💜Part (78)💜

5.1K 630 30
                                    

Unicode
System created

                      💜78💜

       စုန်ဟုန်းဟိုင် အိပ်ဆောင်ဆီ ပြန်ရောက်လာခဲ့ချိန်တွင် လိမ်မာသော သူ၏သားငယ်သည် စာရေးချိန်တွင် စာရေးကျင့်နေတာ တွေ့ရလေသည်။ ဘယ်သူက ကူညီပြီး ရေချိုးပေးသွားသလဲ မသိပါ။ သားငယ်က ဝတ်စုံအသစ်နဲ့ ချစ်ဖို့ကောင်းနေသည်။

       သူသည် အိပ်ဆောင်တံခါးကို ပိတ်ပြီး မျက်နှာဖုံး ချွတ်လိုက်သည့် အချိန်တွင် အားချုံးကပြေးလာဖက်၏။

"ပါ့ပါး....."

       ခြေတစ်ဖက်ကို တင်းနေအောင် ဖက်တွယ်လာတဲ့ ကလေးငယ်အား စုန်ဟုန်းဟိုင် ငုံ့ကြည့်သော် အားချုံးက သွားကလေးတွေ ပေါ်တဲ့အထိ ပြုံးပြသည်။

"ပါ့ပါး.... ပြန်လာပြီလား သားရေချိုးပြီးသွားပြီ"
"ဟုတ်လား "

        စုန်ဟုန်းဟိုင် ထိုင်၍ သား၏ပါးတစ်ဖက်ကို မွှေးကြည့်သည်။

"အွန်း.... မွှေးနေတာပဲ အားချုံးလေးကို ဒီအကျီအသစ် ဘယ်သူဝယ်ပေးတာလဲ"
"ဦးဦး...."

"ဦးဦး?.... ကြည့်ရတာ အားချုံးက ဒီမှာသူငယ်ချင်း အသစ်ရသွားပြီထင်တယ်.... ဘယ်လိုလဲ ဒီမှာနေရတာပျော်လား"
"အင်း.... ဒါပေမယ့် ပါ့ပါးကိုလွမ်းတယ်"

        ပြောရင်း စုန်ဟုန်းဟိုင်လည်တိုင်ကို ဖက်တွယ်ထားလိုက်သည်။ အပြာရင့်ရင့် ဝတ်စုံလေးနဲ့ သားငယ်သည် စုန်ဟုန်းဟိုင် လည်ပင်းကို နစ်နေအောင် ဖက်ထားရင်း ပါးတစ်ဖက်ကိုတော့ တမွမွနမ်းနေ၏။

"ပါ့ပါး.... အားချုံး ဒီနေ့အထည်ဆိုင်မှာ ကလေးတစ်ယောက် တွေ့ခဲ့တယ်.... အဲ့ဒီကလေးမှာ အဖေရှိတယ် ပြီးတော့ အမေလို့ခေါ်တဲ့သူလည်း ရှိတယ်... နှစ်ယောက်"

        သူ့ရဲ့လက်တိုတိုလေး နှစ်ချောင်းကို ထောင်ပြလေသည်။ ကလေးက တခြားသူတွေလို သူ့မှာလည်း မိခင်ရှိမယ်လို့ ထင်နေတာ ဖြစ်မည်။ အားချုံးအတွက် မိခင်ဟူသည့် အမည်ကို မှည့်ဆိုမယ်ဆိုလျှင် system သာရှိသည်။

       systemက အားချုံးကို ဖန်တီးပေးခဲ့တဲ့သူလေ။ စုန်ဟုန်းဟိုင် သား၏ လက်မောင်းသေးသေးလေး နှစ်ဖက်ကို ဆုပ်ထားလိုက်သည်။ အားချုံးကို စေ့စေ့ကြည့်၍ သူ့ရင်ထဲက စကားတွေကို ပြောသင့်မပြောသင့် ချင့်ချိန် စဥ်းစားနေရသည်။

System created (Completed)Where stories live. Discover now