💜Part (82)💜

6.2K 639 21
                                    

Unicode
System created

                      💜82💜

"ကိုယ်မင်းကို အရမ်းလွမ်းနေခဲ့တာ "

        ထပ်တိုးလို့ ဖက်ပြန်သည်။

"မင်းကို ဝိညာဥ်လောကထဲမှာ လိုက်ရှာတာ တစ်ရက်မှမနားခဲ့ဘူး"

        လဲ့ကျီစကားကို ကြားတော့ စုန်ဟုန်းဟိုင် နှလုံးသားက နွေးထွေးသွားပြီး တစ်ဆက်တည်း နှုတ်ခမ်းကလည်း ပြုံးလာ၏။ ထိုအချိန်တွင် လဲ့ကျီက ဖက်ထားတာကို လွှတ်ပေးပြီး သူ့နှုတ်ခမ်းကို ငုံ့နမ်းလာလေသည်။

       မထိတွေ့တာ ကြာပြီဖြစ်တဲ့ နှုတ်ခမ်းပါးလေးကို ထိတွေ့လိုက်ချိန် နှစ်ဦးလုံး၏ မျက်ဝန်းတို့ ပိတ်ဆို့သွားသည်။ အပေါ်တစ်လှည့် အောက်တစ်လှည့် နမ်းကြိုက်ရင်း လဲ့ကျီက တစ်ဖက်နှုတ်ခမ်းသားတွေကို စုပ်နေသည်။

        နူးညံ့ပြီး နွေးထွေးသည့် နှုတ်ခမ်းပါးကို စုပ်နမ်းရတာ အားမရတော့သောအခါ နှုတ်ခမ်းအတွင်းကို ကျူးကျော်လိုက်သည်။ လဲ့ကျီက ပိုတိုးဖက်လာတော့ စုန်ဟုန်းဟိုင်မှာ ခြေဖျားထောက်၍ ခေါင်းမော့ရတော့သည်။

       မတွေ့ရတဲ့ နှစ်ထဲမှာ လဲ့ကျီကပဲ အရပ်ရှည်လာသလား သူကပဲ ပုသွားတာလား မသိတော့ပါ။ နမ်းနေသည့် အချိန်အတွင်း သူခေါင်းကိုမော့ထားရသည်။ လဲ့ကျီက သူ့လျှာကို ထွေးဖက်ကာ စုပ်ထားလို့ စုန်ဟုန်းဟိုင် မလွတ်မြောက်နိုင်တော့ပေ။

        စုန်ဟုန်းဟိုင် လဲ့ကျီပုခုံးမှ အဝတ်တွေကို တင်းတင်းဆုပ်ထားမိသည်။ ဒါက ပထမဆုံးအနမ်း မဟုတ်ပေမယ့် သူ့ခန္ဓာကိုယ်အစစ်နဲ့ဆို ဒါကလဲ့ကျီနဲ့ ပထမဆုံးနမ်းတဲ့ အနမ်းပါပဲ။

       နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထား၍ နှုတ်ခမ်းသားတွေ နီရဲလာသည်အထိ နမ်းကြသည်။ အားချုံးက သူတို့အကွယ်မှာမို့ စိတ်ချရကာ တဖြည်းဖြည်း ပတ်ဝန်းကျင်ကို မေ့လျော့လာသည်။

        လျှာနှစ်ခုက အချင်းချင်း ရစ်ပတ်ကစားသည်။ တပ်မတ်စွာ နမ်းကြိုက်ကြသည်။ အချိန်ကြာလာတော့ နှုတ်ခမ်းသားတွေ ပူထူလာ၏။

        ထိုစဥ်။

"ပါ့ပါး..... အိပ်ချင်ပြီ"

        နှစ်ယောက်လုံးလန့်ပြီး တစ်ယောက်ကိုတစ်ယောက် လွှတ်ပေးလိုက်သည်။ အားချုံးက စားပွဲကနေ လှမ်းအော်နေတာ ဖြစ်၏။ လဲ့ကျီက ဆိုသည်။

System created (Completed)Where stories live. Discover now