💜Part (68)💜

5.2K 595 38
                                    

Unicode
System created

                       💜68💜

       မကြာသေးခင်ကမှ မိမိချစ်ရသူဟာ တခြားတစ်ယောက်ဆိုတာကို သိရလို့ စိတ်ရှုပ်နေတာတွေ မပျောက်သေးတဲ့ကြားထဲ နောက်ထပ်ပြဿနာ တစ်ခုက ထပ်ရောက်လာပြန်ပြီ။ လဲ့ကျီ လက်သီးနှစ်ဖက် ဆုပ်ကာ ထိုနေရာ၌ မလှုပ်မယှက် ရပ်နေ၏။

        တစ်ဖက်တွင်ရှိသော မေနန်းဟွားဟာလည်း မျက်လွှာချကာ ငြိမ်သက်နေရှာသည်။ ထန်နိုင်ငံရဲ့ သံတမန်ကိုယ်တိုင်က ဤသို့ပြောလာမှတော့ သူ့ဘက်က ဘာတတ်နိုင်မှာလဲ။ လဲ့ကျီကိုကော တားနိုင်မတဲ့လား။

        သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက မကောင်းသေးတဲ့အထဲ ချီမျိုးနွယ်နဲ့ မစေ့စပ်ပါနဲ့လို့ ဝင်တားရင် လဲ့ကျီကသူ့ကိစ္စကို ဝင်ရှုပ်တယ်လို့ထင်ပြီး ပိုစိတ်ဆိုးသွားရင် ခက်ရချည်ရဲ့။

("လဲ့ကျီ လက်မခံပါစေနဲ့.....")

"သူမင်းကိုအဲ့လိုပဲ ပြောလား"
"အွန်း...."

"ဟူး.... ကြည့်ရတာတော့ ငါဒီကိစ္စကို ရှောင်လွှဲလို့မရတော့ဘူး ထင်တယ်"
"လဲ့ကျီ...."

       မေနန်းဟွား လဲ့ကျီလက်ကောက်ဝတ်ကို တင်းတင်း ဖမ်းဆုပ်လိုက်သည်။ မျက်ရည်တွေ ဝဲသီနေတဲ့ မျက်ဝန်းများဖြင့် သူ့ကိုမထားခဲ့ပါနဲ့လို့ ပြောပြချင်ပေမယ့် နှုတ်ဖျားက တသိမ့်သိမ့်တုန်ကာ ဘာစကားမှထွက်မလာ။

        လဲ့ကျီက သူ့ကိုကြည့်နေပေမယ့်လည်း မျက်ဝန်းတွေက သူစိမ်းဆန်နေဆဲ။

"ငါ ငါ့ကိုမထားခဲ့ပါနဲ့"
"ဟုန်းအာ..... မင်းကသူမဟုတ်ဘူးလေ ပြီးတော့ ငါ့မှာလည်း ရှောင်လွှဲလို့မရတဲ့ ကိစ္စတွေရှိတယ်... "

"ငါတို့အတူတူ ရင်ဆိုင်ကြမယ်လေ.... သေအတူရှင်အတူလေ ဟင် လဲ့ကျီ.... မင်းမေ့သွားပြီလား"
"ငါပြောပြီးပြီလေ မင်းကသူမဟုတ်ဘူးလို့"

       လဲ့ကျီ သူ့လက်ကို ဆွဲထားတဲ့ ကျောက်စိမ်းဖြူ လက်ချောင်းများကို အသာဆွဲဖြုတ်ချလိုက်သည်။

"ဆိုတော့ မင်းကသူ့ကို လက်ထပ်မယ်ပေါ့....ဟုတ်လား "
"အခုအချိန်က အဲ့တာတွေကို ပြောနေရမှာ မဟုတ်ဘူး"

System created (Completed)Where stories live. Discover now