💜Part (53)💜

3.9K 573 11
                                    

Unicode
System created

                      💜53💜

       လဲ့ကျီ သူ့လက်တွေကို မြှောက်ကြည့်ချင်သည်။ သူ့ရှေ့မှာထိုင်နေတဲ့ အလှဆုံးသောသူရဲ့နဖူးက ချွေးစတွေကို သုတ်ပေးပြီး နဖူးပြင်ကို ခပ်ဖွဖွ အနမ်းပေးချင်၏။ သို့သော် သူ့မှာလက်ချောင်းတစ်ချောင်းတောင် မလှုပ်နိုင်ချေ။

        ထိုစဥ် မေနန်းဟွားက သူ့လက်တစ်ဖက်ကို ထွေးဆုပ်ပေးလာ၏။

"လဲ့ကျီ ဗိုက်ဆာနေပြီလား.... ငါမင်းအတွက် ဆန်ပြုတ်လုပ်ပေးမယ်လေ"

       လဲ့ကျီက ခေါင်းခါသည်။ လဲ့ကျီမျက်လုံးထဲက အရည်ကြည်တစ်ချို့ကို သူမြင်လိုက်ရပြန်ပြီ။ ဒီကောင်လေး ဒီလောက်တောင် မျက်ရည်လွယ်ရသလား။ ဟိုအရင်ကတည်းက ပြဿနာကောင်လို့ နာမည်တပ်ခေါ်ခံခဲ့ရတဲ့သူက ဒီလိုမျက်ရည်လွယ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။

       ပြဿနာတွေ လျှောက်ရှာနေတော့ အသည်းမာတဲ့သူလို့ပဲ ထင်ကြတာလေ။ မေနန်းဟွား လဲ့ကျီမျက်ဝန်းထောင့်က မျက်ရည်များကို သုတ်ပေးရင်း အနားကိုငုံ့ကပ်လိုက်သည်။

"မငိုပါနဲ့.... "
"တောင်းပန်ပါတယ် ကျွန်တော့်ရဲ့အခြေအနေက ဘယ်သူ့ကိုမှ မကူညီနိုင်ဘူး"

"ဒီအခြေအနေကို ကျော်ဖြတ်ပြီးရင် မင်းအားလုံးကို ကူညီနိုင်မှာပါ.... အဲ့ဒီနေ့မရောက်ခင် အထိတော့ မင်းအားတင်းထားရမယ်နော် ငါလည်းမင်းအနားမှာ ရှိနေမယ်.... "
"ကျေးဇူးပါ"

"ဟင့်အင်း မလိုပါဘူး.... မင်းဒီလိုဖြစ်သွားရတာ ငါ့ကြောင့်လေ ပြီးတော့ မင်းငါ့ကို အရှင့်သားလို့ မခေါ်ပါနဲ့တော့ ငါကသိဒ္ဓိကျောက်တစ်လုံး သူတို့ရဲ့သားမဟုတ်နိုင်ဘူး အဲ့တာကြောင့် မင်းငါ့ကို ဟုန်းအာလို့ခေါ်"
"ဟုန်းအာ?"

       လဲ့ကျီ အံ့သြစွာ ရွတ်ဆိုလိုက်သည်။ မေနန်းဟွားက ခေါင်းတဆက်ဆက် ညိတ်ပြ၏။

"အဲ့တာ ငါ့ရဲ့ငယ်နာမည်.... "
"တကယ်လား ဒါဆိုကိုယ်မင်းကို ဟုန်းအာလို့ပဲခေါ်မယ်"

"အွန်း....."

        မေနန်းဟွား ထိုနာမည်ကို ပြောလိုက်ခြင်းက သူ့စိတ်ထဲမှာ တွေးထားသော အတွေးတစ်ခုကြောင့်ပဲ ဖြစ်ပေသည်။ ဟုန်းအာဆိုတဲ့ နာမည်က စုန်ဟုန်းဟိုင်ဟူသော သူ့နာမည်အရင်းကနေ ယူလိုက်တဲ့ နာမည်ပဲလေ။

System created (Completed)Where stories live. Discover now