💜Part (102)💜

3.2K 439 7
                                    

System created

                       💜102💜

       ထိုအချိန် လဲ့ကျီပါးတစ်ဖက် အနမ်းတစ်ပွင့် ရသွားသည်။ အသေအချာပင် စုန်ဟုန်းဟိုင်က ခြေဖျားထောက်၍ လဲ့ကျီ ပါးတစ်ဖက်ကို နမ်းလိုက်ခြင်း ဖြစ်သည်။ သူစောစောက သိဒ္ဓိလက်ဝါးနဲ့ ရိုက်ပစ်လိုက်တာကြောင့် အနမ်းတစ်ပွင့်နဲ့ ပြန်ချေပေးတာလို့ ပြောရမလား။

        လဲ့ကျီ နှုတ်ခမ်းတို့ ကွေးညွတ်သွားပြီး

"ဒါကကိုယ့်ကို ပြန်ချော့တာလား"
"ဆိုပါတော့"

"ဒါဆိုရင်တော့ ပါးလောက်နဲ့တော့ မရဘူးနော်"
"ဟုတ်ပါပြီ.... နောက်မှပြန်ဆပ်မယ်"

"ဒီရေခဲဆောင်က အရမ်းရှုပ်ထွေးတယ် မင်းဘယ်လိုလုပ် ကိုယ့်ကိုရှာတွေ့တာလဲ"
"အားချုံးလမ်းပြတာ"

"အားချုံး?"
"အင်း"

"ဘယ်လိုလုပ်?"

       စုန်ဟုန်းဟိုင်လည်း သူမြင်တွေ့ခဲ့သည့် အရာကို ဖြစ်ကြောင်းကုန်စင် ပြောလိုက်တော့ လဲ့ကျီမှာ ပါးစပ်အဟောင်းသားလေး ဖြစ်သွားတော့သည်။

"ဘာဖြစ်လို့လဲ လဲ့ကျီ"
"အဲ့တာ ဟွမ်မျိုးနွယ်ရဲ့ လျိုဝှက်ကျင့်စဥ်တစ်ခုပဲ... အိမ်မက်နဲ့ လမ်းပြပေးတာ.... ကြည့်ရတာ ကိုယ်တို့သားလေးက အဲ့ဒီကျင့်စဥ်ရဲ့ ပထမအဆင့်ကို တက်မြောက်သွားပြီ ထင်တယ်"

"တကယ်လား"
"အင်း"

        လဲ့ကျီ ဟွမ်မျိုးနွယ်၏ လျိုဝှက်ကျင့်စဥ် အကြောင်း ပြောပြရင်း အတူယှဥ်တွဲကာ သခင်ကြီးတို့ရှိရာဘက်သို့ ပြန်လာခဲ့သည်။ လဲ့ကျီ သိပ်တောင်မချော့ရဘဲ စိတ်ဆိုးပြေသွားတဲ့ စုန်ဟုန်းဟိုင်သည် သခင်ကြီးတို့ကို သွားကုသပေးနေ၏။

        လဲ့ကျီတစ်ယောက်ကတော့ စုန်ဟုန်းဟိုင်နဲ့ လမ်းတစ်ဝက်မှာ တွေ့ခဲ့တဲ့ဆိုတဲ့ ကျင့်ဖုန်းဆိုသောသူကို ခေါင်းအစခြေအဆုံး အကဲခတ်နေသည်။ သူ့လိုပဲ ကျင့်ဖုန်းကလည်း အေးတိအေးစက်ဖြင့် ကြည့်နေ၏။

        အကြည့်ချင်းစစ်ထိုးပြီး ခဏကြာတော့ နှစ်ယောက်လုံး ပြိုင်တူပဲ မျက်နှာလွှဲသွားကြသည်။ လဲ့ကျီက သူတို့ရောက်နေသည့် စက်ဝိုင်းသဏ္ဍာန် နေရာကြီးကို လှည့်ပတ်စစ်ဆေးနေသည်။ ထွက်ပေါက်တွေက အများကြီးပဲမို့ အထဲတွင် လမ်းတွေအများကြီး သွယ်ယှက်နေမှာ သေချာသည်။

System created (Completed)Where stories live. Discover now