💜Part (108)💜

2.9K 368 2
                                    

System created

                       💜108💜

      တစ်စုံတစ်ယောက်က ထွေးဖက်တာကို ခံလိုက်ရသော ချီစန်းမှာတော့ မျက်လုံးဝိုင်းလေးဖြင့် ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းနေသည်။

"ကျင့်ဖုန်း.... မင်းကိုယ်က အေးစက်နေတာပဲ"
"ကိုယ် ဆယ်နှစ်လုံးလုံး ရေခဲတောင်ထဲမှာပဲ နေခဲ့တာလေ"

        ဆယ်နှစ်တောင်လား။ ဆယ်နှစ်လုံးလုံး အေးစက်နေတဲ့ ရေခဲတောင်ထဲမှာပဲ နေခဲ့တာတဲ့လား။ သူ့ကို တစ်ခေါက်ကလေးတောင် လာမတွေ့နိုင်တာက အဲ့ဒီရေခဲတောင်ထဲမှာ ကျင့်ကြံနေလို့တဲ့လား။

        ချီစန်းရဲ့လက်တွေ စတင်လှုပ်ရှားလာသည်။ သူ့မေးက ကျင့်ဖုန်း၏ပုခုံးထက်တွင် မှီလျက်တင်ထား၏။ ကျင့်ဖုန်းလက်တို့ကတော့ သူ့ကျောနဲ့ခါးတွင် ရစ်ပတ်ထားကာ အေးနေတဲ့ရာသီမှာ မီးခဲလေးတွေ့လိုက်ရလို့ မလွှတ်တမ်း ဖမ်းဆွဲထားသည့်နှယ်။

"ကိုယ့်ရဲ့နောက်ဆုံး အချိန်လေးကိုတော့ မင်းအနားမှာ ကုန်ဆုံးပါရစေနော်"

        ချီစန်း ဘာစိတ်ထဖောက်သည်မသိ။ ကျင့်ဖုန်းကျောပြင်ကို လက်သီးနဲ့ ထုချလိုက်တော့သည်။

"မင်းအဲ့လောက်တောင် သေချင်နေတာလား.... ဟင်"

        ချီစန်း ရိုက်ပုတ်ရင်း ကျင့်ဖုန်းရင်ခွင်ထဲမှ အတင်းရုန်းထွက်သည်။ လက်နှစ်ဖက်ဖြင့် ကျင့်ဖုန်း ရင်ဘတ်ကို တွန်းထုတ်လေ ကျင့်ဖုန်းကလည်း ပိုဖက်ထားလေ ဖြစ်နေရာ နှစ်ယောက်သားကြားက လေထုသည်လည်း မငြိမ်မသက် ဖြစ်လာသည်။

        ချီစန်း အတင်းရုန်းလေ ကျင့်ဖုန်းက ပိုတိုး၍ ထွေးဖက်လေးပင်။ အတန်ကြာ တွန်းကန်လှုပ်ရှားပြီးနောက် ချီစန်းရပ်သွားသည်။ သူလျှောက်တွန်းနေလို့ ကျင့်ဖုန်းရဲ့ဝတ်ရုံစများလည်း ရှုပ်ပွကာ ခါးစည်းကြိုးကလည်း ပြေလျော့နေပြီ။

       ကျင့်ဖုန်းက နှစ်ကိုယ်ကြား အသံဖြင့်ဆို၏။

"ချီစန်း.....ကိုယ်မသေချင်ပါဘူး ဒါပေမယ့် ကိုယ့်မှာနည်းလမ်း မရှိဘူးလေ ကိုယ်မင်းကို နောက်ဆုံးအကြိမ် တွေ့ခွင့်ရတာနဲ့တင် တော်တော် လုံလောက်နေပါပြီ..."
"စုန်ဟုန်းဟိုင်က သမားတော်တစ်ယောက်.... ဇီယဲ့ဝမ်ရဲ့အဆိပ်ကိုတောင် အကောင်းပကတိ ဖြစ်အောင် သူကုနိုင်တယ်"

System created (Completed)Where stories live. Discover now