💜Part (19)💜

5.4K 685 2
                                    

Unicode
System created

                       💜19💜

       သူက မေနန်းဟွားလက်ကို နှုတ်ခမ်းကနေ ခွာလိုက်ပြီး မေနန်းဟွားကြွေနိုင်လောက်အောင် အပြုံးတစ်ပွင့် ပေးအပ်လေသည်။ မေနန်းဟွားက မျက်တောင်မခတ် ပြန်ကြည့်နေတော့ ကျိုက်လဲ့ကျီတစ်ယောက် ပိုတောင်ရယ်မောမိသေး၏။

"အခုလို အရှင့်သားရဲ့သိဒ္ဓိစွမ်းအင်ကို ကျွန်တော့်နှုတ်ခမ်းမှာ ကပ်ထားလိုက်တဲ့အခါ မန္တာန်ရွတ်စရာမလိုတော့ဘူးလေ... ဒါက အရှင့်သားတစ်ယောက်တည်းအတွက် လုပ်ပေးတာနော် ဘယ်သူမှမလုပ်ပေးဘူး"

        မေနန်းဟွား သူ့လက်ကို ပြန်ရုတ်ဖယ်ကာ မျက်စောင်းထိုး၌ရှိသော တည်းခိုဆောင်ဆီ လျှောက်သွား၏။

"အခန်း အရင်ငှားရအောင်"
"အာ?"

        ဝအောင်တောင် မနမ်းလိုက်ရတဲ့ လက်ကလေးသွားရာနောက် လိုက်ကြည့်ရင်း နှလုံးသားရဲ့ဆန္ဒကို မျိုသိပ်လိုက်ရသည်။

"အခန်းနှစ်ခန်းပေးပါ "

        ဓားပိုက်လျက် အနောက်ကလိုက်ဝင်လာသော လဲ့ကျီသည် မေနန်းဟွားက အခန်းနှစ်ခန်း ငှားလိုက်တာကြောင့် မျက်လုံးပြူးသွားသည်။ တစ်ချိန်တည်းမှာ အလိုမကျစွာ မျက်မှောင်ကျုံးပစ်ကာ တည်းခိုဆောင်ပိုင်ရှင်ကို မျက်ရိပ်ပြလိုက်၏။

        သူသည် ပထမဦးစွာ လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။ ဥာဏ်ပြေးသော တည်းခိုခန်းပိုင်ရှင်သည် လဲ့ကျီက တစ်ခန်းသာပေးရန် အချက်ပြတာဖြစ်ကြောင်းကို နားလည်လေ၏။ သူက မေနန်းဟွားကိုတစ်ချက်ကြည့်ပြီး ပြုံးစိပြုံးစိ လုပ်နေသည်။

"အားနာလိုက်တာ သခင်လေးရယ် ကျွန်တော်တို့ဆီမှာ အကောင်းဆုံးအခန်း တစ်ခန်းပဲကျန်တော့တယ်.... အခန်းကကျယ်လို့ သခင်လေးအတွက် သက်တောင့်သက်သာ ဖြစ်စေမှာပါ"
"ဟင် တစ်ခန်းပဲရှိတော့တာလား"

"ယူမယ်"

       ကျိုက်လဲ့ကျီက လိုအပ်သော တည်းခိုစရိတ်ကို ဆိုင်ရှင်ရှေ့ကို ချပေးလိုက်ပြီး မေနန်းဟွားလက်ကိုတစ်ဖက်ကဆွဲ၊ အခန်းသော့ကိုလည်း တစ်ဖက်ကယူ၍ အပေါ်ထပ်ကို တက်သွားလေသည်။ အပေါ်ထပ်တွင် အသင့်စောင့်နေသော လူငယ်ကသူတို့ကို အကောင်းဆုံး အခန်းဆီ လိုက်ပို့ပေး၏။

System created (Completed)Where stories live. Discover now