💜Part (44)💜

4.2K 571 12
                                    

Unicode
System created

                       💜44💜

        ​မြေအောက်က အင်မတန်မှောင်သည်။ သူတို့လူချင်းကွဲသွားလို့ လုံးဝမဖြစ်ပေ။ လဲ့ကျီစိတ်အပူဆုံးက မေနန်းဟွား ဒီအောက်မှာ ပျောက်သွားမှာကိုပင်။ လမ်းတွေရှုပ်ထွေးသလို မှောင်လည်းမှောင်သည်လေ။

        တစ်ယောက်ပျောက်သွားရင် ရှာရခက်ပြီ။ မေနန်းဟွားသာ ဒီကိစ္စကို စုံစမ်းချင်ခဲ့တာ မဟုတ်ရင် သူဒီ​မြေအောက်ကို ဆင်းမိမှာတောင် မဟုတ်ပေ။ မေနန်းဟွား၏ လက်ချောင်းများကြားကို သူ့လက်ချောင်းများ ညှပ်ထားလိုက်သည်။

        ချစ်မိသွားတဲ့အခါ သေးသေးလေးကအစ စိတ်ပူလာတယ်ဆိုတာ အမှန်ပဲလား။

"လဲ့ကျီ.... ငါ့ကိုသိဒ္ဓိကျောက် တစ်ခုပေး"
"အင်း...."

        လဲ့ကျီက သူ့တွင်ရှိသော ရှေးဟောင်းသိဒ္ဓိကျောက် နှစ်ခုထဲက တစ်ခုကို ထုတ်ပေးလိုက်သည်။ သိဒ္ဓိကျောက် မေနန်းဟွားလက်ထဲ ရောက်ပြီဆိုတာနဲ့ မီးသီးတစ်လုံးလို လင်းလာလေ၏။

        သူသိဒ္ဓိကျောက်ကို ထိလိုက်တိုင်း လင်းလာတဲ့အကြောင်းကို လဲ့ကျီသည်လည်း သိပြီးပြီဖြစ်တာမို့ သိပ်မအံ့သြတော့ချေ။ သို့သော် ဘာကြောင့်များ လင်းလာသလဲဟူသော မေးခွန်းကိုတော့ သူ့စိတ်ထဲတွင် မေးနေမိသည်။

       သိဒ္ဓိကျောက်က သူ့အရောင်နဲ့သူ ရှိပေမယ့် ဘယ်သူကမှ နေတစ်လုံးလို သူ့ကိုလင်းလာအောင် မလုပ်နိုင်ပေ။ မေနန်းဟွား လက်ထဲက သိဒ္ဓိကျောက်အလင်းကြောင့် မြေအောက်ကအရာများကို သူတို့မြင်နေရပြီ ဖြစ်သည်။

        အလင်းရောင်အောက်တွင် တွေ့လိုက်ရတာက လူအရိုးစုများပင်။ သူတို့သည် အရိုးစုများကြားတွင် မတ်တပ်ရပ်နေရတာဖြစ်ပြီး ပတ်ပတ်လည်တွင် အဖြူရောင် အရိုးစုများနဲ့ ပြည့်နေသည်။

["မြေအောက်တွင် မြုပ်နေသော ပစ္စည်းတစ်ခုကို ရှာဖွေပါ"]
("ပစ္စည်း?.... ဘာပစ္စည်းလဲ")

        systemက ပြန်မ​ဖြေတော့ပေ။

"လဲ့ကျီ လူအရိုးတွေက ဘယ်လိုလုပ် ဒီမှာရှိနေတာလဲ.... မိစ္ဆာအငွေ့အသက်တွေကလည်း များလိုက်တာ"
"ကျွန်တော်လည်း သေချာမသိဘူး"

System created (Completed)Where stories live. Discover now