💜Part (127)💜

2.7K 315 1
                                    

System created

                       💜127💜

       ဇီယဲ့ဝမ်လည်း မျက်နှာတစ်ချက် ပျက်သွားတော့၏။

"ဘယ်လိုဖြစ်တာလဲ"

        သူက ထပ်မံ၍ အစီအရင်စက်ကွင်းများကို ပစ်လွှတ်သည်။ အစီအရင်စက်ကွင်းတွေက လဲ့ကျီရှေ့တွင် အထပ်ထပ် ရပ်တန့်နေကာ ရှေ့ဆက်မတိုးတော့ချေ။

        လဲ့ကျီနဖူးက အလင်းစဟာ ပို၍ပို၍ တောက်ပလာကာ ထိုအလင်း၏ စွမ်းအားကြောင့် အစီအရင်စက်ကွင်းတွေဟာ တသိမ့်သိမ့် တုန်ယင်လာသည်။ အလွန်ကြီးမားသော အနီရောင်အစီအရင်ကြီးက အလင်းစရဲ့ စွမ်းအားကို ခုခံနိုင်စွမ်း မရှိသည့်ပုံပင်။

        နဖူးက အလင်းဟာ တဖြည်းဖြည်း တောက်ပလာကာ ဓားတစ်လတ် ထွက်ပေါ်လာ၏။

'ရွှမ်း.....'

         ဓားက အစီအရင်စက်ကွင်းများကို တစ်ချက်တည်း ဖြတ်သန်းချိုးဖောက်သွားလေသည်။ ထိုဓားက ရွှေဝါရောင်အလင်းတွေ တောက်ပနေခဲ့ပြီး အဝေးတွင်ရှိသော ဇီယဲ့ဝမ်ဆီကို တမ်းတမ်းမတ်မတ် ပြေးဝင်သွားသည်။

        ဇီယဲ့ဝမ်လည်း ဓားတစ်လတ်ထုတ်၍ ပြေးဝင်လာတဲ့ဓားကို ခုခံကာကွယ်လိုက်သော်ငြာလည်း အနှီဓားက အားပြင်းလွန်းလှသည်။ တစ်ချက်တည်းဖြင့် သူ့ကိုရိုက်ထုတ်ပစ်လိုက်နိုင်၏။

'ဝုန်း......'

       ဇီယဲ့ဝမ် မြေကြီးပေါ် ကိုင်ပေါက်ခံလိုက်ရသည်။

'ဖူး.......'

        ပြင်းထန်သော သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး ဇီယဲ့ဝမ်သည် မြေကြီးကိုလက်ဖြင့်ပုတ်ကာ ကျွမ်းထိုး၍ လေထုအလယ်သို့ ပြန်တက်သွားသည်။ ရွှေဝါရောင် အလင်းနဲ့ဓားက ပစ်လွှတ်လိုက်သော မြှားတစ်စင်းလို လဲ့ကျီလက်ထဲ ပြန်ရောက်သွား၏။

        ဇီယဲ့ဝမ် လဲ့ကျီကိုင်ထားတဲ့ ဓားကိုမြင်တော့ အံ့သြမျက်လုံးတို့ ပြူးကျယ်သွားရ၏။ အဲ့ဒါ ဒဏ္ဍာရီထဲက တိမ်ဖြိုဓား မဟုတ်ပါလား။ အဲ့ဒီဓားက ဟွမ်ကျင်းရွှေလက်ထဲမှာ ပျက်စီးသွားပြီ မဟုတ်ဘူးလား။

       ဘယ်လိုလုပ် လဲ့ကျီဆိုတဲ့ ကောင်လေးရဲ့လက်ထဲ ရောက်နေရတာလဲ။ တိမ်ဖြိုဓားဆိုတာ ကြိုးကြာတောင်ပံဓားတောင် မယှဥ်နိုင်တဲ့ မြင့်မြတ်တဲ့ နတ်လက်နက်တစ်ခုဖြစ်လေသည်။ ကြည့်ရတာ တိမ်ဖြိုဓားက လဲ့ကျီကို သူ့သခင်အဖြစ် သတ်မှတ်လိုက်ပုံပဲ။

System created (Completed)Where stories live. Discover now