💜Part (79)💜

5.3K 622 43
                                    

Unicode
System created

                       💜79💜

        လဲ့ကျီ ထိုညတွင် ထိုအဆောင်မိုးထက်၌သာ အိပ်ပျော်သွားသည်။ တံတောင်ဖြင့် အောက်ဘက်ကို ထောက်ထား၍ လက်သီးဆုပ်က နားထင်ကိုထိန်းပေးထား၏။ လက်တစ်ဖက်တွင်တော့ အခွံဘဲကျန်တော့သော အရက်အိုးကို ကိုင်ထားလေသည်။

"ဦး......."

        စောစောစီးစီး နားထဲဝင်လာတဲ့ အသံကလေးတစ်သံ။

("အားချုံး?.... ဒီကလေးတော့ အစောကြီး ရှိသေးတာကိုး")

        လဲ့ကျီ မျက်စိတစ်ဖက်ဖွင့်ကာ အရင်ဆုံး အောက်ဘက်ကို ကြည့်လိုက်သည်။ သူမနေ့က ဝယ်ပေးထားတဲ့ အပြာရင့်ရင့် ဝတ်စုံလေးကို ကျော့ကျော့မော့မော့ ဝတ်ပြီး မျက်လုံးဝိုင်းလေးနဲ့ မော့ကြည့်နေ၏။

"ဦး......"

        လဲ့ကျီ လွှားခနဲ ခုန်ဆင်းလိုက်သည်။

"မင်းကအစောကြီး နိုးနေတာပဲ"
"ပါ့ပါးက အစောကြီးထပြီး ဆေးကုသဆောင်ကို သွားတော့ အားချုံးလည်း ထလာတာ"

"နတ်သမားတော်က ဆေးကုတာကို တော်တော်ဝါသနာပါပုံပဲနော်"
"သားပါ့ပါးက အရမ်းတော်တယ်"

        ပြောရင်း လက်မကလေးကိုပါ ထောင်ပြလာ၏။ အဖေ့အတွက် ဂုဏ်ယူနေတဲ့သားလေး။ လဲ့ကျီ အားချုံးကိုကြည့်ကာ သူ့အဖေ ထန်နိုင်ငံ ဘုရင်ကြီးကို သတိရသွားသည်။ ခမည်းတော်က သူ့တုန်းကလည်း အလိုလိုက် အကြိုက်ဆောင်ပေးခဲ့လို့ အဲ့ဒီတုန်းကဆို သူလည်းအဖေကို အရမ်းချစ်ခဲ့တာပဲ။

       ယခုမှာမူ အဖေနဲ့သား မတွေ့ရတာ ဆယ်နှစ်မကတော့ချေ။ ခမည်းတော်ကတော့ နိုင်ငံကိုပစ်ထားပြီး တကုတကကြီး သူ့ကိုလာတွေ့မည်မဟုတ်။ သူကလည်း ယောင်လို့တောင် ထိုဘက်ကို ခြေလှမ်းမလှည့်ခဲ့ပါ။

        လဲ့ကျီ ခမည်းတော်အကြောင်း တွေးရင်း အားချုံးအဖေ နတ်သမားတော်ဆီ အာရုံက ပြန်ရောက်သွား၏။

"နတ်သမားတော်...."

        သူ့နှုတ်မှ ရေရွတ်မိသည်။ နတ်သမားတော်ကို လီချူးက လူအရောက်နည်းသည့် တောင်ခြေကနေ ခေါ်လာခဲ့တာလို့ သူသိထားသလို လီချူး၏ဒဏ်ရာများကိုလည်း ပကတိပျောက်ကင်းသွားအောင် လုပ်ပေးနိုင်ခဲ့တာကိုလည်း သတိရသွားသည်။

System created (Completed)Where stories live. Discover now