💜Part (148)💜

2K 241 0
                                    

System created

                     💜 148💜

       တစ်ယောက်ပြီးတစ်ယောက် ညစာအဖြစ် ငါးစွပ်ပြုတ်ကို သောက်လိုက်၊ စားပွဲအလယ်က ငါးချဥ်စပ်ကို ယူစားလိုက်ဖြင့် အလုပ်ရှုပ်သွား၏။

        တိမ်လွှမ်းတောင်ထွတ်ကို ပြန်ရောက်တော့ အတော်လေးတောင် မှောင်နေပြီ။ လမ်းတစ်ဝက်မှာတင် ချစ်သူရင်ခွင်ထဲ အိပ်ပျော်သွားတဲ့ ကျင်းယောင်းယွမ်ကတော့ သူ့အခန်းဆီ ပြန်ရောက်လို့ ရောက်မှန်းလည်းမသိချေ။

        ငါးတွေစားပြီး ဗိုက်အစ်သွားတာကြောင့် ဓားပျံစီးနေတုန်း လော့ချုံးရွဲပုခုံးပေါ် အိပ်ပျော်သွားတာဖြစ်သည်။ လော့ချုံးရွဲ အိပ်ပုပ်လေးကို ခုတင်ပေါ်ချပေးရင်း နှုတ်ခမ်းကို အနမ်းတစ်ချက် ပေးလိုက်တော့ ကျင်းယောင်းယွမ်မျက်လုံးတို့ ပွင့်ဟလာ၏။

"အွန်း....."

        အိပ်ချင်မူးတူး အသံလေးကလည်း ချစ်စရာလေးပါလား။

"ကိုကို.... ကျွန်တော်ဒီနေ့ ဒီမှာအိပ်မယ်နော် ကိုကိုခွင့်ပြုမယ်မလား"
"ဟွန်း.... မင်းအခန်းကကော?"

"ကျွန်တော်က ကိုကိုနဲ့ အိပ်ချင်တာလေ"

        ခွင့်ပြုချက် တောင်းခံနေပေမယ့် လူက ကျင်းယောင်းယွမ်ဘေး ဝင်လှဲပြီးနေပြီ။ ကျင်းယောင်းယွမ်ကို သူ့လက်မောင်းပေါ် ခေါင်းအုံးခိုင်းပြီး ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေး အိပ်စက်စေသည်။

        ဒီလူကို သူတကယ် ပိုင်ဆိုင်ခွင့် ရချင်ပြီ။

         နောက်တစ်နေ့သော မနက်တွင် လေလံပွဲ စတင်တော့မှာဖြစ်တဲ့အတွက် လော့ချုံးရွဲတို့အတွဲ လေလဲအိမ်ကို အစောကြီးရောက်နေသည်။ ရှောင်မူချောင်က ရှောင်မျိုးနွယ်စုဆီ ပြန်သွားပြီမို့ ရှင်ကျုံးလည်း သူတို့နဲ့အတူ လိုက်မလာတော့ပေ။

         နောက်တစ်ချက်က တပည့်အသစ်တွေကို နည်းပြအဖြစ် သင်ကြားရမယ့်အလှည့်က သူ့အလှည့်လေ။ နောင်တစ်ချိန်မှာ သူ့ကိုနှုတ်ဆက်သွားသူလေးနဲ့ ပြန်ဆုံချင်ပါသေးရဲ့။

'ဒူ.......'

        လေလံစင်မြင့်ပေါ်က စည်ကြီးကို တစ်စုံတစ်ယောက်က တီးခတ်လိုက်လေသည်။ ထိုအရာက လေလံပွဲ စတင်တော့မည့်အကြောင်း ကြေညာလိုက်တာနဲ့ အတူတူပင်။ တိမ်ယံမြို့က ဆယ့်ငါးနှစ်အတွင်း အံ့မခန်းကျော်ကြားလာခဲ့ရာ အဆင့်မြင့် ကျင့်ကြံသူတွေ အဝင်အထွက် အတော်များသည်။

System created (Completed)Where stories live. Discover now