💜Part (87)💜

4.2K 562 21
                                    

Unicode
System created

                      💜87💜

"ပါ့ပါး......"

        သားငယ် သူ့အနားရောက်လာသည်။ သူ့ရင်ခွင်ထဲ ပြေးဝင်လာကာ ပါးနှစ်ဖက်ကို တစ်လှည့်စီ နမ်းနေ၏။

"ပါ့ပါး.... သားနဲ့ခမည်းတော် ငါးအကြီးကြီး ဖမ်းထားတယ် ဒီနေ့ အားချုံးလည်း ငါးတစ်ကောင်မိတယ်"
"ဝါး.... တကယ်လား "

"အွန်း.... ဟိုးမှာကြည့် ခမည်းတော် ငါးကင်နေတယ်"

        စုန်ဟုန်းဟိုင် လှမ်းကြည့်လိုက်တော့ ငါးကြီးနှစ်ကောင်ကို တုတ်ထိုးလျက် ကျက်အောင်ကင်နေသော လဲ့ကျီကို တွေ့ရလေသည်။ စုန်ဟုန်းဟိုင် အားချုံးကို ပွေ့ချီလိုက်သည်။ လဲ့ကျီအနားကို တစ်လှမ်းချင်း လှမ်းလာရင်း

"ငါတော်တော်ကြာ အိပ်ပျော်သွားတာပဲ"
"အွန်း ညရောက်တော့မှာမလို့ ဒီမှာခဏနားလိုက်တာ.... အချစ်ကလေး ဗိုက်ဆာနေရင် ငါးကင်ရပြီနော်"

        ပြောရင်း ငါးတစ်ကောင်ကို စုန်ဟုန်းဟိုင်လက်ထဲ ထည့်ပေးလိုက်သည်။ ကျန်ငါးတစ်ကောင်ကိုတော့ အစားပုတ်လေး အားချုံးက ယူသွား၏။ လဲ့ကျီနဲ့စုန်ဟုန်းဟိုင် ငါးတစ်ကောင်ကို နှစ်ယောက်အတူ စားနေချိန် အားချုံးက တစ်ယောက်တည်းကို အားရပါးရ စားနေသည်။

        အစားဆီ အာရုံရောက်နေတော့ ဖေဖေနှစ်ယောက် ကလူးနေတာကိုလည်း သတိမထားမိတော့ချေ။ လဲ့ကျီ စုန်ဟုန်းဟိုင်နှုတ်ခမ်းကို နမ်းရန် ပြင်လိုက်သည်။

"လဲ့ကျီ ငါမင်းကို ဘာပြောထားလဲ"

        ကလေးရှေ့မှာ မနမ်းရဘူးဟူသည့် စကားကို ပြန်သတိရသွားကာ လဲ့ကျီ နှုတ်ခမ်းဝရောက်ပြီးမှ ပြန်လွတ်သွားတဲ့ သားကောင်ကို နှမျောစွာနဲ့ပဲ စိတ်လျှော့ကာ လွှတ်ပေးလိုက်ရသည်။ ငါးကကြီးတော့ သူတို့သုံးယောက်အတွက် ဝဝလင်လင် စားဖို့အတွက် လုံလောက်၏။

        ညစာစားပြီးတော့ အစောကြီးအိပ်တတ်တဲ့ အားချုံးလေး အိပ်သွားသည်။ သူတို့နားနေသည့် နေရာသည် ကျောက်တုံးကျောက်ခဲတွေ ပေါများသော ချောင်းဘေးတွင်ဖြစ်၏။ လကလည်း ထိန်ထိန်သာလို့ တောက်ပနေသည်။

System created (Completed)Where stories live. Discover now