💜Part (10)💜

6.6K 807 7
                                    

Unicode
System created

                      💜10💜

["ဂုဏ်ယူပါတယ်.... မိစ္ဆာဖမ်းခြင်း အောင်မြင်ပြီဖြစ်သဖြင့် လူကြီးမင်းပွိုင့်၁၀၀ရရှိပါသည်.... လက်ရှိပွိုင့် ၂၅၀ပါ"]

("တိုးလာပြီ တိုးလာပြီ")

       သူတို့နှစ်ယောက် အလွမ်းသယ်နေကြတဲ့ လင်မယားနှစ်ယောက်ကို လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန်အတွက် ထားခဲ့မည်ဟူသည့် အတွေးဖြင့် လှည့်ထွက်မည်အပြင်။

"မေသခင်လေး...."

       မေနန်းဟွား နောက်ပြန်လှည့်သော် ရင်မင်လန်က သူမကျောက်စိမ်းပြားကိုကိုင်လျက် သူတို့ဆီကိုလျှောက်လာ၏။ သူမက ပြုံးလျက်

"ဒီကရှန်းကျွင်းနှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်.... ဒါလေး"

       သူမက ကျင်းရှန်ကျောက်စိမ်းလေးကို မေနန်းဟွားထံ ကမ်းပေးသည်။

"ကျွန်မအသက်ကို ကယ်ပေးလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီဝိညာဥ်ကျောက်စိမ်းကို လက်ခံပေးပါနော်.... ကျွန်မမှာရှိတာ ဒါကအဖိုးတန်ဆုံးပဲမို့ သခင်လေးကို ပေးလိုက်ချင်ပါတယ်"
"မလုပ်ပါနဲ့.... ကျွန်တော်က "

"ကျေးဇူးတင်ပါတယ် "

       လဲ့ကျီက သွတ်သွတ်လတ်လတ်နဲ့ ရင်မင်လန်ဆီကနေ ကျင်းရှန်ကျောက်စိမ်းကို ယူကာ ရင်ဘတ်ထဲထိုးသွင်းလိုက်၏။

"ကျွန်တော် အရှင့်သားကိုယ်စား သိမ်းထားပေးလိုက်ပါမယ်.... ဟဲဟဲ အရှင့်သားက ဗိုက်ဆာနေပြီထင်တယ် ကျွန်တော်တို့သွားအုံးမယ်နော် အေးအေးဆေးဆေး စကားပြောကြပါ ဟဲဟဲ "

        မေနန်းဟွားလက်ကိုဆွဲ၍ ယောင်းအိမ်တော်ထဲကနေ ထွက်လာခဲ့သည်။ မြို့ကလေးက အရမ်းမကြီးပေမယ့် ညစျေးကတော့ အလွန်လှပသည်။ လမ်းဘေးစျေးဆိုင်လေးတွေ၊ စားသောက်ဆိုင်ကြီးတွေလည်း ပေါ၏။ ကျင့်ကြံသူများ ဖြတ်သွားဖြတ်လာလုပ်လျှင် ဤမြို့က အစားအသောက်ကောင်းများကို တကုတက ဝင်စားကြသည်။

       မြို့စျေးထဲရောက်တဲ့အထိ သူတို့နှစ်ယောက် လက်ဆွဲထားဆဲဖြစ်သည်။ ဝတ္ထုထဲကနေရာက ဒီလိုတကယ်ကြီး စည်းကားလိမ့်မယ်လို့ မထင်ထားမိတဲ့ သူ့အတွက် မြို့အလှက အံ့သြစရာကောင်းနေသည်။

System created (Completed)Where stories live. Discover now