💜Part (31)💜

4.8K 627 5
                                    

Unicode
System created

                       💜31💜

"အပျင်းကြီးလေး.... ဘယ်သူပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်ရင် ကူညီပေးရမယ်လေ.... အင်အားကြီးရုံနဲ့တော့ မဖြစ်သေးဘူး ကျင့်ကြံခြင်းလောကမှာ နာမည်ကောင်းရချင်ရင် စိတ်ရင်းနဲ့ကူညီပေးရမယ်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ... ကျွန်တော်ကူညီမယ်နော် ဒါပေမယ့် ကျွန်တော်ကူညီပေးပြီးရင် အရှင့်သား ကျွန်တော့်ကိုဆုချရမယ်"

"အင်းပါ"

        ကျိုက်လဲ့ကျီ လက်ညှိုးလက်ခလယ်ကို ထုတ်၍ အသံပို့လိပ်ပြာတစ်ကောင် ဖန်ဆင်းလိုက်သည်။

"မင်း ဘယ်သူ့ကို ပို့မလို့လဲ"
"ဖုန်းရွေ့..... ဒီမှာကျွန်တော်နဲ့ ရင်းနှီးတာ သူပဲရှိတယ်"

"ကောင်းပါပြီ"

        အဖြူရောင်တောက်နေသော လိပ်ပြာလေး လေထုအလယ်သို့ ပျံသန်းထွက်ခွာသွား၏။ သူတို့နှစ်ယောက်လည်း ကျိုက်လဲ့ကျီ၏ အဆောင်ထဲ ဝင်ခဲ့သည်။ မေနန်းဟွား ကြည့်လိုက်တော့ လဲ့ကျီရွေးထားတဲ့ အဆောင်က နှစ်ယောက်အိပ် အဆောင်ပင်။

        လဲ့ကျီက သူနဲ့အတူ အိပ်ဖို့အတွက် နှစ်ယောက်အခန်းကို ရွေးချယ်လိုက်တယ်ဆိုတာ မေနန်းဟွား သေချာပေါက် သိတာပေါ့။ သူလဲ့ကျီကို အားနာသွားသည်။ သူကဒီမှာနေတဲ့ အတောအတွင်း ရေပြာတောင်ဂိုဏ်း တပည့်များအတွက် စီစဥ်ပေးထားသော အခန်းတွင်သာ အိပ်ရန် စဥ်းစားထားတာ။

        လဲ့ကျီ ဒီလိုလုပ်နေတော့ သူဟိုဘက်ကို ပြန်သွားမယ့်အကြောင်း ဘယ်လိုပြောပြရမလဲ။ အခန်းအလယ်မှာပဲ ရပ်နေတဲ့ မေနန်းဟွားကို လဲ့ကျီမှပြန်လာဆွဲရသည်။

"ဘာရပ်လုပ်နေတာလဲ"
"လဲ့ကျီ ငါဒီနေ့ ရှစ်ဖူတို့ဘက်မှာ ပြန်အိပ်မလို့.... "

"ဘယ်လို?"

        လဲ့ကျီမျက်နှာလေးက အမြစ်ကနေ လှန်ချလိုက်တဲ့ အပင်တစ်ပင်လိုပဲ နေရောင်ခြည်ဒဏ် ခံလိုက်ရသည့်နှယ် ချက်ချင်းပဲ ညှိုးနွမ်းသွားသည်။

"ဘာလို့လဲ"
"ဒါက ဂိုဏ်းပေါင်းစုံလာတာလေ.... ငါတို့နှစ်ယောက် တစ်တွဲတွဲနေရင် တခြားသူတွေက.... "

System created (Completed)Where stories live. Discover now