💜Part (149)💜Final

4.7K 355 21
                                    

System created

                      💜149💜 (Final)

"အဲ့မိန်းကလေးရဲ့ အကြည့်တွေကို ငါသိတယ်.... မင်းကော သူ့ကိုသဘောကျလား?"
"ကျွန်တော့်မှာ ကိုကိုရှိနေပြီလေ.... သူ့ကိုသဘောကျရအောင် သူက ကိုကိုမှမဟုတ်တာ"

        လော့ချုံးရွဲ ထိုသို့ပြောပြီး ဆူနေတဲ့ နှုတ်ခမ်းလေးကို နမ်းပစ်လိုက်သည်။

"ကျွန်တော်တို့ ဘယ်တော့ လက်ထပ်ကြမလဲ?"

        ကျင်းယောင်းယွမ် မျက်လုံးပြူးသွားရ၏။ လက်ထပ်မယ်?။ သူတို့ချစ်သူဖြစ်တာ တစ်လတောင် မပြည့်သေးဘူးလေ။ ငယ်ငယ်ကတည်းက တစ်ယောက်အပေါ် တစ်ယောက် တိတ်တဆိတ် ခံစားချက်တွေ ရှိခဲ့ကြတယ် ဆိုပေမယ့်လည်း အဲ့ဒီခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့တာ မကြာသေးဘူးလေ။

"ကိုကို?"
"ဟိုလေ.... အားချုံး အဲ့ဒါကစောသေးတယ်လို့ မထင်ဘူးလား?"

"ကိုကိုက ကျွန်တော့်ကိုပိုင်တယ် ဆိုတဲ့အကြောင်း လောကကြီးကို အသိမပေးချင်ဘူးလား?"
"ငါသေချာပေါက် အသိပေးချင်တာပေါ့.... ဒါပေမယ့် ငါ ငါဘာမှမပြင်ဆင်ရသေးဘူးလေ"

       ပြောရင်း ခေါင်းလေးက ငုံ့သွားပြန်သည်။ သူတို့နှစ်ယောက် မိုးမခပင်အနားကို ရောက်သော် လော့ချုံးရွဲကလှည့်၍ သူ့အား ပွေ့ဖက်လိုက်ပေ၏။

"ကိုကိုကျွန်တော့်ကို လက်ထပ်မယ်ဆိုတာနဲ့တင် အရမ်းပျော်နေပါပြီ.... ကျွန်တော်ကိုကို့ ကို အချိန်ပေးမှာပါ ကျွန်တော်တို့ချင်းချုံးက လက်ထပ်တာကို တစ်သတ်မှာ တစ်ခါပဲလုပ်ခွင့်ရှိတယ်.... အဲ့ဒါကြောင့် ကိုကိုသေချာစဥ်းစားဖို့အတွက် အချိန်ပေးမယ်"
"ငါတို့ချင်းချုံးမှာ လက်ထပ်မှာလား?"

        လော့ချုံးရွဲက ချင်းချုံးတော်ဝင်မျိုးနွယ် မင်းသားတစ်ပါးမလို့ သူ့ရဲ့လက်ထပ်ပွဲကို ချင်းချုံးက သူ့ရဲ့ဆွေမျိုးတွေဆီမှာ လုပ်ချင်မှာပဲလေ။ ဒါကိုတော့ ကျင်းယောင်းယွမ် နားလည်သည်။

        လော့ချုံးရွဲ သူ့အား မိုးမခပင်အောက်က ကျောက်နံရံလေးပေါ် ကောက်တင်လိုက်သည်။ ခါးကိုဆုပ်ကိုင်ကာ ပင့်မြှောက်လိုက်ရင် ထိတ်လန့်တတ်သော ကျင်းယောင်းယွမ်မှာ အခုတော့ ဒီအပြုအမူတွေကို ရင်းနှီးသွားပြီ ဖြစ်တာ​ကြောင့် သူကအလိုက်သတင့်ပဲ နေလိုက်၏။

System created (Completed)Where stories live. Discover now