💜Part (95)💜

4.2K 495 8
                                    

Unicode
System created

                      💜95💜

       မြို့စျေးထဲတွင်တော့ လဲ့ကျီနဲ့ ဂိုဏ်းချုပ်လန်သည် စကားအနည်းငယ် ပြောပြီးနောက် တစ်ယောက်တစ်လမ်း ခွဲထွက်လာခဲ့သည်။ လဲ့ကျီက သူတို့မကြာခင် ချင်းချုံးကို သွားမယ့်အကြောင်း ပြောပြပေမယ့် ရှောင်ဟူးလိလေးကတော့ မလိုက်ချင်သေးဘူးတဲ့လေ။

       လဲ့ကျီ တခြားသူတစ်ယောက်ကို အတင်းဖိအားပေးတဲ့ အလုပ်မျိုး စိတ်မဝင်စားတာကြောင့် ရှောင်ဟူးလိ မလိုက်ချင်ဘူးဆိုလျှင် သူကလည်း အတင်းခေါ်နေမည် မဟုတ်ပါ။ ရှောင်ဟူးလိ မလိုက်ချင်သေးတာက ဂိုဏ်းချုပ်လန်ကြောင့်လို့ သူထင်ပါ၏။

"မင်းတကယ် မပြန်ချင်တာလား"

        ဂိုဏ်းချုပ်လန်နဲ့ ရှောင်ဟူးလိ နှစ်ယောက်သား မြို့စျေးထဲ လမ်းလျှောက်ထွက်လာကြရာမှ ဂိုဏ်းချုပ်လန်က မေးလိုက်သည်။

"မပြန်ချင်သေးဘူး... ကျွန်တော် သခင့်အနားမှာ နေချင်သေးတယ်"
"ချင်းချုံးက နတ်မြေခွေးတောင်ကမှ မင်းရဲ့နေရာအစစ်"

"ဒါပေမယ့် "

        ရှောင်ဟူးလိ ဂိုဏ်းချုပ်လန်ရှေ့တွင် ပိတ်ရပ်လိုက်ကာ ဂိုဏ်းချုပ်လန်၏ရင်ဘတ်ကို လက်ညှိုးသေးသေးလေးနဲ့ ထောက်လိုက်သည်။

"ကျွန်တော် ဒီနေရာမှာ နေချင်တယ်"

       ရှောင်ဟူးလိ ဂိုဏ်းချုပ်လန်အား မော့ကြည့်လိုက်သည်။ ဂိုဏ်းချုပ်ကလည်း သူ့ကိုငုံ့ကြည့်နေကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်တည်တံ့တံ့ ရပ်နေ၏။

       ထို့နောက် ရှောင်ဟူးလိသည် တစ်စုံတစ်ယောက်၏ ဝတ်ရုံလက်တို့ကြား နစ်မြုပ်သွားတော့သည်။ ဂိုဏ်းချုပ်လန် သူ့ကိုပွေ့ဖက်ရင်း နဖူးကို ခပ်ဖွဖွ အနမ်းတစ်ပွင့် ပေးလိုက်၏။

       တိမ်လွှမ်းတောင်ထွတ်က အိပ်ဆောင်လေး တစ်ခုထဲတွင် စုန်ဟုန်းဟိုင် system ၏ဖလင်ပြားကို ဟိုဘက်ရွေ့သည်ဘက်ရွေ့ဖြင့် တစ်စုံတစ်ခုကို ရှာဖွေနေသည်။ ဒီကမ္ဘာမှာက သူအရင်နေခဲ့တဲ့ ကမ္ဘာလို လျှပ်စစ်မီး မရှိပေမယ့် system ဖန်တီးထားတဲ့ ကမ္ဘာမို့ သူယခုလုပ်မယ့်အရာက အဆင်ပြေလောက်ပါရဲ့။

System created (Completed)Where stories live. Discover now