💜Part (21)💜

5.2K 703 8
                                    

Unicode
System created

                      💜21💜

"အရှင့်သားက ဒီသစ်ရွက်တွေကို နှမျောနေတာလား"
"ရွှေသစ်ရွက်၂၀၀က အရမ်းများတယ်လေ"

"များလို့ သူမဝယ်နိုင်တော့တာပေါ့... ကျွန်တော့်အထင်တော့ အဲ့ကောင်က သူကိုယ်တိုင်မလာဘဲ တခြားသူကိုလွှတ်လိုက်တာ​ပဲ ဖြစ်မယ်.... သူကိုယ်တိုင်သာလာရင် ကျွန်တော်နဲ့သူ စျေးပြိုင်ရမှာ"
"အင်း..... ငါလည်းအစီအရင်သုံးတဲ့သူကို မတွေ့ဘူး"

"ဟုတ်တယ်.... ဘာလို့ သူကိုယ်တိုင်မလာဘဲ ကိုယ်စားလွှတ်လိုက်တာလဲ စဥ်းစားစရာပဲ.... ကျွန်တော်သူ့အကြောင်း စုံစမ်းနေတယ်ဆိုတာ သူသိနေပြီပဲဟာကို... ဒီကျောက်ကို ကျွန်တော်ယူလိမ့်မယ်ဆိုတာလည်း သူသေချာပေါက် ခန့်မှန်းမိမှာပဲ... သေချာတာကတော့ သူမဝယ်နိုင်လို့ ကျွန်တော့်ဆီက ပြန်လုဖို့ စဥ်းစားထားပုံပဲ"
"အင်း....."

       တစ်ချို့ကလည်း လေလံတင်ပွဲမှာ မဝယ်နိုင်လိုက်တဲ့ ပစ္စည်းတွေဆိုရင် ဝယ်သွားသူအား သေသေချာချာ မှတ်ကာ ထိုသူဆီကနေ တိတ်တိတ်လေး ပြန်ခိုးယူတတ်ကြတာရှိသည်။ ထို့ကြောင့် လေလံတင်ပွဲကို လာသူတိုင်းက သူတို့မျက်နှာကို မမှတ်မိအောင် မျက်နှာဖုံး တပ်ထားကြတာပင်။

       နောက်ထပ် လေလံတင်မည့် ပစ္စည်းတစ်ခုကို နောက်လိုက်မိန်းကလေးတစ်ယောက်က ယူလာပေးသည်။ သူမက စာလိပ်တစ်ခုကို ယူဆောင်လာ၏။ ဝတ်ရုံဝါမိန်းကလေးနား ရောက်တော့မှ စာလိပ်ကို အောက်သို့ဖြန့်ချပြလိုက်သည်။

       ဆိုင်ကြီးတစ်ခုလုံး အပ်ကျသံပင် မကြားရတော့လောက်အောင် တိတ်ဆိတ်သွားသည်။ ဝတ်ရုံဝါမိန်းကလေးသည် ပရိတ်သတ်များ တိတ်ဆိတ်သွားသည်ကိုကြည့်ကာ သဘောကျစွာ ပြုံးရယ်ပါ၏။

       သူမတို့ လေလံတင်သော ပစ္စည်းကတော့ ပန်းချီကားတစ်ချပ်ပဲ ဖြစ်သည်။ အစိမ်းရောင်ဝတ်ရုံနဲ့ အမျိုးသားတစ်ယောက်သည် သူ၏ပေါ့ပါးသော ခန္ဓာကိုယ်ဖြင့် အလွန်ရှည်လျားသော တစ်ပင်တည်းဝါးပေါ်၌ ငြိမ်သက်စွာ ထိုင်နေသော ပန်းချီကားဖြစ်၏။

       သူ၏ဝတ်ရုံစနဲ့ ဆံနွယ်တွေက လေထုအလယ်တွင် ပျော့ပြောင်းညင်သာသော အသွင်ရိပ်ဖြင့် လွင့်လူးနေပြီး ပိန်ပိန်သေးသေး ခန္ဓာကိုယ်လေးကို ဘေးတစ်စောင်း အနေအထား ဆွဲထားသည်။ ပို၍ ထူးခြားတာက ပန်းချီကားထဲက ပုံရိပ်အချို့ဟာ လှုပ်ရှားနေတာပင်။

System created (Completed)Where stories live. Discover now