💜Part (42)💜

4.1K 598 19
                                    

Unicode
System created

                      💜42💜

       လဲ့ကျီက ဝင်ဆို၏။

"စိတ်ဝိညာဥ်တွေ စုပ်ယူခံရတာလား"
"ဟုတ်တယ်"

"ဒါဆိုဦးလေးမာကကော"
"ဒီမြို့မှာ အဆင့်၃ကျင့်ကြံသူဆိုလို့ ငါပဲရှိတာလေ.... ငါလည်း ငါ့ကိုငါ ကာကွယ်ရတာပေါ့.... ငါ့ဇနီးနဲ့သားလေးလည်း အန္တရာယ်ကင်းတယ်.... အပြင်ကလူတွေပဲ ဖြစ်သွားတာ...."

"ထူးခြားတာက"
"မွှေးတယ်"

"အာ?"
"ဟင်!"

       ဦးလေးမာက ရုတ်တရက်ကြီး မွှေးတဲ့အကြောင်း ထပြောလိုက်တော့ မေနန်းဟွားတို့လည်း ကြောင်အန်းသွားသည်။ ဦးလေးမာကို ကြည့်လိုက်တော့ နှာခေါင်းတရှုံ့ရှုံ့နဲ့ တစ်စုံတစ်ခုကို အနံ့ခံနေသည့်ပုံပင်။

       လဲ့ကျီသည် မွှေးတယ်ဟုပြောပြီး ပြောလတ်စ ကိစ္စကို ရပ်ပစ်လိုက်တဲ့ ဦးလေးမာကို လက်လှမ်းတို့သည်။

"ဦးလေးမာ ဘာလုပ်နေတာလဲ"
"မင်းအနံ့မရဘူးလား"

"ဘာအနံ့လဲ"
"သိဒ္ဓိကျောက်.... နှစ်ချို့သိဒ္ဓိကျောက်ကနေ ထွက်လာတဲ့ အနံ့မျိုးလေ"

        ဦးလေးမာက နှစ်ချို့သိဒ္ဓိကျောက် အကြောင်း ပြောလာသောအခါ ဘာကြောင့်ရယ်မသိ မေနန်းဟွားရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။ လဲ့ကျီသည်လည်း ဦးလေးမာကဲ့သို့ နှာခေါင်းကို ရှုံ့ချည်ပွချည်နှင့် အနံ့လိုက်ခံနေသည်။

       လဲ့ကျီ အနံ့မရပါ။ ဦးလေးမာကပဲ သူ့ထက်နှာခေါင်းကောင်းနေလို့လား မသိပါ။ မေနန်းဟွားကတော့ သိဒ္ဓိကျောက်က ထွက်လာတဲ့အနံ့ဟူသည့် စကားကြားကတည်းက ငြိမ်သက်သွားတာပင်။

        ဦးလေးမာသည် ရုတ်တရက် မိမိအားစိုက်ကြည့်လာတာကို တွေ့ရလေတော့ မေနန်းဟွား လန့်သွား၏။ လဲ့ကျီလည်း ထိုနည်းတူစွာပင် ဦးလေးမာကြည့်ရာသို့ လိုက်ကြည့်မိသည်။ ဦးလေးမာက မေနန်းဟွားကို နက်နက်နဲနဲကို စိုက်ကြည့်နေတာပင်။

        စားပွဲခုံအောက်မှ မေနန်းဟွားသည် ဒူးပေါ်တင်ထားတဲ့ သူ့လက်တွေကို လက်သီးဆုပ်အဖြစ် ပြောင်းဆုပ်ထားမိတော့သည်။ ဦးလေးမာက ဘာကြောင့် သူ့ကိုကြည့်နေရတာလဲ။ မဟုတ်မှလွဲ အနံ့ကသူ့ဘက်က လာနေတာမလို့လား။

System created (Completed)Where stories live. Discover now