💜Part (72)💜

5K 632 27
                                    

Unicode
System created

                       💜72💜

        ရေပြာတောင်ဂိုဏ်းတွင်။

"ရှစ်ဖူ.... သူ့ရဲ့ဝိညာဥ်ကို အခုထိ ရှာမတွေ့သေးပါဘူး"

        ရေပြာတောင်ဂိုဏ်း၏ အကြီးဆုံး တပည့်ကြီးက ပြောလာသည်။ သူ့ရှေ့တွင်တော့ ဂိုဏ်းချုပ်လန်က ရေတံခွန်ဘက်ကို မျက်နှာမူလျက် တိတ်ဆိတ်နေ၏။

"တစ်နှစ်တောင် ကြာသွားပြီ.... လဲ့လျီဘက်ကကော ဘာသတင်းကြားသေးလဲ"
"အရောင်မဲ့သိဒ္ဓိကျောက်က ပျောက်သွားတယ်တဲ့.... သူ့ရောက်သွားတော့ သိဒ္ဓိကျောက်က ပျောက်နေပြီ"

"နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေသေးတာပေါ့"
"ကျွန်တော်တို့ စုံစမ်းလိုက်ရမလား"

"အွန်း.... လဲ့ကျီနဲ့လည်း အဆက်အသွယ် မပြတ်စေနဲ့"
"ဟုတ် ရှစ်ဖူ....."

       တပည့်ကြီးက သူ့ကိုဂါဝရပြုပြီး ထွက်သွားလေသည်။ ဂိုဏ်းချုပ်လန်လည်း ရေတံခွန်အစပ်သို့ လျှောက်လာပြီး ရေပြာကန်ထဲက ငါးတွေကို ငါးစာကျွေးနေ၏။

"သခင်..... သခင်"

       အသံသေးသေးလေးနဲ့ ရှောင်ဟူးလိ ပြေးလာသည်။ လက်တစ်ဖက်မှာ တုတ်ထိုးချိုချဥ် တစ်ခုကိုင်ထားကာ သူဝတ်ထားတဲ့ အပြာရောင် ဝတ်ရုံစတို့က လွင့်မျောနေ၏။ အနက်ရောင်ပိုးသား ဆံနွယ်တို့ဟာလည်း ဝတ်ရုံစတွေနဲ့အပြိုင် လှပစွာ လွင့်လူးနေသည်။

"သခင်....."
"ဘာလို့ဒီလောက်တောင် ပြေးလာရတာလဲ"

"စားကြည့်"

        နီရဲသည့် ချိုချဥ်လေးတစ်လုံးကို ရှောင်ဟူးလိက ဂိုဏ်းချုပ်လန်နှုတ်ခမ်းနားသို့ တိုးပေးသည်။

"မကြိုက်ဘူး.... "
"ဟွန်း မကြိုက်ဘူးလား.... ဒီဟာက အရမ်းအရသာ ရှိတာကို..."

"မင်းတောင်အောက် ဆင်းခဲ့တာလား"

        ဂိုဏ်းချုပ်လန်သည် ငါးစာကျွေးတာကို မရပ်ဘဲ ရှောင်ဟူးလိအား လှမ်းမေးသည်။ ရှောင်ဟူးလိက နတ်မြေခွေး မျိုးဆက်မလို့ ကျင့်ကြံသူ တော်တော်များများက သူ့ကိုပစ်မှတ်ထားနေကြတာ ဖြစ်သည်။

        နတ်မြေခွေးဆီက အမြုတေကို ထုတ်ယူပြီး စွမ်းအင်ကျင့်ကြံရင် တိုးတက်နှုန်းက မြန်ဆန်သည်ဟု လူအချို့က ယုံကြည်ကြသည်။ ရှောင်ဟူးလိသာ ဂိုဏ်းချုပ်လန်အရိပ်အောက်တွင် ရှိမနေပါက လောကသားတို့ လက်ချက်ကြောင့် အသက်ထွက်သွားလောက်ပြီ။

System created (Completed)Where stories live. Discover now