပေါ်ဝတ်ရုံက ရှိနေသည်။
Zawgyi
System created
💜86💜
"အားခ်ဳံး.... လက္ဝါးျဖန့္ျပ"
လဲ့က်ီေျပာေတာ့ အားခ်ဳံးက ခ်က္ခ်င္းမဆိုင္း လက္ဝါးျဖန့္ျပသည္။ ၿပီးမွ
"ခမည္းေတာ္.... အားခ်ဳံး တစ္ခုခုအမွား လုပ္မိလို႔လား ခမည္းေတာ္ အားခ်ဳံးကို အျပစ္ေပးေတာ့မွာလားဟင္"
တစ္ေယာက္တည္း ေလွ်ာက္ေတြးၿပီး စိုးရိမ္ေနေသာ သားငယ္၏နဖူးကို အာဘြားေပးလိုက္သည္။ ဤေတာ့မွ စိတ္ခ်မ္းသာသြားေသာ အားခ်ဳံးက ၿပဳံးရယ္လာ၏။
"ခမည္းေတာ္ အားခ်ဳံးလက္က ဘာျဖစ္လို႔လဲ "
"အားခ်ဳံးေလးက အ႐ြယ္နဲ႕မလိုက္ေအာင္ အရမ္းေတာ္ေတာ့ ခမည္းေတာ္ စမ္းသပ္ခ်င္လို႔"
"ဘာစမ္းသပ္မွာလဲ"
လဲ့က်ီသည္ ျဖန့္ထားသည့္ လက္ဖဝါးေသးေသးေလး၏ ေအာက္ကို သူ႕လက္ဝါးႏွစ္ဖက္ျဖင့္ ထိကပ္ထားလိုက္သည္။ အားခ်ဳံးလက္က အေပၚတြင္ ျဖန့္ထားသလို ျဖစ္ေနကာ လဲ့က်ီက ေအာက္မွထိုလက္ကေလးကို ပင့္ကိုင္ထားသည့္ သ႑ာန္နဲ႕ တူသည္။
ထိုစဥ္ စုန္ဟုန္းဟိုင္ ေရာက္လာကာ။
"လဲ့က်ီ မင္းဘာလုပ္ေနတာလဲ"
"အားခ်ဳံးမွာ ကိုးေရာင္ခ်ဳပ္အစီအရင္ကို ေလ့က်င့္နိုင္မယ့္ အစြမ္းပါမပါ စစ္ေဆးမလို႔ေလ အခ်စ္ရဲ႕"
ေနာက္ဆုံးစကားေလးက စုန္ဟုန္းဟိုင္ႏွလုံးသားကို က်င္ခနဲ ခံစားသြားရေစကာ အရင္လိုပဲ နား႐ြက္ကေလးေတြ ရဲလာသည္။ စုန္ဟုန္းဟိုင္ ဝါးရိပ္ေအာက္က စားပြဲေဘးတြင္ ေနရာယူလိုက္၏။
သူ႕မ်က္လုံးတို႔က သားအဖႏွစ္ေယာက္ လက္တို႔ထပ္ထားသည့္ ေနရာသို႔ ေရာက္ေနသည္။ လဲ့က်ီက လက္ဖဝါးႏွစ္ဖက္မွ ကိုးေရာင္ခ်ဳပ္အစီအရင္၏ ႀကိဳးမွ်င္ေလးမ်ားကို ထုတ္လႊတ္လိုက္သည္။ အေရာင္ကိုးေရာင္ရွိေသာ ႀကိဳးမွ်င္ေလးေတြကို ျမင္ေတာ့ အားခ်ဳံး မ်က္လုံးေလးေတြ ေတာက္သြား၏။
အစိမ္းေရာင္ႀကိဳးေလးကို သူမွတ္မိသည္။ သူနဲ႕လဲ့က်ီ စေတြ႕တုန္းက ေရကန္တစ္ကန္မွာ ငါးဖမ္းၾကစဥ္က လဲ့က်ီထိုႀကိဳးကို အသုံးျပဳခဲ့သည္ေလ။
"ခမည္းေတာ္....ငါးဖမ္းႀကိဳး"
"ဟားဟားဟား ငါးဖမ္းႀကိဳး မဟုတ္ပါဘူးကြာ.... ခမည္းေတာ္တို႔ရဲ႕ ကိုးေရာင္ခ်ဳပ္အစီအရင္က အေရာင္ကိုးေရာင္ရွိတယ္"
"ဟုတ္"
ဟုတ္ဟူသည့္ အေျဖက အားခ်ဳံးသူ႕ေခါင္းထဲတြင္ ေသခ်ာမွတ္ထားလိုက္ၿပီ ျဖစ္ေၾကာင္း ေျပာတာနဲ႕ အတူတူပဲ ျဖစ္သည္။ အေရာင္ေတာက္ေနသည့္ ကိုးေရာင္ရွိ ႀကိဳးမ်ားသည္ ၾကာပန္းေလးသဖြယ္ လဲ့က်ီလက္ထဲမွ ထြက္ေပၚလာၿပီး အားခ်ဳံး၏ လက္ေသးေသးေလးကို ဝန္းရံထားသည္။
သူတို႔သုံးေယာက္လုံး မ်က္ေတာင္မခတ္ ၾကည့္ေန၏။ ႀကိဳးေလးမ်ားသည္ ေရေအာက္ထဲတြင္ လႈပ္ရမ္းေနေသာ ေရေမွာ္ပင္မ်ားလို ႏူးညံ့ေပ်ာ့ေျပာင္းစြာ လႈပ္ခါေနၿပီးမွ တျဖည္းျဖည္း ေကြးၫြတ္ကာ အားခ်ဳံး လက္ကေလးထဲ ဝင္သြားသည္။
လဲ့က်ီ မ်က္လုံးအျပဴးသား။ သူ႕လက္ထဲက ထြက္သြားေသာ ႀကိဳးမွ်င္မ်ားက သားငယ္၏ လက္ဖဝါးထဲကို အတားအဆီးမရွိ စိမ့္ဝင္သြားသည္။
"သားေလး....."
လဲ့က်ီႏႈတ္မွ ထြက္လာေသာအသံ။
"လဲ့က်ီ ဘာျဖစ္လို႔လဲ.... "
"ခမည္းေတာ္ သားဘာျဖစ္လို႔လဲ"
လဲ့က်ီ အစီအရင္ကို ျပန္႐ုတ္သိမ္းၿပီး အားခ်ဳံးကို ေစြ႕ခနဲ ေကာက္ေပြ႕ကာ ရင္ခြင္ထဲ ထည့္ဖက္ထားလိုက္ေတာ့သည္။ သူအရမ္း ဝမ္းသာေနပုံကို ၾကည့္ကာ စုန္ဟုန္းဟိုင္လည္း သိပ္နားမလည္ေပမယ့္ သူနဲ႕အတူ ၿပဳံးေနမိ၏။
"လဲ့က်ီ...."
"ဟင္"
"သားက ကိုးေရာင္ခ်ဳပ္အစီအရင္ကို သင္နိုင္မွာလား"
"အင္း.... သားရဲ႕အစြမ္းေတြ နိုးထလာၿပီ ဝမ္းသာလိုက္တာ အားခ်ဳံးသာ ကိုးေရာင္ခ်ဳပ္အစီအရင္ကို တက္သြားရင္ သူကေလာ့မ်ိဳးႏြယ္မွာ အသက္အငယ္ဆုံး ပညာရွင္ျဖစ္လာမွာ.... ပုံမွန္ဆို ကိုးေရာင္ခ်ဳပ္အစီအရင္ကို သင္နိုင္မယ့္ေသြးက အသက္၇ႏွစ္ေလာက္မွ နိုးထတာ"
"ဘယ္လို?"
စုန္ဟုန္းဟိုင္လည္း ဝမ္းသာစြာျဖင့္ မတ္တပ္ထရပ္မိသည္။ သူတို႔သားေလးက ပါရမီရွင္ေလး ျဖစ္ေနတာကိုး။ ကိုးေရာင္ခ်ဳပ္အစီအရင္က အစြမ္းထက္ အစီအရင္တစ္ခုမို႔ အားခ်ဳံး သင္ၾကားနိုင္ေတာ့မွာ ျဖစ္တဲ့အတြက္ လဲ့က်ီ အရမ္းကို ေပ်ာ္႐ႊင္ေနတာပင္။
လဲ့က်ီသားကို ျပန္လႊတ္ေပးၿပီး ေျပာလိုက္သည္။
"အားခ်ဳံး..... သားအခုအခ်ိန္ကစၿပီး ခမည္းေတာ္ သင္ေပမယ့္ ကိုးေရာင္ခ်ဳပ္အစီအရင္ကို ေသေသခ်ာခ်ာ လိုက္သင္ရမယ္.... ဟုတ္ၿပီလား"
"ဟုတ္ကဲ့"
အားခ်ဳံးတစ္ေယာက္ ခ်င္းခ်ဳံး၏ အစြမ္းထက္ အစီအရင္တစ္ခုကို သင္ၾကားနိုင္ေတာ့မယ္ေလ။
ထိုအခ်ိန္ကစၿပီး လဲ့က်ီက အားခ်ဳံးအား ကိုးေရာင္ခ်ဳပ္အစီအရင္ကို သင္ၾကားေပးသည္။ ကိုးေရာင္ခ်ဳပ္အစီအရင္ကို တက္ေျမာက္ရန္ အဆင့္ကိုးဆင့္ကို တစ္ဆင့္ျခင္း သင္သြားရမွာျဖစ္၏။ ပထမအဆင့္က အျဖဴေရာင္ႀကိဳးကို ရရွိေအာင္ ေလ့က်င့္ရမွာပဲ ျဖစ္သည္။
သူတို႔သားအဖ သင္ၾကားေရးတြင္ အလုပ္ရႈပ္ေနခ်ိန္ စုန္ဟုန္းဟိုင္သည္လည္း ေဆးျမစ္မ်ားႏွင့္ အလုပ္ရႈပ္ေနတာ ျဖစ္ေလသည္။ ညေနေစာင္းခါနီးေတာ့ လွန္းထားတဲ့ ေဆးျမစ္မ်ားကိုသိမ္းကာ သူတို႔သုံးေယာက္ ေခ်ာင္းဘက္သို႔ ထြက္လာခဲ့သည္။
အားခ်ဳံးက အေရွ႕မွေျပးၿပီး လဲ့က်ီနဲ႕ စုန္ဟုန္းဟိုင္က လက္ခ်င္းတြဲလ်က္ အေနာက္မွလိုက္သည္။ အားခ်ဳံးေလးက တစ္လမ္းလုံး ခုန္ေပါက္ကာ ေျပးေန၏။
"ဟုန္းအာ.... မင္းဘာလို႔ လက္စြပ္ကို သားလည္ပင္းမွာ ဆြဲထားေပးတာလဲ"
စုန္ဟုန္းဟိုင္ လဲ့က်ီအားေမာ့ၾကည့္ကာ ၿပဳံးျပလိုက္သည္။
"လဲ့က်ီ.... ငါမင္းကိုေျပာခဲ့ဖူးတယ္ မင္းမွတ္မိမလားေတာ့ မသိဘူး မင္းဆီေရာက္ေအာင္ ငါ့ကိုကူညီေပးတဲ့ နတ္ဘုရားလိုလို အရာတစ္ခု ရွိတယ္ဆိုတာေလ"
"အြန္း ကိုယ္မွတ္မိတယ္"
"အဲ့တာကို systemလို႔ေခၚတယ္"
"system ဘာႀကီးလဲ"
"အဲ့တာက တကယ့္ ရတနာသိုက္ႀကီး တစ္ခုလိုပဲ... သူ႕ထဲမွာ ငါတို႔လိုခ်င္တာ မွန္သမွ်အားလုံး ရွိတယ္.... ဒါေပမယ့္ အဲ့တာကို ယူဖို႔အတြက္ ပြိုင့္ဆိုတဲ့အရာနဲ႕ လဲရတယ္... အားခ်ဳံးလည္ပင္းက ဆြဲႀကိဳးက သာမန္ဆြဲႀကိဳး မဟုတ္ဘူး.... "
"ဆိုေတာ့ အဲ့ဒီရတနာသိုက္ႀကီးထဲက ဆြဲထုတ္ထားတာလား"
"အြန္း...."
"တကယ္ႀကီး?.... ဟားဟား အံ့ၾသဖို႔ေကာင္းလိုက္တာ ဒါဆိုအဲ့ဒီလက္စြပ္က ဘယ္လိုစြမ္းတာလဲ"
"အကာအကြယ္ အစီအရင္ ထည့္ထားတာ.... အားခ်ဳံးစိတ္က သူ႕အနား အႏၱရာယ္ကပ္လာတယ္လို႔ ခံစားရတာနဲ႕ အဲ့ဒီဆြဲႀကိဳးက ကာကြယ္ေပးလိမ့္မယ္"
"ဝါး..... အဲ့ေလာက္ေတာင္ စြမ္းလား ဒါဆိုသားေလး ေျပးလႊားကစားေနခ်ိန္ ကိုယ္တို႔စိတ္ခ်ထားလို႔ ရတာေပါ့"
"အြန္း... သားဆီမွာ လက္စြပ္ေပးထားတာက သူကငါ့သားမလို႔ေလ"
"ဟုတ္ပါၿပီ ဒါဆိုကိုယ့္လက္စြပ္ကိုလည္း အားခ်ဳံးလည္ပင္းမွာ ဆြဲထားေပးလိုက္မယ္"
ေခ်ာင္းထဲေရာက္ေတာ့ သားအဖသုံးေယာက္ ေရအတူခ်ိဳးၿပီး ဝါးအိမ္ဆီ ျပန္လာခဲ့သည္။ လဲ့က်ီက သူေျပာတဲ့အတိုင္း ေငြလက္စြပ္ကို အားခ်ဳံးလည္ပင္းတြင္ ဆြဲေပးလိုက္သည္။ အားခ်ဳံးက သူတို႔ႏွစ္ေယာက္ရဲ႕ ခ်စ္တုံးေလးေလ။
ညေရာက္ေတာ့ စုန္ဟုန္းဟိုင္ ေဆးေဖာ္ေနသည္။ ေဆးေဖာ္တာသာ ေအာင္ျမင္ရင္ သူလည္းပြိုင့္တိုးနိုင္သလို လဲ့က်ီအတြက္လည္း စိတ္ေအးရမည္။ ည၈နာရီခန့္တြင္ ေဆးလုံးေလးေတြ လုံးလို႔ၿပီးသြားကာ ေဆးေပါင္းဖိုထဲ ထည့္လိုက္သည္။
ေအာက္က မီးျပင္းျပင္း ထိုးထားၿပီး ေရအိုးငယ္တစ္အိုးခန့္ရွိေသာ ေဆးေပါင္းဖိုကို မီးဖိုေပၚတြင္ တင္ထားသည္။ ထင္းမီးမို႔ ေဆးလုံးေလးေတြရဖို႔ ၾကာအုံးမည္။ စုန္ဟုန္းဟိုင္ ထိုနားတြင္ထိုင္ကာ မီးဖိုကို ယက္ခတ္ေန၏။
"ဟုန္းအာ....."
လဲ့က်ီ သူ႕အနားကို ေရာက္လာသည္။ စုန္ဟုန္းဟိုင္က ထိုင္ခုံေသးေသးေလးေပၚတြင္ ထိုင္လ်က္ရွိကာ လဲ့က်ီကသူ႕အနားတြင္ ထိုင္ၿပီး ဒူးေပၚကလက္ကေလးကို ဆြဲကိုင္လာ၏။
"သား အိပ္သြားၿပီလား"
"အြန္း.... ဟုန္းအာ ပင္ပန္းေနၿပီ ခဏနားလိုက္.... ကိုယ္ၾကည့္ေပးထားမယ္"
"ဟင့္အင္း..... ဒါကမၾကာခင္ ရေတာ့မွာ ငါsystemထဲက က်န္တဲ့ေဆးပင္ေတြ ထပ္ရထားတယ္.... ေဆးလုံးက စုစုေပါင္း ဆယ္လုံးရေတာ့ မင္းအတြက္ ဆယ္ရက္စာရွိတယ္"
လဲ့က်ီ သူဆုပ္ထားသည့္ၾကား အျပင္မွာ လြတ္ထြက္ေနတဲ့ လက္ကေလးကို ငုံ႕နမ္းလိုက္သည္။ သူ႕အတြက္ အၿမဲစဥ္းစားေပးတတ္တဲ့သူ၊ သူ႕အတြက္ အရမ္းစိတ္ပူေပးသူ၊ သူ႕ကိုအရမ္းခ်စ္တဲ့ ဒီလူသားကို သူအရင္က ဘာေၾကာင့္မ်ား ရင့္ရင့္သီးသီး ဆက္ဆံမိခဲ့ပါလိမ့္။
အရင္က သူစုန္ဟုန္းဟိုင္အေပၚ တင္းမာခဲ့တာေတြကို သူတကယ္ ေနာင္တရပါသည္။ သူ႕ႏႈတ္ခမ္း ႏြေးႏြေးေလးက စုန္ဟုန္းဟိုင္လက္ေခ်ာင္းေတြကို ထိကပ္ထားဆဲ ျဖစ္သည္။ ထိုစဥ္ လဲ့က်ီရဲ႕နဖူးေလးဟာလည္း ႏြေးေထြးသြား၏။
လဲ့က်ီ ေခါင္းေမာ့ၾကည့္ကာ။
"ဟုန္းအာ....."
"လဲ့က်ီ ငါတို႔ေဆးပင္စိုက္လို႔ ရမယ့္ ေနရာတစ္ေနရာ ရွာရေအာင္"
"ဟင္.... ေဆးပင္စိုက္မယ္?"
"အြန္း.... ငါ့ရဲ႕ပြိုင့္ေတြက တျခားေနရာမွာ သုံးဖို႔အတြက္ ခ်န္ထားရမယ္.... ငါတို႔မနက္ျဖန္ ဒီကေနထြက္ရေအာင္ ဒီေဆးပင္ ေျခာက္မ်ိဳးလုံးကို စိုက္လို႔ရမယ့္ ေနရာတစ္ေနရာ ရွာရေအာင္"
"ေကာင္းပါၿပီ မင္းသေဘာပါပဲ... ေနရာက သိပ္ရွာစရာမလိုပါဘူး ကိုယ့္ရဲ႕ဘိုးဘိုးႀကီး ဟြမ္က်င္းေ႐ႊေနခဲ့တဲ့ ေနရာမွာ အဆင္ေျပတယ္....."
"မဟုတ္ေသးပါဘူး.... တိမ္လႊမ္းေတာင္ထြတ္က မရွိေတာ့ဘူး မဟုတ္လား"
"မွန္တယ္.... တိမ္လႊမ္းေတာင္ထြတ္က မရွိေတာ့ဘူး ဒါေပမယ့္ အဲ့ဒီေနရာမွာ ဘယ္သူမွမေနၾကသလို ဘယ္သူမွလည္း အနားမကပ္ၾကဘူး.... ကိုယ္တို႔အဲ့မွာေနလို႔ရတယ္"
"တကယ္လား... ဒါဆို အဲ့ဒီမွာ ငါတို႔အိမ္တစ္အိမ္ ထပ္ေဆာက္လိုက္ရေအာင္ ဘယ္လိုလဲ.... မင္းရဲ႕ဘိုးေဘးေတြကို ေတာင္းဆိုၾကည့္ပါလား"
"အင္း...."
ေနာက္ထပ္ တစ္နာရီခန့္ၾကာေတာ့ ေဆးလုံးေတြကို ေဆးေပါင္းဖိုထဲက ထုတ္ၿပီး အျဖဴေရာင္ေႂကြအိုး ေသးေသးေလးထဲ ထည့္လိုက္သည္။ လဲ့က်ီအတြက္ ဆယ္ရက္စာ ေဆးကေတာ့ အဆင္ေျပသြားၿပီ။
["ဂုဏ္ယူပါတယ္.... ေဆးေဖာ္စပ္မႈ ေအာင္ျမင္တဲ့အတြက္ လူႀကီးမင္းကို ပြိုင့္၁၀၀၀ ေပးလိုက္ပါၿပီ လူႀကီးမင္း၏စုစုေပါင္းပြိုင့္ ၄၀၀၀...."]
Systemကေတာ့ သူ႕ရဲ႕စည္းမ်ဥ္းစည္းကမ္းေတြကို လဲ့က်ီအတြက္ သီးသန့္လုပ္ထားေသးတုန္းလား မသိပါ။ သူလဲ့က်ီအတြက္ ေဆးေဖာ္ေပးတာကို ပြိုင့္ေပးတဲ့ ကိစၥက သူအရင္က လဲ့က်ီႏႈတ္ခမ္းကိုနမ္းတိုင္း ပြိုင့္ရသည့္ အျဖစ္နဲ႕တူေနသည္။
ေနာက္ေန႕မနက္ေရာက္ေတာ့ သားအဖသုံးေယာက္ ေတာင္ေျခမွ ျပန္ထြက္လာၿပီး ျမင္းလွည္းအပ္ထားသည့္ ေနရာကို ျပန္လာခဲ့သည္။ လွည္းနဲ႕ျမင္းကို ေစာင့္ေရွာက္ေပးထားသည့္ ဆင္းရဲသား လင္မယားႏွစ္ေယာက္ကို ေ႐ႊသစ္႐ြက္ ငါး႐ြက္ျဖင့္ ေက်းဇူးဆပ္ခဲ့သည္။
ဆင္းရဲသား လင္မယားႏွစ္ေယာက္၏ အိုေဟာင္းေနသည့္ အိမ္ကေလးဟာ မၾကာခင္မွာပင္ အိမ္သစ္တစ္လုံးအျဖစ္ ေျပာင္းသြားေတာ့မည္။
လွည္းကေလးက လူရွင္းလင္းသည့္ လမ္းမထက္ မႏွေးမျမန္ေသာ အရွိန္ျဖင့္ ေမာင္းလာသည္။ လွည္းကလႈပ္ခါေနေတာ့ အခ်ိန္ၾကာလာတာနဲ႕အမွ် အားခ်ဳံး အိပ္ငိုက္လာ၏။ ထို႔ေၾကာင့္ လွည္းထဲတြင္ အိပ္ရာေသးေသးေလးျပင္ၿပီး အားခ်ဳံးကို သိပ္လိုက္ရသည္။
စုန္ဟုန္းဟိုင္ ေသြးနီေရာင္ေဆးလုံး တစ္လုံးထုတ္ၿပီး လဲ့က်ီပါးစပ္ထဲ ခြံေပးလိုက္သည္။
"တိမ္လႊမ္းေတာင္ထြတ္နဲ႕ ထန္နိုင္ငံ ဘယ္ဟာက ပိုနီးလဲ"
"တိမ္လႊမ္းေတာင္ထြတ္က ထန္နိုင္ငံရဲ႕အေရွ႕ဘက္ကို ဆက္သြားရတယ္.... ဒီအရွိန္နဲ႕ဆို ေနာက္ငါးရက္ေလာက္ဆိုရင္ ထန္နိုင္ငံကို ေရာက္ၿပီ "
လဲ့က်ီက ေမာင္းသူေနရာတြင္ ေဘးတစ္ေစာင္း ထိုင္ေနကာ လွည္းထဲက စုန္ဟုန္းဟိုင္ကို လွည့္ၾကည့္လိုက္သည္။ စုန္ဟုန္းဟိုင္က မ်က္လႊာခ်ကာ ငိုင္ေန၏။
"ဟုန္းအာ...."
"ဟင္"
"အရမ္းႀကီး စိတ္မပူပါနဲ႕.... ကိုယ္အဆင္ေျပတယ္"
"ဒါေပမယ့္ လဲ့က်ီ.... မင္းမရိပ္မိဘူးလား မင္းရဲ႕နတ္ဆိုးသားရဲေသြး ဆိုတာက မင္းဘဝရဲ႕အႀကီးမားဆုံး လ်ိဳဝွက္ခ်က္တစ္ခုပဲ မင္းအေမနဲ႕မင္းကလြဲရင္ ဒီေလာကမွာ ဘယ္သူ႕မွမသိနိုင္ဘူး"
စုန္ဟုန္းဟိုင္ ေလးေလးနက္နက္ ေျပာလာေတာ့ လဲ့က်ီလည္း တည္ၿငိမ္သြားသည္။ မွန္ပါသည္။ လဲ့က်ီကိုယ္ထဲက နတ္ဆိုးတစ္ေကာင္ရဲ႕ ေသြးက မ်ိဳးရိုးစဥ္ဆက္ ပါလာတဲ့ အေမြအႏွစ္တစ္ခုလိုပဲ လ်ိဳဝွက္ထားရမည့္အရာ။
ဟြမ္က်င္းေ႐ႊကစလို႔ လဲ့က်ီအဆုံး နတ္ဆိုးသားရဲေသြး ရွိေနတယ္ဆိုတာ အျပင္လူကို အသိမေပးခဲ့ေပ။ ယခု စုန္ဟုန္းဟိုင္ေတာင္ အရင္ဘဝက တိမ္လႊမ္းေတာင္ထြတ္၏ အေၾကာင္းကို ဖတ္ထားဖူးလို႔ သိေနတာ ျဖစ္သည္။
လဲ့က်ီ စုန္ဟုန္းဟိုင္ဘက္ကို လက္ကမ္းလိုက္သည္။
"ကိုယ့္နားလာ...."
စုန္ဟုန္းဟိုင္ သူ႕လက္ကို လဲ့က်ီထံေပးရင္း ထလာသည္။ လွည္းက ပုံမွန္အရွိန္ႏွင့္ သြားေနသည္။
လဲ့က်ီက အျပင္ဘက္တြင္ ထိုင္ေနၿပီး စုန္ဟုန္းဟိုင္က လွည္း၏အတြင္းဘက္တြင္ ထိုင္ေန၏။
"မင္းေတြးသလို ကိုယ္ေတြးမိတယ္.... ဘယ္သူက ကိုယ့္ကိုသတ္ခ်င္ေနသလဲ ဘယ္သူက နတ္ဆိုးသားရဲေသြး အေၾကာင္း သိသြားသလဲဆိုတာ ကိုယ္တို႔ ထန္နိုင္ငံကိုေရာက္ရင္ သိရပါၿပီ"
"ဟင္"
လဲ့က်ီ စုန္ဟုန္းဟိုင္ပုခုံးကို လွမ္းဖက္ကာ ရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္။
"ခဏအိပ္လိုက္ပါ.... ညကမင္းပင္ပန္းထားတယ္ေလ"
"အြန္း..... ခဏအိပ္လိုက္မယ္"
လဲ့က်ီ၏ခါးကိုဖက္လ်က္ ၿငိမ္သက္စြာ အိပ္ေပ်ာ္သြားခဲ့သည္။ လဲ့က်ီစိတ္ထဲ ဘာေတြေတြးေနသလဲ စုန္ဟုန္းဟိုင္ ေမးခ်င္မိေသာ္လည္း လဲ့က်ီမွာလည္း သူ႕အေၾကာင္းနဲ႕သူ ရွိနိုင္တာေၾကာင့္ ေနာက္မွ ျဖည္းျဖည္းခ်င္း ေမးရန္ ဆုံးျဖတ္လိုက္၏။
စုန္ဟုန္းဟိုင္ ညေနေစာင္းတဲ့အထိ အိပ္ေပ်ာ္သြားသည္။ သူျပန္နိုးလာေတာ့ သစ္ပင္တစ္ပင္၏ အျမစ္ႀကီးေပၚတြင္ အိပ္ေပ်ာ္ေနခဲ့တာကို သိလိုက္ရ၏။ သူ႕ကိုယ္ေပၚတြင္ေတာ့ လဲ့က်ီ၏အေပၚဝတ္႐ုံက ရွိေနသည္။