💜Part (77)💜

5K 615 19
                                    

Unicode
System created

                      💜77💜

        လဲ့ကျီ ချက်ချင်း သဘောပေါက်လိုက်သည်။ ကလေးက သူညကစားတဲ့ ငါးချဥ်စပ်ကို ယခုထိမမေ့သေးဘဲ စားချင်နေတာကြောင့် အလှမွေးငါးတွေကို စိုက်ကြည့်နေတာ ဖြစ်လိမ့်မည်။

"အော် ဒါဆိုမင်းက ငါးချဥ်စပ်စားချင်လို့ ဒီငါးတွေကိုကြည့်နေတာပေါ့"
"ဟုတ်...."

        စောင့်ကြည့်ပေးတဲ့ လူငယ်ထဲက တစ်ယောက်ကထွက်လာပြီး

"အကြီးအကဲ.... အားချုံးက ဒီငါးတွေကို စားမယ်လုပ်နေလို့ ကျွန်တော်တို့လည်း မတတ်နိုင်ဘဲ ဒီအတိုင်း ကြည့်နေရတာပါ"

       အားချုံးက လဲ့ကျီကိုကြည့်လိုက် လူငယ်ကိုကြည့်လိုက်ဖြင့် လုပ်နေသည်။ လက်ကလေးနှစ်ဖက်ကို ဆုပ်လျက် ခေါင်းလေးပါ ငုံ့သွား၏။ သူစားချင်တာကို အခုတော့ တခြားသူဆီမှာ အတိုင်ခံနေရတယ်ဆိုပြီး စိတ်မကောင်းဖြစ်သွားတဲ့ ပုံပင်။

       လဲ့ကျီကလည်း တစ်ချက်ကြည့်တာနဲ့ ဒီကလေး ဘာဖြစ်နေသလဲ ၊ ဘာတွေးနေလောက်လဲ ခန့်မှန်းမိနေတာ ဖြစ်သည်။ လက်ထဲက သေရည်အိုးကို သိုလှောင်ဓားအိမ်ထဲ ထည့်သိမ်းလိုက်ပြီး ကလေးငယ်ရဲ့ လက်မောင်းနှစ်ဖက်ကို အသာလေး ဆုပ်ကိုင်လိုက်၏။

"အားချုံး.... အလှမွေးကန်ထဲက ငါးတွေကို မစားရဘူးဆိုတာ သိလား"
"ဟုတ်ကဲ့"

"ဒါကိုမင်းက စားချင်နေသေးတာလား"
"သားက..... "

"ကောင်းပြီ အားချုံးစားချင်ရင် ဦးဖမ်းကျွေးမယ်"
"တကယ်လား"

       ထိုအခါမှ အားချုံးက ခေါင်းကလေးထောင်လာ၏။ စောင့်ကြည့်ပေးသည့် လူငယ်လေးနှစ်ယောက်မှာတော့ အလှမွေးကန်ထဲက ငါးတွေကို လဲ့အကြီးအကဲက သုတ်တော့မည်ဟုထင်ကာ စိုးရိမ်နေကြသည်။

       သူတို့နှစ်ယောက်က ချက်ချင်း ဒူးထောက်လိုက်ကြပြီး ပြိုင်တူပြောလိုက်ကြ၏။

"အကြီးအကဲ.... မဖြစ်ပါဘူး"
"အကြီးအကဲ.... မဖြစ်ပါဘူး"

        လဲ့ကျီထိုသူတွေအား မျက်စောင်းထိုးလိုက်သည်။

"ဘယ်သူက မင်းတို့ငါးတွေကို စားမယ်ပြောနေလို့လဲ.... အားချုံး ဦးငါးဖမ်းပေးမယ် ဒီကတော့မဟုတ်ဘူး ဒီငါးတွေက စားလို့မကောင်းဘူး..... ဦးနဲ့အပြင်မှာ သွားဖမ်းကြမလား"
"ဟုတ် ဟုတ် "

System created (Completed)Where stories live. Discover now