💜Part (105)💜

3.2K 402 5
                                    

System created

                      💜105💜

       သခင်ကြီးနဲ့ ပိုင်ရှင်းတို့ကို အဖြူရောင်မျိုးနွယ်စုဆီ ပြန်ပို့ဆောင်ပေးခဲ့ပြီး လဲ့ကျီနဲ့ စုန်ဟုန်းဟိုင်ကတော့ ချင်းချုံးမြို့တော်ဆီ ပြန်လာခဲ့သည်။ နှစ်ရက်လောက် အနားယူပြီးနောက် ကျင့်ဖုန်းကိုခေါ်ကာ လျှိုဝှက်တံခါးပေါက်မှ တစ်ဆင့် တိမ်လွှမ်းတောင်ထွတ်သို့ ပြန်လာခဲ့လေသည်။

        သူတို့ပြန်ရောက်သွားသည့် အချိန်က မနက်စောစော အချိန်ဖြစ်သည်။ ရောက်ရောက်ချင်း ပြောင်းလဲသွားတဲ့ တိမ်လွှမ်းတောင်ထွတ်ကြောင့် နှစ်ယောက်သား ပါးစပ်ဟောင်းလောင်းလေး ဖြစ်နေကြ၏။

        အရင်က တစ်ခုတည်းရှိသော သခင်မရှန်း၏ အိပ်ဆောင်နှင့် မနီးမဝေးတွင် လှပသည့် နန်းဆောင်ကြီးတစ်ဆောင် ရှိနေသည်။

"ဟုန်းအာရေ အမေကတော့ ကိုယ်တို့အတွက် နန်းဆောင်တစ်ခု ဆောက်ပေးထားပြီ"
"အင်း ငါတို့အမေကို ကျေးဇူးတင်ရမယ်"

"ပါ့ပါး....."

        တံခါးဝမှ အားချုံးလေး လှုပ်တုတ်လှုပ်တုတ်နဲ့ ပြေးလာသည်။

"အားချုံး...."

        စုန်ဟုန်းဟိုင် ဒူးညွတ်လျက် လက်နှစ်ဖက်ကို ဆန့်တန်းပေးရင်း သားအလာကို စောင့်ကြိုနေ၏။ အားချုံးသည် စုန်ဟုန်းဟိုင်ဆီ တမ်းတမ်းမတ်မတ် ပြေးဝင်လာပြီး လက်သေးသေးလေး နှစ်ဖက်ဖြင့် တင်းနေအောင် ဖက်ထားလေသည်။

"သား သားပါ့ပါးကို လွမ်းတယ် "
"ပါးလည်း သားကိုလွမ်းနေတာ"

"အဟင့်.... ပါ့ပါး...."

        ပါ့ပါးကို ဖက်ထားရင်း တဖြည်းဖြည်း မျက်နှာလေးက ငိုမဲ့မဲ့လေး ဖြစ်လာသည်။ ထို့နောက် အာပေါင်ကျယ်ကြီးဖြင့် ဝါးခနဲ ငိုချလေတော့၏။

"ဝါး.......ပါ့ပါး အူးဝါး....... ဝါး......."

"ဟုတ်ပါပြီ ဟုတ်ပါပြီ.... ပါးပြန်လာပြီလေ တိတ်တော့နော်"
"အဟင့် ဟင့်.....ပါ့ပါး....."

"အင်းပါ ​ပါးသားဆီ ပြန်လာပြီ.... မငိုရတော့ဘူး မင်းကမင်းခမည်းတော်နဲ့ အရမ်းတူတာပဲကွာ မငိုတော့နဲ့ တိတ် တိတ်...."
"ဟုတ်..... အဟင့်"

System created (Completed)Where stories live. Discover now