💜Part (76)💜

5.1K 675 29
                                    

Unicode
System created

                       💜76💜

       သူက systemနဲ့ ချိတ်ဆက်ထားတဲ့သူ ဖြစ်တဲ့အတွက် systemထဲက ဘယ်ပစ္စည်းကိုမဆို သူ့ပွိုင့်တွေနဲ့ ဝယ်လို့ရသည်။ အဆုံးထိပြောရရင် systemထဲက အိမ်ကြီးတွေကိုတောင် ပွိုင့်နဲ့ လဲဝယ်လို့ရလေသည်။

       Systemထဲမှာ သူအရမ်းသဘောကျတဲ့ အိမ်တစ်အိမ်ကို တွေ့ထားကာ ထိုအိမ်ကလေးကို ရဖို့က သူတော်တော်လေး ကြိုးစားရအုံးမည်။ ထိုအိမ်ကလေးကို ကြိုက်လွန်းလို့ စာရွက်တစ်ရွက်နဲ့ ပုံတူတောင် ချဆွဲထားသေးသည်။

       အားချုံးကလည်း ထိုအိမ်ကလေးကိုမြင်တော့ အတူနေချင်ပါသည်တဲ့။ စုန်ဟုန်းဟိုင်က ဆိုလိုက်သည်။

"သူတို့အဆိပ်ကို ကျွန်တော်ကုသပေးနိုင်တယ်.... "
"တကယ်လား"

"အွန်း.... အရင်ဆုံး ကျွန်တော်ကုသပေးနေတဲ့ လီသခင်လေးကနေ စလိုက်ရအောင် ကုသမှုအောင်မြင်သွားရင် လီသခင်လေး ဇီယဲ့ဝမ်ရဲ့အဆိပ်ကို ကြောက်စရာမလိုတော့ဘူး"
"သမားတော် တကယ်ပြောနေတာလား"

"တကယ်ပါ"
"ကောင်းလိုက်တာ.... ဒါဆိုကျွန်တော် အားချူးကို ပြောထားလိုက်မယ်.... အခုအချိန်မရှိတော့ဘူးဆိုတော့ သမားတော်လည်း နားလိုက်ပါအုံး "

"ကောင်းပါပြီ"

       ထျန်းဖူသည် ဝမ်းသာအားရဖြင့် အဆောင်အပြင်သို့ ပြေးထွက်သွားကာ လီချူး၏ အဆောင်ဘက်သို့ ပြေးသွားလေတော့သည်။ စုန်ဟုန်းဟိုင်လည်း ထိုတစ်ယောက်ကို ပြုံးကာကြည့်ရင်း ကျန်ရစ်ခဲ့၏။

        လီချူးကိုသာ ကုသပေးနိုင်သွားရင် ဇီယဲ့ဝမ်ရဲ့အဆိပ်ကို စိတ်ပူစရာ မလိုတော့ကြောင်း ပြောပြလိုက်တာနဲ့ ချက်ချင်းပဲ တက်ကြွသွားတဲ့ပုံက အရင်က သူနဲ့လဲ့ကျီရဲ့ပုံစံနဲ့ သွားတူနေသည်။

        ထိုသူကို သတိရမိပြန်ပြီ။

        မနက်ရောက်တော့ စစ်ချွန်းဂိုဏ်း တပည့်နှစ်ယောက်က ထုံးစံအတိုင်း အားချုံးလေးနဲ့ ဆော့ပေးရန် ရောက်လာကြပြီး သူတို့အတူ ထွက်သွားကြသည်။

        စုန်ဟုန်းဟိုင်က ဆေးကုသဆောင်တွင် အလုပ်ရှုပ်နေကာ စစ်ချွန်းဂိုဏ်းမှ အကြီးအကဲနှင့် ဂိုဏ်းချုပ်များသည် လဲ့ကျီနဲ့အတူ ဇီယဲ့ဝမ်ကို ရှာဖွေဖမ်းဆီးရန် ဆွေးနွေးနေကြသည်။ တကယ်တော့ လဲ့ကျီက ဇီယဲ့ဝမ်ကို ဖမ်းဖို့အတွက် စိတ်မဝင်စားပေ။

System created (Completed)Where stories live. Discover now